Focus Beauty By KTH

Focus Beauty By KTH

Share

ဈေးနှုန်းမှန်ကန်စွာဖြင့် Focus Beauty မှ Produts များကို လက်လီလက်ကားရောင်းချပေးနေပါပြီရှင့်

08/09/2021

🙏🙏🙏

Photos from Focus Beauty By KTH's post 23/02/2021

Body Lotion-22000 Ks

Photos from Focus Beauty By KTH's post 23/02/2021

Sleeping Cream - 19500 Ks

16/02/2021

ဘယ်အသားအရောင်နဲ့မဆို လိုက်ဖက်တဲ့ Ketchup Matte Liquid Lipstick 💋

ကိုယ့်ရဲ့ အသားအရောင်ကြောင့် နှုတ်ခမ်းနီအရောင်ရွေးရခက်နေတယ်ဆိုရင်
ညိုညိုချောချောလေးတွေအတွက်ပဲဖြစ်ဖြစ် ဖြူဖြူလှလှလေးတွေအတွက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ရွှေဝါရောင်အသားအရေပိုင်ရှင်တွေပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ နှုတ်ခမ်းအရောင်လေးတွေကို Ketchup Matte Liquid Lipstick မှာ ရရှိနိုင်ပါတယ်။

01 Chocolate
02 Pasta
03 Ketchup
04 BBQ
05 Burger ဆိုပြီး အရောင် (၅) ရောင် ရှိပါတယ်။

အရောင်ထွက်မှန်ကန်တိကျပြီး ကြာရှည်ခံတဲ့ Formula ဖြင့် ထုတ်လုပ်ပေးထားပါတယ်။ Matte Type ဖြစ်ပေမယ့် နှုတ်ခမ်းကို အရမ်းခြောက်သွေ့မနေစေဘဲ သက်သောင့်သက်သာဖြင့် စိုပြေလှပတဲ့ နှုတ်ခမ်းအလှကို ရရှိစေပါတယ်။

Ketchup Matte Liquid Lipstick (3 ml) တစ်ချောင်း - ၈,၅၀၀ ကျပ်

Photos from Focus Beauty By KTH's post 16/02/2021

BS soap
BETTER SKIN Soap
သဘာဝစစ်စစ်
ကော်ဖီ၊ မန်ကျည်း၊ နနွင်းဆပ်ပြာ

♥️Better Skin ဆိုတာဘာလဲ
Better Skin ဆိုတာ ပိုမိုကောင်းမွန်သော အသားအရေကို ကိုယ်စားပြုတဲ့ နိုင်ငံ တကာအဆင့်မီ ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်ပါတယ်။ ဒီအမှတ်တံဆိပ်ကို Focus Beauty မှ ပိုင်ဆိုင်ပြီး နိုင်ငံတကာဓာတ်ခွဲခန်းနဲ့ စက်ရုံကြီးများမှာ ကမ္ဘာ့အဆင့်မီ စမ်းသပ်တီထွင်ထားတဲ့ မော်မြူလာများနဲ့ ကမ္ဘာအဆင့်မီ ကုန်ကြမ်းများကိုသာ အသုံးပြု ပြီး အရည်အသွေးမြင့် အသားအရေထိန်းသိမ်းရေးပစ္စည်းများကို အစဉ်တစိုက်ထုတ်လုပ် ဖြန့်ချိသွားမှာဖြစ်ပါတယ်။

♥️Better Skin ရဲ့ ပထမဆုံးထုတ်လုပ်ဖြန့်ချိလိုက်တဲ့ ပစ္စည်းကဘာလဲ
Better Skin ရဲ့ ပထမဆုံးထုတ်လုပ်လိုက်တဲ့ ပစ္စည်းကတော့ သဘာဝကော်ဖီ မန်ကျည်း နနွင်း ဆပ်ပြာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရှိ နာမည်ကျော်စက်ရုံကြီးရဲ့ သုတေသန ဓာတ်ခွဲ စမ်းသပ်ခန်းမှာ အကြိမ်ကြိမ် သုတေသနပြု စစ်ဆေးစမ်းသပ်ပြီး အကောင်းမွန် ဆုံး ရလဒ်ရရှိထားသော ဖော်မြူလာအတိုင်း အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းများကို နိုင်ငံတကာ အရပ်ရပ်မှ မှာယူတင်သွင်းပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

♥️ဘယ်လိုသဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာလဲ
ကမ္ဘာ့အကောင်းဆုံး Arabica Coffee Powder၊ အစွမ်းအထက်ဆုံး အာဖရိက မျိုးရင်း မန်ကျည်းအဆီအနှစ်နဲ့ အရည်အသွေးအကောင်းဆုံး နနွင်းမြစ်တို့ အဓိကပါဝင် ပါတယ်။

Arabica Coffee Powder ရဲ့ ဂုဏ်သတ္တိ
♥ အသားအရေကို ညစ်နွမ်းစေသော ဆဲလ်သေများကို ထိရောက်စွာ ဖယ်ရှားပေးခြင်း ကြောင့် ဆဲလ်သေစုပုံမှုကြောင့် ဖြစ်ပေါ်လာသော ချိုင်း၊ ပေါင်ခြံ၊ တင်ပါးနှင့် ခန္ဓာ ကိုယ်ကြားများထဲမှ အမဲအကွက်များ၊ အသားမာများကို ဖယ်ရှားကုသပျောက်ကင်း စေခြင်း။
♥ အရေပြားအောက်ရှိ နူးညံ့သေးမျှင်သော ဆံချက်မျှင်သွေးကြောလေးများကို လှုံ့ဆော်ပေးခြင်းကြောင့် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်မှန်ကန် မြန်ဆန်လာစေ ပြီး အသားအရေဆဲလ်အသစ်ဖြစ်စဉ်ကို တွန်းအားပေးစေခြင်း။
♥ အရေပြားယားယံခြင်း၊ အသားအရည်ပွ၍ မညီမညာဖြစ်ခြင်းတို့အပြင် သွေးကြော အတွင်း စုပုံလာသော အဆီခဲနှင့် အသစ်အကြေးများကြောင့် ဖြစ်လာသည့် လိမ္မော်ခွံ သဏ္ဌာန် Cellulite များကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ခြင်း။
♥ အညစ်အကြေးနှင့် ချေးညှော်များကြောင့် ပိတ်ဆို့နေသော ချွေးပေါက်များကို ပြန်လည်ပွင့်ဟ သန့်ရှင်းစေသောကြောင့် အရေပြားကျန်းမာရေးကို ပိုမိုကောင်းမွန် စေခြင်း။
♥ အထက်ပါဂုဏ်သတ္တိများကြောင့် ငယ်ရွယ်နုပျို၍ ချောမွန်တောက်ပသော အသား အရေကို ခဏအတွင်း ပြန်လည်ရယူပိုင်ဆိုင်စေနိုင်ခြင်း။

♥️အာဖရိကမျိုးရင်း မန်ကျည်းအဆီအနှစ်ရဲ့ အစွမ်း

♥ မန်ကျည်းအဆီအနှစ်တွင် ပါဝင်သော ကြွယ်ဝသည့် A H A (Alpha Hydroxyl Acids) ကြောင့် အသားအရေကို ကောင်းမွန်ကြည်လင်အောင် သန့်စင်ပေးပြီး ကိုယ်ခန္ဓာ၏ သဘာဝ Collagen ဖြစ်စဉ်ကို တွန်းအားပေးစေနိုင်ခြင်း။
♥ အရေးအကြောင်းနှင့် လိုင်းတွန့်ကို ဖယ်ရှားပေးနိုင်ခြင်း တင်းတိပ်၊ ဝက်ခြံနှင့် အခြားသော မလိုလားအပ်သည့် အစက်အပျောက်များကို ကုသဖယ်ရှားပေးနိုင်ခြင်း နေရောင်ကြောင့် ဖြစ်ပေါ်တတ်သော အသားအရေပြဿနာများကို ရာခိုင်နှုန်း လျှော့ချကာကွယ်ပေးနိုင်ခြင်း။

♥️အရည်အသွေးအကောင်းဆုံး နနွင်းမြစ်
♥ အသားအရေပွခြင်း၊ မညီညာခြင်းတို့ကို ပျောက်ကင်းစေသောကြောင့် ဝက်ခြံ တင်းတိပ် နေလောင်ကွက်များအတွက် အကောင်းဆုံး သဘာဝလက်ဆောင်ဖြစ်ပြီး အရေပြားပေါ် ဘက်တီးရီးယား ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ပေးနိုင်ခြင်း။
♥ အသက်အရွယ်ကြောင့် ဖြစ်တတ်သော ရင့်ရော်ခြင်းများနှင့် နေဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်များကြောင့် ဖြစ်ပေါ်တတ်သော အရေပြား ယိုယွင်းခြင်းများကို ကာကွယ်ပေးနိုင်ခြင်း။
♥ ဝမ်းဗိုက်၊ ပေါင်၊ ခြေသလုံး စသောနေရာများတွင် ဖြစ်တတ်သည့် အကြောပြတ်ရာ များကို လျော့ကျစေခြင်း။
♥ ခြောက်သွေ့သော အသားအရေများကို ပြန်လည်စိုပြေလာစေခြင်း။

♥️ဘယ်သူတွေသုံးသင့်သလဲ!
မိမိအသားအရေကို ဂရုစိုက် ထိန်းသိမ်းလိုသော အမျိုးသား၊ အမျိုးသမီးတိုင်း အသုံးပြုသင့်သော အရည်အသွေးမြင့် နေ့စဉ်သုံး အမျိုးအစားဖြစ်ပါသည်။
အထူးသဖြင့် အသားအရေ မညီညာသူများ အမဲစက် တင်းတိပ်နှင့် ဝက်ခြံများ၊ အသားမာများ၊ အသားအရေ အမဲကွက်များနှင့် ဂျွတ်များကြောင့် စိတ်ညစ်ရသူများ အတွက် မရှိမဖြစ်ပစ္စည်းဖြစ်ပါတယ်။

♥️ဘယ်လိုသုံးမလဲ
မိမိနေ့စဉ်သုံးဆပ်ပြာကဲ့သို့ ရိုးရှင်းစွာ အသုံးပြုနိုင်ပြီး အချိန်တိုအတွင်း ပိုမို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် အတူပါလာသော Bubble Net လေးနှင့် အမြှုပ် များများ မြန်မြန်ထွက်စေရန် တွဲဖက်အသုံးပြုပေးနိုင်ပါသည်။ အသားအရေ ပြစ်ချက်ရှိ သောနေရာများကို ရေချိုးသည့်အချိန်တိုင်း နူးညံ့ညင်သာစွာ ၂ ကြိမ် မှ ၃ ကြိမ်အထိ စက်ဝိုင်းပုံ ပွတ်တိုက်၍ အသုံးပြုပေးပါ။

♥️အကြံပြုချက်!!!
Scrub Type သဘာဝချေးချွတ် ဆပ်ပြာဖြစ်သဖြင့် ရေချိုးပြီးတိုင်း Body Lotion ကဲ့သို့သော အသားအရေ အာဟာရဖြည့် သုံးစွဲပေးခြင်းဖြင့် အလွန်ထူးကဲ့သော အသား အရေတောက်ပမှုကို ၂ ဆ မှ ၃ ဆ အထိ ရရှိ ခံစားရစေမည်ဖြစ်ပါသည်။

4500Ks

လက်လီ လက်ကား မှာယူနိုင်ပါပြီရှင်

Photos from Focus Beauty By KTH's post 16/02/2021

𝐍𝐞𝐰 𝐒𝐤𝐢𝐢𝐧 𝐖𝐡𝐢𝐭𝐞𝐧𝐢𝐧𝐠 𝐓𝐨𝐧𝐞 𝐮𝐩 𝐁𝐨𝐝𝐲 𝐋𝐨𝐭𝐢𝐨𝐧

အသားအရေလေးတွေ စိုပြေနေစေဖို့ New Skiin Body Lotion ကို နေ့တိုင်း သုံးပေးနော်

New Skiin Cream ရဲ့ Fomula အတိုင်း ထုတ်လုပ်ထားပြီး Body အသုံးပြူရန်နှင့် စျေးနှုန်းသင့်တင့်စေရန်အတွက် Body အသားအရေနှင့် သင့်တော်တဲ့ Skin Conditioner (အသားအရေကို နူးညံ့ပျော့ပြောင်းစေသော ပါဝင်ပစ္စည်း) ပြောင်းလဲထည့်သွင်းပေးထားပါတယ်။

Ingredient ပါဝင်မှုပမာဏများကို လျော့ချထားပေမယ့် ပုံမှန်သုံးစွဲခြင်းအားဖြင့် New Skin Cream ကဲ့သို့ ထိရောက်တဲ့ အကျိုးအာနိသင်များကို ရရှိစေမှာပါ။

သိသာစွာရရှိစေမည့် အကျိုးကျေးဇူးများ

🤍 အသားအရေကို ချက်ချင်းဖြူဝင်းစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အပြင် အာဟာရဓာတ်ကိုလည်း ပြည့်ဝစွာ ဖြည့်တင်းပေးပါတယ်။

🤍 အသားအရေကို တင်းရင်းစေပြီး ကျန်းမာနုပျိုစေပါတယ်။

🤍 အသားအရေ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပါတယ်။

🤍 ခန္တာကိုယ်ပေါ်ရှိ တင်းတိပ်၊ မှဲ့ခြောက်နှင့် အမဲစက်များကို သက်သာပျောက်ကင်းစေပါတယ်။

🤍 အရေပြားဆဲလ်များ အသစ်ဖြစ်ပေါ်ခြင်းကို အားပေးပြီး နုပျိုဝင်းပ၊ တင်းရင်းစေပါတယ်။

🤍 အရေပြားအတွင်းသို့ လွယ်ကူစွာစိမ့်ဝင်နိုင်ပြီး စေးကပ်ခြင်းမရှိပါ။

🤍 ခန္ဓာကိုယ်အရေပြား နူးညံ့လာစေတဲ့ Skin Conditioner ပါဝင်တာကြောင့် နူးညံ့ချောမွတ်မှုကို ချက်ချင်းခံစားရစေပါတယ်။

𝐒𝐤𝐢𝐧 𝐓𝐲𝐩𝐞
အရေပြားအမျိုးအစား အားလုံးအတွက် သင့်တော်ပါတယ်။ 𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 ဖြစ်တဲ့ အရေပြား အမျိုးအစားလည်း သုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
𝐒𝐧𝐚𝐢𝐥 𝐌𝐮𝐜𝐮𝐬
Snail Mucus က အရေပြားကို အပြည့်အဝဆုံး အာဟာရဓါတ်နှင့် အစိုဓါတ်ကို ဖြည့်တင်းပေးသည်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပါတယ် ။

𝐕𝐢𝐭𝐚 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧
အသားအရေတင်းရင်းမှုအတွက် အဓိကလိုအပ်သော ကော်လဂျင်ပြည့်ဝစွာ ထည့်သွင်းပေးထားသောကြောင့် အရေးအကြောင်းများကို သိသာစွာပျောက်ကင်းစေပြီး အသားအရေကို တင်းရင်းနုပျိုစေသည်။

𝐏𝐫𝐨𝐭𝐞𝐢𝐧, 𝐕𝐢𝐭𝐚𝐦𝐢𝐧𝐬
အသားဓါတ်နှင့် Vitamin များက အရေပြား အသစ်ဖြစ်ပေါ်မှုကို အားပေးပြီး အိုမင်းပျက်စီးနေသော အရေပြားဆဲလ်များကို ဖယ်ရှားပေးသည်။

𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭𝐬
အစွမ်းထက် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အရေပြားအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပြီး အမည်းကွက်၊ အမည်းစက်များ၊ ဝက်ခြံအမာရွတ်များကို ထိရောက်စွာ ဖယ်ရှားပေးသည်။

အသားအရေကို ထိခိုက်ပျက်စီးစေသော
🚫 𝐏𝐚𝐫𝐚𝐛𝐞𝐧
🚫 𝐌𝐢𝐧𝐞𝐫𝐚𝐥 𝐎𝐢𝐥
🚫 𝐁𝐞𝐧𝐳𝐨𝐩𝐡𝐞𝐧𝐨𝐧𝐞
🚫 𝐀𝐥𝐜𝐨𝐡𝐨𝐥
🚫 𝐏𝐡𝐞𝐧𝐨𝐱𝐲𝐞𝐭𝐡𝐚𝐧𝐨𝐥
🚫 𝐒𝐲𝐧𝐭𝐡𝐞𝐭𝐢𝐜 𝐏𝐞𝐫𝐟𝐮𝐦𝐞 များ လုံးဝ (လုံးဝ) မပါဝင်ပါ။

အသုံးပြုပုံ
မနက်တစ်ကြိမ် ညတစ်ကြိမ် ရေချိုးပြီးတိုင်း ခန္တာကိုယ် အနှံ့လိမ်းပေးပါ။

New Skiin Whitening Tone up Body Lotion
(300 ml) တစ်ဘူး - ၂၂,၀၀၀ ကျပ်

Photos from Focus Beauty By KTH's post 16/02/2021

Sleeping 💤 Night Cream လေး အကြောင်း ✍️✍️✍️✍️

သူလေးက Gel Type Water 💦 Base
အဓိက ရေဓာတ်ဖြည့်ပေးပါတယ် ။

မျက်နှာ မှာ အလိုအပ်ဆုံးက ရေဓာတ်ပဲလေ ...
ရေဓာတ် ပြည့်၀ နေရင် မျက်နှာလေးက
ကြည် လာတာ ကြည်လင်ပြီး ပြောင်လာတာ

အရေပြား ပြသနာတွေ အဓိက ဖြစ်တာလဲရေဓာတ် ခမ်းခြောက်လို့ ပဲ

အဆီတွေ ပြန်တယ် ရေဓာတ်မရှိတော့ အဆီဓာတ်တွေ ထွက်လာတာ

ညဘက်မှာ လိမ်းရတဲ့ ရေဓာတ်အားဖြည့် ခရင်မ်လေးရဲ့လုပ်ဆောင်ချက်က

ညဘက် အိပ်ချိန် ကြွက်သားတွေ အနားယူချိန်မှာ ဆဲလ်သေ တွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်လေးတွေ ဖြစ်ပေါ်စေပါတယ်

Sleeping Cream က Gel Type
ရေဓာတ်ဖြည့်တယ်
Snail Cream က Cream Type
လိုအပ်တဲ့ ကော်လဂျင်ဓာတ်ကို ဖြည့်ပေးတယ်

ညဘက်မှာ ၂မျိုး ရော လိမ်း လိုက်ရင်
လုံး၀ ပြီးပြည့်စုံ သွားပြီ 💤💤💤

မနက် မိုးလင်း သလင်းကျောက်လေးလို
ကြည်လင်နေတဲ့ မျက်နှာလေးကြောင့်
စိတ်ချမ်းသာစေရပါမယ်

☘☘ ဒါကြောင့် Sleeping Cream 100 g. ဘူးကြီး
19500/- ကျပ် နဲ့
Snail Wish whitening Cream 50g ဘူးကြီး
29500/- ကျပ် နှစ်မျိုးလေးရှိရင်
ကြည်လင် ဝင်းပနေမှုကို ပိုင်ဆိုင်နိုင်ပြီလေ

Photos from Focus Beauty By KTH's post 14/02/2021
07/02/2021

၃ မြွှာပူးလေးရဲ့ ကောင်းကျိုး

Snail Wish Whitening Cream , New Skiin All In One Tone Up Cream နှင့် New Skiin Whitening Tone up Body Lotion တို့က ပါဝင်ပစ္စည်းတူတူပဲနော်

Snail Wish Whitening Cream , New Skiin All In One Tone Up Cream က မျက်နှာကို မနက်ရော ညပါ လိမ်းလို့ရပါတယ် New Skiin Whitening Tone up Body Lotion ကိုတော့ ရေချိုးပြီးတိုင်း ခန္ဓာကိုယ်အနှံ့လိမ်းပေးလို့ရပါတယ်။

သိသာစွာရရှိစေမယ့် အကျိုးကျေးဇူးကတော့
🤍 အသားအရေကို ချက်ချင်းဖြူဝင်းစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အပြင် အာဟာရဓာတ်ကိုလည်း ပြည့်ဝစွာ ဖြည့်တင်းပေးပါတယ်။

🤍 အသားအရေကို တင်းရင်းစေပြီး ကျန်းမာနုပျိုစေပါတယ်။

🤍 အသားအရေ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပါတယ်။

🤍 တင်းတိပ်၊ မှဲ့ခြောက်နှင့် အမဲစက်များကို သက်သာပျောက်ကင်းစေပါတယ်။

🤍 အရေပြားဆဲလ်များ အသစ်ဖြစ်ပေါ်ခြင်းကို အားပေးပြီး နုပျိုဝင်းပ၊ တင်းရင်းစေပါတယ်။

🤍 အရေပြားအတွင်းသို့ လွယ်ကူစွာစိမ့်ဝင်နိုင်ပြီး စေးကပ်ခြင်းမရှိပါ။

အရေပြားအမျိုးအစား အားလုံးအတွက် သင့်တော်ပါတယ်။ 𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 ဖြစ်တဲ့ အရေပြား အမျိုးအစားလည်း သုံးနိုင်ပါတယ်။

မြန်မာနိုင်ငံ FDA အသိမှတ်ပြုလက်မှတ်ရရှိထားတာြဖစ်လို့ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

Snail Wish Whitening Cream (50 g) တစ်ဘူး - ၂၉,၅၀၀ ကျပ်
New Skiin All In One Tone Up Cream (5 g) - ၃,၅၀၀ ကျပ်
New Skiin Whitening Tone Up Body Lotion (300 ml) - ၂၂,၀၀၀ ကျပ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon