LADY DO

LADY DO

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LADY DO, Health/Beauty, 34, Sabal Street, Corner of Kantkaw Street, Bolane Aungmingalar Quarter, Tamwe Township, Yangon.

26/10/2025

🚨 Stress ဟော်မုန်းများခြင်းက Lady တို့ကို တိတ်တဆိတ် အန္တရာယ်အပြုနိုင်ဆုံးပါပဲနော် …

ရင်ဘတ်အောင့်တာ၊ အမြဲတမ်းနွမ်းနယ်တာ၊ ဝိတ်တက်တာတွေဟာ စိတ်ဖိစီးမှုတွေကြောင့် ထွက်လာတဲ့ Cortisol (ကော်တီဇော) လို Stress Hormones တွေ များခြင်းရဲ့ အကျိုးဆက်လက္ခဏာတွေပါပဲ 😨😨

👉 ဒီလို ဟော်မုန်းတွေ များလာပြီဆို ရေရှည်မှာ သွေးပေါင်တက်စေတယ်၊ မှတ်ဉာဏ်ကို ထိခိုက်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး Lady တို့ရဲ့ ဟော်မုန်းစနစ်ကိုပါ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

Lady တို့ရဲ့ ဘဝကို ဒီလို Stress ဒဏ်တွေကနေ ကာကွယ်ပေးပြီး ပိုပြီး လန်းဆန်းတက်ကြွစေဖို့အတွက် 𝐋𝐚𝐝𝐲 𝐃𝐨 ရှိပါတယ် ✅💝

𝐋𝐚𝐝𝐲 𝐃𝐨 မှာ ပါဝင်တဲ့ Maca Root Extract က စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ကူညီပေးပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို သဘာဝအတိုင်း မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် L-Arginine က သွေးလည်ပတ်မှုကို ကောင်းမွန်စေလို့ ဦးနှောက်ကို ပိုပြီး လန်းဆန်းကာ အာရုံစူးစိုက်မှု ပိုကောင်းလာစေမှာပါ 🤩🤩

ဒါ့ကြောင့်မို့ Stress တွေကို အနိုင်ယူပြီး စိတ်ရောကိုယ်ပါ တက်ကြွလှပတဲ့ဘဝကို ပိုင်ဆိုင်ဖို့ Lady တို့ရဲ့ 𝐋𝐚𝐝𝐲 𝐃𝐨 ကို ခုပဲ မှာယူလိုက်တော့နော် 😉💯

𝐋𝐚𝐝𝐲 𝐃𝐨
======
Phone - +959-264-805-060
Messenger - https://m.me/ladydomyanmar/
Official Website: www.amethystmyanmar.com
-
#အမျိုးသမီးကျန်းမာရေး #ယုံကြည်မှု #စိတ်ဖိစီးမှု #အိမ်ထောင်ရေးပြဿနာ

23/10/2025

💔 “ရင်ကွဲနာကျခြင်း” (Broken Heart Syndrome) ဆိုတာ တကယ်ရှိတဲ့ ရောဂါလား ?

✅ ဟုတ်ပါတယ် တကယ်ရှိတဲ့ ရောဂါဖြစ်ပြီး ဆေးပညာအရ Takotsubo Cardiomyopathy (သို့) Stress Cardiomyopathy လို့လည်း ခေါ်ကြပါတယ်။ အမျိုးသမီးများ , အထူးသဖြင့် သွေးဆုံးပြီးစ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ် ။

👉 လက္ခဏာတွေအနေနဲ့ ရုတ်တရက် ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာတွေ ဖြစ်ပြီး နှလုံးဖောက်တာနဲ့ ဆင်ပါတယ်။ နှလုံးဖောက်တာဟာ နှလုံးသွေးကြော ပိတ်ခြင်းကြောင့်ဖြစ်ပြီး ရင်ကွဲနာကျခြင်းကတော့ နှလုံးတွင်း သွေးလည်ပတ်မှု လျော့နည်းခြင်း ကြောင့်ဖြစ်ပါတယ်။စိတ်ကြောင့်ဖြစ်တဲ့ ရောဂါလို့လည်း ဆိုနိုင်ပါတယ် 💔

အများစုကတော့ ဆေးကုသမှုနဲ့ လုံးဝပြန်ကောင်း သွားနိုင်ပေမယ့် တချို့မှာ မကြာခဏပြန်ဖြစ်တတ်တဲ့အတွက် နှလုံးကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ် ‼️

♦️ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ ရုတ်တရက် ချစ်ရသူဆုံးရှုံးခြင်း၊ စိတ်ဖိစီးမှုလွန်ကဲခြင်းစတဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့် ခန္ဓာကိုယ်ထဲမှာ Stress Hormones တွေ ရုတ်တရက် အဆမတန် ထွက်လာကာ နှလုံးကြွက်သားကို ယာယီအားနည်းစေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရေရှည်မှာ နှလုံးဖိအားကို လျော့ကျစေဖို့အတွက် စိတ်ဖိစီးမှု လျှော့ချခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအပြင် ခန္ဓာကိုယ်နဲ့ စိတ်ကို အားဖြည့်စေနိုင်တဲ့ သဘာဝအားဖြည့်ဓာတ်စာများကိုလည်း မှီဝဲပေးသင့်ပါတယ် 💯

ဒီလိုအခြေအနေတွေအတွက် Maca Root Extract နဲ့ L-Arginine တို့ ပါဝင်တဲ့ Lady Do ဟာ စိတ်ဖိစီးမှုတွေကို ထိရောက်စွာ လျှော့ချပေးနိုင်တဲ့အပြင် နှလုံးသွေးစီးဆင်းမှုကို အထောက်အကူပြုစေလို့ အသင့်တော်ဆုံးပါပဲ 💪💝

🚨သတိပြုရန်: လက္ခဏာ ခံစားရပါက နှလုံးဖောက်ခြင်းလည်း ဖြစ်နိုင်တာကြောင့်မပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ကတော့ အရေးကြီးဆုံးပါပဲ။

𝐋𝐚𝐝𝐲 𝐃𝐨
======
Phone - +959-264-805-060
Messenger - https://m.me/ladydomyanmar/
Official Website: www.amethystmyanmar.com
-
#အမျိုးသမီးကျန်းမာရေး #ယုံကြည်မှု #စိတ်ဖိစီးမှု #ရင်ကွဲနာကျခြင်း

06/10/2025

🕯️🕯️ ယနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာအခါတော်နေ့) မှသည် လေဒီတို့နှင့် မိတ်ဆွေသူငယ်ချင်းများအားလုံး ဘေးအန္တရာယ်ကင်းပြီး စိတ်ချမ်းသာကိုယ်ကျန်းမာနှင့် ပြည့်စုံကြပါစေ ✨

ဒီလိုမင်္ဂလာရှိတဲ့ သီတင်းကျွတ်ကာလမှာ အလှူအတန်းတွေ ပြုလုပ်ပြီး ကုသိုလ်တွေပွားများရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေလို့ 𝐋𝐚𝐝𝐲 𝐃𝐨 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏❤️

#သီတင်းကျွတ်လပြည့်နေ့

25/09/2025

😮‍💨ဘဝကို အကောင်းဆုံးကြိုးစားဖြတ်သန်းလာရင်း တစ်ခါတရံမှာ မထင်မှတ်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ရတတ်ပါတယ် ။

အဲ့ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကျပြီး အားငယ်နေမယ့်အစား ကိုယ့်ကိုယ်ကို အားအင်တွေပြန်ဖြည့်တင်းဖို့နဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ် ✅


👉Lady Do မှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ အလှအပကို အထောက်အကူပြု သဘာဝဆေးဖက်ဝင်ပစ္စည်းတွေဖြစ်တဲ့ Maca Root Extract နဲ့ L-Arginine တို့ အဓိကပါဝင်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေက Lady တို့ရဲ့ ကိုယ်ခန္ဓာစွမ်းအင်ကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုတွေကို လျော့ပါးစေတာကြောင့် လောကဓံရဲ့ ရိုက်ချက်တွေကို ပိုမိုခံနိုင်ရည်ရှိစေမှာပါ 🤩💪

ဒီတော့ လောကဓံရဲ့ ရိုက်ချက်တွေကြားမှာ တစ်ယောက်တည်း ရုန်းကန်နေမယ့်အစား Lady Do နဲ့အတူတူ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။

Lady တို့ဟာ Smart ကျပြီး အလွယ်တကူမပြိုလဲသွားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာကို Lady Do က သက်သေပြပေးနိုင်တာမို့ တစ်နေ့တစ်လုံး မှန်မှန်မှီဝဲကြပါစို့နော် 🥰❤️

𝐋𝐚𝐝𝐲 𝐃𝐨
======
Phone - +959-264-805-060
Messenger - https://m.me/ladydomyanmar/
Official Website: www.amethystmyanmar.com
-
#အမျိုးသမီးကျန်းမာရေး #ယုံကြည်မှု #စိတ်ဖိစီးမှု #အိမ်ထောင်ရေးပြဿနာ

11/09/2025

💤 အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ အလုပ်၊ မိသားစု၊ လူမှုရေးကိစ္စတွေနဲ့ စိတ်ဖိစီးမှုတွေ များပြားလာတဲ့အခါ ညဘက်အိပ်ရေးဝအောင် အိပ်ဖို့ဆိုတာ တကယ်ကို ခက်ခဲလာပါတယ်။ အိပ်ယာဝင်ချိန် နောက်ကျတာမျိုးမဟုတ်ဘဲ အချိန်မှန် အိပ်စက်ပေမယ့် မနက်နိုးလာတိုင်း လန်းဆန်းမှုမရှိဘဲ ပင်ပန်းနွမ်းနယ်နေတာ၊ အိပ်ရေးမဝသလို ခံစားနေရတာမျိုးတွေ ဖြစ်တတ်ပါတယ် 🥱

စိတ်ဖိစီးမှုတွေများနေတဲ့အခါ ခန္ဓာကိုယ်ထဲက cortisol လိုမျိုး ဟော်မုန်းတွေ မြင့်တက်လာပြီး အိပ်ပျော်ပေမယ့်လည်း ဦးနှောက်က အပြည့်အဝ အနားမရဘဲ မနက်ကျရင် မလန်းဆန်းတာမျိုး ဖြစ်တတ်ပါတယ် 🫨

👉 ဒီလိုခံစားနေရတာတွေအတွက် Lady Do က ကူညီပေးနိုင်ပါတယ်။ Lady Do ထဲမှာပါတဲ့ Maca Root Extract က စိတ်ဖိစီးမှုကို လျော့ချပေးပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် L-Arginine က သွေးလည်ပတ်မှုကို ကောင်းမွန်စေလို့ ဦးနှောက်ကို ပိုမိုလန်းဆန်းကာ အာရုံစူးစိုက်မှုပိုကောင်းစေပါတယ် 🤩

ဒါ့ကြောင့် အချိန်မှန်အိပ်နေပြီး အမြဲတမ်း အိပ်ရေးမဝဘဲ မလန်းမဆန်းခံစားနေရတဲ့ အမျိုးသမီးတို့အတွက် Lady Do ကို တစ်နေ့တစ်လုံးမှီဝဲပေးခြင်းဟာ အကောင်းဆုံးအဖြေပါပဲနော် 😍 ✅

𝐋𝐚𝐝𝐲 𝐃𝐨
======
Phone - +959-264-805-060
Messenger - https://m.me/ladydomyanmar/
Official Website: www.amethystmyanmar.com
-
#အမျိုးသမီးကျန်းမာရေး #ယုံကြည်မှု #စိတ်ဖိစီးမှု #အိမ်ထောင်ရေးပြဿနာ

22/08/2025

တစ်ခါတလေ ကိုယ်သိပ်ချစ်တဲ့သူနဲ့ လမ်းခွဲလိုက်ရတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလို ခံစားရတတ်ပါတယ် 💔

အရင်က ပျော်ခဲ့ရတဲ့ အချိန်တွေ၊ အမှတ်တရတွေက နှလုံးသားကို ဆူးနဲ့ ထိုးသလို နာကျင်စေရလို့ ဘယ်လိုမှ ရှေ့ဆက်လို့ မရတော့ဘူးလို့ ထင်ကောင်းထင်မိမှာပါ။ ဒါပေမယ့် ဒါက ယာယီပါပဲ။

ဒီနာကျင်မှုကို ရင်ဆိုင်ပြီး အကောင်းဆုံးဖြတ်ကျော်ဖို့ Lady Do က Move On နည်းလေးတွေ ပြောပြပေးသွားမယ်နော် …

💟ကိုယ့်ခံစားချက်ကို လက်ခံလိုက်ပါ။
ပထမဆုံးအနေနဲ့ နာကျင်မှုကို မရှောင်ပါနဲ့။ ကိုယ်ဝမ်းနည်းနေတာကို ကိုယ်တိုင်ဝန်ခံလိုက်ပါ။ ငိုချင်ရင် ငိုလိုက်ပါ။ အဲဒီ ခံစားချက်ကို ကိုယ်တိုင်လက်ခံလိုက်မှသာ ရုန်းထွက်ဖို့ လမ်းစပေါ်လာမှာပါ။

💟Social Media ကနေ ခဏတာ အနားယူပါ။
သူနဲ့ ပတ်သက်တာမှန်သမျှကနေ ခဏတာရှောင်ပါ။ Social Media ပေါ်က သူ့ရဲ့ Profile တွေ၊ အရင်က ပုံတွေပြန်ကြည့်နေတာက သင့်ကို ပိုပြီးနာကျင်စေနိုင်လို့ပါ ။

💟 ဝါသနာအသစ်တစ်ခု ရှာပါ။
နာကျင်နေတဲ့စိတ်ကို အခြားအရာတစ်ခုနဲ့ အစားထိုးဖို့ စိတ်ဝင်စားစရာကောင်းတဲ့ ဝါသနာအသစ်တစ်ခုကို ရှာပါ။ ပုံဆွဲတာ၊ သီချင်းဆိုတာ၊ ဒါမှမဟုတ် အားကစားတစ်ခုခုကို ပုံမှန်လုပ်တာမျိုး လုပ်ကြည့်ပါ။ ဒါက သင့်ရဲ့စိတ်ကို အာရုံလွှဲပေးပြီး နာကျင်မှုကို မေ့ပျောက်အောင် ကူညီပေးပါလိမ့်မယ်။

💟ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်ဖြုန်းပါ။
တစ်ယောက်တည်း အထီးကျန်ပြီး ပူဆွေးမနေဘဲ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူအချိန်ပေးပါ။ သူတို့နဲ့ စကားပြောတာ၊ ရယ်မောတာတွေက သင့်ရဲ့စိတ်ကို ပြန်လည်လန်းဆန်းလာစေပါတယ်။

💟 ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားဖြည့်ပါ။
ခန္ဓာကိုယ်ကိုရော၊ စိတ်ကိုပါ ပြန်လည်အားဖြည့်ဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေစားပြီး လုံလောက်စွာအိပ်စက်ပါ။ ပြင်ပြင်ဆင်ဆင်နဲ့ လှလှလေးနေပါ ။
👉ဒီလို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ပြန်လည်အားဖြည့်ဖို့အတွက် Lady Do ရှိပါတယ် ။ Lady Do မှာပါဝင်တဲ့ Maca Root Extract နဲ့ L-Arginine တို့ဟာ စိတ်ခံစားချက်တွေကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကို ထိရောက်စွာ လျှော့ချပေးနိုင်တဲ့အပြင် စိတ်ကြည်လင်လန်းဆန်းမှုကို အထောက်အကူပြုစေပါတယ် ။ 🥰

အခုချိန်မှာ ခက်ခဲနေပေမယ့် ပိုပြီးကောင်းတဲ့ ကိုယ့်ဘဝအတွက် သင်ခန်းစာတစ်ခု သင်ယူခွင့်ရလိုက်ပြီလို့သာ မှတ်ယူရင်း ဒီအခိုက်အတန့်လေးကို မြန်မြန် ကျော်လွှားနိုင်ဖို့ Lady Do ကို မှန်မှန်သောက်ပေးကြပါစို့နော် 💪🙆‍♀️
𝐋𝐚𝐝𝐲 𝐃𝐨
======
Phone - +959-264-805-060
Messenger - https://m.me/ladydomyanmar/
Official Website: www.amethystmyanmar.com
#အမျိုးသမီးကျန်းမာရေး #ယုံကြည်မှု #စိတ်ဖိစီးမှု #အိမ်ထောင်ရေးပြဿနာ

18/08/2025

ဘဝမှာ ဘယ်အရာကိုမဆို ကိုယ်တိုင်ဦးဆောင်နိုင်ပြီး ပြဿနာမှန်သမျှကို ရင်ဆိုင်ဖြေရှင်းတတ်တဲ့ အမျိုးသမီးတွေမှာလည်း တခြားသူတွေမမြင်နိုင်တဲ့ စိတ်ဖိစီးမှုတွေ ရှိနေတတ်ကြပါတယ်။
အမြဲတမ်း ရှေ့ကနေ ဦးဆောင်ပြီး သန်မာပြတတ်ကြပေမယ့် နောက်ကွယ်မှာ စိတ်ပင်ပန်းမှုဒဏ်တွေကြောင့် တိတ်တိတ်လေး ပြိုလဲနေကြတဲ့ အမျိုးသမီးတွေ ဒုနဲ့ဒေးပါပဲ 😔💔

ဒါဟာ အားနည်းတာ မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ သဘာဝပဲမို့ စိတ်ဖိစီးမှုဒဏ်တွေကို အတတ်နိုင်ဆုံး တောင့်ခံရင်း စိတ်ရော ကိုယ်ပါ နွမ်းနယ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားဖြည့်ပေးဖို့က အရေးအကြီးဆုံးပါပဲနော် 💯

👉Lady Do မှာပါဝင်တဲ့ Maca Root Extract နဲ့ L-Arginine တို့ဟာ စိတ်ခံစားချက်တွေကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကို ထိရောက်စွာ လျှော့ချပေးနိုင်တဲ့အပြင် စိတ်ကြည်လင်လန်းဆန်းမှုကို အထောက်အကူပြုစေပါတယ်။

ဒီလို အစွမ်းမသေးတဲ့ Lady Do ကို တစ်နေ့တစ်လုံး မှန်မှန်မှီဝဲရင်း ယုံကြည်မှုအပြည့်ရှိပြီး ဘာမဆိုဖြေရှင်းနိုင်တဲ့ Smart Lady အဖြစ် ရပ်တည်ကြရအောင်နော် 💞

𝐋𝐚𝐝𝐲 𝐃𝐨
======
Phone - +959-264-805-060
Messenger - https://m.me/ladydomyanmar/
Official Website: www.amethystmyanmar.com
-
#အမျိုးသမီးကျန်းမာရေး #ယုံကြည်မှု #စိတ်ဖိစီးမှု #အိမ်ထောင်ရေးပြဿနာ

06/08/2025

အမျိုးသမီးတွေရဲ့ အလှအပဆိုတာ ပြင်ပတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။
Stress တွေ ပိပြီး စိတ်ထောင်း ကိုယ်ကြေ ဖြစ်နေတဲ့အခါ ဘယ်လောက်ပဲပြင်ဆင်ထားပါစေ နုပျိုမှုနဲ့ တက်ကြွမှုက ပျောက်ဆုံးနေတတ်ပါတယ်။

စိတ်ပျိုမှ ကိုယ်နုပြီး လန်းဆန်းတက်ကြွပြီး နုပျိုလှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါနော် ✨
စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ Lady တို့အတွက် Lady Do က ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ပေးပြီး နုပျိုလန်းဆန်းတဲ့အလှကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

👉 Lady Do မှာ အမျိုးသမီးတွေအတွက် အထူးကောင်းမွန်တဲ့ Maca Root Extract၊ L-Arginine နဲ့ အခြားသော သဘာဝသစ်ဥသစ်ဖုအဆီအနှစ်များစွာ ကြွယ်ဝစွာ ပါဝင်ပါတယ်။

🌹Maca Root Extract က ဟော်မုန်းတွေကို မျှတစေပြီး စိတ်ဖိစီးမှု ( Stress )တွေနဲ့ စိတ်ခံစားမှုမတည်ငြိမ်တာတွေကို လျှော့ချပေးပါတယ်။ ဒါ့ကြောင့် စိတ်ထောင်း ကိုယ်ကြေခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
🌹L-Arginine က သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတာကြောင့် ခန္ဓာကိုယ် ကျန်းမာပြီး လန်းဆန်းတက်ကြွစေပါတယ်။
🌹သဘာဝသစ်ဥသစ်ဖုအဆီအနှစ်များ က အမျိုးသမီးများရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘက်ပေါင်းစုံကနေ ထောက်ပံ့ပေးပြီး နုပျိုလန်းဆန်းစေဖို့ ကူညီပေးပါတယ်။

ဒါကြောင့် စိတ်ထောင်း ကိုယ်ကြေ ခြင်းမှ ကာကွယ်ပေးတဲ့အပြင် စိတ်ပျို ကိုယ်နု စေတဲ့ Lady တို့အတွက် Lady Do ကို တစ်နေ့တစ်လုံး မှန်မှန်မှီဝဲပေးပြီး စိတ်ရော ကိုယ်ပါ ကျန်းမာလန်းဖြာတဲ့ Lady Life ကို ပိုင်ဆိုင်လိုက်ပါနော် 🥰♥️

𝐋𝐚𝐝𝐲 𝐃𝐨
======
Phone - +959-264-805-060
Messenger - https://m.me/ladydomyanmar/
Official Website: www.amethystmyanmar.com
မြန်မာနိုင်ငံရဲ့ FDA ရရှိပြီးသား Supplement မို့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။
#အမျိုးသမီးကျန်းမာရေး #ယုံကြည်မှု #စိတ်ဖိစီးမှု

18/07/2025

စိတ်ဖိစီးမှု (Stress) တွေ များလာတဲ့အခါ Lady တို့ရဲ့ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေဟာ ပုံမှန်မဟုတ်ဘဲ ထွက်ရှိလာပါတယ်။

အဓိကအားဖြင့် Cortisol နဲ့ Adrenaline လို ဟော်မုန်းတွေဟာ မြင့်တက်လာပြီး အိပ်မပျော်တာ၊ စိတ်မတည်ငြိမ်တာ၊ ကိုယ်အလေးချိန်တက်တာ၊ ပင်ပန်းနွမ်းနယ်တာစတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါဟော်မုန်းတွေ မမျှတမှုကြောင့် Lady တို့ရဲ့ ဟော်မုန်းစနစ်တစ်ခုလုံးကို ထိခိုက်စေပြီး အမျိုးသမီးတွေမှာဆိုရင် စိတ်ခွန်အားကျဆင်းလာတာ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုအားနည်းတာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ် 🙁

ဒီလို စိတ်ဖိစီးမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချပြီး စိတ်နဲ့ ခန္ဓာကို ပြန်လည်အားဖြည့်ဖို့အတွက် Lady တို့ရဲ့ Lady Do ရှိပါတယ် ။

📌 𝐋𝐚𝐝𝐲 𝐃𝐨 မှာဆိုရင်သဘာဝဆေးဖက်ဝင်ပစ္စည်းတွေဖြစ်တဲ့ 𝗠𝗮𝗰𝗮 𝗥𝗼𝗼𝘁 𝗘𝘅𝘁𝗿𝗮𝗰𝘁 က စိတ်ဖိစီးမှုကိုလျော့ချပေးပြီး ခန္ဓာကိုယ်ရဲ့စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။ 𝗟-𝗔𝗿𝗴𝗶𝗻𝗶𝗻𝗲 ကတော့ သွေးလည်ပတ်မှုကိုကောင်းမွန်စေကာ ဦးနှောက်ရဲ့လုပ်ဆောင်မှုကိုပိုပြီးထက်မြက်စေပါတယ်။ Lady တို့ရဲ့ ဟော်မုန်းညီမျှမှုကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ် 🥰❤️

ဒါ့ကြောင့် Lady တို့အတွက် အမြဲအသင့်ရှိနေတဲ့ Lady Do ကို ပုံမှန်သောက်သုံးခြင်းဖြင့် စိတ်ဖိစီးမှုဒဏ်ကို လျှော့ချနိုင်ပြီး ပိုမိုတက်ကြွလန်းဆန်းတဲ့ ဘဝကို ပိုင်ဆိုင်လိုက်ပါ ✨

𝐋𝐚𝐝𝐲 𝐃𝐨
======
Phone - +959-264-805-060
Messenger - https://m.me/ladydomyanmar/
Official Website: www.amethystmyanmar.com
-
#အမျိုးသမီးကျန်းမာရေး #ယုံကြည်မှု #စိတ်ဖိစီးမှု #အိမ်ထောင်ရေးပြဿနာ

12/07/2025

ချစ်သူလေးကို အမြဲတမ်းစိတ်ကောက်ပြီး ရစ်နေမိပြီလား ?

အစစအရာရာ အလိုလိုက် အကြိုက်ဆောင်ပေးတဲ့ ချစ်သူလေးနဲ့ အချစ်ရေးကို ဒီလိုစိတ်ခံစားချက်တွေက တဖြည်းဖြည်း ထိခိုက်စေနိုင်ပါတယ် ။ ချစ်လို့ စိတ်ကောက်တယ်ဆိုပေမယ့် မလိုလားအပ်တဲ့ စိတ်တိုတာတွေ၊ ရစ်တာတွေကနေ စပြီး ချစ်သူနှစ်ဦးကြား နားလည်မှုလွဲတာတွေ၊ ဆက်ဆံရေး တင်းမာတာတွေအထိ ဖြစ်လာနိုင်ပါတယ် 💔

ဒီလိုအခြေအနေတွေကို ရှောင်ရှားပြီး ချစ်ခြင်းမေတ္တာတွေ ပိုမိုခိုင်မြဲစေဖို့ လေဒီတို့အတွက် Lady Do လေး ရှိပါတယ်နော် 👫

Lady Do မှာပါဝင်တဲ့ Maca Root Extract နဲ့ L-Arginine တို့ဟာ စိတ်ခံစားချက်တွေကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကို ထိရောက်စွာ လျှော့ချပေးနိုင်တဲ့အပြင် စိတ်ကြည်လင်လန်းဆန်းမှုကို အထောက်အကူပြုစေပါတယ်။

ဒီလိုသဘာဝပါဝင်ပစ္စည်းတွေရဲ့ အကူအညီနဲ့ဆို လေဒီတို့ရဲ့ စိတ်တွေ တည်ငြိမ်လာပြီး တည်ငြိမ်တဲ့စိတ်နဲ့ ချစ်သူကို ပိုပြီးနားလည်ပေးနိုင်ပါလိမ့်မယ်။ စိတ်တည်ငြိမ်လာတာနဲ့အမျှ မလိုအပ်ဘဲ ရစ်တာတွေ လျှော့နည်းလာပြီး ချစ်ခြင်းမေတ္တာတွေ ပိုမိုတိုးပွားလာမှာ အမှန်ပါပဲ။ Lady Do နဲ့အတူ ရစ်ခြင်းတွေ လျှော့ပြီး ပိုမိုချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာဖို့ အခုပဲ တစ်နေ့တစ်လုံး မှန်မှန် မှီဝဲလိုက်စို့နော် ✨🥰

𝐋𝐚𝐝𝐲 𝐃𝐨
======
Phone - +959-264-805-060
Messenger - https://m.me/ladydomyanmar/
Official Website: www.amethystmyanmar.com

#အမျိုးသမီးကျန်းမာရေး #ယုံကြည်မှု #စိတ်ဖိစီးမှု #အိမ်ထောင်ရေးပြဿနာ

09/07/2025

မြန်မာတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာအခါတော်နေ့ )
လေးမှာ ကုသိုလ်တွေ အဆမတန်ပွားများနိုင်ကြပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။


#ဓမ္မစကြာအခါတော်နေ့ #ဝါဆိုလပြည့်နေ့

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter, Tamwe Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 05:00 - 17:00
Saturday 09:00 - 17:00