Kyaw Healthy

Kyaw Healthy

Share

ကျန်းမာရေးအတွက် ဗဟုသုတများ
ဖြည့်စွက်စာများနှင့်ပတ်သက်သည့်အကြောင်းအရာများကို မျှဝေပေး
သည့်pageဖြစ်သည်

17/01/2026

#သွေးထဲကသကြားတွေဘယ်ကလာတာလဲ?

ဆီးချိုရောဂါ ဆိုတာ သွေးထဲမှာ သကြားများတယ်ဆိုတာ လူတိုင်းသိပါတယ်

သင့်ဆရာဝန်ဆီက ဆီးချိုကျဆေး မပေးခင် သွေးထဲက ဂလူးကို့တွေ ဘယ်ကလာသလဲ ရှင်းပြ ဖူးပါသလား?

ပထမဆုံး Nutritional Science 101
အဟာရဗေဒ သိပ္ပံပညာ ရဲ့ အခြေခံလေး ရှင်းပြဖို့လိုပါတယ်

ပါးစပ်ထဲကို ထည့်ပြီး စားလိုက်သမျှ ခန္တာကိုယ်က နားလည်တာ Macronutrients အနေနဲ့

၁) ပရိုတင်း protein
၂) အဆီဓါတ် fats
၃) ကစီ/ဂလူးကို့ carbohydrates

ရယ်လို့ ၃ မျိုးပဲ ခွဲသိပါတယ်

အဆီဓါတ်နဲ့ ကစီဓါတ်က တော့ ခန္တာကိုယ်ရဲ့ လောင်စာ ဖြစ်ပြီး (ကားမှာဆိုရင် hybrid ကားလို ဒီဇယ် နဲ့ ဘက်ထရီလိုမျိုး) အသည်း ကြွက်သား တင် ခါး စသည်မှာ glycogen နဲ့ အဆီအနေနဲ့ သိမ်းပါတယ် အစာမစားတဲ့ အချိန် ပြန်ထုတ်သုံးနိုင်အောင်ပါ

ဂလူးကို့ ကို glycogen အနေနဲ့ သိမ်းစရာ အများကြီး မရှိပါဘူး
သွေးထဲမှာ ၄ ဂရမ်
အသည်းမှာ ၁၀၀ ဂရမ် နဲ့ ကြွက်သားမှာ ၃၀၀ ဂရမ်
ကယ်လိုရီ အနေနဲ့ဆိုရင် ၁၂၀၀-၂၀၀၀ လောက်
တကိုယ်လုံးမှာ တရက်စာ စွန်းစွန်း လေးပဲ လှောင်နိုင်ပါတယ်

အဆီဓါတ်ကိုတော့ အကန့်အသတ်မဲ့ နီးပါး
adipose tissues တွေထဲ သိုလှောင်နိုင်ပါတယ်
ကယ်လိုရီ အနေနဲ့ဆို ၂၀၀ ၀၀၀ ကျော် အထိ အေးဆေး သိမ်းပါတယိ

သာမန်လူတယောက်ဟာ အနဲဆုံး ၃-၆လ အထိ လိုအပ်တဲ့ လှောင်စာ ကို အဆီဓါတ် အနေနဲ့ သိမ်းထားလေ့ရှိပါတယ်
တချို့ အဝလွန်သူတွေမှာ တနှစ်ကျော်တဲ့ အထိ လုံလောက်တဲ့ လောင်စာ ကို သိမ်းနိုင်ပါတယိ

ဒါကြောင့် ကမ္ဘာ့ အကြာဆုံး fasting (ဘာမှ မစား ရေနဲ့ electrolytes ပဲသောက်တဲ့) က ၃၈၂ ရက် အထိ မှတ်တမ်း တင်ထားပါတယ် ၁၉၆၅ ခုနှစ်ကပါ

ပရိုတင်းဓါတ်ကတော့ (ကားမှာ ဆိုရင် စပယ်ယာပတ် လိုမျိုး ကားတစီးလုံးရဲ့ အစိတ် အပိုင်းအားလုံး) တကိုယ်လုံးရဲ့ အစိတ်အပိုင်းတွေ နေ့စဉ် သေဆုံးသွားတဲ့ ဆဲလ်တွေ အတွက် ပြန်လည် အစားထိုးဖို့ တည်ဆောက်ဖို့ လိုအပ်တဲ့ ကုန်ကြမ်း ဖြစ်တဲ့ amino acids (အမျိုး ၂၀) အဖြစ် ပြောင်းလဲ ပြီး နေ့စဉ် အသုံးချပါတယ်

ခက်တာက ခန္တာကိုယ်ထဲမှာ ပရိုတင်းဓါတ် သိုလှောင်တဲ့ စနနစ် မရှိပါဘူး
လူတယောက်ဟာ ဆဲလ်ပေါင်း ခန့်မှန်းချေ ၃၀ ထရီလီယမ် Trillions ရှိပါတယ်
နေ့တိုင်း သေဆုံးပြီး ပြန်လည် တည်ဆောက်ဖို့ လိုတဲ့ ဆဲလ် ပမာဏက ၆၀ ဘီလီယံ Billions ဖြစ်ပါတယ်

ပရိုတင်းကို သိုလှောင်တဲ့ နေရာ သတ်သတ် မရှိလို့ လိုအပ်တဲ့ amino acids အတွက် ပရိုတင်းဓါတ် (အထူးသဖြင့် အသားငါး မှ) ကို မစားမဖြစ် စားပေးရပါတယ်

တကယ်လို့ ပရိုတင်းဓါတ် မစားရင် သို့ စားတာ နည်းရင် ခန္တာကိုယ်က အသက်ရှင်ဖို့ မရှိမဖြစ်တဲ့ အင်္ဂါတွေ (ဥပမာ နှလုံး အသည်း ဦးနှောက် စသည်) အတွက် အသက်ရှင်ဖို့ သိပ်မလိုတဲ့ နေရာကနေ (ကြွက်သား အရိုး စသည်) ဆွဲထုတ်ပြီး သုံးပါတယ်

ဒါကြောင့် အသက်ကြီးလာလေ ကြွက်သားနည်းလာလေ အရိုးပွလာလေ ဖြစ်တာ အသက်ကြီးလာလို့ မဟုတ်ပါဘူး အထူးသဖြင့် သက်သတ်လွတ် စားတဲ့သူတွေ ခြေလေးခြောင်းသား မစားတဲ့ အမျိုးသမီးတွေ အသက်ကြီးလာရင် ချော်လဲ လိုက်ရင် အရိုး အလွယ်တကူကျိုးတာ တွေ့ရမှာပါ
ဒါကြောင့် နေ့စဉ် လိုအပ်တဲ့ ပရိုတင်းဓါတ်ကို လုံလောက်အောင် မဖြစ်မနေ စားပေးဖို့ လိုပါတယ်

အထက်က ပြောခဲ့တဲ့ macronutrients ၃ မျိုးမှာ
မရှိမဖြစ် လိုအပ်တာ (မစားရင် သေမှာ) က ၂မျိုးပဲ ရှိပါတယ်
အဲဒါကတော့ ပရိုတင်းဓါတ် နဲ့ အဆီဓါတ်ပါ

ကစီဓါတ်/သကြားဓါတ်က သွေးထဲ မှာ လိုအပ်သလောက်ကို အသည်းက Glyconeogenesis
ဆိုတဲ့ လုပ်စဉ်နဲ့ ပရိုတင်းနဲ့ အဆီကနေ ပြောင်းလဲ ထုတ်ပေးနိုင်တဲ့ အတွက် မစားလို့ ဘာမှ မဖြစ်ပါဘူး

အပေါ်ဆုံးက မေးခွန်းကို ပြန်ဖြေ ရရင် သွေးထဲ က သကြားအများစုက ပါးစပ်က လာတာပါ
ကစီဓါတ် မျိုးစုံ အသီးဖျော်ရည် သကြားဓါတ် (အမျိုး ၁၀၀ ကျော်ရှိ) စသည် ပါးစပ်က နေအဆက်မပြတ် နီးပါး (ဆရာဝန်က ၂နာရီ ခြား တခါစားရမယ် ပြောတာကိုး) အချို ဓါတ်တွေ သွင်းနေတော့ ခန္တာကိုယ် က ကိုင်တွယ် နိုင်တဲ့ ခြေဖျက်နိုင်တဲ့ ပမာဏ ထက် အဆပေါင်း ဆယ်ချီ ရာဆီ ကျော်နေတော့ အဆီဓါတ် အနေနဲ့ အသည်းထဲ သိမ်း (အသည်း အဆီဖုံး) အသည်းထဲ မဆန့်တော့ တခြား အင်္ဂါတွေ မှာပါ (ဥပမာ နှလုံး ပန်ကရိယ စသည်) visceral fats နောက်ဆုံး ခါးပေါ် ရောက်လာပါလေရော နှစ် ၂၀-၃၀ လဲ ကြာရော အဆီဆဲလ်တွေ adipocytes တွေက ပုံမှန်ထက် အဆ ၄၀ လောက် ကြီးနေပြီး ဆက်ကြီးလို့လဲ မရတော့ အင်ဆူလင် တွန်းကန် ခြင်း ဖြစ်လာပါလေရော

လိုရင်းက ဆီးချို သမားတွေ ရဲ့ သွေးထဲက သကြားတွေက ပါးစပ်ကလာတာပါ
ပါးစပ်က မရပ်ပဲ ဘာဆေးသောက်သောက် ပြန်မကောင်းပါဘူး

စားလိုက်ရင် သကြားဖြစ်မဲ့ အစာ မှန်သမျှ မစားတော့ရင် အဆမတန် ကြီးနေတဲ့ အဆီဆဲလ်တွေ တဖြေးဖြေး ပြန်သေးလာပြီး အင်ဆူလင် တွန်းကန်ခြင်း ကျလာမယ်
အသည်းထဲ က အဆီ ပြန်ထွက်လာမယ် visceral fats တွေ ထွက်လာမယ် နောက်ဆုံး ခါးပေါ်က အဆီ တွေပါ ထွက်သွားမယ်

အဲချိန်ကျရင် ဆီးချိုလဲ ပုံမှန် သွေးပေါင်လဲ ပုံမှန် နှလုံး ကင်ဆာလဲ ဖြစ်စရာ အခွင့်အရေး ကျလာပါလေရော

ဆီးချိုရောဂါ ဆိုတာ တနည်းအားဖြင့် အဆီဆဲလ်တွေ အဆမတန် ကြီးနေတာ အဆီဆဲလ်ထဲကို အဆီတွေ သွင်းစေတာက ကစီဓါတ်နဲ့ သကြားမျိုးစုံပါ

တနည်းအားဖြင့် carbohydrates intolerant သို့မဟုတ် glucose toxicity ကစီဓါတ် အဆိပ်သင့်ခြင်းလို့ မြင်လိုက်
ရင်
အဆိပ် တမျိုးဖြစ်တဲ့ သကြားနဲ့ ကစီဓါတ် ရှောင်လိုက်တာနဲ့ ဆီးချို ရောဂါ ဟာ သေချာပေါက်ပြန်ကောင်းလာပါလိမ့်မယ်

31/12/2025
24/02/2025

မြန်မာပြည်ရဲ့လက်ရှိအမှန်တရား
•••••••••••••••••••••••••••••••••••••
#ငါတို့..သိန်းတစ်ထောင်လောက်ကုန်ခံပြီး အိမ်ဆောက်တယ် >> ဒါကပုံမှန်ကိစ္စလေးပါဘဲ

#ငါတို့သိန်းတစ်ရာလောက်ကုန်ခံပြီး ကားတွေဝယ်ကြတယ် ဒါလေးပုံမှန်ကိစ္စလေးပါဘဲ

#ငါတို့ သိန်း 20 လောက်ကုန်ခံပြီး ဖုန်းဝယ်တာလဲ ပုံမှန်လေးပါဘဲ

#ငါတို့ သိန်းချီလောက်ကုန်ခံပြီး အဝတ်အစားတွေဝယ်ရင်လဲ ပုံမှန်ကိစ္စဖြစ်နေတုန်းပါ

#ပိုက်ဆံဘယ်လောက်ထိကုန်သွားခဲ့တာလဲ အစားအသောက်အပျော်အပါးတွေနဲ့ အရက် ဘီယာ ဆေးလိပ် ထီ အလောင်းကစားတွေနဲ့ ဒါတွေအားလုံးက ပုံမှန်ကိစ္စလေးပါ .................

ဒါပယ်မဲ့ ထူးဆန်းဒါကတော့
#အကယ်လို့သာကိုယ့်ကျန်းမာရေးအတွက် သိန်းချီလောက်ကုန်ရမယ်ဆိုရင်
#ဘာကြောင့် စျေးများလိုက်တာ?
ငွေကုန်တာ?
နောက်မှလဲရတယ်?
အချိန်မတန်သေးဘူး ?
လို့ပြောကြတာလဲ

မြန်မာပြည်ရဲ့လက်ရှိအမှန်တရားတွေထဲကတခု
အစားအသောက်အဝတ်အထည် အသုံးအဆောင် အလှအပ တွေအတွက် ငွေကို ရေလိုသုံးနေကြပေမယ် ကျန်မားရေးအတွက် ကြိုတင်ကာကွယ်သောက်ရမယ်ဆေး ရောဂါ အတွက်သောက်ရမယ်ဆေးတွေ အတွက်သုံးရမယ်ငွေကြွေးကို မသုံးချင်ကြဖူး
(50ကျပ် ၁၀၀ကျပ်ကအစ အပိုကုန်တယ်ထင်နေတတ်တဲ့အစွဲ)
စျေးပေါတာ စျေးသက်သာတာ ရွေးဝယ်သုံးစွဲနေကြ ဆေးပတ်လည်အောင်ဝယ်မသောက်
ကြ ဘူး

#ယုံကြလားမသိပါဘူး
အသုဘသွားတဲ့ချိန်
သူများတွေက ဘာကြောင့်သေတာလဲလို့ဘဲမေးကြတာပါ
ဘာနဲ့သယ်သွားပြီးမီးရှို့တာလဲ? အခေါင်းစျေးဘယ်လောက်လဲ? လူသေဘာBRAND အင်္ကျီဝတ်တာလဲ ? ဖုန်းဘယ်လောက်တန်သုံးတာလဲ ?
လို့ဘယ်တော့မှမမေးပါဘူး

#အရာအားလုံးကိုနိဂုံးချုပ်လိုက်ရင် ငါတို့ရဲ့တန်ဖိုးက ကား အိမ် ဖုန်း အဝတ်အစား တို့ထက်တန်ဖိုးနည်းတာလား? ဒါမှမဟုတ် "ကျန်းမာရေး" ကပိုပြီးအရာရာအားလုံးထက်အရေးကြီးတာလား???

#ဘယ်လိုထင်ကြလဲနော် #နောက်ဆုံး (STEVE JOBS) ရဲ့စကားတစ်ခွန်း
"ပိုက်ဆံကအရာရာအားလုံးနီးပါးကိုဝယ်နိုင်ပေမဲ့
ကိုယ့်ရဲ့ကျန်းမာရေးကိုတော့မဝယ်နိုင်ပါ ကိုယ့်ကျန်းမာရေးကို သိပ်ပြီးဂရုမစိုက်ဘူးလို့ ဘယ်ချိန်မှာသိကြတတ်လဲဆိုတာ နောက်ကျသွားတဲ့ချိန်မှာပါဘဲ

#ကိုယ့်ကျန်းမာရေးကိုလဲဂရုစိုက်ဖို့မမေ့ကြပါနဲ့
#ကိုယ်ကိုယ်ကိုလဲတန်ဖိုးထားပါ


#ကြိုတင်ကာကွယ်ပါ

04/11/2023

#နေပူထဲသွားရင်_မျက်နာမှာအနီကွက်ကြီးထွက်လာတယ်
#အဆစ်လေးတွေ_ရောင်တယ်_ကိုက်တယ်
ေမကောင်းဖြစ်တယ်

SLE (Systemic Lupus Erythematosus)
#အရေပြားလေးဖက်နာရောဂါ

ဖြစ်တာသိပ်မရှားပေမယ့် ၊ အခု Covid ဖြစ်မှ လူတော်တော်များများ ကြားမိ၊ သတိထားမိလာကြတဲ့ရောဂါပါ။
ရောဂါ လက္ခဏာတွေကများသလို၊ Presentations တွေက စုံတဲ့အတွက် #ဗဟုသုတရစေရန်နှင့်၊ ရောဂါရှိတဲ့ သူများ #ဘာလို့ဖြစ်ရတာလဲ ဆိုတာ သိရှိစေရန် ရည်ရွယ်ပါတယ်။

Auto-Immune disease အမျိုးအစားထဲပါတဲ့ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်ကမောက်ကမ ဖြစ်တဲ့ရောဂါပါ။

ကိုယ်ခံအားက ပိုး တွေဝင်လာမှ တိုက်ဖို့လုပ်တာမဟုတ်ပဲ၊ မိမိ ခန္ဓာကိုယ်ရဲ့ Cells တွေကို ပြန်တိုက်တာပါ။

သူ့မှာရှိတဲ့ ဓာတ်ပစ္စည်းတွေထဲက ရောဂါလက္ခဏာ တော်တော်များများကို ရှင်းပြလို့ရတဲ့ Antibody တစ်မျိုးကို ရှင်းပြချင်ပါတယ်။

SLE (antiphospholipid syndrome)

သူက phospholipid ဆိုတဲ့ အဆီလွှာကို တိုက်ပါတယ်။

ပြဿနာက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က Cells တိုင်းကို ဖုံးအုပ်ထားတဲ့ အလွှာက phospholipid bilayer ပါ။

အဲ့တော့ phospholipid ကို တိုက်တဲ့ Antibody (ဓာတ်ပစ္စည်း) ထွက်တဲ့အတွက်

SLE အရမ်းဆိုးရင် မထိခိုက်တဲ့နေရာမရှိပါဘူး။

👉👉👉
cells တိုင်းကိုတိုက်တော့ နေရာတိုင်း ထိပေမယ့် cell တစ်လုံးစီရှိတဲ့နေရာလေးတွေက လက္ခဏာပိုသိသိသာသာပြပါတယ်
- Photosensitive ဖြစ်တယ်လို့ ခေါ်ပါတယ် နေရောင်နဲ့ထိရင် ရောဂါကြွပါတယ်
- အရေပြား ကသွေးကြော လေးတွေရောင်တော့ #အနီကွက်တွေ ထွက်ပါတယ် (မျက်နှာမှာ , ကိုယ်လုံးမှာ )
- အရေပြား Cells တွေမှာ အမွေးလည်းပါတော့ အမွေးကျွတ်ပါတယ် ဆံပင်ကျွတ်ပါတယ် (Hair loss)
- Mucosa လို့ခေါ်တဲ့ အလွှာတွေကို တိုက်တော့ ပါးစပ်နဲ့ နှာခေါင်းမှာ အနာလေးတွေပေါက်ပါတယ် (Oral and nasal ulceration)
- သွေးကြောလေးတွေရောင်စေတော့ သွေးကြောသေးသေးလေးတွေ အများကြီးစုထားတဲ့ အင်္ဂါ ကျောက်ကပ်ရောင်ပါတယ် (SLE nephritis)
- သွေး cells တွေကိုတိုက်တဲ့ အတွက် သွေးနီဥတွေပေါက်ကုန်ပါတယ်=> သွေးအားနည်းရောဂါရပါတယ် (Haemolytic anaemia) ၊သွေးဖြူဥတွေသေကုန်တဲ့အတွက် (ကူးစက်ရောဂါခဏ ခဏ ဖြစ်ပါတယ်)
- အဆစ်တွေကိုလည်းတိုက်တဲ့ အတွက် အဆစ်ရောင်ပါတယ်
- Serosa ဆိုတဲ့ အရေပြားလို ကိုယ်ခန္ဓာအတွင်းပိုင်းကို အုပ်ထားတဲ့ အလွှာကိုလည်း တိုက်တဲ့အတွက် (Serositis => Pleuritis အဆုတ်အမြှေးပါးရောင်ရင် #ရင်ပတ်အောင့်ပါတယ်၊ Pericarditis နှလုံးအမြှေးပါးရောင်ရင် #ရင်ပတ်အောင့်ပါတယ်၊ peritonitis => ဝမ်းခေါင်းအမြှေးပါးရောင်ရင် #ဗိုက်အောင့်ပါတယ်၊

👉👉👉

SLE လူနာတွေမှာက Antibody က ရှိပြီးသားပေမယ့် အရမ်းအင်အားမကောင်းသေးတဲ့ အချိန် လက္ခဏာမပြသေးပါဘူး။ ဒါပေမယ့် ကိုယ်ခံအားကို လှုံ့ဆော်တဲ့ ကိစ္စတွေရှိလာရင်ရောဂါကြွပါတယ်
- ရောဂါပိုးတစ်ခုခု ဝင်တာ
- ဆေး သောက်လိုက်တာ
- ပြင်ပကနေ Foreign body ဝင်ရင် ကိုယ်ခံအားကြွတဲ့ အတွက် တချို့ SLE လူနာတွေမှာ ကိုယ်ဝန်ရှိသွားတာက ရောဂါ ကြွစေတဲ့ အကြောင်းရင်းဖြစ်သွားပါတယ်

ကလေးဆိုတာ ကိုယ့်သွေးသားဆိုပေမယ့် "အဖေ"ဖြစ်သူရဲ့ DNA တစ်ဝက်ပါပါတယ် အဲ့တော့ Foreign body ပါပဲ။ ကလေးရှိနေတဲ့ အတွက် ကိုယ်ခံအားက ကြွလာပြီး ရောဂါလက္ခဏာတွေ ဆိုးလာရသလို (ကိုယ်ခံအားအရမ်း ကြွလာလျှင် ကလေးကို တိုက်ခိုက်ပစ်လိုက်ပါတယ်)
***SLE လူနာတွေမှာ ကလေး အဖတ်မတင်တတ်ပါဘူး

👉👉👉
#ရောဂါရှိကြောင်း_ဘယ်လိုသိမလဲ ⁉️

- အပေါ်ကရောဂါလက္ခဏာတွေအပြင်
- သွေးစစ်ပါတယ် (ANA, ENA profile)

👉👉👉
#ရောဂါရှိနေပြီ_ဘာလုပ်မလဲ ⁉️

ကိုယ်ခံအားက ပြဿနာဖြစ်နေတဲ့ အတွက်အပြီးပျောက်သွားအောင် မလုပ်နိုင်ပါဘူး။

ကိုယ်ခံအားတရားလွန်ထကြွမနေအောင်နဲ့
ကိုယ်ခံအား ကျသွားမရအောင် ထိန်းညှိပြီးဆေးပေးရပါတယ်။

အဓိက ကတော့ အရောင်ကျဆေးပေးလိုက်တာနဲ့ သက်သာပါတယ် ( )
ရေရှည်မှာ Steroid တွေက အန္တရာယ်ရှိတဲ့ အတွက်
ကိုယ်ခံအားထိန်းညှိဆေး Drugs တွေပေးပါတယ်။
နေရောင်နဲ့ထိရင် ရောဂါပိုကြွစေတဲ့ အတွက်နေပူမခံပါနဲ့။
ဆေးတွေကလည်း ရောဂါပိုကြွစေတဲ့ အတွက် ဆေးတစ်ခုခုသောက်မယ် ဆိုတိုင်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်ပါ

👉👉👉
သတိထားရမှာတွေက မိမိရဲ့ကိုယ်ခံအားကို ထိန်းညှိထားတဲ့အတွက် ပုံမှန်လူတွေလောက် ***ကိုယ်ခံအားမကောင်းပါဘူး
ရောဂါပိုးတွေဝင်လွယ်ပါတယ်
ဆေးတွေကြောင့် ပိုးဝင်ရင်တောင်ချက်ချင်းမဖျားပါဘူး ဖျားပြီဆိုတာ တော်တော်ကိုဆိုးတဲ့ အခြေအနေဖြစ်နေပါပြီ။ ဖျားတာနဲ့ ချက်ချင်း ဆရာဝန်ပြပါ။
TB ရောဂါကူးလွယ်ပါတယ်၊ ဖြစ်လွယ်ပါတယ်
နာနေတတ်တဲ့အတွက် အကိုက်ပျောက်ဆေးတွေအလွယ်သုံးတတ်ပါတယ်၊ ရောဂါကိုယ်တိုင်က ကျောက်ကပ်ကိုထိခိုက်စေတဲ့ အတွက်ကိုယ်ဟာကို အကိုက်ပျောက်ဆေးတွေအလွယ်သုံးရင် ကျောက်ကပ်အမြန်ပျက်တတ်ပါတယ်
ဆေးမီးတိုတွေ လုံးဝ (လုံးဝ) မသောက်ပါနဲ့
👉👉👉
ဒီလောက်ဆိုရင် ရောဂါအကြောင်းနည်းနည်းတီးမိခေါက်မိပြီထင်ပါတယ်။
SLE ရောဂါ ကိုပြသရမယ့်ဆရာဝန်က ပါ။ အရိုးအဆစ်နှင့်လေးဖက်နာအထူးကုဆရာဝန် ဖြစ်ပါတယ်။

(Original post; Nov,2020 👉 https://www.facebook.com/104993831383029/posts/127472875801791/)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

06/10/2023

ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းရဲ့ ကျန်းမာရေးဆုံးမစာ

သက်ရှည် ကျန်းမာ ချင် ကြ ရင် ------

၁. အစာ လျော့ စား ပါ။

၂. စား တဲ့ ပမာဏ ကို လျော့ ပါ။

၃. မလိုအပ် တဲ့ အရသာ ရှိ အောင် ထည့် တဲ့ အပိုတွေ မ သုံး သင့် ပါ။

၎. ရိုးရိုးရေ ဘဲ သောက် ပါ။

၅. အိပ်ရေးဝ အောင် အိပ် ပါ။

၆. လမ်း လျှောက် ပါ။ ကိုယ် လက် လှုပ် ရှား ပါ။

၇. Vegetable oil, Soy bean oil, Corn oil, Canola oil

သုံး ပြီး မီး ပူပူ ဖြင့် ချက် ခြင်း ကို ရှောင် ပါ။

၈. အသား လျော့ စား ပါ။

၉ . အရွက် များ များ စား တဲ့ အကျင့် လုပ် ပေး ပါ။

၁၀ အဆီ စား ပါ။

၁၁. Carbohydrates ဓာတ် ကို လျော့ နိုင် သမျှ လျော့ ပါ။

၁၂. နေ ပူ တစ်နေ့ ကို ၁၅ မိနစ် - နာရီ ဝက် လောက် အထိ ခံ ပါ။

၁၃. မြေ ဓာတ် ယူ တတ် ပါ စေ။

၁၄. အပြင် အစား အသောက် များ လျော့ နိုင် သမျှ လျော့ ပါ။ အိမ် မှာ ချက် စား ပါ။

၁၆. ချဉ် ဖတ် စား တဲ့ အ ကျင့် လုပ် ပေး ပါ။

၁၇. အိမ် လုပ် ဒိန်ချဉ် အ ကောင်း ဆုံး ဖြစ် ပါ တယ်။
ဒိန် ချဉ် လုပ် တဲ့ အခါ Probiotics ဖောက် ထည့် ပါ။

၁၈. Vitamin D3 5000IU မှန်မှန် သောက် ပါ
Vitamin K 2 နဲ့ တွဲ သောက် ပါ။
၁၉ . ကျောက်ပွင့် စား တတ် အောင် လေ့ ကျင့် ပါ။

၂၀. အသီးစား တဲ့ ပမာဏ ကို လျော့ ပါ။

၂၁. တတ် နိုင် တယ် ဆို ရင် လို အပ် တဲ့ ဗီတာမင် နဲ့ အကူဓာတ်စာ များ ကိုမှီ ဝဲ ပါ။

၂၂. ယောနိသောမနသိကာရ ( အကောင်း မြင် ဝါဒ နဲ့ နှလုံးသွင်း ခြင်း ) ရှိ ရင် စိတ် အေး ချမ်း မယ်။

အစာနည်း တဲ့ သူ ဟာ အသက် ရှည် တတ် ပါ တယ်။

စား တဲ့ အစာ ကို ခန္ဓာကိုယ် က စွမ်းအင် ထုတ် တဲ့ အခါ (Krebs Citric Acid Cycle ) မှာ စွမ်းအင် တွေ ထွက် လာ တာ နဲ့ အမျှ ဥပါဒ် ပေး မဲ့ free radicals တွေ လဲ ထွက် လာ လို့ ဖြစ် ပါ တယ်။ ဆေး ကျောင်း တုန်း က သင် ထား တဲ့ အခြေခံ ဖြစ် ပါ တယ်။

Free radical တွေ များ လေ ခန္ဓာကိုယ် ယောင် ကိုင်း လေ ဖြစ် ပါ တယ်။

များများစား လေ ခန္ဓာကိုယ် ယောင် ကိုင်း ဖို့ လမ်း များ လေ ဖြစ် ပါ တယ်။

လူ တွေ အများကြီးစား နေ ကြ တာ ဟာ လဲ များသောအားဖြင့် ရသတဏှာ ကြောင့် ဖြစ် ပါ တယ်။

ရသတဏှာ သည် သံသရာ ၌ ဆင်းရဲ အပေါင်း ကို ဖြစ်စေ တတ် သော ကြောင့် နိကန္တိဘေး မည် ၏။ ( ဝိသုဒ္ဓိမဂ် အာဟာရေ ပဋိက္ကူလ သညာ )

အစာ စား တဲ့ အခါ မမက်မော၊ မတွေဝေ ဘဲ ၊ အလိုရှိ သော အကျိုး ကို သာ ဥာဏ် နဲ့ ယှဉ် ပြီး စား ရ မှာ ဖြစ် ပါ တယ်။

ခရီးခဲ ၌ သား၏ အသား ကိုစား ရ သကဲ့ သို့ ( ဝိသုဒ္ဓိမဂ် )

Credit # Khin Win

The Nobel Prize in Physiology or Medicine 2016 21/09/2023

The Nobel Prize in Physiology or Medicine 2016 The Nobel Prize in Physiology or Medicine 2016 was awarded to Yoshinori Ohsumi "for his discoveries of mechanisms for autophagy"

01/09/2023

ကမာ စားရတာ ကြိုက်လား?

ကမာ၊ ပုစွန်၊ ငါး ပင်လယ်စာ စားသုံးသူတွေကတော့ ကမ္ဘာတစ်ဝှမ်းမှာ အမြောက်အမြားပါပဲ။ တစ်ကမ္ဘာလုံးမှာ အဓိက တင်သွင်းနေရတဲ့ စားသောက်ကုန်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုနောက်ပိုင်း အဏ္ဏဝါ ကမ်းရိုးတန်း ပြုန်းတီးရာကနေ ရေအရည်အသွေးနဲ့ ငါးမျိုးစိတ်တွေ ညစ်ညမ်းလာပါတော့တယ်။

University of California, Cornell University နဲ့ Australia’s University of Queensland ရဲ့ သုတေသနတွေအရ မြန်မာနိုင်ငံ အရှေ့ခြမ်း ကပ္ပလီပင်လယ်မှာ ပလတ်စတစ် အများကြီးတွေ ရှိနေပါတယ်။ အာရှတိုက်က ကမာတွေထဲမှာ ပလတ်စတစ်၊ သုတ်ဆေးတွေနဲ့ ကလေးသောက် နို့မှုန့်များပါဝင်နေတာက ကမ္ဘာလုံးဆိုင်ရာ လူထု ကျန်းမာရေးအန္တရာယ်ကို ပင်လယ်စာ စားသုံးခြင်းကနေ ဖြစ်စေနိုင်တယ်လို့ သုတေသနအသစ် ရှာတွေ့ထားပါတယ်။

မိုက်ခရိုပလတ်စတစ်တွေကို ရေထဲနဲ့ သက်ရှိများ အများအပြားမှာ တွေ့လာရပါပြီ။ အလွန်သေးငယ်တဲ့ ပလတ်စတစ်တွေက ရေနေသတ္တဝါမျိုးစိတ်တွေရဲ့ ကျန်းမာရေးနဲ့ ဂေဟစနစ်ကို ထိခိုက်စေပါတယ်။ ကမာတွေက အရေးကြီးတဲ့ ယဉ်ကျေးမှုနှင့် စီးပွားရေးနဲ့ ဆက်စပ်တဲ့ မျိုးစိတ် ဖြစ်ပါတယ်။

သိပ္ပံပညာရှင်များက မြိတ်မြို့မှ မိုင် ၄၀ ခန့်အကွာရှိ သန္တာကျောက်တန်း (၉) ခုမှာ သုတေသနလုပ်ငန်း လုပ်ခဲ့ပါတယ်။ လေ့လာချက်တွေအရ ပင်လယ်ရေနဲ့ ကမာကောင်တွေမှာ လူတွေကို ထိခိုက်နိုင်တဲ့ ရောဂါပိုး (၅၄၅၉) ခုနဲ့ ဆက်စပ်နေတဲ့ ညစ်ညမ်းစေတတ်တဲ့ ဘတ်တီးရီးယားမျိုးစိတ် (၈၇) ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီရောဂါပိုးတွေရဲ့ ထက်ဝက်ကျော်က လူ့ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ယူဆထားကြပါတယ်။

တစ်ကမ္ဘာလုံးက ကမာကောင်တွေရဲ့ ၉၄% ကို မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုနဲ့ မှတ်တမ်းတင်ထားပြီး ကမာတစ်ကောင်လျှင် ပလတ်စတစ် ပျမ်းမျှ (၁.၄) ခု ပါဝင်နေပါတယ်။ ဒါအပြင် ပင်လယ်ထဲက ကမာကောင်များက မွေးမြူရေးခြံက ပင်လယ်ဟာတွေထက် မိုက်ခရိုပလတ်စတစ်ပမာဏ ပိုများနေတာကိုပါ တွေ့ရပါတယ်။

ကမ္ဘာ့ပရိုတင်းအရင်းအမြစ် ဖြစ်တဲ့ ပင်လယ်စာက အရေးပါတာမို့လို့ ပင်လယ်စာ မညစ်ညမ်းစေဖို့ အရေးကြီးပါတယ်။ ဒီထက်ပိုပြီး ပလတ်စတစ်တွေ မစားသုံးမိခင် ပလတ်စတစ်ကို လျှော့ကာ အမှိုက်ကို စနစ်တကျ ပစ်ဖို့ လိုအပ်နေပါပြီ။

Reference >> https://www.mizzima.com/article/seafood-contamination-found-eastern-andaman-sea-myanmar
Myanmar Ocean Project

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon