Suriya Indoor Plant Parlour
အပင်စိုက်ရင် စိတ်ချမ်းသာလို့ အပင်အ?
01/12/2020
ကမ္ဘာကြီးကို အားဆေးကျွေးဖို့ အပင်များများစိုက်မယိ့ green roofs ပိုင်ရှင်တွေ လိုအပ်နေပါပြီ🌎🌍🌏🌟✨💧💦🍃🎋🌴🌳🌲🌵🍃🌾💐
ပြင်သစ်တွင် ခေါင်မိုးသစ်အားလုံးအား အပင်များ သို့မဟုတ် ဆိုလာပြားများဖြင့် ဖုံးထား ရမည်။
====================
ပြင်သစ်၏ “အစိမ်းရောင် အမိုး” ဥပဒေသစ်ဟာ မြို့တော် လမ်းများအား အေးမြစေ၊ အပူပေး နဲ့ လေးအေးပေး စရိတ်များကို လျှော့ချ၊ ရေ နဲ့ လေ ညစ်ညမ်းမှုကို လျော့ကြစေ၊ ဒေသခံများအား အောဂဲနစ် အစားအစာများ ထောက်ပံ့ ပေးနေပြီး ငှက်များ၊ ပျားများ နဲ့ အခြား မျိုးစိတ် ရာပေါင်း များစွာ အတွက် ဂေဟစနစ်အား ထောက်ပံ့ ပေးလျက် နေပါတယ်။
ကွန်ကရစ် တောကြီးများအား ပို၍ သဘာဝ ပါတ်ဝန်းနဲ့ လိုက်လျောညီထွေစေရန် ကြိုးပမ်း အားထုတ်မှု တစ်ခုအတွင်း ပြင်သစ်ဟာ စီးပွါးရေး ဇုန်များ အတွင်းရှိ အဆောက်အဦးသစ် အားလုံးရဲ့ ခေါင်မိုးများအား အပင်များ သို့မဟုတ် ဆိုလာပြားများဖြင့် အပြည့် သို့မဟုတ် တစိတ်တပိုင်း ဖုံးအုပ်ထားဖို့ လိုအပ်စေမည့် ဥပဒေ တစ်ခုအား မကြာသေးခင်က အတည်ပြုခဲ့ ပါတယ်။
“အစိမ်းရောင် ခေါင်မိုးများ (green roofs)” အဖြစ် သိကြတဲ့ ဒီ အယူအဆဟာ ပဲရစ်စ် ကဲ့သို့ မြို့တော် အချို့မှာ သိပ် လူကြိုက်များ လာတာကြောင့် အဆောက်အဦးဟောင်း ပိုင်ရှင်များက ပင်လျင် ဧရာမ ခေါင်မိုးပေါ် စိုက်ပျိုးရေးခြံများ၊ မျက်ခင်များ နဲ့ ပျားများ နဲ့ အခြားသော ဝတ်မှုန်ကူး အင်းဆက်များ အတွက် ဂေဟာများ ဆောက်လုပ်လျက် မိမိ ဆန္ဒ အလျောက် ဥပဒေကို လိုက်နာ နေကြပါတယ်။
လူထုအား မြို့ပြ ဘဝ ရဲ့ အချို့သော ရှိရင်းစွဲ အားနည်းချက်များ(ရဲ့သက်ရောက်မှု)မှ အကာအကွယ် ပေးထားစဉ်မှာ Green roof များဟာ လူထုအားသိပ်ကောင်းတဲ့ အကျိုးကျေးဇူး စာရင်းရှည်ကြီး တစ်ခု ပေးအပ်ပါတယ် -
၁။ အပြင်လေကို အေးမြစေတယ်
နွေရာသီမှာ မြို့တော် လမ်းများ သိပ်ကို အိုက်စပ် ပူလောင်နိုင်တဲ့ အကြောင်းမှာ လေကို အေးသွားစေရန် သစ်ပင် အများအပြား သို့မဟုတ် တပင်တလေ မျှပင် မရှိတာကြောင့် ဖြစ်ပါတယ်။
နေရောင်ကို စုပ်ယူဖို့ ခြုံနွယ် သစ်ပင် နဲပါးလှစွာ ပဲရှိတာ သို့မဟုတ် ယင်းတို့ မရှိတာ ကြောင့် မြိုပြ အပူ ကျွန်း သက်ရောက်မှု (Urban Heat Island Effect) လို့ သိကြတဲ့ ဖြစ်စဉ်ကို ဖန်တီးလျက် ယင်း (နေရောင်)ဟာ အပူစွမ်းအင် အဖြစ် ပြောင်းလည်း ခံရပါတယ်။
GreenRoofs.org ရဲ့ အဆိုအရ အစိမ်းရောင် ခေါင်မိုးများနဲ့ နံရံမျာရဲ့ နေ့စဉ် နှင်းစက်များ နဲ့ ရေငွေ့ပြန်ခြင်း စက်ဝန်းများဟာ ဤသက်ရောက်မှုကို သက်သာစေ နိုင်ပါတယ်။
၂။ အပူပေးစက် နဲ့ လေအေးပေးစက် ကျသင့်ငွေ ကို သိသိသာ လျှော့ချတယ်။
ခေါင်မိုး(ပေါ် )တွေဟာ ဆောင်းရာသီမှာ အပူဆုံးရှုံးမှု နဲ့ နွေရာသီမှာ အပူတက်မှုတို့ရဲ့ အကြီးမားဆုံး ရင်းမြစ်တို့ ဖြစ်ကြ ပါတယ်။
အစိမ်းရောင် အမိုးများဟာ ပူနေတဲ့ လေတွေကို အထက်ဆီ ထွက်သွားခြင်းမှ တာဆီးထားလျက် ပြီးတော့ သို့မဟုတ်လျှင် အမဲရောင် ခေါင်မိုးပေါ်ကို ရိုက်ချလာမည့် နေရောင်ကို စုပ်ယူထားလျက် ပုံမှန်ထက် ပိုသော စွမ်းရည်ပြည့်ဝတဲ့ အကာအကွယ်ကို ထောက်ပံ့ ပါတယ်။
ကနေဒါမှာ ကျယ်ပြန့်တဲ့ အစိမ်းရောင် အမိုး တစ်ခုဟာ နွေရာသီ အတွင်း လေအေးပေးခြင်း လိုအပ်ချက်အား ၇၅% ကျော်အထိ လျော့ချ ပါတယ်။
၃။ ညစ်ညမ်းနေတဲ့ လေကို သန့်စင်ပေးတယ်။
ခေါင်းမိုးပေါ် ဥယာဉ်များဟာ လေက ဆောင်ယူလာတဲ့ အညစ်အကြေးများကို ဖမ်းယူ နိုင်ပြီး အန္တရာယ် ရှိတဲ့ ဓါတ်ငွေ့တွေကို စစ်ပေးနိုင် ပါတယ်။
ထိုအရာမှာ အပင်များ၊ အထူးသဖြင့် ပိုမိုကြီးမားတဲ့ အပင်များက လေ သန့်စင်တဲ့ အရာများ အဖြစ် ပြုမှုကြလို့ ဖြစ်ပါတယ်။
သူတို့က အပူပေးခြင်းနဲ့ လေအေးစက် အသုံးပြုခြင်းကို လျှော့ချတာကြောင့် လည်းပဲ ဓါတ်အားပေး စက်ရုံတွေဟာ ကာဗွန်ဒိုင် အောက်ဆိုက် နဲ့ အခြားသော လေထု ညစ်ညမ်းစေသည့် ဘေးထွက် ကုန်တွေကို လေထုထဲ ထုတ်လွှတ်ခြင်းအား လျှော့ချ ပါတယ်။
၄။ ရေ ညစ်ညမ်းမှုကို လျှော့ချတယ်။
နွေရာသီမှာ အစိမ်းရောင် အမိုးတွေဟာ သူတို့ အပေါ် ကျလာတဲ့ မိုးရေတွေရဲ့ ၇၀ ကနေ ၉၀% အကြားကို စုပ်ယူ နိုင်ပါတယ်။
ဤအရာက အဆောက်အဦးတွေပေါ် ကနေ ဝန်ပိနေတဲ့ မိလ္လာ စနစ်တွေဆီ ပြေးဆင်းသွားတဲ့ လေမုန်တိုင်း-ရေ ပမာဏကို လျှော့ချ ပေးပါတယ်။
မြို့ပြ စီးကျရေဟာ ညစ်ညမ်းနေတဲ့ မြို့တော် မျက်နှာပြင်များ (ခေါင်မိုးပေါ်များ၊ လမ်းဘေး လျှောက်လမ်းများ၊ လမ်းများ) ကို ထိမှန်တဲ့ အားလုံးသော မိုးရေက မြို့တော်ရဲ့ ရေဆိုး/မိလ္လာ ပိုက်များအတွင်း ပြေးလွှားသွားပြီးနောက် မြစ်များနဲ့ ရေကန်များ အတွင်းသို့ ဖြောင့်ဖြောင့် မတ်မတ် စီးဆင်းနေတဲ့ ကြီးမားသော ပြသနာ တစ်ခုပါ။
မြို့တော်များရဲ့ မျက်နှာပြင် ဧရိယာရဲ့ အလွန်များပြားတဲ့ ပမာဏဟာ ရေစိမ့် မဝင်နိုင်တာကြောင့် မြိုပြ ရေလျှံမှုဟာလည်းပဲ ပြသနာ တစ်ခုပါ။
ခေါင်မိုးပေါ် ဥယာဉ်များ၊ အထူးသဖြင့် နက်ရှိုင်းတဲ့ အမြစ်နဲ့ မြေဆီလွှာ ရှိတဲ့ ဟာတွေဟာ ရေကို စုပ်ယူခြင်း နဲ့ စီးကျရေ ဟူသမျှကို စစ်ပေးခြင်းဖြင့် ဤ ပြသနာ နှစ်ခု စလုံးကို လျှော့ချ နိုင်ပါတယ်။
၅။ ဒေသထွက် အော်ဂဲနစ် အစာ
ခေါင်မိုးပေါ် ဥယာဉ် တည်ထောင်သူများဟာ သဘာဝ ပတ်ဝန်းကျင် အပေါ် အလေးထားတဲ့ လူတွေ ဖြစ်တာကြောင့် သူတို့ဟာ ဒေသတွင်း စားသောက်ဆိုင်တွေနဲ့ နိုင်ငံသားတွေကို လတ်ဆပ်တဲ့၊ ဒေသထွက်ဖြစ်တဲ့ အော်ဂဲနစ် အစာများကို ထောက်ပံ့ပေးသော အော်ဂဲနစ် စိုက်ပျိုးရေး သို့မဟုတ် ပိုလို့တောင် ကောင်းတဲ့ (သဘာဝ မိခင်အား အတုယူထားသည့် စိုက်ပျိုးရေး ဖြစ်တဲ့) permaculture ကို အသုံးပြုလေ့ ရှိပါတယ်။
၆။ တောရိုင်းတိရစ္ဆာန်တို့ အတွက် နေရာ။
ခေါင်မိုးပေါ် အပင်များဟာ ငှက်များ၊ ပျားများ၊ လိပ်ပြာများနဲ့ ဝတ်မှုန်ကူးပေးတဲ့ အခြားသောအကောင်လေးများ အိမ် အဖြစ် ပြောင်းရွှေ့ နေထိုင်ကြဖို့၊ အစာရှာဖို့ သို့မဟုတ် မြို့ပြ ကန္တာရများအား ဖြတ်သန်းနေစဉ် ရပ်နားပြီး အနားယူဖို့ လုံခြုံတဲ့ ကောင်းကင်ဘုံတွေကို ထောက်ပံ့ ပါတယ်။ ။
Credit-Mg Mg Aung
(Sara Burrows ၏ All New Rooftops Must Be Covered in Plants or Solar Panels in France အား ကိုးကား / ဘာသာ ပြန်ပါသည်။)
Sweet December!ကိုဗစ် ကာကွယ်ဆေးထိုးပြီးမှ ဆိုင်ပြန်ဖွင့်ပါမယ်။deliveryအမှာပါ ရပ်ပါပြီ။tips ပဲ တင်ပါမယ်။ 🙏ကျန်းမာကြပါစေ။
19/11/2020
Suriya က အပင်လေး အပင်ချစ်သူ ပန်းချစ်သူအိမ်မှာ ပျော်နေပါပြီနော့🥰🥰😇😇
18/11/2020
ပုတ္တမြားပုလ္လင်ရယ် သစ်ခွရယ် ရွှေလာငွေလာရယ် အရောင်းရဆုံး ဆု 🎂🎂🎂🥰🥰
ရွှေငါးလေး လှလို့ ပုံလေး ထည့်ပြထားပါတယ်နော် လာမေးသမျှကို အပြင်ပုံပဲ ပြရောင်းပေးတယ်
(live တော့ လွှင့်ပြီးရောင်းတော့ဘူး ရေမချိုးရသေးလို့ 🤣😝🤣) live လွှင့်ပေးပါလား ဆိုလို့ပါ
customer က ကြိုက်လို့ အဲ့တာလေးပို့ပေးဆိုပြီး မှာတော့ အိုး အဖြူလေးတွေ ဆင်တူ လုပ်ပေးဖြစ်တာလေး 😇😇🥳🥳
စိတ်ချဝယ် အပြင်ပုံပဲ ပို့ပေးတာမို့ ဂျင်းမထည့်ပါဘူးနော် 🙄🙄
မိတ္တူကူးစရာမလိုဘူး ပို့မယ့် အပင်ပဲ ပြပေးတာပါ အရောင်းတပုံ ကြေညာတပုံဆိုတာ မဖြစ်စေရ 🚗🚗
18/11/2020
စားပွဲတင် အရွယ်လေး လိုချင်တယ် ဆိုလို့ စားပွဲတင်လေး ရှာပေးထားပါတယ်
အပင်စိုက်တာ ရေလောင်းချင်လို့ ဆိုတဲ့ အကိုအမများအတွက် အရောင်းရဆုံး ပတ္တမြားပုလ္လင်လေးတွေကို အိုးဖြူဖြူလေးတွေနဲ့ ရောင်းပေးနေပါတယ်နော် 🥳🥳🥳
Thank you for trusting us!
12/11/2020
ရေလဲ လောင်းချင်တယ် အပွင့်လည်း ပွင့်ရမယ် ဆိုလို့ အခု အပင် gardening group တွေထဲမှာ ခေတ်စားနေတဲ့ ဥတွေ ရမယ်နော် အိုးအကြည်လေးပါပြီးသားနော် 🥳🥳🥳
ချိတ်ဆွဲအိုး အဖြူတွေ အုန်းဆံချိတ်ဆွဲတွေလည်း ရောက်လာလို့ တခါတည်း တင်ပေးလိုက်တယ်🥰
အပင်တွေကို ဓာတ်ပုံရိုက်ဖို့ အချိန်မရလို့နော် 🥴🥴လိုချင်တဲ့ အပင် လာမေးနော် 😂😂
11/11/2020
ဒီအပင်လေးက real storyပုံပြင်ရှိတယ်
ဟုတ်လို့လား
အမှန်တရားပဲပြောတာ
စျေးရောင်းတာမဟုတ်ဘူး အလှူပေးနေတာပါဆို 🥰🥰😇😇😅😅
ရန်ကုန်အိမ်မှာ စိုက်တဲ့ အပင်တွေက ပုံပြင်တွေနဲ့🤩🥳 ပြောပြမယ် (ဒါပေမယ့် ာအရှည်ကြီး warningနော် 🤣🤣) okay စမယ်...
ချစ်သူကောင်မလေးက ယူတို့လိုပဲ Anniversary surprise ဆိုပြီး တလခွဲလောက်ကတည်းက ကြိုမှာထားတာ
(သူများတွေ ရိုတာ ရိုတာ ဆိုတာ 🥰🥰သင်ယူပါလား မင်မင် အကိုကြီး 😝😜😝 အဟိ သူမြင်ပါစေ)
အဲ့တာနဲ့ ရန်ကုန်မြို့တွင်းက cash on delivery ဆိုတော့ ကြိုရှင်းစရာ မလို။
(ဝယ်ဖူးတဲ့ သူတွေလည်း သိမှာပါ)
အဲ့တာနဲ့ တပတ်လောက် အလိုလည်း ရောက်ရော delivery team က Supermanကို အပ်တော့မယ်လို့ ညီမ ဘယ်နေ့ လောက် ပို့ရမလဲ မေးမလို့ ကြည့်တော့ ညီမတို့ ပြတ်သွားပြီတဲ့ ငင့် 🙃🙃
(အပင်မရောင်းရလို့ မဟုတ်ဘူးနော် စုံတွဲတွေကို အောင်သွယ်ပေးချင်တာ အဆင်ပြေစေချင်တာ ဝါသနာ😂😂 )
မှာတဲ့ ညီမလေးကတော့ ညီမကိုပဲ ပို့လိုက်ပါ အမတဲ့ 🙄🙄
(ဒါပေမဲ့ စဉ်းစားတယ်လေ ကိုယ်သာဆို ဘယ်လိုလုပ်မလဲပေါ့ အဲ့တယောက်နဲ့ ပြတ်ပြီး ဆိုမှတော့ အမှတ်တရတွေ မြင်နေရင် ကိုယ်ပဲ သတိရနေရမှာ မလား 😏😏အပင်ဆိုတာက အခြားလက်ဆောင်တွေလို စားပစ် သုံးပစ်လို့ ကုန်သွားတဲ့ အရာမှ မဟုတ်တာ သူ့ကိုပါ တယုတယ ရေလောင်းပေး ဂရုစိုက်ရမှာရယ် )
ရပါတယ် အမပဲ ယူလိုက်ပါမယ် ပြောပြီး ယူထားလိုက်တာ
အဲ့တုန်းက ယူထားတုန်းက baby လေးတွေတော့ မထွက်သေးဘူး
( မင်မင်က 🗳 election watch ရွေးကောက်ပွဲ စောင့်ကြည့်ထဲ ပါတော့ ပြီးခဲ့တဲ့ တပတ်လုံး ပိုစ့်လည်း မတင်နိုင်။ အိမ်က အပင်တွေလည်း ရေကို အချိန်လုလောင်း။ တပင်မှ photo လည်း မရိုက်နိုင်။ သေချာလည်း မကြည့်ဖြစ်၊ တနေ့ ၄ နာရီလောက်ပဲ အိပ်ရတာကို ထားပါတော့) အခုတော့ အပင်လေးက ကလေး ၃ ယောက် ထွက်နေတယ် မင်မင်အခုမှ အမောကို ပြေသွားတာ)
ပုံထဲမှာ ရှာကြည့်ပါနော်
မင်မင် ရောင်းတဲ့ အပင်တွေ ဆိုတာ အဲ့လိုပါဆို ပစ်ထားတောင် ကလေးလေးတွေနဲ့
မတွေ့ရင် comment ကို ကြည့်နော် 😇😇
မှာထားတဲ့ ညီမလေးလည်း အခုဆို မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး ပျော်နေလောက်ပြီမို့ အခုမှပဲ တင်လိုက်တော့တယ် ညီမလေးရေ ပျော်ရွှင်ပါစေနော်
11/11/2020
မင်္ဂလာ မနက်ခင်းလေး တဖြတ် 🥰🥰
ပိုစ့် အသစ်တွေ မတင်တာ ကြာလို့ မေ့မသွားနဲ့နော်🤨
၁၅ မိနစ် တခါ တင်နေရင် ဒေါ်နွယ်ထွန်းလို မျက်စိနောက်နေမှာ စိုးလို့ပါ 😂😂
Chat box ကနေ မေးမြန်းသမျှ ဖြေပေးနေပါတယ်နော် 😇😇
အပင်စိုက်သူအားလုံးကို အေးချမ်းပါစေ
တသက်လုံး စိတ်ချမ်းသာပါစေနော်
03/11/2020
Best seller award 🥇 for 2020 goes to mosaic plant/ nerve plant 🥳🥳🥰🥰🥰🚚🚚🚚🤩🤩
သီတင်းကျွတ် အမီ
အပင်တွေ ပို့ပေးနေပါတယ်
ဝယ်ယူအားပေးသူများ အတွက် လက်ဆောင်🎁 စီစဉ်ထားပါတယ်
26/10/2020
အားပေးသွားတဲ့ ပင်လောင်းက အမအတွက်ပါ
ပိန်းပင်လေးတွေရော နှင်းဆီလေးတွေလည်း ရောက်ပြီနော်
23/10/2020
ရောက်ခါစ
ကျားလက်ဝါး monstera တောက်တဲ့ လက်ဝါး တွေရော နှင်းဆီ ပင်လေးတွေရော သူတို့ ထည့်ဖို့အိုးတွေရော ပို့ဖို့ အသင့် နော်
Click here to claim your Sponsored Listing.
Website
Address
Yay Kyaw Road, Myanmar, Burma (Myanmar)
Yangon