OASIS - Health&Beauty Care Collection

OASIS -  Health&Beauty Care Collection

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OASIS - Health&Beauty Care Collection, Beauty, cosmetic & personal care, NO(97), PhoneGyi Street, Lanmadaw T/S, Yangon.

30/07/2021

" ကိုဗစ်ကာလမှာ အသောက်သင့်ဆုံးအားဖြည့်ဆေး ( သို့ ) ရှီးပဒီးဆေးတောင့် "

အချစ်တို့ရေ …

OASIS Page က အချစ်လေးတွေရဲ့ ကျန်းမာမှုကိုရောလှပမှုကိုပါ အမြဲအလေးထားတာမလို့ ဒီတစ်ခေါက်တော့ခုလိုကာလမှာအသောက်သင့်ဆုံးအားဆေးလေးတစ်မျိုးနဲ့မိတ်ဆက်ပေးမယ်နော် … 💁‍♀️

အဲ့ဒီအားဆေးလေးကတော့ …

👉 Cordyceps Capsule ဆိုတဲ့ ရှီးပဒီးဆေးတောင့် လေးတွေပဲဖြစ်ပါတယ်။

စျေးကွက်ထဲမှာ ရှီးပဒီးအများကြီးရှိပေမဲ့ ဒီ​ဆေးလေးတွေကကြ နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိတဲ့စက်ရုံကနေထုတ်လုပ်တာနော်။

ဒါ့အပြင် ရှီးပဒီးကို တိုင်းရင်းဆေးအဖြစ်ကိုသုံးစွဲကြတဲ့ Hong Kong ကနေထုတ်လုပ်ထားတာဆိုတော့ သူ့အရည်အသွေးကိုသံသယမဖြစ်တော့ဘူးလေ … 💯

ဒီဆေးသောက်ရင် ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ … 💁‍♀️💁‍♀️

နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုတဲ့အတိုင်း သဘာဝထုတ်ကုန်ဖြစ်တဲ့ရှီးပဒီးကနေထုတ်လုပ်ထားတာမလို့ -

🔸အဆုတ်ကျန်းမာရေးကိုကောင်းစေတယ်

🔸ချောင်းဆိုးခြင်းနဲ့ ရင်ကျပ်ခြင်းတို့ကို ပျောက်ကင်းစေတဲ့အပြင် အခြားသောလေပြွန်နဲ့ဆိုင်တဲ့ရောဂါတွေကိုလည်းသက်သာစေတယ်

🔸နာလန်ထစလူမမာတွေအတွက် အားဖြည့်ဆေးအနေနဲ့သောက်သုံးပေးသင့်ပြီး

🔸ကိုယ်ခံအားကိုလည်းတိုးပွါးလာစေတော့ ခုလိုအချိန်နဲ့တော့ကွက်တိပဲပေါ့

ရှီးပဒီးရဲ့အစွမ်းကိုက ဘက်တီးရီးယားတွေကိုတိုက်ထုတ်ပေးခြင်း၊ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်ဝင်ရောက်ခြင်း နဲ့ ဗိုင်းရပ်ပွါးခြင်းတွေကိုပါတားဆီးပေးနိုင်တာမလို့ ခုကာလမှာတော့ အဓိကအသောက်သင့်ဆုံးအားဆေးတစ်မျိုးပါပဲ။

*** သောက်သုံးပုံကတော့ တနေ့ကို ၂ ကြိမ် နဲ့ တစ်ကြိမ်ကို ဆေး ၁ လုံး သောက်သုံးနိုင်ပါတယ် ***

ဒါကြောင့် ခုလိုကာလမှာ ကိုယ်ခံအားကောင်းကောင်းနဲ့ Covid ကြီးကိုတိုက်ထုတ်နိုင်ဖို့ Cordyceps Capsule (ရှီးပဒီးဆေးတောင့်) လေးတွေကို ခုပဲလာရောက်မှာယူလိုက်တော့နော် … 🙋‍♀️🙋‍♀️



#ရှီးပဒီး #ဆေးတောင့်

25/07/2021

Facial Set တစ်မျိုးတည်းနဲ့ မနက်/နေ့/ည ပြီးပြည့်စုံတဲ့အလှစစ်ကိုရှာဖွေလိုက်ရအောင် ✨✨

အသက်ကြီးလာတာနဲ့ အမျှ အရေးအကြောင်းတွေ ၊ အမဲစက်တွေပေါ်လာတတ်တာကတော့သဘာဝပဲနော်။ ဒီလို သဘာဝကိုပြောင်းလဲပစ်ဖို့ဆိုရင်တော့ Skincare ပစ္စည်းကောင်းကောင်းလေးတွေသုံးဖို့လိုတာပေါ့။

ဒါကြောင့် မင်မင်က အချစ်လေးတို့အတွက် Skincare ပစ္စည်းတွေအများကြီးသုံးနေစရာမလိုတဲ့ Facial Set လေး တစ်ခုနဲ့မိတ်ဆက်ပေးချင်လို့။ 💛💛

သူလေးက BeyounBe ရဲ့ " Alpha Arbutin Renewal Facial Set " တဲ့။ ဒီ Set လေးမှာဆိုရင် -

(1) Alpha Arbutin Honey White Soap
(2) Alpha Arbutin Brightening Plus Serum
(3) UV Smoothing Day Cream SPF 30+++
(4) Alpha Arbutin Whitening Night Cream

ဆိုပြီး skincare ပစ္စည်း ( ၄ ) မျိုး ပါဝင်ပါတယ်။ Facial set ဆိုတဲ့အတိုင်း မျက်နှာလှလှလေးရရှိနိုင်ဖို့အထူးသီးသန့်ထုတ်လုပ်ပေးထားတာနော်။ 💫💫

အသုံးပြုပုံအနေနဲ့ကတော့ -

🔸မနက်ခင်းမှာ Honey White Soap လေး နဲ့ မျက်နှာသစ်ပေးမယ်။

🔸မျက်နှာသစ်ပြီးရင် အသားလေးဖွေးနေစေဖို့ Brightening Serum လေးကို မျက်နှာထဲစိမ့်ဝင်အောင်ဖွဖွလေးလိမ်းပေးပေါ့။

🔸Serum လေးသုံးပြီးရင်တော့ နေလောင်ဒဏ်တွေကိုခံနိုင်ရည်ရှိဖို့ SPF ပါဝင်ပြီးသား Day Cream လေးကို အပေါ်ကထပ်လိမ်းပေးလိုက်ရုံပါပဲ။ ( အခြား Day Cream တွေလို လိမ်းလိုက်ရင် အဆီပြောင်ပြောင်ကြီးဖြစ်မနေပဲ စိုပြေဝင်းမွတ်နေတာက သူ့ရဲ့အားသာချက်နော် )

🔸ညရောက်ပြီဆိုရင်တော့ တနေကုန်ပင်ပန်းလာတဲ့မျက်နှာလေးကို Honey Soap လေးနဲ့ ပြန်သန့်စင် ၊ Night Cream လေးထပ်လိမ်းပြီး အားပြန်ဖြည့်ပေးလိုက်ပေါ့။

ဒါဆိုရင်တော့ Facial Set တစ်မျိုးတည်းနဲ့ မနက်/နေ့/ည ပြီးပြည့်စုံတဲ့ skincare routine လေးဖြစ်သွားပြီလေ။ 💁‍♀️💁‍♀️

အချစ်လေးတွေအနေနဲ့လည်း မင်မင်မိတ်ဆက်ပေးတဲ့ Set လေးပဲ သုံးတော့မယ်ကွာ ၊ Skincare ပစ္စည်းတွေအများကြီးမဝယ်တော့ပါဘူးလို့တွေးထားရင်တော့ ထုံးစံအတိုင်း မင်မင် က Page ChatBox မှာ စောင့်နေပါတယ်ရှင်။ 🙋‍♀️🙋‍♀️

23/07/2021

ယနေ့ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့၏နေ့ထူးနေ့မြတ် ဝါဆိုလပြည့် ( ဓမ္မစကြာအခါတော်နေ့ ) တွင် စိတ်ချမ်းသာကိုယ်ကျန်းမာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေကြောင်း OASIS မှ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။


#ဝါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့

19/07/2021

" ၇၄ နှစ်မြောက် အာဇာနည်နေ့ "

( 19.7.2021 )

ဒီနေ့ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ၇၄ နှစ်မြောက်အာဇာနည်နေ့ပဲဖြစ်ပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွလွတ်လပ်ရေးအတွက်အသက်ပေးလှုသွားကြသူများအားလုံးကို OASIS မှ ဦးညွတ်အလေးပြုလိုက်ရပါတယ်။

17/07/2021

နေထိုင်မကောင်းလို့အစာစားမဝင်တဲ့လူကြီးတွေနဲ့ နာလန်ထစလူမမာတွေအတွက် အကောင်းဆုံးသောဖြည့်စွက်စာ 💪💪

အချစ်တို့ရေ ခုကာလက နေမကောင်းဖြစ်ချင်ပြီဆိုတာနဲ့ခံနိုင်ရည်ရှိအောင်အစားအများကြီးစားမှနော်။

အဲ့လိုအစားတွေအများကြီးစားလိုက်လို့ ဗိုက်နာဗိုက်အောင့်ဖြစ်တတ်တဲ့သူတွေ ၊ အစားအများကြီးစားချင်ပေမဲ့ ခံတွင်းပျက်နေလို့ဘာမှစားချင်စိတ်မရှိပါဘူးဆိုတဲ့သူတွေအတွက် -

ဂျုံညွန့်ကနေထုတ်လုပ်ထားပြီး အာဟာရပြည့်ဝစွာပါဝင်တဲ့ " Wheat Favor Solid Drink ( ဂျုံညွန့်အားဖြည့်ဖျော်ရည် ) " လေး ရှိပါတယ်။ 🌾 🌾

ဒီဖျော်ရည်လေးက

✅ အစာအိမ်နာတာ ၊ အစာမကြေဖြစ်တာ စတဲ့ဝေဒနာတွေကိုသက်သာစေတယ်

✅ ခံတွင်းပျက်နေတဲ့လူတွေအတွက် အစားစားချင်စိတ်ကိုပိုဖြစ်လာစေတယ်

✅ အသည်း ၊ သရက်ရွက်စတဲ့ ကိုယ်တွင်းအင်္ဂါတွေကိုပါကျန်းမာစေပြီးတော့

✅ အာဟာရဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် အသက်ကြီးတဲ့အဖိုးအဖွာတွေ ၊ မကျန်းမာတဲ့လူမမာတွေအတွက် ဖြည့်စွက်စာအဖြစ်အထူးပဲသင့်တော်ပါတယ်။

တစ်နေ့ကို မနက် ည စုစုပေါင်း၂ ခွက်အထိသောက်သုံးနိုင်ပြီး သောက်သုံးပုံလေးကတော့ ဖန်ခွက်ထဲမှာရေနွေးနွေးလေး 200 မီလီဂရမ်ခန့်နဲ့ရောဖျော်သောက်သုံးနိုင်ပါတယ်။

ဒါကြောင့် ဒီကာလမှာ ချစ်ရခင်ရတဲ့လူကြီးမိဘတွေ နဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို " ဂျုံညွန့်အားဖြည့်ဖျော်ရည်လေး " ဝယ်ပေးရင်းကိုယ့်ရဲ့ဂရုစိုက်မှုကိုပြသလိုက်တော့နော်။ 🙋‍♀️🙋‍♀️

14/07/2021

Covid 19 ရဲ့ စိုးရိမ်ရတဲ့လက္ခဏာများ ❗️❗️

ခုကာလမှာ Covid ကြောင့်သေဆုံးမှုတွေမြင့်လာသလို ပိုးတွေ့သူတွေလည်းများလာတာကြောင့် Covid ရဲ့ စိုးရိမ်ရတဲ့လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလက္ခဏာတွေပြလာခဲ့ရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ကုသမှုခံယူသင့်ပါတယ်။

Stay Safe and Stay Strong !! 💪💪

11/07/2021

နေလောင်ဒဏ်မှန်သမျှကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်တဲ့ Korea နိုင်ငံထုတ် Aloe Vera Sun Cream ☀️☀️

နွေ မိုး ဆောင်း ဘယ်ရာသီမဆို နေလောင်ဒဏ်ကတော့အမြဲခံစားရတယ်နော်။ ဒီလို Skin Damage ထိစေတဲ့ ပူပြင်းတဲ့နေရောင်ဒဏ်ကိုကာကွယ်ဖို့ဆိုရင်တော့ -

💫 သဘာဝရှားစောင်းကနေထုတ်လုပ်ထားပြီး

💫 လိမ်းလိုက်ရင် အေးမြလန်းဆန်းတဲ့ခံစားမှုကိုရရှိစေနိုင်မဲ့

💫 SPF 50, PA +++ နဲ့ UVA/UVB နှစ်မျိုးလုံးကိုထိရောက်စွာကာကွယ်ပေးနိုင်တာကြောင့်

လူကြိုက်အများဆုံးဖြစ်နေရတဲ့ Korea နိုင်ငံထုတ် Sun Cream ဘူးလေးတွေ OASIS မှာ Stock ပြန်ရှိပါပြီ။

ပစ္စည်းအကြောင်းအသေးစိတ်ကိုတော့ အောက်က Link မှာဝင်ကြည့်လို့ရပါတယ် -

https://www.facebook.com/105681644536214/posts/308231687614541/?d=n

OASIS ရဲ့ အချစ်လေးတွေလည်း နေလောင်ဒဏ်ကိုကာကွယ်ဖို့ SunCream ကောင်းကောင်းမဝယ်ရသေးဘူးဆိုရင်တော့ ခုပဲ Page ChatBox မှာ လာမှာထားလိုက်တော့နော်။ 🙋‍♀️🙋‍♀️

08/07/2021

OASIS ရဲ့ အချစ်လေးတွေအတွက် Cleansing Massage တစ်ဘူးဝယ်တာနဲ့ Mint Choco Pack တစ်ထုပ်လက်ဆောင်ရမယ့် " Promotion " အစီစဉ်လေးရှိသေးတယ်နော် 🥳🥳

အသေးစိတ်ကိုတော့ ဒီ link မှာဝင်ကြည့်လို့ရပါတယ် -

https://www.facebook.com/105681644536214/posts/346801177090925/?d=n

Promotion မကုန်ခင်လေး အခုပဲ အချိန်မီဝယ်လိုက်ကြတော့နော်။ 🤩🤩

04/07/2021

ဆားဝက်ခြံကင်းပြီးဖြူစင်ဝင်းပတဲ့မျက်နှာလှလှလေးကိုပိုင်ဆိုင်နိုင်ဖို့ မိနစ် ၂၀ ပဲ လိုပါတယ် … 🤩🤩

မိနစ် ၂၀ ❓❓
မိနစ် ၂၀ ထဲနဲ့ ပျောက်ကင်းအောင်ဘာတွေလုပ်ရမှာလဲသိချင်သွားပြီလား။ ဒါဆို ဆက်ကြည့်ပေးနော်။ 🙆‍♀️🙆‍♀️

ကိုယ်ကဆားဝက်ခြံရှိပြီးအသားရေညိုညစ်ကြမ်းတမ်းနေတယ်ဆိုရင် အရင်ဆုံး Herbal ရဲ့ Cleansing Massage Cream လေးသုံးပေးရပါမယ်။
ဒီ Cream လေးက ဆားဝက်ခြံတွေကိုပျောက်ကင်းစေပြီး မျက်နှာမှာရှိဆဲ့အဆိပ်အတောက်တွေကိုပါရှင်းလင်းဖယ်ရှားပေးနိုင်ပါတယ်။ ✅✅

Cleansing Massage လေးသုံးပြီးရင်တော့ ဒုတိယအဆင့်အနေနဲ့ Mint Choco Pack လေးနဲ့ ပေါင်းတင်ပေးလိုက်ပေါ့။
ဒီ Pack လေးက မျက်နှာအသားအရေကို ချက်ချင်းဖြူဝင်းသွားစေပြီး အားအင်ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဆားဝက်ခြံရှိလို့ချွေးပေါက်ကျယ်နေတဲ့သူတွေအတွက် ချွေးပေါက်များပြန်ကျဉ်းစေပြီး အသားအရေ တင်းတင်းရင်းရင်းလေးဖြစ်နေစေမှာပါ။ ✅✅

ဒါဆိုရင် -

👉 Cleansing Cream လေးကိုသုံးရမှာက (၅) မိနစ်

👉 Choco Pack လေးနဲ့ ပေါင်းတင်ရမှာက (၁၅) မိနစ်

ကဲအားလုံးပေါင်း မိနစ် (၂၀) ပစ္စည်း ၂ မျိုးထဲနဲ့ ဆားဝက်ခြံကင်းပြီး ဖြူဖွေးဝင်းပတဲ့အသားအရေလေးကိုရရှိနိုင်ပြီပေါ့။ 💫💫

နည်းလမ်းသိသွားပြီဆိုပြီးပျော်မသွားနဲ့ဦးနော်။ ဒီထပ်ပိုပျော်ရမှာလေးရှိသေးတယ်။

အဲ့ဒါကဘာလဲဆိုတော့ OASIS ကနေ Cleansing Massage Cream တစ်ဘူးဝယ်ယူသူတိုင်းကို Mint Choco Pack တစ်ထုပ်လက်ဆောင်ပေးမယ့် Buy 1 Get 1 အစီစဉ်လေးပဲဖြစ်ပါတယ်။ 🥳🥳

ဆားဝက်ခြံတွေရှင်းပစ်ဖို့ Cleansing Cream လေးလည်းဝယ် ၊ မင်မင်ပြောပြတဲ့နည်းလမ်းလေးကိုသုံးကြည့်ဖို့ Choco Pack တစ်ထုပ်လည်းရ။

ကဲ ဝယ်သင့်နေပြီမဟုတ်ဘူးလား။
စဉ်းစားမနေပါနဲ့တော့ ၊ Promotion ရှိတုန်းလေး အမီဝယ်နိုင်အောင်လို့ ခုပဲ Page ChatBox ကို Hello လုပ်လိုက်ပါတော့နော်။ 🙋‍♀️🙋‍♀️

03/07/2021

နူးညံ့အိစက်နေတဲ့ မျက်နှာဖွေးဖွေးလေးကိုရရှိပိုင်ဆိုင်နိုင်ဖို့ အချစ်တို့ကို ပစ္စည်းကောင်းလေးတစ်ခုညွှန်းပေးမယ်နော် … 💫💫

မနက်နိုးလာလို့မျက်နှာကိုစမ်းကြည့်မိလိုက်တိုင်း အမြဲခြောက်ခြောက်သွေ့သွေ့ဖြစ်နေတယ် ၊ ဝက်ခြံအမာရွတ်တွေကြောင့် အသားအရေမညီမညာကြမ်းတမ်းမှုတွေကိုလည်းခံစားနေရပြီဆိုရင်တော့ -

Chocolate နံ့မွှေးမွှေးလေးနဲ့ Mint Choco Pack လေးက ကူညီပေးဖို့အသင့်ပါတဲ့။ 🥳🥳

အထုပ်လေးကိုကြည့်ပြီး စားရမှာလားလို့တော့မတွေးလိုက်နဲ့နော်။ ပြောသာပြောတာ သူ့ရဲ့ချောကလက်နံ့မွှေးမွှေးလေးရယ် အိစက်စက် Cream လေးတွေရယ်က စားချင်စရာလေး။ ( ဒါက မင်မင်သက်သက် ငတ်တာပါ 😛 )

တကယ်တော့ ဒီ Mint Choco Pack လေးက မျက်နှာပေါင်းတင်တဲ့နေရာမှာသုံးရမှာနော်။ သူက -

🔹 မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ဆဲလ်သစ်ပြန်ဖြစ်လာအောင် ကူညီအားဖြည့်ပေးတယ်။

🔹 အသားအရေမညီမညာကြမ်းတမ်းမှုတွေကို ညီညာချောမွေ့သွားစေတယ်။

🔹 ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်အားဖြည့်ပေးတာကြောင့် ခြောက်သွေ့နေတဲ့မျက်နှာလေးကို စိုစိုပြေပြေဖြစ်လာစေတာပေါ့။

🔹 နောက်ပြီး Skin ကိုလည်း Tone Up လုပ်ပေးနိုင်တော့ မျက်နှာလေးကို ဖြူဖွေးနူးညံ့လာစေတယ်လေ။

အသုံးပြုပုံကလည်းလွယ်လွယ်လေးနော်။

အရင်ဆုံး မျက်နှာသန့်စင်ပြီး ခြောက်သွေ့တဲ့မျက်နှာလေးမှာ Cream ကိုမထူးမပါးလူး ( မျက်လုံးနဲ့ နှုတ်ခမ်းနားတဝိုက်ကိုတော့ချန်လူးပေးရမယ်နော် )။ နောက် အနည်းဆုံး ၁၅ မိနစ်လောက်ထားပြီးရင် ရေဆေးချလိုက်ရုံပါပဲ။ ✅✅

ဒီလို တစ်ရက်ကို ၁၅ မိနစ်လောက်အချိန်ပေးလိုက်ရုံနဲ့ ကြမ်းတမ်းခြောက်သွေ့မှုကင်းတဲ့ Glowing Skin လေးကိုရရှိပိုင်ဆိုင်နိုင်ပြီပေါ့။ ✨✨

ဒီ Choco Pack လေးက လူကြိုက်များပြီး စျေးလေးလည်းတန်တော့ပစ္စည်းအကုန်မြန်ပါတယ်။
ဒါကြောင့် မင်မင်တို့မှာ Stock ရှိနေတုန်းလေး အခုပဲလာမှာထားလိုက်တော့နော်။ 🙋‍♀️🙋‍♀️

27/06/2021

အသားဖြူခြင်တဲ့ချစ်တို့အတွက် Instant whtening cream လေးလာပါပြီ ✨✨

OASIS ရဲ့ အချစ်တို့အတွက်
ကိုရီးယားနဲ့ထိုင်းနိုင်ငံတွေမှာတော့ အရမ်းကိုလူသုံးများတဲ့ Cream လေးအကြောင်းပြောပြမယ်နော်။ 💛💛

အသားဖြူဆေးထိုးစရာမလို ၊ အသားဖြူဆေးသောက်စရာမလိုပဲ Instant ဆိုတဲ့အတိုင်း အချိန်အများကြီးပေးစရာမလိုပဲ သိသိသာသာဖြူဝင်းလာစေပါတယ်။

Makeup Primer အနေနဲ့လည်းသုံးလို့ရပြီး လိမ်းလိုက်တဲ့အခါ ခြောက်ကပ်ကပ်ဖြစ်မနေပဲ စိုစိုပြေပြေလေးနဲ့ဝင်းပနေစေတာပါ။

သဘာဝပစ္စည်းတွေကနေပဲထုတ်လုပ်ထားတာကြောင့် ဓာတ်မတည့်ဖြစ်မှာကိုစိုးရိမ်စရာမလိုပဲ -

✅ အမဲစက်နဲ့အရေးအကြောင်းတွေကိုပျောက်ကင်းစေပြီး

✅ အိုမင်းရင့်ရော်မှုကိုတားဆီးပေးကာ

✅ ၂၄ နာရီလုံး စိုစိုပြေပြေလေးနဲ့ Glowing Skin လေးကို ရရှိပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်။

သူက Box လေးနဲ့ လာပြီးတော့ ၁ ဗူးမှာ ခြောက်ထုပ်တောင်ပါတယ်နော်။

စမ်းသုံးကြည့်ချင်တဲ့အချစ်လေးတို့အတွက် တစ်ထုပ်ချင်းလည်းရောင်းပေးမယ် ၊ ဘူးလိုက်လိုချင်လဲရတယ်နော်။ 🥳🥳

စိတ်ဝင်စားလို့မှာယူချင်ရင်တော့ မင်မင်က Page ChatBox မှာစောင့်နေပါတယ်ရှင့်။ 🙋‍♀️🙋‍♀️

21/06/2021

အသားအရေစိုပြေဝင်းပခြင်းရဲ့လျှို့ဝှက်ချက် ( သို့ ) အသစ်ထွက် Hanskin ( City Cream ) ✨✨

နေ့စဉ်ထိတွေ့နေရတဲ့ ဖုန် / သဲ မှုန်တွေ ၊ မီးခိုးငွေ့တွေ ၊ ပူပြင်းတဲ့ နေရောင်ဒဏ်တွေကြောင့် မျက်နှာအသားအရေကြမ်းတမ်းခြောက်သွေ့ပြီး အရေးအကြောင်းတွေပေါ်လာနေပြီလား။ 🤦‍♀️❓❓

OASIS ရဲ့ အချစ်လေးတွေကိုတော့ ဒီလိုကြမ်းတမ်းခြောက်သွေ့ခြင်းတွေကနေကာကွယ်ပေးဖို့ အသစ်ရောက်လာတဲ့ Hanskin ( City Cream ) လေးနဲ့မိတ်ဆက်ပေးမယ်နော်။

ဒီ City Cream လေးက ( Made in Korea ) product ဖြစ်ပြီးတော့ -

💫 Green Tea , Charcoal စတဲ့ အသားအရေကိုနူးညံ့စိုပြေစေတဲ့ ingredients လေးတွေကနေထုတ်လုပ်ထားပါတယ်။

💫 Water Base ဖြစ်လို့ လိမ်းလိုက်ရင် အေးမြတဲ့ Feeling လေးကိုခံစားရတယ်။

💫 City Cream ဆိုတဲ့အတိုင်း မြို့ပြရဲ့လေထုညစ်ညမ်းမှု ( ဖုန်သဲမှုန်တွေ ၊ မီးခိုးငွေ့ တွေ ) ကနေလည်းကာကွယ်ပေးပါသေးတယ်။

တောက်ပခြင်း ၊ ချောမွေ့ခြင်းနဲ့အရေးအကြောင်းပျောက်ကင်းစေခြင်းစတာတွေကြောင့် Korea မှာတော့လူသုံးအများဆုံး product လေးနော်။

Moisturizing Cream အနေနဲ့လည်းသုံးလို့ရပြီး လိမ်းထားရင်အဆီမပြန်ပဲ အေးအေးလေးနဲ့အစိုဓာတ်ကိုထိန်းပေးနိုင်တာကြောင့် နွေ ၊ မိုး ၊ ဆောင်း ရာသီမရွေးအသုံးပြုလို့ရတာပေါ့။ 💛💛

Korea နိုင်ငံထုတ် product လေးတွေရဲ့ထုံးစံအတိုင်း Quality ကစိတ်ချရပြီး စျေးလည်းသင့်လို့

🔹 ပစ္စည်းအသစ်လေးလည်းသုံးချင်

🔹 Budget လေးလည်းချွေတာချင်ပါသေးတယ်ဆိုတဲ့ သူတွေအတွက်တော့အသင့်တော်ဆုံးပဲပေါ့။

ကဲ မင်မင်တို့ကတော့ အချစ်လေးတွေအတွက် product ကောင်းလေးတွေ ရှာပြီးတင်ပေးထားတယ်နော်။ လာဝယ်ဖို့ကတော့ အချစ်လေးတွေရဲ့တာဝန်မလို့ Page ChatBox မှာ စောင့်နေပါမယ်ရှင်။ 🙋‍♀️🙋‍♀️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


NO(97), PhoneGyi Street, Lanmadaw T/S
Yangon
11131

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00