WHITE SPA - Health & Foot Reflexology

WHITE SPA - Health & Foot Reflexology

Share

Create a delightful pleasant time with us!

13/04/2024

💦 မင်္ဂလာရှိသော နှစ်သစ်ကူးအခါသမယ ဖြစ်ပါစေ
. . နှစ်သစ်ကူးပိတ်ရက်တွေမှာ အေးချမ်းစွာ အနားယူ အပန်းပြေချင်တယ်ဆိုရင်တော့ White Spa ကိုကြွလှမ်းခဲ့ပါနော် . . . 💦💦💦

12/03/2024

White Spa မှာ တစ်နေ့တာရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို နှုတ်ဆက်လိုက်ကြရအောင်👋

White Spa မှာ ကျန်းမာပေါ့ပါးသွားအောင်လို့ အပန်းဖြေနိုင်မယ့် Treatment Package လေးတွေ အများကြီးရှိပါတယ်။

- Facial Treatment✅
- Body Treatment✅
- Oil Massage✅
- Body Massage✅
- Waxing ✅
. .အစရှိတာလေးတွေကို သင့်တင့်တဲ့ ဈေးနှုန်းလေးတွေနဲ့ ဝန်ဆောင်မှုတွေရယူကာ
Inno City Shopping Mall ပထမထပ်မှာရှိတဲ့
Sage Food House ၏ အရသာရှိတဲ့ဟင်းလျာများကို သုံးဆောင်ပြီး 20%Off ကူပွန်ကို ရယူနိုင်မှာဖြစ်ပါတယ်။

မတ်လ တစ်လလုံးအတွက် အသုံးပြုနိုင်မှာမို့
အမြန်လေးပဲ WHITE SPA ကို ကြွလှမ်းခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

အမြဲစိတ်တိုင်းကျပြီးကျေနပ်မှုတွေ ရရှိစေဖို့
အခုပဲ white spa မှာ Booking လုပ်လိုက်တော့နော်

📞09 444 844 722



Treatment
Treatment
Massage
Massage

05/04/2023

Scrub လုပ်တာက ကောင်းတဲ့အချက်များစွာရှိသလို ဆိုးကျိုးလေးတွေလည်းရှိပါတယ်နော် …📣📣

Beach သွားလို့ကောင်းတဲ့ အချိန်အခါရာသီလေးဖြစ်နေတာမို့ မသွားခင်မှာ Scrub လုပ်သင့် မလုပ်သင့် ဆိုတာလေးကို White Spa ကနေ သိသလောက် ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင်။🔔💬

Scrub လုပ်ခြင်းက skin ပေါ်မှာရှိတဲ့ dead cells၊ အညစ်အကြေးတွေနဲ့ အဆီတွေကိုဖယ်ရှားပေးပါတယ်။ အမာရွတ်တွေကို သက်သာပျောက်ကင်းစေပြီး သွေးလည်ပတ်မှုအားကောင်းစေတယ်။ ချွေးပေါက်တွေ ကျဥ်းစေပြီး နေလောင်ဒဏ်ကိုခံထားရတဲ့ အသားအရည်တွေကို ကောင်းမွန်သက်သာစေပါတယ်။✅

တစ်ဖက်မှာလည်း Scrub လုပ်တဲ့အကြိမ်အရေအတွက်များရင်များသလောက် အသားအရည်နီမြန်းခြင်း၊ ခြောက်သွေ့ခြင်း နဲ့ အရေပြားအလွှာပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ‼️

ကိုယ့် skin type နဲ့ အဆင်မပြေတဲ့ scrub မျိုးကို သုံးမိရင်လည်း ဓာတ်မတည့်ခြင်းနဲ့ ယားယံခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။⚠️

Beach မသွားခင်မှာတော့ scrub မပြုလုပ်သင့်ပါဘူးနော်❌
နွေရာသီလည်းဖြစ်နေတာကြောင့် အသားအရည်က ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့နိုင်ပြီး နေလောင်တာကိုဖြစ်ပေါ်စေနိုင်ပါတယ်။

Scrub လုပ်တာက အရေပြားအပေါ်ယံအလွှာကို ဖယ်ရှားလိုက်ပြီး အသားအရေက နူးညံ့သွားတာဖြစ်လို့ နေရာင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့လို့မရပါဘူး… အသားအရည်ကို ပိုပျက်စီးစေနိုင်လို့ Scrub လုပ်ချင်ရင်တော့ မသွားခင် ၃ရက်လောက်ကြိုလုပ်ထားသင့်ပါတယ်နော်🙆‍♀️💓

Scrub လုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ အသားအရည်နဲ့ အဆင်ပြေပြီး ကောင်းမွန်တဲ့ Scrub type ကို ရွေးချယ်ပြီးပြုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် တစ်လကို နှစ်ကြိမ် (သို့) သုံးကြိမ်လောက်ပဲ scrub ပြုလုပ်ပေးဖို့ White Spa မှ အကြံပေးချင်ပါတယ်။ နောက်ထပ်လည်း အသားအရည်နဲ့ ပက်သတ်ပြီး ဂရုစိုက်ရမှာလေး တွေကိုလည်း ထပ်မံဝေမျှပေးသွားပါဦးမယ်ရှင့် ❤💓

“Create a delightful pleasant time with us “White Spa – Health & Foot Reflexology

29/03/2023

နာကျင်ကိုက်ခဲမှုများရဲ့အဝေးတစ်နေရာ 🙄

ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းဖို့နဲ့ စိတ်အပန်းပြေရွှင်လန်းဖို့ အတွက်ဆိုရင် Body Massage ပြုလုပ်ခြင်းက အကောင်းဆုံး ကုသမှုတစ်ခုပါပဲနော် 💁🏻‍♀️

စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို Body Massage လုပ်ရင်းဖြေဖျောက်ပေးသင့်ပါတယ်။ Body Massage က Spa Menu တွေထဲမှာလည်းရေပန်းအစားဆုံးတစ်ခုလည်းဖြစ်ပါတယ် ❤️

White Spa မှာတော့ Body Massage ကို မိနစ် ၄၀ နဲ့ ၂နာရီကြာတဲ့အထိ ဧည့်သည်တော်များ စိတ်ကြိုက်ရွေးချယ် အနှိပ်ခံလို့ရပါပြီရှင့် 😍 ထိုင်းနိုင်ငံမှာ စနစ်တကျ ပညာသင်ကြားထားတဲ့ ကျွမ်းကျင်ပညာရှင်များက ဝန်ဆောင်မှုပေးမှာဖြစ်တဲ့ အတွက် အကြောတွေပြေစေရုံသာမက ကျန်းမာသွက်လက် လန်းဆန်းစေမှာပါနော်

ဒါကြောင့် စိတ်ဖိစီးမှုတွေကို white spa မှာ body massage လုပ်ရင်း happy ဟော်မုန်းများများထွက်အောင် အခုပဲ Booking လာတင်လိုက်တော့နော် 📞 09444 844 722




No.55 (A) , Ngwe Lamin Yeiktha Street,Near Chaw Twin Gone, Yan Kin Township

Photos from WHITE SPA - Health & Foot Reflexology's post 24/03/2023

White Spa မှာ တစ်နေ့တာရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို Bye Bye လုပ်လိုက်ကြရအောင်👋👋

ကိုယ်ခန္ဓာရဲ့ လေးလံထိုင်းမှိုင်းမှုနဲ့ စိတ်ရဲ့ပင်ပန်းမှုတွေကို ယူပစ်သလိုပျောက်သွားစေဖို့အတွက် Spa မှာ အပန်းဖြေအနားယူပေးသင့်ပါတယ်🤗🥰

White Spa မှာဆိုရင် စိတ်ရောကိုယ်ပါ အပန်းဖြေနိုင်မဲ့ Treatment Package လေးတွေ အများကြီးရှိတာမို့ လာရောက်အနားယူဖို့အတွက် အသင့်တော်ဆုံးပါပဲရှင်

22/03/2023

ပူပြင်းလှတဲ့ နွေရာသီမှာ မျက်နှာအသားအရည်မပျက်စီးချင်တဲ့ ပျိုပျိုမေတို့အတွက် 💁🏻‍♀️

နွေရာသီမှာ ချွေးထွက်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း နဲ့ ရာသီဥတုအပူရှိန်တို့ကြောင့် အသားအရည်ပျက်စီးတာမျိုးတွေ ဖြစ်တတ်ပါတယ်

ဒီလိုပူပြင်းတဲ့နေ့ရက်တွေမှာ မျက်နှာအသားအရည်ကို သေချာမထိန်းသိမ်းဘူးဆိုရင် ယားယံခြင်း၊နေလောင်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ နေရောင်ခြည်နဲ့ဓာတ်မတည့်ခြင်း စတာတွေဖြစ်တတ်ပါတယ်။

ဒါ့အပြင် မျက်နှာအသားအရည်ကို အရွယ်မလွန်ခင် စနစ်တကျထိန်းသိမ်းတာမျိုးမလုပ်ရင် အသားအရည်လေးတင်းရင်းပြီး ဝင်းမွတ်စိုပြေနေမှာမဟုတ်ပါဘူးနော်

ဒါကြောင့်မို့ ဝင်းမွတ်ပြီး စိုပြေကြည်လင်တဲ့အသားအရည်လေးရရှိစေဖို့ white spa မှာ facial treatment လေးလာလုပ်ကြည့်ဖို့ အကြံလေးပေးချင်ပါတယ်ရှင့် 😍

အသားအရည်ကို ပုလဲလေးလို ဝင်းမွတ်ပြီး အသားအရည်ပျက်စီးတဲ့ဒဏ်ကို ကာကွယ်ချင်သူလေးတွေ
အနေနဲ့ Spa မှာ treatment လေးတွေ တစ်လမှာ တစ်ကြိမ် အနည်းဆုံးပြုလုပ်ပေးသင့်ပါတယ်နော်

ပျိုပျိုမေတို့အတွက် အမြဲအဆင်သင့် ရှိနေတဲ့ White Spa မှာ စိတ်ပင်ပန်းမှုတွေကိုဖြေဖျောက်ပြီး အသားအရည်မပျက်စီးအောင်ထိန်းသိမ်းကြပါစို့နော် ❤️

📞 09444 844 722




No.55 (A) , Ngwe Lamin Yeiktha Street,Near Chaw Twin Gone, Yan Kin Township

14/03/2023

ဝက်ခြံကင်းစင်ပြီး နုဖက်အုအက်တဲ့ မျက်နှာအသားအရည်လေးပိုင်ဆိုင်ချင်တဲ့ Lady လေးတို့အတွက် ….

မျက်နှာဆိုတာ လူတစ်ယောက်အတွက် အရေးအကြီးအရာတစ်ခုပါ။ စိတ်ဖိစီးမှုတွေကြောင့် ဝက်ခြံ၊အရေးအကြောင်း နဲ့ အသားအရည် ညစ်နွမ်းနေတာမျိုးဖြစ်တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ အဲ့လိုအခါမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်ဆုံးပြီး နုပျိုလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ရမှာ မဟုတ်ပါဘူးနော်💁🏻‍♀️

မျက်နှာလေး ကြည်လင်လှပပြီး မိမိကိုယ်ကို ယုံကြည်မှုပိုရှိနေတော့ လုပ်ငန်းခွင်ရော လူမှုပတ်ဝန်းကျင်မှာပါ ကောင်းမွန်တဲ့ positive environment လေးတစ်ခုကို ဖန်တီးနိုင်မှာပါ ❤️❤️

ဒါကြောင့် White Spa ကနေဝန်ဆောင်မှုပေးနေတဲ့ Facial Treatment လေးကို တစ်လမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ပြုလုပ်ပေးသင့်ပါတယ်နော်🤓

ထိုင်းနိုင်ငံရှိပညာရှင်များထံမှ စနစ်တကျ လေ့လာသင်ကြားထားတဲ့ ကျွမ်းကျင်ပညာရှင်တွေက အမြဲစိတ်တိုင်းကျစေမယ့် ဝန်ဆောင်မှုတွေပေးနေပြီမို့ အခုပဲ Booking လာတင်လိုက်တော့နော်
📞 09444 844 722




No.55 (A) , Ngwe Lamin Yeiktha Street,Near Chaw Twin Gone, Yan Kin Township

27/02/2023

စိတ်ပင်ပန်းမှုနဲ့ နာကျင်ကိုက်ခဲမှုတွေကို white spa နဲ့ အတူတူ လွှင့်ပစ်လိုက်ကြရအောင် 🙆🏻‍♀️

ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ ပင်ပန်းမှုတွေကို oil massage လုပ်ရင်းဖြေလျှော့ကြမယ်နော် 😍
Oil Massage ပြုလုပ်ပေးခြင်းက အရေပြားအတွက် အထူးကောင်းမွန်တာမို့ အမြဲမဟုတ်ရင်တောင် တစ်လမှာ တစ်ကြိမ်တော့ပြုလုပ်ပေးသင့်ပါတယ်🥰

Oil Massage က ခန္ဓာကိုယ်မှာရှိတဲ့ အကြောအားလုံးကို ဖြေလျော့စေပြီး ညဘက်အိပ်စက်တဲ့အခါမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်ရုံသာမက သွေးလည်ပတ်မှုကောင်းမွန်စေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ််... ✔️

စိတ်ပင်ပန်းနွမ်းနယ်မှုကိုလည်း ပျောက်ကင်းစေပြီး ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကိုလည်း ပျော့ပျောင်းစေမှာ ဖြစ်ပါတယ်💁🏻‍♀️

ကျွမ်းကျင်ပညာရှင်တွေက သန့်ရှင်းသပ်ရပ်တဲ့ ပစ္စည်းတွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှူတွေပေးဖို့ အဆင်သင့်ဖြစ်နေတာမို့ ဘဝရဲ့ အမောတွေဖြေဖျောက်ပြီး လန်းဆန်းပေါ့ပါးနေစေဖို့ White Spa ကို လာခဲ့လိုက်ပါတော့နော် 😘😘😘

🗒 Booking ကြိုယူဖို့အတွက်ဆိုလည်း အောက်မှာပေးထားတဲ့ဖုန်းလေးကို ဆက်သွယ်လို့ရပါတယ်နော်😍

☎️ 09444 844 722


&


No.55 (A) , Ngwe Lamin Yeiktha Street,Near Chaw Twin Gone, Yan Kin Township

24/02/2023

ခန္ဓာကိုယ်ပေါ်က မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို waxing လုပ်ရင်းဖယ်ရှားကြပါစို့ 💁🏻‍♀️

အမွှေးအမျှင်တွေရှင်းလင်းဖို့ဆိုရင် များသောအားဖြင့် နှုတ်တာ ၊ ရိတ်တာ၊waxing လုပ်တာနဲ့ laser ပစ်တာ စတဲ့နည်းလမ်းလေးတွေလုပ်ကြပါတယ်

အဲ့ထဲမှာမှ " waxing လုပ်ခြင်း" ရဲ့ အကျိုးကျေးဇူးလေးတွေကို ပြောပြပေးချင်ပါတယ်😍

✅waxing လုပ်ရင် အသားအရည် မဲတာညစ်တာမျိူးမရှိဘဲ waxing လုပ်တဲ့နေရာက skin tone တက်လာပြီး ဖြူဖွေးချောမွတ်နေမှာပါ 🙆🏻‍♀️
✅ waxing လုပ်တဲ့အရေအတွက် များလာလေ အမွှေးထွက်နှုန်းနည်းပြီး၊ အမွှေးပါးလာတဲ့အတွက်
ခဏခဏ ရှင်းစရာမလိုတော့ အလုပ်လည်းမရှုပ်တော့ဘူးပေါ့ 💁🏻‍♀️
✅ waxing လုပ်ပြီးရင် အသားအရည်က smooth ဖြစ်တဲ့အပြင် ပိုသန့်ရှင်းပြီးပေါ့ပါးနေမှာပဲဖြစ်ပါတယ်💁🏻‍♀️
✅ ယားယံခြင်း၊ allergies တို့ဖြစ်တာမျိုးလည်းနည်းပါးစေပြီး ချွေးထွက်တဲ့အခါမှာလည်း အနံ့အသက်ဆိုးတွေဖြစ်မနေတော့ စိတ်မရှုပ်ရတော့ဘူးပေါ့ 🙆🏻‍♀️

အခုပြောပြပေးသွားတာကတော့ waxing လုပ်ခြင်းရဲ့ အကျိူးကျေးဇူးလေးတွေပဲဖြစ်ပါတယ် 😍

Waxing လုပ်ပြီး ယုံကြည်မှုအပြည့်နဲ့ ပေါ့ပါးလန်းဆန်းချင်ရင်တော့ အသက်သာဆုံးစျေးနှုန်း ၊ သန့်ရှင်းပြီး အရည်အသွေးပြည့်မှီတဲ့ ပစ္စည်းတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကအကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ White Spa ကိုအခုပဲ လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ် ရှင့် 🥰

အသေးစိတ်မေးမြန်းစုံးစမ်းချင်သူများနဲ့ ကြိုတင် booking လုပ်ချင်တဲ့ သူတွေကတော့ ☎️ 09444 844 722 ကို hello လုပ်လိုက်ပါနော်…


&

No.55 (A) , Ngwe Lamin Yeiktha Street , Near Chaw Twin Gone, Yan Kin Township

22/02/2023

ဆောင်းအကုန်နွေအကူး အပူအအေးမညီမျှတဲ့ နေ့ရက်တွေမှာဖြစ်တတ်တဲ့ ညောင်းညာကိုက်ခဲမှုတွေကို White Spa မှာ ဖြေလျော့လိုက်ပါ 🤗🤩

👉လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာတည်ရှိပြီး စိတ်ကိုကြည်လင်လန်းဆန်းစေမယ့် အပြင်အဆင်တွေနဲ့၊
နွေးထွေးပျူငှာတဲ့ ဝန်ဆောင်မှုနဲ့အတူ ပင်ပန်းမှုတွေကို လျော့ချပေးနိုင်မှာအသေအချာပါပဲရှင့်။🥰

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ညောင်းညာမှုတွေကို Foot massage ပြုလုပ်ပေးခြင်းဖြင့် တစ်ခါဆိုရင်ဆိုသလောက် ပေါ့ပါးလန်းဆန်းသွားစေမှာပါ🤩✅

Foot massage ကိုပုံမှန် လုပ်ပေးခြင်းက ခန္ဓာကိုယ်တစ်ခုလုံး သွေးလည်ပတ်မှုအားကောင်းစေပြီး ကြွက်သားများ နာကျင်ကိုက်ခဲမှုကိုလည်း သက်သာပျောက်ကင်းစေပါတယ် 🤗

White Spa မှာတော့ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေအသုံးပြုထားပြီး ကျွမ်းကျင်သော ပညာရှင်များက အကောင်းဆုံး ဝန်ဆောင်မှုတွေပေးသွားမှာမို့ အခုပဲ လာခဲ့လိုက်တော့နော်…🙆‍♀️

အသေးစိတ်မေးမြန်းစုံးစမ်းချင်သူများနဲ့ ကြိုတင် booking လုပ်ချင်တဲ့ သူတွေကတော့ ☎️
☎️ 09444 844 722 ကို hello လုပ်လိုက်ပါနော် 🙋🏻‍♀️


&


No.55 (A) , Ngwe Lamin Yeiktha Street,Near Chaw Twin Gone, Yan Kin Township

17/02/2023

TGIF ဆိုတာနဲ့ သောက်ဖို့ပဲမတွေးပဲ self caring လုပ်ဖို့ မတွေးမိကြဘူးလား 🤔

အလုပ်တွေအရမ်းရှုပ်တဲ့အခါ stress တွေများပြီး
ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။
Self Caring လုပ်ဖို့အတွက်ဆိုရင်တော့ Body နဲ့ Facial ကိုလည်း လုံးဝ လုံးဝ မမေ့သင့်ပါဘူးနော် !!!
Treatment တွေက စိတ်ပင်ပန်းမှုတွေကို တစ်ဝက်နီးပါး ဖြေလျော့ပေးနိုင်မဲ့ အကောင်းဆုံး နည်းလမ်းလေးတွေပါ…

White Spa မှာဆိုရင် Body Treatment, Facial Treatment နဲ့ Waxing လုပ်ဖို့အတွက်ကို အထူးကျွမ်းကျင်တဲ့ ပညာရှင်တွေကိုယ်တိုင်က treatment ပြုလုပ်ပေးနေပါတယ်ရှင့် 🤗

တိတ်ဆိတ်အေးချမ်းပြီး Car parking လည်း အကျယ်ကြီး ရှိတာမို့ တစ်ပတ်တာလုံး ပင်ပန်းခဲ့သမျှတွေကို ချစ်ခင်ရတဲ့ မိသားစု၊သူငယ်ချင်းတွေနဲ့ အနားယူအပန်းဖြေချင်တဲ့သူတွေအတွက်လည်း အသင့်တော်ဆုံး နေရာလေးပဲဖြစ်ပါတယ်ရှင့် 💁🏻‍♀️❤️

အသေးစိတ်စုံစမ်းမေးမြန်းချင်သူများနဲ့ ကြိုတင် booking လုပ်ချင်တဲ့သူတွေကတော့
☎️ 09444 844 722 ကို hello လုပ်လိုက်ပါနော် 🙋🏻‍♀️


&


No.55 (A) , Ngwe Lamin Yeiktha Street,Near Chaw Twin Gone, Yan Kin Township

07/11/2022

🙏🙏🙏

တန်ဆောင်မုန်းလပြည့်နေ့

” သာမညဖလအခါတော်နေ့”

🙏🙏🙏

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်အခါသမယမှာ ~~~~
မြန်မာပြည်သူပြည်သားအပေါင်း နှင့် (၇) ရက်သားသမီး အပေါင်း

“ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ကိုယ်စိတ်နှစ်ဖြာကြည်လင်အေးမြ ချမ်းသာသုခ ရရှိပါစေ “

🙏🙏🙏🙏🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 55 (A) , Ngwe Lamin Yeiktha Street, Near Chaw Twin Gone Bus Stop
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00