Htet Htet
စစ်မှန်၍အရည်အသွေးကောင်းသောပစ္စည်းများကိုသာရောင်းချပေးပါသည်။ ယုံကြည်မှုအားတန်ဖိုးထားပါသည်။
09-43181196
🙏🙏🙏
01/01/2025
2025 ခုနှစ် တစ်နှစ်လုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
လိုရာဆန္ဒတွေအားလုံး ပြည့်ဝကြပါစေ။
30/12/2024
Happy ကရင်နှစ်သစ်ကူး 🎉🎉🎉
ကရင်လူမျိုးများ အားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေ ပြည့်ဝနိုင်မယ့်
နှစ်သစ်ကို ကူးပြောင်းရောက်ရှိနိုင်ကြပါစေ။
27/12/2024
၂၀၂၅ ဓနသိဒ္ဓိနက္ခတ်
၂၀၂၅ ဓနသိဒ္ဓိကျင့်စဉ်
နိဒါန်း။
ဓနသိဒ္ဓိနက္ခတ်နဲ့စန်းယှဉ်ချိန်ကျင့်စဉ်က ဟိုတုန်းကတော့ နှစ်စဉ်ဒီဇင်ဘာလနောက်ဆုံးပတ်ရောက်တိုင်း နေလဂျာနယ်နဲ့ ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွေအတွက် ကျွန်တော်ရေးနေကျဆောင်းပါးတစ်ပုဒ်ပါပဲ။နှစ်ပေါင်းများစွာ ရေးဖြစ်ခဲ့ပါတယ်။၂၀၂၁ ကစပြီး မရေးဖြစ်ခဲ့တော့ပါဘူး။
အမှန်တော့၂၀၂၀ ဧပြီလအထိပဲ စာရေးဖြစ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း ဘာကဗျာ၊ဘာဆောင်းပါးမှ မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ မရေးဖြစ်ခဲ့တော့တာ အခုထိပါပဲ။
၂၀၂၅ အတွက် ဓနသိဒ္ဓိကျင့်စဥ်ဆောင်းပါးအနှစ်ချုပ်အဖြစ် ဒီနေရာကပဲ ရေးလိုက်ပါတယ်။
၁။
ဓနသိဒ္ဓိနက္ခတ်နှင့် စန်းယှဉ်ချိန်သည် ဇန်နဝါရီလမှစပြီး တစ်နှစ်လုံးလစဉ်သူ့အချိန်နှင့်သူ ဖြည့်ကျင့်ရခြင်းဖြစ် သည်။ အများအားဖြင့် တစ်လမှာတစ်ကြိမ်သာ ကြုံခြင်းဖြစ်သည်။ အချို့ တစ်လတလေလောက်သာ နှစ်ကြိမ်ကြုံတတ်လေသည်။
ဓနသိဒ္ဓိနက္ခတ်နှင့် စန်းယှဉ်ချိန်သည် မိနစ်ပိုင်း စက္ကန့်ပိုင်းလေးမျှသာဖြစ်သည်။နက္ခတ်ကောင်းချိန်တွင် ကုသိုလ်ကံမြင့်တင်ခြင်းဖြင့် ကောင်းကျိုး စီးပွားတွေ ဖြစ်ထွန်းနိုင်သည်။ အထူးသဖြင့် စွမ်းအားကြီးမားလှသည့် မဟာဝေဒဗ္ဗမန္တာန်ကြီးကို ထိုအချိန်လေးတွင် ထိထိမိမိရွတ်ပွားပူဇော်ခြင်းဖြင့် ကောင်းကျိုးစီးပွားတွေ ဖြစ်ထွန်းနိုင်သည်ဟု ရှေးရှေးဆရာသခင်တို့က အတိအကျမိန့်မှာထားခဲ့ဖူးတာကို အကြိမ်ကြိမ် မှတ်သားခဲ့ရပါသည်။
၂။
ထိုအချိန်လေးမတိုင်မီ ကြိုတင်၍ ရေမိုးချိုးခြင်း၊ ကိုယ်လက်သန့်စင်ခြင်း၊ သန့်ပြန့်သည့်အဝတ် အစားတို့ကို ဝတ်ဆင်ထားခြင်းများ ပြုထားသင့်သည်။
ပြီးလျှင် နေအိမ်မင်္ဂလာမှ ဘုရားကျောင်းဆောင်ထက်တွင် ရတနာတော်မြတ်သုံးပါးအား ရည်စူးလျက် ဆွမ်း၊ သစ်သီး၊ မုန့်ခဲဖွယ်များ၊ ပန်းမာလ်နံ့သာများ၊ သုံးတော်ရေသောက်တော်ရေချမ်းများ၊ အလင်းတိုင်များ ကပ်လှူပူဇော်ထားသင့်သည်။
ထို့နောက် ငါးပါးသီလကိုလည်း ကျကျနန ခံယူဆောက်တည်ထားသင့်ပါသည်။ ခင်ပွန်းကြီးဆယ်ပါးအား အပြစ်ရှိကဝန်ချတောင်းပန် ကန်တော့ခြင်း၊ နတ်မြတ်နတ်ကောင်းများနှင့် သုံးဆယ့်တစ်ဘုံသားတို့အား အမျှဝေခြင်း၊ မေတ္တာပို့သခြင်းများကိုလည်း ပုဗ္ဗကိစ္စအဖြစ် ကြိုတင်ဖြည့်ကျင့်ထားသင့်ပါသည်။
ထို့နောက် ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ချိန်ထက် ဆယ်မိနစ်ခန့်စောပြီး မဟာဝေဒဗ္ဗမန္တာန်တော်ကြီးကို ရွတ်ပွားပူဇော်နေ သင့်သည်။
အထူးသတိပြုရန်မှာ အဆိုပါ လှူဒါန်းပူဇော်ဖွယ်တို့ကို အပြည့်အဝဆောင်ရွက်နိုင်ခြင်း မရှိလျှင် လည်း အဆင်ပြေသည့်နေရာတွင် အဆင်ပြေသလို ရွတ်ပွားပူဇာ်နိုင်ပါသည်။ အထူးအားဖြင့် ထိုအချိန်တွင် ကိုယ်လက်သန့်စင်စွာဖြင့်၊ အဝတ်အစားသန့်ပြန့်စွာဖြင့် ၊ နှုတ်ခံတွင်းရှင်းသန့်စွာဖြင့် ရတနာမြတ်သုံးပါး၏အပေါ် တွင် အထူးကြည်ညိုသဒ္ဓါစိတ်ညွှတ်နူးစွာဖြင့် ရွတ်ပွားပူဇော်နေသင့်ပါသည်။
အကယ်၍ ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ချိန်သည် ဆွမ်းတော်ကပ်ရန် အဆင်မပြေသည့်နေ့ခင်းနှင့်ညအချိန်မျိုးတို့ဖြစ်နေလျှင်မူ အခြားအဆင်ပြေသလို သောက်တော် ရေချမ်း၊ အလင်းတိုင်နှင့် အမွှေးနံ့သာ၊ ပန်းမာလ်တို့ကို ကပ်လှူပူဇော်ပြီး ရွတ်ပွားပူဇော်နိုင်ပါသည်။ သို့မဟုတ် ထိုနေ့ နံနက်စောစောကတည်းက ဆွမ်း ခဲဖွယ်တို့ကိုဆက်ကပ်လှူဒါန်းပူဇော်ကာ ကုသိုလ်ပြုထားနိုင်ပါသည်။ ရနိုင်ပါက ရွှေပန်းငွေပန်းတို့ကိုလည်း ရွှေနားကွပ် ပန်းကန်ပြား သို့မဟုတ် လင်ပန်းလှလှလေးဖြင့် ထည့်ကာ ကပ်လှူပူဇော်စေချင်ပါသည်။
နက္ခတ်ကောင်းချိန်တွင် ဒါနစွမ်းအားကိုပါ ပေါင်းစည်းလျှက် ရတနာသုံးပါးအားပူဇော်ကာ ကုသိုလ်ကံမြှင့်တင်ခြင်းဟု ကျွန်တော်ခံယူပါသည်။
၃။
၂၀၂၅ ခုနစ်အတွင်း လစဉ် ဓနသိဒ္ဓိနက္ခတ်နှင့် စန်းယှဉ်ချိန်များ။
ရွှေမိုးငွေမိုးရွာစေနိုင်သည်ဟု ခေတ်အဆက် ဆက်တွင် ပညာရှင်တို့မိန့်ဆိုထားသည့် ဓနသိဒ္ဓိ နက္ခတ်နှင့်စန်းယှဉ်ချိန်များ။
၂၀၂၅ ခုနှစ်အတွင်း လစဥ် မဟာဝေဒဗ္ဗမန္တန် ရွတ်ဖတ်ရန်အချိန်များ။
ဇန်နဝါရီလ ၂ ရက် ကြာသပတေးနေ့ည ၁၀ နာရီ ၄၁ မိနစ် ၁၄ စက္ကန့်။
ဇန်နဝါရီလ ၃၀ ရက် ကြာသပတေးနေ့ နံနက် ၆ နာရီ ၄၉ မိနစ် ၃၃ စက္ကန့်။
ဖေဖော်ဝါရီလ ၂၆ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ ၅၃ မိနစ် ၄၂ စက္ကန့်။
မတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၃ နာရီ ၂၀ မိနစ် ၃ စက္ကန့်။
ဧပြီလ ၂၂ ရက် အင်္ဂါနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ် ၃၄ စက္ကန့်။
မေလ ၁၉ ရက် တနင်္လာနေ့ ညနေ ၆ နာရီ ၅၃ မိနစ် ၅၂ စက္ကန့်။
ဇွန်လ ၁၆ ရက် တနင်္လာနေ့သို့ ဝင်စ ၀ နာရီ ၂၅ မိနစ် ၃၅ စက္ကန့်။
(တနင်္ဂနွေည ၁၂ နာရီ ကျော်ပြီးစ ၂၅ မိနစ်အချိန်ပါ။)
ဇူလိုင်လ ၁၃ ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီ ၂၂ မိနစ် ၆ စက္ကန့်။
သြဂတ်စ်လ ၉ ရက် စနေနေ့ နေ့လယ် ၁ နာရီ ၅၁ မိနစ် ၂၇ စက္ကန့် ။
စက်တင်ဘာလ ၅ ရက် သောကြာနေ့ ည ၁၁ နာရီ ၅ မိနစ် ၁၉ စက္ကန့်။
အောက်တိုဘာလ ၃ ရက် သောကြာနေ့ နံနက် ၉ နာရီ ၁ မိနစ် ၅ဝ စက္ကန့်။
အောက်တိုဘာလ ၃၀ ရက် ကြာသပတေးနေ့ ညနေ ၅နာရီ ၅၅ မိနစ် ၃ စက္ကန့်။
နိုဝင်ဘာလ ၂၇ ရက် ကြာသပတေးနေ့သို့ဝင်စ ၀ နာရီ ၅၄မိနစ် ၃၆ စက္ကန့်။
(ဗုဒ္ဓဟူးည ၁၂ နာရီကျော်ပြီး ၅၄ မိနစ်အချိန်ပါ။)
ဒီဇင်ဘာလ ၄ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီ ၃၁ မိနစ် ၄၉ စက္ကန့်။
မှတ်ချက်။ ။ဇန်နဝါရီလတွင် နှစ်ကြိမ်၊အောက်တိုဘာလတွင် နှစ်ရက်စီကြုံသည်။နှစ်ကြိမ်စီကြိမ်ကြုံခြင်းဖြစ်သည်။
၄။
ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ချိန်များတွင် ရွတ်ပွါးပူဇော်ရန် မဟာဝေဒဗ္ဗမန္တာန်တော်ကြီးနှင့်ပတ် သက်ပြီးမူကွဲတချို့ရှိနေပါသည်။သည် ဆယ့်နှစ်ဂါထာမူကိုသာ အများကသုံးစွဲပူဇော်ကြပါသည်။ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ချိန်တွက်စစ် သုံးစွဲမှုနည်းစနစ်တွင်လည်း ယခုနောက်ပိုင်းလောကီဆရာအချို့က နေ့စဉ်အချိန်အခါကောင်းရွေးပြီး နေ့စဉ်ပူဇော်သည့်စနစ်ကို သုံးစွဲကြတာလည်းရှိသည်။ သို့သော် ယခုတင်ပြခဲ့သည့် ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ချိန် တစ်လတစ်ကြိမ်စနစ်ရှေးမူကိုသာ အများက သုံးစွဲလေ့ရှိပါသည်။ဤစနစ်သည်သာ ဘုရားဟောဇာတ်တော်တို့တွင်ပါသည့် ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ချိန်တွင် မဟာဝေဒဗ္ဗမန္တာန်ကိုရွတ်သည့်အတွက် ကောင်းကင်မှ ရွှေမိုးငွေမိုးတွေရွာခဲ့သည်ဆိုသော ဇာတ်တော်လာစနစ်၊ဇာတ်တော်လာကျင့်စဉ်ဟုပင် ကျွန်တော် မှတ်ယူထားပါသည်။
ဤသို့ ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ချိန်တွင် ရတနာတော်မြတ်သုံးပါးအား ပူဇော်သည့်အခါ မဟာဝေဒဗ္ဗမန္တာန်တော်ကြီးကို အနည်းဆုံး ၃ ခေါက်မှ ၉ ခေါက်ခန့် အထိရွတ်ပွားပူ ဇော်သင့်ပါသည်။
ထို့အပြင် ဤဓနသိဒ္ဓိနက္ခတ်ကို ဝသု နတ်မင်းကြီးအစိုးရသည်ဟုလည်းကျမ်းဂန်တို့တွင် ပြဆိုထားပါသည်။ ထို့ကြောင့် မဟာဝေဒဗ္ဗမန္တာန်ကြီးကို ရွတ်ပွားပူဇော်ပြီးပါက နတ်မြတ်နတ်ကောင်းများ နှင့်အတူ ထို ဝသုနတ်မင်းကြီးကိုပါအထူး အမျှဝေ မေတ္တာပို့သစေချင်ပါသည်။
ဤသို့ ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ချိန်တွင် မဟာဝေဒဗ္ဗမန္တာန်တော်ကြီးကို ရွတ်ပွားပူဇော်ကာ ကုသိုလ်ကံမြှင့်တင်ခြင်းဖြင့် စီးပွားရေးတိုးတက်ခြင်း၊ ရာထူးတက်ခြင်း၊ အောင်မြင်ခြင်းတို့ ဖြစ်နိုင် သည် ဟုရှေးရှေးက ဆရာအစဉ်အဆက် ညွှန်ပြ ထားခဲ့ပါသည်။
လက်တွေ့ ကောင်းကျိုးထူးနေသူတွေလည်း အနယ်နယ်အရပ်ရပ်တွင် များစွာရှိနေခဲ့သည်။နက္ခတ်ကောင်းကြုံနေခိုက်လေးတွင် အတုမရှိသည့် ရတနာတော်မြတ်သုံးပါး၏ ဂုဏ်ကျေးဇူးတို့ကို ပူဇော်ကာ ကုသိုလ်ကံကိုမြှင့်တင်ခြင်း ဖြစ်သည့် အတွက်စွမ်းအားကြီးမားနိုင်ကြောင်း ယုံကြည်ပါသည်။
၅။
ရွတ်ပွားပူဇော်ခြင်းကို ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ချိန်အခါကောင်းမိခြင်းမရှိသည့် အခြားနေ့များတွင် နေ့စဉ်ရွတ် ပွားပူဇော်လိုပါက မည်သည့်နေ့မဆိုနေ့စဉ် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် စတင်ပူဇော်နိုင်ပါသည်။ဓနသိဒ္ဓိနက္ခတ်စန်းယှဉ်ချိန်မဟုတ်သော်လည်း လောကီကောင်းကျိုးဖြစ်ထွန်းနိုင်သည့် အချိန်အခါကောင်းတစ်မျိုးဖြစ်ပါသတည်း။
ကုသိုလ်စွမ်းအားဖြင့် အားလုံး
နေကောင်းကျန်းမာ အစစအဆင်ပြေပါစေ။
အားလုံးသတ္တဝါချမ်းသာပါစေ။
သက်နှင်းဆွေ၊ပုပ္ပါး၊
4th,Dec;2024.Wed;11:15 pm
မှတ်ချက်။
၁။များများ ရှဲပြီး ဝေမျှကာ ကုသိုလ်ယူနိုင်ပါတယ်။
၂။မဟာဝေဒဗ္ဗမန္တာန်တော်ကြီးကို သီးခြားတင်ပါမယ်။
ကျမ်းကိုး။ ။
၁။မြန်မာအဘိဓါန်အကျဉ်းချုပ်-အတွဲ-၂။(ဆ-န)
၂။ဆရာကြီးဦးသုခ၏သုခမှတ်စု။
၃။ဆရာကြီးဦးဆန်းထွန်း၏နက္ခတ်ဆောင်းပါးများ။
၄။ဆရာမြတ်လှဘော်၏စူဠဝေဒဗ္ဗနှင့်မဟာဝေဒဗ္ဗ ရတနာမန္တာန်တော် ကျင့်စဉ်နှင့်ကိုယ်တွေ့ဖြစ်ရပ်များ။
၄။မြန်မာနိုငံဝေဒသုတေသနအဖွဲ့၏၂၀၂၅ ခုနှစ် မင်္ဂလာအခါပေး။
၅။ဆရာသခင်တို့သင်ပြခဲ့သည့်မှတ်စုများ။
15/11/2024
✨သာမညဖလနေ့ ✨
"တန်ဆောင်မုန်းလပြည့်နေ့" ညတွင် မြတ်ဗုဒ္ဓသည်... အဇာတသတ်မင်း၏ မေးခွန်းကိုဖြေဆိုသောအားဖြင့်
"သာမညဖလသုတ်"ကို ဟောကြားတော်မူခဲ့သောကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို "သာမညဖလနေ့" ဟု
သတ်မှတ်ကြပါသည်။
သာမညဖလဆိုသည်မှာ...
"သမဏအကျင့်၏ရလာဒ်"ဟုအဓိပ္ပါယ်ရှိသည်။
သမဏအကျင့်ဆိုသည်မှာ...
ရင်တွင်းအပူများကိုငြိမ်းစေသောကျင့်စဥ်ဖြစ်ပါသည်။
သီလ စည်းကမ်းကို လေးစားခြင်း၊
စိတ်တည်ငြိမ်မှု သမာဓိရအောင် ကြိုးစားခြင်း၊
အသိပညာ တိုးပွားအောင် အားထုတ်ခြင်းဖြင့်..
ရင်တွင်းအပူများကိုလျော့ချနိုင်သည့်...
သမဏကျင့်စဥ်ကို ကျင့်သုံးနိုင်ကြပါစေ...
ဆရာတော် အရှင်ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏
အဖက်ဖက် က ဈေးတက်နေချိန် ကုန်ကျစရိတ် သက်သာပြီး အာဟာရရှိအောင် ဘာတွေ အဓိက စားပေးကြမလဲ?
အခုအချိန် အဖက်ဖက် က ကုန်ဈေးနှုန်း တက်နေချိန်မှာ
1. ဆန် - ကို ပေါ်ဆန်းချည်း မဟုတ်တော့ ဘဲ အကြမ်း ရောပါ။ အကြမ်းချည်းပဲ စားရင် လဲ ကျန်းမာရေး အတွက် အဆင်ပြေပါတယ်။ အဝလွန်သူတွေ ဆီးချို သမားတွေ အတွက် ဆန်ကြမ်း က အဆာခံတော့ ပိုတောင် သင့်တော်ပါသေးတယ်။
2. ပဲ - အသားတွေ အရမ်းဈေးတက်နေချိန် အသားဓါတ် ကို ပဲ က ယူပါ။ ဈေးအသက်သာဆုံးဖြစ်ပြီး စားလို့အဆင်ပြေမယ့် ပဲသာရွေးပါ။ ပဲ တွေရဲ့ အာဟာရဓါတ် က တခု နှင့်တခု သိပ်မကွာခြားပါဘူး။
3. ဆီ - ကတော့ စားအုန်းဆီ ဈေးတောင် အရမ်း တက်နေတော့ အကောင်စား ဆီ တွေ မပြောလိုပေမယ့်၊ ပဲပုပ်စေ့ ဆီ လိုမျိုး (တခြား ဆီ တွေ ထက် ဈေး အနည်းငယ် သက်သာမယ် ထင်လို့ပါ) ကို အဆင်ပြေမယ်ဆိုရင် သုံးပေးပြီး ဆီကို တက်နိုင်သမျှ ချွေတာသုံးပါ။ စားအုန်းဆီ ကတော့ ကျန်းမာရေး အတွက် အဆင်မပြေလှပါဘူး။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ငွေကြေးအခက်အခဲကြောင့် ဒီဆီကို မဖြစ်မနေ သုံးနေကြရပါတယ်။ ဒါဆိုရင်လဲ တတ်နိုင်သမျှ လေး လျှော့သုံးကြပါ။ ဆီအများကြီးနဲ့ ကြော်တာမျိုး မလုပ်ပဲ ပြုတ်ကြော် ကြော်ချက် အနေအထားလေးတွေ သာချက်ပါ။
4. မြေပဲ - အခုအချိန်မှာ ဟင်းဖွယ်ဖွယ်ရာရာ ချက်ဖို့အဆင်မပြေရင် ထမင်းကို မြေပဲ နဲ့ ဆီ နယ်ပြီး စားတာ ကလဲ စားဖို့ အဆင်ပြေနိုင်သလို အာဟာရလည်း ပြည့်ဝပြီး ကယ်လိုရီလဲ များပါတယ်။
5. ကြက်ဥ၊ ဘဲဥ - အကောင်းဆုံး အစားအစာပါ။ အသားတွေ ထက် ဈေးသက်သာပေမယ့်၊ အခုလို ကြပ်တည်းချိန်မှာ သူကလဲ ဈေးမသေးပါဘူး။ ပြီးတော့ ဒီအချိန်မှာ တောကြက်ဥ CP ကြက်ဥ ခွဲသင့်တဲ့အချိန်တော့ မဟုတ်ပါ။ အရင်ကလဲ အမြဲ ပြောပါတယ် တောကြက်ဥ CP ကြက်ဥ က အာဟာရ အားဖြင့် အများကြီး ကွာခြားမှု့ မရှိလို့၊ ဈေးကြီးတာကို ဝယ်တာ လျှော့ပြီး သက်သာတာ သာ ရှာဝယ်ပါ။
6. အရွက်ကြော်ထည့်ပါ။ ကြိုက်တဲ့အရွက်ကြော်သာစားပါ။ အာဟာရ ပြည့်ဖို့ဆိုတာ အမျှင်ဓါတ် နှင့် အရွက်က ရမယ့် ဗီတာမင်၊ သတ္တုဓါတ်ကလဲ လိုပါသေးတယ်။ ဒါကြောင့် အဆင်ပြေမယ့် အရွက်ကြော်၊ ဟင်းချို ထည့်စားပါ။
အခုချိန်အရမ်းကြပ်တည်းနေကြတော့ အပိုငွေအကုန်မခံ ပဲ ကျန်းမာရေးနှင့် ညီညွှတ်အောင် အိမ်မှာ သေချာ စနစ်တကျ ချက်ပြုတ် ကြပါ ခင်ဗျာ။
မှတ်ချက် - ဆီလျှော့ပါ၊ ဆားလျှော့ချက်ကြပါ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
#အာဟာရ
27/07/2024
မနက်ဖြန် (၂၈.၇.၂၀၂၄) တနင်္ဂနွေနေ့ ဥပုသ်နေ့ပါရှင်။
14/07/2024
သက်တော်မြဲဂါထာ 🙏🙏🙏
13/06/2024
တကယ်ပဲ အလှအပကြိုက်သူတွေဟာ ငတုံးမတွေလား။ ဉာဏ်ပညာနဲ့အလှအပ တွဲနိုင်မှ တကယ့်အောင်မြင်မှုပါ။ ကျမညီမလေးက သိပ်စာတော်တာ၊ အလှလည်း အရမ်းပြင်တယ်။ ဘွဲ့တွေတစ်ခုပြီးတစ်ခုယူ၊ အလုပ်မှာလည်း သူကြိုးစားတယ်။ မနက်ဆို သူ အစောကြီးထ၊ ရေမိုးချိုး တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ အလှအပကို သေချာပြင်ဆင်ပြီးမှ သူ ရုံးသွားလေ့ရှိတယ်။ သူအမြဲပြောလေ့ရှိတာ ဘယ်လောက်အရည်အချင်းရှိရှိ လှလှပပလေးမှ တစ်ကိုယ်ရည်အတွက် မပြင်ဆင်တတ်ရင် ဘယ်ကောင်းပါ့မလဲတဲ့။ တကယ်တော့ အလှပြင်တယ်ဆိုတာ အပြင်လှအောင် လုပ်တာ။ အတွင်းလှအောင် အသိဉာဏ်ပညာတွေ ပြည့်စုံအောင် ဘယ်လောက်ပဲ လုပ်လုပ် အပြင်ကလည်း လှနေမှ လူတွေက ပိုသတိထားမိတတ်ကြတယ်။ အထူးသဖြင့် ဒီခေတ်မှာပေါ့။ ကိုယ်က အများနဲ့ အလုပ်လုပ်ရတဲ့အခါ၊ လက်အောက်ငယ်သားကို အုပ်ချုပ်ရတဲ့အခါ၊ အထက်က လူကြီးတွေနဲ့ ဆက်ဆံရတဲ့အခါ… မြင်လိုက်တာနဲ့ လှပသပ်ရပ်ပြီး၊ ရှုချင်စဖွယ်လေးဖြစ်ရင် စိတ်နှလုံးကိုကြည်လင်စေတယ်။ အဲဒါကိုမှ အရည်အချင်းလေး ထည့်ပေါင်းလိုက်ရင် ဒီမိန်းကလေးဟာ ဘယ်လိုတောင်အဖိုးတန်လေးလဲနော် လို့ ဖြစ်သွားကြမှာပါပဲ။ ဆံထုံးနဲ့ရင်ဖုံးခေတ်ကနေ အခုခေတ်အထိ အမျိုးသမီးတွေဟာ လှကိုလှရမှာပါပဲ။ ဘယ်သူမဆိုလည်း လှအောင်နေလို့ရပါတယ်။ အခုခေတ်မှာ skincare တွေ အများကြီးပေါ်လာပြီ၊ စျေးသင့်တာလေးတွေလည်းရှိတယ်။ အသားအရည်လေး ကောင်းအောင်လုပ်။ ဝမ်းမချုပ်စေနဲ့ အပူအပုပ်တွေ မများစေနဲ့။ ရေက သဘာဝ glow စေတဲ့ စွမ်းအားရှိတယ်။ ရေများများသောက်၊ အသီးအနှံလေးတွေစား။ ခေါင်းပုံမှန်လျှော်။ မိတ်ကပ်ပစ္စည်းလေးတွေလည်း စျေးသင့်တာလေးတွေ အများကြီးရှိတယ်။ အဓိက ပြင်တတ်ဖို့ပဲလိုတာ။ အခုခေတ် ဆိုရှယ်မီဒီယာမှာ make up tutorials တွေ အများကြီး။ တစ်ယောက်မဟုတ်တစ်ယောက် ပြင်တာလေးတွေက ကိုယ်လိုက်လုပ်လို့ အဆင်ပြေတာလေးတွေ ရှိလာမှာပါပဲ။ အဓိကက ကိုယ်နံ့မနံအောင် ဂရုစိုက်။ ဆံပင်တွေ နံမနေအောင် ဂရုစိုက်။ မျက်နှာကို သဘာဝကျကျလေးနဲ့ လှအောင်ပြင်ဆင်။ အဲလိုရုပ်လေးနဲ့ စာကျက်ရင် စာပိုရတယ်။ ပိုစိတ်ကြည်တယ်။ လှနေရင် စိတ်ကြည်တယ်၊ စိတ်ကြည်ရင် ပိုလှတယ်။ အမျိုးသမီးတိုင်းက လှပြီးသား၊ ကိုယ်နဲ့ လိုက်ဖက်အောင် ပြင်ဆင်တတ်ဖို့ပဲလိုတာ။ ကိုယ်လှတာကို ဝေဖန်ရင်လည်း ခေါင်းထဲမထည့်နဲ့။ ကိုယ်လှတာ ကိုယ့်ဖို့ပဲ။ တခြားယောကျာ်းတွေအတွက်လည်း မဟုတ်ဘူး။ ဒါကိုဟယ် သူက အလှတွေပြင်ပြီး လင်စိတ်သားစိတ်မွေးနေတယ်ဆို သူ့စကားမဆုံးခင်၊ မောင်းသာထုတ်လိုက်။ လူတိုင်းဟာ အသက်တစ်ခု ဘဝတစ်ခုပဲ ရလာတာ။ Nike ရဲ့ ဆောင်ပုဒ် Just do it ဆိုတာမျိုးပဲ။ လုပ်သာလုပ်၊ ချသာချ။ ငါ လှရမယ်၊ တော်ရမယ်၊ စိတ်ရော ရုပ်ရော ပညာအရည်အချင်းရော ငါ့မှာအပြည့်ရှိရမယ်။ ဒီစိတ်နဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်။ မှနိတင်ခုံမှာ အလှအပပစ္စည်းတွေ ရှိရမှာဖြစ်သလို စာကြည့်စားပွဲမှာ Skillful ဖြစ်ဖို့ ဖြည့်တင်းရမယ့် စာအုပ်တွေ ရှိရမယ် အသုံးချရမယ်။ တကယ့်ဉာဏ်ပညာနဲ့ ချစ်ခြင်းတရား ပြည့်ဝလာရင် မိမိကိုယ်ကို လှလှပပ ထူးထူးချွန်ချွန်ဖြစ်အောင်နေသလို၊ သူတစ်ပါးရဲ့လှပမှုကို ထူးချွန်မှုကိုလည်း မုဒိတာထားနိုငိလာတယ်။ အသိအမှတိပြုနိုင်တယ်။ သူများ အလှပြင်ထားရင် အပေါ်ယံကြည့်ပြီး ဆယ့်ခြောက်နှစ်နဲ့ လင်ရမယ်လို့ ဝေဖန်ပြီး ကိုယ်ကျ ကြိတ်လှချင်တဲ့ ဇွတ်အင်နိုးဆန့်လုပ်နေရင်၊ ကိုယ့်အငုံ့စိတ်ဖြစ်တယ်။ အငုံ့စိတ်အုပ်စုထဲ အပါမခံပါနဲ့။ အပေါ်ယံပဲ လှတဲ့သူတွေ၊ ဉာဏ်ပညာမပါတဲ့ အလှအပတွေဟာလည်း ခဏတာပဲ အသုံးဝင်ပါတယ်။ ဒါကြောင့် အမျိုးသမီးလေးတို့ လှအောင်နေပါ။ ထူးချွန်အောင်လည်း ကြိုးစားပါ။ သနပ်ခါးကနေ Gucci အထိ သိသလို၊ ကကြီး ခခွေးကနေ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အသိပညာတွေ ကိုယ်ပိုင်အရည်အချင်းတွေ ပြည့်ဝလှပကြပါစေ။
Witchy Candy
22/05/2024
ကဆုန်လပြည့်နေ့
""""""""""""""""""""""
ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါတော်နေ့မှာ
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး
ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
12/05/2024
ဒီနေ့ မေလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ International Mother’s day မှာ မိခင်များအားလုံး ပျော်ရွှင်ကြည်နူးတဲ့ အခါသမယလေးကို ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
မင်္ဂလာနံနက်ခင်းပါ
ပျော်ရွှင်ရတဲ့နေ့လေးဖြစ်ပါစေ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
North Dagon
Yangon