Beauty Salon By Seinn

Beauty Salon By Seinn

Share

ဆံပင်၊မိတ်ကပ်၊ အလှအပရေးရာ

Photos from Beauty Salon By Seinn's post 19/05/2024

ချစ်သမီးလေးအတွက်❣💕🎼

Photos from Beauty Salon By Seinn's post 12/05/2024

ချစ်သောလေးတွေအတွက်💐💐💐
အမှတ်တရ ပန်းစည်းလေးတွေမှာလို့ရပါတယ်ရှင့်❣💕

Photos from Beauty Salon By Seinn's post 12/05/2024

ရွှေလက်တွဲလို့ပျော်ရွှင်ပါစေ❣💕

💄Seinn🍀

Photos from Beauty Salon By Seinn's post 12/05/2024

❣💕💐

12/05/2024

💕❣💐

15/10/2023

Mingalarပါချစ်လေးတို့ရေ💖မတ်မတ်💚

Seinn Beauty&Hair Makeup ရွှေလွမ်းမြင့်ဘုရားကြီးရှေ့ဆိုင်လေးမှ

ချစ်တို့ရဲ တခဲနက် အားပေးမှု့ကြောင့် အချိန်တိုအတွင်း အောင်အောင်မြင်မြင်နဲ့လျှောက်လှမ်းနိုင်ခဲ့ပါတယ်ရှင့်🙏🙏🙏

မတ်မတ်ရဲ့ဆိုင်လေးရဲ့ လက်ရာကိုနှစ်သက်ပီးအမြဲအားပေးခဲ့တဲ့ customer လေးတွေကိုကျေးဇူးတုံပြန်သောအားဖြင့် အထူးအစီအစဥ် 💕💕💕
ဆံပင်ဖြောင့်မလား💖/ေကာက်မလား💖/
ဆေးဆိုးမလား💖/ဦးရေပြားTreatmentလား/Hair. Treatmentလုပ်မလား

(16.10.2023 to 30.10.2023)ထိ
ကြိုက်နှစ်သက်ရာပြုလုပ်ရုံနဲ့ ​ ချစ်သော လေးများ Free Laser Hair Treatmentလေးကိုရရှိသွားပါပီနော်💖💖💖

PageလေးကိုLike&Followလေးလုပ် အခုတင်ထားတဲ့Postလေးကိုသူငယ်ချင်း၂ယောက်ကိုtagပီးpublicနဲ့ shareပေးထားရုံလေးပါပဲရှင့်
ဆိုင်လေးကို လာရင် Shareထားတဲ့screenshot ေလးပြယုံနဲ့

ချစ်လေးတို့ Free Laser Hair Treatmentကိုရရှိမှာဖစ်ပါတယ်ရှင့်😚😚😚

ဆိုင်လိပ်စာလေးကတော့
ကွက်သစ်ပိုင်း ရွှေလွမ်းမြင့်ဘုရားကြီးရှေ့
စိမ်း Beauty & Hair ဆိုင်လေးပါရှင့်
ဖုန်းလေးဆက် cbလေးကလဲပြောပေးလို့ရပါတယ်နော် 📞09420202187

23/08/2023

🌻🌻🌻

11/08/2023

မမေ့နဲ့!!!
ပေးနိုင်တာ ပေးလို့
ကျွေးနိုင်တာကို ကျွေးပြီး
ကူညီနိုင်တာ ကူညီလိုက်မယ်။

ဒါပေမယ့်
လူတွေရဲ့ အကြောင်းကို
ကောင်းကောင်း သိလာတော့...

လူတိုင်းကို
ရင်ဘတ်ကြီးနဲ့ မပေါင်းဖြစ်တော့ဘူး။

လူတစ်ချို့ဟာ
လိုတာ ရပြီးလို့.
အကြိုက်ကို မလိုက်နိုင်တော့တဲ့ အခါ

ရင်ဘတ်ကြီးနဲ့ ရင်းပြီး
ပေါင်းသင်းမိတဲ့ ကိုယ့်ရင်ကိုပဲ
နာကျင်စေတာ များလာလို့ပါ။

တစ်ဖြည်းဖြည်း
သိသိ လာမိတာက

အကြိုက်တွေ
ပေးနေပေမယ့် စရိုက်တွေ
မတူရင် ပေါင်းလို့မရနိုင်ဘူး ဆိုတာရယ်

လောကမှာ
လူတွေ အများကြီး ရှိပေမယ့်
ရင်ဘတ်ချင်း တူသူက
အနည်းစုပဲ ရှိနိုင်တယ် ဆိုတာရယ်ပါ။
🍀🍀🍀

04/08/2023

- ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ပါ။

ကိုယ့်ဘဝထဲ ခဏ လာလည်တဲ့ သူတွေကပေးတဲ့
ပျော်ရွှင်ရခြင်းတွေ၊ ဝမ်းနည်းရခြင်းတွေ၊ စိတ်ပျက်ရခြင်းတွေ၊ ကြည်နူးရခြင်းတွေ၊ အေးချမ်းရခြင်းတွေ၊ သင်ခန်းစာတွေ၊ ဘယ်အရာတွေကို မဆို
တစ်ခဏတာပါပဲ။ ပြောင်းလဲချိန်တန်ရင် ပြောင်းလဲကြမှာပါပဲဆိုတဲ့ အသိလေးနဲ့သာ အလိုက်သင့်လေးစီးမြောသွားပါ။

ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေအတွက် ဘယ်သူ့မှာ မှ တာဝန်မရှိဘူးလေ။
အရာရာတိုင်းဟာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။

ကိုယ် ဘယ်လိုတွေးသလဲ။
ကိုယ် ဘယ်လို လက်ခံနှလုံးသွင်းလိုက်လဲဆိုတဲ့အပေါ်မှာပဲ မူတည်တာ။

ဒါကြောင့် ကိုယ်ဘာတွေ ခံစားရ ခံစားရ
ဘယ်သူ့ကြောင့်လို့ ခေါင်းစဥ်တပ်နေမယ့်အစား အတွေးတွေကို ရှုထောင့်တစ်မျိုးကနေ ပြောင်းတွေးကြည့်နိုင်ဖို့သာ ကြိုးစားကြည့်ပါ။

03/08/2023

ဘဝမှာ
- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့
- ဖွင့်မပြောဖြစ်ခဲ့တဲ့
-အမှန်တရားတွေ ရှိဖူးခဲ့တယ်။

ဘဝမှာ
- တစ်ခါတစ်လေ ငေးကြည့်နေရုံကလွဲပြီး
- ဘာဆို ဘာမှမတတ်နိုင်ခဲ့တဲ့
- အရာတွေ ရှိခဲ့ဖူးတယ်။

ဘဝမှာ
- နှိမ်ချတတ်သူတွေရဲ့ စကားလုံးကြောင့်
- ဆွဲနှုတ်ရခက်တဲ့ မြှားတစ်စင်း စိုက်ဝင် သလိုမျိုး
- ဒဏ်ရာတွေရခဲ့ဖူးတယ်။

ဒါကြောင့်...

ကိုယ့်အနား မနေချင်လို့ ထွက်သွား သူတွေကို
- တစ်ချက်လောက်တော့ ငဲ့ကြည့် သင့်တယ်လို့
- ပြန်မတမ်းတတော့ဘူး။

အပြုံးနဲ့ ကြည့်နေသူတွေရဲ့
- လက်ထဲကဓါးနောက်ကျောကို ထိုးဖို့လား
- ရင်ဘက် ထဲထိုးဖို့လား
- ပြန်လှည့် မကြည့်တော့ဘူး။

လက်ကမ်းမလိုနဲ့ လက်ကာသွားသူတွေရဲ့
- အရောင်ပြောင်းတတ်တဲ့ စိတ်ထဲမှာ
- ကိုယ်ချင်းစာတရား အစအနလေးများ ရှိလေမလားလို့
- ဝင်ချောင်းမကြည့်တော့ဘူး။

တစ်ကယ်တော့...
- တစ်ချို့ မျက်လုံးနဲ့ ကြည့်လည်း
- မမြင်နိုင်တဲ့ အရာတွေကို
- ကိုယ့်နှလုံးသားနဲ့ မြင်ခဲ့ရပြီးပြီပဲ။

01/08/2023

"ရေ စက် တွေ လဲ ပြေ ပါ စေ
ဝဋ် ကြွေး တွေ လဲ ကျေ ပါ စေ"
🚶-------------🚶------------🚶

လမ်းနဲ့ မလွတ်လို့ဆိုပြီး
သက်သက်မဲ့ အခုတ်ခံလိုက်ရတာပါ
ကိုယ့်နေရာကိုယ်ပေါက်တဲ့ သစ်ပင်လေးက
ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ပါဘူး

အရိပ်ခိုပြီး အခက်ချိုးသွားတဲ့သူတွေကိုလဲ
မေတ္တာတရားဟာ စိတ်မနာရက်ပါဘူး

တန်ဖိုးထားတက်သူလက်ထဲမှာတော့
စွန့်ပစ်ပစ္စည်းလဲ ရတနာဖြစ်ရတယ်

တန်ဖိုးမထားတက်သူလက်ထဲရောက်ရင်တော့
ကိုယ့်ဘက်က ဘယ်လောက်ကောင်းကောင်း
စေတနာဟာ စျေးကောင်းမရနိုင်ပါဘူး

မမေးဘဲ ဖြေခဲ့တဲ့စကားတွေလဲ
လိုသလောက် ခရီး မရောက်ခဲ့ဘူး

မတောင်းဘဲ ပေးဆပ်ခဲ့တဲ့အရာတွေလဲ
တုန့်ပြန်မှုက ထင်သလောက် မဟုတ်ခဲ့ဘူး

လိုလိုလားလား ပေးခဲ့တဲ့ချစ်ခြင်းတွေထဲမှာ
အစစ်အမှန်တွေ , ပြန်ရတာ ရှား ပါ တယ်

ကိုယ့်ထိမှ နာတက်တဲ့အသိုင်းအဝိုင်းမှာ
ဒဏ်ရာဟာ,သွေး ထွက် ခွင့် မ ရ ခဲ့ ဘူး

လူရွှင်တော်မပါတဲ့ ဟာသကားလို
ဘဝဟာ , မျက်ရည်မကျဘဲ ငိုတက်ခဲ့ရ

ဒီလောက်ကြီး နားလည်ဖို့အတွက်
ဘယ်လောက်တောင် ကိုယ်ပြိုလဲပေးခဲ့ရသလဲ

တရားဓမ္မအတိုင်းပါဘဲ
ဖြစ်လွယ် ပျက်လွယ် ဆက်ဆံရေးတွေထဲ
ခွင့်လွှတ်ခြင်းနဲ့ စွန့်လွှတ်ခြင်းတွေနဲ့သာ
ကိုယ့်ကိုယ်ကို အေးချမ်းစေတော့မယ်

ဝင်လာပါလို့ အတင်းမခေါ်ချင်တော့သလို
ထွက်မသွားပါနဲ့လို့လဲ ဆွဲမထားချင်တော့ဘူး

မတည်မြဲတဲ့အရာတွေကို
နောက်ထပ် မချည်းနှောင်ခြင်းဖြစ်သာ
ကိုယ့် ကိုယ် ကိုယ်
လွတ်မြောက်ခွင့် ပေးလိုက်ပါတယ်

မပျော်ပေမယ့် ပြုံးတက်ချင်လို့
နာ ကျင် ခြင်း ကို
သက်သာအောင် မွေးမြူကြည့်ပါတယ်
ဘယ် သူ လာ မေး မေး
အဆင်ပြေတယ်ဘဲ ဖြေတော့မယ်

မချစ်နိုင်လို့ မုန်းတယ်ပြောလာတာက
ကာလတစ်ခုထိဘဲ ဝမ်းနည်းရတာဖြစ်ပြီး
ချစ်တယ်ပြောပြီးမှ နာကျင်အောင်လုပ်တာက
အတိုင်းမသိအောင် အကြိမ်ကြိမ်ခံစားရပါတယ်

ရေ စက် တွေ လဲ ပြေ ပါ စေ
ဝဋ် ကြွေး တွေ လဲ ကျေ ပါ စေ
ပြည့် ဖို့ , မ သေ ချာ ပေ မယ့်
ဆုတောင်းခွင့်တော့ ရှိရဲ့ မဟုတ်လား

နောင်လာမယ့် နေ့ရက်တိုင်းမှာ
ခွင့်လွှတ်ပါ , မျှဝေပါ , ကြီးမြတ်ပါ
ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ ။

(ခင် မင် လေး စား လျှက်)

30/07/2023

ခင်ဗျားကြောင့် ကျွန်တော်အများကြီး
ပျော်ရွှင်ခဲ့ရဖူးတယ် ။

တစ်ချိန်ချိန်မှာ မဆုံစည်းနိုင်ခဲ့ရင်တောင် ...
အတူရှိမနေနိုင်တော့ရင်တောင် ...

ပျော်ခဲ့ဖူးတဲ့ ဒီနေ့ရက်တွေအတွက်
တစ်ဘဝလုံးစာ ကျွန်တော် ခင်ဗျားကို
ကျေးဇူးတင်နေမှာပါ ။ ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon