Beauty Square

Beauty Square

Share

Beauty is power; a smile is its sword.

Photos from Beauty Square's post 26/11/2025

တကယ်ပဲ သုံးတဲ့သူ‌တွေက
💁ဝက်ခြံတွေပျောက်ပြီး
🤷အသားဖြူလာကြလို့ဆိုပြီး
ထပ်ထပ်မှာနေရတဲ့
D.O.R Day & Night Cream လေးတွေ
ရောက်တုန်း ယူထားကြနော် ချစ်တို့ရေ

18/11/2025
Photos from Beauty Square's post 17/11/2025

FDA ‌လက်မှတ်ရပြီး ရောင်းမလောက်တဲ့ Day & Night Cream လေးတွေ
တကယ်ကောင်းတာမို့လို့နော်

17/11/2025

ရောက်တိုင်းအကုန်မြန်တဲ့ D.O.R Day & Night Cream လေး ရောက်ပါပြီ
လက်လီ/လက်ကား မှာယူနိုင်ပါပြီ

Photos from Beauty Square's post 29/04/2024

ထိုင်းမိတ်ဆိုလို့ သုံးမိတာ ဒီတစ်ခါတော့ ဂျင်းမိပါပြီ

၁လ လောက်သုံးရင် အသားဖြူတယ်ဆိုလို့သုံးမိတာ
၁ပါတ်လောက်နဲ့ အသားတွေဖြူလာလို့ 😁

Broccoli Herbal Scrub Soap ပါ

🥦 Broccoli soap လေးက Scrub soap မို့ 𝐒𝐜𝐫𝐮𝐛 တိုက်စရာမလို ဆပ်ပြာထပ်တိုက်စရာမလိုတဲ့ 𝐒𝐨𝐚𝐩
🥦 𝐁𝐨𝐝𝐲 /𝐅𝐚𝐜𝐞 ကောနှစ်မျိုးလုံးသုံးလို့ရတာမို့ မျက်နှာပေါ်က ဆားဝက်ခြံ တင်းတိပ် မှဲ့ခြောက်တွေ ကိုသက်သာစေပါတယ်
🥦 𝐁𝐨𝐝𝐲 အတွက်ဆိုရင် အဓိက အချက်က အသားရေကိုဖြူဖွေးစေပြီး
🥦 ဂုတ်မဲ/ဒူးမဲ/ဂျိုင်းမဲ/တံတောင်ဆစ်မဲ/အမာရွတ်နဲ့အကြောပြတ်ရာ တွေကိုသက်သာပျောက်ကင်းစေပါတယ်
🥦 2 in 1 သုံးလို့ ရမယ့် အပြင် အကြောပြတ် အသားမညီ အမဲကွက် နေလောင်တွေပါ ပျောက်တယ်တဲ့နော်
🥦 ပြီးတော့ အသားလည်းတကယ်ဖြူတာကြီးနော်

Photos from Beauty Square's post 29/04/2024

အားလုံးကြိုက် အားလုံးလည်းသိတဲ့
Fitnè Herbal Tea

Price = 10800ks( 1pk *20pcs)

☘️Fitnè Herbal Infusion Tea လေးက 100% သဘာ၀ဆေးဖက်၀င်အပင်များကိုသာ အသုံးပြုပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အပြင်Senna extract ပါဝင်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အဆီပိုတွေကိုဖယ်ရှားပေးတယ်

☘️ တစ်နေကုန်စားထားသမျှ အဆီများတွေကို မနက်ဝမ်းနှင့်အတူပါသွားမှာ ဖြစ်လို့ ဝမ်းမမှန်တဲ့သူတွေ ၊၀မ်းချုပ် သူတွေ အတွက်လည်း အဆင်ပြေတယ်ရှင့်

အသုံးပြုပုံ -
☕️ ရေနွေးထည့်ထားတဲ့ ခွက်ထဲကို Fitne အထုပ်ထည့်စိမ်ပြီး ညအိပ်ရာ၀င်ခါနီး သောက်သုံးပေးပါ

Tip -
1️⃣ ခုမှစသောက်မယ့် သူ (သို့) ကိုယ်အလေးချိန်နည်းတဲ့သူတွေအတွက် သင့်တင့်တဲ့ အာနိသင်ရဖို့ FITNE Tea အထုပ်လေးကို 5-10 မိနစ်အထိ
2️⃣ ပုံမှန် ကိုယ်အလေးချိန်ရှိသူအတွက် FITNE Tea အထုပ်လေးကို 10-20 မိနစ်အထိ
3️⃣ ကိုယ်အလေးချိန်များတဲ့သူအတွက် FITNE Tea အထုပ်လေးကို မိနစ် 20 ထက်ပိုစိမ်ပြီး သောက်ပေးလို့ရပါတယ်နော်

Photos from Beauty Square's post 29/04/2024

သုံးဖူးသူတိုင်း ခဏခဏပြန်လာမေးကြတဲ့
Fiber Plus Probiotics

♥️အဆီကျဆေး သီးသန့် မဟုတ်ပါဘူး
ခန္ဓာကိုယ်တွင်းက အပူ အပုပ်နဲ့ မကောင်းတဲ့ အဆိပ်အတောက်တွေကို Detox လုပ်ပေးတဲ့ Supplement ပါ
♥️ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှာပေးတော့ အသားရေကို ကြည်စေပါတယ်
♥️ဝမ်းချုပ်တဲ့ သူတွေသောက်ပေးရင် ဝမ်းမှန် အူရှင်းစေပါတယ်
♥️အသီးအရွက် အစားနည်းတဲ့လူဆိုရင်လည်း ဝမ်းမှန်အောင် သောက်ပေးသင့်ပါတယ်
♥️ဝမ်းမှန်တော့ အပူအပုပ်ကင်းစင်ပီး ခံတွင်းနံ့ ထွက်တာကိုလည်း သက်သာစေပါတယ်
♥️ခါး နဲ့ ဗိုက်မှာရှိတဲ့ အဆီပိုတွေကို ဖယ်ရှားပေးတယ်

🌙ညအိပ်ရာဝင်ချိန်ရေအေးလေးနဲအသင့်ဖျော်သောက်ရုံပါပဲနော်

ယခင် 7000mg ကနေ ယခု 9000mg ထိ ပါဝင်လာလို့ ပိုအဆင်ပြေသွားတာပေါ့နော်🍄

♥️(တစ်ဘူး 10ထုပ်)ပါတယ်နော်

1 ဘူးစျေး - 15800 ks
10 ဘူးစျေး- 15600 ks

Photos from Beauty Square's post 15/09/2023

အလှကုန်လေးတွေ ထပ်ရောက်ထားပါတယ် ကာကာတို့ရေ


Deli နဲ့မှာယူလိုသူတွေအတွက် ရန်ကုန် အိမ်အရောက် ငွေချေပါ
ပို့ခ ကတော့ မြို့နယ်အလိုက်ပေးရပါတယ်ရှင်

မှာယူလိုပါက
အမည်
နေရပ်လိပ်စာ
ဖုန်းနံပါတ်
cb သို့ ပေးပို့ မှာယူနိုင်ပါတယ်ရှင်

10/09/2023

အသားအရေ စိုပြည် ကြည်လင် ဖြူဖွေးစေဖို့ နည်းလမ်း
အရေပြား အမဲစက်များနှင့်ဝက်ခြံ အညစ်အကြေး နေရောင်ခြည်ကြောင်း အသားအရေမညီညာဖြစ်ခြင်းတို့အတွက်အကောင်းဆုံး နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။
ပါဝင်သောပစ္စည်းများ
(၁) ထောပတ်
(၂) ဖရဲသီး
သေးငယ်တဲ့ပန်းကန်းထဲတွင် ဖရဲသီးအတုံးလေးများ(၅)တုံးထည့်ပါ။ ထောပတ်အနည်းငယ်ထည့်ပါ။ ဖရဲသီးနှင့်ထောပတ်ကို သေချာ ရောနှော ပါမယ်။ မျက်ကိုစင်ကြယ်စွာ သန့်စင်ပြီး ရရှိလာသောအ ရောအနှောကိုလိမ်းပါ။ ၁၅မိနစ်လောက်ထားပြီး ရေဖြင့်ဆေးကြောနိုင်ပါပြီ။ Moisturizerအနည်းငယ်လိမ်းပေးပါ။ အနည်းဆုံးတစ်ပတ် နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

ဆံပင် ပြန်ပေါက်လာစေမည့် နည်းလမ်း
လူသန်းပေါင်းများစွာ ကွဲပြားခြားနားသော အကြောင်းပြချက်များအတွက် ဆံပင်ဆုံးရှုံးများကို ကြုံတွေ့နေရပါတယ်။ ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းများမှာ နာမကျန်းဖြစ်ခြင်း၊ ကျန်းမာရေးကြောင်း နာတာရှည်ဆေးဝါးများ သောက်နေရခြင်း၊ ကလေး မွေးဖွား မူကြောင်း ဖြစ်ပါတယ်။
ပါဝင်သောပစ္စည်းများ
(၁)ကြက်ဥအနှစ်
(၂)ပျားရည်
(၃) ကြက်ဆူဆီ
ဆံပင်ပြန်ပေါက်အောင် ကြက်ဆူဆီကို အဓိကလိုအပ်ပါတယ်။ ကြက်ဆူဆီသည် ဆံပင်ပြန်ပေါက်လာနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဘောက်ထခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဦးရေပြားရဲ့ PHကိုထိန်းညှိပေးပါတယ်။ ဆံပင်များကို လည်းပိုမိုသန်စွမ်း ခိုင်မာလာစေပါတယ်။

ပြုလုပ်ပုံ
ကြက်ဥအနှစ်(၁)လုံး၊ ပျားရည်(၁)ဇွန်း၊ ကြက်ဆူဆီ(၂)ဇွန်း၊စသည်တို့ကို သန့်စင်သောပန်းကန်ထဲတွင် ထည့်ပြီး ရောနှောပါမယ်။ ရရှိလာသော အရောအနှောကို ဦးရေပြားနှင့်ဆံပင် အမြစ်များကို အဓိကထား လိမ်းရ ပါမယ်။ ဆံပင်ကို Shower Capဆောင်းပြီး (၂)နာရီလောက်ထားရပါ မယ်။ တစ်ပတ်အတွင်း နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။ (၂)လအတွင်း အံ့သြ ဖွယ် ကောင်းသော ရလဒ်ကို ပိုင်ဆိုင်ရပါလိမ့်မယ်။

၅ရက်အတွင်း မျက်နှာပေါ်မှ အမဲစက်၊ ဝက်ခြံ၊ အမာရွက် များကိုဖယ်ရှားနိုင်မည့် နည်းလမ်း
ဝက်ခြံကြောင်းဖြစ်တဲ့ အမာရွက်များနှင့်အမဲစက် များကိုဖယ်ရှားနိုင်မည့် နည်းလမ်းကောင်းလေးများကိုဖော်ပြ ပေးလိုက်ပါတယ်။ ဝက်ခြံများ ကင်းစင်စေပြီး လှပတဲ့ အသားအရေ ကိုပိုင်ဆိုင်စေမှာပါ။
ပါဝင်သောပစ္စည်းများ
အာလူး (၁)လုံး
သံပုရည်(၁)ဇွန်း

အသုံးပြုရန်နည်းလမ်း
အာလုံးတစ်လုံးကို ရေဆေးပြီးအခွံချွတ်ပါ။ အာလူးကို သေးငယ်သော အတုံးလေးများ ဖြစ်အောင် လှီးဖြတ်ပါ။ သေးငယ်သော အတုံးလေး များကို ဖျော်စက်ထဲထည့်ပြီး ရေအနည်းငယ် ထည့်ပီးဖျော်ပါ။ အာလူးအဖတ်များ ကိုအသုံးမပြုဘဲ အာလူးအရည်ကိုသာ အသုံးပြုပါမယ်။ အာလူး အရည်ထဲသို့သံပုရာ(၁)ဇွန်းထည့်ပါမယ်။ မျက်နှာကိုသန့်စင်ပြီး ရောနှောထားသည့် (အာလူးအရည်နှင့်သံပုရာရည်)ကို ဝါဂွမ်းဖြင့် မျက်နှာကို ညင်သာစွာ လိမ်းပါ။ ၁၀မိနစ်ခန့် ထားပြီး ရေဖြင့် ဆေးကြောနိုင်ပါသည်။ ၁ရက်ကြိမ်ခန့်ပြုလုပ်နိုင်ပြီး ၅ရက်အတွင်း မျက်နှာ ပေါ်က အမဲစက်၊ ဝက်ခြံ၊ အမာရွက်များ ပျောက်ကင်းသွားပါလိမ့်မည်။

လက်အဆစ်လေးတွေ ဖြူဖွေးစေဖို့ နည်းလမ်းကောင်းလေးများ

လက်အဆစ်လေးတွေဖြူဖွေးစေဖို့ အလွယ်ဆုံး နည်းလမ်းကောင်းလေး များကို ဖော်ပြပေးလိုက်ပါတယ်။ညိုမဲနေတဲ့ လက်အဆစ်၊ ခြေထောက်၊ နှုတ်ခမ်းမဲခြင်း၊ တံတောင်ဆစ်မဲခြင်း တို့အတွက်လည်း အသုံးပြုနိုင် ပါတယ်။
၁။ သကြားနှင့်သံပုရာရည်
သကြားနှင့်သံပုရာရည်ကိုရောစပ်ပါ။ သကြားအရည်မပျော်ခင် ပွတ်တိုက်ရမှာ ဖြစ်ပါတယ်။ မိနစ်၅၀ခန့် ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။

၂။နို့မုန့်နှင့်ဗီတာမင်E
နို့မုန့်လ္ဘက်ရည်ဇွန်း(၁)ဇွန်းနှင့် ဗီတာမင်E (၁)တောင့်ကိုရောမွှေပါ။ သင့်အသားအရေကို အပြင်းအထန် ပွတ်ပေးပါ။ (၁၀)မိနစ်ခန့်ပွတ်ပြီး ရေဖြင့် ဆေးကြောနိုင်ပါတယ်။

၃။ဒိန်ချဉ်နှင့်ဗာဒံဆီ
ဒိန်ချဉ်(၁)ဇွန်းနှင့် ဗာဒံဆီး(၁)ဇွန်းကို ရောမွှေပါ။ သင့်အရေပြားကို ပြင်းပြင်းထန်ထန် ပွတ်တိုက်ပေးပါ။ ၁၀မိနစ်ခန့်ထားပြီး ရေဖြင့် ဆေးကြောနိုင်ပါတယ်။

၃ရက်အတွင်း ချွေးပေါက်ကျယ်ခြင်းကို သက်သာစေမည့် နည်းလမ်းကောင်း
မျက်နှာပေါ်မှာ ချွေးပေါက်ကျယ်ခြင်းကို အလွယ်နည်းလမ်းဖြစ်သော အိမ်သုံးပစ္စည်းများကို အသုံးပြုနိုင်မည့် နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရှားစောင်းလက်ပတ်
ချွေးပေါက်ကျယ်ခြင်းကို သက်သာစေရန် ရှားစောင်းလက်ပတ်ကို အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ကို ညမအိပ်ခင်လိမ်းပြီးအိပ်ပါ။ မနက်မိုးလင်းမှရေဖြင့်ဆေးကြောလိုက်ပါတယ်။ Moisturized သုံးပေးပါ။

(၂)ကြက်ဥ
ချွေးပေါက်ကျယ်ခြင်းအတွက် ကြက်ဥဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ ကြက်ဥအရည်ကြည်နှင့် သံပုရာ(၁)ဇွန်းလောက်ရောနှောပြီး လိမ်းပေးနိုင်ပါတယ်။ မိနစ်(၂၀)လောက်ထားပြီး ရေဖြင့် ဆေးကြောနိုင်ပါတယ်။

(၃) မုန့်ဖုတ်ဆိုဒါ
မျက်နှာချွေးပေါက်ကျယ်ခြင်းအတွက် မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကိုရေအနည်းဖြင့်ရောစပ်ကာ လိမ်းပေးပါ။ မိနစ်(၂၀) လောက်ထားပြီး ရေဖြင့်ဆေးကြောနိုင်ပါတယ်။ ရေဖြင့် မျက်နှာသစ်ပြီး Moisturizedလိမ်ပေးပါ။ မျက်နှာအသားအရေ ကောင်းမွန်လာစေပါတယ်။

စက်ဆွဲစရာမလိုဘဲ သဘာဝအတိုင်း ဆံပင်ဖြောင့်နည်း
ဓာတုပစ္စည်းများကို အသုံးမပြုဘဲ သဘာဝအတိုင်း ဆံပင် ဖြောင့်ချင်သူများ အတွက် နည်းလမ်းကောင်းဖြစ်ပါတယ်။ စက်ဆွဲစရာမလိုဘဲ သဘာဝ နည်းလမ်းကျကျ ပြုလုပ်နိုင်မည့် နည်းလမ်း ကောင်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ
အုန်းနို့ (၁)ခွက်
သံပုရာရည် (၃)ဇွန်း
သံလွင်ဆီ(၃)ဇွန်း
ကော်မှုန့်ဖြူ (၄)ဇွန်း

ပြုလုပ်ပုံ
သန့်စင်သောဖန်ခွက်တစ်ခုထဲတွင် သံပုရာရည်နှင့်ကော်မှုန့်ဖြူကိုထည့်ပြီး (၃)မိနစ်ခန့်မွှေပါ။ အိုးတစ်လုံးထဲတွင် အုန်းနို့ကိုထည့်ပြီး (၁)မိနစ်ခန့်မွှေပါ။ သံလွင်ဆီ အနည်းငယ် ထည့်ပါ။ ရောစပ်ထားသည့် သံပုရာရည်နှင့် ကော်မှုန့်ဖြူ ကိုထည့်ပြီးရောမွှေပေးပါ။ မိနစ် အနည်းငယ် ကြာအောင် ရောမွှေပြီး ဖန်ပုလင်းထဲတွင်ထည့်ထားနိုင်ပါတယ်။ ခေါင်းမလျှော်ခင် မှာ သုတ်လိမ်းပြီး Shower Capဖြင့် (၂)နာရီအကြာ ဖုံးအုပ် ထားရမှာ ဖြစ်ပါတယ်။ ခေါင်းလျှော်သည့်အခါ Conditioner သုံးနိုင်ပါတယ်။

အမွှေးအမျှင်များကို နှုတ်စရာမလိုဘဲ သဘာဝအတိုင်း ဖယ်ရှားနည်း
မလိုအပ်တဲ့ အမွှေးအမျှင်များကြောင်း စိတ်ရှုပ်စရာမလိုပါဘူး။ အချိန်ကုန်ခံပြီး နှုတ်နေစရာလည်းမလိုပါဘူး။ အလွယ်ကူဆုံး သဘာဝအတိုင်း ဖယ်ရှားနိုင်မည့် နည်းလမ်းကောင်း လေးများကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်ပစ္စည်းများ
သကြား (၁)ခွက်
သံပုရာသီး (1/2)
ရေအနည်းငယ်

ပြုလုပ်ပုံ
သန့်စင်သောအိုးတစ်လုံးထဲတွင် သကြား(၁)ကြားထည့်ပါ။ သံပုရည်သီးတစ်ခြမ်းအရည်ညစ်ပြီးထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး (၄)မိနစ်လောက်အပူပေးပါ။ ရရှိလာသော အရည် (သကြားဖယောင်) ကိုဖန်ပုလင်း တစ်ခုထဲတွင်ထည့်ပြီး သိမ်းဆည်းနိုင်ပါတယ်။

အသုံးပြုပုံ
အမွှေးအမျှင် ဖယ်ရှားမည့်နေရာကို သကြားဖယောင်းလိမ်းပြီး ညင်သာစွာခွာနိုင်ပါတယ်။ အမွှးအမျှင်များ တစ်ခါတည်း သန့်စင် သွားပါလိမ့်မည်။ (သကြား)ဖြင့် အမွှေးအမျှင်များကို waxing ပြုလုပ်ခြင်းတစ်မျိုးဖြစ်ပါသည်။

အာလူးပြုတ်ဖြင့် မျက်နှာပေါင်းတင်ကြမယ်။
မျက်နှာဖြူဖွေးအောင် အာလူးကိုကောင်းကောင်း အသုံးချနိုင်ပါတယ်။ မျက်နှာဖြူဖွေးအောင် ရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်။
ပါဝင်သောပစ္စည်းများ
(၁) အာလူး (၁)လုံး
(၂) ဒိန်ချဉ် (၃)ဇွန်း
(၃) ပျားရည် (၁)ဇွန်း
(၄) သံပုရာရည် (၁)ဇွန်း

ပြုလုပ်ပုံ
အာလူး (၁)လုံးကိုပြုတ်ပါ။ ပြုတ်ပြီးသော အာလူးကို အခွံခွာပါ။ သန့်စင်သော ပန်းကန်ထဲတွင် အခွံခွာထားသောအာလူးကို ဇွန်းတစ်ချောင်ဖြင့် အနှစ်ရအောင်ပြုလုပ်ပါ။ ဒိန်ချဉ်(၃)ဇွန်း ထည့်ပါ။ ပျားရည်(၁)ဇွန်းနှင့် သံပုရာရည်(၁)ဇွန်းထည့်ပါ။ ပါဝင်သော ပစ္စည်းများကို ရောနှောပြီး မျက်နှာပေါ်လိမ်းပါ။ မိနစ်(၂၀)ခန့်ထားပြီး ရေဖြင့်ဆေးကြောနိုင်ပါတယ်။တစ်ပတ်(၂)ကြိမ်ပြုလုပ်နိုင်ပါတယ်။ ဖြူဖွေးတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။

ဆံပင်ပါးသူများအတွက် ဆံပင်ထူလာစေမည့် နည်းလမ်းကောင်း
သင့်ရဲ့ဆံပင်ပြန်ပေါက်လာနိုင်စေဖို့ နည်းလမ်းကောင်း လေးတစ်ခု ဖြစ်ပါတယ်။ ဆံပင်ထူလာစေပြီး ဆံပင်ကျွတ်ခြင်း သက်သာလာစေမည် နည်းလမ်းကောင်းဖြစ်ပါတယ်။ဘေးထွက် ဆိုးကျိုးမရှိဘဲ သဘာဝနည်းလမ်း အတိုင်ဖြေရှင်းနိုင်ပါတယ်။
ပါဝင်သောပစ္စည်းများ
ကြက်ဥ (၁)လုံး
ပျားရည် (၁)ဇွန်း
ဘီယာ (1/2)ခွက်
ငှက်ပျောသီး (1/2)

ပါဝင်သောပစ္စည်းများကို သန့်စင်သောပန်းကန်တစ်ခုတွင်ထည့်ပြီးရောမွှေပါ။ ခေါင်းမလျှော်မီ ဦးရေပြားပေါ်လိမ်းပြီးနှိပ်နယ်ပေးပါ။ (၁)နာရီလောက်ထားပြီး ခေါင်းလျှော်နိုင်ပါတယ်။ သင့်ခေါင်းလျှော်တိုင်း ယခုနည်းလမ်းကို ပြုလုပ်နိုင်ပါတယ်။

သင့်ကို(၁၀)နှစ်လောက်နုပျိုသွားမည့်နည်းလမ်းကောင်း
ထမင်း ကိုအသုံးပြုပါမယ်။ အလှအပအတွက် များစွာကောင်းကျိုးပေးသော ထမင်းဖြစ်ပါတယ်။ ထမင်းသည် မျက်နှာရောင်ရမ်းမူများကိုလည်း လျော့ကျ စေပါတယ်။
ပါဝင်သောပစ္စည်းများ
ထမင်း (၃)ဇွန်း
နို့မှုန့်(၄)ဇွန်း
ပျားရည်(၁)ဇွန်း
သန့်စင်သောပန်းကန်ထဲတွင် ထမင်းရည်(၃) ဇွန်းထည့်ပါ။ နို့မှုန့် (၄)ဇွန်းထည့်ပါ။ ပျားရည်(၁)ဇွန်းထည့်ပါ။ ပါဝင်သောပစ္စည်းများကို ကောင်းစွာရောနှောပါမယ်။ အနှစ်ရအောင်နယ်ရပါမယ်။ မျက်နှာ ပေါ်လိမ်းပေးပါ။မိနစ်(၃၀)ခန့်ထားပြီး ရေဖြင့်ဆေးကြောနိုင်ပါတယ်။ တစ်ပတ်(၃)ကြိမ်ပြုလုပ်နိုင်ပါတယ်။ အရွယ်မတိုင်ခင် ဖြစ်ပေါ်တတ်သည့်အိုးမင်မူကိုရောကျစေပါတယ်။

သင့်ရဲ့ချိုင်းကြားအသားအရေကို ဖြူဖွေးစေဖို့
ချိုင်းကြားမည်းနေလျှင် အကြည့်ရဆိုးစေပြီး လက်ပြတ်လေးတွေ ဝတ်လို့အဆင်မပြေပါဘူး။ သင့်ရဲ့ချိုင်းကြားအသားအရည်ကို ဖြူဖွေးစေတဲ့ သဘာဝနည်းလမ်းကောင်းလေးရှိပါတယ်။ချိုင်းကြားမည်းနေလျှင် အာလူးကိုအချပ်လေးတွေလှီးပြီး အာလူးအချပ်လေးများနဲ့ 10မိနစ်ခန့် ချိုင်းကြားကို ပွတ်သပ်ပေးပါ။ ပြီးနောက် ရေနွေးနွေးဖြင့် ဆေးကြောပြီး တဘက်ဖြင့်သုတ်ပေးပါ။ အာလူးမှာ သဘာဝအရောင်ချွတ်ပေးတဲ့ အပျော့စားအက်ဆစ်ဂုဏ်သတ္တိပါဝင်ပါတယ်။

အသားအရေဖြူဝင်းလာအောင် အာလူးဖြင့်ပေါင်းတင်ကြရအောင်
အသားအရေဖြူဝင်းလာအောင် သဘာဝအိမ်သုံးပစ္စည်းများဖြင့်ပြုလုပ်နိုင်ပါတယ်။
ပါဝင်သောပစ္စည်းများ
(၁) အာလူး(၃)လုံး
(၂) နှင်းဆီရည်
(၃) ပျားရည်
(၄) သံပုရာရည်စသည်တို့ပါဝင်ပါတယ်။
အာလူးသုံးလုံးကိုအခွံခွာပါ။သေးငယ်သောအတုံးအသေးလေးများအဖြစ်ပိုင်းဖြတ်ပါ။ အာလူးကြိတ်စက်(သို့) ကြိတ်ဆုံးဖြင့်ပြုလုပ်နိုင်ပါတယ်။ ကြိတ်ထားသောအာလူးအနှစ်များကို နှင်းဆီရည်အနည်းငယ်၊ ပျားရည်
အနည်းငယ်၊ သံပုရာရည်အနည်းငယ်ထည့်ပြီးရောနှောပေးပါ။ မျက်နှာ၊လည်ပင်း၊လက်ချောင်းများနှင့်ခြေချောင်းများကိုလည်းပေါင်းတင်နိုင်ပါတယ်။၁၅မိနစ်လောက်ထားပြီးရေဆေးနိုင်ပါတယ်။တစ်ပတ်၂ကြိမ်မှ၃ကြိမ်အထိပြုလုပ်နိုင်ပါတယ်။

Photos from Beauty Square's post 07/09/2023

JM solution ရဲ့ Dear First Moisturizing Toner (XL 500 ml)
Price - 22500 ks
ဒါဇင်စျေး - *****
💧 JM solutionရဲ့ Dear First series လေးက ရေဓာတ်အဓိကဖြည့်ပေးတဲ့ seriesလေးမို့ ကြည်ကြည် စိုစိုလေး ဖြစ်စေပါတယ်
💧 Yuzu extract ပါဝင်လို့ အမဲစက်အမာရွတ်တွေသက်သာစေပြီးအသားအရေကြည်လင်ဖြူဝင်းစေပါတယ်။
💧 Tonerအသုံးပြုပြီးပြီးချင်း အသားအရေခြောက်မသွားစေတဲ့ soft water formula နဲ့ထုတ်လုပ်ထားပါတဲ့အတွက် အစိုဓာတ်ကို ထိန်းပေးထားနိုင်တယ်
💧 ချွေးပေါက် အဆီဖုတွေအတွက် အဆင်ပြေစေပြီး အသားခြောက်တာတွေ အသားကြမ်းတာတွေ အတွက် ရေဓာတ်ဖြည့်ပေးနိုင်ပီး Soft Skin လေး ရစေပါတယ် ပီးတော့ Non Sticky Typeပါ
💧Hyaluronic Acid ပါဝင်လို့ အသားအရေ တင်းရင်းကြည်လင်ကာ Glow စေပါတယ်
💧 Texture က Watery Texture ဖြစ်လို့ အသားရေထဲထိ စိမ့်ဝင်လွယ်ပါတယ်ရှင့်
💧 All Skin Type အသုံးပြုလို့ရပါတယ်ရှင့်

Deli နဲ့မှာယူလိုသူတွေအတွက် ရန်ကုန် အိမ်အရောက် ငွေချေပါ
ပို့ခ ကတော့ မြို့နယ်အလိုက်ပေးရပါတယ်ရှင်။

Photos from Beauty Square's post 07/09/2023

Eliza Helena ရဲ့ UV 50 ++ Suncream
Price -4500 ks
ဒါဇင်စျေး - ****
BKK တိုက်ရိုက်ပါ

မိန်းကလေးတိုင်းအတွက် လိုအပ်တဲ့ suncream လေးနော်
နေ့ဘက်အပြင်ထွက်တိုင်း ပူပြင်းလွန်းတဲ့ UV ဒဏ်မှကာကွယ်ဖို့နဲ့ အသားအရေ မပျက်စီးဖို့အတွက် အပြည့်အဝ ကာကွယ်ပေးမယ့် SPF 50ပါဝင်တဲ့ Eliza Helena suncream လေးပါ။
မျက်နှာရော body ရောလိမ်းလို့ရပြီး
စီးကပ်ခြင်းမဖြစ်ဘဲ အေးအေးလေးနဲ့လိမ်းလို့ကောင်းပါတယ်နော်
နေလောင်ဒဏ်ကြောင့် တင်းတိတ်ဖြစ်ခြင်းကိုလည်းကာကွယ်ပေးပြီး အသားအရည်ဖြူဝင်းစေတယ်
ပူခြင်း စပ်ခြင်း လုံးဝ မဖြစ်စေဘဲ ဝက်ခြံသမားများနှင့် Sensitive အသားအရေပိုင်ရှင်တွေပါ သုံးလို့ရတယ်။

Deli နဲ့မှာယူလိုသူတွေအတွက် ရန်ကုန် အိမ်အရောက် ငွေချေပါ
ပို့ခ ကတော့ မြို့နယ်အလိုက်ပေးရပါတယ်ရှင်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00