Heart - Error

Heart - Error

Share

Feeling

15/07/2023

ဇတ်သိမ်းမလှတဲ့ ဇတ်လမ်းလေးတပုဒ်

11 . 7 . 2023
ညီမလေးကိုဖွင့်ပြောတော့မယ်

အဲ့နေ့က ညီမလေးအလုပ်ပြန်တော့ ညီမလေးအပြုံးကို စပီးထိတွေ့မိတဲ့ အကို့မှာ စွဲလမ်းတဲ့စိတ်ကို အကိုကိုယ်တိုင်ပြန်ပီး မြင်မိသွားတာ
မြင်လိုက်ရတာ ခဏ လေးပါ ဒါပေမဲ့ အကို့အတွက်တော့ အိမ်ပြန်တဲ့လမ်း မှာ ကော
ထမင်းစားတဲ့အချိန်ကော အိပ်တဲ့အချိန်ပါ
ညီမလေးအပြုံးကို ပြန်ပီးမြင်နေမိတယ်
အကို့ရဲ့ မသိစိတ်က ညီမလေးကိုချစ်နေမိပီး အဲ့တာကြောင့် အကို ညီမလေးကို ဖွင့်ပြောဖို့အတွက် အားအင်တွေရှိလာတယ်

12. 7. 2023
တောင်းပန်ပါတယ် ညီမလေး

အဲ့နေ့မနက်က အိမ်ပြန်ရောက်ထဲက ညီမလေးကို မြင်ချင်တဲ့စိတ်က အိပ်ချင်တဲ့စိတ်ကိုအနိုင်ရသွားတယ် ညီမလေးကိုတွေ့ဖို့ အကို အိမ်ကထွက်လာတယ် ညီမလေး လာမဲ့လမ်းက အကိုစောင့်နေတယ် ရင်ခုန်စွာနဲ့ စကားပြောချင်တယ် ညီမလေးကိုပေးမယ်ဆိုပီး ရေးထားတဲ့စာလဲ မပေးဖြစ်လိုက်ဘူး
ကံတရားက အကို့အပေါ်ရက်စက်သလားမသိပါဘူး ထမင်းချိုင့်ပြန်သွားယူမလိုဆိုပီး လိမ်ခဲ့မိတယ် တကယ်တော့ ညီမလေးကိုတွေ့ချင်လို့ထွက်လာတာ တွေ့ရတာ ပျော်ပေမဲ့ မျော်လင့်ထားသလိုဖြစ်မလာတဲ့အခါ ရင်ထဲမှာ တမျိုးကြီးပဲ မထူးဘူးလေ ပြန်ပီး အိပ်မယ်ဆိုပီး ပြန်အိပ်လိုက်တယ် ညနေကျတော့ ညီမလေးကိုတွေ့ရမယ်ဆိုတဲ့စိတ်နဲ့ တက်ကြွနေတယ် ဒါမဲ့ အကိုမမျော်လင့်ထားတာတွေဖြစ်ကုန်တယ် အကိုလိုချင်တာလဲ ဘာတခုမှမရဘူး အကိုပေးချင်တာလဲ ဘာမှမပေးလိုက်ရဘူး အကိုစကားလာပြောတော့ ညီမလေးမျက်နှာပျက်သွားတဲ့အချိန်အကို စိတ်ထဲမကောင်းဘူး အကိုလှည့်ထွက်လာခဲ့တယ် မိုးရေထဲနောက်ကလိုက်လာတာ ညီမလေးအပြုံးကိုနောက်ဆုံးလိုချင်လို့ လိုက်လာတာ အကိုဆုံးဖြတ်ချက်ချလိုက်တယ် အဝေးကပဲ ငေးကြည့်မယ် ရှေ့ဆက်မတိုးတော့ဘူးဆိုပီးတော့ ရင်ထဲမှာတော့ ခံစားနေရတာပေါ့ စစ်မဖြစ်ခင်ထဲက မြှားကုန်နေတာမဟုပါဘူး ညီမလေးနောက်တခါ မျက်နှာထပ် ပျက်သွားမှာဆိုးတဲ့စိတ် ညီမလေးအပြုံးကိုထပ်မမြင်ရတော့မှာစိုးရိမ်တဲ့စိတ်နဲ့ အကိုနောက်ဆုတ်လိုက်တာကောင်းမယ်ထင်တယ်
နောက်နေ့ဘာတွေဖစ်လာမလဲဆိုတာ အကိုမတွေးချင်တော့ဘူး အိပ်လိုက်တော့မယ်
အကိုညီမလေးကို တောင်းပန်ပါတယ်

13. 7. 2023
ခေါင်းစဥ်မတက်တော့ဘူး

အလုပ်က ပြန်ရောက်ပီ ညီမလေး အလုပ်သွားမဲ့လမ်းကို သွားစောင့်ရမလား မစောင့်ပဲ အိပ်ရမလား ဆုံးဖြတ်ရခတ်နေတယ် ဒီစာရေးနေရင်းနဲ့ဆုံးဖြတ်လိုက်ပီ ညီမလေးကို ဒီနေ့မနက်မတွေ့တော့ဘူး တွေ့ဖို့စိတ်မပါဘူး ညနေအလုပ်ပြန်ချိန်ကျရင်တော့တွေ့ရမှာဆိုတော့ အိပ်လိုက်တာပဲကောင်းပါတယ်

13.7.2023 ( ညနေ ၆ နာရီ )
ဒီတိုင်းပဲ အဆုံးသက်သွားမှာလား

ညီမလေးအလုပ်ပြန်တဲ့အချိန်ကိုတွေ့ရမယ်ဆိုပီး ပျော်နေရမဲ့အစား ရှေ့ဆက်မတိုးချင်တဲ့စိတ်က အနိုင်ရသွားလို့မပျော်နိုင်ဘူး
ညီမလေး အလုပ်ပြန်တဲ့အချိန်ကိုမသိချင်ယောင်ဆောင်ပီး ထွက်သွားခဲ့တယ် စွဲလမ်းခဲ့တဲ့အပြုံးကိုလဲ မမြင်ရဘူး အကို့ဘက်ကလဲ မြင်ပီး ပြန်ပြုံးပြဖို့အားမရှိဘူး ပြန်သွားတဲ့အချိန် အကို့ခေါင်းထဲမှာတခုပဲကျန်ခဲ့တယ်
ငါတို့နှစ်ယောက် ဇတ်လမ်း ဒီအတိုင်းပဲ အဆုံးသက်သွားတော့မှာလားဆိုတာပဲ

14. 7. 2023
ဘာဆက်လုပ်ရမလဲ

သူနဲ့တွေ့ရမဲ့အချိန်က. မနက် ၉ နာရီ အလုပ်သွားချိန်နဲ့ ညနေ ၆ နာရီ အလုပ်ပြန်ချိန်
မနက် ၉ နာရီ ထွက်ပီး တွေ့ဖို့အတွက်က ခတ်ခဲနေတယ် အရင်တခါအနှောက်အရှက်တွေနဲ့ သူ့အနားရောက်ဖို့တော်တော်လေး ကြိုးစားမှရမယ် အဲ့တာကြောင့်မနက်ပိုင်းတွေ့ဖို့ကို ခန အချိန်ယူပီး စဥ်းစားနေတယ် ညနေ ၆ နာရီ သူမ အရမ်းလှနေတယ် ငါ့အတွက်မဟုတဲ့သူမအပြုံးတွေက အခုထိ လက်ဆက်နေတုန်းပဲ ကို့ဘက်ကလဲ ပြုံးပြချင်ပါတယ် မရဲဘူး
ဖစ်နေတယ် တွေ့တဲ့အချိန်လေးမှာ အချိန်
ပြည့် လိုက်ကြည့်နေမိတယ် တနေ့တနေ့ဘာတွေဖစ်လာမယ်မှန်းမသိပေမဲ့ စဥ်းစားရခတ်နေတယ် ငါဘာဆက်လုပ်သင့်လဲ

15. 7. 2023
ပြီးပါပြီ

ည၃ နာရီထဲက ခေါင်းကိုက်နေလို့ အိပ်လိုက်တာ ၆နာရီတခါနိုးတယ်မသက်သာလို့ ပြန်အိပ်နေတာ သူမအလုပ်သွားတဲ့အချိန် ကိုစိတ်ထဲစွဲနေတော့ ထတဲ့အချိန်နဲ့ကွက်တိပဲ ကိုကအပြန်သူကအသွားနဲ့တွေ့ခဲ့တယ် ကို့ကိုတွေ့တော့ သူ့ဘက်က မျက်နှာလွှဲသွားတယ် အဲ့ထဲက ကျနော် သိလိုက်ရပီ ပြန်နေတဲ့တလမ်းလုံးလဲ ကျနော် စိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်တယ် ဇတ်လမ်းမကောင်းခဲ့လို့ ဇတ်သိမ်းမလှတဲ့ ကျနော်နဲ့ သူမရဲ့ ဇတ်လမ်းလေးက ဒီနေရာမှာတင်ပဲ ပြီးဆုံးသွားပါပီ

ကျနော်မှာ နုလုံးသား နှစ်ခုရှိမယ်ဆိုရင်တောင် သူမ ကိုပဲ နှစ်ခါပြန် ချစ်မိမှာ

11/06/2023

ထွက်သွားတဲ့သူကိုမှ
ပြန်လိုချင်နေတဲ့ ခံစားချက်က
တော်တော်ဆိုးတာပဲ

😥

03/06/2023

နောက်လူရင်မှာ မပျော်တော့ရင်
အသစ်မရှာပါနဲ့ အရင်လူကို
ပြန်ကြည့်ပေးပါ မင်းပစ်ထားသူက
မင်းပြန်လာမှာကို စောင့်ရင်စောင့်နေမှာ☹

24/05/2023

ဂတိပေးတယ်ဆို
ကတဲက တည်ဖို့မှ
မဟုတာ ဖြတ်ဖို့ဆိုတာ
မသိခဲ့မိဘူး

💔

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Hlaing
Yangon