Baby Phaung

Baby Phaung

Share

Phaung Family✌🏻

Photos from Baby Phaung's post 27/04/2026

Trend အမှီ sticker လေးတွေ💜
ဖောင်းဖောင်းရဲ့ပါးပါးခရီးသွားရင်
ပို့ဖို့ပါကြိုလုပ်ထား🤭

Prompt က အောက်က link ထဲကနေယူပါတယ်။ တင်ပေးတဲ့မေမေ ကျေးဇူးပါရှင့်🥰
https://www.facebook.com/100009393629290/posts/4539901186332957/?app=fbl

Sticker တစ်ခုချင်းစီကိုတော့ ibisPaint X နဲ့ကိုယ်တိုင်ထုတ်ပါတယ်။ တချို့ မြန်မာစာ စာလုံးပေါင်းမှားနေတာလေးတွေကိုတော့ Phonto app နဲ့ ပြန်ပြင်ရေးပါတယ်ရှင့်🥰

မလုပ်တတ်ရင်‌လဲပြောသွားနော်
ကူညီပေးပါမယ်💜

25/04/2026

သူများအတင်းပြောတတ်တဲ့သူတွေကိုဘာပြောချင်လဲ?

Me 👇🏻😆

24/04/2026

ကိုယ်တိုင်သားမွေးပြီးတဲ့အချိန်အထိ တချို့သားရှင်အမေတွေကို နားလည်မပေးနိုင်တဲ့ ကိစ္စတစ်ခုရှိတယ်!!!

အဲ့တာဘာလဲဆိုတော့ ငါကသားယောက်ျား‌လေးမွေးထားတာမို့လို့ နစ်နာစရာမရှိဘူးဆိုပြီး ကိုယ့်သားက မိန်းကလေးတွေကိုတန်ဖိုးမထားပဲ ရှုပ်ချင်တိုင်းရှုပ်၊ ဖောက်ပြန်ချင်တိုင်းဖောက်ပြန်၊ ကိုယ်ကျင့်တရားပျက်ပြားချင်တိုင်းပျက်ပြားနေတာတွေကို လွှတ်ထားပေးတဲ့ကိစ္စပဲ။ အရင်ကတော့ ဪ သူတို့မှာ သမီးလေးမရှိလို့ သမီးချင်းကိုယ်ချင်းမစာပေးနိုင်တာလို့ထင်ခဲ့တာ ဒါပေမယ့် ကိုယ်တိုင်သားရှင်ဖြစ်လာတဲ့အချိန်မှာတော့ သမီးမရှိလို့ သမီးချင်းကိုယ်ချင်းမစာပေးနိုင်တာမဟုတ်ပဲ လူစိတ်မရှိလို့ကိုယ်ချင်းမစာပေးနိုင်တာဆိုတာကိုသဘောပေါက်သွားတယ်။ ဘာလို့လဲဆိုတော့ သမီးမမွေးထားလဲ ကိုယ်တိုင်က မိန်းမပဲမို့ မိန်းမချင်းကိုယ်ချင်းစာပေးလို့ရပါရဲ့နဲ့ ငါ့သားကိုငါပြောလိုက်ရင် ငါ့သားနဲ့ငါအဆင်မပြေဖြစ်လိမ့်မယ်ဆိုပြီး မသိကျိုးကျွံပြုနေကြတာဆိုတော့ ဒါက လူစိတ်မရှိတာနဲ့ မခြားတော့ဘူးလို့ထင်တယ်။ အဲ့လိုမိခင်တွေကိုမေးကြည့်ချင်တာ ကိုယ့်သားက တာဝန်မယူတတ်တဲ့ယောက်ျားတစ်ယောက်ဖြစ်နေတာ၊ ကိုယ်ကျင့်တရားပျက်ပြားတဲ့ယောက်ျားတစ်ယောက်ဖြစ်နေတာကို တကယ်လက်ခံပေးနိုင်ကြတာလား? မရှက်ဘူးလား? ကိုယ်တိုင်ကကိုယ်ကျင့်တရားပျက်ပြားခဲ့လို့လား? ကျမကတော့ ကျမသားကို အဲ့လိုယောက်ျားမျိုးမဖြစ်အောင်ပြုစုပျိုးထောင်ပေးမှာဖြစ်ပြီး တကယ်လို့ကိုယ်ဆုံးမနေတဲ့ကြားထဲက ပြောမရဘူးဆိုရင် အမွေပြတ်စွန့်လွှတ်လိုက်မှာ ရှက်လို့😌
(ကြားတယ်နော် အနာဂတ်ကဖောင်းဖောင်းရေ😌)


#သားဖောင်းလေးမေမေ

Photos from Baby Phaung's post 19/04/2026

လမ်းလျှောက်ထွက်တာကို
သူက ရှေ့ကနေပြေး🤭
မနည်းလိုက်‌ဖမ်းရတယ်🤭
သူ့အဖေလိုက်ဖမ်းတာနော် ကျမ မဟုတ်ဘူး
ကျမက အမြဲနောက်မှာ🤣

18/04/2026

ငွေရှာနိုင်ရုံနဲ့ ဖခင်ကောင်းမဖြစ်နိုင်ဘူးဆိုတာလေး သိစေချင်ရုံပါ�

Photos from Baby Phaung's post 16/04/2026

သင်္ကြန်အတက်နေ့💜

သင်္ကြန်မှာ ရေပတ်ရင်
မျက်နှာကိုတည်ပတ်လဲ စိတ်မဆိုးပါဘူး
ခွက်စောင်းခုတ်လဲ စိတ်မဆိုးပါဘူး
ရေပတ်ရင်း ခွက်ပါ ပါလာတာကြတော့
မပျော်တော့ဘူးကွာ🥹

Photos from Baby Phaung's post 15/04/2026

သင်္ကြန်အကြတ်နေ့💜

မားမားချုပ်ပေးတဲ့ ဝမ်းဆက်နဲ့🥰
ရေပတ်ခံထွက်ရင်း ဓာတ်ပုံရိုက်ဖို့ကို
ရေမပတ်တဲ့နေရာမနည်းရှာရိုက်ရတယ်😅
ကိုကိုဖောင်း‌တို့ကတော့ ရေပတ်ခံရရင်
ပြုံးလို့ ပျော်လို့🤭

Photos from Baby Phaung's post 15/04/2026

မအေက ဆူနေတာကို
သူက ရီပြပြီး မျက်နှာချိုသွေးနေတာ🤣

Photos from Baby Phaung's post 14/04/2026

သင်္ကြန်အကျနေ့💜

ရေပတ်ခံထွက်ရင်း
သေနတ်လေးနဲ့ ရေလိုက်ပတ်🤭
မားမားက သားသားမပြစ်တတ်မှာစိုးလို့
ရှေ့ကနေ ပြစ်ပြတာပါ🤭

10/04/2026

ဟင်းချက်နေတုန်းအသံမကြားလို့
သွားချောင်းကြည့်တာ
သူက သူ့ပါးပါးပြန်လာခါနီးမို့
မျှော်နေလေရဲ့ :D

10/04/2026

ပင်ပန်းပေမယ့်လဲ မားမားပျော်ပါတယ်�

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon