Be The Best Version of You
Health & Beauty
30/12/2022
Intermittent Fasting နဲ့ကျန်းကျန်းမာမာဝိတ်ချနိုင်တယ်ဆိုတာသင်သိပါသလား.. 🤷♀️💬
Intermittent Fastingဆိုတာဘာလဲ/ဘယ်လိုလုပ်ရတာလဲ....🤔 မေးကြတဲ့သူတွေအတွက် Be The Best Version of You မှ sharing လုပ်ပေးသွားပါ့မယ်နော်🤗
💁♀️Internittent Fasting သည် အစားစားချိန်နှင့်အစားရှောင်ချိန်ကြားတွင်သင်သည်လည်ပတ်နေသည့်စားသောက်မှုပုံစံတစ်ခုဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်အတွင်းပဲ အစာစားပြီး ကျန်တဲ့အချိန်ဘာမှမစားဘဲရှောင်တာမျိုးဖြစ်တယ်။✨️
Internittent Fasting ကို၁၆/၈ နည်းလမ်းဆိုပြီးလူသိများပြီး ပြတ်ပြတ်သားသားအစားရှောင်ခြင်းနည်းလမ်းလည်းတစ်ခုလဲဖြစ်တယ်👀
အများစုက 16/8 ခေါ်တဲ့ Internittent fasting method ကိုအသုံးပြုကြပါတယ်။ 16 နာရီလုံးဘာမှမစားပဲ 8 နာရီအတွင်းပဲစားတာပုံစံမျိုးကိုပြောတာပါ👉
လူတွေတော်တော်များများလုပ်လေ့ရှိတဲ့အမှားတစ်ခုကတော့ဝိတ်ချတဲ့အချိန် လုံးဝစိတ်မရှည်တာပါဘဲ......😌 ဝိတ်ကျဖို့ကအဲ့လောက်မလွယ်ဘူးနော်
Intermittent Fasting သည် သင်တွေ့ဖူးသမျှထဲတွင် ကျန်းမာရေးနှင့် ညီညွတ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်သည်😉 16/8 စနစ်ဖြင့်၊ သင်သည် သင်နှစ်သက်သော အစားအစာအားလုံးကို စားနိုင်ပြီး သင်၏ အကောင်းဆုံးပုံစံကိုလဲ ပြောင်းလဲနိုင်ပါတယ်🤗
Internittent Fasting အလုပ်လုပ်ပုံက Phyo တို့ အစာမစားတဲ့အချိန်အတွင်း liver မှာရှိတဲ့ သကြားဓာတ်တွေကို လောင်ကျွမ်းစေပြီး ခန္တာကိုယ်အတွက်လိုအပ်တဲ့ energy တွေကိုရယူတယ်။ ၁၀ နာရီ နဲ့ ၁၂ နာရီကြားမှာတော့ သကြားဓာတ်တွေကုန်ခမ်းသွားပြီး အဲ့အခါ ခန္တာကိုယ်က အဆီတွေကိုအစားထိုးလောင်ကျွမ်းစေပြီး energy ရယူခြင်းကိုဆိုလိုတာဖြစ်တယ်😁
1ရက် 2ရက်လောက် Fasting လုပ်လိုက်ရင်ကို သိသိသာသာ ပေါ့ပါးပြီးနေလို့ကောင်းလာပါတယ်၊ sugar craving ကိုလျော့ချပေးတယ်၊ စိတ်ဖိစီးမှုဟော်မုန်းတွေကိုလျော့စေပါတယ်😯။ Fastingက အဆီချဖို့ အထူးသဖြင့် ဗိုက်ပတ်လည်မှာရှိတဲ့အဆီတွေအတွက် တော်တော်လေးအသုံးဝင်ပါတယ်🫠။
Phyo ကတော့တစ်ပါတ်အတွင်း တက်လာတဲ့ ဝိတ်ကို 4 ရက်လောက် Fasting လုပ်ပြီး အစားထိန်းလိုက်တာနဲ့တင်ပြန်ကျပါတယ်နော်😳
💁♀️ဝိတ်ချဖို့နည်းလမ်းမျိုးစုံ try ခဲ့ဘူးတဲ့ထဲမှာ Phyo အတွက် အထိရောက်ဆုံးနဲ့ dramatic change ဖြစ်စေခဲ့တဲ့နည်းကတော့ Intermittent Fasting ပါပဲ👐
Did you know that you can lose weight with Intermittent Fasting... 🤷♀️💬
Intermittent Fasting is one of the most magical healthy methods you've seen, and for a good reason😉. With this 16/8 system, you can eat all your favorite foods and get into your best shape🤗
💁♀️Intermittent Fasting is the best way to schedule your meals to get the most out of them. The idea is not to change drastically what you eat, but when you eat 👐
29/12/2022
👉Beauty ဆိုတာခန္ဓာကိုယ်ကိုပြောတာလား🤔?
Beauty ဆိုတာဘာကိုပြောတာလဲ? Beauty ကိုလှတာနဲ့ဆုံးဖြတ်တာလား? လှပမှုကိုရောဘယ်လိုသတ်မှတ်ပြီးဘယ်လိုခွဲခြားလဲ? လှပမှု ဆိုတဲ့အငြင်းပွားမှုမှာ discrimination ဘယ်လိုပေါ်လာတာလဲ? ယနေ့ခေတ်လူတေထဲမှာအပြောဆုံးက မိန်းခလေးဆိုတာခန္ဓာကိုယ်လေးပိန်မှ၊ဝမှ၊ပြည့်မှ။ မျက်နှာလေးဆိုလည်း ကြည်နေမှ၊ ဝက်ခြံမရှိမှ။ အသားဆိုလည်း ဖြူမှ၊ ညိုမှ။ ရင်ရှိမှ၊တင်ရှိမှဆိုတဲ့ discrimination တေအရမ်းလုပ်လာကြတယ်🗣️။ ဘာလို့လဲ? ဘာကြောင့်လဲ? ဘာလို့များ discrimination တေကများလာတာလဲ? ငါရောတကယ်လှရဲ့လား? ဆိုတဲ့သိမ်ငယ်မှုတေအရမ်းများလာခဲ့ကြတယ်😮💨။
ကိုယ့်ကိုကိုယ့် or သူများကို discrimination လုပ်ရတဲ့တကယ့်အကြောင်းအရင်းက ကိုယ့်ကိုယ်ကိုမကျေနပ်မတင်းတိမ်နိုင်လို့နဲ့ သူများကိုလည်းမနာလိုလို့ဆိုတဲ့အဖြေထွက်လာတယ်🫤။ လူတေကိုအလိုဆန္ဒမပြည့်ဝဆုံးသောသတ္တဝါလို့ပြောကြတယ်🧐။ ဘာလို့လဲ? "လူ့အလိုနတ်မလိုက်နိုင်" ဆိုတဲ့စကားအတိုင်း လူတေရဲ့စိတ်ဆန္ဒဟာ ဘယ်သောအခါမှ ဖြည့်စည်းမကုန်နိုင်အောင်များပြားလှတာကြောင့်ဖြစ်တယ်😤။
Abby ကတော့ inside beauty ကိုပဲ real beauty လို့သတ်မှတ်တယ်☺️။ ဘာလို့လဲ? လူတိုင်းမှာအလှကိုယ်စီရှိတယ်လို့ယုံကြည်တယ်🤗။ ပိန်မှ၊ဝမှ၊ပြည့်မှ၊ဖြူမှ၊ညိုမှ ထက်ဘယ်လိုလေးပဲနေနေအကြည်ဓာတ်လေးဖြစ်နေရင် စိတ်ထားလေးဖြူစင်နေရင်ကို ပြည့်စုံတယ်လို့မြင်တယ်😳။ လူတိုင်းကကိုယ်ကြိုက်တဲ့ပုံစံနဲ့ကိုယ်နေပိုင်ခွင့်ရှိတယ်😌။
ဘယ်သူ့ကိုမှ or ဘယ်သူကမှ discrimination မလုပ်ပဲနဲ့ နွေးထွေးပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်ကို ကိုယ့်ဘက်ကစပြီးဖန်တီးလိုက်ကြရအောင်😉
သူငယ်ချင်းတို့ကရော Beauty ကိုဘယ်လိုအဓိပ္ပါယ်ဖွဲ့လဲဆိုတာကို comment လေးမှာရေးပေးခဲ့ကြပါဦးနော်😘
👉Beauty refers to the body 🤔?
What do you mean by beauty? Do you decide whether beauty is beautiful or not? How do you define what is beautiful and what is not beautiful? How does discrimination appear in the dispute about beauty and not beauty? What is the real reason for discrimination?
I believe that inner beauty as real beauty☺️. Why? I believe that everyone has their own beauty. From thin, fat, full, white, toned, no matter how you are, if you have a clear attitude, if you have a pure mind, I see you as complete 😳. Everyone has the right to live in the way they like 😌.
Let's start creating a warm and happy environment without discriminating against anyone😉
Friends also wrote in the comments about how beauty is defined 😘
20/12/2022
အားလုံးပဲ မဂ်လာပါရှင့်..🤗
အားလုံးစောင့်မျှော်နေကြတဲ့Digital Marketing Campaign နေ့ကတော့ရောက်ရှိလာပါပြီ🤗😊
"Be The Best Version Of You" Group ကတော့ 3rd floor မှာ croissant sandwish တွေကိုရောင်းချပေးမှာဖြစ်ပါတယ်😊
အချိန်ကတော့၁၀နာရီကနေ၄နာရီထိဖြစ်ပါတယ်😀
Walk in လဲလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်🤗
✨️💁♀️အမြတ်ငွေအာလုံးကိုလည်းလှူးဒါန်းမှာဖြစ်တဲ့အတွက် ညီမတို့"Be The Best Version Of You" ရဲ့အရသာရှိတဲ့မုန့်လေးတွေကိုလာရောက်စားသုံးပြီး "ကုသိုလ်လဲရဝမ်းလဲဝ" စကားပုံလေးအတိုင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်🙆♀️
By Phyo💌
18/12/2022
ခန္ဓာကိုယ်အမျိုးစား အလိုက် အစားသောက် နှင့် လေ့ကျင့်ခန်း🤔💪
ဘယ်လိုဝိတ်ချမလဲ၊ ဘယ်လိုဝိတ်တင်မလဲ မစဉ်းစားခင် ကိုယ့်ခန္ဓာကိုယ်ကို ဘာအမျိုးအစားလဲဆိုတာ အရင်သိဖို့လိုပါတယ်👈👀တချို့က ကြွက်သားတွေရှိတယ်၊ တချို့က ပိန်တယ်၊ တချို့က ဗိုက်ခေါက်တွေ ရှိနေချိန် တချို့က six packs တွေနဲ့။ လိုအပ်တာက ကိုယ့်ခန္ဓာကိုယ် အချိုးစားကို သိပီး လိုက်ဖတ်တဲ့ စားသောက်ပုံ (diet plan) ရှိနေဖို့လိုပါတယ်🤗 နေ့စဉ် လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ စားသောက်ပုံမျိုးစုံက body type တမျိုးစီတိုင်းကို ထိရောက်ပုံ ကွာကြပါတယ်💫မိမိရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ လိုက်ပီး စားသောက်ပုံ ပြင်နိုင်ဖို့ မိမိရဲ့ body type က ဘာလဲဆိုတာ ခွဲကြည့်ရအောင်...🙌🧐
အောက်မှာပြထားတဲ့ ခန္ဓာကိုယ် ၃ မျိုးထဲက ကိုယ့်ဟာ ဘယ်အုပ်စုထဲမှာ ပါလဲ ကြည့်ကြည့်ပါ👀။ လူတိုင်းဟာ ဒီ ၃ အုပ်စု ထဲမှာ ပါမှာမဟုတ်ပါဘူး😊။ တချို့တွေရဲ့ အချိုးအစားက ရောနေတာမျိုးလဲဖြစ်တတ်တယ်။😉
(1)Ectomorph
ပိန်ပိန် ရှည်ရှည်နဲ့ အရိုးဖွဲ့စည်းပုံကလဲ သေးတယ်ဆိုရင် သင်က ဒီ အုပ်စုမှာ ကျရောက်ပါတယ်💁♀️။ Ectomorph တွေက ဝိတ်တက်ဖို့ခက်ခဲကြပါတယ်။ပိန်တယ်ဆိုပြီး စားချင်ရာစားတာမျိုးမလုပ်သင့်ပါဘူး🙅♀️ လူရဲ့ခန္ဓာကိုယ်သည် မဝပေမယ့် အစားအသောက် မဆင်ခြင်တဲ့အခါ သွေးတွင်း အဆီတွေများနေတတ်ပါတယ်😯။
🔴ဘာတွေစားမလဲ
✅ထမင်း၊ ပေါင်မုန့်၊ ကန်စွန်းဥ၊ ငှက်ပျောသီး စတဲ့ ကစီဓာတ်တွေ၊ အသား၊ငါး ပရိုတင်းဓာတ်၊ ထောပတ်သီး၊ မြေပဲထောပတ်တို့လို ကောင်းမွန်တဲ့ အဆီတွေ များများစားပါ🍚🥩🥑
ဝိတ်တင်ချင်တဲ့သူတွေအတွက် တစ်နေ့ကို ကယ်လိုရီ ၂၅၀၀ အထက် စားပေးပါ👍🏻
🔴လေ့ကျင့်ခန်းဘယ်လိုလုပ်သင့်လဲ။
✅ဝိတ်တက်ဖို့ခက်တယ်။ ဒါပေမဲ့ ဗိုက်မှာတော့ အဆီတွေစုနေတတ်တယ်😓။
ကြွက်သားကျစ်ကျစ်လစ်လစ်နဲ့ ကျန်းကျန်းမာမာ ဝိတ်တက်ဖို့ဆိုရင် အလေးများများနဲ့ အခေါက်ရေနည်းနည်း မ ဖို့လိုပါတယ်🏋♀️🏋♂️
တစ်ပတ်ကို ၃ ကြိမ်လောက် အလေးမရင် လုံလောက်ပါတယ်✨️👍🏻
🔴Lifestyle changes
✅အစားစားချင်စိတ်မရှိဘူးဆိုရင် နည်းနည်းနဲ့ ခဏခဏ စားပါ🤗 ငှက်ပျောသီး၊ ကြက်ဥပြုတ်ကို နေ့တိုင်းပါအောင် စားဖို့လိုပါတယ် 🍌🍳
(2) Endomorph
ဒီအုပ်စုရဲ့ လူတွေကတော့ တခြား အုပ်စုတွေထက် အဆီ ပိုများပါတယ်💁♀️။ ခန္ဓာကိုယ်အချိုးအစားကို ကြည့်မယ်ဆိုရင် ပခုံးကျယ် ခန္ဓာကိုယ် ဘေးကိုပြန့်ကားပြီး အဆီတက်လွယ်တဲ့ အမျိုးအစားဖြစ်ပါတယ်💁♀️
🔴ဘာတွေစားမလဲ
✅ထမင်း၊ ပေါင်မုန့် စတဲ့ ကစီဓာတ်တွေ လျှော့စားပေးရန်လိုသည်💁♀️ ပရိုတင်းဓာတ်ပိုစားဖို့လိုအပ်သည်။ ဝိတ်ချဖို့ ကြိုးစားနေသူတွေအတွက် တစ်နေ့ကို ၁၂၀၀-၁၅၀၀ ကယ်လိုရီ (မိန်းကလေး)၊ ၁၅၀၀-၁၈၀၀ ကယ်လိုရီ (ယောကျာ်းလေး) စားပါ🤗
🔴လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ။
✅Endomorphs တွေဟာ အဆီတတ်လွယ်သလို စနစ်တကျ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ထိထိရောက်ရောက် အဆီကျနိုင်ပါတယ်😊
နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်း (cardio) ကိုတစ်နေ့ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ စလုပ်ကြည့်ပါ😀 ပြေးတာ၊ လမ်းလျှောက်တာ၊ ရေကူးတာ၊ အားကစားတစ်မျိုးမျိုးလုပ်တာ၊ လှေကားအတက်အဆင်းလုပ်တာတို့လုပ်သင့်ပါတယ်✨️ ဝိတ်လည်း မ သင့်ပါတယ်🏋♀️🏋♂️ကြွက်သားနည်းတဲ့ ခန္ဓာကိုယ် အမျိုးအစားဖြစ်တဲ့အတွက် ကြွက်သားပိုတည်ဆောက်ပိုလိုပါတယ်😉 ကြွက်သားပမာဏ (lean muscle) များလာတဲ့အခါ ထိုင်နေရင်နဲ့ ကယ်လိုရီတွေ ပိုလောင်ကျွမ်းလာပြီး ဝိတ်ကိုဆက်ထိန်းဖို့ ပိုလွယ်ကူလာပါလိမ့်မယ်🤗
🔴Lifestyle changes
✅လှုပ်လှုပ်ရှားရှားနေပါ။ အထိုင်များတဲ့သူအတွက် တစ်နာရီလောက် ထိုင်ပြီးရင် ၅မိနစ်-၁၀မိနစ်လောက် လမ်းထလျှောက်ဖို့လိုပါတယ်🚶♀️🚶♂️
(3) Mesomorph
နောက်ဆုံးအမျိုးအစား mesomorphကို ပိုင်ဆိုင်ထားတဲ့သူတွေကတော့ ကံအကောင်းဆုံးလို့ပြောလို့ရပါတယ်🥰 အားကစားသမားတွေ အများစုဟာ ဒီလို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်💁♀️ခါးနေရာမှာ သိမ်ပြီး ခြေတံလက်တံတွေဟာ ကြွက်သားတွေနဲ့ ကျစ်လစ်နေတတ်ပါတယ်👀အဆီပါဝင်မှုပမာဏနည်းပြီး muscle အလွယ်တကူတည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ကို ခန္ဓာကိုယ်မှာ ပါပြီးသားဖြစ်ပါတယ်👀👍🏻
🔴ဘာတွေစားမလဲ
✅အစာအုပ်စု သုံးအုပ်စုလုံး မျှတအောင်စားပေးရပါတယ်။ ခန္ဓာကိုယ်ဆက်ထိန်းထားဖို့တော့လိုပါတယ်🤗
🔴လေ့ကျင့်ခန်းဘယ်လိုလုပ်မလဲ။
✅လေ့ကျင့်ခန်းတွေကို ရောပြီးကစားပါ။ ဝိတ်ကိုဆက်ထိန်းထားချင်တာလား🤔။ ပိုကျစ်ချင်တာလား🤔။ ကြွက်သားပိုကြီးချင်တာလား အပေါ်မူတည်ပြီး cardio ပိုလုပ်မလား ဝိတ်ပို မ မလား အတိုးအလျှော့လုပ်ဖို့လိုပါတယ်👈✌️
✅ကိုယ်ခန္ဓာအချိုးအစားတွေက မျိုးရိုးဗီဇနဲ့ အများဆုံးသက်ဆိုင်ပေမယ့် ကိုယ်လိုချင်တဲ့ အနေအထားရဖို့တော့ လူတိုင်းလုပ်ယူလို့ရပါတယ်😊။ ဝိတ်ကျခြင်း ဝိတ်တက်ခြင်းကို သိပ်အာရုံမထားဘဲ ကျန်းမာဖို့အတွက် စားသောက်နေထိုင်တာနဲ့တင် ကျန်းမာလှပတဲ့ ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်နိုင်ပါတယ်😊🤗
Before thinking How to lose weight and how to gain weight, you need to know your body type first. Some have muscles, Some are thin, Some have abs while others have six packs. What you need is to know your body proportions and have a diet plan. Daily exercise and various types of eating are effective for each body type. Let's break down what your body type is so that you can eat according to your body structure. Find out which of the 3 body types below you belong to. Not everyone will fall into these 3 groups. Some of them may have a mixed ratio. 😉
(1) Ectomorph 💁♀️
If you are lean, tall and have a small bone structure, you fall into this group. Ectomorphs find it difficult to gain weight. If you're thin, you shouldn't eat anything you want. You don't look fat, but when you don't think about food, you can often have a lot of fat in your blood.✨️
(2) Endomorph 💁♀️
People in this group have more fat than other groups. If you look at the body proportions, the body is wide with shoulders, the body is flat on the side, the ribs are big, the arms and legs are often short, and it is easy to get fat.
(3) Mesomorph💁♀️
Those who possess the last type of mesomorph are the luckiest, most athletes have this type of body. The waist is thin and the limbs are compact with muscles. The body already has the foundation for building muscle easily with low fat content.
Body proportions have a lot to do with genetics, but anyone can work to get the position they want. You can have a healthy and beautiful body just by eating and living healthy without paying too much attention to weight gain and weight loss😊🤗
💌✨️You need to have confident in your body type and love yourself✨️💌
By-Oak
16/12/2022
" Be the Best Version of You " ကနေ ဒီနေ့မှာတော့ အားလုံးအတွက် ကျန်းမာရေးအတွက်ရော အသားအရေလှပကြည်လင်စေဖို့အတွက်ပါ အကျိုးပြုစေမယ့် အစားအသောက်နဲ့ နေထိုင်မှုပုံစံလေးတွေကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင့်✨
👉မျှတစွာစားပေးသင့်သောအစားအစာများ👈
ငယ်ရွယ်စဉ်ကကျောင်းတေမှာ အစာအုပ်စုသုံးစုကို မျှတစွာစားပေးရမယ်လို့ သူငယ်ချင်းတို့သင်ကြားခဲ့ရပါလိမ့်မယ်🧐
ဘာလို့အဟာရသုံးစုကို မျှတအောင်စားသင့်တာလဲ? ဆိုတာကို သူငယ်ချင်းတို့အတွက် ပြန်ပြီးပြောပြပေးသွားမယ်နော်🤗
သစ်သီး၀လံလေးတွေကို များများစားပေးခြင်းက အသားအရည်အတွက်ကောင်းမွန်စေရုံတင်မကပဲ ကျန်းမာရေးကောင်းမွန်စေဖို့ လိုအပ်တဲ့ vitamins တွေပါရရှိနိုင်ပါတယ်🍓🥑🍉🥑🍇
အသီးအရွက်တွေမှာလည်း antioxidantsတွေ fibres တွေပါဝင်တဲ့တွက်ကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝပြီးကျန်းမာရေးကောင်းမွန်စေလို့ များများစားပေးသင့်တယ် 🥦🥕🍠🍅🫑
ဂျုံပါဝင်တဲ့ ပေါင်မုန့်တို့ ခေါက်ဆွဲတို့ကလည်း လိုအပ်တဲ့ carbonhydrate တွေပါဝင်လို့ ၎င်းတို့ကိုမျှတစွာစားပေးခြင်းဖြင့် ကျန်းမားရေးကောင်းမွန်စေပြီး အာဟာရဓာတ်တွေပြည့်ဝစေပါတယ် 🍞🥐🥪🍝🌮
အရမ်းချိုလွန်းတဲ့cakeတွေနဲ့ အသင့်စားခေါက်ဆွဲတွေကတော့အများကြီးစားမိရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်🚫
အသား၊ ငါး၊ ကြက်ဥနဲ့ နို့ထွက်အစားအစာတွေကိုစားပေးခြင်းကလည်း proteinဓာတ်တွေ အများကြီးရစေပြီး အာဟာရပြည့်ဝစေရုံသာမကပဲ အားအင်ပြည့်ဝစေပြီး လှပချောမောစေပါတယ် 🍗🥚🥛🧀🥓
အစာအုပ်စုကိုညီမျှစွာ စားပေးတာဟာ ကျန်းမာရေးကောင်းဖို့အတွက်သာမက ဉာဏ်ရည်ထက်မြက်ဖို့အတွက်လည်း အထောက်အကူပေးပါတယ်နော်😊
အာ့ကြောင့် မေမေတေဟာလည်း သားသားမီးမီးလေးတေကို ဉာဏ်ရည်ထက်မြတ်ပြီး ကျန်းမာစေဖို့ အစာအုပ်စုသုံးစုကိုမျှတအောင်ကျွေးပြီး supplement အနေဖြင့် ကြက်ပေါင်းရည်ကို တစ်ပတ်နှစ်ခါလောက်တိုက်ပေးသင့်ပါတယ်နော်
ဦီးနှောက်သုံးပြီးအလုပ်လုပ်ရတဲ့သူတေ၊ ကျောင်းသားတေဆိုရင် အားမရှိတာမျိုး၊ မူးတတ်တာမျိုး၊ စာမလိုက်နိုင်တာမျိုးတေမဖြစ်အောင်လို့ ပိုပြီးတော့သောက်ပေးရပါမယ်နော်😊
👉ခန္ဓာကိုယ်ကိုသန်စွမ်းစေပြီးဉာဏ်ကောင်းစေသောလှုပ်ရှားမှုများ👈
လေ့ကျင့်ခန်းလုပ်တာသည်လည်း ကျန်းမာရေးကောင်းဖို့အတွက်သာမက ဉာဏ်ရည်ထက်မြက်ဖို့အတွက်လည်း အထောက်အကူပေးပါတယ်နော်😊
မေမေတေအပြင် အလုပ်များပြီး အချိန်မပေးနိုင်တဲ့လူများအတွက် နေ့စဉ် ၁၅ မိနစ်၊ နာရီဝက်ခန့် လမ်းလျှောက်ပေးခြင်းကလည်း caloriesတွေလောင်ကျွမ်းစေပြီး အရိုးအဆစ်တွေခိုင်မာစေရုံသာမကပဲ မလိုအပ်တဲ့ အဆီတွေကိုလည်းလျော့ချပေးပါတယ်🏃
ကျောင်းသား၊ ကျောင်းသူ နဲ့ လူငယ်တေကတော့အားကစားတစ်ခုခုပုံမှန်လုပ်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ထိန်းရာမှာအထောက်အကူပြုတဲ့အပြင် stressတွေလည်းလျော့ကျစေလို့ စိတ်ရောကိုယ်ပါ တက်ကြွကျန်းမာစေပါတယ် 🏸⚽🥋🏀🏊
👉လူတိုင်းထားရှိသင့်သော အကျင့်များ👈
💧ရေများများသောက်ခြင်း💧
ရေများများသောက်ပေးခြင်းကလည်းသွေးလည်ပတ်မှူကောင်းမွန်ရုံသာမက လိုအပ်တဲ့ရေဓာတ်တွေကိုပြန်လည်ပြည့်ဝစေပြီး အသားအရေကြည်လင်လှပစေပြီး ဉာဏ်ကောင်းခြင်း စတဲ့အကျိုးကျေးဇူးကိုပါရရှိစေတဲ့အပြင် ဝိတ်ချခြင်းကိုပါ ရေသောက်ခြင်းဖြင့်လုပ်ဆောင်နိုင်ပါတယ်နော်
🧘Mental Health 🧘
တစ်နေ့မှာ 15မိနစ်လောက် တရားထိုင်ပေးခြင်းဟာလည်း စိတ်ပင်ပန်းမှုတေကို ပျောက်ကင်းစေပြီး စိတ်ကြည်လင်လန်းဆန်းပြီး idea အသစ်တေကိုလည်းရရှိစေနိုင်ပါတယ်နော်
😴အိပ်ရေးဝဝ အိပ်ခြင်း😪
နောက်ဆုံးအနေနဲ့ လူတစ်ယောက်ဟာတစ်နေ့ကို 7နာရီမှ 9နာရီ လောက်ပျမ်းမျှအိပ်ချိန်ရှိခြင်းဟာ အသားအရေလှပခြင်းနှင့် ဉာဏ်ကောင်းခြင်း အတွက်အဓိကလက်နက် ဖြစ်ပါတယ်😌
ဒီနေ့ပြောပြပေးသွားတဲ့ အစားအသောက်တွေ များများစားလို့ နေထိုင်လုပ်ကိုင်ရမှာလေးတွေကို စမ်းလုပ်ကြည့်ရင်း (7)ရက်အတွင်းပြောင်းလဲမှုများကို သူငယ်ချင်းတို့ကျေနပ်ကျမယ်လို့ယုံကြည်ပါတယ်ရှင့်
အားလုံးပဲ ကျန်းမာလှပသော နေ့ရက်လေးများကိုပိုင်ဆိုင်နိုင်ကြပါစေ နောက်ရက်တွေမှာလည်း ဘယ်လိုအကြောင်းအရာလေးတွေ ပြောပြသွားဦးမလဲဆိုတာ အားလုံးပဲစောင့်ကြည့်ပေးကြပါဦး💛
Hello Everyone👋 Welcome from our page " Be the Best Version of You"✨ Today's topic is about food and living habits for better health and beauty🌹 First of all I would like to share about healthy food 👀.
Fruits and vegetables are enrich in vitamins and nourishments necessary for our body🍎🥕.
By eating bread and noodles which contains carbohydrate provide required energy for our body🍞🍝.
Eating meats, fish, eggs and dairy products can get protein and anti-oxidant effects for us. 🍗🍳 Next one is about living habits 👀.
Daily walk of around 15 or 30 minutes will burn calories and helps strengthen the muscles and bones🏃.
Doing sports regularly is also very helpful for both physical and mental health⚽🏸.
Drinking water is very important for hydration and regularizes the blood flow thus benefits for better health and skin🥛.
Meditating for 15 minutes a day can help you get rid of tiredness, clear your mind and get new ideas 🧘.
Finally, a person having an average sleep of 7 to 9 hours a day is the main weapon for beautiful skin and good brain😪.
I believe my friends will be satisfied with the changes in 7 days by adopting this eating and living habits. Thank you so much for reading till the end. We will come back with other interesting topics for you. Please look forward to read those too 💛.
15/12/2022
Digital marketing campaign အတွက် "Be the best version of you" ခေါင်းစဥ်လေးကနေ campaignတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်🤗
December 21 ✨️မှာပြုလုပ်မဲ့campaign day တွင်admin တို့ကCroissant sandwish ကိုရောင်းချမှာဖြစ်ပါတယ်🥐
🥐Crossiant sandwishကိုegg salad, tuna, chicken တို့နဲ့ကြိုက်နှစ်သက်ရာကိုဝယ်ယူနိုင်ပါတယ်💁♀️
December 21တွင်လည်းwork in ဝယ်ယူနိုင်ပါတယ်💌😉
the best version of you
11/12/2022
"အကောင်းမွန်ဆုံးသော သင့်ရဲ့ ပုံရိပ်ဆီသို့"
သင်ကိုယ်တိုင်ရဲ့ စိတ်ထဲမှာအမြဲလိုချင်နေတဲ့ လူတကာ ငေးမောရတဲ့ အလှအပ🧖 ကြည်လင်၀င်းမွတ်သော အသားအရေ✨ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်🏋️ (Idel body shape 🌈) ကို ပိုင်ဆိုင်နိုင်ဖို့ "Be The Best est Version of You" ဆိုတဲ့ သူငယ်ချင်းလေး ရှိနေပါပြီနော်😉
ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်ကြောင့် ကိုယ့်ကိုယ်ကို ချစ်ဖို့မေ့နေတဲ့သူတွေ၊ Self-care လုပ်ဖို့ အချိန် သီးသန့်မပေးနိုင်သူတွေအတွက် လွယ်ကူရိုးရှင်းသော နေထိုင်စားသောက်မှုပုံစံ၊ အလေ့အကျင့်တွေကို (7)ရက်အတွင်း ပြောင်းလဲလိုက်ရုံဖြင့် ဘယ်လိုBenefitsတွေ ရမလဲ၊ ဘယ်လောက်Effectiveဖြစ်မလဲအပြင် Food knowledge နဲ့ မိတ်ဆွေတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ ကျန်းမာရေးကိုပါ သူငယ်ချင်းသဖွယ်/ မိတ်ဆွေသဖွယ် Sharing & Caring လုပ်ပေးသွားမှာဖြစ်လို့ Pageကို Like and followလုပ်ထားဖို့မမေ့ပါနဲ့နော်😙
ကဲ ....ဒါဆို "Be The Best Version of You" ဆိုတဲ့ သူငယ်ချင်းလေးနဲ့ပူးပေါင်းပြီး အကောင်းမွန်ဆုံးသော ပုံရိပ်ကို အတူတူဖန်တီးကြရအောင်🤗
"To Your Best Version"
For people who don't have time for things like (beauty that everyone sneers at 🧖 Smooth skin ✨ Healthy body 🏋️ Idel body shape 🌈) that you've always wanted in your heart, I will tell you the secrets of "Be The Best Version of You" to get your best version within (7) days just by changing your lifestyle and lifestyle, so don't forget to like & follow the page😚
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Zay Myauk Road, Dragon Township
Yangon
11191