The Genesis

The Genesis

Share

Beauty & Health

02/10/2020

The Genesis ချစ်သူတို့ရေ...
Stay Home ကာလမှာ အိမ်တွင်းမှာပဲ အောင်းနေကြပြီး
Skin Care ဖို့ကိုမေ့မနေကြနဲ့နော် ‼️
ဒါမှ အပြင်ပြန်ထွက်တဲ့အခါ အများနဲ့မတူ ထူးခြားလှပနေမှာ😉

01/10/2020

ယနေ့ (တော်သလင်းလပြည့်) နေ့ဟာ
ဂရုဓမ္မအခါတော်နေ့ပါ🙏🙏🙏
ဂရုဓမ္မဆိုတာ စောင့်ထိန်းအပ်တဲ့တရား
တနည်းအားဖြင့်

၁။သူ့အသတ်သတ်ခြင်းမှရှောင်ကျဥ်ခြင်း
၂။သူတစ်ပါးပစ္စည်းခိုးယူ​​ခြင်းမှရှောင်ကျဥ်ခြင်း
၃။သူ့သားမယားလွန်ကျူးခြင်းမှရှောင်ကျဥ်ခြင်း
၄။မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကျဥ်ခြင်း
၅။အရက်သေစာသောက်စားခြင်းမှရှောင်ကျဥ်ခြင်း
စတဲ့(၅)ပါးသောသီလဖြစ်ပါတယ် လို့မှတ်သားဖူးပါတယ်။
ယနေ့ကိုအမှတ်ရ၍​အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာနဲ့ သီလစောင့်တည်နိုင်ကျပါစေလို့ The Genesis မှဆုတောင်းတိုက်တွန်းလိုက်ပါတယ်နော်🙏🙏🙏

25/09/2020

The Genesis အကြောင်းမတင်တာကြာတော့ The Genesis ရဲ့ကောင်းကျိုးလေးတွေကိုပြောပြမယ်နော်...

1. Organic ဖြစ်လို့သုံးပြီးတာနဲ့ အသားအရည်ကိုဝင်းလဲ့ကြည်လင်စေတယ်။
2. SCRUB ရဲ့ Texture လေးက မကြမ်းမနုလေးဖြစ်လို့ သုံးပြီးတိုင်းသိသာတဲ့ ခံစားချက်လေးကိုရပါတယ်။ လုံးဝအသားမနာပါဘူးနော် ✨
3. အသုံးပြုထားတဲ့ Ingredients တိုင်းကို စနစ်တကျရွေးချယ်ထားပါတယ် 👍
4. အရောင်ရော အနံ့ရောသဘာဝအတိုင်းဖြစ်ပြီး Review ကောင်းတွေလည်းအများကြီးရထားတယ် 🤭
5. စျေးနှုန်းကလည်းချိုသာပြီး လှပတဲ့ Packaging Design လေးတွေကြောင့်ထင်ပေါ်လှပါတယ်✨

ဘယ်သူတွေသုံးသင့်လဲ?

👉ကျောပြင်တစ်လျှောက် ဝက်ခြံပေါက်တတ်သူများ

👉လေဒဏ် နေဒဏ်တွေကြောင့်အသားအရေညစ်ထေးနေသူများ

👉ကြည်လင်ဝင်းပတဲ့အသားအရေကိုပိုင်ဆိုင်လိုသူများ

👉ဝက်ခြံနဲ့လက်တလောဖြစ်သောအမာရွတ်များကိုသက်သာခြင်းသူများနှင့်

👉ခန္တာကိုယ်ပေါ်မှဆဲလ်သေများကိုဖယ်ရှားလိုသူများသုံးသင့်ပါတယ်ရှင်

👉👉👉ဘယ်လို Skin Type ရှိတဲ့ သူမဆိုသုံးလို့ရလို့ The Genesis က Scrub လေးတွေကိုရွေးချယ်သင့်ပါတယ်နော် ❤️❤️❤️

လက်ရှိမှာ The Genesis မှထွက်ရှိထားတဲ့ Scrub လေးတွေကတော့
1. Coffee Body Scrub
2. Oatmeal Body Scrub
3. Honey & Turmeric Body Scrub
4. Matcha Body Scrub
5. Baking Soda Body Scrub
6. Rose Lip Scrub လေးတို့ပဲဖြစ်ပါတယ် ‼️‼️‼️

The Genesis Scrub လေးတွေကို ၁ပတ်မှာ ၂ကြိမ် (သို့) ၃ကြိမ်အသုံးပြုခြင်းဖြင့် ကြည်လင်ဝင်းပတဲ့အသားအရေကိုတနေ့တခြားပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်❤️

25/09/2020

Stay At Home ကာလမှာ The Genesis ချစ်သူလေးတို့ကို အိမ်မှာနေရင်း အလှအပ ဂရုစိုက်ဖို့ နည်းလမ်း​​လေးတစ်ခုပြောပြချင်လို့ပါ
ဒါလေးကတော့ မိန်းကလေးတွေ အကျီလက်ပြတ်ဝတ်ရင်ဖြစ်ဖြစ်၊ စကပ်အတိုလေး ဝတ်ရင်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ လှနေဖို့ ဒူးခေါင်း / တဒေါင် /ပေါင်ကြား ချိုင်းကြား အသားအရည်လေး ဖြူဝင်းစေဖို့ နည်းလမ်းလေး တစ်ချက်ပြောပြပေးမယ်နော် 😘
မင်မင်ကိုတိုင် သုံးကြည့်ထားပြီး Result လေးကောင်းလို့ ညွှန်းပြပေးတာပါနော် 😍

လိုအပ်တဲ့ပစ္စည်းလေးတွေကတော့

၁။ သံပုယိုသီး(သို့) သံပုရာသီး
၂။ မုန့်ဖုတ်ဆိုဒါ

ပထမဆုံးအနေနဲ့ သံပုယိုသီး (သို့) သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပါ ပြီးရင် မုန့်ဖုတ်ဆိုဒါကို စားပွဲတင်ဇွန်း (၂)ဇွန်းစာကိုယူပြီး အဲ့နစ်မျိုးကို ခွက်တစ်လုံးထဲကိုထည့်ပြီး သေချာမွှေပေးပါ ပြီးရင်ကိုယ်ဖြူချင်တဲ့ ချိုင်းကြား /ဒူးတံဒေါင်တို့ကို ပွတ်လိမ်းပြီး (၁၅မိနစ်)လောက်နေရင်ရေဆေးချပေးလို့ရပါတယ်။
ဒါမှမဟုတ်ပဲ အချိန်မပေးနိုင်ရင်လည်း သံပုရာသီး သို့ သံပုယိုသီး တစ်ခြမ်းပေါ်ကိုမုနိ့ဖုတ်ဆိုဒါတင်ပြီး ပွတ်တိုက်ပေးလို့လည်းရပါတယ်
The Genesis ချစ်သူလေးတို့လည်း ဒီနည်းလမ်းလေးနဲ့လှပနိုင်ကြပါစေနော် 😍

23/09/2020

The Genesis ချစ်သူတို့ရေ Stay Home ကာလမှာ
တက်နိုင်သမျှအပြင်မထွက်ကြပါနဲ့နော် ‼️
ရန်သူဟာ သင်တို့ရဲ့ အနီးအနားမှာ ရှိနေနိုင်တဲ့အတွက်
အပြင်ထွက်တိုင်း Mask ကိုသေချာစွာတတ်ပါ‼️
တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေပါ‼️
လက်ကိုခဏခဏ ဆေးပြီး
The Genesis ကပြောတဲ့ Don’t Let Your Guard Down ဆိုတဲ့စကားလေးကိုသတိရရင်း အမြဲသတိရှိကြပါနော် ❤️

22/09/2020

အတက်နိုင်ဆုံး အိမ်မှာနေပါ ‼️
အပြင်ထွက်တိုင်း မာစ့်ခ်တပ်ဖို့ သတိရပါ‼️
လက်ကို ခဏခဏ ဆေးပါ🤲
ရေချိုးတိုင်း The Genesis ကို သတိရပါ ❤️✨

18/09/2020

The Genesis ချစ်သူတွေကို Oatmeal အကြောင်းပြောပြမယ်နော်။ Oatmeal ကိုအသားအရေ နှင့်အလှအပလိုအပ်ချက်များအတွက်အသုံးပြုနိုင်သည်။
Oatmealလေးဟာ အရေပြားပေါ်ရှိ ဆီများကိုစုပ်ယူပြီးဝက်ခြံများကိုကုသနိုင်သည်။ ချွေးပေါက်များမှာ ပိတ်ဆို့နေသောအမှိုက်နှင့်ဆီများကိုဖယ်ရှားပေးသည်။ ထို့အပြင်Oatmeal သည် ဆီများကို စုပ်ယူသောကြောင့် ဝက်ခြံများကိုကုသနိုင်ပါသည်။ Oatmeal မှာ antioxidant နှင့်ရောင်ရမ်းခြင်းဆန့်ကျင်သောဂုဏ်သတ္တိများသည်အရေပြားခြောက်သွေ့မှုကိုကုသရန်နှင့်အရေပြားဆဲလ်သေများကိုဖယ်ရှားရန်ကူညီပေးပါသည်။ Oats တွင်သဘာဝသန့်စင်ဆေးရည်များဖြစ်သော saponins များပါဝင်ပါတယ်။ သူတို့ကအညစ်အကြေးတွေကိုဖယ်ရှားပြီးအရေပြားကိုဖယ်ရှားပေးပါတယ်။ ဒါဆိုရင်တော့ Oatmeal ရဲ့ကောင်ကျိုးလေးတွေကိုသိလောက်ပြီပေါ့နော်❤️ဒီနေ့မှာတော့ Oatmeal အကြောင်းသိကောင်းစရာများကို The Genesis ချစ်သူတွေအတွက်ပြောပြပေးသွားတာဖြစ်ပါတယ်❤️

15/09/2020

မိမိတို့အသက်ကိုပဓာနမထားပဲ နုလုံးသားဖြင့် အလုပ်လုပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးတစ်ယောက်စီတိုင်းကို The Genesis မှအထူးပင်လေးစား ကျေးဇူးတင်အပ်ပါသည်။ ❤️

14/09/2020

ဟင်းခတ်အမွှေးအကြိုင် အများစုသည် ဆေးဖက်ဝင်အာနိသင်များ အသီးသီး ပိုင်ဆိုင်ထားကြပါသည်။ ထို့အတူ အရောင်အဆင်း၊ အနံ့အရသာကိုပေးသော ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည့် နနွင်းတွင်လည်း ဆေးဖက်ဝင်ဒြပ်ပေါင်းများ ပါဝင်ပါသည်။✨ ကျန်းမာသန်စွမ်းသောအသားအရေသည်အမြဲတမ်းလူတိုင်း၏အိပ်မက်ဖြစ်သည်။ နနွင်းကိုအသုံးပြုခြင်းဖြင့် ရောင်ရမ်းခြင်းကို သက်သာစေပြီး ဝက်ခြံအမာရွက်များကိုသက်သာစေပါတယ် ။ Antioxidants ဓာတ်တွေပါဝက်မှု့ကြောင့် အရွယ်တင်နုပျိုစေပါတယ်။ နနွင်းကို အသုံးပြုခြင်းဖြင့်ဝါဝင်းတောင်ပသော အသားရေကို ပိုင်ဆိုင်နိုင်ပြီး Natural Glow Skin ကိုရရှိမှာပါနော် ✨✨

13/09/2020

Hello 🙋🏻
ဒီနေ့ ညဘက်လေးမှာ 🌛The Genesis Page လေးက ပျိုမေလေးတို့ကို Sharing is Caring ဆိုတဲ့အတိုင်း မှားယွင်းနေတဲ့😵 DIY Skin Care နည်းလေးတစ်ခုကိုမျှဝေပေးမယ်နော် 😊
😨မျက်နှာပေါ်လုံးဝမတင်သင့်တဲ့ 🧏🏻‍♀️
အမှားကြီးမှားနေတဲ့ DIY skincare အချက်လေးထဲက တစ်ချက်ကို ဒီနေ့ညမှာ အရင်ပြောပြပေးမယ်နော် 😨
Lemon/ Lime (ရှောက်သီး/ သံပုရာသီး) လေးကို မျက်နှာပေါ်လုံးဝမတင်သင့်ဘူးနော် 😱
ဘာလို့လဲဆိုတော့ အောက်မှာရှင်းပြပေးပါ့မယ် 😓

ငယ်ငယ်တုန်းက ရှောက်သီးတို့၊ သံပုရာသီးတို့နဲ့ မျက်နှာကပ်ဖူးကြလားဟင်။ မင်မင်တော့လုပ်ဖူးတယ်။ ပြောပြမယ့်လူလည်းမရှိ သိလည်းမသိခဲ့တော့လေ၊ အဲ့ကနေစပြီးချွေးပေါက်တွေကျယ်သွားလိုက်တာ ခုထိပါပဲ 😒။ အဲ့ဒီ့အချဉ်သီးတွေက Vitamin C ပါလို့ဖျော်သောက်၊ သုပ်စား အမောပြေ၊ အအီပြေ၊ အသားအရေအတွက်ကောင်းတယ်၊ အဲ..အဲ..မျက်နှာပေါ်တော့သွားသုံးလိုက်ရင် နှစ်ပေါင်းများစွာ မင်မင့်လိုမျိုးချွေးပေါက်ကျယ်သွားနိုင်တယ်။ ရှောက်သီးမှာ Citric Acid (AHA) တို့ Ascorbic Acid (Vitamin C) တို့ပါပေမဲ့ သဘာဝရှောက်သီးကအက်ဆစ်အပြင်းစား (high concentration)ကြီးပါ။ မျက်နှာပေါ်လိမ်းလို့ရအောင် ဖော်စပ်ထားတာမျိုးမဟုတ်တဲ့ လုံးဝသဘာဝ အသီးကြီးကတော့ မျက်နှာရဲ့ pH ကိုပျက်စီးစေမှာပါပဲ။ မျက်နှာအသားရေရဲ့ pH က 4-6 လောက်ရှိတာပါ။ သဘာဝရှောက်သီးကြီးရဲ့ pH က 2 လောက်ဆိုတော့ တအားကွာပြီး pH balance ကိုပျက်စေမှာပါ။ ပိုဆိုးအသားအရောင်မဲတာဖြစ်စေပါသေးတယ်။ ရှောက်သီးမှာပါတဲ့ အက်ဆစ်ဓါတ်တွေက နေရောင်ခြည်နဲ့ဓါတ်ပြုပြီးအသားအရေကို လောင်ကျွမ်းပြီး အဲ့တော့... Vitamin C serum တို့ AHA toner တို့ပဲသုံးပါ ရှောက်သီးကြီးတော့ မျက်နှာပေါ်မပွတ်ပါနဲ့နော်?🤦🏻😪

💟ဒီနေ့ ဒီတစ်ချက်ပြောပြပြီးပြီးဆိုတော့ Sunday ညရောက်တိုင်း မှားယွင်းနေတဲ့ Skin Care နည်းလေးတွေကိုတစ်ချက်ချင်း Sharing လုပ်ပေးမှာဖြစ်လို့ The Genesis Page လေးကိုအမြဲစောင့်ကြည့်ပေးပါနော် 💟

12/09/2020

September 12 ရက်နေ့ကိုရောက်ရှိလာပြီဆိုတော့ The Genesis ရဲ့ Giveaway အစီအစဉ်လေးကလည်းပြီးဆုံးသွားပါပြီ ✨
မူလအစီအစဉ်အရ Live လွင့်ကာ ကံထူးရှင်များကိုရွေးချယ်သွားရန် စီစဉ်ထားသော်လည်း လက်တလောဖြစ်ပေါ်နေသော အခြေအနေများကြောင့် ကံထူးရှင်များကို Post ဖြင့်သာကြေညာရန် The Genesis Team မှဆုံးဖြတ်ချက်ချလိုက်ပါတယ် ✨
ကံထူးရှင် များအနေဖြင့် The Genesis Page ကို
၁ ပတ်အတွင်းဆက်သွယ်ပေးသွားဖို့ကိုလည်းတောင်းဆိုအပ်ပါတယ် ❤️
​ဒီထက်ပိုကောင်းတဲ့ Giveaway အစီအစဉ်လေးတွေလည်းလုပ်ပေးသွားမှာမို့ မဲမပေါက်တဲ့သူများလည်း စိတ်ဓာတ်မကျနဲ့နော် 😘
The Genesis ကိုအားပေးတဲ့ Genesis ချစ်သူတိုင်းကို The Genesis မှအထူးကျေးဇူးတင်ရှိအပ်ပါတယ်❤️

12/09/2020

The Genesis ချစ်သူတို့ရေ ဒီနေ့မှာတော့ ပျားရည် 🍯 ရဲ့ကောင်းကျိုး အသုံးဝင်ပုံကိုပြောပြမယ်နော်🐝
ကျွန်ုပ်တို့တွေဟာ ပျားရည်ကိုအစားအစာ နဲ့ ဖျော်ရည်တွေမှာ အချိုဓာတ်ရရှိစေရန်အသုံးပြုကြပါတယ်။ဒါ့အပြင်ပျားရည်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကလည်းအပြည့်ပါဝင်နေသေးတယ်နော် 🐝
နေ့စဉ်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းအချို့မှာ ပျားရည်ကိုထည့်သွင်းထုတ်လုပ်ထားတယ်ဆိုတာ သတိထားမိကြရဲ့လား...❓ဒါဆိုဘာလို့ ပျားရည်ကိုဘာကြောင့်အသားအရေအတွက်အသုံးပြုတာလဲ❓ပျားရည်မှာဘာကောင်းကျိုးတွေရှိလို့လဲ ❓

ပျားရည်ဟာ ပိုမွှားတွေကိုသေစေနိုင်ပါတယ်။ ဒါ့အပြင်ရောင်ရမ်းမှု့ကိုသက်သာစေပါတယ်။ အဲ့တာကြောင့် ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းများကိုသက်သာအောင် ပျားရည်ကိုအသုံးပြုကြပါတယ် 🍯🍯🐝🐝
နောက်ထပ်လေ့လာမှု့တွေအရ ပျားရည်ဟာ အရေပြားကိုနုပျိုစိုပြေစေပြီး အိုမင်းခြင်းကိုလျော့ချစေပါတယ် ✨
ဒီနေ့မှာတော့ ပျားရည်အကြောင်းသိကောင်းစရာများကို The Genesis ချစ်သူတွေအတွက်ပြောပြပေးသွားတာဖြစ်ပါတယ်❤️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 20/22, Alan Pya Pagoda Road, Mingalar Taung Nyunt Township
Yangon