Lady S Beauty Collection

Lady S Beauty Collection

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lady S Beauty Collection, Health/Beauty, Yangon.

17/04/2024

နှစ်သစ်ဆုတောင်း🪷

🌷ငြိမ်းချမ်းသောအရပ်မှာနေထိုင်ခွင့်ရ၍ ပိုကောင်းတဲ့အနာဂတ်ကိုသာပိုင်ဆိုင်ခွင့်ရပါစေ

🌷အပူအပင်ကင်းကင်းအိပ်စက်ပြီး အေးချမ်းစွာနိုးထနိုင်ပါစေ

🌷ရင်တွင်းတေးသံကြည်လင်၍ အမုန်းတရားများလည်းကင်းပါစေ

🌷ရရှိသောမေတ္တာချိုမြိန်၍ စိတ်နေမြင့်သူနဲ့သာ ဆုံတွေ့ပါစေ

🌷ထပ်တူမျှတဲ့ချစ်ခြင်းတွေနဲ့ ချစ်သူများလည်းပျော်ရွှင်ပါစေ

🌷ပန်းကလေးများမွှေး စမ်းကလေးများအေးသလို သာယာတဲ့ဘဝကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ

Credit

15/02/2024

💢မျက်စိညောင်းရင် ဒီလို နှိပ်နယ်ပေးပါ

♦️မျက်စိညောင်းတာကို နှိပ်နယ်ပေးလို့ ရလား?

မျက်စိညောင်းတာကို နှိပ်နယ်ပေးလို့ ရပါတယ်။ ဘယ်လို နှိပ်နယ်ပေးရမလဲဆိုတော့ မျက်လုံးတဝိုက်ကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေး နှိပ်နယ်ပေးတာပါ။ ဒီနေရာမှာ အရေးကြီးတာ လက်ချောင်းလေးတွေကို သုံးပြီး မျက်လုံးတဝိုက်ကို နှိပ်တဲ့အခါ အားကို အရမ်းစိုက်တာမျိုး မဟုတ်ဘဲ အတော်အသင့်လေးပဲ အားစိုက်ဖို့ပါ။ အရမ်း အားသုံးမိရင် နာကျင်စေနိုင်တာကြောင့်ပါ။

မျက်လုံးတဝိုက်ကို နှိပ်တဲ့အခါ ညောင်းညာမှု ပြေစေဖို့နဲ့ သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် စက်ဝိုင်းပုံလေး နှိပ်ပေးရမှာပါ။ ဒါမှလည်း ကောင်းမွန်တဲ့ ရလဒ်ကို ရမှာပါ။

♦️မျက်စိညောင်းရင် ဒီလို နှိပ်နယ်ပေးပါ

မျက်စိညောင်းတာကို သက်သာစေဖို့အတွက် အချိန်အားဖြင့် ၂ မိနစ်လောက်ပဲ လိုအပ်မှာပါ။ ကွန်ပျူတာသုံးရင်း အချိန်ခဏနားပြီး မျက်စိလေးတွေကို နှိပ်နယ်ပေးလို့ ရပါတယ်။

အရင်ဆုံး လုပ်ရမှာ တစ်ခုက မျက်စိညောင်းတာ မျက်သားခြောက်တာတွေကို သက်သာစေဖို့အတွက် မျက်တောင်ကို ခဏခဏ ခတ်ပေးရပါမယ်။ တစ်မိနစ်ကို ၃ ကြိမ် ကနေ ၄ ကြိမ်လောက် ခတ်ပေးရမှာပါ။ ဒီလို လုပ်ပေးတာက မျက်စိတွေ ပင်ပန်းတာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။ ကဲ … မျက်စိလေးတွေကို အညောင်းပြေစေဖို့ စပြီး နှိပ်နယ်ပေးလိုက်ရအောင်နော်။

✔️အဆင့် – ၁ မျက်ရိုးတွေကို နှိပ်နယ်ပေးပါ

ဒီလို နှိပ်နယ်ဖို့ မျက်လုံးလေးတွေကို မှိတ်လိုက်ပါ။ မျက်ရိုးတွေကို နှိပ်ဖို့ လက်ခလယ်လေးကို အသုံးပြုပေးပါ။ အရင်ဆုံး နှာရိုးအစပ် မျက်ခုံးမွှေး အစကနေ စပြီး နှိပ်ပေးပါ မျက်ခုံး အဆုံးရောက်တဲ့ အထိပေါ့။ မျက်ခုံး ဒီဖက်ထိပ် ကနေ ဟိုဖက်ထိပ်၊ ဟိုဖက်ထိပ် ကနေ ဒီဖက်ထိပ် ၈ ကြိမ် ကနေ ၁၀ ကြိမ်လောက် အပြန်ပြန် အလှန်လှန် နှိပ်ပေးပါ။

ဒီလို နှိပ်ပေးတာက မျက်နှာနဲ့ မျက်လုံးတဝိုက်မှာ သွေးစီးဆင်းမှု ကောင်းစေသလို မျက်လုံးတဝိုက်က ဆဲလ်တွေကို အောက်ဆီဂျင်နဲ့ လိုအပ်တဲ့ အာဟာရတွေကို ရရှိစေဖို့ ထောက်ကူပေးမှာပါ။

✔️အဆင့် – ၂ နားထင်နဲ့ မျက်ခုံး အလယ်နားကို နှိပ်ပေးပါ

အရင်ဆုံး လက်ညှိုးလေးတွေကို မျက်ခုံးအစပ် မျက်စိ ၂ လုံး အလယ်နားမှာ ထားပေးပါ။ လက်မကိုတော့ နားထင်နားမှာ ထားပေးပါ။ ပြီးရင်တော့ လက်ကလေးတွေကို အလိုက်သင့် ရွေ့လျားရင်း နားထင်နဲ့ မျက်ခုံးမွေးတလျှောက်ကို နှိပ်ပေးပါ။ ဒီလို လုပ်ပေးတာက မျက်လုံးတဝိုက်က ကြွက်သားတွေကို လှုံ့ဆော်ပေးပြီး မျက်စိညောင်းတာကို သက်သာစေမှာပါ။

✔️အဆင့် – ၃ မျက်လုံး ၂ ခုကြားကို နှိပ်ပေးပါ

နှာရိုးရဲ့ တစ်ဖက်တစ်ချက် မျက်စိထောင့်လေးကို နှိပ်ပေးပါ။ ဒီလို နှိပ်တဲ့အခါ လက်ညှိုးနဲ့ လက်မလေးကို သုံးပြီး ခပ်ဖွဖွလေး နှိပ်ပေးပါ။ ၅ ကျော့လောက် နှိပ်ပေးပါ။ ဒီလို လုပ်ပေးတာက မျက်လုံးပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကို သက်သာစေနိုင်ပါတယ်။

✔️အဆင့် – ၄ နားထင်နဲ့ ဆံစပ်တွေကို နှိပ်ပေးပါ

လက်ချောင်းလေးတွေကို သုံးလို့မျက်ခုံးစပ် နားထင်နားကနေ ဆံစပ်အထိ နှိပ်ပေးပါ။ အပေါ်ကို ရွှေ့လိုက်၊ အောက်ကို ရွှေ့လိုက် နှိပ်ပေးပါ။ ၁ မိနစ်ကြာအောင် ဆက်တိုက်လေး နှိပ်ပေးပါ။ ဒီလို နှိပ်ပေးတာက နားထင်တဝိုက်က တင်းအားတွေကို ပြေလျော့စေနိုင်ပြီး သက်တောင့်သက်သာလေး ဖြစ်စေနိုင်ပါတယ်။

✔️အဆင့် – ၅ ဦးခေါင်းနောက်ဖက်ကို နှိပ်ပေးပါ

လက်ချောင်းလေးတွေကို အသုံးပြုလို့ ဦးခေါင်းရဲ့ နောက်ဖက်ခြမ်းကို နှိပ်ပေးပါ။ အထူးသဖြင့် မျက်စိနောက်ဖက်ခြမ်းကိုပါ။ ၁ မိနစ်လောက် ဆက်တိုက်လေး နှိပ်ပေးပါ။

ဒီလို နှိပ်ပေးတာက မျက်လုံးတွေ ညောင်းတာကို သက်သာစေသလို မျက်စိတဝိုက်က ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေသလို မျက်လုံးမှာ သက်ရောက်နေတဲ့ တင်းအားတွေကို ပြေလျော့စေမှာပါ။

to Original

04/02/2024

💗Avocado-Seed Scrub💗(Face Scrub)
🥑ထောပတ်စေ့မှုန့် ပါဝင်တာကြောင့် တင်းတိတ် ၊အမဲစက်တွေ သက်သာစေပါတယ်
🍓စတော်ဘယ်ရီမှုန့် ပါဝင်တာကြောင့် ဆားဝက်ခြံတွေကို သက်သာစေတယ်
🥑Avocado Oil ပါတာကြောင့် အသားရေကိုစိုပြေစေတယ်
🥛Goat Milk ပါဝင်တာကြောင့်လဲ အသားရေကို 2ဆ ဖြူဝင်းစေပါတယ်
✔️အနံ့လေးကလဲ သင်းသင်းလေးမို့ သုံးလို့အရမ်းကောင်း
✔️လုံးဝ Scrub သားနုနုလေးကိုမှ ကြိုက်တဲ့ Lady လေးတွေအတွက် သိပ်အဆင်ပြေပါတယ်နော်
✔️သုံးပြီးတာနဲ့လဲ မျက်နှာလေးက စိုစိုအိအိကြည်ကြည်ဝင်းဝင်းလေး ကျန်နေခဲ့မှာအမှန်ပါပဲ
✅️Price - 350ML - 11,000 Ks
💁‍♀️အမြို့မြို့ အနယ်နယ်ကိုလည်း ပို့ဆောင်ပေးနေပါပြီ
💁‍♀️မြို့နယ်အလိုက် ပို့ခလေးတွေ ကျသင့်ပါမယ်နော်
💁‍♀️Page Messenger (သို့) 09944033325 မှ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်
-Myanmar
Skin Care
S Beauty Collection

Photos from Lady S Beauty Collection's post 03/02/2024

Local Brand လေးဖြစ်တဲ့ CZ-Myanmar ရဲ့ Organic Skin Care Product လေးတွေက
✨️Product Quality ကလဲ သုံးဖူးသူတိုင်း ကြိုက်ကြပြီး
✨️Review ကောင်းတွေများစွာ ရရှိထားပါတယ်နော်

💥Order to cb (or) 09-944033325

22/01/2024

💢ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့အကျိုးကျေးဇူး

နွေရာသီလိုမျိုး ပူပြင်းတဲ့ရာသီမှာ ရေကို ခဏခဏ သောက်မိနိုင်ပေမယ့် ဆောင်းရာသီလိုမျိုး အေးတဲ့ကာလမျိုးမှာတော့ နွေရာသီလောက် ရေသောက်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ တကယ်ကတော့ ဆောင်းရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်မိဖို့ လိုပါမယ်။

💥ဆောင်းရာသီမှာ ရေများများ သောက်ဖို့ ဘာကြောင့် လိုအပ်တာလဲ!

ဆောင်းရာသီမှာ နွေလောက် မပူဘူးဆိုပေမယ့် ပတ်ဝန်းကျင်က အေးမြခြောက်သွေ့ပြီး လေထုထဲမှာလည်း စိုထိုင်းဆတွေ နည်းနေနိုင်ပါတယ်။ ဒီလိုအခြေအနေကပဲ ချွေးစေးပြန်ပြီး ချွေးခြောက်ဖို့ ခက်တာကြောင့် ကိုယ်တွင်းမှာ အပူတွေ များနေတတ်ပါတယ်။
ဒါ့ပြင် ဆောင်းရာသီမှာ လေ့ကျင့်ခန်း လုပ်ရင်းဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရင်း ချွေးထွက်နိုင်သလို အေးမြတဲ့ ရာသီဥတု အခြေအနေကြောင့် ဆီးခဏခဏ သွားရတာကလည်း ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေမှာပါ။ ဒါကြောင့် ရေလုံလောက်အောင် မသောက်မိရင် ကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာကို ဖြစ်စေနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝမှုက ရာသီတိုင်းအတွက် အရေးပါတာကြောင့် ဆောင်းရာသီမှာလည်း ရေများများ သောက်ဖို့ လိုအပ်ပါမယ်။

💥ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး

ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကတော့ –

✨️ကိုယ်ခံအား ကောင်းစေမယ်✨️

ဆောင်းရာသီက လေထုထဲမှာ ပိုးမွှားတွေ များနေတဲ့အချိန်ပါတယ်။ ဒီလိုမျိုး မတော်တဆ ဖျားနာမှုတွေ၊ ရောဂါပိုးဝင် ကူးစက်မှုတွေကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေခြင်းက ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။

ဒါကြောင့် ဆောင်းရာသီမှာ ဖျားနာမှု ကင်းချင်တယ်ဆိုရင်တော့ ရေကို လုံလောက်အောင် သောက်မိဖို့ လိုပါမယ်။

✨️အသားအရေ ခြောက်သွေ့မှု ကင်းစေမယ်✨️

ဆောင်းရာသီမှာ အေးမြခြောက်သွေ့တဲ့ လေထုကြောင့်ရော ရေသောက်နည်းတာကြောင့်ပါ အသားအရေ ခြောက်သွေ့တာ၊ အသားအရေ ကြမ်းတမ်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အရေပြား ပြဿနာ ကင်းပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ ကနေ ၃ လီတာလောက် သောက်ပေးပါ။

✨️ ချွေးထွက်များတာကြောင့် ရေဓာတ်ဆုံးရှုံးတာကို သက်သာစေမယ်✨️

ဆောင်းရာသီမှာ လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ကြတာကြောင့်ဖြစ်ဖြစ် ချွေးထွက်ပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့ ရေကို ပြည့်ပြည့်ဝဝ သောက်ဖို့ လိုပါမယ်။ ရေအပြင် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကို ပြည့်ဝစေဖို့ဆိုရင် ဓာတ်ဆားဖြည့်ဖျော်ရည်ကို သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။

✨️ ဆံသားတွေ ကျန်းမာသန်စွမ်းစေမယ်✨️

ဆောင်းရာသီမှာ ဆံသားခြောက်တာ၊ ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ကင်းဝေးချင်တယ် ဆိုရင်တော့ ရေများများ သောက်ပေးပါ။ ရေဓာတ် ပြည့်ဝတာက ဦးရေပြား ကျန်းမာစေပြီး ဆံသားတွေကိုလည်း ကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။

✨️ကိုယ်လက်ကိုက်ခဲမှု ကင်းစေတယ်✨️

ရေများများ သောက်တာက ခန္ဓာကိုယ်ထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ကြွက်သားတွေ အရိုးအဆစ်တွေဆီကို သွေးရောက်ရှိစေပါတယ်။ ဒီလိုမျိုး သွေးစီးဆင်းလည်ပတ်မှု ကောင်းတာက ကိုက်ခဲတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

✨️လန်းဆန်းစေတယ်✨️

ရေက ခန္ဓာကိုယ်တွင်းမှာ လန်းဆန်းပြီး အင်အားပြည့်ဝစေဖို့ လုပ်ဆောင်ပေးပါတယ်။ ရေသောက်ပေးတာ အပြင် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးလို့လည်း ရပါတယ်။

ဒါကြောင့် ဆောင်းရာသီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် နေ့ရက်တိုင်းမှာ ရေဓာတ် ပြည့်ဝအောင် သောက်ပေးဖို့ လိုပါမယ်။

to Original

31/12/2023

🎆နှစ်သစ်ဆုတောင်း🎆

🌷နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက် ထွန်းတောက် မင်္ဂလာရှိပါစေ

🌷နှစ်သစ်မင်္ဂလာ ဒီချိန်ခါ စိတ်မှာညစ်မည်းကင်းပါစေ

🌷နှစ်သစ်မင်္ဂလာ များသတ္တာ ချမ်းသာကိုယ်စိတ် မြဲပါစေ

🌷တနှစ်ပတ်လုံး စိတ်ဖြူဖုံး ရွှင်ပြုံးကြည်သာ ရှိပါစေ

🌷ကုသိုလ်၊ ကျန်းမာ၊ ပညာ၊ စီးပွါး ဒီရေလားတိုးပွါးကြပါစေ

26/12/2023

❄️ခုလိုအေးစိမ့်စိမ့် ရာသီလေးတွက် အကောင်းဆုံး
✨️Lotion လိုပဲလိမ်းမလား ?
✨️Lotion နဲ့ရောလိမ်းမလား ?
✨️အကြောပြတ်ရာလေးတွေ လိမ်းမလား?
✨️ခြေဖဝါး ၊ လက်ဖဝါးလေးဘဲ လိမ်းမလား ?
✔️All In One သုံးလို့ရတဲ့ Body Oil Serum လေး

✅️Price - 150ML - 14,500 Ks

💥Order to cb (or) 09-944033325

24/12/2023

🎅🏻 Merry Christmas 🎅🏻
🎄🎄🎄🎄🎄🎄🎄🎄🎄🎄
ခရစ်စမတ် မှာ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ
❄️❄️❄️❄️❄️❄️❄️❄️❄️❄️

18/12/2023

💢ဂေါ်ဖီ စားလို့ရမယ့် ကျန်းမာရေးအကျိုးကျေးဇူး

ဂေါ်ဖီ လို့ ပြောလိုက်ရင် အသုပ်တွေထဲ ထည့်စားတာ၊ ကြော်စားတာ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းကြော်တွေထဲ ထည့်စားတာကို ပြေးမြင်မယ်ထင်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ အစားအစာ တော်တော်များများမှာ ပါတတ်တဲ့ ဂေါ်ဖီလေးက တဂျွတ်ဂျွတ်နဲ့ ဝါးလို့ကောင်းသလို ကျန်းမာရေး အတွက်လည်း အထောက်အကူပြုပေးပါတယ်။

💢ဂေါ်ဖီ မှာပါတဲ့ အာဟာရဓာတ်

သရေစာ အစားအစာကစလို့ နေ့စဉ် စားသုံးနေတဲ့ အစားအစာ တော်တော်များများမှာ ပါဝင်တတ်တဲ့ ဂေါ်ဖီထုပ်မှာ

• ကယ်လ်လိုရီ

• ကာဗိုဟိုက်ဒရိတ်

• အမျှင်ဓာတ်

• သကြားဓာတ်

• ပရိုတင်း

• ဗီတာမင် C

• ဗီတာမင် K

• ဗီတာမင် A

• ဗီတာမင် B6

• ကယ်လ်ဆီယမ်

• မဂ္ဂနိစ်

• ပိုတက်ဆီယမ်

• မဂ္ဂနီဆီယမ်

• ဖောလိတ် တို့ ပါဝင်နေပါတယ်။

💢ဂေါ်ဖီ ကပေးတဲ့ ကျန်းမာရေး

အသုပ်ထဲ ထည့်စားစား၊ အကြော်တွေထဲ ထည့်ထည့်၊ ဟင်းခါးပဲ ချက်သောက်သောက် စားလို့ကောင်းတဲ့ ဂေါ်ဖီက

💥ကင်ဆာ ကာကွယ်ပေးတယ်💥

ဂေါ်ဖီ မှာ sulforaphane ဒြပ်ပေါင်း ပါဝင်နေတာကြောင့် ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း ဂေါ်ဖီထုပ်ကို စားပေးလို့ ရပါတယ်။

ဂေါ်ဖီက ကင်ဆာဆဲလ်တွေ မပွားအောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အရေပြားကင်ဆာ၊ အစာရေမျိုကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။ ရင်သားကင်ဆာ ဖြစ်သူတွေအနေနဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားတာကို ဟန့်တားနိုင်ဖို့လည်း အထောက်အကူပြုပေးပါတယ်။

💥နှလုံး ကျန်းမာစေတယ်💥

ဂေါ်ဖီ မှာပါတဲ့ anthocyanins က ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကို သွေးစီးဆင်းမှု ကောင်းစေပါတယ်။

ဂေါ်ဖီထုပ်မှာ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချပေးသလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ polyphenol ပါဝင်မှုက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို နှလုံးသွေးကြောကျဉ်းရောဂါကို ကင်းစေနိုင်ပါတယ်။
နှလုံးသွေးကြောထဲမှာ အဆီတွေ စုပုံတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။

💥ကိုယ်ခံအား ကောင်းစေတယ်💥

ဂေါ်ဖီထုပ်မှာ ဗီတာမင် C၊ ဗီတာမင် A တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါတွေအပြင် ဂေါ်ဖီမှာ ခန္ဓာကိုယ် ကျန်းမာစေဖို့ အားဖြည့်ပေးတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။

💥အစာခြေစနစ် ကျန်းမာစေတယ်💥

ဂေါ်ဖီမှာ အစာခြေစနစ်ကို အားဖြည့်ပေးမယ့် ရေဓာတ် နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အူတွေကို လှုပ်ရှားမှု ကောင်းစေပြီး အူနံရံတွေကို အာဟာရဓာတ် ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေသလို ဝမ်းလည်း မှန်စေပါတယ်။ ကိုယ်တွင်းကအဆိပ်အတောက် ဖြစ်စေတဲ့အရာတွေကို ပြင်ပကို ဝမ်းအနေနဲ့ စွန့်ထုတ်ပေးပါတယ်။

💥အဝလွန်တာကို ကာကွယ်ပေးတယ်💥

အမျှင်ဓာတ် ပါဝင်နေမှုက အဆာခံနိုင်စေဖို့ အားဖြည့်ပေးပြီး အစား ခဏခဏ မစားမိအောင် ကာကွယ်ပေးတာကြောင့် အဝမလွန်အောင် ကာကွယ်ပေးပါတယ်။ ဝိတ်ချနေသူတွေ အတွက်လည်း အထူး သင့်တော်ပါတယ်။

💥သွေးတိုး ကျစေတယ်💥

ဂေါ်ဖီထုပ်က ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းမွန်ဆုံး ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးသလို သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

to Original

05/12/2023

နူးညံ့လှပတဲ့ Baby Foot & Hand လေးအမြဲပိုင်ဆိုင်နိုင်ဖို့အတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Foot & Hand Cream ဘူးလေး

✅️100ML - 7,000Ks
✅️200ML - 10,000Ks

💥Order to cb (or) 09-944033325

Photos from Lady S Beauty Collection's post 29/11/2023

✨️အဆီ, ဝက်ခြံ , အမဲစက် , တင်းတိတ် , မှဲ့ခြောက် နှင့် ချွေးပေါက်ကျယ်ခြင်းတို့အတွက် အကောင်းဆုံး
Essence Gel နဲ့ Night Serum Cream အတွဲလေး

✅️Essence Gel - 150ML - 12,500 Ks
✅️Night Serum Cream - 150ML - 13,500 Ks

💥Order to cb (or) 09-944033325

Photos from Lady S Beauty Collection's post 26/11/2023

ယခုနှစ် ဆေးပေါင်းခ ချိန် ၂ကြိမ်ဖြစ်ထွန်းမည် ။

တန်ဆောင်မုန်းလပြည့်နေ့ နေ့လည် ၁၁နာရီ ၃၅ မိနစ်
မှ ၁၁နာရီ ၄၅ မိနစ်အတွင်း ဆေးပေါင်းခမည်ဖြစ်ပြီး
စီးပွါးရေး လာဘ် ရာထူးနှင့် အသိုင်းအဝိုင်းကောင်း
များ ရရှိလိုပါက နတ္ခတ္တစုံညီချိန် အကောင်းဆုံးဖြစ်
သောကြောင့် မယ်ဇလီဖူးသုပ် စားမည့်သူများသည်
အကောင်းဆုံးဖြစ်သည် ။

ဒုတိယ ဆေးပေါင်းခချိန်မှာ ညနေ ၆နာရီ ၅မိနစ်မှစ
ပြီး ၆နာရီ ၁၅မိနစ်အတွင်းဖြစ်သည် ။ပြောသမျှဆို
သမျှအောင်မြင်ပြီး ကြံတိုင်းအောင်နိုင်သောနတ္ခတ်
အချိန်ဖြစ်သည် ။

ထို ၂ကြိမ်လုံးသည် ကျန်းမာရေးအတွက် အထူးပင်
ကောင်းမွန်သော နက္ခတ်စုံချိန်ဖြစ်ပါသည် ။မယ်ဇ
လီသုပ်စားသုံးမည့်သူများအတွက် အသိပေးခြင်း
ဖြစ်ပါ​သည် ။

( နက္ခတ္တသင်တန်းကျောင်းအုပ် ပါရဂူဒေါက်တာ
ဆရာမ ကြည်ကြည်စိန် ၏တွက်ချက်မှုကို ကိုးကား
ဖေါ်ပြခြင်းဖြစ်သည် )

to Original

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon