S&V skin care & USA Supplements Distrubution

S&V skin care & USA Supplements Distrubution

Share

Which ones are right for your skin? In what order should you be applying these products?

မိတ်ကပ် မျက်နှာ နှင့် အသားရေ လှချင်တယ်ဆို skincare က အဓိကပါနော ချစ်တို့�


So you want to start a skincare routine, but you have some questions: How many products do you have to use? And what do those products even do?
သင့် အသားအရေထိန်းသိမ်းမှုလုပ်ရိုးလုပ်စဉ်ကိုလုပ်ချင်တယ်၊ ဒါပေမယ့်သင်မှာမေးခွန်းတွေရှိတယ် - ထုတ်ကုန်ဘယ်လောက်သုံးရမလဲ။ သင့်အရေပြားအတွက်မည်သည့်အရာများမှန်ကန်သနည်း။ သင်သည်ဤထုတ်ကုန်များကိုအဆင့်ဆင့် ဘယ်လို လိမ်းသင့်သနည်း။ ထိုထုတ်ကုန်ပင်အဘယ်သို့အကျိုးပြုသနည်း

10/11/2022

ကျွန်တော်ဟာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် အလယ်ပိုင်းက ဘူလ်ဒါရွာလေးမှာ ကြီးပြင်းခဲ့ပါတယ်။ ကော်လိုရာဒိုနယ်မြေဟာ လှပတဲ့ကျောက်တောင်ကြီးတွေ ရှိတာကြောင့် ရှု့ခင်းလှပလို့ နာမည်ကျော်ကြားပါတယ်။ ကျောက်တောင်တွေကြားမှာ စိမ်းလန်းပြီး ကျယ် ပြန့်တဲ့ မြက်ခင်းလွင်ပြင်ကြီးတွေ ရှိတယ်။ နွားစားကျက်လုပ်လို့ နေရာကောင်းလို့ အဲဒီမှာကျွဲတွေရော၊ နွားတွေရော တွေ့ရတယ်။ ကမ္ဘာပေါ်မှာ ကျွဲအုပ်နဲ့ နွားအုပ်ကိုအတူတူတွေ့ရတာ ဒီတနေရာထဲ ရှိပါတယ်။အဲဒါကြောင့် ကျွန်တော်ဟာ..ကျွဲတွေနဲ့ နွားတွေရဲ့ သဘာဝကို သေသေ ချာချာ လေ့လာခွင့်ရခဲ့တယ်။ အဲဒီအထဲက လေပြင်းမုန်တိုင်းတိုက်ရင်သူတို့ရဲ့ တုံ့ပြန်ပုံ မတူကြတာပါ။ အနောက်ဖက်ကနေ မုန်တိုင်းလာပြီဆိုတာနဲ့ နွားအုပ်ကြီးဟာ အရှေ့ဖက်ကို ပြေးကြတယ်။ နွားဆိုတာက အပြေးသန်ကြတာမှာ မဟုတ်ဘူး။ ဒါကြောင့် မုန်တိုင်းဟာ ခဏနဲ့ သူတို့ကို မှီလာတယ်။ မုန်တိုင်းရဲ့ လေပြင်းဟာ နွားတွေကို ကစင့်ကရဲ လွင့်စင်သွားစေတယ်။ ဒါကြောင့် ..တချိူ့ နွားတွေဟာ ကျိုးပဲ့ ဒဏ်ရာရကုန်ကြတယ်။ ကျွဲတွေကျတော့ အဲဒီလို မဟုတ်ဘူး။ အနောက်ဖက်က လာနေတဲ့ မုန်တိုင်းကို အားလုံးဟာ ရပ်ပြီး စောင့်နေကြတယ်။

မုန်တိုင်းအနားကို ရောက်ပြီဆိုမှ မုန်တိုင်း တည့်တည့်ဆီကို အတင်းပြေးကြတယ်။ ဒါကြောင့် သူတို့ဟာ မုန်တိုင်းအောက်မှာ ကြာကြာမမိလိုက်ဘဲ ခဏနဲ့ မုန်တိုင်းအောက်က လွတ်သွားကြတယ်။အဲဒီခဏလေးကိုကြိတ်မှိတ်နေလိုက်တော့ ခဏပဲ ဝေဒနာခံစားရတယ်။ကျွန်တော်တို့ဟာ ပြဿနာတစ်ခုခုနဲ့ ကြုံလာရင် အဲဒီကိစ္စကိုပဲ တွေးနေတယ်။စိတ်ပူတယ်။ သောကရောက်တယ်။ကံကောင်းရင် ပြဿနာ အလိုလိုပျောက်ကွယ်သွားမယ်လို့ ထင်နေတယ်။မပျောက်လို့ ကြာလာတော့ စိတ်ဆင်းရဲဝေဒနာ ခံစားနေရတယ်။ အဲဒါ ကော်လိုရာဒိုက နွားတွေလိုပါပဲ။မုန်တိုင်းနဲ့ ဝေးရာဆီကို ပြေးလို့ မုန်တိုင်းအောက်မှာ ကြာကြာမိနေတယ်။ပြဿနာကို မဖြေရှင်းချင်လို့ အချိန်ဆွဲနေမယ်။ပြဿနာနဲ့ ဝေးရာကို ထွက်ပြေးပြီးနေမယ်ဆိုရင်ပြဿနာဟာ နောက်က လိုက်လာမှာပါ။ပြဿနာက ဒုက္ခပေးနေမှာပါ။ပြဿနာဆိုတာ ဖြစ်လာရင်အောင်းထားလို့ မကောင်းဘူး။ ပြဿနာဆိုတာ သူ့ အလိုလို ပျောက်သွားတာမျိူး မဟုတ်ဘူး။ ပျောက်သွားတယ်ဆိုရင် အဲဒါ .. ပြဿနာ မဟုတ်ဘူး။ ဒါကြောင့်..ကျွဲတွေ မုန်တိုင်းကို တည့်တည့်ဝင်တိုးလို့မုန်တိုင်းနဲ့ ခဏပဲ မိပြီး ဝေဒနာမခံစားရသလိုပြဿနာကို မရှောင်ပဲ မြန်မြန်ထက်ထက်ဖြေရှင်းလိုက်ရင်..စိတ်ညစ်၊ စိတ်ဆင်းရဲ သောကဝေဒနာကိုကြာရှည်ခံစားရမှာ မဟုတ်ပါဘူး။

Credit – ဆရာ ဗန်းမော်သိန်းဖေ
&V

10/11/2022

မနေ့ညက ဒီကားလေးကြည့်မိတယ် ကျောင်းသား လူငယ်အချစ်ကားဆိုပေသိ အတုယူစရာလေးတချို့မျှဝေတာပါ
တဦးနဲ့တဦး ချစ်ကြိုက်ပေမယ့် RESPECT ဆိုတဲ့ စည်းလေးတားထားတယ် ဂရုစိုက်မူ နွေးထွေးမူ ကြင်နာမူလေးတွေကိုပြသွားတယ် သူငယ်ချင်းဆိုတာဘယ်လောက်အရေးကြီးပြီးနွေးထွေးလဲဆိုတာပြသွားတယ်
သူဌေးသား သမီးဆိုပြီး အလုပ်မလုပ် ပဲ စာပဲကြိုးစားခိုင်းတာကို မပြထားဘူး
State ကျောင်းသား/သူ ဆိုပေသိ Part time အလုပ်ကို လုပ်တာပြထားတယ်
မင်းသမီးလေးကလဲ အားရင်အားသလို အိမ်ကဆိုင်ထိုင်ကူတာလေးပြထားတယ်
အလုပ်လုပ်နေချိန် မင်းသမီးလေးက နောက်တယောက်နဲ့အတူလာတော့ ခံစားရပေမဲ့ ဝင်မစွတ်ဖက်ဘူး အလုပ်နဲ့ emotionကို မရောပဲပြသွားတယ်
လူငယ်ပီပီ အဆွဲကြီးတာလေးကိုပြထားတယ်
ဘဝမှာ မျှောလင့်ထားသလိုမဖြစ်ဘူးဆိုတာ လေးပြထားတယ်
သရုပ်ဆောင်ကတော့။ ပြောစရာမရှိ


&V

12/07/2022
Photos from S&V skin care & USA Supplements Distrubution's post 02/07/2022

Estée Lauderရဲ့Eye Creamတွေထဲမှာ လူကြိုက်များတဲ့Best Seller Advanced Night Repair Eye 5ml လေးတွေInstockပါနော်🥰
Price - 17,500Ks

မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကို သိသိသာသာလေး လျော့ချပေးနိုင်ပြီး မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေကို လျော့နည်းပျောက်ကင်းစေပါတယ်...
10X Concentrated Repair Technology က အိပ်ရေးပျက်တာ၊ UV၊ Pollution၊ Computer/TV က ထွက်တဲ့ Blue light ကြောင့် မျက်လုံးတဝိုက် နူးညံ့တဲ့အရေပြားကို ထိခိုက်မှုမရှိအောင် protect လုပ်ပေးပါတယ်...
Key sign of aging ဖြစ်တဲ့ အသားအရေခြောက်တာ၊ အရေးအကြောင်းနဲ့ မျက်လုံးအောက်အဆီအိတ်တွေကို သက်သာလျော့ပါးစေပါတယ်
Hyaluronic Acid ပါဝင်လို​ ့ 24hour hydration ပေးနိုင်ပြီး မျက်ကွင်းညိုတာတွေကို ၃ ပတ် အတွင်း မှေးမှိန်လာစေပါတယ်
အသားထဲစိမ့်ဝင်လွယ်တဲ့ gel cream လေးက မျက်လုံးတဝိုက်အသားအရေကို နူးညံ့ချောမွေ့စေပါတယ်
Younger look လေးအတွက် ဝယ်ပြီးရင် နောင်တမရစေတဲ့ pair လေးပါနော်

💯% Authentic 💯
Directly from USA


#💯authenticstore #
🚫အတုအပ လုံးဝလုံးဝမရောင်းပါနော် ☺️🚫

📌ငွေလွဲဝင်ပီးတာနဲ့ ရန်ကုန်၊ မန်းလေး၊ တောင်ကြီး၊ လွိုင်ကော် မြို့ကြီးများကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ရှိပါတယ်ရှင်။Cash On Delivery လဲရပါတယ်နော်။တခြား မြို့ နယ်များကိုလည်း ကားဂိတ်မှ တစ်ဆင့် စျေးသက်သက်သာသာနဲ့ ဝန်ဆောင်မှု ပေးပါတယ် ရှင်။
K pay /KBZ Mobile banking နဲ့လဲ %မယူဘဲလက်ခံပေးပါတယ်ရှင့်

Photos from S&V skin care & USA Supplements Distrubution's post 01/07/2022

❤️Coty Airspun Loose Powder 65g❤️
Price - 23,500Ks
💯 Authentics

Available color
Naturally natural
Translucent Extra Coverage (Best Seller)

✔️တစ်နေကုန် ချွေးထွက်ပြီးမိတ်ကပ်ကွက်တာတွေအတွက်အရမ်းအဆင်ပြေတဲ့Powderမှုန့်လေးပါ❤️

✔️International Bloggersတော်တော်များများလဲ insta videoတွေတော်တော်များများမှာသုံးကြတယ်။

✔️Dupe of Laura Mercier Powder ဆိုတော့ 🥰🥰🥰

✔️အဆီပြန်ခြင်းကိုထိန်းချုပ်ပေးတော့အဆီပြန်တဲ့သူတွေအတွက်အရမ်းအဆင်ပြေတယ်နော်🥰🥰
💥💥 Coty Powderကအတုတွေအရမ်းထွက်တာမလို့ဝယ်တဲ့အခါအရမ်းသတိထားကြပါနော်။💥💥

&V Skincare
#💯authenticstore #
🚫အတုအပ လုံးဝလုံးဝမရောင်းပါနော် ☺️🚫

📌ငွေလွဲဝင်ပီးတာနဲ့ ရန်ကုန်၊ မန်းလေး၊ တောင်ကြီး၊ လွိုင်ကော် မြို့ကြီးများကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ရှိပါတယ်ရှင်။Cash On Delivery လဲရပါတယ်နော်။တခြား မြို့ နယ်များကိုလည်း ကားဂိတ်မှ တစ်ဆင့် စျေးသက်သက်သာသာနဲ့ ဝန်ဆောင်မှု ပေးပါတယ် ရှင်။
K pay /KBZ Mobile banking နဲ့လဲ %မယူဘဲလက်ခံပေးပါတယ်ရှင့်

Photos from S&V skin care & USA Supplements Distrubution's post 27/06/2022

Estée Lauderထဲက Instock တချို့ထပ်ရောက်ထားပါတယ်နော် ❤️

One of my holy grails - Estee Lauder's ANR serum

Lauder's

အခုခေတ်မှာ skincare brand တွေအများကြီးရွေးစရာရှိပြီး ပစ္စည်းတွေကလည်း တစ်နှစ်တစ်နှစ်ကို အများကြီးထွက်တယ် ။ Skincare trend ကိုလိုက်ရင်းနဲ့ ဘယ်ဟာသုံးလို့ သုံးရမယ်မှန်းမသိ ဖြစ်တာမျိုးဖြစ်ကြမှာပါ ။ Skincare ကိုကောင်းတာလေးပဲသုံးချင်တယ် သိပ်ခေါင်းမရှုပ်ချင်တဲ့သူတွေအတွက် ၀ယ်ထားရင်မမှားတဲ့ serum တစ်ခုကို ညွှန်းပေးချင်ပါတယ် ။ ဖြိုးရဲ့ all time favourite product တွေထဲကတစ်ခုပါ ။ အဲ့ဒါကတော့ Estee Lauder ရဲ့ advanced night repair serum ပါ ။ ဖြိုးအရင်ကလည်း Estee Lauder Myanmar အတွက် review ရေးဖူးပါတယ် ။

ANR လို့အတိုခေါ်ကြတဲ့ ဒီ serum က အသက် ၃၀ နောက်ပိုင်းအမျိူးသမီးတွေအတွက် သင့်တော်တဲ့ serum ပါ ။ ဖြိုးကတော့သူ့ကို ၂၅ ကျော်တည်းကလိမ်းဖြစ်တယ် ။ တစ်ခြားဟာတွေစမ်းလိုက် သူ့ဆီပြန်ရောက်သွားလိုက်နဲ့ အမြဲလို၀ယ်ဖြစ်နေတဲ့ serum တစ်ခုပေါ့ ။

ANR ကဘာလုပ်ပေးလည်းဆိုတော့

တစ်ကြိမ်သုံးတဲ့အခါ စပြီးသိသာမှာက
- ညတည်းကလိမ်းထားရင် မနက်အထိ skin အစိုဓါတ်ရနေပြီး တင်းရင်းနေတယ်
- သူ့ကိုစသုံးပြီး ၄ နာရီအတွင်းမှာ ပျက်စီးနေတဲ့ skin barrier တွေကိုစပြုပြင်တယ်

၃ ပတ်ကြာတဲ့အခါ
- အရေးအကြောင်းတွေသက်သာလာတာမြင်ရမယ်

တစ်ပုလင်းကုန်သွားရင်
- အရေပြားတင်းရင်းပြီးနုပျိုကျန်ခဲ့တယ်
- အချိန်ကြာလာတာနဲ့ ချွေးပေါက်ကျယ်တာသက်သာသွားတယ်

သူ့ကိုသုံးရင်းနဲ့ အမြဲလိုသတိထားမိတဲ့ effect က မျက်နှာကနုပျိုနေတာပါ ။ အသက်အရွယ်ငယ်တယ်ထင်ရအောင်လုပ်တာမျိုးမဟုတ်ပဲ ကိုယ့်လက်ရှိအသက်ထက် ကိုယ့် skin ကိုပိုနုပျိုအောင်ထိန်းပေးတာမျိုးပါ ။ သူ့မှာပါတဲ့ skin protection system ထဲမှာစိတ်၀င်စားဖို့ကောင်းတာက ဖုန်းတွေ laptop တွေကနေထွက်တဲ့ blue light ကိုပါကာကွယ်ပေးနိုင်တာပါ ။ အခုနောက်ပိုင်းဆို blue light protection အတွက် skincare သပ်သပ်ထုတ်ကြတာမျိုးတောင်ရှိလို့ အဲ့အချက်လေးကလည်း စိတ်၀င်စားဖို့ကောင်းပါတယ် ။

အရင်ကမသိပဲ အခုမှစာဖတ်ကြည့်ရင်းသိရတာတစ်ခုက ANR ရဲ့ formula မူပိုင်ခွင့်ကို Estee Lauder ရထားတာပါ ။ ဆိုလိုတာကတော့ သူ့လို formula တူ serum မျိုးနောက်တစ်ခု အဲ့အချိန်ထိရှိမှာမဟုတ်ပါဘူး ။ ANR ကြိုက်တဲ့သူတွေ တစ်ခြား brand ကနေ dupe မရှိတာမို့ သူ့ကိုပဲစွဲစွဲမြဲမြဲသုံးဖြစ်ကြတာ အဲ့ဒါကြောင့်မို့လည်းပါမယ်ထင်ပါတယ် ။

သူက skin ကောင်းသွားရင်ရပ်လိုက်တာမျိုးမလုပ်ပဲ ဆက်ပြီးစွဲသုံးသွားမယ်ဆိုလည်း ရတဲ့ serum ပါ ။ Skin နုနေအောင်ထိန်းသွားပေးနိုင်လို့ ကိုယ်ကဒါနဲ့ပဲအဆင်ပြေတယ် တစ်ခြားဟာမပြောင်းချင်ဘူးဆိုလည်း သူ့ကိုပဲဆက်လိမ်းနေလို့ရပါတယ် ။

Estee Lauder မှာ ANR နဲ့တွဲဖက်က Micro Essence ပါ ။ Toner တစ်ခြားဟာမသုံးပဲ Micro essence နဲ့ ANR ကိုတွဲဖို့ အမြဲညွှန်းကြပါတယ် ။ သူတို့ကတစ်ခုနဲ့တစ်ခု အပြန်အလှန်အထောက်အပံ့ပေးပြီး ပိုအာနိသင်တက်စေတဲ့ step 2 ခုပါ ။ Estee Lauder ချည်းပဲသုံးချင်တယ်ဆို အဲ့ ၂ မျိုးကိုတွဲသုံးကြည့်ဖို့ အကြံပြုချင်ပါတယ် ။

ANR မှာ

Standard size - 30ml , 50 ml
Mini size - 7ml
Value size - 115ml ဆိုပြီးလာပါတယ် ။

50ml နဲ့ 30ml ကိုအ၀ယ်များလို့ အဲ့နှစ်ခုကိုအများဆုံးတွေ့ရပါတယ် ။ ကောင်တာတွေမှာလည်းအဲ့ size တွေက standard size ပါ ။ဒီအရောက်ဆိုရင်တော့အဲထက်များနိုင်ပါတယ် ။

Advanced Night Repair ဆိုလို့ ညဖက်ပဲလိမ်းလို့ရတာ မဟုတ်ပါဘူး ။ မနက်ရော ညရောလိမ်းလို့ရပါတယ်ရှင့် ။ အဲ့ဒါလေးအမြဲမှားတတ်ကြလို့ပါ ။

27/06/2022

🤎Innisfree Black Tea Kit Set🤎
Price......10,000Ks
#100%Authentic
Import


Healing Setလေးဖြစ်ပြီး အသားအရည်ကို
ပြန်လည်ပြုပြင်ပေးနိုင်တဲ့ ရည်ရွယ်ချက်နဲ့
ထုတ်လုပ်ထားတာပါ။

✅ အသားရေခြောက်သွေ့ခြင်း
✅ အသားရေညစ်တစ်တစ်ဖြစ်ခြင်း
✅ အသားရေကြမ်းတမ်းခြင်း
✅ အသားရောင်မညီမညာဖြစ်ခြင်း နှင့်
✅ အထိခိုက်မခံလွယ်သော Sensitive Skin ပိုင်ရှင်များအတွက် အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ နော် 😍

🤎Skinလေးက ခြောက်နေတဲ့အသားအရည်ကိုစိုပြေကြည်လင်စေပါတယ်။

🤎Lotionကတော့ အသားအရောင် မညီညာခြင်းကို‌သက်သာစေပြီး အမဲစက်နဲ့ တင်းတိတ်တွေကိုလျော့နည်းစေပါတယ်။

🤎သူ့မှာပါတဲ့ Ampouleလေးက အဆီပါဝင်နှုန်းများတာကြောင့် အရေးအကြောင်းနဲ့ အသားအရည်လျော့ရဲခြင်းကိုလည်း ကာကွယ်ပေးပြီး အသားကို တင်းရင်းစေပါတယ်။

🤎Creamလေးက အာဟာရဓာတ်နဲ့
ရေဓာတ်ကိုပြည့်ဝစေလို့ နုပျိုစေပါတယ်။


#💯authenticstore #
🚫အတုအပ လုံးဝလုံးဝမရောင်းပါနော် ☺️🚫

📌ငွေလွဲဝင်ပီးတာနဲ့ ရန်ကုန်၊ မန်းလေး၊ တောင်ကြီး၊ လွိုင်ကော် မြို့ကြီးများကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ရှိပါတယ်ရှင်။Cash On Delivery လဲရပါတယ်နော်။တခြား မြို့ နယ်များကိုလည်း ကားဂိတ်မှ တစ်ဆင့် စျေးသက်သက်သာသာနဲ့ ဝန်ဆောင်မှု ပေးပါတယ် ရှင်။
K pay /KBZ Mobile banking နဲ့လဲ %မယူဘဲလက်ခံပေးပါတယ်ရှင့်

27/06/2022

Korea’s Best Seller ( JM Solution )ထဲက Tonerနဲ့ Essence ထဲက Instock ရှိတဲ့ ပစ္စည်းလေးတွေပါနော် 🥰
From Korea

JM Solution Toner - 15,500Ks
JM Solution Essence☆ 23,000Ks

Solution Essence
-
Essence က ဘယ်Tonerနဲ့ဘဲတွဲရက်သုံးသုံး သုံးလို့ရတယ်နော် ယူရင်လဲ ထပ်လျော့ပေးမယ်နော်😍

27/06/2022

LotionတွေInstockပါနော်
💯💯Quality ကောင်းတာမှ လိုချင်သူများ ကြိုက်သူများအတွUSA Vaseline Bodyက် USA Made လေးတွေဝယ်လို့ရပါပီ 🇺🇸
Price - 15,500ks( #600 ml )
Made in USA🇺🇸
#100% Authentic 💗

👉Vaseline USA ရဲ့Smart pump လေးဟာဆိုရင်
ဖောက်ပီးရင်လေခိုပီးမဝင်အောင်ပြန်လှည့်ပိတ်ထားလို့ရပါတယ် (lotionအာနိသင်ကိုထိန်းထားနိုင်တာမျိုးပါ) ပြီးရင်အများကြီးဒလဟောထွက်မလာအောင် ထိန်းထားပေးတဲ့pump typeလေးနဲ့ပါ

ရွေးချယ်စရာ အရောင်(7) မျိုးရှိပါမယ်နော်

🍯Vaseline intensive Essential Healing 🍯
အဝါရောင်ဘူးလေးကတော့ ပထမဆုံးတစ်ကြိမ်လိမ်းလိမ်းချင်းမှာတင် အရေပြားလွှာအဆင့်ဆင့်ကို နက်နက် နဲနဲ ဝင်ရောက်ပြီး ရေဓာတ်ဖြည့်ပေးပါတယ်။ တစ်လလောက် ဆက်တိုက်သုံးပြီးရင် အသားပတ်တတ်တဲ့အသားရည်မျိုးကိုတောင် ၃ပတ်လောက်ထိ စိုစိုပြေပြေဆက်ရှိစေတဲ့လို့ စမ်းသပ်ရလဒ်တွေထွက်ထားပါတယ်။အရေပြားယားတာတွေ/ခြောက်တာတွေ/ကုတ်ပြီးကျန်ခဲ့တဲ့အမဲကွက်တွေကိုပျောက်ကင်းစေပါတယ်။

🌵Aloe Soothing Hydration 🌵
သဘာဝ ရှားစောင်း အနံ့ လေးကြောင့် စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ် အသားခြောက်ပြီး ကြမ်းတမ်းခြင်းတို့ကို သက်သာစေပါတယ် အရေပြားအတွင်းအလွှာထိ ရေဓာ တ်ပြည့်ဝစေပြီး အသားရေကို နူးညံ့ချောမွတ်စေပါတယ်

💦Advanced Repair Moisture 💦
ဒီLotionရဲ့Nicknameလေးကတော့ "Relief Elixir" လေးပါ အသားအရေကိုငြိမ်သက်မှုဖြစ်စေတာပါ နေလောင်ဒဏ်ကြောင့်ပျက်စီးတာမျိုး၊ ပြီးတော့ အသားအရေ မတရားscrubတွေတိုက်လို့ အသားတွေကခြောက်‌ကြမ်းကြမ်းကြီးနဲ့ ဖြစ်နေရင်တော့ ဒါလေးသုံးကြည့် 🔥 အာနိသင်သိသိသာသာကိုတွေ့ရမှာပါ အနံ့ဆူးတာတွေAllergyရှိရင်ဒါကိုလုံးဝရွေးချယ်သင့်တယ် ဘာလို့ဆို သူက Unscented typeမို့လို့ပါနော်ချစ်တို့နေဒဏ်လေဒဏ်ကြောင့် အသားရေပျက်စီးနေသူများ,အသားရေခြောက်သွေ့ ကြမ်းတမ်းနေသူများအတွက် သင့်တော်ပါတယ် အရေပြားအတွင်းပိုင်းအလွှာထိ စိမ့်ဝင်လွယ်ပြီး စေးကပ်မှုမရှိတဲ့အပြင် အနံ့မပါဝင်ပါ။သူကတော့ တစ်ပတ်အတွင်း အသားရေကိုပြန်လည်ဖြူဝင်းစေပါတယ်

🌰🍫Cocoa Radiant (💥Best Seller 💥)
အသားအရေမွဲခြောက်သူများ၊ အသားအရေကြည်လင်ဝင်းပလိုသူများအတွက်ပါ Cocoa butter ပါဝင်လို့ အသားအရေကိုစိုပြည်ဝင်းပစေပါတယ်အသားပေါ်တင်လိုက်တာနဲ့ အလွယ်တကူစိမ့်ဝင်လွယ်ပြီးစေးကပ်မှုမရှိပါဘူး🍫🌰အနံ့လေးက ချောကလက်အနံ့မွှေးမွှေးလေးနှင့် အသားရေကို သဘာဝအတိုင်း glow ဖြစ်စေပါတယ် ‌ဖြူတာမျိုးမဟုတ်ပဲကြည်ပြီး စိုအိလာတာပါ

🫘Vaseline Almond Smooth Lotion 🫘
Vaseline ရဲ့ အသစ်ထွက်တဲ့ body Lotion လေးက Pure almond oil, Vitamin E တို့ပါဝင်တာကြောင့် အသားအရေ ညစ်နွမ်းခြင်းကို စိုပြေပြီး ဝင်းစေပါတယ် ♥️
ခြောက်သွေ့ကြမ်းတမ်းတဲ့ အသားအရေကို နူးညံ့ချောမွေ့စေပြီး ရေဓာတ်ပြည့်ဝ ကြည်လင်တဲ့ အသားအရေလေးပိုင်ဆိုင်စေမှာပါရှင့် 😍
Coco radiant လေးလို အာနိသင်နဲ့ texture လေးအရမ်းကြိုက်ပြီး coconut 🥥 အနံ့ မကြိုက်လို့ မသုံးဖြစ်တဲ့ ချစ်တို့ရှိရင် ဒါလေး tryကြည့်နော်☺️

💜Lavender Calm Healing💜
100% Lavender Extract နဲ့ပြုလုပ်ထားတာမို့ ညဘက်လိမ်းအိပ်ရင် calming ဖြစ်စေမှာအသေအချာဘဲ။အသားခြောက်သူများတစ်ပါတ်အတွင်း စိုပြေစေပါတယ်ရှင်။micro-droplets of Vaseline Jelly ကြောင့်အသားအရည်ပျက်စီးခြင်းရှိခဲ့ပါက အတွင်းဆုံးအလွှာထိ ပြုပြင်ပေးပါတယိ။
အနံ့မဆူးသလို လိမ်းလိုက်ရင်စေးကပ်ခြင်းလုံးဝမရှိဘူး။ Lavender ရနံ့သင်းသင်းလေးမို့ ရနံ့ကတော့ အရမ်းကောင်း။
B3 Niaciamide ပါတာမို့ အမာရွတ်ရှိတဲ့အသားအရည်ဆိုလဲ တစ်ဖြည်းဖြည်းမှိန်ပြီး ပျောက်ကင်းစေမယ်နော်

🎀 Daily Brightening Even Tone Lotion🎀
🎀Vaseline ရဲ့ အသစ်ထွက်တဲ့ Daily Brightening Even Tone Lotion လေးကအသားရည်ကို 2 ပတ်အတွင်း ကြည်လင်ဝင်းပစေပါတယ်🎀
🤙Triple Sunscreens ပါတော့ UV သီးသန့်ကြီး ဝယ်လိမ်းစရာမလိုတော့ဘဲ တစ်မျိုးတည်းနဲ့ UV ပါ ကာကွယ်ပီးသားဖြစ်လို့ အရမ်းအဆင်ပြေပါတယ်
👉Non Greasy Formula မို့ လိမ်းရတာ စေးကပ်မှု မရှိဘဲ အသားထဲကိုစိမ့်ဝင်လွယ်စေတယ်
👉Vitamin B3 ပါဝင်ပီး အသားရည် ပျက်စီးတာကို ပြုပြင်ပေးတယ်။ရေဓာတ်ပြည့်ဝစေတယ်။
👉အမဲစက် နဲ့ အမာရွတ်လေးတွေ ကိုလည်း သက်သာစေပြီး အသားရည်ကို ကြည်လင်ဖြူဝင်းလာစေပါတယ်နော်

Vaseline USA lotion တွေက
👉စေးကပ်မှုလုံးဝမရှိပါ
👉 QC passed မို့စိတ်ချသာသုံးနော်

Glow ချင်တဲ့ သူတွေကတော့ Vaselineကထုတ်တဲ့ Body Oilလေးနဲ့တွဲသုံးရင် ရှယ်Glowပါတယ်နော်
Price - 15,500Ks
Review Link

https://www.facebook.com/102091832209278/posts/144614937956967/?d=n

📌ငွေလွဲဝင်ပီးတာနဲ့ ရန်ကုန်၊ မန်းလေး၊ တောင်ကြီး၊ လွိုင်ကော် မြို့ကြီးများကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ရှိပါတယ်ရှင်။Cash On Delivery လဲရပါတယ်နော်။တခြား မြို့ နယ်များကိုလည်း ကားဂိတ်မှ တစ်ဆင့် စျေးသက်သက်သာသာနဲ့ ဝန်ဆောင်မှု ပေးပါတယ် ရှင်။
K pay /KBZ Mobile banking နဲ့လဲ %မယူဘဲလက်ခံပေးပါတယ်ရှင့်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00