Beautiful by May

Beautiful by May

Share

Vintage online shop

Photos from Beautiful by May's post 04/12/2021

😱5000😱မကျော်တဲ့ဈေးလေးနဲ့ ဖက်ရှင်လန်းလန်းတွေ ဝတ်ဖို့ Beautiful by May က တာဝန်ယူပါရစေရှင် 😍

သဲလေးတို့ ❣️ အိမ်နေရင်းပဲ ဝတ်မလား Shopping သွားတဲ့အခါ ဝတ်မလား ဒီဇိုင်းဆန်းလေးနဲ့ဈေးသက်သက်သာသာလေးနဲ့ ရောင်းချပေးနေပါပြီရှင်🥰

Vintage အထည် သန့်သန့်လေးတွေကို လျှော်ဖွတ် မီးပူတိုက်ပီးသားလေးတွေမို့ တန်းဝတ်ယုံပဲနော် သဲလေးတို့ရေ😘

မှာယူလိုပါက (09757814398)or cb သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်❤️💁‍♀️

Photos from Beautiful by May's post 13/10/2021

🌻မင်္ဂလာပါရှင့် သဲလေးတို့ရေ🌻

♥အရမ်းလှတဲ့ Folral တွေပါနော် အသားရောdesignရော ရှယ်ဘဲနော်
အစဖိုးတောင်မရှိလို့အရမ်းတန်နေပြီ ♥️♥️

🌺အပြင်သွား ရုံးတက်အဆင်ပြေတယ်နော် သဲလေးတို့ရေ🌺

💢လျှော်ဖွတ် မီးပူတိုက်ပီးသားပါရှင့်💢

‼️ပုံအောက်မှာ ဈေးနှုန်းလေးတွေပါပါတယ်ရှင့်‼️

🌈ရန်ကုန်မြို့အတွင်း အိမ်အရောက်ငွေချေပါ🌈
နယ်များငွေကြိုလွဲ ရပါတယ်ရှင့်😘

Photos from Beautiful by May's post 10/10/2021

😍Floral လေးတွေမှကြိုက်တဲ့သဲလေးတို့အတွက်😍
💥ကြိုက်တာယူ💥
❗2500/3000/3500❗
💯 Errorကင်း💯

💢လျှော်ဖွတ် မီးပူတိုက်ပီးသားပါရှင့်💢

👚ကြိုက်တဲ့အထည်လေးရွေးပီး cbလာခဲ့လိုက်တော့နော်💁‍♀️

❗ရန်ကုန် အိမ်အရောက်ငွေချေပါရှင့်❗
နယ်မြို့များ ငွေကြိုလွဲရပါတယ်ရှင့်

မှာယူလိုပါက chat box(or) 09-757814398သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🙆‍♀️

Photos from Beautiful by May's post 07/10/2021

မြန်မာအခေါ်အဝေါ် ဘေထုပ် (သို့) Thrift Clothing/ Vintage Clothing 💢💢

Vintage Clothings ဆိုတာ ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တွေပဲဖြစ်ပါတယ်။

Bale ဆိုတာ English လို အစည်းကြီး၊အထုပ်ကြီးလို့ ခေါ်ပါတယ်။အဲဒီအဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...

ဒီ Bale အထုပ်တွေထဲမှာ Brand စုံ၊ အရောင်စုံ၊ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံအစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးအစားအစုံပါပါတယ်.. ✨✨

ပစ္စည်း အသန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...

နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာ..အဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ် 💗💗

Vintage ဝတ်ရတာ...ရှာရတာကြိုက်တဲ့ နိုင်ငံခြားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး.. (မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေးကွက် ရှိနေတယ်ထင်နေမှာစိုးလို့..)

ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်.... 🤗🤗

ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......

✅၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

✅၂ အချက်..... စျေးနှုန်းပါ။ တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် ✔️Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့နော်။ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )

✅၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ ထည်လဲဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့ 😗 တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

✅ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့....

တချို့က ဘေထုပ်မဝတ်ချင်ပါဘူး ရှက်စရာကြီးလို့တွေးကြတယ် တကယ်ကဒါရှက်စရာမဟုတ်ပါဘူး ပတ်ဝန်းကျင်ကပစ္စည်းတွေကို recycle reuse ပေးတဲ့တွက်ပိုတောင်ကောင်းပါသေးတယ် ဘေထုပ်ဝတ်တာရှက်စရာမဟုတ်ပါနော်

အခုလို China boycott ထားတဲ့အချိန်မှာ thrift vintage လေးတွေကို အားပေးသင့်ပါပီ
ကိုယ့် local market လေးတွေကိုအားပေးချင်းဖြင့်
save money💰and save the world🌏

This is win-win situation for sellers and buyers💕

So lets give a second chance to 𝗰𝗹𝗼𝘁𝗵𝗲𝘀 not 𝗽𝗲𝗼𝗽le

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon