Happy Seaman Life
ကျွန်တော့်ရဲ့Happy Seaman Life ⚓ Pageကနေ ဘ၀တူ Seaman များအတွက် တတ်နိုင်သလောက် ကူညီပါရစေ🤝
ကျောက်ကွင်းမှာ တစ်လအကြာကုန်တင်ပြီး အခြေအနေ😁😁
⚓️
27/12/2025
Second Engineer တစ်ယောက်ရဲ့ Ideaလေး
သဘောကျလို့...😁
သူ့မှာ ဆေးလိပ်သောက်ခါနီးကျရင်
မီးခြစ်လိုက်ရှာနေရတာ ဘယ်သူယူလို့
ယူမှန်းလည်းမသိဘူး ...
နောက်ဆုံးတော့ သူ Idea ရခဲ့တယ်
သူ့မီးခြစ်ကို ကြိုးချည်ထားလိုက်တယ် ...
ဒီလို Idea မျိုး ကျွန်တော်တို့ မြန်မာနိုင်ငံက
ကွမ်းယာဆိုင်တွေမှာလည်း တွေ့ဖူးပါတယ်..😅
#ဟာသလေးပါ
20/12/2025
ပြန်ခါနီးဆို မစနဲ့နော်
ဝူရှူးဝါးတွေ ဖြစ်ကုန်မယ်...🙂🙂
⚓️
Immersion suitနဲ့ ပက်သတ်ပြီး သတိထားရမှာလေး❗️❗️
#မသိသေးတဲ့သူတွေအတွက်ပါခင်ဗျ✅✅
⚓️
#သဘော်သားများအားလုံးဘေးအန္တရာယ်ကင်းကြပါစေ
Super Sunday 😋😋
ကျွန်တော်တို့အတွက်တော့
ပျော်ရွှင်စရာ အခိုက်အတန့်လေးပါပဲ😍😍
⚓️
သဘာဝရဲ့ အလှတရား 🌈🚢
အရမ်းမိုက်တယ်...🤗🤗
⚓️
07/12/2025
Engine Control Room ဆိုတာ
Engine Room မှာရှိတဲ့ Machinery အများစုကို
Control လုပ်ထားတဲ့နေရာဖြစ်သလိုမြင့်မြတ်တဲ့
နေရာတစ်ခုအဖြစ်လည်း သတ်မှတ်ထားကြပါတယ်
ပြီးတော့ Engine Department က သူတွေအားလုံးနီးပါး
အနားယူကြတဲ့နေရာဖြစ်တာကြောင့် အမြဲ သန့်ရှင်းသပ်ရပ်နေဖို့လိုပါတယ်
အထူးသဖြင့် Engine Control Room
သန့်ရှင်းရေးတာဝန်ယူရတာကတော့ 4-8 Oilerပဲဖြစ်ပါတယ်
ကျွန်တော်လည်း 4-8 Oilerဖြစ်တဲ့အတွက် မနက်Dutyတိုင်း တံမြက်စည်းလှဲတယ် ၊
ကြမ်းတိုက်တာကတော့ သုံးရက်ခြား တစ်ခါတော့ တိုက်ဖြစ်တယ်၊
အမှိုက်ပုံးထဲ အမှိုက်တွေပြည့်နေရင် အသစ်လဲပေးတယ်၊
စာအုပ်တွေ ဖောင်တိန်တွေ သူ့နေရာနဲ့သူထားတယ်၊
ဓာတ်မီးတွေအားမရှိရင် အားသွင်းထားပေးတယ်၊
VHFတွေအားမရှိရင် အားသွင်းထားပေးတယ်၊
ရေနွေးအိုးထဲ ရေအမြဲဖြည့်ထားပေးပြီး ရေတစ်ဗူးထားပေးထားတယ်
ဒါကတော့ 4-8 Oilerတစ်ယောက်ရဲ့ Engine Control Room မှာလုပ်ရတဲ့ တာဝန်လေးတွေပေါ့
တာဝန်ဆိုတာထက် အသိစိတ်လေးနဲ့ လုပ်ပေးတာဖြစ်ပါတယ်
⚓️
Hello everyone 🤗
Good Morning ...🌻
#သဘော်သားများအားလုံးဘေးအန္တရာယ်ကင်ကြပါစေဗျာ
⚓️
01/12/2025
ဖြေရှင်းမရတဲ့ ပုဒ်စာ😂😂
⚓️
30/11/2025
သဘော်ပေါ်မှာ Deck Department နဲ့
Engine Department နှစ်ခုလုံးကတော့
အန္တရာယ်ရှိနိုင်တဲ့ အလုပ်တွေပါပဲ
ဒါပေမဲ့ ကျွန်တော် အကြံပေးချင်တာလေး
တစ်ခုကတော့
အမြင့်တက်ရတာကြောက်တဲ့သူ အမြင့်မှာ
တက်ပြီး အလုပ်လုပ်ရမှာ အဆင်မပြေတဲ့သူတွေ
အတွက်တော့ Deck Department ကို
မရွေးချယ်သင့်ဘူးလို့ မြင်မိပါတယ်
ဘာလို့လဲဆိုရင် သဘော်ပေါ်မှာက ကိုယ့်တာဝန်နဲ့
ကိုယ့်အလုပ်ကိုယ်လုပ်ရတာဖြစ်တဲ့အတွက်
ကိုယ်ကအမြင့်တက်ရမှာကြောက်တယ် ဒါပေမဲ့
အမြင့်မှာ တက်ပြီးအလုပ်လုပ်ရတော့မယ်ဆိုရင်
ကိုယ့်စိတ်ထဲမှာ စိုးရိမ်စိတ်တွေ ကြောက်ရွံ့စိတ်တွေဖြစ်လာပြီး
အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ့်အတွက် Safe
မဖြစ်နိုင်ပါဘူး
ဒါကြောင့် သဘော်မတက်ခင် သေချာရွေးချယ်
စေချင်ပါတယ်
စေတနာဖြင့်...
⚓️
⛑⛑
သဘော်ကုန်တင်တာလေးကို
တွေ့ဖူးအောင် Sharing လုပ်ပေးခြင်း
ဖြစ်ပါတယ် ခင်ဗျ🤗🤗
⚓️
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon