Snowy Online Shopping
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Snowy Online Shopping, Yangon.
06/07/2020
....
(မနက်ပိုင်းအတွက်)
_________
(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) moisturizer (Lotion or emulsion )
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup
(ညပိုင်း အတွက်)
_______
(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမှန်အားဖြင့် toner သုံးပြီးမှသာ လိမ်းရတယ်)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၉) moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask
မှတ်ချက် - (Skin Careမ်ားကို အသက်(၁၆)နှစ်ကျော်မှသာ စတင်သုံးစွဲသင့်သည်...။)
skin care ဥပဒေသအရ
မနက်ပိုင်းကို
prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။
ညပိုင်းကို
repairing stage ခေါ်ပါမယ်။
အေရျပားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုမ်ားသြားတာပါ..
တကြိမ်မှာskin careအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ skin careတမျိုးနဲတမျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့
Skin care တခုနဲ့တခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပေဒသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရွိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါ လို့ ပြောရပါမယ်။
hydrator = moisturizer (sensitive )မွာ hydrator ကို သုံးတယ်။
finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။
sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။
(1) Makeup remover
Facial foam တစ်ခုတည်းနဲ့ ချွေးပေါက်ထဲက မိတ်ကပ်အကြွင်းအကျန်တွေကို သန့်စင်ပေးဖို့မလုံလောက်ပါဘူး။ makeup remover (Double cleansing )နဲ့ သေချာဖျက်ပေးဖို့ လိုအပ်ပါတယ်။
(2) Facial foam
သုံးနေကျ မိမိအသားအရေနဲ့လိုက်ဖက်တဲ့ facial foam ကို သုံးစွဲပါ။
(3) Exfoliation
(တစ်ပတ် ၂ ကြိမ် လောက်သာ)
Scrub လုပ်ခြင်းကြောင့် မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေ အညစ်အကြေးတွေ သန့်စင်သွားတာကြောင့် နောက်လုပ်မယ့် skincare treatment တွေကိုလည်း ပိုထိရောက်စေပါတယ်။ ဆားဝက်ခြံနဲ့ အဆီဖုများကိုလည်း သက်သာစေပါတယ်။
(4) Mask
အကြမ်းဖျဉ်းနှစ်မျိုးရှိပါတယ်။
- မျက်နှာကိုသန့်သွားအောင် ပေါင်းတင်တဲ့ cleansing mask (Clay, Charcoal, Peeling mask ,etc...)
- moisturizer များများပါတဲ့ treatment mask (Sheet mask, Sleeping Mask,etc...) အကုန်အကျသက်သာအောင် ပျားရည် , ပဲနို့ ,သခွားသီး၊ ရေခဲ , လျှာစောင်း အစရှိတာတွေနဲ့ ပေါင်းတင်လို့လည်းရပါတယ်။( အောက်မှာ ဘယ်လိုလုပ်ရမလဲ ရေးပေးထားတယ်နော) ကိုယ်နဲ့အဆင်ပြေတဲ့ mask နဲ့ တစ်ပတ်မှာ ၂ခါလောက် ပေါင်းတင်ပေးရင် လုံလောက်ပါတယ်။
(5) Toner
မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးဖို့ ချွေးပေါက်တွေကို ထိန်းညှိပေးဖို့ toner သုံးပေးရပါမယ်။ Toner သုံးခြင်းဖြင့် နောက်ထပ်လိမ်းမယ့် skincare တွေကိုလည်း အာနိသင်ပိုထိရောက်စေပါတယ်။ Alcohol free (အရက်ပြန်မပါတဲ့) Toner ကိုရွေးချယ်အသုံးပြုသင့်ပါတယ်။
(6) Moisturizer
moisturizer က အသားအရေ စိုပြေဝင်းပနုပျိုဖို့အတွက် အရမ်းအရေးကြီးပါတယ်။ Moisturizer မှာ အမျိုးအစားအများကြီးရှိပါတယ်။ ( Cream, lotion, emulsion, gel, serum, essence, ampoule ) မိမိအသားအရည်နဲ့သင့်တော်တဲ့ moisturizer တစ်မျိုးကိုတော့ မဖြစ်မနေသုံးပေးရပါမယ်။
(7) Sunscreen
Sunscreen ကို လူတိုင်းမဖြစ်မနေသုံးသင့်ပါတယ်။ SPF 30 နဲ့အထက် PA++ နဲ့အထက်ပါတဲ့ sunscreen များကိုသုံးပေးရပါမယ်
(8) Eye cream
Eye cream ကို ညဘက်မှာ သုံးပေးခြင်းဖြင့် မျက်လုံးတစ်ဝိုက်က အရေးအကြောင်းများနှင့် မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖောင်းခြင်းတို့ကို သက်သာစေပါတယ်။
29/06/2020
ဒါဖတ်ပြီးမှ skin care ဝယ်ပါ
---------------------------
ဒေါက်တာအေးမင်းထူး
(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။
(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။
(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။
ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်
(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး
(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။
ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum
အားလုံး တစ်နှစ်အတွင်း ကုန်အောင်သုံး(well concentrated and can oxidized)
�Acne-prone: Look for vitamin C (increases collagen production, enhances skin’s repair process, and reduces inflammation), retinol (also an antioxidant, reduces inflammation), zinc (soothes irritation, regulates oil production), and salicylic acid (unclogs pores).
Dry: Look for vitamin E (an antioxidant, protects cells from oxidative damage), niacinamide (improves skin elasticity, increases ceramide levels in skin), glycolic acid (gently exfoliates and lightens discoloration), and hyaluronic acid (retains moisture).
Feeling dull: Look for antioxidants like green tea extract, resveratrol, ferulic acid (these combat free radicals, increase effectiveness of sunscreen by day, and promote cellular repair and healing by night).
(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။
(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။
(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။
(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။
#ဒေါက်တာအေးမင်းထူး
၈.၁.၂၀၂၀
28/05/2020
အစားအသောက်ရွေးစားတဲ့အခါ
ကယ်လိုရီ(calorie)ကိုတွက်ချက်စားပါ။
(ပုံတွေလည်း ကြည့်ရှုပေးပါ။)
ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။
♦️စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊
လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပ်တဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီး
တရက် 2000 cal တွက်ချက်စားရင်
weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍
♦️ကယ်လိုရီတန်ဖိုးများ♦️
ကစီဓာတ်( carbohydrate)
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ
အသားဓာတ် (protein)
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ
အဆီဓာတ် (fat )
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ
သစ်သီး
++++++++++
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅၀ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)
ဟင်းသီးဟင်းရွက်
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)
ဖျော်ရည်နဲ့ ယမကာ
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ
(ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်၊ ကော်ဖီ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။ ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။ ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆ်ုရင် ပါဝင်ပစ္စည်းတွေကို တခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်ပါတယ်
ကယ်လိုရီ အနည်းဆုံးအစားအစာကိုမှတ်ပီး
စားကြပါစို့ 😊
credit-Original
___________________
အစားအသောက်ရွေးစားတဲ့အခါ
ကယ်လိုရီ(calorie)ကိုတွက်ချက်စားပါ။
(ပုံတွေလည်း ကြည့်ရှုပေးပါ)
ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။
♦️စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊
လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပ်တဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီး
တရက် 2000 cal တွက်ချက်စားရင်
weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍
♦️ကယ်လိုရီတန်ဖိုးများ♦️
ကစီဓာတ်( carbohydrate)
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ
အသားဓာတ် (protein)
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ
အဆီဓာတ် (fat )
++++++++
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ
သစ်သီး
++++++++++
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅၀ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)
ဟင်းသီးဟင်းရွက်
+++++++++++++
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)
ဖျော်ရည်နဲ့ ယမကာ
++++++++++++
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ
(ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်၊ ကော်ဖီ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။ ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။ ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆ်ုရင် ပါဝင်ပစ္စည်းတွေကို တခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်)
ကယ်လိုရီ အနည်းဆုံးအစားအစာကိုမှတ်ပီး
စားကြပါစို့ 😊
credit-Original
photo-credit
14/05/2020
ဆံပင်ကျွတ် ဆံပင် သန်လို သူများအတွက်
အောင်မဲညို နဲ့ ထောလပတ်ကို အချိုးကျဖော်စပ်ထားပြီး ဆံသားကို အားဖြည့်ပေးတဲ့ herbal sets လေးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
Extraherbal set :
အောင်မဲညိုနဲ့ ထောလပတ်ကို အခြေခံထားပြီး ဆံပင်ကျွတ်သက်သာစေရုံမက ဆံသား အားဖြည့်ပေးပါတယ်။ ၂၅၀ မီလီစီ ပါဝင်ပါတယ် ။စျေးနှုန်းထက် ရရှိတဲ့ result ကို သင့်ကိုကျေနပ်စေမှာပါ။
အောင်မဲညို နဲ့ ထောလပတ်ကို အခြေခံပြီး
Qulaity ကောင်းလို့ ရောင်းမလောက်တဲ့
Shampoo set ဖြစ်ပါတယ်။
ဆံပင်ကျွတ်သူ ဆံသား အားနည်းသူတွေ အသုံးပြုသင့်ပါတယ်။ shampoo နဲ့ conditioner ချည်းပဲ အသုံးပြုရင်တောင် ရလာမယ့် result က သင့်ကို စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။
🥰🥰ဆံပင်ကျွတ်လို့ ဆံပင်တွေ မပေါက်လို့ စိတါဓာတါကျနေရင် Jinda လေးတွေကို စမ်းရွေးကြည့်ပါနော်။
🛑အသုံးပြုပုံ🛑
မိမိဆံသားအတိုအရှည်ပေါ်မူတည်ပြီး
Shampoo အနည်းငယ်ထည့်ကာ
နှိပ်နယ်လျော်ပေးပြီး
ပြီးနောက်ကိုဆံသားကို၅မိနစ်
ခန့် conditioner လိမ်းပြီး ခေါင်းလျှော်ပေးပါ..
ရောင်းသူ မဟုတ်တဲ့ ဝယ်သူလေးတွေရဲ့ feedbacks အပြည့်နဲ့ ရောင်းချပေးခြင်း ဖြစ်ပါတယ်။
Shampoo and conditioner 250 ml စီပါဝင်ပြီး
စျေးနှုန်းကတော့ ၁၁၅၀၀ ကျပ် ဖြစ်ပါတယ်...
Jinda ရဲ့ review လေးတွပါတင်ပေးလိုက်ပါတယ်..
မှာယူလိုရင်တော့
page CB or 📲09451243907 ကိုဆက်သွယ်မှာယူနိုင်ပါတယ်...
14/05/2020
ခုဆိုရင်မိန်းကလေးတော်တော်များများ ဟာ
အသားအရေလှပဖို့အတွက်
collagen တွေသောက်နေကြပါပြီ....
အရွယ်တင်နုပျိုလိုသူတိုင်းCollagen သောက်သုံးဖို့ ဆန္ဒရှိရင် ဖတ်ကြည့်နိုင်ပါတယ်
ကိုယ်နဲ့အဆင်မပြေ၊မသိသာတဲ့ Collagen တွေကို ငွေကုန်ကြေးကျခံပြီး သောက်ခဲ့ဖူးကြမှာပါ😄
Chame Collagen Review နှင့် Fish Collagenအကြောင်း ပြောပြပေးချင်ပါတယ်
-Collagen သောက်ချင်သူတွေအနေနဲ့ အသေးစိတ်သိရှိပြီးမှ သောက်သင့်သလို ကောင်းကျိုးတွေကို သိပြီး သောက်တာက ပိုထိရောက်စေပါတယ်ရှင်
ဒီChame Collagen လေးဟာဆိုရင် အသားအရည်၊ဆံသား နဲ့ လက်သည်းခြေသည်း များအတွက် သိသိသာသာပြောင်းလဲလာတဲ့ Result တွေကြောင့်ပါပဲ
📍Collagen ဆိုတာကို မြင်သာအောင်ပြောရရင်
-လူ့ခန္ဓာကိုယ်မှာ သဘာဝအတိုင်းတွေ့ရတဲ့ တွယ်ဆက်Tissue တွေပါ အရိုး၊ကြွက်သား၊အရေပြား၊ဆံသား နဲ့ သွား တွေမှာ တွေ့ရပါတယ်
-အသက်ကြီးလာတာနဲ့အမျှ သဘာဝအတိုင်းCollagen ထုတ်တာ လျော့နည်းလာလေလေ အိုမင်းရင့်ရော်လာလေပါပဲ
-ထုတ်တာနည်းသွားတဲ့ Collagen ကို ပြင်ပကနေဖြည့်စွက်သောက်ပေးနေမယ်ဆို 'အို' တာ 'နှေး' ပြီး အရွယ်တင်မယ်ပေါ့ရှင်
-သကြားအစားများခြင်း၊နေလောင်ခံရခြင်း နှင့် ဆေးလိပ်သောက်သုံးသူတွေမှာ ပုံမှန်လူတွေထက် Collagen ထုတ်လုပ်မှု လျော့နည်းလေ့ရှိကြပါတယ်
-အလှအပအတွက် သောက်သလို အရိုးအဆစ်ကြွက်သားတွေ သန်မာစေဖို့အတွက် အသက်အရွယ်ကြီးသူတွေလဲသောက်သုံးနိုင်ပါတယ်
📍ဖြည့်စွက် Collagen ရရှိနိုင်မယ့် Sources တွေက
-ကြက်,ဝက်,နွား တွေရဲ့ အရေပြား/အရိုးတွေက ရသလို ငါးမျိုးစိတ်များ၊အခွံမာ ရေနေသတ္တဝါတွေကနေလဲ ရရှိနိုင်ပါတယ်
ငါး မျိုးစိတ်ကရရှိတဲ့ Collagen တွေကနောက်ပိုင်းမှာ အသားအရည် နုပျိုတင်းရင်းဖို့အတွက် အသုံးများကြပါတယ်
💚Chame Collagen က ငါးမျိုးစိတ်မှ ထုတ်ယူထားတာမို့ Halal Collagen ဖြစ်ပါတယ်
📍Hydrolyzed Collagen ဆိုတာကိုရှင်းပြရရင်
ဒီ Collagen ဟာရေ နဲ့ ဖျော်တဲ့အခါ အလွယ်တကူပြိုကွဲနိုင်ပါတယ်
ဒါမှသာ အူနံရံတွေကနေ စုပ်ယူရလွယ်ပြီး စုပ်ယူမှုကောင်းကောင်းရစေဖို့ အထူးပြု ထုတ်ထားတာပါ ရှင်
📍Chame Collagen ရဲ့ အဓိကပါဝင်ပစ္စည်းများ
-အသားအရည် တင်းရင်း စေဖို့ Tripeptide Fish Collagen,Hydrolyzed Marine Fish Collagen နဲ့ Coenzyme Q10 ပါဝင်ပါတယ်
-အသားဖြူစေတဲ့ L-Gluthathione
-ပန်းသီး ,ကီဝီ, မက်မွန် ပါဝင်တာမို့ Vitamin C ပါပြီးသားဖြစ်ပါတယ်
-Biotin ပါဝင်တာမို့ ဆံသားအတွက်ပါ ထပ်ဖြည့်သောက်စရာမလိုပါဘူးရှင်
✅✅သိသာတဲ့ Result အနေနဲ့ တစ်နေ့တစ်ထုပ်သောက်ပြီး တစ်ပတ်အကြာမှာမြင်ရပါတယ်
-မျက်နှာသစ်ထားရင်တောင် အောက်ခံ အရေပြားတင်းတင်း လေးဖြစ်ပြီး မျက်လုံးအောက် အရေးအကြောင်းပါးပါးလေးတွေ သိသိသာသာ လျော့လာစေပါတယ်
-Collagen က ရေဓာတ်ကိုလဲထိန်းထားပေးနိုင်တာမို့ Skin Care လိမ်းဖို့ ပျက်ကွက်သူတွေအားကိုးသင့်ပါတယ် Collagen လဲသောက် Skin လဲ Care မယ် ဆိုရင်တော့ အထိရောက်ဆုံး Result ကိုရနိုင်မှာပါ
-ဆံပင်ကျွတ်တာအတွက်တော့ ကိုယ်တွေ့ပါ
သောက်ပြီး တစ်ပတ်လောက်အတွင်းမှာကို ခေါင်းလျော်ပြီး ဆံပင်ရှင်းရင် ပိုသိသာပါတယ် အကျွတ်လျော့တာပါပဲရှင်
-လက်သည်းခြေသည်း လေးတွေ ပြောင်ပြီး စိုစိုလေးဖြစ်ကာ ပန်းရောင် သန်းလာစေပါတယ်
📍Chame က FDA အပိုင်း စိတ်ချရရဲ့လား??
ဘယ်နိုင်ငံထုတ်လဲ??
Brand ခိုင်မာပြီး ထိုင်း ကနေ မြန်မာပြည်ကို တရားဝင်တင်သွင်းရောင်းချတာမို့ စိတ်ချနိုင်ပါတယ်
📍Collagen ကို ဘယ်အရွယ်မှာသောက်သင့်လဲ??
-အသားအရည်တင်းရင်းပြီး အရေးအကြောင်းကာကွယ်ချင်ရင် အသက် 25 နှစ်နဲ့ 25 နှစ်နောက်ပိုင်းကနေ စပြီး သောက်ကို သောက်သင့်နေပါပြီရှင်
-25 နှစ်ထက်ငယ်သူတွေအနေနဲ့ အသားကြည်ချင်လို့သောက်ချင်တယ်ဆိုရင် တစ်ပတ်ကို 3 ထုပ်လောက်သာ သောက်စေချင်ပါတယ်
ငယ်လွန်းသူတွေအတွက် ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်တဲ့ Collagen က လုံလောက်နေမှာမို့ပါ
အသက်ငယ်သူတွေ မလိုအပ်ရင် မသောက်စေချင်ပါဘူး
-အသက် 40 နောက်ပိုင်း အသက်အရွယ်ကြီးသူတွေအရိုးအဆစ်အမြစ် ကြွက်သား နှင့် အရွတ် တွေသန်မာဖို့ အားဖြည့်စာ တစ်ခုအနေနဲ့ တိုက်ကို တိုက်ပေးသင့်ပါတယ်
နှလုံးကျန်းမာရေးအတွက်လဲ အထောက်အကူရစေပါတယ်
(အကယ်၍ ဆီးချိုရှိသူဖြစ်ပါက အချိုမပါ သော Collagen Powder တိုက်ပေးပါရှင်)
📍Chame Collagen ရဲ့ အရသာ
-Chame က Strawberry Juice လေးလို ချိုပြီးမွှေးနေတာမို့ သောက်ရတာအရမ်းအဆင်ပြေပါတယ်
-Fish Collagen အများစုရဲ့အားနည်းချက်က အနံ့ဆိုးဝါးတာပါပဲ ငါးညှီုနံ့ရှိပြီး အဝင်ဆိုးတတ်ပါတယ် စုရည် အရင် Collagen Powder တွေ သောက်ခဲ့တုန်းက တစ်ခုခုရောသောက်မှ အဆင်ပြေတာပါ ငါးညှီု့နဲ့ရလို့ပါရှင်
📍Chame Collagen သောက်သုံးပုံ
-Chame Collagen တစ်ထုပ် 15 g ကို ရေ 150 ml နှင့်ဖျော်ကာ တစ်နေ့ တစ်ထုပ် သောက်သုံးနိုင်ပါတယ်
-အစာနဲ့ဝေးဝေး သောက်လေ ပိုကောင်းလေပါပဲရှင်
ညအိပ်ခါနီးသောက်ဖို့ ရည်ညွှန်းပါရစေ
📍သတိထားသောက်ရမည့်သူများ နှင့် လုံးဝမသောက်သင့်သူများကတော့
-ပင်လယ်စာမတည့်သူတွေ အထုပ်သေးက စ စမ်းသောက်ကြည့်ပေးပါ
-ကျောက်ကပ်နှင့်ပက်သက်ပြီး အရင် ရောဂါအခံရှိသူတွေ မသောက်သင့်ပါ သောက်ချင်ပါကဘဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ခွင့်ပြုချက်ရှိမှ သောက်သုံးသင့်ပါတယ်
-ကျောက်ကပ်နဲ့ပက်သက်ပြီး ပြသာနာမရှိသူပုံမှန် လူ တွေအတွက် အန္တရာယ်ကင်းကင်းသောက်နိုင်ပါတယ်ရှင်
-ကလေးများ၊ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ
လုံးဝ မသောက်သင့်ပါရှင်
📍စျေးနှုန်းအနေနဲ့
10 ထုပ်ပါတစ်ဘူး 23000 kyats
30 ထုပ်ပါတစ်ဘူး 48000 kyats
CHAME ရဲ့ reviewလေးတွေပါတင်ပေးထားပါတယ်...'အဲ့ဒီ့တော့အသားအရေလေးကြည်လင်နုပျိုစေဖို့CHAME collagen လေးသောက်ဖို့တိုက်တွန်းပါရစေ......
မှာယူလိုချင်ရင်တော့.. Page CB or📲09451243907 ကိုဆက်သွယ်မှာယူနိုင်ပါတယ်...
နယ်မြို့တွေအတွက်လဲမှာယူနိုင်ပါတယ်..
ကျေးဇူးတင်ပါသည်❤️
03/05/2020
Quality ကောင်းကောင်းကြိုက်သူများတွက်
Mother’s life ရဲ့
ရေမလို လက်သန့်ဆေး အိတ်ဆောင် Gel ဘူးလေးတွေရော အိတ်ဆောင် Spray ဘူးလေးတွေရော လက်လီလက်ကားရပါမယ်
100ml spray type - 2200
လကျကား (50). - 2000
Gel type - 2200
လကျကား (50). - 2000
Size အကြီးမကြိုက်သူတွေအတွက်
အိတ်ဆောင် လေးတွေဖြစ်လို့
ကိုယ့်အိတ်ထဲနေရာမယူတော့ပဲ..
ပေါ့ပေါ့ပါးပါးသယ်သွားလို့ရတယ်လေ.....
✅✅INGREDIENTS ✅✅
Isopropyl Alcohol 72%
Denatured Water 24.3%
AloeVera Water 2.6%
Emolient Waterbased Cream 1.1%
✅ဒီ လက်ဆေးရည်လေးကို ၃စက္ကန့်လောက်ပွတ်ပြီးသုံးလိုက်တာနဲ့ လက်မှာကပ်တွယ်နေတဲ့ ရောဂါပိုးမွှားများကို 99.99% သေစေမှာဖြစ်ပါတယ်။
✅Aloe Vera Liquid (Humidfying Agent) သုံးထားတဲ့အတွက် လက်ဆေးရည်သုံးလိုက်ပြီးနောက် အရည်ပြားခြောက်သွေ့ခြင်း၊ စေးကပ်ခြင်းများမရှိပဲ လက်အရည်ပြားကို ချောမွေ့စေပါတယ် ။
ခန္ဓာကိုယ်အရေပြားပေါ်မှာလည်း ဖြန်းလို့ရသလို
ကိုယ့်ရဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေ ဖုန်း၊ ပိုက်ဆံအိတ်၊ နာရီ၊ laptop စသဖြင့် အားလုံးကို ဖြန်းရင်းနဲ့ ပိုးတွေသေစေနိုင်ပါတယ်...
ကားထဲမှာလည်းဖြန်းတယ် .. စိတ်မသန့်ဘူးထင်တဲ့နေရာတွေမကိုင်တွယ်ခင်အရင်ဖျန်းပါတယ်
ယုတ်စွအဆုံး အပြင်သွားရင်တောင် တံခါးလက်ကိုင်တွေ ဓာတ်လှေကားခလုတ်တွေပါဖြန်းပြီးသုံးတယ်။
Quality ကတော့သုံးဖူးတဲ့သူတိုင်းသိပါတယ်။
Mother's life ကို အိတ်ဆောင်ဘူးတွေအပြင်
220 ml, 600ml,1lit bottle,5lit ,10lit ,20lit ပုံးများကိုလဲရရှိနိုင်ပါတယ်.....
မြို့နယ်အလိုက် delivery လဲရှိပါတယ်ရှင့်
မှာယူမယ်ဆို ရင် တော့...
Page CB or Ph No09451243907 ကိုဆက်သွယ်မှာယူနိုင်ပါတယ်... အားပေးမှုတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်😍
22/04/2020
တချို့သောသူတွေ.....skin care ဘာ သုံးရမလဲ
တွေဝေနေကြပါလား...
ဒါဆိုရင်travel set လေးတွေကို
စမ်းသုံးကြည့်သင့်တာပေါ့...
SK2 ရဲ့ Special Care (Travel Set)
လေးအကြောင်းနည်းနည်းရှင်းပြမယ်နော်....
ဒီ Set လေးမှာဘာတွေပါလဲဆိုရင်💁
Cleanser (20g)
Lotion (30ml)
Essence (30ml)
R.N.A Power Cream (15g) . 2 ဘူး
Facial Treatment Mask 4 Sheets
တို့ပါဝင်ပါတယ်
သူတို့ရဲ့အာနိသင်လေးတွေကို တစ်ခုချင်းထပ်ရှင်းပြပေးမယ်နော်🙆
Facial Treatment Gentle Cleaner
မျက်နှာပေါ်ကအညစ်အကြေးတွေကို မွှေးညင်းပေါက်ထဲထိ သန့်ရှင်းစွာ ဆေးကြောနိုင်ပြီး မျက်နှာသစ်ပြီးတာနဲ့ အသားအရည်လေးက ပြောင်ပြောင်လင်းလင်းလေးဖြစ်စေမှာပါ
Skin အားလုံးနဲ့တည့်ပြီး အသားအရည်ကိုနူးညံ့စိုပြေစေပါတယ်
Facial Treatment Clear Lotion
အရေပြားပေါ်ကအညစ်အကြေးတွေကိုဆေးကြောပေးတဲ့အပြင် အပြင်အရေပြားပေါ်က ဆဲလ်သေဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပါတယ်
Skin အားလုံးနဲ့အဆင်ပြေပြီး ချွေးပေါက်များကျဉ်းစေပါတယ်
Facial Treatment Essence
အရေပြားလှပဖို့အတွက် မရှိမဖြစ်ပစ္စည်းလေးနော် SK2 Pitera ပါဝင်ပြီးလအရေပြားလှပမှု (၅)မျိုးကိုရရှိစေမှာပါ
Pitera ရဲ့အစွမ်းက အရေပြားကိုအချိန်မှန်ပြုပြင်ပြောင်းလဲပေးပါတယ်
ဆဲလ်အသစ်ထွက်ခြင်းကိုအားပေးတဲ့အပြင် အဆီပြန်ခြင်းကိုလဲ ထိန်းသိမ်းပေးပါတယ်
အရေပြားခြောက်သွေ့မှုများကို ပျောက်ကင်းစေပြီး Skin အားလုံးနဲ့အဆင်ပြေတဲ့ ပစ္စည်းလေးဖြစ်ပါတယ်နော်
R.N.A Power Cream
သူ့အစွမ်းကတော့ မျက်နှာပြင်မှာရှိတဲ့အရေးအကြောင်းတွေကို ပျောက်ကင်းစေပြီး အသားအရည်ကိုတင်းရင်းလှပစေပါတယ်
အသားအရည်ကို စိုစိုလေးနဲ့ ငယ်ရွယ်နုပျိုလှပစေပါတယ်....
Facial Mask လေးကိုတော့တစ်ပတ်တစ်ခါမှသုံးပေးပေါ့
အသားအရေကြည့်လင်ပြီး...ရေဓာတ်ဖြည့်ပေးမှာ
အမှန်တကယ်ပါ.....
SK2 Travel Set.... 125000
သူများ online မှာပေါက်စျေးထပ်စျေးသက်သာပါတယ်..
ပစ္စည်းကိုတော့အာမခံပါကိုယ်တိုင်Changi မှာ ဝယ်ခဲ့တာမို့ပါ...
ရန်ကုန်မြို့တွင်းဆိုရင် door to door delivery
ဖြစ်ပီးတော့Cash on deli ဖြစ်ပါတယ်ရှင်
မှာယူချင်ရင်တော့ Page Messenger ကနေလည်း မှာလို့ရသလို
☎ 09451243907” ကို ph ဆက်ပီးတော့လဲ မှာယူနိုင်ပါတယ်ရှင်
17/04/2020
ချစ်တို့ရေဒီနေ့တော့ မင်မင် နောက်ထပ်
mask လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်......
💧 Mediheal Capsule 100% bio essence mask💧ပါ
Mediaheal mask တော်တော်များများကိုသုံးဖူးကြမှာပါ...🌸
အခုမင်မင်ရဲ့ capsule 100% bio essence mask လေးကတော့ တခြားmaskတွေလို essence တွေနဲ့ စိုစိုကြီးဖြစ်ပြီး နေရမခက်စေဘူး...အရည်တွေလဲစီးကျမနေဘူး...🌸
သူ့ရဲ့ mask sheet လေးကတော်တော်ပါးတယ်🌸
မျက်နှာလေးမှာဘဲ အရေပြားတလွှာထပ်ကပ်ထားသလိုလေး တထပ်ထဲကျစေပါတယ်🌸
skin fit ဖြစ်သွားတဲ့ ပုံစံလေးပါ🌸
သူက coconut water ကနေပြုလုပ်ထားပါတယ်🌸
ပုံမှန်သုံးနေကျ mask တွေလို 15 - 20 minutes လောက်ဘဲမထားဘဲ 30-40 minutes ထိထားရပါမယ်🌸
essence တွေကမျက်နှာအသားအရေထဲစိမ့်၀င်သွားလို့ mask ကခြောက်သွားမှ peel off mask လေးလိုခွာချရမှာပါ🌸
💧 Mediheal Capsule 100% bio essence mask💧 မှာအရောင် ၃ ရောင်လာပါတယ်
💙 အပြာလေးကတော့ Beta 💙
Beta လေးကတော့ အသားအရေလေးကို စိုပြီးအိစေပါတယ် ၊ ရေဓာတ်ဖြည့်ပေးပြီး အစိုဓာတ်ကိုအချိန်ကြာကြာထိန်းထားပေးပါတယ်။
💚 အစိမ်းလေးကတော့ Alpha 💚
Alpha လေးကတော့ skin ကို smooth ဖြစ်စေတယ်။ကြမ်းတမ်းပြီးခြောက်သွေ့တဲ့အသားအရေကိုတောင် ချက်ချင်းဆိုသလို အစိုဓာတ်ဖြည့်ပေးပြီး ချောမွတ်စေပါတယ်။
❤ အနီရောင်လေးဖြစ်တဲ့ Gamma ❤
Gamma အနီလေးကတော့ skin brightening effect လေးအဓိပေးတာကမို့ glow skin ကိုအလျှင်အမြန်ကိုရရှ်ိစေပါတယ်။
💆အသုံးပြုပုံ💆
- Mask sheet လေးကိုအရင်ဆုံး မိနစ် ၄၀လောက်ထိထားကပ်ပါ။
- mask sheet ထဲမှာပါ၀င်သမျှ essence တွေအကုန်လုံးက မျက်နှာအသားအရေထဲကိုစိမ့်၀င်သွားမှာမို့ peel of mask လိုမျိုးခွာချလိုက်ရမှာပါ။
- mask ခွာပြီးနောက် capsule ဘူးလေးကိုဖောက်ပြီး essence လေးကိုမျက်နှာပေါ်အသာအယာလေးလိမ်းရုံပါဘဲ။
ပြီးပြည့်စုံတဲ့ မျက်နှာအသားအရေလေးကို အလျှင်အမြန်လေးရယူလိုသူများစမ်းပြီးသုံးကြည့်ကြဖို့ အကြံပေးပါရစေရှင့်...🌸
🔥🔥 Youtube beauty blogger တွေကတော့ review 4.5 ouf of 5 star မို့100% recommend ပါ 🔥
Mediheal 100% bio essence mask
Price = 9500
ရန်ကုန်မြို့တွင်းဆိုရင်
door to door delivery ဖြစ်ပီးတော့
Cash on deli ဖြစ်ပါတယ်ရှင်
မှာယူချင်ရင်တော့ Page Messenger ကနေ
မှာလို့ရသလို☎ 09451243907” ကို ph ဆက်ပီးတော့လဲ မှာယူနိုင်ပါတယ်ရှင်.....
07/04/2020
အခုကာလအတွင်းHand Sanitizer တွေ
ခဏခဏ သုံးဖြစ်နေကြရတယ်မလား...?အပြင်သွားနေရတဲ့သူတွေအတွက်ဒါတွေမသုံးရင်လဲမဖြစ်ပြန်တော့ကြာရင်လက်အသားအရေတွေ ခြောက်သွေ့လာနိုင်တယ်နော်...ဒီတော့ လာမဲ့Quarantine အတွင်း skin care တွေပဲလုပ်နေပြီး လက်တွေက ခြောက်သွေ့ပျက်စီးနေရင်လည်အဆင်ပြေပြန်ဘူးလေ~...
ဒီ့အတွက်တော့မပူပါနဲ့MAYCREATရဲ့ hand cream လေး တွေရှိတယ်လေ...Hand cream ဟာဆိုရင် သဘာဝ ထုတ်ကုန်တွေနဲ့ထုတ်လုပ်ထားပီး လက်ကိုအမြဲ နူးညံ့မွှေး ပျံ့နေစေမှာပါ။ အခုလိုအချိန်အခါမှာအသုံးပြုဖို့အထူးသင့်တော်ပါတယ်......အသုံးပြုပြီးတိုင်း 100% moisturizing and smoothing ဖြစ်နေပြီး လက်လေးက အမြဲ ချောမွေ့စိုပြေနေမှာနော်..
မင်မင်ဆိုရင်အမြဲအပြင်သွားနေရတော့...နေ့လည်ဘက်hand sanitizer တွေသုံးပြီးညဘက်အိပ်ခါနီးဆို စကင်းကဲရင်းလက်လေးပါ လေးနဲ့
အမြဲကဲဖြစ်တယ်လေ...အိမ်မှာ self care လုပ်ရင်း face အတွက်ပဲ မလုပ်ပဲနဲ့ လက်လေးတွေ အတွက်ပါလုပ်ကြနော် ❤️
ပန်းရနံ့လေးတွေ သစ်သီးရနံ့လေးတွေ ရှိလို့ စိတ်ကြိုက်ဝယ်လို့ရတယ်နော်... ...
size ကတော့ 30ml ပါ.....
တစ်ဘူးကို 4500ပါရှင့်..
promotion အနေနဲ့ ၄ဘူးဝယ်သူတိုင်းတစ်ဘူးလက်ဆောင်ပေးမှာမို့လို့....မြန်မြန်လေးမှာဖို့မမေ့ကြ
နဲ့နော်.....❤️❤️❤️❤️
📲09451243907
Page Messenger ကတစ်ဆင့်လဲမှာယူနိုင်ပါတယ်ရှင်...❤️❤️❤️
Korea နိုင်ငံက မိန်းမလှလေးတွေအားလုံး Second generation Mask ကို 2020မှာ ဘာလို့သုံးလာကြလဲဆိုတာ သိချင်တဲ့သူလေးတွေဒီစာလေးဖတ်ပါနော်...❣
First Generation Mask တွေဆိုတာ Essence ကိုတစ်ခါတည်း mask sheet မှာထည့်ထားလို့အချိန်ကြာလာတာနဲ့ အာနိသင်လျော့လာတာ Beauty Expect တွေသိလာကြပါပြီနော်။❤
ဒါကြောင့် 2019 ကစလို့ serum သပ်သပ်၊ essence သပ်သပ် ၊ mask သပ်သပ်ခွဲပြီး packaging လုပ်ကာ အသုံးပြုခါနီး မှချက်ချင်း ပေါင်းစည်းပြီး လတ်ဆတ်တဲ့ essence တွေကို မျက်နှာရဲ့အတွင်းပိုင်းကိုပြည့်ဝစွာရောက်ရှိစေတဲ့ second generation mask တွေကို korea နာမည်ကြီး cosmetic brand အားလုံး ထုတ်လုပ်လာကြပြီး 2020ရဲ့ beauty Trand တစ်ခုလိုဖြစ်လာပါပြီ။❤
မင်မင်ပြောနေတဲ့ THE OOZOO MASK လေးကလဲ
second generation mask ထဲကတစ်ခုဖြစ်ပါတယ်...
Korea နိုင်ငံရဲ့ Hight Quality Premium Face Mask တွေထဲက တစ်ခုအပါဖြစ်တဲ့ oozoo mask လေးဟာ အားသာချက်ပေါင်းများစွာနဲ့ korea နိုင်ငံရဲ့ လူကြိုင်အများဆုံး ဆန်းသစ်တဲ့ face mask လေးတစ်ခုပါ။
THE OOZOO MASK မှာသုံးတဲ့ Microfiber Sheet mask ရဲ့ အားသာချက်များကိုအရင်ဆုံးပြောပြပေးမယ်နော်...❣
Packing❣
~~~~~~
- ထုတ်ပိုးပုံကသပ်ရပ်တယ်ရိုးရှင်းတယ်
- Sheetmask ရယ် serum ရယ်ကို သပ်စပ်စီခွဲပြီးထုတ်ထားတာမို့ လုံးဝ fresh ဖြစ်တဲ့ effect ကိုရစေမှာပါ။
Long-lasting moist fabric❣
~~~~~~~~~~~~~~~~~~
- အစိုဓာတ်ကိုကြာရှည်စွာထိန်းထားနိုင်တယ်။
Close adherence to the skin❣
~~~~~~~~~~~~~~~~~~~
- mask ကမျက်နှာအရေပြားနဲ့ တစ်ထပ်ထဲကျပြီး နူးညံမှုကိုပေးစွမ်းနိုင်ပါတယ်။
Long-lasting moisture❣
~~~~~~~~~~~~~~~~
- Premium Essence ကိုသုံးထားတာကြောင့် အသားအရေရဲ့ ရေဓာတ်ကို အချိန်ကြာမြင့်စွာထိန်းထားပေးနိုင်တယ်။
Real moisture made of beta-glucan,instead of using purified❣
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
- 1st generation mask တွေသုံးထားတဲ့ sheet mask မျာ စိုစွတ်အောင်ထည့်ထားတဲ့ ရေသန့်အစား အပင်ကထုတ်လို့ရတဲ့ Beta-Glucan ကိုသာအသုံးပြုပြီး ထုတ်ထားတဲ့အတွက် အရေပြားအစိုဓာတ်ကို တစ်လွှာချင်းစီထိ အားဖြည့်ပေးတါမို့ မျက်နှာအရေပြားအပေါ်ယံလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးထါးပါတယ်။
- Sheet mask မှာပေါင်းစပ်မယ့် Ampoule ဟာဆိုရင်ပါးရေတွန့်ခြင်း ၊ အရေးအကြောင်းများကို ကြိုတင်ကာကွယ်ပေးရုံတင်မကဘဲ အရေးအကြောင်းများကိုပါလျော့ပါးစေပါတယ်။
လက်ရှိ..OOZOO mask တွေထဲကမှ Illumination...,Hydro Lift နဲ့ Nutrient mask ၃မျိုးရနိုင်ပါတယ်...တစ်မျိုးချင်းစီရဲ့အားသာချက်လေးတွေကို လဲအောက်မှာဖော်ပြပေးထားပါတယ်......
Illumination
~~~~~~~~~
Illumination mask လေးထဲမှာတော့...
Saccharomyces ဟာ ပျက်စီးသွားတဲ့ enzymes တွေနဲ့ မျက်နှာပေါ်ရှိအစိုဓာတ်ကို တောက်ပစေတဲ့ effect ကိုပေးစွမ်းပါတယ်။glow effect ကိုအလျှင်အမြန်ရနိုင်ပါတယ်။
Hydro lift
~~~~~~~
Ceramide
Ceramide mask ထဲမှာတေယ့ မျက်နှာအရေပြားထဲမှာရှိတဲ့ ရေဓာတ်ကိုထိန်းသိမ်းနိုင် မှုကိုပိုအားကောင်းစေပါတယ်။ရေဓတ်အပြည့်ပေးနိုင်တဲ့ effectကိုရစေပါတယ်။
Nutrient mask
~~~~~~~~~~
Nutrient mask လေးထဲမှာတော့...
Pantenol လို့ခေါ်တဲ့ Pro-vitamin B5 အပြည့်အဝပါဝင်ပြီး မျက်နှာအသားအရေကို အာဟာရဖြည့်ပေးတယ်။ အရေးအကြောင်း မဖြစ်မှီ / ဖြစ်ပြီးသူတွေတွက် ထိရောက်စွာကာကွယ်ပေးပါတယ်...
mask ရဲ့အသုံးပြုပုံလေးကို လဲ ပြပေးထားပါတယ်ရှင့်..
OOZOO Face Mask =16000(1sheet)
ရန်ကုန်မြို့တွင်းဆိုရင် door to door delivery
ဖြစ်ပီးတော့Cash on deli ဖြစ်ပါတယ်....
မှာယူချင်ရင်တော့ Page Messenger ကနေလည်း
မှာလို့ရသလို☎ 09451243907” ကို
ph ဆက်ပီးတော့လဲ မှာယူနိုင်ပါတယ်ရှင်...
Click here to claim your Sponsored Listing.
Culinary Team
Attire
Contact the business
Telephone
Website
Address
Yangon