SHWE KHIT Eyebrow And Beauty Academy

SHWE KHIT Eyebrow And Beauty Academy

Share

အိမ်မက်တွေဆီ အရောက်လှမ်းနိုင်ဖို့
Shwe Khit Beauty Academy မှာ
သင်တန်းတက်ကြပါစို့

တီချယ်ရွှေရေးချယ်
09768334305

30/09/2026

မျက်ခုံးတက်တူး အမျှင်နဲ့ အမှုန် ဘာကွာလဲ

မျက်ခုံးမွှေး နေ့တိုင်းဆွဲရတာ အချိန်ကုန်လို့ မျက်ခုံးတက်တူးထိုးချင်တယ်။ ဒါပေမဲ့ ဘယ်ဟာထိုးရမလဲ၊ ဘယ်အမျိုးအစားက ကိုယ်နဲ့လိုက်မလဲ မသိလို့ ခေါင်းရှုပ်နေပြီလား?

မျက်ခုံးတက်တူး ထိုးတော့မယ်ဆိုရင် အရင်ဆုံး သိထားရမှာက မျက်ခုံးတက်တူး အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ မျက်ခုံးတက်တူးမှာ အမျှင် ၊ ရှေ့အမျှင် နောက်အမှုန် (Combo Brows) နဲ့ အမှုန် ဆိုပြီးတော့ ရှိပါတယ်။

အဲဒါတွေ ဘာကွာတာလဲဆိုရင်တော့

🔸အမျှင် (Microblading & Hairstrokes)
သဘာဝဆန်ဆန် မျက်ခုံးတက်တူးလေး ရချင်တယ်ဆိုရင်တော့ အမျှင်လေး ထိုးသင့်ပါတယ်။ အမျှင်မှာမှ Microblading နဲ့ Hairstrokes ဆိုပြီး နှစ်မျိုး ရှိပါတယ်

Microblading: Nano Blade လေးနဲ့ သဘာဝ မျက်ခုံးမျှင်လေးအတိုင်း ရေးဆွဲပေးတာ ဖြစ်ပါတယ်။

Hairstrokes: စက်နဲ့ ထိုးတာဖြစ်လို့ မျက်ခုံးမွှေးကို ဘောင်ပျောက် ထိုးချင်ပြီး အရောင်စပ်လေးတွေပါ ထည့်ချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။

🔸ရှေ့အမျှင် နောက်အမှုန် (Combo Brows)

မျက်ခုံးမွှေး ရှေ့ခြမ်းမှာ အမွှေးလေးတွေရှိပြီး အနောက်ခြမ်းမှာ မျက်ခုံးမွှေး နည်းနေတဲ့သူတွေ၊ အနောက်ခြမ်း ပုံမကျ ဖြစ်နေတဲ့သူတွေ ထိုးသင့်ပါတယ်။ ရှေ့ခြမ်းကို အမျှင်လေးထိုးပြီး အနောက်ခြမ်းကို အမှုန်လေး ရောပေးတာဖြစ်လို့ သဘာဝလည်းဆန်၊ ကြည့်ရတာလည်း ထင်းထင်းလေးနဲ့ လှနေစေပါတယ်။

🔸 အမှုန် (Ombre’ Brows)

မိတ်ကပ် ပုံမှန်ပြင်တဲ့သူတွေ၊ မျက်ခုံးတစ်ဖက်နဲ့တစ်ဖက် မညီတဲ့သူတွေနဲ့ မျက်ခုံးတက်တူးထိုးပြီး ရေရှည်ခံချင်တဲ့သူတွေ ထိုးသင့်ပါတယ်။အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေဆိုရင် ပိုပြီးတော့ သင့်တော်ပါတယ်။ မျက်ခုံးမွှေးလေးကို ခဲမှုန်ချယ်ထားသလို ထင်းထင်းနဲ့ သပ်သပ်ရပ်ရပ်လေး ဖြစ်စေပါတယ်။

ဒီလောက်ဆိုရင် ကိုယ်နဲ့ ဘယ်လို မျက်ခုံးတက်တူးပုံစံနဲ့ လိုက်မလဲဆိုတာ စဉ်းစားလို့ ရသွားမှာ အသေအချာပါပဲ။ မျက်ခုံးတက်တူးလက်ရာ ကောင်းကောင်းလေးတွေ ဖန်တီးပေးချင်တယ်ဆိုရင်တော့ Shwe Khit ကိုသာလာခဲ့လိုက်တော့နော်။

အတန်းသစ်လေးတွေလည်း စသင်ဖို့ရှိလို့ အသေးစိတ် သိချင်ရင် Page Messenger ကနေတစ်ဆင့် စုံစမ်းလို့ရပါတယ်ရှင့်။📥

📍 Shwe Khit Eyebrow & Beauty Academy
အမှတ် (၁၇) ၊ အောင်သပြေ (၁) လမ်း (အနောက်)၊
၇ ရပ်ကွက် ၊ သာကေတမြို့နယ်။
(၈ ဂိတ်မှတ်တိုင် / ဓမ္မာရုံမှတ်တိုင်)
☎️ 09 768 334 285 , 09 768 334 305

25/09/2026

Review ရေးပြီး Neatcell Carbon Laser Class Free တက် 😱

အလှအပနည်းပညာတွေကို အမြဲတမ်း စိတ်ဝင်စားပြီး ကိုယ်တိုင်လည်း နည်းပညာအသစ်တွေကို တတ်မြောက်ချင်တဲ့ Shwe Khit က သင်တန်းသား‌ဟောင်းလေးတွေအတွက် လက်ဆောင်တစ်ခု ပေးချင်ပါတယ်။

အဲ့ဒါကတော့ မျက်နှာအမဲစက်၊ ဝက်ခြံနဲ့ ချွေးပေါက်ကျယ်သူတွေအတွက် အရမ်းခေတ်စားပြီး ထိရောက်တဲ့ Neatcell Carbon Laser သင်တန်းကို သင်တန်းကြေး (၁) ပြားမှ ကုန်စရာမလိုဘဲ ရာနှုန်းပြည့် Free တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။

Free တက်ရောက်ခွင့်ရဖို့ ဘာတွေလုပ်ရမလဲဆိုတော့

1️⃣ Page ကို Follow လုပ်ပေးပါ။

2️⃣ Shwe Khit Academy မှာ သင်ယူဖူးတဲ့ သင်တန်းအကြောင်း Review လေးကို ဒီ Post အောက်မှာ Comment ရေးပေးပါ။

3️⃣ ဒီ Post ကို အလှအပ စိတ်ဝင်စားတဲ့ သူငယ်ချင်း (၃) ယောက်ကို Tag တွဲပြီး Public နဲ့ Share ပေးပါ။

Page ကို Follow လုပ်ထားပြီး Comment ထဲမှာ Review အကောင်းဆုံး ရေးပေးထားတဲ့သူ (5) ယောက်ကို ရွေးချယ်ပြီး Neatcell Carbon Laser အတန်းကို Free တက်ရောက်ခွင့် ပေးသွားပါမယ်နော်။

📍 Shwe Khit Eyebrow & Beauty Academy
အမှတ် (၁၇) ၊ အောင်သပြေ (၁) လမ်း (အနောက်)၊
၇ ရပ်ကွက် ၊ သာကေတမြို့နယ်။
(၈ ဂိတ်မှတ်တိုင် / ဓမ္မာရုံမှတ်တိုင်)
☎️ 09 768 334 285 , 09 768 334 305

#သင်တန်း ျက်ခုံးသင်တန်း

22/09/2026

Special Master Class ကို 25%OFF Discount နဲ့တက်

အခုခေတ်မှာ အလှအပကို လူတိုင်း စိတ်ဝင်စားကြပေမဲ့ အလှအပပညာကိုတော့ လူတိုင်း ကျွမ်းကျွမ်းကျင်ကျင် မလုပ်နိုင်ကြပါဘူး။ ဒါပေမဲ့ လူတိုင်းကတော့ လှချင်နေကြဆဲပါပဲ။

ဒါကို စီးပွားရေးအမြင်နဲ့ ကြည့်လိုက်မယ်ဆိုရင် အခွင့်အလမ်းကြီးတစ်ခုပါပဲ။ လူတိုင်းက ခေါင်းအစ ခြေအဆုံး လှချင်ကြပေမဲ့ အချိန်အများကြီး မပေးချင်ကြသလို၊ တစ်နေရာတည်းမှာပဲ Service အစုံ ရချင်ကြပါတယ်။

အဲဒါကြောင့် အလှအပနယ်ပယ်မှာ အောင်မြင်ချင်တယ်ဆိုရင် Professional Beauty Artist တစ်ယောက် ဖြစ်နေဖို့ အရေးကြီးပါတယ်။Professional Beauty Artist တစ်ယောက် ဖြစ်ဖို့ဆိုရင်လည်း ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမဆို အလှဆုံး ဖန်တီးပေးနိုင်ရပါမယ်။

အဲဒီလို ဖန်တီးပေးနိုင်ဖို့ သင်တန်းစုံစမ်းနေတယ်ဆိုရင်တော့ Shwe Khit ကိုသာ လာခဲ့လိုက်ပါနော်။ Shwe Khit မှာ သင်တန်းအမျိုးအစား (၂၀) ကျော် ပါဝင်တဲ့ Special Master Class ကို 25% OFF Discount နဲ့ တက်ရောက်နိုင်တဲ့အပြင် ပထမဆုံး အပ်နှံသူ(၃)ဦးအတွက် AI Color အမာရွတ်ဖျက် Class Free တက်ရောက်နိုင်မယ့် အခွင့်အရေးတွေ ရှိနေပါတယ်။

သင်တန်းအတန်းသစ် မကြာမီ စတော့မှာမို့ အသေးစိတ် သိချင်ရင် Page Messenger ကို အခုပဲ လာခဲ့လိုက်တော့နော်။ 📥

📍 Shwe Khit Eyebrow & Beauty Academy
အမှတ် (၁၇) ၊ အောင်သပြေ (၁) လမ်း (အနောက်)၊
၇ ရပ်ကွက် ၊ သာကေတမြို့နယ်။
(၈ ဂိတ်မှတ်တိုင် / ဓမ္မာရုံမှတ်တိုင်)
☎️ 09 768 334 285 , 09 768 334 305

#သင်တန်း ျက်ခုံးသင်တန်း

20/09/2026

လူတစ်ယောက်အတွက် 10နှစ်စာလောက်လည်းနုပျိုသွားမယ် နာကျင်မှုလဲမရှိခွဲစိတ်ဖို့လည်းမလိုတဲ့ နည်းပညာကို သင်တန်းကြေး 4သိန်းထဲနဲ့သင်ကြားခွင့်ရမယ်ဆိုရင်.....

ကိုယ့်ရဲ့ဆိုင်အတွက် ဝင်ငွေတိုးချင်တဲ့သူတွေ အလှအပဆိုင်ရာ နည်းပညာတွေကို လေ့လာနေတဲ့သူတွေ ကိုယ်ရဲ့ Customer တွေကို ခွဲစိတ်ဖို့မလိုပဲ နုပျိုမှုတွေကို ဖန်တီးချင်သူတွေ တတ်ကိုတတ်ထား သင့်တဲ့သင်တန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ သင်တန်းလေးကတော့ HIFU သင်တန်းလေးပဲ ဖြစ်ပါတယ်။

HIFU သင်တန်းဆိုတာကတော့ မျက်နှာအဆီပိုတွေကို လျှော့ချပေးခြင်း၊ အရေးကြောင်းများ ပြေပျောက်စေခြင်းနှင့် အရေပြားကို ခွဲစိတ်စရာမလို နာကျင်မှုမရှိပဲ ကော်လာဂျင် ဓာတ်ပြန်လည် ထုတ်ပေးပြီး အသားအရည်ကို ပြန်လည် တင်းရင်းစေတဲ့နည်းပညာသုံး စက်ပစ္စည်းအသုံးပြုပုံ သင်တန်းဖြစ်ပါသည်။

Hifu သင်တန်းလေးမှာ အဓိက သင်ကြားပေးမယ့် အကြောင်းအရာလေး တွေကတော့
🔹မျက်နှာ Skin အရေးပြားအလွှာအကြောင်း
🔹Hifu စက်ရဲ့ အလုပ်လုပ်ပုံ အသေးစိတ်
🔹မျက်နှာအရေပြား ပင့်တင်တာနဲ့ ပက်သက်တဲ့ pointနေရာ
🔹အရေပြား ပင့်တင်ခြင်း အသေးစိတ်
🔹မျက်နှာ အသားအရေ ဖြူအောင်လုပ်နည်း
🔹မျက်နှာ အရေးအကြောင်းဖျောက်နည်း
🔹Hifu စက်ခေါင်းတစ်ခုစီရဲ့ အလုပ်လုပ်ပုံ
စတဲ့ စက်နဲ့ပက်သက်တဲ့ အကြောင်းအရာများကို မချွင်းမချန် အသေးစိတ် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

သင်တန်းကြေးလေးကတော့ ဗီယက်နမ် Hifu စက်ပါအပါ သင်တန်းကြေး အပြီးအစီးကိုမှ (25)သိန်း ဖြစ်ပြီး ကိုယ်ကသင်တန်းလေးပဲ တတ်ထားချင်တယ်ဆိုရင်တော့ သင်တန်းကြေး‌ (4)သိန်းကျပ်ပဲ ဖြစ်ပါတယ်။ သင်တန်းကာလကတော့ (2)ရက် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

ကိုယ်ကဆိုင်ဖွင့်ထားရင်ပဲဖြစ်ဖြစ် အလှအပဆိုင်ရာ သင်တန်းတွေကို လေ့လာနေသူပဲဖြစ်ဖြစ် ဒီသင်တန်းလေးက အသုံးဝင်စေမှာပဲ ဖြစ်ပါတယ်။ သင်တန်းလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

📍No.17(2nd Floor), Aung Tha Pyay (1)St (West), 7Ward, Thaketa Township, Yangon
☎️ 09768334285 / 09768334305

13/09/2026

သင်တန်း အပ်ပြီးပြီလား....?

အနာဂတ်ဘဝ ပိုမိုတောက်ပလာစေဖို့အတွက် ရေရှည်မှာ ဘဝအာမခံချက်ကောင်းကောင်း ပေးနိုင်တဲ့ Professional Beauty Artist တစ်ယောက်အဖြစ်ရပ်တည်နိုင်ရန် အခြေခံကနေ ကျွမ်းကျင်အဆင့်အထိ စနစ်တကျ လက်တွေ့သင်ကြားပေးနေတဲ့သင်တန်းမျိုးကို ရှာနေပါသလား?

ဒါဆိုရင်တော့ Shwe Khit Beauty Academy ကိုသာ သတိရလိုက်ပါ။ Shwe Khit မှာဆိုရင် ခေတ်မှီ Beauty နည်းပညာမျိုးစုံကို စနစ်တကျ အခြေခံမှစပြီး ကျွမ်းကျင်သူ တစ်‌ယောက်အဖြစ် ရပ်တည်နိုင်သည်အထိ မရှိမဖြစ်လိုအပ်တဲ့ သင်တန်းအမျိုးအစား (20)ကျော် ပါဝင်တဲ့ Special Master Class၊ အခြား Treatment Class များစွာကို သင်ကြားပေးနေပါပြီ။

သင်တန်းများကိုလည်း ၇နှစ်ကျော် အတွေ့အကြုံရှိပြီး သင်တန်းသူပေါင်းများစွာကို အောင်မြင်‌အောင် မွေးထုတ်ပေးထားတဲ့ ဝါရင့်ဆရာကိုယ်တိုင် လက်တွေ့စနစ်တကျ သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒါ‌ကြောင့် တကယ် ကျွမ်းကျင်ပြီး အောင်မြင်တဲ့ Beauty Artist တစ်ယောက်အဖြစ်ရပ်တည်နိုင်ရန် နည်းစနစ်တကျ သင်ကြားပေးနေတဲ့ Shwe Khit Beauty Academy မှာ အခုပဲ သင်တန်းလာအပ်လိုက်တော့နော်။

📍No.17(2nd Floor), Aung Tha Pyay (1)St (West), 7Ward, Thaketa Township, Yangon
☎️ 09768334285 / 09768334305

06/09/2026

Shwe Khit Beauty Academy လို့ကြားလိုက်ပြီဆိုတာနဲ့ ဘာနဲ့အရင်ဆုံး တွဲမြင်ကြလဲ?

Shwe Khit ဆိုင်မှာဆိုရင် ခေါင်းစအ ခြေအဆုံး Customerတွေ စိတ်ကြိုက် ပြုပြင်ပြောင်းလဲလို့ ရမယ့် Service တွေကို တစ်နေရာတည်းမှာ စိတ်တိုင်းကျ ပြုလုပ်နိုင်ပါတယ်။

ဒါ့အပြင် Professional Beauty Artist တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့အတွက် Shwe Khit Beauty Academy ကဖွင့်ထားတဲ့ သင်တန်းအမျိုးအစား (၂၀)ကျော် ပါဝင်တဲ့ Special Master Class အပြင် အခြား Treatment Class များကိုလည်း တတ်ရောက်သင်ကြားနိုင်ပါတယ်။

Shwe Khit လို့ ကြားလိုက်တာနဲ့ Customer တွေကို အလှပဆုံးဖြစ်အောင် ဖန်တီပေးနေတဲ့ ဆိုင်ရဲ့ Service တွေနဲ့တွဲမြင်လား ဒါမှမဟုတ် Professional တစ်ယောက်အဖြစ် ရပ်တည်‌နိုင်အောင်ထိ သင်ကြားပေးနေတဲ့ Special Class တွေနဲ့ တွဲမြင်ကြလား
ဆိုတာ Comment လေးမှာ ဖြေသွားခဲ့ကြဦးနော်။

📍No.17(2nd Floor), Aung Tha Pyay (1)St (West), 7Ward, Thaketa Township, Yangon
☎️ 09768334285 / 09768334305

26/08/2026

Professional Beauty Artist ဖြစ်ဖို့ ဘာတွေသိထားသင့်လဲ?

အလှအပရေးရာနဲ့ ပတ်သတ်ပြီး အပြိုင်အဆိုင်တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ လူတိုင်းက တစ်နေရာတည်းမှာတင် ခေါင်းအစ ခြေအဆုံး အကုန်လုပ်လို့ရတာကို လိုချင်ကြပါတယ်။ Beauty Standard တွေက မြင့်လာတာဖြစ်တဲ့အတွက် အရင်လို မျက်နှာပေါင်းတင်၊ မျက်နှာအဆိပ်ထုတ်တာလောက်နဲ့ မလုံလောက်တော့ပါဘူး။

ဒါကြောင့် Professional Beauty Artist တစ်ယောက်အနေနဲ့ ခေတ်စားလာတဲ့ Treatment တွေနဲ့ နည်းပညာတွေကို စနစ်တကျ သိရှိကျွမ်းကျင်ထားဖို့ အရေးကြီးပါတယ်။

မျက်နှာအတွက်ဆိုရင်
🔸မျက်ခုံးမွှေးတက်တူးထိုးခြင်း
🔸Carbon Laser ပစ်ခြင်း
🔸အမဲစက်/မှဲ့ခြောက် ဖယ်ရှားခြင်း
🔸Serum သွင်းခြင်း
🔸နှုတ်ခမ်းကာလာသွင်းခြင်း

ခန္ဓာကိုယ်အတွက်ဆိုရင်
🔸IPL Hair Removal
🔸ဒူး၊ တံတောင်၊ ဂျိုင်း မဲတာ Laser ပစ်ခြင်း
🔸အကြောပြတ် အမာရွတ် ဖျောက်ခြင်း
အစရှိတဲ့ ဝန်ဆောင်မှုအမျိုးအစား‌တွေကို စုံစုံလင်လင်ကို စနစ်တကျ ကျွမ်းကျင်ထားမှသာ ခေတ်ရေစီးကြောင်းကို အမှီလိုက်နိုင်ပြီး အောင်မြင်တဲ့ Beauty Artist တစ်ယောက် ဖြစ်လာမှာပါ။

ဒီလိုခေတ်မီဆန်းသစ်တဲ့ နည်းပညာနဲ့ Treatment တွေကို တစ်နေရာတည်းမှာ အစုံအလင် စနစ်တကျ သင်ကြားချင်တယ်ဆိုရင်တော့ Shwe Khit Eyebrow & Beauty Academy မှာ သင်တန်းအမျိုးအစားပေါင်းစုံ ရှိတာမို့ အသေးစိတ်ကို အခုပဲ Page Messenger ကနေ စုံစမ်းလိုက်တော့နော်။

📍 Shwe Khit Eyebrow & Beauty Academy
အမှတ် (၁၇) ၊ အောင်သပြေ (၁) လမ်း(အနောက်)
၇ ရပ်ကွက် ၊ သာကေတမြို့နယ်
(၈ ဂိတ်မှတ်တိုင် / ဓမ္မာရုံမှတ်တိုင်)

☎️ 09 768 334 285 , 09 768 334 305

23/08/2026

Professional Beauty Artist ဖြစ်လာမယ့် Special Master Class

သင်တန်းကြေး (၁၃) သိန်းကျော် ရင်းပြီး တစ်လကို (၁၃)သိန်းထက်မက ပြန်ရှာနိုင်မယ့် Master Class

ဘာသင်တန်းလေးလဲဆိုတော့ Shwe Khit Eyebrow & Beauty Academy မှာ သင်ကြားပေးမယ့် Beauty & Laser နည်းပညာ (၂၀+) မျိုး ပါ၀င်တဲ့
Special Master Class Program လေးပဲဖြစ်ပါတယ်။

ဘာတွေသင်ကြားပေးမှာလဲဆိုတော့

🔻Eyebrow and Lips Art

🔸မျက်ခုံးတက်တူးအမျှင်
🔸မျက်ခုံးတက်တူးအမှုန်
🔸လက်ဖြင့်အမှုန်ပေါက်
🔸အမျိုးသားမျက်ခုံးဒီဇိုင်း
🔸Eyeliner ထိုးခြင်း
🔸နှုတ်ခမ်းအညိုဖျောက်ခြင်း
🔸နှုတ်ခမ်းအရောင်သွင်းခြင်း

🔻Laser and Skincare Treatments

🔸Carbon Laser
🔸BB Glow Treatment
🔸IPL အမွှေးဖယ်လေဆာ
🔸ဝက်ခြံကုသမှု
🔸အမဲစက် ၊ မှဲ့ ၊ အသားပို ဖယ်ရှားခြင်း
🔸အမာရွတ်ဖျက်ခြင်း
🔸အကြောပြတ်ရာဖျက်ခြင်း
🔸Tattoo ဖျက်ခြင်း
🔸လေဆာမျက်ရစ်ဖော်ခြင်း
🔸မျက်ရစ်အဆီဖယ်ခြင်း
🔸Peeling Treatment အစရှိတဲ့ သင်တန်းမျိုးစုံ တစ်ခါတည်း အစုံအလင်သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းအမျိုးအစားအစုံကို ရက် ၂၀ အတွင်းသင်ကြားပေးမှာဖြစ်ပြီး သင်တန်းကြေးကလည်း အပြီးအစီးကိုမှ ၁,၃၅၀,၀၀၀ ကျပ်ပဲဆိုတော့ တန်ပြီးရင်တန်ပဲပေါ့။အသေးစိတ်သိချင်ရင် Page Messenger ကိုလာခဲ့လိုက်တော့နော်။

📍 Shwe Khit Eyebrow & Beauty Academy
အမှတ် (၁၇) ၊ အောင်သပြေ (၁) လမ်း(အနောက်)
၇ ရပ်ကွက် ၊ သာကေတမြို့နယ်
(၈ ဂိတ်မှတ်တိုင် / ဓမ္မာရုံမှတ်တိုင်)

☎️ 09 768 334 285 , 09 768 334 305

ျက်ခုံးသင်တန်း #သင်တန်း

16/08/2026

လှပမှုတိုင်းမှာ လျှို့ဝှက်ချက်ရှိတယ်

အလှအပဆိုတာ မတော်တဆ ဖြစ်လာတာ မဟုတ်ပဲနဲ့ ကိုယ်တိုင် စနစ်တကျ ပြုမူနေထိုင်မှုနဲ့ မှန်ကန်တဲ့ အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုတို့ ပေါင်းစပ်ထားတဲ့ ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။

အမြဲတမ်း လှပနေဖို့ဆိုရင် ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ပြုပြင်ဖန်တီးမှုတွေ လုပ်ပါစေ၊ အခြေခံ နေထိုင်မှုပုံစံ မမှန်ရင် ကြာရှည် ခံလေ့မရှိပါဘူး။ ကိုယ်တိုင်မပျက်မကွက် လိုက်နာရမယ့် Daily Habit လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

▫️တစ်နေ့ကို ရေ(၂)လီတာ သောက်သုံးပေးခြင်းနဲ့ (၇-၈) အိပ်ရေးဝဝ အိပ်စက်ပေးခြင်းက အသားအရေကို သဘာဝအတိုင်း တောက်ပလာစေနိုင်ပါတယ်။

▫️သကြားဓာတ်၊ အဆီအစိမ့်နဲ့ တာရှည်ခံအစားအသောက်များကို လျော့ချပြီး အမျှင်ဓာတ်နဲ့ ဗီတာမင်ပါတဲ့ အသီးအနှံများကို စားသုံးပေးပါ။

▫️ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးခြင်းက သွေးလည်ပတ်မှု အားကောင်းစေပြီး ခန္ဓာကိုယ်နဲ့ အသားအရေကို နုပျိုလန်းဆန်းစေပါတယ်။

▫️ပုံမှန် Skin Care ပေးပါ၊ Sunscreen နေ့စဉ်မပျက်မကွက် လိမ်းပေးတာက အသက်အရွယ်မရွေး ဝင်းပနေစေမယ့် လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။

▫️ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် Clinic Treatment များကို ခံယူပါ။

▫️ကိုယ်နဲ့ကိုက်ညီမယ့် အဝတ်အစား၊မိတ်ကပ်နဲ့ ဆံပင်ပုံစံကို ပြုပြင်ဖန်းတီးကာ ကိုယ့်ရဲ့အလှတရားကို ပေါ်လွင်အောင်နေပါ။

ကိုယ်ပိုင်အလှကို ပိုမိုတောက်ပလာစေဖို့ ဒီနေ့ပဲ စည်းကမ်းရှိရှိနဲ့ စတင်ပြုပြင် ထိန်းသိမ်းလိုက်ပါ။

📍No.17(2nd Floor), Aung Tha Pyay (1)St (West), 7Ward, Thaketa Township, Yangon
☎️ 09768334285 / 09768334305

12/08/2026

လှချင်တယ်ဆို Shwe Khit ဆီလာ

ခေါင်းအစ ခြေအဆုံး လှလှပပလေးနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ချင်တဲ့ အမျိုးသမီးလေးတို့ ရှိကြလား?

ကိုယ့်ကိုယ်ကို ချစ်ပြီး တန်ဖိုးထားတတ်တဲ့ အမျိုးသမီးလေးတွေဟာ အမြဲတမ်း ကြည့်ကောင်းနေအောင် ပြင်ဆင်တတ်ကြပါတယ်။ အမျိုးသမီးလေးတို့ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ အလှအပအတွက် သီးသန့် အချိန်အများကြီး မပေးနိုင်တာပဲ ဖြစ်ပါတယ်။အဲ့လိုအခက်အခဲလေး‌တွေ ကြုံနေရတယ်ဆိုရင်တော့ Shwe Khit ကို လာခဲ့လိုက်ပါနော်။

Shwe Khit မှာဆိုရင် အသားပိုဖျက် ၊ အရေးကြောင်းဖျက် ၊ ခန္ဓာကိုယ် အဆီချ အဆီဖျော် ၊ Waxing ၊ အကြောပြတ်ရာဖျောက် ၊ ခြေဆစ် လက်ဆစ် ကုတ် ချိုင်း တင်ပါးမည်းဖျောက် စတဲ့ ခေါင်းအစ ခြေအဆုံး ကိုတစ်နေရာတည်းမှာ အချိန်မကုန် လူမပင်ပန်းပဲနဲ့ စိတ်တိုင်းကျ ပြုလုပ်နိုင်ပါတယ်။

ကိုယ့်ရဲ့ အလှအပရေးရာနဲ့ ပတ်သက်ပြီး ဘာလေးတွေလုပ်ရမလဲ မေးမြန်းချင်တာဖြစ်ဖြစ် ၊ အလှအ‌ပရေးရာနဲ့ ပတ်သတ်ပြီး ဘာလေးတွေရလဲ အသေးစိတ်သိချင်တာဖြစ်ဖြစ် Page Messenger ကိုသာ လာမေးလိုက်ပါနော်။

📍 Shwe Khit Eyebrow & Beauty Academy
အမှတ် (၁၇) ၊ အောင်သပြေ (၁) လမ်း(အနောက်)
၇ ရပ်ကွက် ၊ သာကေတမြို့နယ်
(၈ ဂိတ်မှတ်တိုင် / ဓမ္မာရုံမှတ်တိုင်)

☎️ 09 768 334 285 , 09 768 334 305

ျက်ခုံးသင်တန်း

Category

Telephone

Website

Address


Yadanarbon 4th Street
Yangon

Alerts

Be the first to know and let us send you an email when SHWE KHIT Eyebrow And Beauty Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.