Chit Yay Sin Collection
Qualityကောင်းပြီး ဈေးနှုန်းအထူးသက်သာသေ?
12/07/2020
💋💋💋💋🌻
Phoo တို့ တွေ နှုတ်ခမ်းခြောက်ပြီး အဖက်လေး
တွေလန်တဲ့ပြသနာလေးကို ဒီနည်းလမ်းလေး
တွေသုံးပြီး ဖြေရှင်းကြမယ်
🌻 ခန္တာကိုယ်တွင်း အပူများခြင်း
Phoo တို့တွေ ကိုယ့်ခန္တာကိုယ်မှာ အပူများတဲ့
အခါ နှုတ်ခမ်းလေးတွေခြောက်ပြီး အဖက်
လေးတွေလန်တတ်တယ်နော်
ဒါကို ဖြေရှင်းဖို့ က အဓိက ရေများများသောက်
ပေးရမယ်နော် 💦💦 အသားကင် အပူအစပ်
တွေနဲ့ အအေးဓါတ်ပါတဲ့ အရာတွေ(ရေခဲရေ,
အအေးစိမ်ထားသော အချိုရေ)🧊🍹🥤🍨🍦 စသဖြင့် အပူကန်စေတတ်တဲ့ အရာတွေ ရှောင်ပေးနော်🌻
🌻ဝမ်းချုပ်မခံပါနဲ့😉
ဝမ်းချုပ်တဲ့အခါမျိုးမှာလဲ ခန္တာကိုယ်တွင်း
အပူများပါစေပါတယ်, ခံတွင်းနံဆိုးခြင်း
ဝက်ခြံထွက်ခြင်း,အသားရေ ညစ်နွမ်းခြင်းနှင့်
နှုတ်ခမ်းသားလေတွေလဲ ခြောက်ကွဲတတ်ပါ
တယ်နော် ,ဒါကြောင့် အသီးရွက် နှင့် အသီးအနှံ
များ(🍏🍎🍉🍌🍊🍓🍋🍒🥝🥬🍅🥒🥑🥦စားသုံးခြင်း ရေများများသောက်ခြင်း
ကို ပြုလုပ်ပေးပါ, အနီရောင် အသားများ🥩🥩
(အမဲသား ဝက်သား), ကောက်ညှင်းက ဝမ်းချုပ်
စေတဲ့အတွက် ဝမ်းအရမ်းချုပ်တဲ့အခါ ရှောင်
ပေးပါနော်
🌻💄 နှုတ်ခမ်းနီ
နှုတ်ခမ်းခြောက်ပြီးကွဲနေတဲ့အခါမျိုးမှာ အစိုဓာတ်
ပြည့်ဝတဲ့ နှုတ်ခမ်းနီလေးတွေ ဆိုးပေးနော်
matte typeလေးတွေ ဆိုးဖို့ အဆင်မပြေဘူးနော်
ညအိပ်ရာဝင်ချိန် နှုတ်ခမ်းပေါင်းဆေးလေးတွေ
လိမ်းပေး ခြင်းကလဲ နှုတ်ခမ်းကွဲခြောက်ခြင်းကို သက်သာစေပါတယ်, ( vaseline နဲ့ laneige က
lip careလေးတွေ အရမ်းကောင်းတယ်နော်)
နှုတ်ခမ်းနီဖျက်တဲ့အခါမှာ wet tissueနဲ့ သုတ်
တာ ,minellar water နဲ့ဖျက်တာ Tissueနဲ့
ဆွဲသုတ်ပြီးဖျက်တာမျိုးမလုပ်ပါနဲ့နော်
toner pad လေးမှာ သံလွင်ဆီလေးသုတ်ပြီး
ဖျက်ပေးခြင်းက နှုတ်ခမ်းသားကို လုံးဝ
မပျက်စီးစေပဲ အစိုဓာတ်လေးပါ ဖြည့်တင်းပေး
ပါတယ်ရှင်😉🌻🌻🌻
12/07/2020
🌻🌻Phoo’ Sharing လုပ်ပေးချင်တဲ့topic
လေးက အမျိုးသမီးတွေသာမက အမျိုးသား
တွေရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ life style မှာ
စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ (Acne)
ဝက်ခြံ အကြောင်း လေးကို Sharing လုပ်ပေးချင်ပါတယ်။
Phoo' တို့နေ့စဉ် အမှုမဲ့အမှတ်မဲ့ ပြုမူနေမိတတ်
တဲ့ အရာလေးတွေက Phoo'တို့ကို စိတ်အနှောင့်အယှက်ပေးတဲ့ ဝက်ခြံနဲ့ အဆီဖု
လေးတွေဖြစ်ပေါ်လာစေပါတယ်နော်။
ဒီအရာလေးတွေက ဘာလေးတွေဖြစ်မလဲ
ဆိုတာကို Phoo' sharing လုပ်ပေးမယ်နော်။
🧏🏻♀️🧏🏻♀️ Touching Skin
Phoo'တို့ နေ့စဉ်နဲ့အမျှ သတိမထားမိဘဲ ပြု
လုပ်နေမိတဲ့အလေ့အကျင့်ကတော့ အကြောင်း
မရှိ မျက်နှာကို ခနခနကိုင်နေမိတာပါ။
ဒါက ဝက်ခြံနဲ့အဆီဖုလေးတွေဖြစ်လာနိုင်ချေ
အများဆုံးရှိတဲ့အချက်လေးပါ , လုပ်ငန်းခွင်
မှာဖြစ်စေ အိမ်မှာဖြစ်စေ Phoo'တို့တွေက
ပစ္စည်းအမျိုးမျိုးကို အမြဲထိတွေ့ကိုင်တွယ်
ရပါတယ်, Phoo တို့လက်မှာလဲ မမြင်နိုင်တဲ့
Bacteria တွေ ဖုန်မှုန့်တွေ ရှိပါတယ်။ ဒါပေမယ့်
အချိန်ပြည့်လက်ကို ဆေးကြောပြီး သန့်ရှင်း
အောင်ထားဖို့က အဆင်မပြေပါဘူးနော်။
Phoo’ဆိုရင် နှာခေါင်း မေးစေ့နဲ့ နှုတ်ခမ်း
အပေါ်နားဝန်းကျင်မှာချွေးထွက်တတ်ပါတယ်။
လက်နဲ့ခနခနသုတ်မိလို့လဲ ဝက်ခြံနဲ့ အဆီဖုလေးတွေထွက်လာပါတယ် , ချွေးသုတ်မယ်
ဆို Tissueနဲ့တော့ မသုတ်စေချင်ပါဘူးနော်
Tissueမှာပါတဲ့ အမှုံမွှားလေးတွေက ချွေး
ပေါက်လေးတွေထဲဝင်ပြီး ဝက်ခြံကို ဖြစ်စေ
နိုင်ပါတယ် , အမွှေးပွသားမဟုတ်တဲ့ ချည်သား
လက်ကိုင်ပုဝါသန့်သန့်လေးကို အသုံးပြုစေ
ချင်ပါတယ်,တစ်ရက်တစ်ထည်သာ အသုံးပြု
ပြီး လျှော်ပြီးရင်လဲ သန့်ရှင်းတဲ့နေရာမှာ
အခြောက်လှန်းပြီး မီးပူလေးတိုက်ပေးပါနော်။
လက်ကို အချိန်ပြည့်မဆေးနိုင်တဲ့အတွက်
hand sanitizer လေးနဲ့ မကြာခနသန့်စင်
ပေးပြီး အမှုမဲ့အမှတ်မဲ့ မျက်နှာကိုလက်နဲ့
ကိုင်တတ်တဲ့အကျင့်လေးကို သတိထားပေး
ပါနော်🌻🌻
💇♀️💇♀️ Bangs hair
မျက်နှာပေါ်ကျနေတဲ့ ဆံစလေးတွေကလဲ
ဝက်ခြံကို ဖြစ်စေပါတယ် , oily ဖြစ်တဲ့
skin တွေဆို ရှေ့ဆံမြိတ်ချတဲ့ ဆံပင်ပုံစံ
မထားသင့်ပါဘူးနော် , ဆံပင်ကိုမျက်နှာပေါ်မကျအောင်အပြောင်လေးသိမ်းပေးသင့်ပါတယ်, အနဲဆုံး ၃ရက်တစ်ခါ ခေါင်းလျှော်
ပေးပြီး မျက်နှာ ဆံပင်နဲ့ ထိကပ်နေတဲ့
ခေါင်းအုံးစွပ်လေးကိုလဲမကြာခနလဲပေး
ပါနော်🌻🌻
👓👓 Glasses (Spectacles Frame)
မိမိနေ့စဉ်တပ်နေတဲ့ မျက်မှန်လေးကလဲ
ဝက်ခြံလေးတွေ ဖြစ်စေတတ်ပါတယ်တဲ့။
မျက်မှန်တပ်ထားတဲ့အခါမှာ မျက်မှန်နဲ့
ထိကပ်နေတဲ့ မျက်ရိုးနားနဲ့ နားထင်နားမှာ
ချွေးနဲ့ အဆီလေးတွေ ရှိနေတတ်ပါတယ်။
ဒါကြောင့် မျက်နှာသစ်တဲ့အခါမှာလဲ သေချာ
သန့်ရှင်းပေးဖို့လိုအပ်ပါတယ် ,မျက်မှန်ကို
များသောအားဖြင့်တပ်ခါနီးတဲ့အခါမှာ မှန်
လေးပဲသုတ်ပြီးတတ်လေ့ရှိကြပါတယ်
မျက်မှန်ကိုင်းနဲ့ frame တစ်လျှောက်မှာ
ကပ်နေတဲ့ အဆီ ဖုန်မှုန့် လေးတွေကို များ
သောအားဖြင့်သန့်ရှင့်ဖို့ သတိမေ့နေတာလေး
ဖြစ်တတ်ပါတယ် , မိမိနေ့စဉ်အသုံးပြုနေတဲ့
tonerလေးနဲ့ သန့်ရှင်းပေးနိုင်ပါတယ်နော်🌻🌻
🙇♀️🙇♂️ Stress (Struggles)
Phoo'တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ life မှာ
အလုပ်တာဝန်တွေ ,မိသားစု ရေးရာနဲ့
တခြားသော struggles မျိုးစုံကြောင့်
စိတ်ဖိစီးမှုတွေ အနည်းအများမဆိုရှိတတ်
ကြပါတယ်, ဒီ စိတ်ဖိစီးမှုဆိုတဲ့ stressက
(androgens)ဆိုတဲ့ ဟော်မုန်းရဲ့ level ကို
မြင့်တတ်စေပြီး ဝက်ခြံဖြစ်ပေါ်စေတဲ့ အဆီ
ဂလင်းတွေကို active ဖြစ်စေနိုင်ပါတယ်။
မိမိရဲ့ stressကိုဖြေလျော့စေဖို့အတွက်
mind relax songs နားထောင်တာ, မိမိနှစ်
သက်တဲ့ စာအုပ်လေးဖတ်တာ ,funny movie
လေးတွေကြည့်တာ စသဖြင့်ပေါ့ ကိုယ်နဲ့ အဆင်
ပြေနိုင်မယ့် နည်းလမ်းလေးတွေနဲ့ stressကို
ဖြေလျော့ပေးပါနော် 🌻🌻
💦💦 Stay Hydrate
Phoo’တို့ ခန္ဓာကိုယ်မှာ တနေ့တာအတွက်လို
အပ်တဲ့ ရေပမာဏက 8-ounce (2 liter)ပါ။
ဒါပေမယ့် အများစုက ရေဆာတဲ့အချိန်မှ
သာရေသောက်လေ့ရှိကြပြီး ရေဓါတ်ပြည့်ဝ
အောင်သောက်ရန် သတိမပြုမိတတ်ကြပါဘူး။
ရေဓါတ်မမျှခြင်းဟာလဲ ဝက်ခြံဖြစ်စေတတ်
သောကြောင့် ရေများများသောက်ပေး သင့်
ပါတယ် , Phoo'ကတော့တစ်ရက်ကို 3liter
ကျော်လောက်သောက်ဖြစ်ပါတယ် ,ရေဆာ
မှမဟုတ်ဘဲ အကျင့်တခုအနေနဲ့ကို စွဲမြဲ
ပြီးသောက်ပါတယ် ,ရေသောက်ခြင်းဟာ
ဝက်ခြံအတွက်သာမက အသားရေကိုစိုပြေ
စေပြီး အရွယ်ကျခြင်းကိုလဲ ကာကွယ်
ပေးနိုင်ပါတယ်နော်🌻🌻
🛌🛌 Bed Time
အိပ်ရေးပျက်တာ အိပ်ချိန်ပုံမှန်မရှိတာ
ညဉ့်နက်အထိဖုန်းအသုံးပြုခြင်းကလဲ
ဝက်ခြံနဲ့ အသားရေ ပြသနာများကိုဖြစ်ပေါ်စေ
ပါတယ် ,လူတစ်ဦးရဲ့ ပျမ်းမျှအနည်းဆုံး အိပ်
ချိန်က7နာရီ ရှိပါတယ် ,တစ်နေ့7နာရီပြည့်
အောင်အိပ်တဲ့နေရာမှာလဲ ညလယ်2နာရီလောက် အိပ်ပြီး မနက်9နာရီ လောက်ထိအိပ်
တာမျိုးဆို အိပ်ချိန်7နာရီပြည့်ပေမယ့်လဲ မှန်
ကန်တဲ့အိပ်ချိန်မဟုတ်ပါဘူးနော် , Phoo'
ဆို ည11အိပ်ရာဝင် မနက်6နာရီလောက်ဆိုပုံမှန်
အိပ်ရာထပါတယ် ,ရုံးပိတ်ရက်ဆိုရင်တော့
မနက်8နာရီလောက်ထိ အိပ်ပါတယ်နော်။
အသက်ရွယ်အရအိပ်ချိန်သတ်မှတ်သင့်တဲ့
အကြောင်းရာ အသေးစိတ်ကိုလဲPhoo'
နောက်ထပ်sharing လုပ်မေးမယ့် post မှာ
ထပ်ရေးပေးမယ်နော်🌻🌻
ခု ဒီအကြောင်းရာလေးတွေကို သိပြီဆိုတော့
Phoo'တို့ ရဲ့နေ့စဉ်နေထိုင်မှုပုံစံလေးကို
ပြောင်းလဲပြီး ဝက်ခြံ အဆီဖုနဲ့အသားရေ
ပြသနာများကို ရပ်တန့်ကြရအောင်နော် 🥰
Phoo (24-1-2020)
Learn From Google
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
10/07/2020
အသားရေအတွက် အကောင်းဆုံး မုန်လာဥဖြူ
ပုံမှန်အားဖြင့် မုန်လာဥနီကို ဖျော်သောက်ခြင်းက
အသားရေကို လှပစေတယ်လို့ သိထားကြပေမယ့်
မုန်လာဥဖြူက အသားရေအတွက် ပိုမို ကောင်းမွန်
အကျိုးရှိပါတယ်
မုန်လာဥဖြူမှာ vitamin c, zincနဲ့ phosphorus
ဓာတ်တွေ ပါဝင်တဲ့ အတွက် နေ့စဉ် juice အနေနဲ့
ဖျော်သောက်ပေးမယ်ဆို အရေပြားကို အထူးကျန်း
မာစေတယ်
အရေပြားခြောက်သွေ့ခြင်း , ဝက်ခြံ တင်းတိတ်နဲ့
အရေပြားနေလောင်ခြင်း ယားယံဓါတ်မတည့်ခြင်း
များနဲ့ ထိခိုက်လွယ် အသားရေကို အကောင်းမွန်
ဆုံး ပြုပြင် ပြောင်းလဲ ပေးနိုင်ပါတယ်
ဒါပေမယ့် မုန်လာဥနီလေးလို တော့ သောက်ရတာ
အရသာကောင်းမှာ မဟုတ်ပါဘူး
ကိုယ်ကြိုက်နှစ်သက်သလို ဖျော်နိုင်ပါတယ်
admin ကတော့ မုန်လာဥ ဖြူကို မုန်လာဥနီ လေးနဲ့
တွဲပြီး blenderထဲ ထည့်ကြိတ်တယ် သံပုရာသီး
လေးညှစ်ပြီး သောက်ပေးရင်တော့ ပို အဆင်ပြေ
ပါတယ်နော်
ဒါဆို အသားရေလှဖို့ တခြားဆေးဝါးတွေ သောက်
သုံးရတာ မကြိုက်တဲ့သူတွေ အတွက် အကျိုး
ပြုမှုအများဆုံး မုန်လာဥဖြူလေးကို တနေ့တစ်ခွက်
မှီဝဲ ပေးလို့ ရပါတယ် 🍀🍀
10-7-2020
07/07/2020
crystal natural skin careမှာ အဓိကပါဝင်တဲ့
jojoba oilလေးရဲ့ အသားရေအတွက် အကျိူးပြုနိုင်ပုံလေးကို လေ့လာကြည့်ရအောင်နော်💞
01/07/2020
ကြိုက်တယ်ဆိုတာထက်ကိုပိုတယ်
🍀crystal luxury soapလေး🍀
ပုံမှန်ဆို မျက်နှာသစ်တာ တနေ့ ၂ကြိမ်ပေါ့နော်
မနက် အိမ်ရာနိုးရင်တစ်ကြိမ် ည အိပ်ရာဝင်
ခါနီးတစ်ကြိမ်
ဖူးကတော့ တစ်နေ့ သုံကြိမ်လောက်ထိသစ်တယ်
၃ကြိမ်ထက်တော့လုံးဝပိုသစ်လို့ မရပါဘူး
ဘာလို့ crystal မျက်နှာသစ်လေးကို
luxury soapလို့ ခေါ်လဲဆို ဖူးရဲ့ခံစားချက်အရ
တခြားတခြားသော အမျိုးမျိုးသော soap တွေနဲ့
လုံးဝ မတူပဲ အရမ်းနူးညံ့တဲ့ texture ရယ်
ပါဝင်ပစ္စည်းက တန်ဖိုးကြီးတဲ့ အသားရေအတွက်
အထူးပြုတဲ့ ဆီကို အခြေခံပြီးတော့ တခြားသော
essential oilတွေရယ် သဘာဝအသီးနှံလေးတွေနဲ့ ချက်ထားတာပါ မျက်နှာပေါ်တင်လိုက်တာနဲ့
အရမ်းနူးညံ့တာကို ခံစားရပြီးတော့ အနံ့လေးကလဲ သဘာဝအနံ့ကိုမှ ထူးထူးခြားခြားလေးရယ်😀
မျက်နှာသစ်ပြီးရင် အသားခြောက်ခြင်းမရှိဘဲ
စိုစိုပြေပြေလေးနဲ့ ပြောင်တင်းသွားတဲ့ အချက်လေးကတော့ ဖူးအကြိုက်ဆုံးပဲ
ဖူးက chemicalရဲ့ ဆိုးကျိုးတွေကို ခံစားခဲ့ဖူး
တော့ သဘာဝနဲ့ အနီးစပ်ဆုံးဆိုတာတွေပဲ
ရှာဖွေသုံးစွဲတယ် ခဏတာအသုံးပြုတာနဲ့
ဝက်ခြံတွေပျောက်မယ် တင်းတိတ်တွေပျောက်မယ်
ဆိုတဲ့ chemical ပါဝင်မှုနှုန်းမြင့်တဲ့ skin care
တွေထက် သဘာဝ အဆန်ဆုံး product လေးကို
ရေရှည် တသက်တာသုံးစွဲပြီး ခုချိန်ထဲက ဇရာဆိုတဲ့
အိုမင်းရင့်ရော်ခြင်းအတွက် အထောက်အကူလေး
ယူထားလိုက်ပြီ💞
🍀Crystal luxury soap 6500 ks only
Product of myanmar
01/07/2020
အသားဖြူအောင် ဘယ်လိုနေမလဲ
မြန်မာ မိန်းကလေး အများစု က အသားဖြူချင်ကြပါတယ်. နေထိုင်မှုတွေ မှားယွင်းနေတော့ အသားအရေ က ညစ်သည်ထက်ညစ်လာတယ်. အဲ့အတွက် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာလေး ပြောပေးပါမယ်နော်... 😻
💧ရေ အများကြီးသောက်ပါ 💧
ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ် မလုံလောက်တဲ့အခါ အသားအရေ က အရင်ကထက် ပိုပြီး ညစ်ထေးထေး ဖြစ်လာပါတယ်. အဲ့အတွက် ရေအများကြီးသောက်ပါ. ပိန်ချင်တဲ့ သူတွေ ကလည်း အစာမစားခက် နာရီဝက်အလိုမှာ ရေအဝသောက်ပြီးမှ အစာစားပါ. ပိန်လာပါမယ်.
🌞နေလောင်ကာခရင် လိမ်းပါ 🌞
မြန်မာနိုင်ငံ ရဲ့ ဒေသအများစု က နေတကယ်ပူပါတယ်. အဲ့အတွက် အပြင်ထွက်တိုင်း နေလောင်ကာခရင် လိမ်းပေးပါ. ခန္ဓာကိုယ်အတွက်ရော မျက်နှာအတွက်ပါ လိမ်းပေးရမယ်နော် 😍
🚴🏻♀️ ချွေး ထွက်အောင်နေပါ 🚴🏻
လေ့ကျင့်ခန်း လုပ်တာ, spa သွားပြီး ချွေးထုတတာတို့ကို တစ်ပတ် တစ်ကြိမ်လောက် လုပ်ကြည့်ပါ. ချွေး ထွက်ရင် သိသိသာသာ အသားကြည်လာလိမ့်မယ် 😎
✨Scrub တွေ သုံးပါ ✨
ခန္ဓာကိုယ်အတွက် ဆိုရင် body scrub, မျက်နှာအတွက်ဆိုရင် facial scrub တွေ ပုံမှန် သုံးပေးဖို့ လိုပါတယ်. ဒါကလည်း တစ်ပတ် တစ်ခါ သုံးရမှာမှာပါ 🤠
🌸 Detox လုပ်ပါ 🌸
အလွယ်ကူဆုံးပြောရရင် အဆိပ်ထုတ်ပါပေါ့. နေ့စဉ်စားသောက်နေတဲ့ အရာတိုင်းမှာ အဆိပ်အတောက်တွေ ရှိနေပါတယ်. အဲ့အတွက် detox water လေး သောက်ပေးပါ. detox water = အသီးအရွက်တွေ စိမ်ထားသော ရေ (အသေးစိတ်ကို internet ပေါ်တွင် ဖတ်ရှုပါ 😝
🙏🏻 ဘုရားသွားပါ 🙏🏻
ကိုယ့်ဘာသာနှင့် ကိုယ် ကိုယ်တိုင်ယုံကြည်ကိုးကွယသော နေရာကို တစ်ပတ်တစ်ခါ သွားပါ. စိတ်ရှင်းမှ ကျန်းမာမှာ. ကျန်းမာမှ အသားအရေ ကောင်းမှာနော်🙏🏻
💋 Skincare ပုံမှန် လုပ်ပါ 💋
နေ့စဉ် မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပြီးမှ အိပ်, သေချာ အသားအရည်အတွက် တကယ်ကောင်းမယ့် ပစ္စည်းလေးတွေကို ပုံမှန် သုံးပေးပါ. အသားအရေ သိသိသာသာကြည်လာပါလိမ့်မယ် 👄
😻Sheet mask လေးတွေ ကပ်ပေးပါ 😻
Sheet Mask လေးတွေ က ချက်ချင်းအသားကို ဖြူအောင် လုပ်ပေးနိုင်ပါတယ်. သူ့အာနိသင်က ၃ရက်လောက်ထိ ခံတာ ဖြစ်လို့ အသားခြောက်သူဆိုရင် တစ်ပတ် နှစ်ခါ, အဆီပြန်သူဆိုရင် တစ်ပတ် တစ်ခါလောက် ကပ်ပေးသင့်ပါတယ်. 👩🏼
ဒီ အချက် (၈) ချက်ကို သေချာ လုပ်ပေးမယ်ဆိုရင် အသားအရေ သိသိသာသာ ဖြူပြီး ကြည်လာမှာပါ. 😼နေ့စဉ်အသားအရေကို ဂရုစိုက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ကြပါစေကြပါ
29/06/2020
"၀က်ခြံအတွက် လုံး၀ မလိမ်းသင့် သော Steroid"
အခုတလော မှာ ပြန် မေး လာ ကြ တဲ့ လိမ်း ဆေး တမျိုး တွေ့ မိ တော့ အရမ်း စိတ် ပူ လာ လို့ ရေး လိုက် ပါတယ် ....
တချို့ နားမလည် သေး တဲ့ မမြင် ဖူး တဲ့ သူ တွေ လဲ ရှိ ကြ မှာ ပါ .... မြင် ဖူး တွေ့ ဖူး သွား ရုံ နဲ့ လဲ မပြီး ပါ ဘူး ..... မလိမ်း မိဖို့ သတိ ထား မိ ရ ပါမယ် ....
Steroid ဆိုတာ အရှင်း ဆုံး ပြေ ာ ရရင် အရောင် ကျ ဆေး တမျိုး ပါ ..... အရေပြား ရော ဂါ တချို့ မှာ လိမ်းဆေး အနေ နဲ့ လိမ်း ကြ တာ ပါ ....
ဒါကို တလွဲ အမှတ် မှား ကြ ..... ၀က်ခြံ ပျောက် တယ် ဆို ပြီး လိမ်း ကြ တယ် ..... လိမ်းတယ် ဆို တာလဲ အကြောင်းရှိတယ် လေ ..... အခု ခေတ် စကား နဲ့ ဆို review ပေါ့ ..... အရောင်ကျဆေး ဆိုတော့ ဆေး အစွမ်း လေး မှာ စစ ချင်း တော့ ၀က်ခြံ ကို ငုတ် သွား စေ တဲ့ အချက် လေး ပါ နေ လေ ရော .... ပြီး တော့ steroid side effect မှာ အရေပြား ပါး စေ ပြီး အရေပြား ကို ဖြူ စေ တဲ့ အရာ မျိုး ပါ နေ ပြန် ရော ..... ဒါ တွေ က ခဏလေး ရ တဲ့ effect ပါ ....
သူ side effect က တော့ လူပြော များ တဲ့ အဆီ ဖု ခေါ် တဲ့ ကုသ လို့ အရမ်း ခက် ခဲ တဲ့ steroid ၀က်ခြံ များ ဖြစ် တာ ပါပဲ .... ဘယ် လောက် ဆိုး ရွား လဲ ဆို တာ တော့ လိမ်း ဖူး တဲ့ သူ တွေ ဖြစ် လာ ဖူး တဲ့ သူ တွေ သူတို့ စိတ် ဓာတ်ကို မနည်း ထိန်းထားရတဲ့ အထိ ပါ .... မျှော်လင့် ချက် ရှိ ပါ့ မလား ? သေ ပါ သေ ချင် လိုက် တယ်.... ဒီ လို စကား တွေ ပြေ ာ ရ တဲ့ အထိ ဖြစ် ကြ တာ ....
ဘာ လို့ ဒီ steroid ကို အချင်းချင်း ညွှန်း နေ ကြ သလဲ ? ဘာ လို့ လဲ ဆို တော့ လိမ်းသူက ချက် ချင်း ငုတ် သွား တယ် သက်သာ သွားတယ် .... နောင် ဆက် တွဲ ဖြစ် လာ မဲ့ ဆိုးကျိုး မပေါ် လာ သေး ခင် မှာ ပဲ တခြား ဖု ပေါက် တဲ့ သူ တွေ့ တော့ ညွန်း ကြ တယ် ..... အဲ့ မှာပဲ ဆက် ဆက် ညွှန်း ကြ တယ် ....
နံမည် ကြီး တဲ့ steroid ပါ တဲ့ လိမ်းဆေး တချို့ ကို ဓာတ်ပုံ နဲ့ တကွ ဖော် ပြ လိုက် ရ ပါတယ် .... (steroid လိမ်းဆေးများ မရှိ မဖြစ် လို အပ် သော ရောဂါများ ရှိ သောကြောင့် အယူမှား အသုံး ပြု ခြင်း ကာကွယ် နိုင် ရန် ရည်ရွယ် ပါသည်)
*****ယခု post သည် steroid ကို ၀က် ခြံ ပျောက်ဆေး အဖြင့် အယူအဆ မှား အသုံး ပြု ချင်း ကို မသင့် တော် ကြောင်း ရေး ခြင်း ဖြစ် ပါသည် .....
***** steroid လိမ်းဆေး များ မရှိ မဖြစ် လို အပ် သော အရေပြ ား ရောဂါ အများအပြား လဲ ရှိ ပါ သည် ....
***** ဓာတ်ပုံ များ သည်လဲ ကျနော် စာရေးသူ၏ အသိမိတ်ဆွေ လူနာ များ ပုံ မဟုတ် ပါ ..... google မှာ တချို့ အရမ်း မဆိုး ရွား သော ပုံ များ ကို နမူနာ ထည့် သွင်း ဖော်ပြ ခြင်း ဖြစ် ပါ သည် .....
Crd
Wai Lynn Htun
29/06/2020
Local Product လေးတွေ
Quality လဲ ကောင်းရမယ် ✔️
စျေးနှုန်းလဲ သင့်ရမယ် ✔️
ဖူး သုံးပြီး အကျိုးရလဒ်လေးတွေ ပြန်ပြောပေးမယ်
သနပ်ခါးဆို ကိုယ်တိုင် မသွေးဖြစ်ဘဲ ready made
ဘူးလေးတွေ ဝယ်သုံးလေ့ရှိပေမယ့် အမွှေးနံ့ပါတာ
မျိုး ရွှံ့ရောတာမျိုးတွေ မကြိုက်လို့ ခု သက်ဦးဆံ
က အရောနှော ကင်းတယ် chemical မပါဘူးဆိုတော့ ဖူးtryကြည့်မယ်နော်
မျက်ကွင်းဆေးလေးလဲ လိုအပ်မယ့် ဆေးတမျိုးပါ
ဖူးက screen အကြည့်များတယ် မျက်စိခနခန အောင့်တတ်တော့ ညဘက် လိမ်းအိပ်မယ်
မကျည်းနှစ်လေးက ဖူးscrub လုပ်မယ်
ဖျော်ရည်လေးလုပ်သောက်လို့ ရမယ်
အကုန်tryကြည့်ပြီး reviewလေးတွေရေးမယ် နော်💝
Beauty Bloger Ma Phyo pa ရဲ့ crystal repair oil
review လေး🍀
(Product Of Myanmar)
သဘာဝ skin careကိုဘဲ သုံးချင်ရင်တော့ Crystal natural products လေးပေါ့😘
ဒီနေ့ Repair oilလေးရဲ့ ingredients လေးတွေပြောပြချင်ပါတယ်😘
❤️ingredients
-JoJoba oil❤️
✅jojoba oil စျေးလဲ အရမ်းများပြီး ထိရောက်မူ့အရမ်း
ကောင်းလှတဲ့ Jojoba oil ပါဝင်ပါတယ်❤️
Jojoba oil-အသားရေကြည်လင်လှပစေတယ်-အရေးကြောင်းသက်သာစေတယ် -မဖြစ်ဖို့ကာကွယ်ပေးတယ်
အသားရေညီညာစေတယ် -sensitive skin များပါအသုံးပြုလို့ရတာကို အားလုံးသိကြပြီးသားပါနော်
✅grape seed oil-Vitamin-Eပါဝင်မှု့တခြားဆီအမျိုးစားထက် -၂ဆမြင့်မားပြီး Antioxidants များစွာပါဝင်လို့ ရောင်ရမ်းနာကျင်မူ့ကိုသက်သာစေနိုင်စွမ်းရှိတာကြောင့် ဝက်ခြံကိုသက်သာစေပါတယ်👍
အသားရေ အစိုဓါတ်ကိုထိန်းညှိပေးနိုင်တာကြောင့်
ဝက်ခြံ -အမည်းစက် ဖြစ်လာတာတွေကိုတားဆီးပေးပါတယ်😻
✅Crystal Rapair oil ရဲ့ Main ingredient လေးပေါ့ ❤️
Tamanu oil ပါဝင်တဲ့ Rapair oil တွေက စျေးများ
တတ်ပါတယ် ဘာလို့လဲ ဆိုတော့ အသားရေကို
Rapair လုပ်ပေးတဲ့နေရာမှာ tamanu oilလေးက
အံ့ဩဖွယ်ရာ စွမ်းဆောင်ပေးနိုင်လို့ပါ😯
✅အသားရေနာကျင်မူ့ကိုသက်သာစေခြင်း
✅နေလောင်ဒဏ်ကိုထိထိရောက်ရောက်သက်သာစေခြင်း
✅နှစ်ရှည် အမာရွတ်အမဲစက်တွေကိုသက်သာစေခြင်း
✅အိုမင်းရင့်ရော်မူ့ကိုတားဆီးပေးခြင်း
✅အရေပြားကင်ဆာမှကာကွယ်ပေးခြင်း
✅ဝက်ခြံနှင့် အနာပျောက်လျင်မြန်ခြင်း
✅အသားရေ ရေဓါတ်ဖြည့်တင်းပေးခြင်း
ဒီလိုအကျိုးကျေးဇူး အများကြီးပေးတဲ့ oilလေးကို
ထည့်တွင်းဖော်စပ်ထားပါတယ်😻
✅Essential oil blend-စိတ်ဖိစီးမူ့ကိုဖြေဖျောက်ပေးခြင်း-အိပ်ပျော်စေခြင်း -စိတ်မောပန်းမူ့သက်သာစေခြင်းဒီလိုကောင်းကျိုးပေးတဲ့
ပစ္စည်းများလဲပါဝင်ပါတယ်❤️
🤩ဒါကြောင့်မို့ 9000ကျပ်တည်းနဲ့ ရလဒ်က အံ့မခန်း ဖြစ်နေတာပါ နော်😘
ph-09696656393
27/06/2020
ဝက်ခြံတွင် ရှောင်သင့်သည့် အစားအသောက်များ
(၁) နွားနို့ကလည်း ဝက်ခြံနဲ့ ဆက်စပ်နေပါတယ်။ နွားနို့သောက်ခြင်းဟာ IGF-1 ပမာဏကို 10-20% နှုန်း မြှင့်တက်စေတယ်။ နို့ထွက်ပစ္စည်းမှာပါတဲ့ betacellulin ဓာတ်က ဆဲလ်ကွဲွပွားခြင်းနဲ့ မျက်နှာအဆီပြန်ခြင်းကို ဖြစ်စေပြီး ဝက်ခြံထွက်စေတယ်။
(၂) ချောကလက်ကလည်း ဝက်ခြံကို ထွက်စေတယ်။ သွေးတွင်း ဂလူးကို့စ်ပမာဏ ရုတ်တရက်တက်ရင် အင်ဆူလင်ရုတ်တရက်များပြီး အဆီဂလင်းကို ပိုထုတ်ရတယ်။ ချောကလက်စားပြီး (၄) ရက်မြောက်နေ့မှာ ဝက်ခြံဖြစ်နှုန်း ၁၄၀% တိုးပွားလာပြီး (၇) ရက်မြောက်နေ့မှာ ၁၆၀ % ထိ တိုးပွားလာတာတွေ့ရတယ်။
(၃) ပြုပြင်ထားတဲ့အစားအစာတွေ၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ insulin ပမာဏကို ရုတ်တရက် မြှင့်တက်စေနိုင်တယ်။ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏ များလာပြီး ဝက်ခြံထွက်လာတတ်တယ်။
(၄) ကြွက်သားထုထည်တက်အောင် သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊whey protein တွေလည်း ရှောင်သင့်တယ်။ တချို့က ကြက်ဥစားတယ်။ ကြက်ဥအနှစ်မှာ ပါတဲ့ ကိုလက်စတောက ဝက်ခြံကို ပိုဆိုးစေတယ်။
(၅) အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။ နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးချောင်းကြော်တွေဖြစ်ပါတယ်။
• ကြက် ဥ
• ချောကလက်
• နွားနို့၊ဒိန်ချဥ်
• ကော်ဖီ၊လက်ဖက်ရည် (အချိုများလို့)
• ဂတ်စ်အချိုရည်၊အအေး
• အရက်၊ ဘီယာ
• မာလာဟင်း၊မာလာရှမ်းကော
• ဟော့ပေါ့
• အကင်
• ငါးပိ၊ငါးခြောက်၊ငံပြာရည်
• အပူအစပ်၊အငန်
• ပင်လယ်စာ
• ခေါက်ဆွဲခြောက်ထုပ်
• အာလူးချောင်းကြော်
• whey protein (ပရိုတင်းပေါင်ဒါမှုန့်)
ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖို့ လိုပါတယ်။
ဒေါက်တာအေးမင်းထူး
27/06/2020
chemical နဲ့ဓာတုပစ္စည်း အရောနှော ကင်းတဲ့
toner အစားထိုး lemon &rose hydrodal
ဖူးက tonerတွေထက် ကို ဒါလေးကို ပိုကြိုက်တယ်
အိမ်မှာပဲ ဖြစ်ဖြစ် အပြင်သွားရင်ပဲ ဖြစ်ဖြစ် အိတ်ထဲဆောင်သွားပြီး ၃နာရီခြား တခါလောက် ဖြန်းတယ်
အနံ့လေးကလဲ သဘာဝ အနံ့လေးနဲ့ စိတ်ကို relax
ဖြစ်စေတဲ့ အပြင် မျက်နှာလေးဆို အေးပြီးတော့
ပြောင်ပြောင်တင်းတင်းလေး ဖြစ်နေတာ သဘောအကျ ဆုံးပဲ
သူက ရွေးချယ်စရာနှစ်မျိုးရှိတယ်
lemon 🍋 နဲ့ rose 🌹
ဖူးက နှစ်မျိုးလုံး သုံးတယ်💞
Lemon 🍋
အဆီပြန်တယ် ဝက်ခြံနဲ့ အဆီဖု
လေးတွေရှိတဲ့ အသားရေလေးတွေ အသုံးပြုပေး
ပါ ပြီးတော့ အမဲစက်လေးတွေ မှေးမှိန်စေတဲ့ အပြင် brightening ဖြစ်ပြီး glow ချင်တဲ့ သူတွေ
လုံးဝ အဆင်ပြေတယ် ဝက်ခြံရဲ့ ရောင်ရမ်းခြင်း
တွေကို လျော့ချပေးနိုင်တယ် အဆီဖုလေးတွေ ကတော့ ခြောက်ပြီး scrub တိုက်တာနဲ့ သူ့ဟာသူ
အဆီခဲလေးတွေ ပါသွားတာကို ဖူးက အကြိုက်ဆုံးပဲ
Rose 🌹
ခြောက်သွေ့တဲ့ အသားရေ ပိုင်ရှင်
လေးတွေ အတွက် သုံးသင့်ပါတယ်
လုံးဝ အဆီပြန်နေတာမျိုးမဟုတ်တဲ့combination
အသားရေ လဲ သုံးလို့ ရတယ်
နှင်းဆီနံ့သင်းသင်းလေးနဲ့သူ့ရဲ့ အာနိသင်က
အသားရေကို ရေဓာတ်ဖြည့်ပြီး စိုပြေစေတယ်
အသားရေ မညီတာတွေကိုလဲ သက်သာစေတယ်
နှင်းဆီရဲ့ ဂုဏ်သတ္တိထဲမှာ anti aging ကတော့
ပြောစရာမလို အောင် အစွမ်းထက်တယ်နော်
bacteria တွေကိုလဲ တိုက်ထုတ်နိုင်စွမ်းရှိတယ်
ဖူးပြောပြခဲ့တဲ့ lemonနဲ့ rose mist လေး နှစ်မျိုး
ဟာ chemical အရောနှော မပါဘဲ lemon နဲ့
နှင်းဆီပွင့်ဖတ်လေးတွေကို အချိန်ကြာမြင့်စွာ
ပေါင်းခံပြီးမှ ရလာတဲ့ သဘာဝ ပေါင်းခံရေ စစ်စစ်
လေးပဲ ဖြစ်ပါတယ်💝
ဒါကြောင့်product of myanmar skin care လေး
ဖြစ်တဲ့ crystal.ရဲ့ ဆောင်းပုဒ်လေး အတိုင်း
🍀Make your skin happy
With a touch of nature🍀.
Price -8000 ks only 🌹
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon