DawThae. .Lucky&love
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DawThae. .Lucky&love, Health/Beauty, Yangon.
28/11/2023
ပံ့သကူပစ်သည်🥳
ကျွန်မ . .
အပြုံးတွေကိုစွန့်တယ်
ရတဲ့သူပြုံးပျော်နိုင်ပါစေ။
ကျွန်မ. . .
အမုန်းတွေကိုစွန့်တယ်
နှလုံးအေးချမ်းနိုင်ပါစေ။
ကျွန်မ . .
နှလုံးသားကိုစွန့်တယ်........တစ်ယောက်ရရှိပါစေ။
ကျွန်မ .
ကျွန်မကိုစွန့်တယ်
ချစ်တတ်သူတိုင်းရရှိပါစေ။
မေတ္တာတွေကိုစွန့်တယ်
မနက်ခင်းပန်းတိုင်းလန်းဆန်းပါစေ။
ဒေါသတွေကိုစွန့်တယ်
လှောင်အိမ်တွင်းကငှက်ကလေး လွတ်မြောက်ပါစေ။
#ပံ့သကူ #မေတ္တာ #အပြုံး® The Story of Sai ®
22/10/2023
🍀🍀🍀
ဒီစာလေးကို မြင်တွေ့သူတိုင်း
တစ်နေ့တာလုံးမှာ စိတ်ချမ်းသာမှုတွေနဲ့ ကြုံတွေ့ပါစေ။
ကောင်းမွန်သော အကြံအစည်အားလုံး အဆင်ပြေချောမွေ့ပါစေ။ သူယုတ်မာနဲ့ဝေးပြီး သူတော်ကောင်းတွေနဲ့တွေ့ကြုံပါစေ။
အကူအညီလိုအပ်တဲ့အခါတိုင်းကူညီမဲ့သူများပေါ်ပေါက်လာပါစေ။
ပြည့်စုံကြွယ်ဝလိုတရပါစေ ။.
🙏🥰
Photo-crd🙏
19/08/2023
မောနင်းပါရှင့်
06/09/2022
ကြမ်းတမ်းသောနေ့ရက်များ
လောကကြီးဆိုတာ
မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။
အရှုံးကို မလိုချင်ရင် မခံချင်စိတ်နဲ့ ကြိုးစားပါ။
ကိုယ့်ကို အလဲထိုးတဲ့လူတွေကသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မူ့
အကောင်းဆုံးပေးနိုင်တာပါ။
သင် နာကျင်ရတဲ့အခါ လက်ခံလိုက်ပါ။
ဘဝက သင့်ကို တစ်ခုခု သင်ပေးဖို့
ကြိုးစားနေတာပါ။
ဆုံးရှုံးမူ့တိုင်းမှာ ရလဒ်ဆိုတာရှိပါတယ်။
အနည်းဆုံးတော့ သင်ခန်းစာပေါ့။
ရည်မှန်းချက် ရှိဖို့လိုပါတယ်။
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
အလုပ်နဲ့ အကောင်ထည်ဖော်ဖို့လိုပါတယ်။
စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့် လက်တွေ့
အသုံးမချရင်တော့ သင်ဟာ စိတ်ကူးယှဉ်သမား
တစ်ယောက်ပါပဲ။ ငါးကြီးကြီးလိုချင်ရင်
ပင်လယ်ထဲသွားပါ။ အဲ့ဒီမှာ မုန်းတိုင်းတော့ ရှိမယ်။
ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ။ ကြက်တူရွေးက
စကားသာများတာ မြင့်မြင့်မပျံနိုင်ဘူး။
သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ်။
လူ့သက်တမ်းကပဲ အကန့်အသတ်ရှိတာပါ။
သင့် ကြိုးစားနိုင်မူ့စွမ်းရည်ဆိုတာ
အကန့်အသတ်မရှိပါဘူး။
ကြိုးစားတဲ့သူတိုင်း မအောင်မြင်ကြပါဘူး။
ဒါပေမယ့် အားမလျော့လိုက်ပါနဲ့။
အောင်မြင်သူတိုင်း ကြိုးစားခဲ့ကြပါတယ်။
လမ်းမရှိဘူးလို့ ညည်းမနေပါနဲ့။
ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ပဲ
ဖောက်ကြရမှာပါ။
credit
စာပေဗဟုသုတများ
06/09/2022
မိန်းမ မရှားဘူးဆိုတာ ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။
အမျိုးသမီးကောင်းတော့ အင်မတန်ရှားပါတယ်။
ရွှေထက် တန်ဖိုးရှိတဲ့ အမျိုးသမီး။
အိတ်ထဲပိုက်ဆံရှိနေချိန်၊ကားထဲ ဆီအပြည့်
ရှိနေချိန် သင့်အနားမိန်းကလေးတစ်ယောက်
ထက်မက ရှိနိုင်တယ်။
ဘယ်မိန်းမ မဆို သင့်အနား
နေချင်တယ်။သင့်လက်ကို အမြဲဆုပ်ကိုင်
ထားနိုင်တယ်။
ပြောရရင် မင်းပိုက်ဆံကို ရေလို
သုံးနိုင်ချိန်၊ ကြွယ်ကြွယ်ဝဝ ဖြုန်းနိုင်
သုံးနိုင်ချိန် ချစ်သူတစ်ယောက် ရဖို့
လုံးဝမခက်ပါ။
သင့်အတွက် မိန်းမ မရှားဘူးပေါ့။
ပိုက်ဆံအဆင်မပြေတဲ့ အခိုက်အတန့်
လမ်းဘေးဆိုင်မှာ အတူဆိုင်ထိုင်ပေးမဲ့
မိန်းမမျိုးရှားလိမ့်မယ်။
No brand just with you ဆိုတဲ့
မိန်းမမျိုးတော့ ရှားပါလိမ့်မယ်။
ကိုယ်အဆင်မပြေနေချိန်
သူ့မှာရှိတာလေးနဲ့ ရော့..ကို အရင်ယူသုံး
ထားဆိုပြီး မေတ္တာကြီးမားတဲ့ မိန်းမတော့
ရှားလိမ့်မယ်။
မွေးနေ့တို့၊Anniversaryနေ့တို့မှာ
ဘာလက်ဆောင်မှ မတောင်းဆိုဘဲ
မင်းအချစ်တွေနဲ့တင် ကျေနပ်တတ်တဲ့
မိန်းမ မျိုး ရှားလိမ့်မယ်။
နှင်းဆီပန်းလေးတစ်ပွင့်လောက် ပေးရင်ကို
ငါချစ်ရတဲ့အမျိုးသားလေး ပေးတဲ့
လက်ဆောင်ဆိုပြီး ပျော်ရွှင်တတ်တဲ့
မိန်းမမျိုး ရှားပါလိမ့်မယ်။
ရှားတာထက် အင်မတန်ရှားလိမ့်မယ်။
ဘဝကောင်းစားချိန်မှာဖြစ်ဖြစ်
အောင်မြင်ချိန်မှာဖြစ်ဖြစ် ဟိုးအရင်က
ဘာမှမရှိခင်တုန်း ကိုယ့်လက်ကိုတွဲပြီး
အမြဲအနားမှာရှိနေပေးတဲ့ အမျိုးသမီးကို
လက်တွဲမဖြုတ်မိဖို့ လိုမယ်။
တန်ဖိုးထားဖို့ လိုမယ်။ကြင်နာတတ်ဖို့
လိုပါမယ်။
🌻💛
#နူးနူးအောင်
05/09/2022
ကျမတို့မိန်းမသား တိုင်းမှာရှိတယ် 💜
ချစ်ပါတယ်လို့အဖြေစပေးလိုက်ကတည်းက
တစ်ဘ၀စာတွက်ရည်ရွယ်ထားတယ်ဆိုတဲ့စိတ်က
ကျမတို့မိန်းမ တိုင်းမှာရှိတယ် 💛
အချိန်တွေကြာလာရင်
အိမ်ကလူကြီးတွေအသိပေးပြီးတွဲပြချင်တဲ့စိတ်
ကျမတို့မိန်းမ တိုင်းမှာရှိတယ် 💛
အိမ်မှူကိစ္စတွေမတတ်မြောက်ပေမယ့်
ချစ်ရတဲ့သူတွက် လုပ်ပေးနိုင်ချင်တဲ့စိတ်
ကျမတို့မိန်းမ တိုင်းမှာရှိတယ် 💛
ကိုချစ်တဲ့သူရဲ့ဂရုစိုက်ပြမှုကိုလိုချင်တဲ့စိတ်
ကျမတို့မိန်းမ တိုင်းမှာရှိတယ် 💛
စိတ်ရမ်းညစ်လို့အားငယ်တဲ့အချိန်
ချစ်သူဆီကအားပေးစကားတွေကြားချင်တဲ့စိတ်
ကျမတို့ မိန်းမ တိုင်းမှာရှိတယ် 💛
အသက်ကသာကြီး နေပေမယ့် ချစ်သူအပေါ်
ကလေးတစ်ယောက်လို ရစ်ပြီး ဂျီကျ ချင်တဲ့စိတ်
ကျမတို့ မိန်းမ တိုင်းမှာရှိတယ် 💛
တစ်ယောက်တည်းကိုပဲ နှစ်နှစ်ကာကာ ချစ်ချင်တဲ့စိတ်
ကျမတို့မိန်းမတိုင်းမှာ ရှိတယ် 💛
( ဘယ်မိန်းကလေးမှ ကိုယ့်ချစ်ရတဲ့သူဆီက လမ်းခွဲစကားမကြားချင်ပါဖူး )
ကိုယ်သိပ်ချစ်ရတဲ့ သူနဲ့ပဲ
အနာဂတ်ကို အိုမင်းသွားတဲ့အထိ
အတူတကွ လက်တွဲသွားချင်နေကြတာပါပဲ။💛💏
ဒီလိုအတွေးတွေနဲ့ရှိနေတဲ့စိတ်ဟာ
တဂရ် ချစ်တတ်တဲ့မိန်းမသားတွေ ဆီမှာပဲ
အမြဲရှိတတ်ကြတာပါ။
မာဃ**
05/09/2022
ခံနိူင်ရည်
🥊🤼♀️🧗♀️
လူတိုင်းမှာ
ခံနိူင်ရည်စွမ်းဆိုတာ
အတိုင်းအတာတခုထိပဲ
ရှိပါတယ်။
ခံနိူင်စွမ်းကို
ကျော်လွန်လာရင်တော့
ပေါက်ကွဲသံစဥ်တွေ
ဖြစ်လာကြပေါ့။
သဘောကောင်းတဲ့
သူတယောက်ကို
သူကသဘောကောင်းပါတယ်ဆိုပြီ
ခဏခဏတော့
အနိူင်မကျင့်ပါနဲ့
စာနာတတ်တဲ့သူကို
စာနာစိတ်
မဲ့တတ်လာအောင်
ခဏခဏ
ပြဿနာမရှာပါနဲ့
ကူညီတတ်တဲ့
သူတယောက်ကို
ကိုယ်လုပ်နိူင်ရက်နဲ့
ကုန်းဆင်းတဲ့စိတ်နဲ့
ခဏခဏ
အကူအညီမတောင်းပါနဲ့
ကြာလာရင်
စေတနာပျက်ကာ
မိတ်ဆွေကောင်း
တယောက်ကို
ဆုံးရှုံးသွားရလိမ့်မယ်
သည်းခံနေတဲ့
သူတယောက်ကို
သူကငတုံးပါဆိုပြီး
ခဏခဏတော့
ရောင့်တတ်မလာပါနဲ့
သည်းခံသူရဲ့
ဒေါသက
ခင်ဗျားကို
ပြာကျသွားစေလိမ့်မယ်။
နားလည်ပေးတတ်တဲ့
သူတယောက်ကို
အယုံကြည်ပျက်အောင်
ခဏခဏမလိမ်မိပါစေနဲ့
အယုံကြည်ပျက်ရင်
ပြန်ပြင်ဖို့ခက်ပါတယ်။
လူတယောက်ပြောင်းလဲ
သွားတယ်ဆိုတာ
လူတွေကြောင့်ပါပဲ။
KSM
05/09/2022
#ဘယ်သူ့ဆီကမှဘာမှမမျှော်လင့်ပါနဲ့။
🌨🌿
ကိုယ်ကူညီနိုင်တာရှိရင်ကူညီပါ
ကိုယ်စေတနာရှိရင်
ကျွေးပါ၊
🌨🌿
ကိုယ့်ရဲ့စိတ်
ပြတ်သားတယ်ဆိုရင်ပေးပါ၊
ဒါပေမယ့်
ငါကူညီရင်
သူပြန်ကူညီမှာပဲ
ငါကောင်းရင်
သူလည်း
ကောင်းမှာပဲလို့တော့
#မမျှော်လင့်ပါနဲ့။
🌨🌿
မျှော်လင့်ချက်ထားရင်
ကိုယ့်ရဲ့စိတ်စေတနာဟာမဖြူစင်တော့ပါဘူး၊
#အရောင်စွန်းသွားပါပြီ၊
🌨🌿
ဒါကြောင့်
#ဖြူစင်နေတဲ့ကိုယ့်စိတ်စေတနာကို
#မျှော်လင့်ချက်တွေနဲ့အရောင်မဆိုးပါနဲ့
တုန့်ပြန်ချက်မစောင့်ပါနဲ့၊
🌨🌿
#ကိုယ့်ရဲ့စိတ်တကယ်မွန်မြတ်တယ်ဆိုရင်
သူကောင်းကောင်း
မကောင်းကောင်း
ကိုယ်ကောင်းမယ်၊
🌨🌿
သူပေးပေးမပေးပေး
ကိုယ်ပေးမယ်
သူကျွေးကျွေးမကျွေးကျွေး
ကိုယ်ကျွေးမယ်ဆိုတဲ့စိတ်များများမွေးပါ၊
🌨🌿
ပြီးတော့
#စိတ်ကောင်းနှလုံးကောင်းထားပြီး
သူကစောင်းနေလည်း
#ကိုယ်ကတည့်မတ်အောင်နေမယ်၊
🌨🌿
သူကယုတ်နေလည်း
ကိုယ်ကဟုတ်အောင်နေမယ်၊
🌨🌿
#သူကပူလောင်မှုတွေပေးပေမယ့်
#ကိုယ်ကအေးချမ်းမှုတွေနဲ့တုန့်ပြန်မယ်၊
🌨🌿
သူမကောင်းတာကသူ့ကိစ္စ
ကိုယ်ကောင်းရမှာ ကိုယ့်ကိစ္စ၊
🌨🌿
သူ့ကိစ္စနဲ့ကိုယ့်ကိစ္စ
မရောမိပါစေနဲ့၊
🌨🌿
သူကလည်းသူ့အကြောင်းနဲ့သူ
ကိုယ်ကလည်းကိုယ့်အကြောင်းနဲ့ကိုယ်မို့၊
🌨🌿
သူ့ရဲ့အကြောင်းတရားကောင်းဖို့ထက်
ကိုယ့်ရဲ့အကြောင်းတရားလေးမဆိုးဖို့က
ပိုအရေးကြီးတယ်၊
🌨🌿
အကြောင်းကောင်းမှ
အကျိုးဆက်ဟာ
အဖိုးထက္မွာမို့
🌨🌿
မတိုးတတ်စေမယ့်
မျှော်လင့်ချက်တွေကို
ကိုယ့်ရဲ့စေတနာအပေါ်မှာ
အစွန်းအထင်းမခံပါနဲ့၊
🌨🌿
စစ်မှန်တဲ့
မေတ္တာစေတနာဖြစ်ချင်ရင်၊
သူတပါးဆီကနေတုန့်ပြန်မှုတစ်စုံတစ်ခု
ပြန်လာပါစေဆိုတဲ့စိတ်ကင်းမဲ့ရမယ်၊
🌨🌿
ဥပေက္ခာထားနိုင်ရမယ်၊
တနည်းအားဖြင့်
မျှော်လင့်ချက်ကင်းမယ့်ရမယ်၊
🌨🌿
ဒါကြောင့်
#ဘယ်သူ့ဆီကမှ
#ဘာမှမမျှော်လင့်ပါနဲ့။
===========
မေတ္တာဖြင့်✏✏
ှင်ကေသရဓမ္မစမ်းရေ 🌿🌿
#ရိုသေလေးစားလျှက်🙏🌹🙏🌷🙏
#မေတ္တာများစွာဖြင့်🙏🌷🙏🌹🙏
🙏🌹🙏🌷🙏
05/09/2022
#သူ့စိတ်ဓာတ်ကို
ကိုယ်သိရပြီဟုတ်
တိုက်ရိုက်သွားမပြောနဲ့ .. မသိသလိုနေ
နောက်ဆို
ကိုယ်က
ရှောင်ပေါ့ကွယ်။!!!
#သူ့အကျင့်ကို
ရိပ်မိနေပြီဟုတ်
သွားပြီး
မပေါက်ကွဲပြနဲ့ ..
မသိ သလိုနေ
နောက်ကို ကိုယ်က ဆင်ခြင်ပေါ့ကွယ်။!!!
#နင်ကဘယ်လို
ငါကဘယ်လိုဆိုပြီး
စကားတွေနဲ့
စစ်တိုက်နေဖို့ မလိုဘူး!!!
#ရိုးသားချင်ယောင်ဆောင်နေတဲ့
သူ့အကြောင်း ..
ကိုယ်က
နားလည်နေပြီ ဟုတ်
ဆက်ပြီး အပေါင်းအသင်း
မလုပ်နဲ့
တဖြည်းဖြည်းရှောင် ..
ရှေ့ဆက် သွားရင်
ကိုယ့်ကိုပါ
ထိခိုက်နိုင်တယ်လေ__
#တခါတလေမှာ
ကိုယ်သိတဲ့
အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာပဲမှတ်သားထားဖို့ပဲ
လိုတာပါ။
#လုံးဝမပတ်သက်
မဆက်ဆံရဘူး
မပြောဘူး
ကိုယ်ပေါင်းစိတ်ခွာ ပေါင်းသင်းနိုင်ပါတယ်။
#ရိုးသားချင်ယောင်ဆောင်နေသူများနဲ့
အဝေးဆုံးမှာ ရှောင်ဖယ်နေတတ်ကြပါစေ။
04/09/2022
Oသွေးပိုင်ရှင်ဆိုတာ..💙💙
❤အမိန့်ပေးတဲ့ လေသံနဲ့ပြောရင် သိပ်မုန်းတာ ပြန်မပြောလို့သာ နေရင်နေမယ် ပြန်ချေမယ့်ဆိုတဲ့လူမျိုးတွေ:
❤အနေဝေးရင် သွေးအေးတယ်ဆိုတာ သူရာဇဝင်မှာမရှိဘူး ဒါပေမယ့် သူအမုန်းဆုံးက သူအပေါ် သစ္စာမဲ့ရင်သူနဲ့ ဆက်ဆံရေးကသူစိမ်းဆန်ဆန် ဖြစ်သွားတတ်တယ်....
❤ရှေ့တင်မှာသာ ခပ်တင်းတင်းနဲ့ ဟန်ဆောင်နေတာ...နောက်ကွယ်ကျရင် တိတ်တဆိတ် မျက်ရည်ကျချင်ကျနေတဲ့ သူမျိုးတွေ..
❤Oသွေးတွေက ဘယ်လောက်ချစ်ချစ် ဘဝနှစ်ခုလက်တွဲမယ်ဆို နှလုံးသားသက်သက်နဲ့ မစဉ်းစားပဲနဲ့ လက်တွေ့ကျကျ စဉ်းစားတတ်ကျလို့
သူတို့ အချစ်ရေးက အများအားဖြင့် ဝမ်းနည်းမှုနဲ့ နိဂုံးချုပ်ကျတာပါပဲ....ပျှမ်းမျှ ၂၂လောက်ရောက်မှ
တကယ်လက်တွဲမယ့် ကြင်ဖော်ကို တွေ့ရှိတတ်ကျတယ်..
❤အချစ်ရေးမှာ ဆရာကြီးတော့မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေရဲ့ တိုင်ပင်မှုကိုတော့ ခဏခဏခံရတတ်တယ်...
❤သူတို့က ကလေးဆန်ဆန် ဆိုးတတ်ကျတယ် တစ်ခါတစ်လေကျရင် သူက ဘယ်လိုလူပါဆိုပြီး ပြောပြတတ်တဲ့ သူဟာ သူမြတ်နိုးတန်ဖိုးထားပြီး ဆုံးရှုံးမခံနိုင်တဲ့သူမို့ပါတဲ့...
❤အစွဲအလမ်း အရမ်းကြီးလွန်းတဲ့ သူတို့စိတ်ထဲမှာ စိတ်ဒဏ်ရာတစ်ခုဖြစ်သွားရင် တော်တော်နဲ့မမေ့တတ်ကျဘူး.....
❤အရမ်းဆိုးသလောက် ကြင်နာဂရုစိုက်တတ်တဲ့ သူတို့ကို အဆက်ဟောင်းတွေက မေ့မရကျဘူး..
ဒါပေမယ့် သူမှာ နောက်တစ်ယောက် မရှိသေးသရွေ့တော့ မျှော်လင့်လို့ရပါသေးတယ်..
ထပ်ရှိပြီးနေရင်တော့ သူစိမ်းဆန်ဆန် ဖြစ်သွားပါလိမ့်မယ်..
❤ချစ်ပြီဆို အနာဂတ်အထိ သူပါတယ် သူတို့က နုလုံးသားနဲ့ချစ်တယ် ဘဝတည်ဆောက်ရင် လက်တွေ့ကျကျ တည်ဆောက်တတ်လို့ သူကို ပိုင်ဆိုင်ချင်ရင် ချစ်သူသက်တမ်းအရမ်းကြာမှ ဖြစ်နုိင်လိမ့်မယ်..
❤သူတိုက တစ်ခါတစ်လေ နားလည်ရခက်တယ်
အိမ်တွင်းရေး မိသားစုရေး စီးပွားရေး အဆင်မပြေရင် သူအရင်းနှီးဆုံး သူငယ်ချင်းကိုပဲ ရင်ဖွင့်လေ့ရှိတယ် အရမ်းချစ်တဲ့ ချစ်သူဆိုရင်တောင် သိပ်ဖွင့်ပြောလေ့မရှိဘူး ဒါကို မသိထားရင် သူနဲ့ ဆက်ဆံရေးမှာ အဖုအထစ်လေးတွေဖြစ်လာတာပါပဲ...
❤သူက ဖွင့်မပြောတာအကြောင်းရှိပါတယ် အကောင်းဆုံးကိုပဲ အချစ်ဆုံးနဲ့ တူတူဖြတ်သန်းမယ် အပူတွေ စိတ်ညစ်စေမယ့် အရာတွေကို မမျှဝေပဲ မြိုသိပ်ထားတတ်တဲ့သူမျိုး😇
❤တစ်ဦးကမေတ္တာထားလို့ တစ်ဦးက အကြင်နာထားရင် လောကကြီးက အေးချမ်းနေမှာပါ......
💙Oသွေး💙
04/09/2022
တကယ်တော့ အမျိုးသမီးတွေဟာ
သူသိပ်ချစ်တဲ့အမျိုးသားနဲ့ အတူရှိနေရင်
ကလေးလေး တစ်ယောက်လို ပြန်ဖြစ်
သွားပါတယ်။ဘာမှ မလုပ်တတ် မကိုင်တတ်
ဖြူစင်တဲ့ ဘေဘီလေးအတိုင်းပေါ့။
အမျိုးသမီးတွေဟာ သူတစ်ဦးထဲရှိတဲ့အခါ
ရေသန့်ဗူးအကြီးဆိုလည်း ပခုံးတင်ပြီး
ထမ်းလိုက်တာပါပဲ။ဘယ်နှလွှာဖြစ်ဖြစ်
ရောက်အောင် ထမ်းသွားနိုင်တယ်။
ထမင်းဟင်းလည်း ချက်တာပဲ။
အဝတ်ဇလုံအကြီးကြီးတွေ ထိုင်လျှော်
လိုက်တာပဲ။အလုပ်ဆိုလည်း
တက်တက်ကြွကြွ လုပ်လိုက်တာပဲ။
Period time ဆိုလည်း တစ်ရေး
လောက်အိပ်လိုက်တာနဲ့ သက်သာသွားတယ်။
အိမ်မှာ တွေ့တတ်တဲ့ ပင့်ကူတို့ အိမ်မြှောင်တို့
ကြောက်မနေဘူး ရှင်းလိုက်တာပါပဲ။
ပြောရရင် သူတစ်ဦးထဲရှိရင်လည်း
ကိုယ့်ခြေထောက်ပေါ် ရပ်တည်ပြီး ဘဝကို
လှလှပပ ရှင်သန် နိုင်တယ်။
ရင်နှင့်အမျှ သူချစ်ရတဲ့ အမျိုးသားရှေ့
ရောက်သွားတဲ့အခါ ရေဗူးအခွံလည်း
မဖွင့်နိုင်တော့ဘူး။😁အအေးဗူးလည်း
မဖောက်နိုင်ဘူး😁။အိတ်လည်း မကိုင်နိုင်
တော့ဘူး။😁ကြားထဲ စိတ်ဆိုးစိတ်ကောက်
လွယ်သေးတယ်။ဆိုင်အတူထိုင်ရင်လည်း
တူတောင် မကိုင်တတ်တော့ဘူး။😆
ခွံ့ကျွေးမှ စားတတ်တော့တာမျိုး။
မိန်းကလေးတွေက သူသိပ်ချစ်တဲ့ သူရှေ့
မှာပဲ ချစ်စရာအမူအရာတွေနဲ့
ကလေးလေးလို နေတာပါ။သင့်ကို
အားကိုးချင်တဲ့ စိတ်နဲ့ ပေါ့🙂။သင်နဲ့ အတူ
ရှိနေရင် စိတ်လုံခြုမှု
(Sense of security)
ခံစားရတယ်။
သင့်အပေါ် ကလေးဆန်ပြီး စိတ်ဆိုး
စိတ်ကောက်သေးတယ်ဆိုတာ သင့်အပေါ်
ချစ်နေသေးလို့ပါ။ဒါကြောင့် စိတ်ရှုပ်စရာလို့
မတွေးဘဲ ချစ်စရာလေးလို့ တွေးယူပြီး
ပိုပိုချစ်ပေးပါ။😍တန်ဖိုးထားပေးပါ။
ချစ်တတ်ရင် အချစ်ဟာ ကြည်နူးစရာပါ...။♡︎😍
Crd #
04/09/2022
မှတ်သားစရာလေးတွေ🙏
Click here to claim your Sponsored Listing.
Category
Website
Address
Yangon