Khin Myo Thet

Khin Myo Thet

Share

အပြုံးများနှင့်အတူ အောင်မြင်မှုဆီ သို့ Myanmar

11/10/2025

အာမခံက လူခေါ်ပေးရတာလား
လူဆွယ်ပေးရင် ပိုက်ဆံရတာလား

ဒါမျိုးမေးခွန်းတွေမကြာခဏအမေးခံရပါတယ်
ရှင်းပြဖို့လည်းလိုအပ်လို့ရေးသားလိုက်ပါတယ် ။

အာမခံအလုပ်က မဖြစ်မနေလူခေါ်ပေးရမယ်လို့
သတ်မှတ်ချက်မရှိပါဘူး
ခေါ်ချင်ခေါ် မခေါ်ချင်နေပါ ။
(လူခေါ်တိုင်းလည်း ခေါ်လာတဲ့လူကအလုပ်လုပ်ချင်မှလုပ်တာပါ / ကုမ္ပဏီတိုင်းမှာ အလုပ်မလုပ်တဲ့ လိုင်စင်ရအကြံပေးဦးရေ ရာနဲ့ချီပုံနေကြတာပါ )

အာမခံရဲ့သဘောတရားအရ ကုမ္ပဏီကိုသိကြတဲ့လူအင်မတန်နည်းပါတယ် ။
"ကိုယ့်မိတ်ဆွေတယောက်အာမခံလုပ်နေတယ် သူ့ဆီမှာမေးကြည့်လိုက်ဦးမယ် သူ့ဆီမှာပဲထားမယ်" ဆိုတဲ့သဘောတရားနဲ့သွားရတဲ့လုပ်ငန်းပါ ။
ကုမ္ပဏီကိုလာပြီးအာမခံဝယ်သွားတယ်ဆိုတာ
ခပ်ရှားရှားရယ်ပါ ။ ဒါ့ကြောင့် ကုမ္ပဏီတွေက ကျွမ်းကျင်တဲ့အကြံပေးတွေကိုအမြဲတမ်းမွေးထုတ်ပေးနိုင်ဖို့ ကြိုးစားကြပါတယ် ။

အာမခံလုပ်ငန်းမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်
Sales and recruitment ပါ

Sales အပိုင်းက ကိုယ်တိုင်ရောင်းချကြတာပါ
လူအများစုက main career အနေနဲ့လုပ်ကိုင်ကြသလို second career အနေနဲ့လည်းလုပ်ကိုင်ကြပါတယ် ။ ရောင်းချတဲ့အတွက် ကုမ္ပဏီက ကော်မရှင်နဲ့ဘောနက်စ်တွေကိုပြန်ပေးပါတယ် ။

Recruitment အပိုင်းက အာမခံအကြံပေးတွေကိုမွေးထုတ်ပြီး သင်တန်းပေး၊ management လုပ်ပေးရတဲ့အပိုင်းပါ ။ အဲဒီအပိုင်းက ပိုပြီးခက်ခဲပါတယ်။
အလွှာအသီးသီးကလာကြတဲ့ freelancers တွေကို
ရှုပ်ထွေးလှတဲ့ process တွေကို management လုပ်ပေးရတာ ထင်သလောက်မလွယ်ပါဘူး ။ Customers တွေရဲ့လိုအပ်ချက်တွေ ၊ပြောင်းလဲမှုတွေ ၊ complain တွေ ၊ claim process တွေကို management လုပ်ပေးရတဲ့အပိုင်းပါ ။
မိမိခေါ်ယူထားတဲ့လူတွေရဲ့အာမခံဆိုင်ရာလုပ်ငန်းတွေကို management လုပ်ပေးရတဲ့အတွက် ကုမ္ပဏီက management bonus ပြန်ပေးပါတယ် ။
( ပိုက်ဆံမရဘဲနဲ့ ဘယ်သူမှအာရုံနောက်မခံပါဘူး)
ဒါဟာတခြားအလုပ်တွေမှာလည်း Manager level ရှိတဲ့လူတွေရဲ့လုပ်နေရတဲ့အလုပ်မို့ သိပ်တော့အထူးအဆန်းမဟုတ်ပါဘူး ။

ဒါ့ကြောင့် တချို့လူတွေက recruitment အလုပ်ကို
လုပ်ကိုမလုပ်ကြတာမျိုးပါ ။ မိမိဖာသာမိမိပဲ အေးအေးဆေးဆေး အာမခံရောင်းတဲ့အလုပ်ကိုလုပ်ကြတဲ့သဘောပါ ။

ဒါ့ကြောင့် လူခေါ်ပေးရတာလားလို့မေးရင်
ခေါ်ချင်ခေါ် မခေါ်ချင်နေပါလို့ပဲ ပြန်ဖြေပေးရမှာဖြစ်ပါတယ်။
Min Yel Kyaw Swar

Crd စာသား

photo နောက်ခံ မြန်မာ အာမခံ လုပ်ငန်း ရုံးပါ
(ရန်ကုန်)

13/09/2025

မုံရွာ အရင် တုန်း ကအရမ်းစည်ကားတဲ့နေရာလေး😘😘😘

အခုတော့.....
2025 ဇာတိမြေ

Photos from Khin Myo Thet's post 13/09/2025

အသက်အာမခံ က စိတ်ရှည်ထားပြီးစုရတယ် ကိုယ့်နောင်ရေးအတွက် လို့ လဲ တွေးထားရတယ်.....

ဘယ်အချိန် မှာ ဘာဖြစ်မလဲ မသိတဲ့ ကိုယ့်နောင်ရေးအတွက် ပါ....💪🏻💪🏻💪🏻

အသေးစိတ်သိရှိလိုပါက
09789291847
09975316099

-ichi Life Insurance myanmar
care

12/09/2025

တခါတလေ ကောင်းကင်ကြည့်ပြီး စကားတွေပြော😍

Photos from Khin Myo Thet's post 12/09/2025

ကျန်းမာရေး ကိစ္စတွေ ဆေးရုံစရိတ်တွေ အတွက် ငွေရေးကြေးရေး ပူပန်နေစရာ မလိုဘဲနဲ့ ကုသခွင့် ရနေတယ် ဆိုဝာာ ... စစ်မှန်တဲ့ စိတ်အေးချမ်းသာမှု တစ်ခုပါ။

ဒီလို စိတ်အေးချမ်းသာမှုကို ငွေ နဲ့ ဝယ်ယူလို့ ရနိုင်တဲ့ အခွင့်အရေး ရှိနေပြီဆိုရင် ဘာလို့ အချိန်ဆွဲနေဦးမှာလဲ ခင်ဗျာ။

ကိုယ်ကိုယ်တိုင် နဲ့ မိသားစု အတွက် Cover ယူထားတာပဲ ဖြစ်ဖြစ်၊

ကိုယ့်အသိမိတ်ဆွေတွေ ဒီလို စိတ်အေးလုံခြုံမှုရရှိအောင် Cover ယူနိုင်ဖို့ မိတ်ဆက်ပေးတာပဲ ဖြစ်ဖြစ်ပေါ့ ခင်ဗျာ။

Dai-ichi Health Care ကျန်းမာရေးအာမခံအတွက်
တရက် ၇၀၀/- လောက် သုံးထားရင် ‌Medical Cover သိန်း ၅၀ ထိ အကာအကွယ် ရှိနေပါတယ်။

ကျန်းမာရေးအာမခံ ထားထားခြင်းဟာ မိသားစုရဲ့ ကျန်းမာရေးကို ကာကွယ်ရုံသာမက ဘဏ္ဍာရေးအနာဂတ်ကိုပါ ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ။

Crd,

အသေးစိတ်သိရှိလိုပါက
09789291847
09975316099

12/09/2025

Photos from Khin Myo Thet's post 12/09/2025

UL (Universal Life) အသက်အာမခံ ရဲ့ ထူးခြားတဲ့ Premium Top-up

ပုံမှန် ပရီမီယံ ပေးသွင်းတာအပြင် အပိုငွေ ထပ်ပေါင်းထည့်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီလို လုပ်တာက ကိုယ့်ရဲ့ UL အာမခံ‌ပေါ်လစီထဲက စုငွေတန်ဖိုး (cash value) ကို ပိုပြီး မြန်မြန် တိုးလာအောင် လုပ်တာပါ။

▪️Premium Top-up ဘယ်လိုအလုပ်လုပ်သလဲ။

UL အသက်အာမခံမှာ Customer ပေးတဲ့ ပရီမီယံငွေ ကို အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။

#အာမခံကြေး (Cost of Insurance)
ဒါက သင့်ရဲ့ အသက်အာမခံကို ကာမိဖို့အတွက် ကုန်ကျစရိတ်ဖြစ်ပါတယ်။

#ရင်းနှီးမြှုပ်နှံမှုအပိုင်း (Investment Component)
ကျန်တဲ့ ပရီမီယံငွေကို ရင်းနှီးမြှုပ်နှံမှု အဖြစ် ထည့်သွင်းပေးပါတယ်။ ဒီအပိုင်းကနေ သင့်ရဲ့ စုငွေတန်ဖိုး (cash value) တိုးလာပါတယ်။

Premium Top-up က ဒီ ရင်းနှီးမြှုပ်နှံမှု အပိုင်း ထဲကို Excess Premium အဖြစ် အပိုငွေ ထပ်ဖြည့်တာ ဖြစ်ပါတယ်။

▪️Premium Top-up ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။

(၁) ငွေတန်ဖိုး ပိုမိုတိုးပွားလာခြင်း
Top-up ငွေကြောင့် သင့်ရဲ့ အာမခံ‌ထဲက Cash Value ပိုမိုတိုးပွားလာပြီး အတိုးလည်း ပိုရနိုင်ပါတယ်။ သင့်မိသားစု သင့်သားသမီးတွေအတွက် ရည်မှန်းထားတဲ့ Goal ကို မြန်မြန်ရောက်ရှိစေနိုင်ပါတယ်။

(၂) ပရီမီယံ ပေးသွင်းမှု ပေါ့ပါးစေခြင်း
အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ Cash Value က တိုးလာတဲ့အတွက် နောင်ကျရင် ပုံမှန်ပရီမီယံ ပေးသွင်းစရာ မလိုတော့ဘဲ ဒီငွေထဲကနေ အာမခံကြေးကို ဖြတ်ပေးနိုင်ပါတယ်။ ဒါဆိုရင် သင်ဟာ အာမခံ အကာအကွယ် ဆက်ယူထားရင်း ပရီမီယံ ပေးသွင်းရတဲ့ဝန် ကို လျှော့ချနိုင်ပါတယ်။

(၃) အရေးပေါ်ငွေကြေးအတွက် အသုံးပြုနိုင်ခြင်း
အကယ်၍ အရေးပေါ် ငွေလိုခဲ့ရင် ဒီ Cash Value ထဲကနေ တစိတ်တပိုင်း ငွေသားထုတ်ယူတာ ဒါမှမဟုတ် ချေးငွေယူတာမျိုး လုပ်နိုင်ပါတယ်။

သိထားသင့်တဲ့ အချက်များ
- Premium Top-up လုပ်နိုင်တဲ့ အများဆုံး ပမာဏ ကို အာမခံကုမ္ပဏီဘက်က Limit တခု သတ်မှတ်ထားနိုင်ပါတယ်။
- Top-up ငွေထည့်တဲ့အခါ administrative fees အချို့ ပေးရနိုင်ပါတယ်။

Premium Top-up မလုပ်ခင် ဘာကြောင့် လုပ်တာလဲ ဆိုတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။
ဥပမာ - ရေတို ငွေစုတာလား၊ ဒါမှမဟုတ် အနာဂတ်အတွက် ပင်စင်ပုံစံ ငွေစုတာလား စသဖြင့်ပေါ့။

Premium Topup နည်းလမ်းဟာ Universal Life အသက်အာမခံအမျိုးအစားရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေထဲက တခု ဖြစ်ပြီး ... သာမန် Endowment Type ငွေစုအသက်အာမခံတွေမှာတော့ မပါဝင်ပါ။

Premium Top-up ကို ဘယ်လိုအခြေအနေတွေမှာ အသုံးချနိုင်သလဲ ... ဆိုတာကို ထပ်မံမျှဝေပေးပါဦးမည်။

Crd, #ကျော်ကျော်






အကြောင်း စုံစိတ်ဝင်စားရင်
09789291847
09975316099

Photos from Khin Myo Thet's post 10/09/2025

#စာအုပ် တွေဖတ်ရင်း....

#ဗဟုသုတတွေ ရှယ်ကြရင်း... နဲ့

#ဇူဇူ ဆီက ဒေါ်လာတွေ အတူတူ ယူကြမယ် နော်😍

to Follow ပြန်မဖြုတ်ကြေးနော်😍😍😍

#ပန်းတိုင် အရောက်လှမ်း ...

07/09/2025

#ရေ တဝက်သာရှိတဲ့ ရေခွက်တစ်ခွက်လို ကိုယ့်ကို သဘောထားပါ...

ဒါမှ...
အသစ် အသစ် တွေကို လက်ခံ နိုင်ဖို့ နှင့် အသစ် အသစ် သော အတွေးအခေါ် တွေကို အချိန်တိုင်း
စဥ်းစား ပါ.......

ပြည့်လျှံနေတဲ့ ရေခွက်တစ်ခုလို အောင် မြင်မှုတွေ လွတ်ကျမသွားပါစေနှင့်....

03/09/2025

#ဘဝ အတွက် အကောင်းဆုံး အဖော် လေးတွေက
စာအုပ် တွေလဲပါတယ်နော်😘😘😘

ပညာလို အိုသည်မရှိ...

စာအုပ်ထဲကစာသား

"မည်သူမဆို ညအိပ်ရာဝင်ချိန်၌ မနက်အိပ်ရာထချိန်ထက် နည်းနည်း ဖြစ်စေ အသိဥာဏ်ပညာ ပိုရှိနေရမည်။အကယ်၍ ထိုသို့ ရှိအောင် မလုပ်ဆောင်ပါက လူ တစ်ယောက် အနေနှင့် အကြီးမားဆုံး သော ပြစ်မှု ကို ကျူးလွန် ရာ ရောက်သည်။"

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon