Ma Ma Ei 360
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ma Ma Ei 360, Health/Beauty, Yangon.
ပစ္စည်းရောက်ငွေချေ ရပါတယ်ရှင်🥰🥰🥰
ဆိုင်လိပ်စာလေးကတော့
360 Cover Mart အမှတ်(၃၈၅) ဦးဝိစာရလမ်းနှင့် ပဒေသရာဇာ လမ်းထောင့်။ မဟာမြိုင် အိမ်ယာရှေ့။(၄၁)ရပ်ကွက်။မြောက်ဒဂုံမြို့နယ်။ရန်ကုန်မြို့
09940003602။
ဒီနေ့ မနက်ခေါက်ဆွဲ စားရင်းနဲ့ ဗန်မော်မျှစ်ချဉ်ခေါက်ဆွဲကိုသတိရသွားလို့ ရည်းစားဘဝက ဗန်မော်မျှစ်ချဉ် ခေါက်ဆွဲကို လေယာဉ်နဲ့ သယ်ပြီး ဇနီးလောင်းလေးအိမ်အထိ သွားပို့ပေးခဲ့တာလေး အမှတ်ရမိတယ်။
🤍🤍🤍အဖြူလေးနဲ့လိုက်လားရှင့်😍
ဘယ်အရောင်အလှဆုံးလဲ😍😍😍
22/10/2025
ပင်လယ်ကြီးလိုလဲ မချစ်တတ်ပါဘူး
မာယာတွေ မများတတ်လို့ 🌊
ကောင်းကင်ကြီးလိုလဲ မချစ်တတ်ပါဘူး
အချစ်တွေ ကျယ်ပြန့်ပြီး ပြန့်ကျဲ ကုန်မှာစိုးလို့🌌
လေပြေတွေလိုလဲ မချစ်တတ်ပြန်ဘူး
သူတို့ကညှင်သာသလောက် မုန်တိုင်းတွေက ကြောက်စရာကောင်းတယ်
ပင်လယ်လှိုင်းတွေ ဘယ်လောက်ပဲ ကြမ်းတမ်း နေပါစေ...
ဘယ်လိုပဲ အကြိမ်ကြိမ်အခါခါ ရိုက်ခတ် နေပါစေ...
ကျောက်ဆောင်တွေဟာ
တစ်နေရာတည်းမှာ မြဲမြံခိုင်မာ နေသလိုမျိုး...
ကိုယ့်ရဲ့ အချစ်ဟာလည်း ဘယ်လို ပြောင်းလဲမှု၊ ဘယ်လို အခက်အခဲ တွေ တွေ့လာပါစေ
မယိမ်းမယိုင် မပြောင်းလဲတတ်တဲ့ သစ္စာရှိတဲ့ချစ်ခြင်းတွေနဲ့အတူ
ပင်လယ်ထဲက မင်းအတွက် သီးသန့်ဖြစ်တည် နေတဲ့
အချစ်ကျောက်ဆောင်လေးလိုပဲ အမြဲချစ်နေမှာပါ💞
အိမ်ထောင်ဦးစီးကိုအလိုလိုက်ပါ။
ဂဏန်း ငပိရည်ကျိူလေးနဲ့ ထမင်းမြိန်မြိန်စားကြမယ်😍😍😍
အတိတ်ကို လက်ခံပေးနိုင်သူကိုသာရွေးချယ်ပါ #မင်းကံစီ
07/09/2025
Cb ကနေ ပို့ပေးလာတဲ့ AI Creation လေး
ကျေးဇူးပါရှင့်။😍
03/06/2025
ဘဝမှာ the best person တစ်ယောက်တော့ သေချာပေါက် လိုအပ် ပါတယ်။
လူတိုင်းက အမြဲတမ်း ရင့်ကျက်သန်မာနေတာ မဟုတ်သလို အမြဲတမ်း အဆင်မပြေနိုင်ပါဘူး။
ပြိုလဲတဲ့ အချိန်တွေ ရှိမယ်။ ကျဆုံးတဲ့ အချိန်တွေ ရောက်လာလိမ့်မယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြန်လှည့်ကြည့်တိုင်းအမြဲရှိနေမယ့်လူ၊ အရမ်း ခက်ခဲပင်ပန်းတဲ့အခါ စိတ်ချလက်ချ မှီချလို့ရမယ့် ပုခုံးတစ်ဖက် ဒါမှမဟုတ် ငိုချခွင့်ပေးမယ့် ရင်ခွင်တစ်ခု၊ ကိုယ့်ရဲ့ Dark Side တွေကို နားလည်သည်းခံ ပေးပြီးတော့အားလုံး မုန်းနေတဲ့ အချိန်မှာတောင်ချစ်ပေးမယ့်သူ၊ အပြစ် တွေ လုပ်မိတဲ့အခါ မညိုညင်ဘဲ ဆုံးမပေးမဲ့သူ၊ လူတိုင်းအပေါ် မဟုတ်ဘဲ ကိုယ့်တစ်ယောက်တည်းအတွက် ထူးထူးခြားခြား ကောင်းပေးတဲ့ လူတစ်
ယောက်ပေါ့။
ဒီလူသားတစ်ယောက်ဟာ ချစ်သူရည်းစား ဖြစ်ရင်ဖြစ်မယ်။
သူငယ်ချင်း ဖြစ်ရင်ဖြစ်မယ့် ယောက်ျားတစ်ယောက် ဒါမှမဟုတ် မိန်းမတစ်ယောက်၊ အကြောင်းပြချက်မဲ့စွာပဲ ဘယ်အခြေနေမှာ ဖြစ်ဖြစ် ကိုယ်အရင်ဆုံး သတိရမိတဲ့သူဟာလည်း သူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်။ ကိုယ်အောင်မြင်နေတဲ့အချိန်ဆို သူသိရင် ပျော်နေပေးမှာလို့ တွေးမိလိမ့် မယ်။ အားငယ်ရတဲ့ အခါဆို သူသာရှိရင် ငါဒီလောက်ဝမ်းနည်းနေမှာ မဟုတ်ဘူးဆိုတဲ့ အတွေး အမြဲရှိနေမယ်။
အခြေအနေတွေ တိုင်းမှာ “အဆင်ပြေရဲ့လား“ဆိုပြီး တယုတယ မေးမဲ့သူ ကိုယ့်ရဲ့ Psychological needs ကို အမြဲ Support ပေးနိုင်မယ့် the best person တစ်ယောက်က လူတိုင်းလိုအပ်ပါတယ်။
မင်္ဂလာဇနီးမောင်နှံအတွက်
အသိသက်သေအနေနဲ့
လက်မှတ်ထိုးပေးဖြစ်တဲ့
ဝမ်းသာဂုဏ်ယူရတဲ့ မင်္ဂလာနေ့ရက်လေးပါရှင်။
မင်္ဂလာရက်မြက်မှသည် နှစ်ပေါင်းများစွာတိုင်အောင်
တဦးပေါ်တဦး သစ္စာရှိစွာ ချစ်ခင်ကြပြီး သာယာပျော်ရွှင်တဲ့ မင်္ဂလာနေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မင်္ဂလာဆုမွန်ကောင်းတောင်းအပ်ပါတယ်။🥰🥰🥰
Click here to claim your Sponsored Listing.
Category
Website
Address
Yangon