Khati Created By Heart

Khati Created By Heart

Share

We are distributed of home spa luxury conditioning body cream scrub and whiting soap to Myanmar , Thailand and Cambodia

25/11/2021

Khati Created By Heart မှာ ယုံကြည်စိတ်ချစွာနဲ့ အစဉ်အမြဲဝယ်ယူအားပေးနေကြတဲ့ Customer များအတွက် အထူးအစီအစဉ်လေးတစ်ခုကို ဖန်တီးပေးလိုက်ပါပြီနော် 😍

👉မိတ်ဟောင်းမိတ်သစ်များအတွက် Product အသစ်လေးဖြစ်တဲ့ Glow and Whitening Face Oil လည်း မကြာခင်မှာကြေငြာပေးသွားမှာဖြစ်ပြီး လက်ဆောင်ပစ္စည်းတွေ မဲဖောက်ပေးဦးမှာနော်..

Face oil လေးကို အဖိုးတန်အဆီ နှင် အစစ်မှန်ဆုံးသဘာဝ ပစ္စည်းများဖြစ်တဲ့ Sweet almond , olive oil , rosehip oil နှင့် vitamin E ကို သာ အသုံးပြုထားပါတယ်။

ညတိုင်း Face oils လေးလူပီး မျက်နှာလေးကို massage လုပ်ပေးခြင်းဖြင့် စိတ်ပင်ပန်းမှု့များလျော့စေပီး အရွယ်တင်ပြီးနုပျိုတဲ့ အသားရေကိုပိုင်ဆိုင်နိုင်ပါပြီနော်

👉 Khati Skincare တွေကို ဝယ်ယူအားပေးကြတဲ့ Real Customer လေးတွေက မိမိတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတဲ့ ရလဒ်လေးတွေကို Khati Skin Care Page မှာ review ရေးသားပေးမယ်ဆိုရင် လက်ဆောင်အနေနဲ့ Face Oil Whitening ဘူးလေးကို အရေအတွက်ကန့်သတ်ပြီး မဲဖောက်ပေးမှာဖြစ်လို့ အတွေ့အကြုံလေးတွေကို Sharing လုပ်ပေးခဲ့ပါဦးနော်

👉လက်ဆောင်မဲပေါက်မယ့် ကံကောင်းတဲ့ Customer လေးတွေကို Khati Skin Care Pageကနေ ကြေငြာပေးမှာဖြစ်လို့ Follow လုပ်ထားပြီးစောင့်ကြည့်ပေးဖို့လိုအပ်ပါတယ်နော်………

Khati ရဲ့ Customer လေးတွေ မဲဖောက်ပေးမယ့်အစီအစဉ်မှာ ကံကောင်းကြပါစေနော် 🥰

18/11/2021

မိဘပြည်သူများ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာရှိပြီး လိုအင်ဆန္ဒမှန်သမျှပြည့်ဝကြပါစေလို့ တန်ဆောင်မုန်းလပြည့်နေ့အတွက် Khati Skin Care မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

17/11/2021

ရေချိုးခန်းကထွက်လာတာနဲ့ သံပုရာရနံ့လေးစွဲကျန်ပြီး ကိုယ့်ကိုယ်ကို ချစ်မဝဖြစ်နေစေရမယ့် အသားဖြူဆပ်ပြာလေးအကြောင်းပြောပြမယ်နော် 🧖‍♀️🧖‍♀️🧖‍♀️
သူက Herbal Love ဆို တဲ့ နာမည်လေးအတိုင်းပဲ အဖိုးတန်တဲ့ သဘာဝဆေးဖက်ဝင်အသီးအနှံတွေ Ingredients တွေနဲ့ စီမံထုတ်လုပ်ထားတာဖြစ်ပါတယ်။
အဓိကပါဝင်ပစ္စည်းတွေအနေနဲ့ မန်းကျည်း၊ ကော်ဖီ၊ ပျားရည်တို့ပါဝင်ပါတယ်။
Herbal Love လေးကို တစ်နေ့နှစ်ကြိမ် Body Wash အတွက်သုံးမယ်ဆိုရင်ဘာတွေအကျိုးရမလဲဆိုတော့
👉မိန်းကလေးတော်တော်များများဖြစ်တတ်တဲ့ ကျောနဲ့ ရင်ဘက်တစ်ဝိုက်က ဝက်ခြံတွေကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်.
👉တင်ပါးနဲ့ပေါင်မှာ အသားတွဲတာ Cellulite ကိုသက်သာစေပြီးတော့တင်းရင်းလှပမှုကိုတစ်ဖန်ပြန်ပြီးတော့ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။
👉မန်ကျည်းသီးရဲ့အာနိသင်ကြောင့် ဝက်ခြံအမာရွတ်တွေအရေးကြောင်းတွေကိုလျော့ပါးသက်သာစေပါတယ်။
👉ကော်ဖီပါတဲ့အတွက်ကြောင့် Scrub လိုပဲ အသားမညီတဲ့နေရာတွေ ချိုင်းကြား/ပေါင်းကြားမဲတာတွေကိုသက်သာစေပြီးတော့ အသားအရေလေးကိုဖြူဝင်းလာစေပါတယ်။
အသားအရေမညီလို့ အဆီပိုတွေကြောင့်....အသားတွဲလို့ Cellulite တွေရှိလို့ စိတ်ညစ်နေရတဲ့သူတွေအတွက် တော့ herbal love လေးကို မင်မင်က Recommend လုပ်ပါတယ်နော်.. ဆပ်ပြာလေးတစ်တုံးမကုန်ခင်မှာလိုချင်တဲ့ result တွေရစေမှာကတော့... Herbal Love အသားဖြူဆပ်ပြာပဲဖြစ်ပါတယ်။
Herbal Love ရဲ့နောက်ထူးခြားချက်လေးကတော့ သုံးပြီးတိုင်း သံပုရာရနံ့သင်းသင်းလေးစွဲကျန်ပြီး လူကိုလန်းဆန်းနေစေတာပါပဲ...

အားသာချက်တွေများလွန်းတဲ့ Herbal Love အသားဖြူဆပ်ပြာလေးကိုမှာယူချင်တယ်ဆိုရင်တော့ Messenger မှာဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်...🥰🥰🥰
တစ်ဘူးဈေးကတော့ ၅၀၀၀ ကျပ်ဖြစ်ပြီးတော့ ၁၀ ဘူးကနေစပြီးတော့ အများဈေးနဲ့ရောင်းချပေးနေပါပြီနော်..

Photos from Khati Created By Heart's post 15/11/2021

အသားရေလေး ပြစ်ချက်ကင်းပြီးလှနေရမယ်ဆိုတဲ့....အိပ်မက်တွေက အရင်လိုဈေးမကြီးတော့ပါဘူး..
ဘာလို့လဲဆိုတော့ တစ်ဘူးတည်းသုံးရုံနဲ့ သိသိသာသာလှလာစေတဲ့ Khatti ရှိနေလို့ပေါ့...

Khatti ရဲ့ Skin Care Soap လေးနဲ့ Scrub လေးတွေက...

🥰Chemical ကိုအနည်းဆုံးအသုံးပြုပြီးတော့
🥰သဘာဝသစ်ဉသစ်ဖုတွေနဲ့
🥰မြန်မာနိုင်ငံရဲ့အသားရေနဲ့ အကိုက်ညီဆုံး ဖြစ်အောင်စေတနာပါပါထုတ်လုပ်ထားပါတယ်။
နိုင်ငံခြားဖြစ် အဖိုးတန် ပါဝင်ပစ္စည်းတွေကိုသုံးထားပေမယ့် ဈေးနှုန်းကိုတော့ လူတိုင်းအတွက် အသက်သာဆုံးဖြစ်အောင် သတ်မှတ်ပေးထားတဲ့အတွက် သုံးဖူးသူတိုင်းအသည်းစွဲဖြစ်နေတာပေါ့....
အရွယ်မရွေး ကျား/မ မရွေးသုံးနိုင်တာဆိုတော့ အိမ်မှာတစ်ဘူးဆောင်ထားလိုက်ရုံနဲ့ အားလုံးလှနေစေရမယ့် ရွေးမမှားလေးပေါ့...

ကိုယ့်အသားအရေအတွက် အကိုက်အညီဆုံး ဖြစ်မယ့် Product လေးတွေကိုပါ ကူပြီးရွေးပေးဉီးမှာဆိုတော့ အခုပဲ Messenger မှာ Hi လိုက်တော့နော် ။

✅Scrub ဆိုရင် အနည်းဆုံး ၅ ဘူး
✅အသားဖြူဆပ်ပြာဆိုရင်အနည်းဆုံး ၁၀ ဘူးကနေစပြီး အများဈေးလဲရှိတဲ့အတွက် တစ်ဆင့်ပြန်လည်ရောင်းချချင်တဲ့ မမတွေညီမတွေကိုလဲ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်...😘😘

Khati နဲ့တတူတူ Glowလိုက်ရအောင် ...

11/08/2021

BodyCare Routine~~~🛀🛀

Body Care နဲ့ပတ်သက်ပြီး ဘာမှပြောင်းလဲသုံးဖူးတာတော့မရှိသေးဘူး။မဝယ်ဖြစ်တဲ့ reasonကို
အောက်မှာရေးထားတယ်။
ထူးထူးခြားခြားမပါဘူး ပုံမှန် လက်ရှိသုံးနေတာလေးတွေကိုပဲ ပြောပြပေးမယ်ပေါ့နော်။

ကျွန်တော်
Body Skin Type - Dry to Dehydrate Skin.
တော်ရုံ lotionက ကျွန်တော်ခန္ဓာရဲ့အစိုဓာတ်ကို
မပေးနိုင်ဘူး။

ကျွန်တော် bodycare step ကတော့
Oil formulation lotion ကို
အရင်လိမ်းပြီးမှ အပေါ်ကနေ တခြား UV အစတဲ့ lotion ကို layerလိုက် လိမ်းပေးတယ်။
တစ်ခါလိမ်းရင် 3 layers လောက် လိမ်းလေ့ရှိတယ်။

ဆိုတော့ Body Lotion ကနေ စရအောင်

🛀 Nivea Oil In Lotion(ခရမ်းရောင်ဘူးပုံစံ)
(Rose & Argan Oil)&(Cherry Blossom & Jojoba Oil)
ဒီ lotion နှစ်မျိုးရဲ့ effective ဖြစ်ပုံချင်းတူပေမယ့်
အနံ့နဲ့ ပါဝင်တဲ့ oil လေးပဲ ကွာတယ်။
Nivea Oil In Lotion တွေက အသားရဲ့ လိုအပ်တဲ့
အစိုဓာတ်ကို ပြည့်ပြည့်ဝဝပေးနိုင်တယ်။
နောက်ပြီး oil ပါတော့ ကျွန်တော်လိုအသားအရမ်းခြောက်တတ်တဲ့သူတွေအတွက် အဆင်ပြေလိမ့်မယ်။အသားကို ကြည်ကြည်စိုစိုလေးနဲ့ moisturize ပေးနိုင်တယ်။
အနံ့ကတော့ Rose က နှင်းဆီပေါင်ဒါအနံ့ပဲ။
နောက်တစ်ခုက Cherry အနံ့သင်းသင်းလေး။
Cherry ကတော့ ကုန်ပြီ Rose ကတော့ ဖင်ကပ်ပဲကျန်တော့တယ်။
Price က ဘူးကြီးကို 6ထောင်ဝန်းကျင်ပါ။
ဘူးသေးတော့ 3ထောင်ကျော်လောက်ရှိတယ်။

Where to buy - NIVEA.

🛀Nivea White In Lotion(Rose & Argan Oil)

Nivea White In Lotion က အပေါ်က Oil In Lotion နဲ့ နီးပါးတူတယ်။ဒါမယ့် အစိုဓာတ်ကိုတော့ Oil In Lotion လောက် မပေးနိုင်ဘူး။
သူက moisturize ဖြစ်တယ် ဖြူတယ်လို့ပြောပေမယ့် bright ဖြစ်ရုံလောက်ပဲ။အသားအရေရဲ့
လိုအပ်တဲ့ moisture ကိုတော့ ပေးနိုင်တယ်။
အနံ့ကတော့ နှင်းဆီပေါင်ဒါအနံ့ပဲ။
ဖင်ကပ်ပဲကျန်တော့တယ် မဝယ်နိုင်သေးဘူး။
Price က 6ထောင်ပတ်ဝန်းကျင်ပဲ။

Where to buy - NIVEA.

🛀Vaseline UV Lighting 3X Lotion

Vaseline 3X ကိုတော့ စိတ်ဝင်စားလို့ဝယ်ခဲ့တယ်။
ဒါမယ့် သူက whitening ဘက်ကိုသွားတော့
အသားအရေအတွက် လိုအပ်တဲ့ moisture မရဘူး
နောက်ပြီး white case ကျန်တယ်။
ဖြူလားလို့မေးရင် ဖြူတယ် ဒါမယ့် သူတစ်ခုတည်း
သုံးရင်တော့ ဖြူတာထက် ဝင်းရုံလောက်ပဲ။
နောက်ပြီး လိမ်းရနည်းနည်းခက်တယ်။
Price က 1သောင်းကျော်လောက်ရှိမယ်ထင်တယ်။

Where to buy - Bkk oline shop တွေမှာရတယ်။

🛀Vaseline UV Lighting Lotion

Vaseline UV Lighting က 3X ဖြူတာ မသိသာဘူး။Moisture ကလည်း ကျွန်တော်အတွက်
လုံလုံလောက်လောက်မရဘူး။
လိမ်းရလွယ်တယ် 3X လို လိမ်းရမခက်ဘူး။
သူက ကျွန်တော်အတွက် ဝင်းရုံပဲ။
Price က 2ထောင်ကျော်ပဲ။

Where to buy - Vaseline Myanmar.

🛀Vaseline Instant Fair UV Tone Up 4X Serum

Vaseline 4X Serum ကို 3X Lotion နဲ့အမြဲတမ်းတွဲသုံးဖြစ်တယ်။ သူ့ကိုတစ်ခုတည်းသုံးတာထက်
တွဲသုံးဖို့ recommend လုပ်တယ်။
အသားအရမ်းညိုရင်တော့ 4x serum သုံးပြီးပြာတတ်တယ်။
4X နဲ့တွဲတော့ ဖြူပြီး နဂိုထက် skin tone ညီလာတယ်။
Price က မမှတ်မိတော့ဘူး😁

Where to buy - Bkk oline shop တွေမှာရတယ်။

🛀Mistine Body Yogurt Lotion

Mistine Yogurt Lotion က အသားထဲစိမ့်ဝင်တာမြန်တယ်။နောက်ပြီး ကြည်ကြည်ဝင်းဝင်းလေးဖြစ်စေတယ်။ ဖြူတာထက် ကြည်တာပေါ့နော်။
Moisture က ကျွန်တော်အတွက် သိပ်ပြီးပေးနိုင်တယ်လို့မခံစားမိလို့ oil in lotion သုံးပြီး အပေါ်ကနေပဲ လိမ်းဖြစ်တယ်။အနံ့လေးက ချိူတဲ့ဘက်ကိုသွားတယ်။တစ်ခါသုံးစာလောက်ပဲ ကျန်တော့တယ်။
Price က 2ထောင်ကျော်ပဲ။

Where to buy - Mistine Myanmar.

🛀Coffe & Me Lavender Lotion

Coffe & Me က Lavender lotion ကိုတော်တော်လေး သဘောကျတယ်။ သူ့ Intems ထဲမှာ ဒီlotionကို သဘောကျဆုံးပဲ။
Oil formulation ဖြစ်တဲ့ Lotionနီးပါး အစိုဓာတ်ကိုပေးနိုင်တယ်။ ကြည်ကြည်ပြောင်ပြောင်လေး နဲ့
Glowing ဖြစ်တယ်။ အနံ့ကလည်း lavendar အနံ့ပဲ။
ဖင်ကပ်ပဲကျန်တော့တယ်။
Price က 1သောင်းကျော်လောက်ထင်တယ်။

Where to buy - Coffee & Me.

🛀Coffee & Me Otemal Lavender Scrub & Coffee Scrub(အဖြူဘူးနဲ့ရွှေရောင်ဘူး)

Coffee & Me ကထုတ်တဲ့ lavendar scrub ကို
အသားအရမ်းခြောက်တဲ့နေ ဒါမှမဟုတ် exfoliate effect သိပ်ပြီးမလိုချင်တဲ့နေမှာဆို ပိုသုံးဖြစ်တယ်။
Healing ဖြစ်တာမြန်ပြီး အသားအရေကို harsh မဖြစ်ဘဲ ကြည်ကြည်စိုစိုလေးနဲ့ moisturize ဖြစ်တယ်။ Price က 1သောင်းကျော်ပဲ။

Coffee & Scrub Coffee Scrub ကတော့ exfoliate effect ပြည့်ပြည့်ဝဝရတယ်။နေလောင်တာကိုသက်သာစေပြီး အသားအရေကိုညီစေတယ်။
Lavender ထက်ပိုပြီးတော့ exfoliate effect ပါတယ်။
Lavender & Coffee ရော အဆင်ပြေသလိုလည်း
လှည့်သုံးဖြစ်တယ်။
Price က 8ထောင်ဝန်းကျင်ပါ။

Where to buy - Coffee & Me.

🛀Khati Created By Heart Green Tea Scrub

Khati created by heart က scrubရဲ့ Texture ကိုပိုသဘောကျမိတယ်။ Texture က creamy texture ဘက်ကိုသွားတယ်။ အနံ့ကလည်း fresh ဖြစ်တယ်။
အသားအရေကိုလည်း ကြည်ကြည်စိုစိုလေးဖြစ်စေပြီး moisture ကိုလည်း ထိန်းပေးထားနိုင်တယ်။အသားညီလာတယ်လို့ ခံစားမိတယ်။
ပေးရတာနဲ့တန်တယ်။
Price က 1သောင်းကျော်ပဲ ပေးရတာနဲ့တန်တယ်။

Where to buy - Khati Created By Heart.

ဒီအထဲမှာ မပါတဲ့ The Mix By Su က Body Butter
ကိုလည်း သုံးဖူးတယ် ​ကြိုက်တယ်။ အခုတော့ကုန်ပြီ အိမ်ပြောင်းလာတာနဲ့ ဘူးခွံတောင် ဘယ်နားရောက်သွားမှန်းမသိတော့ဘူး။
Body Butter တွေထပ်ဝယ်ဖို့ အချိန်ယူအုံးမယ်။

Lotion တွေလည်း အကုန်နီးပါးက ကုန်တော့မယ်
ထပ်မဝယ်ဖြစ်ဘူး ဘာလို့ဆို လှူနေလို့ပါ
ပုံမှန်ဆို review ကိုတောင် feesမယူဘဲနဲ့ရေးပေးတာ
အခု fees နည်းနည်းယူလာရပြီ ဘာလို့ဆို
CDM သမား နဲ့ ရခိုင်စစ်ပြေးရှောင် တွေကို ကိုယ်တတ်နိုင်သလောက်လေး လှူဖြစ်လို့ပါ။

ကျွန်တော်က မလိမ်းလို့ရတယ် သူတို့က မစားလို့မရဘူး အဲကြောင့်ပါ ဆိုတော့
ကိုယ့် readers တွေကို အသစ်တွေ မtryပေးနိုင်လို့ စိတ်မကောင်းဘူး ဝယ်ဖို့ထက်
ရသမျှဟာကနည်းနည်းစုပြီး လှူနေတာကြောင့် ဒါမယ့် သုံးဖြစ်ရင်တော့ ပြောပြပေးမယ်ပေါ့နော်။Skincare & Body Butter တွေတောင် အခုကမြင်ရုံနဲ့အရသာခံရုံပဲ☹

ဒီလောက်ပဲနော် ဒီနေ့တော့။
Seeyou.

&me

01/08/2021

!!!! Hot Sales !!!!
ခတီရဲ့ body scrub လေး သို့ မဟုတ် ဆပ်ပြာလေးတွေအတွက် အထူး discount လေးလာပါပီနော်
Founder အမ ရဲ့ မွေးနေ့လလေးမို့ တစ်ခါမှမချဘူးတဲ့စျေးလေးနဲ့ရမှာပါ
ဆပ်ပြာ သို့ scrub = ၁ ဘူးယူ = ၁၀ %
ဆပ်ပြာ သို့ scrub = 2 ဘူးယူ =၁၅ %
ဆပ်ပြာ သို့ scrub = 3 ဘူးနှင်အထက် = ၂၀ %
လိုသူယူပါ နော် 😊😊 ရောဂါပိုးတွေကို scrub နဲ့ ဆပ်ပြာတိုက်ပြီး မောင်းထုတ်ကြမယ်
Promotion ကာလလေးက August ၂ ရက်နေ့မှ ၂၀ ရက် နေထိပါရှင့်
နယ်ဆို ကားဂိတ်အရောက်ပို့ပေးပါတယ်
ရန်ကုန်မန်းလေး အိမ်အရောက်ငွေချေလို့ရပါတယ်ရှင်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Thamin 8 Street , Mayangone Township
Yangon
11061

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00