Trendy K
Korean beauty skincare products များကို 100% ပစ္စည်းမှန် စျေးမှန် မြန်ဆန်စွာ ၀န်ဆောင်မှုပေးနေပါပြီ။
27/08/2026
ပစ္စည်း အသင့်ရှိပါတယ် 🤍🍀
ClearDea Minari Calming Gel Serum 10 ML
10 ML 17500 ကျပ်
10 ML * 2 pcs 30000 ကျပ် သာ ✅
Only 2 available 🍀
ပုံမှန် full size 30 ML 1 ဘူးကို Sale မရှိရင် စျေးအရမ်းမြင့်တဲ့ Brand ✨
Clear" (ကြည်လင်သန့်ရှင်းခြင်း) နဲ့ "Dea" (အီတလီဘာသာဖြင့် Goddess / နတ်သမီး) တို့ကို ပေါင်းစပ်ထားပြီး၊ အသားအရေကို နတ်သမီးတစ်ပါးလို စိမ်းလန်းစိုပြေပြီး ကြည်လင်လာစေဖို့ ရည်ရွယ်ဖော်စပ်ထားတဲ့ Korean Skincare Brand တစ်ခု 💚
Acne-prone (ဝက်ခြံထလွယ်သူ)၊ Pore Concerns (မွေးညင်းပေါက် ပိတ်ဆို့သူများ) နဲ့ Sensitive Skin (ထိခိုက်လွယ်သူ) တွေအတွက် သဘာဝသစ်ဖက် အဆီအနှစ် အဓိကသုံးပြီး အေးမြဆန်းသစ်စေတဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်ထားပါတယ်
Minari Extract (80%+ / 826ppm Base): ကိုရီးယား ရေနံနံပင် အဆီအနှစ်က အဆီပြန်ခြင်းကို ထိန်းပေးပြီး မွေးညင်းပေါက်များကို သန့်စင်စေပါတယ်
Soothing & Cooling Complex: Xylitol နဲ့ Ectoin ပါဝင်လို့ မျက်နှာပေါ်က အပူကန်တာ၊ နီရဲတာနဲ့ ယားယံတာတွေကို ချက်ချင်း အေးမြသက်သာ စေပါတယ်
Excess Sebum Control (Anti-Sebum P): မျက်နှာအဆီပို ထုတ်လုပ်မှုကို ထိန်းညှိပေးလို့ မွေးညင်းပေါက် ပိတ်ပြီး ဝက်ခြံထတာကို တားဆီးပေးပါတယ်
5-Layer Hyaluronic Acid & Ceramide NP: စေးကပ်မှုမရှိဘဲ အသားအရေ အောက်လွှာထိ အစိုဓာတ်ဖြည့်ပေးပြီး Skin Barrier ကို ခိုင်မာစေပါတယ်
သုံးရတာလည်း ပေါ့ပါးပါတယ်
Toner လိမ်းပြီးချိန်တွင် Serum ကို အစက်ချ၍ လိမ်းပေးရုံပါပဲရှင်
စေးကပ်မှု မရှိသည့် Lightweight Gel Texture ဖြစ်လို့ မိမိ အသားအရေ အခြေအနေပေါ် မူတည်ပြီး ၂ ထပ်မှ ၃ ထပ်အထိ Layer ထပ်မံ လိမ်းပေးနိုင်ပါတယ်
👉 ဘယ်သူတွေ သုံးသင့်လဲ: အဆီပြန်/ဝက်ခြံထလွယ်သူများ၊ မွေးညင်းပေါက် ကျယ်သူများ၊ အပူကန်ပြီး နီရဲ ယားယံလွယ်သော Sensitive Skin ရှင်များအတွက် အထူး သင့်တော်ပါတယ်
26/08/2026
စောင့်ဆိုင်းစရာမလို အသင့်ရနိုင်မဲ့
Bubble Foam / Cleanser 🫧
Gentle လည်း ဖြစ်ရမယ် ၊ Morning Cleanser အဖြစ် ရွေးချယ်ချင်တာဆို သင့်တော်တဲ့ အနူးညံ့ဆုံး Bubble Foam လေးတွေပါရှင်
တမျိုးစီ အာနိသင် ကောင်းမွန်တာမို့ ဘယ်အသားအရေအတွက် ရွေးချယ်သင့်လဲဆိုတာ ခွဲထားပေးပါတယ်ရှင်
After official sale price တွေဖြင့် အသင့်မှာယူရရှိနိုင်ပါပြီရှင့်
26/08/2026
ပစ္စည်း အသင့်ရှိပါတယ်ရှင် 🍎
အီတလီနိုင်ငံရဲ့ ရှားပါး Annurca Apple Extract နည်းပညာနဲ့ ဖော်စပ်ထားတဲ့
MOEV ANNURCATIN™ HAIR TONIC 150ml
2029,4
တောင်ကိုရီးယားအခြေစိုက် Premium Hair Care Brand တစ်ခုဖြစ်ပြီး "Every hair begins here" ဆိုသည့် ဆောင်ပုဒ်အတိုင်း ဦးရေပြား ကျန်းမာရေးမှတစ်ဆင့် ဆံကေသာကို လှပသန်စွမ်းစေရန် ရည်ရွယ်ထုတ်လုပ်ထားတာပါ
အီတလီနိုင်ငံမှ ရှားပါးပြီး အာဟာရဓာတ် ကြွယ်ဝသည့် Annurca Apple Extract (အန်းနူးကား ပန်းသီး ထုတ်နုတ်ချက်) ကို အဓိက အခြေခံ၍ ANNURCATIN™ ဆိုသည့် သီးသန့် Patented Formula ဖြင့် ခေါင်းလျှော်ရည်၊ Treatment၊ Hair Tonic နှင့် Scalp Essence များကို အထူးစံနှုန်းဖြင့် ထုတ်လုပ်ထားပါတယ်ရှင် ❤️
150 ML ပါဝင်တာ မို့ စိတ်ကြိုက် အသုံးပြုနိုင်ပါပြီ ❤️🍎
❄️ Instant Cooling Effect
ဖြန်းလိုက်တာနဲ့ ဦးရေပြား အပူချိန်ကို ချက်ချင်း အေးမြ သက်သာစေလို့ တစ်နေ့တာလုံး လန်းဆန်းစေတယ်
💆🏻♀️ Hair Loss Care
Biotin နဲ့ Amino Acids (၂၂) မျိုး ပါဝင်လို့ ဆံပင်ကျွတ်တာနဲ့ ဆံပင်ကျိုးကြေတာတွေကို အမြစ်မှစပြီး သန်မာစေတယ်
🌿 Scalp Freshness
ဦးရေပြား အဆီပြန်ခြင်း၊ ယားယံခြင်းနဲ့ အနံ့ဆိုးတွေကို ကာကွယ်ပေးပြီး ဆံပင်အမြှောက်လိုင်း (Volume) ကို သဘာဝအတိုင်း ရရှိစေတယ်
🌸 Luxury Scent
Apple၊ Rose၊ Jasmine နဲ့ Musk ရနံ့ ပေါင်းစပ်ထားလို့ စပျစ်သီး/ပန်းသီး သင်းပျံ့တဲ့ ရနံ့လေး ကြာရှည် ခံစေပါတယ်
ဘယ်လို သုံးရမလဲဆို သုံးရတာလည်း အရမ်းလွယ်ကူပါတယ်ရှင်
ခေါင်းလျှော်ပြီးစ စိုနေတဲ့ ဦးရေပြား သို့မဟုတ် ခြောက်သွေ့နေတဲ့ ဦးရေပြားပေါ် ဖြန်းပေးပြီး လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးရုံပါပဲရှင်
ရေပြန်ဆေးစရာ မလိုပါ ‼️🫶
၁ ရက်လျှင် ၁ ကြိမ်မှ ၂ ကြိမ် Daily သုံးပေးနိုင်ပါတယ်
ခေါင်းလျှော်သည့်နေ့များတွင် သန့်စင်ပြီး စိုထိုင်းနေသော ဦးရေပြားပေါ်၌ လည်းကောင်း၊ ခေါင်းမလျှော်သည့်နေ့များတွင် ပုံမှန် ခြောက်သွေ့နေသော ဦးရေပြားပေါ်၌ လည်းကောင်း တိုက်ရိုက် ဖြန်းပေးနိုင်ပါတယ်ရှင့်
Pro Tips 🫶💋
ခေါင်းလျှော်ပြီးစ သုံးပါ
ဦးရေပြား မွေးညင်းပေါက်များ ပွင့်နေချိန် (ခေါင်းလျှော်ပြီး တဘက်ဖြင့် ခပ်ခြောက်ခြောက် သုတ်ထားချိန်) ဖြန်းပေးပါက အာဟာရဓာတ်များ နက်ရှိုင်းစွာ ပိုမို စိမ့်ဝင်လွယ်ပါတယ်
အပိုင်းလိုက် ခွဲဖြန်းပါ
ဆံပင်များကို ဘေးကွဲ ခွဲလိုက်ပြီး Hair Tonic ထိရောက်လိုသည့် ဦးရေပြားနေရာများ (ဥပမာ- ဆံပင်ပါးသည့်နေရာ၊ အပူကန်သည့်နေရာများ) သို့ တိုက်ရိုက် ရောက်အောင် ဖြန်းပေးပါ
လက်ချောင်းဖြင့် နှိပ်နယ်ပါ
ဖြန်းပြီးပါက လက်ချောင်း ထိပ်လေးများ (လက်သည်းဖြင့် မဟုတ်ပါ) ဖြင့် ဦးရေပြားကို ၁ မိနစ်မှ ၂ မိနစ်ခန့် စက်ဝိုင်းပုံစံ ခပ်သာသာ နှိပ်နယ်ပေးပါက သွေးလည်ပတ်မှု အားကောင်းပြီး အာနိသင် ပိုမို မြန်ဆန်စေပါတယ်
ပုံမှန် စွဲသုံးပါ [ အရေးကြီးဆုံး အချက်ပါ ] 📌
ဦးရေပြား ကျန်းမာရေးနှင့် ဆံပင်ကျွတ် သက်သာစေရန်အတွက် အနည်းဆုံး ၄ ပတ်မှ ၈ ပတ်အထိ ရက်မပျက် ပုံမှန် စွဲသုံးပေးရန် လိုအပ်ပါတယ်ရှင်
After 50 % off official sale price 89900 ကျပ်ဖြင့် အသင့်ရပါပြီရှင့်
26/08/2026
ပစ္စည်း အသင့်ရှိပါတယ်ရှင်
Laka Perfect Twin Lip 💋
908 In caffeine ☕️
2029,5
အသားအရောင် ၊ skin tone မရွေး လိုက်ဖက်စေမဲ့
Caffeine color 🤎
Matte ပဲ ဆိုးဆိုး ၊ Tint လိုပဲ ဆိုးဆိုး မျက်နှာလေးကို လင်းစေပြီး နှုတ်ခမ်းသားအပေါ စွဲနေစေမဲ့ Laka ရဲ့ အသစ်စက်စက် Perfect Twin lip လေးပါရှင်
After official sale price 59500 ကျပ်ဖြင့် ပစ္စည်းအသင့်ရပါပြီရှင့်
26/08/2026
🆕 Arrivals
အသစ်ရောက် ပစ္စည်းလေးတွေ နဲ့ Restock items လေးတွေပါရှင်
အသစ်ရောက်တာလေးတွေရော ရောက်ကုန်လေးတွေရောပါ stock ထပ်ဖြည့်ထားပါတယ်ရှင့်
After official sale price လေးဖြင့် အသင့် မှာယူရရှိနိုင်ပါပြီရှင့်
24/08/2026
ပစ္စည်း အသင့်ရှိပါတယ် 🫶
INSTOCK ITEMS ‼️
Facial Cleansing က skincare Routine တစ်ခုရဲ့ အဓိက အခြေခံအုတ်မြစ် (Foundation) ဖြစ်ပါတယ်
Skincare Product တိုင်းက Cleanse လုပ်မဲ့ အဆင့်မှာ Epidermis (အရေပြား အပြင်ဘက်ဆုံး အလွှာ) နှင့် မွေးညင်းပေါက် ဝင်းဝ (Pores) အထိသာ သန့်စင်ပေးနိုင်ပါတယ်
အရေပြား အောက်လွှာ (Dermis) ထိ ရောက်ရှိရန် မဟုတ်ဘဲ အဓိက ရည်ရွယ်ချက်မှာ "Skin Barrier မပျက်စီးစေဘဲ အညစ်အကြေး ကင်းစင်စေရန်" အတွက်သာ ရည်ရွယ်ပါတယ်
မျက်နှာသန့်စင်မှု မရှိပဲ ကျန်ခဲ့တဲ့ အညစ်အကြေးတွေနဲ့ အဆီဟောင်းတွေရှိနေရင် နောက်ထပ် လိမ်းသမျှ Serum ၊ Cream တွေဟာ အသားထဲ စိမ့်မဝင်ဘဲ မွေးညင်းပေါက် ပိတ်ဆို့ကာ ဝက်ခြံနဲ့ Barrier ပျက်စီးတာတွေကို ဖြစ်စေပါတယ်
Creamy Milk Cleanser တွေက အမြှုပ်မထဘဲ Cream/Emulsion ပုံစံဖြင့် ထုတ်လုပ်ထားပြီး အဆီအခြေခံ ပစ္စည်းများ (Oil-based components) ကို ပျော်ဝင်စေကာ သန့်စင်ပေးပါတယ် 💭
Makeup & Sunscreen Dissolution: မျက်နှာပေါ်ရှိ ပေါ့ပါးသော မိတ်ကပ်၊ နေလောင်ကာခရမ်နှင့် ဆဲလ်သေများကို ငြင်သာစွာ ပျော်ဝင် သန့်စင်ပေးပါတယ်
Deep Hydration & Soothing: သန့်စင်နေစဉ်အတွင်း လိုအပ်သော အစိုဓာတ်ကို ချက်ချင်း ဖြည့်ဆည်းပေးသဖြင့် သန့်စင်ပြီးနောက် တင်းကြပ်ခြောက်သွေ့ခြင်း လုံးဝ မဖြစ်စေပါဘူးရှင်
Dewytree Milk Cleanser 200 ML 🤍
https://www.facebook.com/share/p/1Fbi8ZTzQW/?mibextid=wwXIfr
De:maf Creamy Milk Cleanser 300 ML ✨
https://www.facebook.com/share/p/1EFJjRykma/?mibextid=wwXIfr
After official sale price လေးဖြင့် စောင့်ဆိုင်းစရာမလို အသင့်ရရှိနိုင်ပါပြီရှင်
24/08/2026
ကြိုတင်မှာယူနိုင်ပါပြီ
Nutseline ဆိုတာ တောင်ကိုရီးယားနိုင်ငံထုတ် 100% Natural, Vegan & Nut-Based Clean Beauty Brand တစ်ခု ဖြစ်ပါတယ်
"Nut" + "Vaseline" ကို ပေါင်းစပ်မှယဉ်ထားပြီး Vaseline လိုမျိုး ပက်ထရိုလီယမ် အခြေခံ အဆီတုတွေ မသုံးဘဲ သဘာဝ အခွံမာသီး (Nuts) တွေကရတဲ့ အဆီဓာတ်နဲ့ အဓိက ဖော်စပ်ထားတာပါ
Core Philosophy: အစေ့အဆံနှင့် အခွံမာသီးများမှ ရရှိသော သဘာဝ Nut Oils (စေ့ဆီများ) ဖြင့် အသားအရေ Barrier ကို နက်ရှိုင်းစွာ စိုပြေ အာဟာရဖြည့်ပေးရန် ရည်ရွယ်ထုတ်လုပ်ထားတာပါ
Key Ingredients: Sweet Almond Oil, Macadamia Nut Oil, Sunflower Seed Oil နဲ့ Soy Protein တို့ကို အဓိက အသုံးပြုထားပါတယ်
Cruelty-Free & Sensitive Skin Safe: တိရစ္ဆာန်ပေါ် စမ်းသပ်ခြင်း လုံးဝမရှိဘဲ ဓာတု ပစ္စည်းဆိုးများ ကင်းစင်တာကြောင့် ကလေးမှစ၍ အသားအရေ အလွန် ထိခိုက်လွယ်သူများအထိ စိတ်ချလက်ချ သုံးနိုင်ပါတယ်
Guasha Serum တွေ ပိုမို ခေတ်စား ထုတ်လုပ်လာကြတာလဲ ❓❓
2-in-1 Convenience (အသုံးပြုရ လွယ်ကူမှု): သီးသန့် ဂွာရှာတုံး (Guasha tool) နဲ့ အဆီ/စရမ် သီးသန့် လိမ်းနေစရာ မလိုဘဲ Serum Roll/Stick တစ်ခုတည်းနဲ့ နှိပ်နယ်ရုံဖြစ်လို့ ခရီးသွားရင်း သို့မဟုတ် သွားရင်းလာရင်း အလွယ်တကူ သုံးနိုင်ပါတယ်
Hands-Free & Hygienic (လက်မပေဘဲ သန့်ရှင်းမှု): လက်နဲ့ မျက်နှာ/ခန္ဓာကိုယ်ကို တိုက်ရိုက် မထိဘဲ Stick ခေါင်းပိုင်း ကွေးကွေးလေးနဲ့ တိုက်ရိုက် ပွတ်ဆွဲ နှိပ်နယ်နိုင်လို့ ဝက်ခြံနဲ့ ဘက်တီးရီးယား ကူးစက်မှုကို ကာကွယ်ပေးပါတယ်
Enhanced Absorption & Lymphatic Drainage: Serum ရဲ့ အာဟာရဓာတ်တွေကို အသားအရေထဲ ပိုမို စိမ့်ဝင်စေပြီး နှိပ်နယ်ပေးမှုကြောင့် သွေးလည်ပတ်မှု ကောင်းမွန်ကာ မျက်နှာဖောင်းတာ (Puffiness) နဲ့ လည်ပင်း/ခန္ဓာကိုယ် ညောင်းညာတာတွေကို သက်သာစေပါတယ်
တခုချင်းစီ ရဲ့ အာနိသင်လေးတွေ ပုံအောက်မှာ ထည့်သွင်းထားပါတယ်ရှင်
Preorder ~ Hlaf paid ✅
24/08/2026
ကြိုတင်မှာယူနိုင်ပါပြီ ✨
HEVEBLUE Derma Zinc Matcha MX Line 💚
Zinc Matcha Line က ဘာအတွက်ကောင်းတာလဲ ဘယ်လို အသားအရေအတွက် ပိုထိရောက် အကျိုးထူးစေလဲ သိရဲ့လား 🍀
🍀Sebum & Pore Control
အဆီနှင့် မွေးညင်းပေါက် ထိန်းညှိခြင်း
Zinc PCA နဲ့ Witch Hazel Water ပါဝင်လို့ မျက်နှာပေါ်က ပိုလျှံနေတဲ့ အဆီထွက်ခြင်းကို ထိန်းပေးပြီး မွေးညင်းပေါက် ကျယ်တာတွေကို ကျဉ်းစေပါတယ်
🍀Instant Soothing & Calming
(အသားအရေ အေးမြ သက်သာစေခြင်း)
Matcha (Green Tea Water) နဲ့ Panthenol တို့က ပူပြင်းမှု၊ နီရဲယားယံမှုနဲ့ ဝက်ခြံ ရောင်ရမ်းမှုတွေကို အမြန်ဆုံး အေးမြ သက်သာသွားစေပါတယ်
🍀Skin Barrier & Hydration
(အစိုဓာတ်နှင့် အကာအကွယ်လွှာ အားဖြည့်ခြင်း)
Niacinamide, Cerasome (Ceramide) နဲ့ Sodium Hyaluronate တို့ ပါဝင်တာကြောင့် ရေဓာတ် နက်ရှိုင်းစွာ ဖြည့်ပေးပြီး Skin Barrier ကို သန်မာစေပါတယ်
🍀Blemish & Skin Texture Care
ဝက်ခြံကြောင့် ဖြစ်ကျန်ခဲ့တဲ့ အမဲစက်/အမာရွတ်များကို မှေးမှိန်စေပြီး ကြမ်းတမ်းနေတဲ့ အသားအရေကို ချောမွေ့ စိုပြေစေပါတယ်
အဆီပြန်ပြီး ဝက်ခြံ ထွက်လွယ်သူများ (Oily & Acne-Prone Skin): Non-Comedogenic ဖြစ်လို့ မွေးညင်းပေါက် ပိတ်ဆို့မှု မဖြစ်စေဘဲ အဆီ ထိန်းချင်သူများ သာမက
နီရဲယားယံလွယ်သော Sensitive Skin ရှိသူများ: အပူဒဏ် သို့မဟုတ် စကင်ကဲလ် အသစ်ကြောင့် အသားအရေ နီရဲ ရောင်ရမ်းနေသူများအတွက်အပြင်
မွေးညင်းပေါက် ကျယ်ပြီး အဆီပြန်/ခြောက်စပ် ဖြစ်နေသူများ (Combination Skin): T-zone အဆီပြန်ပြီး အမဲစက်/ဝက်ခြံ ခဏခဏ ထွက်တတ်သူများပါ ရွေးချယ်လို့ရပါတယ်
Preorder ~ Half paid ✅ ပါရှင်
22/08/2026
ကြိုတင်မှာယူလို့ ရပါပြီ 🦋💙
EIŌM ဆိုတဲ့ နာမည်က တိုတိုလေးနဲ့ Skin Ecosystem (အသားအရေရဲ့ အဏုဇီဝ ဂေဟစနစ်) ကို ပြန်လည် ထိန်းညှိပေးဖို့ ရည်ရွယ်ပြီး စတင်ခဲ့တာပါ
အသားအရေ ပြဿနာတွေကို ခဏတာ ဖုံးကွယ်တာမျိုး မဟုတ်ဘဲ အသားအရေပေါ်မှာရှိတဲ့ "Microbiome" (အကျိုးပြု ဘက်တီးရီးယားများ) ညီညွတ်မျှတစေခြင်းဖြင့် ဝက်ခြံနဲ့ နီမြန်းယားယံမှုတွေကို အမြစ်ပြတ် သက်သာစေဖို့ ဦးတည်ထုတ်လုပ်ထားတာပါ
Main Target က ဘယ်သူတွေအတွက်လဲဆို
ဝက်ခြံလွယ်သူများ (Acne-prone skin)၊ အဆီပြန်လွယ်သူများနှင့် ထိခိုက်လွယ် Sensitive Skin ရှိသူများအတွက် အဓိက သီးသန့် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်
Olive Young နံပါတ် (၁) EIŌM ရဲ့ Trouble Scaling Patch Mask ဟာ ကိုရီးယားရဲ့ နာမည်ကြီး အလှကုန်စတိုး Olive Young ၏ ရောင်းအားအကောင်းဆုံး Overall/Real-time Ranking #1 အထိ စံချိန်တင် အောင်မြင်မှု ရရှိထားတဲ့ Brand ဖြစ်ပါတယ်
EIŌM Trouble Scaling Patch Mask
အဆီပို၊ ဆဲလ်သေနဲ့ အမဲစက်/ဝက်ခြံတွေကို ညှစ်စရာမလိုဘဲ ကပ်ထားရုံနဲ့ သန့်စင်ပေးတဲ့ ပတ်ချ်မားစ် ဖြစ်ပါတယ်။ Tea Tree Biome နဲ့ Control Bio 95™ ပါဝင်လို့ အဆီပြန်ခြင်းကို ၈၇.၇% ထိ သက်သာစေပါတယ်
EIŌM Pantheome Shake Bubble Serum
Micro-bubble နည်းပညာသုံး Serum ဖြစ်ပြီး Panthenol နဲ့ Microbiome နည်းပညာ ပေါင်းစပ်ထားတာကြောင့် အသားအရေကို မစေးကပ်ဘဲ ရေဓာတ်ပြည့်ဝစွာ Glow စေပါတယ်
Olive Young No.1 🫒 ချိတ်ထားတဲ့ brand လေးကို after official sale price လေးဖြင့် Preorder မှာယူနိူင်ပါပြီ
Preorder ~ Half paid ✅
22/08/2026
ကြိုတင် မှာယူနိုင်ပါပြီ
✨ မျက်ခုံးအရောင်လေးပြောင်းပြီး ပိုနုပျိုတဲ့ Look ကို ဖန်တီးချင်လား? ✨
WonYoung လို Eyebrow Color လေး change ချင်ရင် Cosnori လေး ရှိပါတယ်ရှင့်
Preorder ✨
ကိုရီးယားမင်းသမီးလေးတွေလို မျက်နှာကို ပိုလင်းသွားစေဖို့နဲ့ နုဖတ်သွားစေဖို့ဆိုရင် မျက်ခုံးအရောင်လေးက အရမ်းအရေးကြီးပါတယ်ရှင် …
COSNORI Changer ရှိရင် ဆိုင်သွားစရာမလိုဘဲ အိမ်မှာတင် (၅) မိနစ်အတွင်းမှာ တောက်ပတဲ့ မျက်ခုံးလေးကို ပိုင်ဆိုင်နိုင်ပါပြီ 🤗
Peptides Formula (Point 03): ဒီပစ္စည်းရဲ့ အဓိက အားသာချက်က Peptides ပါဝင်လို့ အရောင်ချွတ်တဲ့အခါ မျက်ခုံးမွှေးတွေ ပျက်စီးတာ၊ ကျွတ်တာမျိုးမရှိဘဲ ညင်သာစွာ အရောင်ပြောင်းပေးနိုင်ပါတယ်
Vibrant Lightening (Point 01): မျက်ခုံးမွှေး အရောင်အားလုံးအတွက် သင့်တော်ပြီး ဖြူဖျော့မသွားဘဲ သဘာဝကျကျ လှပတဲ့အရောင်ကို ရရှိစေပါတယ်
Simple & Pre-measured (Point 02 & 04): ဘူးထဲမှာ တစ်ခါသုံး အထုပ်လေးတွေ (၅) ကြိမ်စာ အတိအကျ ပါဝင်ပြီးသားမို့ ရောစပ်ရတာ လွယ်ကူပြီး အလေအလွင့်လည်း မရှိစေပါဘူးရှင့်
• Vegan Certified: Vegan အသိအမှတ်ပြု ရရှိထားလို့ ဘေးဥပဒ်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေအတွက် စိတ်ပူစရာမလိုဘဲ ယုံကြည်စိတ်ချစွာ သုံးနိုင်ပါတယ်
Easy Brow Mood Changer 🤎
အရောင် ၄ မျိုးတောင် ထွက်ထားတာမို့ လိုချင်တဲ့ အရောင် စိတ်ကြိုက်ရွေးချယ်နိုင်ပါပြီ
Tone Changer 💛 က တမျိုးတည်း ထွက်ပါတယ်ရှင်
🎨 Color Chart & Application Time (အရောင်ရွေးချယ်မှု)
ကိုယ့်ရဲ့ စိတ်ကြိုက်အရောင်ပေါ်မူတည်ပြီး ထားရမယ့် အချိန်လေးတွေကတော့-
• Brown (ညိုရောင်): ၃ မိနစ်ခန့် ထားပေးပါ။
• Light Brown (ညိုဖျော့ရောင်): ၅ မိနစ်ခန့် ထားပေးပါ။
• (မှတ်ချက် - မျက်ခုံးမွှေး ထူတဲ့သူတွေဆိုရင် ၁ မိနစ်ကနေ ၂ မိနစ်လောက် ပိုထားပေးနိုင်ပါတယ်)
💡 ဘာကြောင့် ဒါလေးကို သုံးသင့်တာလဲ?
1. ဆံပင်အရောင်နဲ့ မျက်ခုံးအရောင် လိုက်ဖက်အောင် ညှိလို့ရတယ်။
2. မျက်နှာကို ချက်ချင်း ပိုလင်းပြီး နုပျိုသွားစေတယ်။
3. မျက်ခုံးမွှေး ဆိုးဆေးတွေထက် ပိုပြီး သဘာဝကျကျ လှပစေတယ်။
4. တစ်ဘူးဝယ်ထားရင် (၅) ကြိမ်တောင် သုံးလို့ရလို့ အရမ်းတန်ပါတယ်။
Preorder - Half paid ✅ ပါရှင်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon