Glorious Shop

Glorious Shop

Share

All items are guaranteed to be authentic, and new with original packaging.

23/04/2026

အခုနောက်ပိုင်း အလုပ်ခွင်မှာ
မိတ်ကပ်အထူကြီးတွေထက်စာရင်
ကြည့်လိုက်တာနဲ့ သေသပ်ပြီး
စမတ်ကျတဲ့ Fresh Look မျိုးကို
ပိုပြီး ရွေးချယ်ဖြစ်လာကြပါတယ်

အထူးသဖြင့်
AC ခန်းထဲ အချိန်ကြာကြာ ထိုင်ရတဲ့အခါ
နှုတ်ခမ်းသား ခြောက်သွေ့ပြီး
မိတ်ကပ် Look ကအစ လန်းဆန်းမနေတော့ဘူးပေါ့

အလုပ်များတဲ့ Business Woman တွေအတွက်
မှန်ခဏခဏကြည့်ပြီး Touch-up ပြန်လုပ်ဖို့
ဆိုတာကလည်း အချိန်သိပ်မရတတ်ပါဘူးဆိုတော့..

ဒီ NARS Or**sm Afterglow Duo Set လေး
ကတော့ အချိန်တိုအတွင်းမှာ
ကိုယ့်မျက်နှာလေး ပြန်လန်းသွားဖို့
ယုံယုံကြည်ကြည်နဲ့ အားကိုးလို့ရနိုင်ပါတယ်

Afterglow Lipstick
ဒီ Lipstick လေးက နှုတ်ခမ်းသားကို
ရေဓာတ်အပြည့်အဝ ပေးနိုင်လို့
Meeting ထိုင်ပြီး စကားတွေ အများကြီး
ပြောရတဲ့ အခါမှာတောင်
တစ်နေကုန် သက်တောင့်သက်သာ ရှိစေပါတယ်

ပြီးတော့ အရောင်အရမ်းမထင်းဘဲ
သဘာဝကျကျ ကြည့်ကောင်းနေစေမယ့်
ပန်းသွေးရောင်လေးပါ

Blush လေးကတော့ ပင်ပန်းနေတဲ့
အရိပ်အယောင်တွေကို ဖျောက်ပေးပြီး၊
ပါးပြင်လေးထဲကနေ သဘာဝအတိုင်း
စိမ့်ထွက်လာတဲ့ Healthy Glow
မျိုးလေး ရစေမှာပါ
လက်နဲ့ ဖွဖွလေး Blend လုပ်လိုက်ရုံနဲ့တင် လုံလောက်ပါတယ်

အရောင်တောက်တောက်တွေ၊
Matte အမျိုးအစားတွေကို အဓိကရှာနေတာ
ဆိုရင်တော့ ဒီ Set လေးက
အဆင်ပြေမှာ မဟုတ်ပါဘူး

ဒါပေမယ့် ကိုယ့်ရဲ့ နေ့စဉ်
Professional Routine မှာ
အချိန်အများကြီး ပေးစရာမလိုဘဲ
အနားကကြည့်ရင်တောင် အသားအရေ
ကောင်းတယ်လို့ ထင်ရတဲ့ သဘာဝကျကျ
Look မျိုးကိုမှ သဘောကျရင်တော့
အတော်လေးကို Right Match ဖြစ်ပါလိမ့်မယ်

ပြီးတော့ NARS ရဲ့ Or**sm Shade လေးက
အသားအရောင် တော်များများနဲ့
အလွယ်တကူ လိုက်ဖက်ညီတဲ့
Universal Shade ဖြစ်လို့ ဝယ်ပြီး
လိုက်ပါ့မလား သိပ်စိုးရိမ်မစရာမလိုဘူးနော်

ဒီ NARS set လေးက
Glorious မှာ Instock အသင့်ရှိပါတယ်🛍✨

ကိုယ့်နှုတ်ခမ်းသားအတွက် ဘယ်လိုလေးသုံးရမလဲဆိုတာ အသေးစိတ် ထပ်ပြီးတိုင်ပင်ချင်တယ်ဆိုရင်လည်း Glorious ကို Messenger ကနေဖြစ်ဖြစ်၊ Video Call ကနေဖြစ်ဖြစ် အေးဆေးဆက်သွယ်မေးမြန်းလို့ ရပါတယ်ရှင်💖💌

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို့ အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖို့ကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

23/04/2026

ဆိုးလိုက်တာနဲ့ "ခဏပဲ စိုအိနေပြီး"
ပြန်ခြောက်သွားရင်တော့ lip balm တစ်ခုထဲနဲ့ မလုံလောက်တော့ပါဘူး …

တချို့ Lip Balm တွေက နှုတ်ခမ်းပေါ်မှာ
အဆီလွှာတစ်ခုလိုပဲ ဖုံးထားသလိုဖြစ်နေတော့
အပေါ်ယံပဲ စိုနေပြီး အောက်က နှုတ်ခမ်းသားက တကယ် ရေဓာတ်မပြည့်ဝတဲ့အခါ
တစ်နေ့လုံး ခဏခဏ
ပြန်ပြန်ဆိုးနေရတတ်ပါတယ်

အဲ့ဒီလို အခြေအနေမျိုးအတွက်ဆိုရင်တော့ …

သာမန် Lip Balm မျိုးထက်
နှုတ်ခမ်းသားကို သေချာအားဖြည့်ပေးမယ့်
Lip Treatment လိုမျိုးကို
ပြောင်းသုံးကြည့်ဖို့ လိုလာပါပြီ

Ole Henriksen Pout Preserve က
Peptides နဲ့ Kokum Butter တွေ
ပါဝင်တဲ့အတွက်
နှုတ်ခမ်းသားကို အတွင်းပိုင်းအထိ
ရေဓာတ်ဖြည့်ပေးတယ်
အပေါ်ယံ စေးကပ်ကပ်ကြီး ဖြစ်မနေဘဲ
နှုတ်ခမ်းသားကို သဘာဝကျကျ
ပြည့်ဖြိုးပြီး အရေးကြောင်းလေးတွေ
ပြေလျော့သွားစေပါတယ်

ဒီ Set လေးမှာ အရောင် မတူတဲ့
Mini Size ၃ ခု ပါတဲ့အတွက်...
-အပြင်သွားတိုင်း လွယ်နေကျ ကိုယ့်အိတ်ထဲမှာ ဆောင်ထားမယ်
-အလုပ်သွားတဲ့အခါ မျက်နှာလေး လင်းသွားအောင် ဆိုးဖို့ သုံးမယ်
- ညအိပ်ရာဝင်ခါနီး သေချာလေး လိမ်းအိပ်ဖို့ထားမယ်ဆိုရင် တကယ်ကို အဆင်ပြေပါတယ်

ခဏခဏ ခြောက်သွေ့ကွဲအက်တတ်တဲ့ နှုတ်ခမ်းသားပိုင်ရှင်တွေအတွက်တော့
ဒီ Ole Henriksen Mini Set လေးက
လက်လွတ်မခံသင့်တဲ့ Must-have item
လေးပဲ ဖြစ်ပါတယ် ✨

ဒီ Ole Henriksen Mini Set လေးက
Glorious မှာ Instock အသင့်ရှိပါတယ်🛍✨

ကိုယ့်နှုတ်ခမ်းသားအတွက် ဘယ်လိုလေးသုံးရမလဲဆိုတာ အသေးစိတ် ထပ်ပြီးတိုင်ပင်ချင်တယ်ဆိုရင်လည်း Glorious ကို Messenger ကနေဖြစ်ဖြစ်၊ Video Call ကနေဖြစ်ဖြစ် အေးဆေးဆက်သွယ်မေးမြန်းလို့ ရပါတယ်ရှင်💖💌

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို့ အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖို့ကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

22/04/2026

အသားအရေက Sensitive ဖြစ်ပြီး ဘာသုံးရမှန်းမသိ ဖြစ်နေတဲ့အခါမျိုး ရှိဖူးလား?

အဲဒီလိုအချိန်မျိုးဆိုရင် မျက်နှာပေါ်ကို
skincare step အထပ်ထပ်လိမ်းနေတာထက်
အခြေခံအကျဆုံးဖြစ်တဲ့ မျက််နှာသစ်တာနဲ့
အစိုဓာတ်ဖြည့်တာ ကိုပဲ ညင်ညင်သာသာလေး
ပြန်လုပ်ပေးဖို့ အကြံပေးချင်ပါတယ်

ဒီ Fresh ရဲ့ Skin Besties Set လေးက
အဲဒီလို ရိုးရိုးရှင်းရှင်းနဲ့ စိတ်ချရတဲ့
Basic Routine လေးကို
အသားအရေအတွက် အကောင်းဆုံး
ဖန်တီးပေးပါတယ်

ဒီ Set လေးထဲမှာ ဘာတွေပါလဲဆိုတော့

🌱 Soy Face Cleanser
မျက်နှာသစ်ပြီးသွားရင်
အသားအရေကို ခြောက်ကပ်တင်းမာမသွားစေဘဲ
အိအိလေးနဲ့ သန့်စင်သွားစေပါတယ်

🌹 Rose Deep Hydration Face Cream
အသားအရေကို ရေဓာတ်အပြည့်အဝ
ဖြည့်ပေးပြီး လိမ်းလိုက်ရင်
စေးကပ်တာမျိုးမရှိဘဲ အသားထဲ
ချက်ချင်းစိမ့်ဝင်သွားစေပါတယ်

Full size အကြီးကြီးတွေ မဝယ်ခင်
ကိုယ့်အသားအရေနဲ့ တကယ်
အဆင်ပြေရဲ့လားဆိုတာကို
အရင်စမ်းကြည့်ချင်တဲ့ သူတွေအတွက်ရော၊
ခရီးသွားတဲ့အခါ Skincare တွေ
အများကြီးမသယ်ဘဲ ပေါ့ပေါ့ပါးပါးလေး
ယူသွားချင်တဲ့သူတွေအတွက်ပါ
ဒီ Set လေးက အဆင်ပြေတယ်နော် ✈️

Instock ရှိတာမို့လို့ Glorious မှာ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူလို့ရပါပြီရှင့်🛍✨

ဒီ Product နဲ့ပတ်သက်ပြီး သိချင်တာလေးတွေရှိရင် Glorious မှာ chatbox ကနေဖြစ်ဖြစ် video call ကနေဖြစ်ဖြစ် လာရောက်ဆွေးနွေးမေးမြန်းလို့ ရပါတယ်နော် 🥰💖

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို့ အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖို့ကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

#အလှအပ

Photos from Glorious Shop's post 22/04/2026

MUA တွေရဲ့ Makeup Kit ထဲမှာ တကယ်ဆောင်ထားသင့်တဲ့ Haus Labs Lip Oil Set လေး ✨

Lipstick တွေ ဆိုးတဲ့အခါ
Client တွေရဲ့ နှုတ်ခမ်းသား
ခြောက်သွေ့နေလို့ အဆင်မပြေဖြစ်ရတဲ့
အခြေအနေမျိုး MUA တော်တော်များများ
ကြုံဖူးကြမယ်ထင်ပါတယ်

ဒီလိုဆိုရင်တော့ Haus Labs ကထုတ်တဲ့
Mini PhD Lip Oil Trio Set လေးက
တကယ်ကို အထောက်အကူဖြစ်မှာပါ

သူက နှုတ်ခမ်းသားကို ချက်ချင်း
အစိုဓာတ်ရပြီး အိစက်သွားစေပြီးတော့
စေးကပ်ကပ်ကျန်ခဲ့တာမျိုး လုံးဝမရှိပါဘူး
ဒါကြောင့် Lip prep လုပ်တဲ့အခါ
နောက်ထပ် ထပ်ဆိုးမယ့် Lipstick ရဲ့
Texture ကိုလည်းမပြောင်းလဲသွားလို့
အရမ်းအဆင်ပြေတယ်

အရောင် ၃ မျိုးပါဝင်လို့
Clear color လေးကို Lip prep အနေနဲ့ဖြစ်ဖြစ်၊
Gloss အနေနဲ့ အပေါ်က ထပ်ဆိုးပေးတာဖြစ်ဖြစ်
စိတ်ကြိုက်ဖန်တီးလိုက်ရုံပါပဲ

ကျန်တဲ့ အရောင်နုနုလေးတွေကိုတော့
သဘာဝကျကျ နှုတ်ခမ်းအရောင်လေး
လိုချင်တဲ့ Client တွေအတွက် အလွယ်တကူ
ဆိုးပေးလို့ရတာမို့ Lip Care အနေနဲ့ရော
Gloss အနေနဲ့ပါ သုံးလို့ရတယ်

တစ်ချောင်းပဲရှိရင်တောင် အမျိုးမျိုးသုံးလို့ရတာမလို့
MUA လေးတွေ လက်မလွှတ်သင့်တဲ့ Set လေးပါ

Instock ရှိတာမို့လို့ အခုမှာ အခုရမှာပါ အကြာကြီးလဲစောင့်စရာမလိုပါဘူးနော်

သိချင်တာလေးတွေရှိသေးရင်
Glorious မှာ chatbox ကနေဖြစ်ဖြစ်
video call ကနေဖြစ်ဖြစ် လာရောက်ဆွေးနွေးမေးမြန်းလို့ ရပါတယ်နော် 🥰💖

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို့ အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖို့ကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

#အလှအပ

22/04/2026

Shampoo အသစ်ပြောင်းဖို့ စဉ်းစားတိုင်း Full Size ကြီးတန်းဝယ်နေတုန်းလား?

Hair care အသစ်တစ်ခုကို
ပြောင်းသုံးဖို့ စဉ်းစားတဲ့အခါ
Full size အကြီးကြီးတန်းဝယ်ရမှာ
ကိုယ်နဲ့မတည့်ဘဲ အလကားဖြစ်သွားမှာကို စိုးရိမ်တတ်ကြပါတယ်

အဲ့ဒီလို စိုးရိမ်မှုလေးတွေအတွက်ဆိုရင်တော့
ဒီ 'Joico 50th Anniversary Mini Set' လေး
က ကွက်တိပါပဲ

ဒီ set လေးက ကိုယ့်ဆံသားအခြေအနေကို
သေချာပြန်နားလည်ဖို့ အချိန်ပေးချင်တဲ့သူတွေ
အတွက် Joico ရဲ့ နာမည်အကြီးဆုံး
Shampoo လိုင်း (၄) မျိုးစလုံးကို
Mini size လေးတွေနဲ့ တစ်စုတစ်စည်းတည်း
စမ်းသုံးကြည့်လို့ရမယ့် Set လေးပါ

ဒီ Set လေးထဲမှာ
Defy Damage - ဆံသားကို ပြင်ပဒဏ်တွေနဲ့ အပူဒဏ်ကနေ ကာကွယ်ပေးဖို့
K-Pak Color Therapy - ဆေးဆိုးထားတဲ့ဆံသားကို အရောင်ထိန်းရင်း ပြုပြင်ပေးဖို့
Moisture Recovery - ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ဆံသားကို ရေဓာတ်အပြည့်အဝ ပြန်ဖြည့်ပေးဖို့
Color Balance Purple - ဆေးဆိုးထားတဲ့ အရောင်မပြောင်းလာအောင် ထိန်းထားပေးဖို့
ဆိုပြီး shampoo အမျိုးအစား (၄) မျိုးပါဝင်ပါတယ်

ဒါကြောင့် ကိုယ်နဲ့တကယ်အဆင်ပြေတဲ့
Right Match ကို ရှာတွေ့သွားမှ
Full size ကို အေးအေးဆေးဆေး
ပြောင်းသုံးလို့ရတာပေါ့

နောက်ပြီး သူ့ size လေးတွေက
ခရီးသွားတဲ့အခါ ယူသွားဖို့အတွက်လည်း
အရမ်းကို အဆင်ပြေပါတယ်နော် ✈️

Glorious မှာ
ဒီ Set လေးကို Instock ရနေပါပြီ

ကိုယ့်ဆံသားနဲ့ အသင့်တော်ဆုံးဖြစ်မယ့်
အမျိုးအစားကို သေချာရွေးချယ်ချင်တယ်
ဆိုရင်တော့ Messenger (သို့) Video Call
ကနေ အေးအေးဆေးဆေး လာရောက်ဆွေးနွေးလို့ ရပါတယ်ရှင် 💬💖

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို့ အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖို့ကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

#အလှအပ

15/04/2026

ကိုယ့် အသားအရောင်နဲ့ တကယ်လိုက်ဖက်တဲ့ သဘာဝ ပန်းရောင် နှုတ်ခမ်းနီကို ရှာတွေ့ပြီလား?

ပန်းရောင် နှုတ်ခမ်းနီလေးတွေက မျက်နှာလေးကို ပိုလင်းပြီး နုပျိုသွားစေတယ်ဆိုပေမယ့်...

ရွေးတာ နည်းနည်းလေး လွဲသွားရင် မျက်နှာတစ်ခုလုံး ပြာသွားသလို၊ ဖြူဖတ်ဖြူရော်ကြီး ဖြစ်သွားစေတတ်ပါတယ်

ဒါကြောင့် အခုတလော နာမည်ကြီးနေတဲ့ Charlotte Tilbury ရဲ့ Icon Baby Duo လေးက ဘယ်လို အသားအရောင်မျိုးနဲ့ ပိုပြီး လိုက်ဖက်မလဲ ဆိုတာကို ရှင်းပြပေးမယ်နော်

✨ Fair to Medium Skintones

ဒီ Fresh Pink လေးက
ကောက်ဆိုးလိုက်ရုံနဲ့တင် မျက်နှာလေးကို
ချက်ချင်းလင်းသွားစေမယ့် အရောင်မျိုးပါ
Warm/Yellow Undertone ပိုင်ရှင်တွေမှာတောင်
မျက်နှာကို မှိုင်းမသွားစေဘဲ သဘာဝကျကျ
ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးကို
ရရှိစေမှာဖြစ်ပါတယ်

✨ Medium Deep to Deep Skintones

ကိုယ်က အသားနည်းနည်း ညိုတဲ့သူ
ဖြစ်တယ်ဆိုရင်တော့ ဒီအရောင်လေးက
နှုတ်ခမ်းပေါ်မှာ နည်းနည်းလေး
ဖျော့နေနိုင်ပါတယ်
ဒါပေမယ့် လုံးဝဆိုးလို့မရတာမျိုး
မဟုတ်ပါဘူးနော်!
နှုတ်ခမ်းဘေးကို ခဲရောင် (သို့) အညိုရောင်
Lip Liner တစ်ခုခုနဲ့ အရင်ဘောင်ကွပ်ပြီးမှ
ဆိုးပေးရင် လှသွားပါလိမ့်မယ်
ဘာမှမပါဘဲ ဒီအတိုင်း အလွယ်တကူ
ကောက်ဆိုးဖို့ဆိုရင်တော့ သိပ်
ပြီး အဆင်ပြေချင်မှ ပြေပါလိမ့်မယ်

ကိုယ့်အသားအရည်က အသားဖြူအသားလတ်ထဲမှာပါပြီး
နေ့တိုင်း အလွယ်တကူ လိမ်းလို့ကောင်းမယ့်
သဘာဝဆန်ဆန် ပန်းရောင်လေးတစ်ခု
ရှာနေရင်တော့ ဒီ Mini နှုတ်ခမ်းနီ နဲ့
Gloss အပြည့် ပါတဲ့ Set လေးက
အတော်လေးကို အဆင်ပြေပါတယ်

Instock ရနေပြီမို့လို့ …
ဒီ Icon Baby လေး ကိုယ်နဲ့ တကယ်ပဲ လိုက်ပါ့မလားဆိုတာကို Glorious ကို Messenger သို့မဟုတ် video call ကနေတစ်ဆင့်ဆွေးနွေးပြီး စိတ်ကြိုက်ရွေးချယ်လို့ရပါပြီ💖💄

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို့ အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖို့ကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

#အလှအပ

Photos from Glorious Shop's post 13/04/2026

Clinique ရဲ့ လူကြိုက်အများဆုံး Best Seller တွေကို တစ်စုတစ်စည်းတည်း ရနိုင်မယ့် အတန်ဆုံး Set လေး 🤎

Trend အသစ်တွေနောက်ကို မလိုက်ချင်တော့ဘူး...
တကယ်လိုအပ်ပြီး သေချာအလုပ်လုပ်ပေးမယ့် Classic ဖြစ်တဲ့ ပစ္စည်းလေးတွေကိုပဲ
စိတ်ချလက်ချ သုံးချင်တော့တယ်ဆိုတဲ့
သူတွေအတွက် ဒီ Clinique 'Best Of Clinique' Set လေးက စိတ်အေးရစေမယ့်
ရွေးချယ်မှုတစ်ခုပါ🤎

သူက ပစ္စည်းတွေ တစ်ခုချင်းစီ
လိုက်ရွေးနေစရာမလိုဘဲ Clinique ရဲ့
နှစ်ပေါင်းများစွာ အယုံကြည်ရဆုံးနဲ့
လူကြိုက်အများဆုံး အရာတွေကိုပဲ
ကျွမ်းကျင်သူတွေက တစ်စုတစ်စည်းတည်း
တွဲပေးထားတာမို့ အရမ်းကို တန်တဲ့ Set
လေးပဲ ဖြစ်ပါတယ်

ဒီ Set လေးထဲမှာ ဘာတွေပါလဲဆိုရင်...

* Take The Day Off Cleansing Balm
တစ်နေ့တာ ပင်ပန်းထားသမျှ၊
လိမ်းထားသမျှ makeup နဲ့ sunscreen တွေကို အသားအရေကို ပွတ်တိုက်စရာမလိုဘဲ အလွယ်တကူ အရည်ပျော်သွားစေပြီး
ဖယ်ရှားပေးမယ့် Balm လေး

* Moisture Surge 100H Hydrator အသားအရေကို စေးကပ်တာမျိုး လုံးဝမရှိဘဲ
ရေဓာတ်ကို အပြည့်အဝဖြည့်ပေးတဲ့
နာမည်ကြီး Moisturizer ပါ
မိတ်ကပ်မလိမ်းခင် သုံးရင်လည်း
အသားအရေကို တစ်နေ့ကုန် စိုအိနေစေပါတယ်

* Smart Clinical Repair Serum
အရေးအကြောင်းတွေနဲ့ အသားအရေ
မညီညာတာတွေကို ဖြည်းဖြည်းချင်း
သက်သာစေပြီး၊ အသားအရေကို ပိုပြီး
ချောမွေ့လာစေဖို့ ကူညီပေးမယ့် ဖော်မြူလာပါ

* All About Eyes
မျက်လုံးတစ်ဝိုက်က အမည်းကွင်းတွေနဲ့
ဖောင်းအစ်တာတွေကို သက်သာစေပြီး
ပင်ပန်းနေတဲ့ မျက်လုံးလေးတွေကို Fresh
ပြန်ဖြစ်လာစေပါတယ်

* Almost Lipstick in Black Honey
သူကတော့ ဘယ်အသားအရေ၊
ဘယ်နှုတ်ခမ်းအရောင်နဲ့မဆို လိုက်ဖက်တဲ့
အရောင်လေးပါ
အရောင်ရွေးရခက်နေတဲ့သူတွေ၊
သဘာဝကျကျလှချင်တဲ့သူတွေအတွက်
အသင့် တော်ဆုံးပါပဲ

* High Impact Mascara
မျက်တောင်လေးတွေကို သဘာဝကျကျနဲ့
ထူထူမည်းမည်းလေး ဖြစ်သွားစေမယ့်
Mascara ပါ
မျက်လုံးပေါ်မှာ လေးလံတဲ့ခံစားချက်မျိုး
မပေးပါဘူး

* All About Shadow Quad
နေ့တိုင်း သုံးလို့ရမယ့် သဘာဝဆန်တဲ့
အရောင်လေးတွေ စုထားတဲ့
Eyeshadow လေးမို့
Over ဖြစ်သွားတာမျိုး မရှိဘဲ
သပ်သပ်ရပ်ရပ်လေး လှနေစေမှာပါ

ဒါ့အပြင် ခရီးသွားရင်ဖြစ်ဖြစ်၊
အပြင်သွားရင်ဖြစ်ဖြစ် အလွယ်တကူ
သယ်သွားလို့ရတဲ့ လှပတဲ့ Pouch အိတ်လေးပါ တစ်ပါတည်း ပါဝင်ပါသေးတယ်

ကိုယ့်ရဲ့ မျက်နှာပေါ်မှာ ပစ္စည်းအများကြီး
အဆင့်တွေအများကြီး မသုံးချင်တော့ဘူး၊
သေချာအလုပ်လုပ်တဲ့ ပစ္စည်းနည်းနည်းကိုပဲ သေချာသုံးချင်တဲ့သူတွေအတွက်
ဒီ Set လေးကို recommend ပါတယ်ရှင့်

ဒီ Best Of Clinique Set လေးက Glorious မှာ Instock အသင့်ရှိနေပြီမို့ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရနေပါပြီ💖

အသေးစိတ် သိချင်တာလေးတွေရှိရင် Messenger ဒါမှမဟုတ် video call ကနေ အခုပဲ လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်💌

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို့ အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖို့ကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

#အလှအပ

Photos from Glorious Shop's post 13/04/2026

ဝက်ခြံသမားတွေအတွက် မြန်မြန်ဆန်ဆန်နဲ့ အထိရောက်ဆုံး Basic Routine ✨

ဝက်ခြံတွေ ရုတ်တရက် ထွက်လာပြီဆိုရင်
ဘာဆက်လုပ်ရမှန်းမသိဘဲ စိတ်ဖိစီးပြီး
ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုးနဲ့
ပစ္စည်းတွေ အများကြီး လျှောက်သုံးမိ
တတ်တာ သဘာဝပါပဲ

တကယ်တော့ ဝက်ခြံထွက်နေချိန်ဆိုတာ
Skincare Step တွေ အများကြီး လိမ်းတာထက်စာရင် ရှင်းလင်းပြီး ထိရောက်တဲ့
အခြေခံ Routine လေးတစ်ခုက
ပိုလိုအပ်ပါတယ်

ဥပမာ Clinique ရဲ့ Skin School Anti-Blemish Basics Set လိုမျိုးလေးပေါ့

ဒီ Set လေးက Skincare Routine ကို
အရိုးရှင်းဆုံးဖြစ်အောင် လျှော့ချပေးပြီး
ဝက်ခြံအတွက် သေချာအလုပ်လုပ်ပေးမယ့်
ပစ္စည်းလေးတွေချည်းပဲ စုစည်းထားတာပါ

သူ့မှာ အဆင့် (၃) ဆင့်ပါဝင်တယ်

1. မျက်နှာသန့်စင်ဖို့ အတွက် Acne Solutions Cleansing Foam

ဒီ Foam လေးက အညစ်အကြေးနဲ့ အဆီပိုတွေကို သေချာသန့်စင်ပေးပြီး အသားအရေရဲ့ ရေဓာတ်ကို ခမ်းခြောက်သွားတာမျိုး မဖြစ်စေဘဲ သက်တောင့်သက်သာလေး ကျန်ခဲ့စေပါတယ်

2. ရေဓာတ်ဖြည့်ရင်း ကုသဖို့ အတွက် Clinique iD Hydrating Clearing Jelly + Anti-Imperfections Cartridge

ဒီ Set လေးရဲ့ အသက်လို့ ပြောလို့ရမယ့် Jelly ဘူးလေး
ဝက်ခြံသမားတွေက အဆီထပ်ပြန်မယ့် Moisturizer မျိုးကို ရှောင်ချင်ကြပါတယ်
ဒီ ကြည်လင်တဲ့ Jelly လေးကတော့ အဆီမပါဘဲ
ပန့်စ် (Pump) တစ်ချက် နှိပ်လိုက်တာနဲ့
ရေဓာတ်ဖြည့်တာရော၊ ဝက်ခြံသက်သာစေတာရော တစ်ပြိုင်နက်တည်း အချိုးကျကျ ထွက်လာလို့ အချိန်ကုန် အရမ်းသက်သာပါတယ်

3.လိုအပ်တဲ့နေရာကို အမြန်သက်သာစေဖို့ Clinical Clearing Gel

ဒါလေးကတော့ မျက်နှာတစ်ခုလုံး လိမ်းဖို့ မဟုတ်ဘဲ ရုတ်တရက် ထွက်လာတဲ့
ဝက်ခြံအဖုတွေ၊ ဝက်ခြံစထွက်တော့မယ့် နေရာလေးတွေမှာပဲ ကွက်ပြီး လိမ်းပေးရမယ့် Spot Treatment ပါ
ဝက်ခြံမြန်မြန်ကျက်ဖို့ လိုတဲ့အခါ
အရမ်းအားကိုးရပြီး ပါးပါးလေး သုံးပေးရုံနဲ့ လုံလောက်ပါတယ်

ဒီ Set လေးက ဝက်ခြံ ခဏခဏထွက်တတ်လို့ စိတ်ညစ်နေရသူတွေ၊
Skincare တွေ အများကြီး မလိမ်းချင်ဘဲ Basic ကျကျ အဆင့် (၃) ဆင့်ကိုပဲ
စနစ်တကျ သုံးချင်သူတွေအတွက် အသင့်တော်ဆုံးပါ

ကိုယ့်ရဲ့ လက်ရှိ အသားအရေ အခြေအနေ နဲ့ ဘယ် skincare set လေးကအဆင်ပြေမလဲဆိုတာကို သိချင်သေးတယ်ဆိုရင်တော့ Glorious ကို Messenger ကနေ စာလေးပို့ပြီးပဲဖြစ်ဖြစ် video call ပဲဖြစ်ဖြစ် အခုပဲ လာရောက်တိုင်ပင်လို့ ရနေပါပြီရှင် 💌✨

Glorious မှာ Instock ရှိတာမို့လို့ယုံကြည်စိတ်ချစွာနဲ့ လာရောက်မှာယူလို့ ရပါတယ်ရှင့် 🛍

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို့ အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖို့ကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

#အလှအပ

Photos from Glorious Shop's post 11/04/2026

မိတ်ကပ်ပြင်ရင် အရောင်တွေ လိုက်ဖက်ဖို့ စဉ်းစားရတာ ပင်ပန်းနေပြီလား?

မနက်ခင်း အလုပ်သွားခါနီးဖြစ်ဖြစ်၊
ပွဲလေးတစ်ခုသွားဖို့ ပြင်ဆင်တဲ့အခါဖြစ်ဖြစ်…
“ဒီ Eyeshadow အရောင်နဲ့ ဒီပါးနီနဲ့ လိုက်ပါ့မလား… Bronzer ကရော အဆင်ပြေပါ့မလား”
ဆိုပြီး ခေါင်းစားရတဲ့ အချိန်လေးတွေ
ရှိဖူးကြမှာပါ

တခါတလေကျရင် ရွေးချယ်စရာတွေ
အရမ်းများလွန်းတာကလည်း မိတ်ကပ်ပြင်တဲ့အခါ စိတ်ကို ပိုရှုပ်ထွေးစေပြီး
ပြင်ဆင်ချိန်ပိုကြာရှည်စေတတ်ပါတယ်

ဒီလိုအခက်အခဲတွေရှိနေရင်
Charlotte Tilbury ရဲ့
Hollywood Instant Look In a Palette
(Dreamy, Bronzed Beauty) လေးကို
သုံးကြည့်နော်

သူ့ထဲမှာပါတဲ့ Eyeshadow, Bronzer,
Blush နဲ့ Powder အပြင်
Highlight ပုံစံအရောင်တွေအားလုံးက
တစ်ခုနဲ့တစ်ခု အချိုးကျကျ
လိုက်ဖက်ပြီးသားဖြစ်အောင်
သေချာစီစဉ်ပေးထားတာပါ

ဒါကြောင့်တစ်ခုချင်းစီ
လိုက်ရွေးနေစရာမလိုတော့ဘဲ၊
ဒီ Palette လေးတစ်ခုနဲ့တင်
အချိန်ကုန်သက်သာပြီး
မိတ်ကပ်ပြင်ရင် အရမ်းစဉ်းစားစရာ
မလိုတော့ဘူး

ပြီးတော့ Warm tone လေးတွေမို့လို့
မျက်နှာပေါ်တင်လိုက်တာနဲ့
သဘာဝကျကျ လင်းလက်ပြီး
Glow ဖြစ်သွားစေပါတယ်

ဒီ Palette လေးက ကိုယ်နဲ့ အဆင်ပြေနိုင်မလားဆိုတာ သေချာမသိသေးဘူးဆိုရင်... Glorious ရဲ့ Chat Box သို့မဟုတ် video call ခေါ်ပြီး အေးအေးဆေးဆေး တိုင်ပင်ဆွေးနွေးလို့ ရပါတယ်နော် 💌✨

ဒီလို အချိန်ကုန်သက်သာပြီး လွယ်လွယ်ကူကူ လှပစေမယ့် Charlotte Tilbury Palette လေးကို Glorious မှာ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူနိုင်ပါတယ် 🛍️✨

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို့ အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖို့ကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

#အလှအပ

11/04/2026

Matte နှုတ်ခမ်းနီ ဆိုတိုင်း အကုန်တူတူပဲလား?

နှုတ်ခမ်းနီဝယ်တဲ့အခါ "Matte" ဆိုတဲ့ စာသားလေး ပါနေတာနဲ့ အကုန်တူတူပဲလို့ ထင်ပြီး ဝယ်လိုက်တတ်ကြပါတယ်

ဒါပေမယ့် တချို့ရက်တွေမှာ
ကိုယ့်နှုတ်ခမ်းပေါ်မှာ အရမ်းခြောက်ကပ်
နေသလို ခံစားရတာ၊ တချို့ရက်တွေမှာ
ကျတော့ ကိုယ်လိုချင်သလောက်
အချိန်ကြာကြာ မခံတာမျိုး ကြုံဖူးလား?

တကယ်တော့ Matte နှုတ်ခမ်းနီ
အမျိုးအစားတိုင်းဟာ တာဝန်ယူထားတဲ့
အပိုင်းချင်း မတူကြပါဘူး
ဒါကြောင့် ကိုယ့် ဒီနေ့ ဆိုးမဲ့ look ရဲ့
အဓိက လိုအပ်ချက်က ဘာလဲ ဆိုတာကို
မူတည်ပြီးခွဲခြားရွေးချယ်တတ်ဖို့ လိုပါတယ်

Everyday Soft Matte ☕️

ရုံးသွား၊ ကျောင်းသွား ဒါမှမဟုတ်
သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်မယ့်
နေ့မျိုးဆိုရင် နှုတ်ခမ်းသားလေးတွေ
သက်တောင့်သက်သာဖြစ်ဖို့က အဓိကပါတစ်နေကုန် နှုတ်ခမ်းပေါ်မှာ
ဘာမှမတင်ထားသလို လေလေးလို
ပေါ့ပါးနေပြီး ကြည့်လိုက်ရင်လည်း
ခပ်ဖွဖွလေးနဲ့ လှနေစေမယ့်...
👉 Hourglass Unlocked Soft Matte Lipstick
👉 NARS Air Matte Lip Color လို အမျိုးအစားတွေက အကိုက်ညီဆုံးပါပဲ

Longwear Matte ✨

ဒါပေမယ့် ပွဲတက်ရမယ့် နေ့မျိုး၊
Presentation အရေးကြီး ရှိနေလို့
နှုတ်ခမ်းနီ ပျက်သွားမလားဆိုပြီး
ခဏခဏ မှန်မကြည့်နိုင်တဲ့ နေ့မျိုးမှာ
ဆိုရင်တော့...

စကားဘယ်လောက်ပြောပြော၊
ရေဘယ်လောက်သောက်သောက်
မူလအတိုင်း စွဲမြဲနေမယ့် Transfer-proof
ဖော်မြူလာမျိုးကို ပြောင်းသုံးသင့်ပါတယ်

ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကို ယုံကြည်မှုအပြည့်ပေးနိုင်တဲ့ lipstick လေးတွေက
👉 Sephora Cream Lip Stain
👉 Fenty Beauty Icon Velvet Liquid Lipstick လို အမျိုးအစားတွေပေါ့

ကိုယ့်ရဲ့ နေ့စဉ် lifestyle နဲ့ နှုတ်ခမ်းနီ
အမျိုးအစားကို မှန်မှန်ကန်ကန်
တွဲဖက်တတ်သွားရင် လူရောစိတ်ပါ
အများကြီး သက်တောင့်သက်သာ
ရှိသွားပါလိမ့်မယ် 🤗

ဘယ်လို Matte အမျိုးအစားလေးက ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်မလဲ ဆိုတာကို Glorious ရဲ့ Comment Box သို့မဟုတ် chatbox နဲ့ video call ခေါ်ပြီး လာရောက်ဆွေးနွေးလို့ရပါတယ်ရှင့်💬✨

ကိုယ်နဲ့လိုက်ဖက်မယ့် Matte Lipstick အမိုက်စားလေးတွေကို Glorious မှာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ် 🛍️✨

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို့ အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖို့ကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

#အလှအပ

Photos from Glorious Shop's post 04/04/2026

သင်္ကြန်ရက်တွေ နီးလာပြီဆိုတော့ ရေကစားရင်း မျက်လုံးမိတ်ကပ်တွေ ပြန့်ကျသွားမှာကို စိတ်ပူနေရပြီလား?

"Waterproof ဖြစ်ရင် ပြီးတာပဲ" လို့
လူတော်တော်များများ တွေးတတ်ကြပေမယ့်
တကယ်တော့ ကိုယ့်ရဲ့ Skin Type နဲ့
ကိုက်ညီတဲ့ formula ကို ရွေးချယ်နိုင်ဖို့က
ပိုပြီး အရေးကြီးပါတယ်

ဘာလို့လဲဆိုရင် အဆီပြန်တတ်တဲ့ မျက်ခွံနဲ့
အသားခြောက်တဲ့ မျက်ဝန်းတစ်ဝိုက်
လိုအပ်တဲ့ ပစ္စည်းအမျိုးအစားတွေက
မတူလို့ပါပဲ

ဒါကြောင့် စိတ်ရှုပ်စရာမလိုဘဲ
ရေကစားတဲ့အခါ ယုံကြည်မှုရှိရှိနဲ့
အေးအေးဆေးဆေး ဖြတ်သန်းနိုင်ဖို့
ကိုယ့်အသားအရေနဲ့ ဘယ်အရာတွေက အကိုက်ညီဆုံးဖြစ်မလဲဆိုတာ
Glorious က မျှဝေပေးလိုက်ပါတယ်ရှင့်…✨

အဆီပြန်တတ်တဲ့ အသားအရေအတွက်

မျက်ခွံမှာ အဆီပြန်တတ်တဲ့အပြင်
ရေပါစိုလာမယ်ဆိုရင် တော်ရုံနဲ့ ပြန့်မကျတဲ့
အမျိုးအစားကို သေချာရွေးသင့်ပါတယ်

ဒီအတွက်ဆိုရင်
Benefit BADgal BANG! volumizing mascara နဲ့ KVD Tattoo Liner ကို
တွဲသုံးပေးတာက အဆီနဲ့ရေကို
သေချာလေး တောင့်ခံနိုင်လို့
ပန်ဒါမျက်လုံးဖြစ်လာမလားဆိုပြီး
စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချ
လှလှလေး ရေဆော့ကစားလို့ရပါတယ်

အသားခြောက်တတ်တဲ့သူတွေအတွက်

အသားခြောက်တဲ့သူတွေက
waterproof အပြင်းစားတွေ သုံးတဲ့အခါ
မျက်ဝန်းတစ်ဝိုက် ပိုခြောက်တာ၊
မိတ်ကပ်ဖျက်ရခက်တာမျိုးတွေ
ဖြစ်တတ်တာမို့လို့
ပေါ့ပါးပြီး မျက်လုံးအတွက်
သက်တောင့်သက်သာဖြစ်စေမယ့်
Hourglass Unlocked Instant Extensions Mascara နဲ့ NYX professional makeup VIVID Rich mechanischer eyeliner Always ONYX လေးက
အသားခြောက်တတ်တဲ့သူတွေအတွက်
အသင့်တော်ဆုံးပါ

Normal/Combination အသားရေအတွက်

ရာသီဥတုကြောင့် ချွေးထွက်တာ၊
ရေစိုတာတွေကို အရမ်းကြီး
စိတ်ပူစရာမလိုဘဲ သက်တောင့်သက်သာ ကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့
Tartelette™ Tubing Mascara လေးနဲ့
Too Faced Killer Waterproof Eye Liner
လေးကို ယုံယုံကြည်ကြည်နဲ့
ရွေးချယ်ပေးလို့ရပါတယ်

ဒါဆိုရင် သင်္ကြန်အတွက် ကိုယ့် Skin Type နဲ့ အကိုက်ညီဆုံး Eye Makeup လေးတွေကို ရွေးချယ်ပြီး လှလှပပလေး ရေကစားဖို့ အခုပဲ Glorious မှာ လာရောက်ဝယ်ယူလိုက်တော့နော်! 🛍✨

ကိုယ့်အသားအရေအတွက် ဘယ်လိုအမျိုးအစားလေး ရွေးရမလဲဆိုတာ ဝေခွဲမရဖြစ်နေသေးရင်လည်း စိတ်မပူပါနဲ့နော် 💖 Glorious ရဲ့ Chatbox လေးမှာ အချိန်မရွေး လာရောက်တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ရှင့်💬

Our Promise to You:
Glorious မှာ ဝယ်ယူတဲ့ ပစ္စည်းတိုင်းဟာ အစစ်အမှန် (Authentic) ဖြစ်ရုံတင်မက၊ သုံးစွဲဖို အသင့်တော်ဆုံး Fresh အဖြစ်ဆုံး သက်တမ်း (PAO) ရှိဖိုကိုပါ အမြဲ စိစစ်ထားပါတယ်။ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့—
📍 အမှတ် (၆၉၃-က)၊ ဘယသင်္ကြန်လမ်း၊ ၁၀ ရပ်ကွက်၊
တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်။
📞 09 888 439 100
⏰ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်။

#အလအပ #ရေစိုခံမိတ်ကပ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


302/A 4/6 Byamaso Street South Okkalapa
Yangon
11091

Opening Hours

Monday 08:30 - 19:30
Tuesday 08:30 - 19:30
Wednesday 08:30 - 19:30
Thursday 08:30 - 19:30
Friday 08:30 - 19:30
Saturday 08:30 - 19:30
Sunday 08:30 - 19:30