IWorkout

IWorkout

Share

iWorkout With ZekT

15/08/2023

ကိုယ်ခန္ဓာအပေါ်ပိုင်းနှင့်အောက်ပိုင်းကြွက်သားလေ့ကျင့်ခန်းပေါင်းစပ်လေ့ကျင့်လို့ရနိုင်သလား?
(Can work out upper & lower body same day)
+++++++++++++++++++++++++++++++++++++++

အဖြေကတော့ ကိုယ်ခန္ဓာအထက်၊အောက်ကြွက်သားတွေကို တရက်ထဲပေါင်းစုပြုလုပ်နိုင်ပါတယ်။ အချိန်ရှားပါးသူတွေအတွက်တော့ ကိ်ုယ်ခန္ဓာတခုလုံးလေ့ကျင်ခန်းပြုလုပ်ခြင်းကြောင့် energy ကယ်လိုရီကိုပိုမိုလောင်ကျွမ်းစေပါတယ်။ သိုပေမယ့် နေ့စဉ်လေ့ကျင့်ဖို့အတွက်ဆိုရင်တော့ ကောင်းမွန်တဲ့စိတ်ကူးမဟုတ်တာတော့အသေအချာပါဘဲ။ အပေါ်ပိုင်းနှင့်အောက်ပိုင်း ကြွက်သားလေ့ကျင့်ခန်းများကို တရက်ထဲပြုလုပ်ဖို့ဆိုရင်တော့ လုံလောက်သောအချိန်နှင့်အတူ အသင့်လျော်ဆုံး အစီအစဉ်ဖြင့် ကြွက်သားအုပ်စုများ ဘယ်လိုလေ့ကျင့်မလဲဆိုတဲ့ အစီအစဉ်နှင့်အတူ ခံနိုင်ရည်ဇွဲ၊ စိတ်ဝင်စားမူ၊လှုံဆော်မူ့ရှိဖို့ဘဲလိုအပ်တာပါ။အရေးကြီးဆုံးအချက်ကတော့ လုံလောက်တဲ့ကြွက်သားအနားယူမူနဲ့ လေ့ကျင့်မူ့ဟာမျှတဖို့ပါဘဲ။

စနစ်တကျကြွက်သားအကြီး၊အသေးလေ့ကျင့်မူ့ အစီအစဉ်ချမှတ်လေ့ကျင့်ခြင်း (Sequence)
*********************************

အထိရောက်ဆုံးလေ့ကျင့်မူ့အစီအစဉ်စတင်ဖို့ဆိုရင်တော့ ကိုယ်ခန္ဓာစွမ်းအင်အများဆုံးအသုံးပြုတဲ့ ကြွက်သားအကြီးအုပ်စုကို ပထမဦးစွာလေ့ကျင့်ရပါမယ်။
၁- ရင်ဘတ်
၂- ပုခုံး (ဆုံ)
၃- နောက်ကျော ( ကျောပြင်အလယ်မဏ္ဏိုင်ပင်မကြွက်သား၊ တောင်ပံကြွက်သား)
၄- အောက်ပိုင်း ( ပေါင်ရှေ့၊ ပေါင်အတွင်းပိုင်း)
၅- တင်ပါး (အလေးထမ်းထိုင်ထ)

အထက်ပါလေ့ကျင့်ခန်း ၅ မျိုးလေ့ကျင့်မူ့ပြီးဆုံးပြီဆိုလျှင် ကိုယ်ခန္ဓာစွမ်းအင်အနည်းငယ်သာအသုံးပြောသော ကြွက်သားအသေးအုပ်စုကို လေ့ကျင့်ရပါမယ်။
၆- လက်မောင်း (ရှေ့၊နောက်)
၇- လက်ဖျံ
၈- ခြေသလုံး
၉- ဝမ်းဗိုက်ကြွက်သား

အထက်ပါအစီအစဉ်အတိုင်း မပြုလုပ်ဖြစ်ဘဲလွဲချော်ခဲ့ရင်၊ သို့မဟုတ်မလုပ်ဖြစ်လို့လဲ စိုးရိမ်စရာမရှိပါဘူး။ ဆိုလိုချင်တာက ကြွက်သားအကြီးအုပ်စုလေ့ကျင့်စဉ်ထဲမှာဘဲ ကြွက်သားအသေးတွေဟာပါဝင်ခဲ့ပါတယ်။ ဥပမာ။ ရင်အုပ်ကြွက်သားအတွက် အလေးတွန်းတင်(Bench-press) သို့မဟုတ် Push-up(ဒိုက်ထိုး) လေ့ကျင့်စဉ်မှာဘဲ ကြွက်သားအသေးအုပ်စုထဲက လက်မောင်းရှေ့၊နောက်သား(Bicept,Tricept) ဟာပါဝင်လေ့ကျင့်ခဲ့ပြီးဖြစ်ပါတယ်။ ထိုအတူ သင့်ရဲ့ ဝမ်းဗိုက်နှင့်ကျောပြင် မဏ္ဏိုင်ကြွက်သားတွေကလည်း ကိုယ်ခန္ဓာအနေအထားမှန်ကန်ဖို့နှင့် ဘက်ညီမျှတစေဖို့ပါဝင်နေခဲ့ပြီးဖြစ်ပြန်ပါတယ်။ (Core) မဏ္ဏိုင်ကြွက်သားတွေ ပင်ပန်းလာတာနှင့်အမျှ ခါးကွေးညွတ်ခြင်း(သို့) လက်ပြင်ကွေးကုန်းလာခြင်းများကို လေ့ကျင့်နေစဉ်အတွင်းဖြစ်ပျက်လာတတ်တာကြောင့် ကျောပြင်၊ဝမ်းဗိုက် (Core) မဏ္ဏိုင်ကြွက်သားလေ့ကျင့်ခန်းကို နောက်ဆုံးအဆုံးသတ်မှပြုလုပ်လေ့ကျင့်ခြင်းက ပိုမိုသင့်တော်ပါတယ်။

ကြွက်သားခွန်အားပြန်လည်ပြည့်ဝရန် အနားယူချိန်(Recovery Time)
**************************************************
ကိုယ်ခန္ဓာအထက်၊အောက်ကြွက်သားတွေကို တရက်ထဲပေါင်းစုလေ့ကျင့်သည်ဖြစ်စေ၊ အထက်ပိုင်းတရက်၊ အောက်ပိုင်းတရက်အဖြစ် ရက်ခွဲလေ့ကျင့်သည်ဖြစ်စေ အရေးကြီးဆုံးအချက်ကတော့ ကြွက်သားခွန်အားပြန်လည်ပြည့်ဝစေဖို့ လုံလောက်သောအနားယူချိန် ၄၈နာရီ(၂ရက်)မှ ၇၂နာရီ(၃ရက်) အထိလိုအပ်ချက်ကတော့အတူတူဘဲဖြစ်ပါတယ်။ Begineer ပထမဦးဆုံးစတင်လေ့ကျင်သူဆိုရင် ကြွက်သားယောင်ယမ်းမူ့ဟာ ၃ရက်ထက်ပိုမိုကြာမြင့်တတ်ပြီး အလေ့အကျင့်ဖြစ်လာသည်နှင့်အမျှ recover timeဟာလျော့နည်းလာတတ်သလို လေ့ကျင့်ခန်းပြီးဆုံးချိန်နောက်ပိုင်း နာကျဉ်ခြင်းဟာ တနည်းအားဖြင့်ကြွက်သားကြီးထွားလာခြင်းဖြစ်တာကြောင့် ပိုနာလေပိုကြီးလာလေလို့ သင်ခံစားမိလာမှာပါ။

ဆန့်ကျင်ဘက်ကြွက်သားများ လေ့ကျင့်ခြင်း (Opposing Muscles)
**************************************************
ကြွက်သားတိုင်းတွင် ဆန့်ကျင်ဘက်ကြွက်သားများက ဆန့်ကျင့်ဘက်အရာ(အားနည်းခြင်း)တွေကိုဖြစ်စေတတ်စမြဲဘဲဖြစ်ပါတယ်။ ပေါင်ရှေ့သားလေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ အခြားဆန့်ကျင်ဘက်ကြွက်သား (ပေါင်အနောက်ကြွက်သား(hamstring) ပူးတွဲအသုံးပြုခြင်းကြောင့် ကိုယ်ဟန်အနေအထားယိမ်းယိုင်ခြင်း၊ နာကျင်ခြင်းတို့ဖြစ်ပေါ်စေပါတယ်။ ထို့အတွက်ကိုယ်ခန္ဓာအထက်၊အောက်ကြွက်သားတွေကို တရက်ထဲပေါင်းစုလေ့ကျင့်သည်ဖြစ်စေ၊ အထက်ပိုင်းတရက်၊ အောက်ပိုင်းတရက်အဖြစ် ရက်ခွဲလေ့ကျင့်သည်ဖြစ်စေ ဆန့်ကျင်ဘက်ကြွက်သား(အားနည်းသောကြွက်သား)လေ့ကျင့်ခန်းမှားကို မပျက်မကွက်အတူတကွပူးတွဲလေ့ကျင့်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

လေ့ကျင့်မူ့အကြိမ်အရေအတွက် (Frequency)
********************************************
ကြွက်သားအားလုံးအတွက်လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ၂-၃ရက်ခြားပြီး တပါတ် ၂ ကြိမ်မှ၃ကြိမ်ခန့်လေ့ကျင့်ခြင်းဟာ ကြွက်သားအတွက်ပြည့်ဝလုံလောက်တဲ့ အနားယူမူ့ဖြစ်စေပြီး အကျိုးသက်ရောက်မူဖြစ်စေပါတယ်။ ကြားရက်အနားယူမယ့်နေတွေမှာတော့ ကာဒီယိုလေ့ကျင့်ခန်းကို တပါတ်မှာ ၁၅ မိနစ် (သို့) တရက် ၃၀ မိနစ်ခန့်ပြုလုပ်သင့်ပါတယ်။

Admin အကြိုက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်အဖြစ် အကြံပြုချင်တာကတော့
Day 1-Monday - Upper Body
Day 2-Tuesday - Lower Body
Day 3-Wednesday- Rest or Cardio
Day 4-Thursday - Full Body (heavy day)
Day 5- Friday- Rest or Cardio
Day 6- Saturday - Full Body (light day)
Day 7- Sunday- Rest or Cardio

လေ့ကျင့်ခန်း၊ အစားအစာ၊ အဆီချခြင်းနှင့် Workout ဝါသနာပါသူများအတွက် ဆောင်းပါးများ ဆက်ဖတ်လိုပါက GYM_Professor page ထဲ ဝင်ရောက်လေ့လာနိုင်ပါကြောင်း။ အား ခရက်ဒစ်ပေးခြင်းဖြင့် Share & Copy ကူးယူဖော်ပြခြင်းပြုနိုင်ပါတယ်ခင်ဗျာ။



ဒေါမနစ် (စင်္ကာပူ)

၂၁ရက် မတ်လ ၂၀၁၇ (SGT 20:40)

28/07/2023

Six Packsရဖို့နေရာကွက်၍ အဆီချခြင်း

အဆီချလိုရင် နေရာကွက်ပြီးအဆီချလို့မရဘူးဆိုတာ ကျွန်တော် ရှေ့မှာ ကျယ်ကျယ်ပြန့်ပြန့်ရေးခဲ့ပြီးပါပြီ။ fitnessနယ်ပယ်မှာ အဆီကို နေရာကွက်ချလို့ မရဘူးလို့ အတော်များများ က လက်ခံထားတာပါ။ စားတဲ့ကယ်လိုရီကိုလျော့စားပြီး အားကစားလုပ်လို့လောင်ကျွမ်းတဲ့ ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေရင် တကိုယ်လုံးက အဆီတွေ အားလုံးကို လောင်ကျွမ်းစေမှာဖြစ်ပါတယ်။ ဗိုက်ကအဆီကျသလို ပေါင်က အဆီလည်း ကျမယ် တင်က အဆီလည်းကျမယ် ကျော အဆီလည်းကျမယ်ဖြစ်ပါတယ်။ ဘယ်ရီကစားတာ ဘယ်ရီရိုက်တာ က အောက်ခံကြွက်သား ကို တည်ဆောက်ခြင်းသာဖြစ်ပြီး အဆီဖြိုခွဲ ဖို့ က အစားလျော့ပြီး ကယ်လိုရီ အဝင်နည်းဖို့ နဲ့ cardio, hiit တွေ နဲ့ ကယ်လိုရီ အပိုတွေ လောင်ကျွမ်းပြစ်ရမှာဖြစ်ပါတယ်။ abs is made in kitchen ဆိုတဲ့စကား ကို အားလုံးက လက်ခံထားပါတယ်။

ဒါပေမဲ့ တနေ့ က Christian Thibaudeau ရေးတဲ့ နေရာကွက်ပြီး အဆီဖြိုခွဲခြင်းဆိုတဲ့ ဆောင်းပါးလေးဖတ်မိပါတယ်။ သူက တချိန်တုန်းက bodybuilder တယောက်မဟုတ်ပါဘူး။ အလေးမ weighting, power lifting အားကစားသမားတယောက်ပါ။ သူ့ရဲ့လေ့ကျင့်မှု များမှာ နေ့စဉ် squating ထိုင်တဲ့လေ့ကျင့်ခန်းတွေ များစွာလုပ်ရပါတယ်။ အဲဒီတုန်းက သူရဲ့အောက်ပိုင်းဟာ အဆီ ၆ ရာခိုင်နှုံး ဘဲရှိပြီး အပေါ်ပိုင်း ဟာ ၂၀ ရာခိုင်နှုံး အဆီရှိပါတယ်။ ဘာကြောင့် အောက်ပိုင်းက ကျစ်လစ် အဆီကင်းနေရပါသလဲ။ နေ့စဉ် လိုလို ထိုင်ထ လေ့ကျင့်ခန်းတွေကြောင့်ပါသလား။ ဒီအကြောင်းနဲ့ ပက်သက်ပြီး ဒေါက်တာ Lonnie Lowery က အခုလိုရှင်းပြပါတယ်။ အဆီတွေ ဖြိုခွဲ ပြိုကွဲ ဖို့ အဲဒီအဆီ နေရာတွေကို သွေးလှည့်ပတ်မှု သွေးဝင်ရောက်မှု က အရေးကြီးပါတယ်။ သွေးဝင်ရောက်မှုနည်းတဲ့နေရာတွေမှာ ပိုအဆီစု တတ်ပါတယ်။ ဥပမာ ချက်အောက်ပိုင်း မှာ သွေးလှည့်ပတ်မှုနည်းလို့ အဆီများတဲ့ သလိုပါဘဲ။ သွေးဝင်ထွက်မှုနည်းရင် အဆီက ပြိုကွဲထွက်လာတဲ့ fatty acid တွေကို ကောင်းစွာ မဖယ်ရှားနိုင်တော့ပါဘူး။ ဒါဆို သင်လေ့ကျင့်ခန်းworkout လုပ်လို့ လိုအပ်တဲ့ ကယ်လိုရီအတွက် စွမ်းအင်ရဖို့ ကြွက်သားတွေက ဂလိုင်ကိုဂျင်ကို လောင်ကျွမ်းမှာလား အဆီတွေက fatty acid ကိုလောင်ကျွမ်းမှာလား။ အဆီကိုသွေးဝင်ရောက်မှုများစေပြီး အဆီတွေထဲ ပြွန်ချောင်းငယ်လေးထည့်ပြီးတိုင်းကြည့်တဲ့အခါ အဆီတွေပို လို့ပြိုကွဲတာကိုတွေ့ရပါတယ်။ ဒါကို နေရာကွက်၍ အဆီချခြင်းလို့ခေါ်ပါတယ်လို့ မူရင်းစာရေးသူက ပြောပါတယ်။ ဒါကြောင့် ကိုယ့်ချလိုတဲ့ အဆီနေရာနဲ့ အနီးစပ်မှာရှိတဲ့ ကြွက်သားတွေ လေ့ကျင့်ခန်းလုပ်ရင် ထိုနေရာမှာ ရှိတဲ့ အဆီတွေလည်း သွေးလှည့်ပတ်မှု သွေးဝင်ရောက်မှုပိုကောင်းလာပါလိမ့်မယ်။ ဒါကိုသူက လေ့ကျင့်ခန်းလုပ်ပြီး သက်သေပြခဲ့ပါတယ်။ ဥပမာ ဗိုက်က အဆီချဖို့ ဗိုက်ကြွက်သားလေ့ကျင့်ခန်း တခုခု ဘယ်ရီရိုက်တာဖြစ်ဖြစ် crunch ဖြစ်ဖြစ် leg raise ဖြစ်ဖြစ် စက္ကန့် ၆၀ လောက် အနည်းဆုံးလုပ်ရပါမယ်။ စက္ကန့် ၆၀ ထက်နည်းရင် သွေးလှည့်ပတ်မှုကောင်းမှာ မဟုတ်ပါဘူး။ ပြီးတာနဲ့ ကယ်လိုရီ လောင်ကျွမ်းမှုပိုကောင်းအောင် condition exercise လုပ်ခေါ်တဲ့ ခွန်အားကို အများကြီးသုံးရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ တာတို အမြန်ပြေးတာ prowl
er pushအလေးတွေဆွဲပြီးပြေးတာ tyre flipတာယာအကြီး ကြီးတွေ မပြီးလှန်တာ battle ropeကြိုးအကြီးကြီး များကို ဆွဲခါတာ စတဲ့ လေ့ကျင့်ခန်းများလုပ်နိုင်တယ်ဆိုရင် ခုနက abs ကစားထားလို့ သွေးလှည့်ပတ်မှုကောင်းနေတဲ့ ဗိုက်က အဆီတွေ ကိုလောင်ကျွမ်းပြစ်နိုင်တယ်လို့ဆိုပါတယ်။ ဗယ်ရီချည်းဘဲ အခေါက်ပေါင်း ရာ ထောင် ကစားလို့ သွေးလှည့်ပတ်မှု တမျိုးဘဲကောင်းပြီး အဆီကျလောက်အောင် ကယ်လိုရီမလောင်ကျွမ်းနိုင်ပါဘူး။
Condition exercise မလုပ်နိုင်ရင်တောင်မှ ဗယ်ရီ ကစားပြီးတာနဲ့ ဆက်တိုက် ကာဒီရိုCardio ဆယ်မိနစ် သို့ မဟုတ် hiit ၅ မိနစ် ကို သုံးကျော့ လောက် ကစားနိုင်မယ်ဆို သိသိသာသာ နေရာကွက်ပြီးလောင်ကျွမ်းနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဆုံးသက်မှာတော့ ကိုယ်ထဲဝင်မဲ့ အစာတွေ ရဲ့ ကယ်လိုရီ လျော့ချနိုင်ဖို့ ကတော့ အရေးကြီးဆုံးဖြစ်ပါတယ်လို့ ဆောင်းပါရှင် က ရေးသားထားပါတယ်။
Christian Thibaudeau ရေးတဲ့ အတိုင်း နေရာကွက်ပြီး အဆီချလို့ ရ မရ စမ်းကြည့်ရအောင်လား။ တလ လောက် ကစားပြီး သူရေးတာ မှန် မမှန် ကျွန်တော်ကို feedback ပြန်ပေးပါလားခင်ဗျား။
ထွန်းထွန်း

Photos from IWorkout's post 19/07/2023

မူရင်းရေးသားသူကို ပေးပါတယ်။

ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီး
လာမေးထားလို့

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)

> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ္​တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )

>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)

> Alkaline Phosphates - အသည်းစစ်တာ
>AFP - အသည်းကင်ဆာစစ်တာ

@ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် )

> Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )

> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို
စစ္​တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ္​တာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
(Chest X-ray)
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV - HIV ပိုးစစ္​တာ
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
်ကိုင်းတာကို စစ်တာ
ခဏခဏလာမေးလို့ တင်ပေးလိုက်တာပါ
အားနည်းချက်အများကြီးနဲ့ မပြည့်စုံတာတွေကို တစ်ဖြည်း၂နဲ့ ပြန်ပီးပြင်ဆင် ဖြည့်စွက်ပေးပါ့မယ်
(ဗဟုသုတအဖြစ်သာ)
Credit # # #
Luma Lay

10/07/2023

သူ့ခမျာ အိမ်မက်တွေအထိပါ မက်လို့ 😁

08/07/2023

Gym ​ဆော့တယ့်အခါ သိထားသင့်တယ့် term အချို့‼️

Repetitions(Rep)-အကြိမ်​ရေ💥
-push up လုပ်တယ့်အခါ 10 ကြိမ်လုပ်ရင် 1 ကြိမ်ကို
1 repetition/1 rep , 10 ကြိမ်ကို 10 repetitions/
10 reps လို့​ခေါ်ပါတယ်✅️

Set-အ​ကျော့💥
-push up လုပ်တယ့်အခါ 10 ကြိမ်လုပ်ရင် အဲ့ 10 ကြိမ်​ပေါင်းကို 1 set လို့​ခေါ်ပါတယ်✅️

Frequency-တစ်ပါတ် မှာလုပ်တယ့် ပမာဏ💥
-တစ်ပါတ်မှာ chest ကို 2 ရက်​ဆော့တယ်ဆိုရင် chest အတွက် frequency က 2 ရက် ဖြစ်ပါတယ်✅️

Duration-workout 1 ချိန် ကြာချိန်💥
-မိမိ workout လုပ်ချိန်က တစ်နာရီဆိုရင် Duration က
1 hour ပါ✅️

Volume-workout တစ်ချိန်မှာ ပြုလုပ်တယ့်
ကြာချိန်+အ​ကျော့​ပေါင်း+ပြင်းအား💥
-push up 10 reps of 4 set+Bench press 10 reps of 4 set with 40 kg+ Duration of workout 1 hour
အဲ့တာကို workout volume လို့ ​ခေါ်ပါတယ်💥

Resting Interval-တစ်​ကျော့နဲ့ တစ်​ကျော့ကြား
နားချိန်💥
-push up 10 reps လုပ်ပြီး 1 minute နားရင် အဲ့
1 minute က ŕesting interval ဖြစ်ပါတယ်✅️

Time under tension-​1 rep မှာရှိတယ့် အဆင်း နဲ့ အတက် ကြာချိန်💥
-bench press တွန်းတယ့်အခါ အတက်မှာ 3 second နဲ့ အဆင်းမှာ 4 second ဆိုရင် အဲ့ 3 sec နဲ့ 4 sec ​တွေက time under tension ဖြစ်ပါတယ်✅️

Intensity-​လေ့ကျင့်ခန်းရဲ့ ပြင်းအား💥
-ပြင်းအားကို မြှင့်တာ 4 မျိုးရှိပါတယ်✅️

-အ​လေးဝန်တိုးပြီး မြှင့်တာ ✅️
eg-chest တွန်းတာကို 40kg က​နေ 50kg ကိုတိုးသွားတာ⬆️

-အကြိမ်/အ​​ကျော့သုံးပြီး မြှင့်တာ✅️
eg-chest တွန်းတာကို 10 reps of 4 set က​နေ
12 reps of 5 set ကိုတိုးသွားတာ⬆️

-Time under tension ကိုမြှင့်တာ✅️
eg-chest တွန်းတာကို အတက် 3 sec/အဆင်း 3 sec က​နေ အတက် 4sec/အဆင်း 4 sec ကိုတိုးသွားတာ⬆️

-Resting interval ကို​လျှော့တာ✅️
eg-set တစ်ခုနဲ့ တစ်ခုကြားကို 1 minute နား​နေရာက​နေ 30 sec ပဲနား​တော့တာ⬆️

Photos from IWorkout's post 05/07/2023

ပျော်ရွှင်စွာအဆိပ်ပြင်းမြွေဖမ်းသူများ
🔥🔥🔥🔥🔥🔥🔥🔥🔥🔥

Bodybuilders တွေ tay ဆုံးရင် ရုတ်တရက်ဆိုတဲ့ စကားကြောင့်ကြားလိုက်ရသူ အားလုံး မျက်လုံး
ပြူးကြရတာ ခဏခဏပါပဲ...

Tay ဆုံးကြရတဲ့ အကြောင်းရင်းကိုဘယ်သူမှ ဂဃနဏ မသိကြပါဘူး။

နောက်ဆုံး ဆရာဝန်တွေရဲ့ မှတ်ချက်ဖြစ်တဲ့ နှလုံးခုန် ရုတ်တရက် ရပ်ပြီးသေဆုံးတယ်လို့သာ အားလုံးသိကြ
ရတာပဲ ဖြစ်ပါတယ်...

Tay ဆုံးသွားသူတွေရဲ့ ဂုဏ်သိက္ခာကို မထိပါးစေတဲ့ မှတ်ချက်ပဲဖြစ်ပါတယ်။ Tay ဆုံးသွားသူတွေကိုလည်း
အပြစ်မပြောလိုကြပါဘူး..

သို့သော် Tay ဆုံးအောင် ဖြစ်ရတဲ့လက်သည် တရားခံကို လူတိုင်းသိကြပါတယ်..။

Bodybuilders တိုင်းဟာ ကြွက်သားတွေကြီးဖို့ Steroids တွေကို အန္တရာယ်ရှိမှန်း သိသိကြီးနဲ့ ငွေကုန်ကြေးကျခံပြီး ပျော်ပျော်ကြီး သုံးကြပါတယ်..

အခုအချိန်မှာတော့ Steroids တွေကိုဘာမဆိုင်ညာမဆိုင် သာမန်လူတွေကအစ သုံးစွဲနေကြပါတယ်..။

ကြွက်သားကြီးဖို့ အဆီကျဖို့ဆိုပြီးSteroids ကို သုံးစွဲပြီးဆိုတည်းကကျန်းမာရေးလမ်းကြောင်းကနေလမ်းလွဲသွားပြီဖြစ်ပါတယ်...

2017 ခုနှစ်က ဆုံးသွားတဲ့Dallas McCarver ဆိုရင် အသက်26 နှစ်သာရှိပါသေးတယ်။

ဆရာဝန်ရဲ့မှတ်ချက်မှာတော့
စူးရှပြင်းထန်သောနှလုံးရောဂါဖြင့် tayဆုံးရခြင်းဖြစ်ပြီး
steroids ကြောင့်ဖြစ်သည်လို့ ပြောထားပါတယ် ။

Mr. Olympia Shawn Rhoden ကတော့ (6.11.2021)မှာ
လစ်သွားပြီး အသက် 46 နှစ်သာရှိပါသေးတယ်..

ဆရာဝန်တွေရဲ့ မှတ်ချက်မှာလစ်သွားရတဲ့ အကြောင်းရင်းကHeart Attack ကြောင့်ပါပဲတဲ့...

မနေ့ကထပ်ပြီး ရုတ်တရက် Tayဆုံးသွားတဲ့ Jo Lindner ဆိုရင် အသက်30 ပဲရှိပါသေးတယ်..။

သူ့မှာ Rippling muscle diseaseဆိုတဲ့ ကြွက်သားတွေ အထိခိုက်မခံနိုင်တဲ့၊ ရှားပါးတဲ့ရောဂါတခုခံစားနေရတယ်လို့ 6 လပိုင်း အင်တာဗျူးတခုမှာ ဝန်ခံထားပါ
တယ်..

ဒီရောဂါဟာ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် ပြုလုပ်လို့မရသလို ပြိုင်ပွဲတက်ဖို့လည်း မဖြစ်နိုင်တော့ဘူးလို့
သူပြောခဲ့ပါတယ်..

သွေးကြောနံရံတွေထူလာ တာနဲ့အမျှကြွက်သားများ နာကျင်မှု့ဟာခန္ဓာကိုယ် အလယ်ပိုင်းနဲ့ ပေါင်ကြွက်
သားတွေမှာ သိသိသာသာ ခံစားရတယ်လို့ ဆိုပါတယ်။

အားထည့်ပြီး ကြွက်သားတွေကို ကစားလိုက်တာနဲ့ ကြွက်တက်သလို ခံစားရပြီး တခါဖြစ်ရင် စက္ကန့် 30
လောက်ထိကြာတယ်လို့ ဆိုပါတယ်၊ဆိုးဝါးလာတာကတော့ နောက်ဆုံးအကြောလျော့ အကြောဆန့်ရင်ကို
ဖြစ်နေတော့တာပဲလို့ ပြောခဲ့ပါတယ်။

မတော်တဆ ထိခိုက်မိရင်တောင်ခန္ဓာကိုယ် ကြွက်သားတွေဟာ အလွန်အမင်း နာကျင်မှု့ခံစားရတာစက္ကန့် 30လောက် ကြာတတ်လာပါတယ် တဲ့။

ဒီရောဂါနဲ့ ဆက်စပ်ပြီး နှလုံးဟာလဲ ကြွက်သားနဲ့ ဖွဲ့စည်းထားတာမို့၊နှလုံးကို ထိခိုက်မှာ၊နှလုံးရောဂါဖြစ်မှာကို စိုးရိမ်မိတယ်လို့ပြောပါတယ်။

နောက်ပြီး သူ့မှာ ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်လုပ်တဲ့ Testosterone ကအရမ်းနည်းနေတဲ့
အတွက် Testosterone Replacement Therapy (TRT) ကို လုပ်ရမယ်လို့ ပြောခဲ့ပါတယ်....

တချိန်တည်းမှာဘဲ အူကျ ဝေဒနာ
ခံစားနေရတဲ့အတွက် ခွဲစိတ်ကုသမှု့ခံယူရင်းလေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ဘဲ တနှစ်လောက် အနား
ယူဦးမယ်လို့ သူ့ရဲ့ အင်တာဗျူး မှာ ဖြေသွားခဲ့တယ်။

Jo Lindner ဟာ Steroids တွေ သုံးစွဲရင်းGynecomastia ဖြစ်ပြီး ရင်သားတွေစူလာတဲ့ အတွက် ခွဲစိတ်မှု့လုပ်ခဲ့ရပါ
သေးတယ်....

သူရဲ့ IG မှာ နောက်ဆုံးတင်ခဲ့တဲ့ပိုစ့်မှာ သူပြောခဲ့ဝာာဝော့ာ

💝ကျန်းမာတဲ့ ခန္ဓာကိုယ်ကို တည်ဆောက်မယ်ဆိုရင် သဘာဝအတိုင်း တည်ဆောက်တာကသာ အကောင်းဆုံးပါပဲလို့ပြောခဲ့ပါတယ်

ကိုယ်ဖြစ်ချင်တာဖြစ်ဖို့အတွက်အန္တရာယ် ဘယ်လောက်များများပျော်ပျော်ကြီးကို သုံးကြတဲ့သူတွေ
ကအများကြီးပါပဲ...
အောက်ခြေမခိုင်တဲ့ တည်ဆောက်မှု့ဟာ ရေရှည်မခံသလို ကျန်းမားရေးဆိုတဲ့ ဘောင်ထဲလည်း မဝင်ပါဘူး

အန္တရာယ်ရှိမှန်း သိသိကြီးနဲ့ ရမ်းသုံးမှန်းသုံးတွေ အတတ်နိုင်ဆုံးရှောင်ရှားကြစေချင်ပါတယ်...။
မဖြစ်မနေသုံးဖို့ လိုအပ်လာရင်လည်းကျွမ်းကျင်သူ ဆရာများနဲ့သာ တိုင်ပင်ပြီး သုံးစွဲကြပါ..။

Jo Lindner လစ်သွားရတဲ့ အကြောင်းရင်းကို အခုအချိန်အထိ ဘာကြောင့်ဆိုတဲ့တရားဝင်မှတ်ချက် မသိကြရသေးပါဘူး...။

💠💠💠💠💠💠💠💠💠💠

ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
Copy ယူလျှင် ရေးသူနာမည်ပါ ထည့်
ရေးထားပါသည် ။
နာမည်ကို ဖြုတ်ချန်မထားခဲ့ပါနဲ့


↔️↔️↔️↔️↔️↔️↔️↔️↔️↔️↔️

14/05/2023

ရခိုင်မြောက်ပိုင်း အရေးပေါ် အခမဲ့လူနာတင်ယာဉ်များ ကွန်ယက် ဆက်သွယ်ရန် ဖုန်းနံပါတ်များစုစည်းမှု

၁။ မောင်တောမြို့
အသင်းအမည် - KRN (Since-2018)
မောင်တောမြို့နယ် ကရုဏာကွန်ရက်
Karuna Rescue Network,Maungdaw
☎️- 09450559011/ 09250242566 / 09421724020 / 09892527974
https://www.facebook.com/maungdawhealth/

၂။ ဘူးသီးတောင်မြို့
အသင်းအမည်-
WDAB (Since-2016)
အနောက်တံခါးလူမှုကူညီကယ်ဆယ်ရေအသင်း
Western Door Rescure
Association,Buthidaung
☎09444237366,09250453511
☎ 09423144689
https://www.facebook.com/WDAB-Emergency-Service-1197632806945013/

၃။ ဘူးသီးတောင်မြို့
အသင်းအမည်-ရွှေဘူးသီး ပရဟိတအသင်း
ဆက်သွယ်ရန်ဖုန်းနံပါတ်များ -
📞09 454 915 800
📞09 421 702 224
📞09 264 918 290
📞09 250 760 664
📞09 263 111 200
📞09 451 216 133

https://www.facebook.com/103878008700801/posts/134480255640576/

၄။ စစ်တွေမြို့
ရွှေကရုဏာဖေါင်ဒေးရှင်း
☎09254032849,09421742424
☎ 09254033646
https://www.facebook.com/shwe.keruna

၅။ စစ်တွေမြို့
အသင်းအမည်-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
☎ဆက်သွယ်ရန်☎
📞09421712136📞
📞09755866100📞 (ရုံးဖုန်း)
📞09421765245📞
📞09261652117📞 (သွေးတာဝန်ခံ)
📞09668598083📞 (ရေတာဝန်ခံ)
📞09261853694📞 (oxygen တာဝန်ခံ)
https://www.facebook.com/104410934280813/posts/628258428562725/

၆။ ပုဏ္ဏားကျွန်းမြို့
အသင်းအမည် (PDYO)
Ponnagyun Development Youth Organization
☎09421746797,09422383826
☎09422383817,09422383827 https://www.facebook.com/pngdevyouth/

၇။ ကျောက်တော်မြို့
အသင်းအမည်-
ဖြူစင်မေတ္တာပရဟိတအသင်း
☎09261648068,09261071938, 09421734353
☎09259786025,09253075710 https://www.facebook.com/profile.php?id=100060181620952&mibextid=ZbWKwL

၈။ မြောက်ဦးမြို့
အသင်းအမည်-
ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း
☎09250830644,09260259115
https://www.facebook.com/580917072050244/

ဖုန်းနံပါတ်များ Update မဖြစ်ပါက Comment တွင်ဖြည့်စွပေးနိုင်ပါသည်။

သင်၏ Share ဖြင့် အသက်ကယ်ပါ ၊ ကုသိုလ်ယူပါ ။
Source - WDAB
(ကရုဏာ- သတင်းနှင့်ပြန်ကြားရေး)
☎️ - 09421762178 ထံမှ ထပ်ဆင့်ဖော်ပြသည်။
Crd

Photos from IWorkout's post 14/05/2023

စစ်တွေ #စစ်တွေ
ဒီအတိုင်းသာဆို စစ်တွေ တစ်မြို့လုံး နီးပါး ရေဖုံးတော့မယ်

“မိုခါ” မုန်တိုင်းက စစ်တွေ နဲ့ မိုင် ၃၀ အကွာမှာ ရောက်နေပြီ

ဆက်သွယ်ရေး စနစ်တွေ ပြတ်တောက်သွားပါပြီ။ MPT Telenor အော်ရီဒူး မရတော့ပါ

ကယ်ဆယ်ရေးတွေ ကိုယ်တိုင် အသက်လုနေရ

အစိုးရက အနီရောင်အဆင့် ကြေငြာခဲ့ပါတယ်။ လုံးဝ အနီရောင်ကနေ မလျှော့ခဲ့တာ သတိထားမိပါတယ်။

အနီအဆင့်ကြောင့် ရှောင်တိမ်းသွားကြတာ မြို့နေလူထုရဲ့ ၂၀ ရာခိုင်နှုန်းတဲ့

မုန်တိုင်းကြောင့် ဒီရေက ၁၆ ပေထိ မြင့်တက်နိုင်တယ်လို့ ကြေငြာထား

“မိုခါ” က ရခိုင်ကမ်းရိုးတန်း၊ မကွေး၊ ချင်း၊ စစ်ကိုင်းနှင့် ရှမ်းပြည် မှ လူပေါင်း (၁၇) သန်းဝန်းကျင် ထိခိုက်နိုင်သည်တဲ့

ကံသာအားကိုးရာပဲ။ ကံကောင်းကြပါစေ

လမ်းမတော် တောင်မှာလည်း လူအယောက် ၃၀ကျော် ဒုတိယ အထပ်မှာ ရှိနေပါတယ်တဲ့ မြင်တဲ့သူကူညီပါအုန်း

0943112386
သူတိူ့ပေးထားတဲ့ ဖုန်းနံပါတ်ပါ
creditပါ

Photos from IWorkout's post 12/05/2023

စစ်တွေ ကျောက်ဖြူမှာ ရေဆုပ်သွားပါပြီ
အင်အားပြင်းမုန်တိုင်းမလာခင်ဖြစ်တဲ့
လက္ခဏာတွေပါ ပင်လယ်ထဲမှာ ဧရာမ
မိုင်ရာချီတဲ့ မုန်တိုင်းစက်ဝန်း လေပွေကြောင့်
အောက်ကရေတွေကပါလိုက်လည်ပီး အမြင့်
ပေဆယ်ချီထိ မုန်တိုင်းဗဟိုရှိ ရေရဲ့မျက်နှာပြင်
မြင့်တက်လည်လာပါတယ်အဲဒီတွက် ပင်လယ်
ကမ်းချေရှိရေတွေဟာ ကျသွားတတ်ပြီး
မုန်တိုင်းတိုက်ခတ်သည့်ခါ ပင်လယ်ရေဟာ
လေနှင့်အတူ ပြန်လည်ရိုက်ခတ်ပါသည်။
စစ်တွေကို ရိုက်ခတ်မယ့် ဒီရေလှိုင်းအမြင့်ဟာ
ပေ၂၀ ကျော်မြင့်ပါတယ် ပင်လယ်လှိုင်းဟာ
ရိုက်ခတ်ပီးနောက် ကမ်းပေါ်ရှိ သက်ရှိသက်မဲ့
အရာအားလုံးကို ပင်လဲထဲသို့ ပြန်လည်
ဆွဲခေါ်ယူသွားအုံးမှာဖြစ်တဲ့တွက် အမြန်ရှောင်ပါ။
ကမ်းရိုးတန်း ဒေသက ပြည်သူတွေက
မဖြစ်မနေ ရှောင်ကို ရှောင်ရပါမယ် တိုက် အိမ် တဲ
အကုန်ရှောင်ရမှာပါ။

ဆောင်ရန် ရှောင်ရန်များ 🌪️🌪️
သောက်ရေ(၄ရက်စာ)
အစားစာ(၃ရက်စာ)
ဆေးဝါး ဓာတ်ဆား
အဝတ်၂စုံ
မှတ်ပုံတင်အိမ်ထောင်စုဇယား
Power bank
လက်နှိပ်ဓာတ်မီး တို့ပြင်ဆင်ပြီး
emergency bagအဖြစ်ထားကြပါ။
ဒီရေမရောက်နိုင်သောအရပ်မှာ ခိုင်ခံ့သော
အဆောက်ဦးများထဲတွင်မုန်တိုင်းခိုပါ
ကွင်းပြင်တွင်မနေရပါ မြေပြို အိမ်ပြို
တောင်ပြိုအန္တရာယ်များလဲသတိပြုပါ။
ပြိုလဲနေသော ဓာတ်တိုင် ဝါယာကြိုးများ
ထိတွေ့ကိုင်တွယ်ခြင်းမပြုရ ပါ။
ရေနှင့်အတူ အဆိပ်ရှိသတ္တဝါများ မြွေများ
မျောပါလာနိုင်သည်။
ဘေးကင်းကြပါစေ 24 နာရီ အချိန်ရပါသေးတယ်။

06/05/2023

ဂရုစိုက်ကြပါခင်ဗျာ🙏❤

26/04/2023

ရာသီဥတု အပူချိန် 40'C အထက်ဖြစ်နေလို့
ကားမောင်းသူတိုင်း သတိထားရမဲ့ Aircon အန္တရာယ် .....

(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။

(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တရက် ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်။

(၃) အဲယားကွန်း ကြိုတင်ဖွင့်ထားသည့် ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက် စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချိုလူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါသည်။ ထို့အတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှ အိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မှ အပူနှင့် ပြင်ပအဲယားကွန်းမှ အအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။

အထက်ဖော်ပြခဲ့သော အချက်သုံးချက်ကို သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများ အပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှ ကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါသည်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

အေးချမ်း သာယာ​တဲ့ည​လေးတစ်ည ဖြစ်ပါ​စေဗျာ ...

(ZekT)

23/04/2023

" ဝိတ်လျော့ဖို့ နည်းလမ်းတွေ၊ diet plan တွေနဲ့ ချင့်ယုံသင့်တဲ့ အချက် (၁၀) ချက် "

သတင်းအချက်အလက်တစ်ခု တွေ့တဲ့အခါ ယုံကြည်သင့်ရဲ့လား၊ မိမိအတွက်အကျိုးရှိမလား (ဒါမှမဟုတ်) သူတို့ကိုယ်ကျိုးအတွက် ကိုယ့်ကို အသုံးချနေတာလား ပြန်ချင့်ချိန်သင့်ပါတယ်။ ကျန်းမာရေးနဲ့ဆိုင်တာဆို ပိုလို့တောင် အရေးကြီးပါတယ်….

ဘယ်လိုအချက်တွေက ဝိတ်ချတာနဲ့ ပတ်သက်ပြီး ဆင်ခြင်သင့်တာလဲ….

(၁) မြန်မြန်ကြီး ဝိတ်ကျစေတယ်လို့ ကြော်ငြာတာ

ဝိတ်ကျအောင် ကြိုးစားဖူးသူတိုင်း သိမှာပါ။ အဆီ တစ်ပေါင်လောက် လောင်ကျွမ်းဖို့က ဘယ်လောက်ခက်လဲဆိုတာ…..

GYM မှာ တစ်နေ့ တစ်နာရီ မနားတမ်းဆော့တောင် တစ်လ ၄~၅ ပေါင်လောက်သာ ကျနိုင်တာပါ။ အဲဒါကို နည်းလမ်းအမျိုးမျိုးနဲ့ ကြော်ငြာတဲ့သူတွေက တစ်ပတ်နဲ့ ၆ ပေါင် ကျတယ်ပြော၊ တကယ်ကျသွားတယ်ပြောတဲ့သူတွေကို အထောက်အထားအနေနဲ့ ပြနေဦးတော့ … တကယ် တစ်ပတ် ၆ ပေါင်လောက် ဝိတ်ကျရင်တောင် ဒါဟာ ကျန်းမာရေးအတွက် မကောင်းပါ။ ဝိတ်အကျမြန် အတက်မြန်ပြီး Yo-Yo အာနိသင်လို့တောင် ခေါ်ကြပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းအတိုင်းကတော့ တစ်ပတ်ကို ၁-၂ ပေါင်စီ လျှော့လျှော့သွားတာပဲ အားပေးပါတယ်။ တက်လာတုန်းကလည်း ဝုန်းခနဲ တက်လာခဲ့တာမှ မဟုတ်ဘဲနော့ ….

(၂) အားဆေးတွေ၊ ဖြည့်စွက်စာတွေနဲ့ အထုပ်တွေ (ကော်လဂျင်တို့လို) တွေ တွဲရောင်းနေပြီဆို ဂရုစိုက်ပါ။

တကယ်လို့ မိမိက သွားလာလှုပ်ရှား စားသောက်မှုပုံမှန်ပဲဆို အထူးတလည် ဖြည့်စွက်စာ မလိုပါဘူး။ ရောဂါအခြေအနေတစ်ခု ဖြစ်လို့ (ဥပမာ - သွေးတိုးလို့ သွေးကျဆေးသောက်ရတာ) မဟုတ်ဘဲနဲ့တော့ တခြားဘာဆေးမှ မလိုဖို့များပါတယ်။ ယနေ့ထက်တိုင် သက်ရှိထင်ရှားရှိနေတဲ့ အသက်ရာကျော် ဖိုးဖိုး ဖွားဖွားတွေကရော ဒီကော်လဂျင်တွေ၊ ဖြည့်စွက်စာတွေ၊ ဆေးတွေ သောက်ခဲ့လား ဆင်ခြင်ကြည့်ကြဖို့ပါ….

(၃) အစာအုပ်စု တစ်ခုခုကို လုံး၀ ဖြတ်ခိုင်းနေပြီဆိုရင် သတိထားပါ

အစားအစာက လူနဲ့တည့်တယ်ဗျ။ တချို့တွေလည်း မြေပဲနဲ့မတည့်တာတို့ ပင်လယ်စာ မတည့်တာတို့လိုတော့ ဓာတ်မတည့်တာမျိုး (allergy) အလာဂျီ ရှိတာပေါ့။ အလာဂျီလိုမဟုတ်ဘဲ ဝိတ်ကျဖို့အတွက် လုံး၀ရှောင်ခိုင်း ဖြတ်ခိုင်းတာတွေက သဘာ၀မကျပါဘူး။

ဖြတ်လိုက်လို့ကောင်းတာဆိုလို့ အရက်၊ ဆေးလိပ်၊ ကွမ်းနဲ့ အခြား ငွေယိုပေါက်တွေ၊ သုံးထပ်သား၊ ၀က်ခေါက်၊ ၀က်ဆီ စတာလိုမျိုး တိရိစ္ဆာန်ကရတဲ့ အဆီတွေပဲ ရှိတာပါ။

နေ့စဥ် စားသုံးနေတဲ့ ထမင်း (သို့) ဂျုံကို လျော့စားတာမျိုး မဟုတ်ဘဲ လုံးဝ ဖြတ်ရမယ် ဆိုတာမျိုးက ကျန်းမာရေးအရ မသင့်တော်လှပါဘူး။

(၄) အကောင်းဆုံး လျှို့ဝှက်နည်း၊ သိသူ ဖော်စား မသိသူကျော်သွား သကဲ့သို့၊ နတ်ရေကန်ထဲ ခုန်ချလိုက်သကဲ့သို့ဟု မျှော်လင့်ချက်များပေးကာ ဘာမှ မပင်ပန်းဘဲ ၀ိတ်ကျ လှပသွားမည်ဟု ပြောလာသောအခါ....

၀ိတ်ကျတာ ဘာ လျှို့ဝှက် သိုင်းကျမ်းမှမရှိပါဘူး။ ကိုယ်လုပ်ရင် ကိုယ်ရပါတယ်….. ကြော်ငြာတွေ့တိုင်း အပြည့်မယုံဘဲ ချင့်ယုံပေးပါ။

(၅) ငွေပေးချေရမှုများ ပါလာပြီဆို သတိထားပါ။

သူ့မှာ နည်းလမ်းကောင်းတွေက ဘယ်လိုရှိတာ သူ့တုန်းက ဘယ်လို လှပ ၀ိတ်ကျသွားတာ …. အသေးစိတ်ပြောပြဖို့ ဂရုထဲ၀င်ခဲ့နော် ၀င်ကြေးလေး ဘယ်လောက်ဘယ်လောက်…. စသဖြင့် ကြေငြာလေ့ရှိကြပါတယ်။ ငွေယူမှ တလေးတစားရှိကြလို့ဆိုပြီး ဆွယ်တရား ပြောတတ်ကြပါတယ်။

ဘယ်လိုမဆို အကျိုးရှိ/မရှိ၊ ဖြစ်နိုင်/မဖြစ်နိုင်၊ အလွယ်လမ်း မဖြစ်နေဖို့ကို ချင့်ယုံပါ။

(၆) တစ်နေ့တာ ကယ်လိုရီ အနည်းငယ်လေးသာပေးစားတာမျိုး… သတိထားပါ

ရေရှည် လုပ်နိုင်တာကိုသာ လုပ်ပါ။ ဝိတ်လျော့တယ်ဆိုတာ ရေတိုအတွက် မဟုတ််ပါဘူး။ ကျန်းမာရေးလိုက်စားတယ်ဆိုတာ ကိုယ်ကျင့်အပြုအမူတစ်ခုဖြစ်လို့ အမြဲလုပ်နိုင်ဖို့ အရေးကြီးပါတယ်။

(၇) လုပ်လိုက် နားလိုက်နဲ့ cheat day မက်လုံးများ

အပေါ်က ပြောသလိုပါပဲ အမြဲတမ်းအတွက် ထာ၀ရမဟုတ်ဘူးဆို စားသောက်နေထိုင်ပုံကို ဆင်ဆင်ခြင်ခြင် စားလိုက်၊ စားချင်တာ အထိန်းအကွပ်မရှိ စားလိုက်နဲ့ဆို ဘာမှကို အကျိုးမရှိပါ။

ကျင့်စဉ်တစ်ခု အပြုအမူတစ်ခု သီလတစ်ခုလို အစားအစာကို ကောင်းမွန်တာ ရွေးချယ်စားတာ၊ သဘာ၀နဲ့ ပိုနီးစပ်အောင်နေတာ၊ အလေအလွင့်နည်းအောင် နေထိုင်တာ စတာတွေ လေ့ကျင့်ပြင်ယူနိုင်ပါတယ်။

(၈) ချွေးမကျ မပင်ပန်းဘဲ ဝိတ်ကျမယ်ဆိုတဲ့ မက်လုံးများ သတိထားပါ

ချွေးဆိုတာ အဆီတွေငိုတဲ့ မျက်ရည်လို့ တင်စားသလိုပါပဲ။ လောကမှာ အလွယ်ရတာ ဘာမှကိုမရှိပါဘူး။ သက်သာချင်တဲ့သူတွေကို မက်လုံးပေး လောဘတက်အောင်လုပ်ပြီး သူတို့ အစားအစာ ပစ္စည်းတွေကို ရောင်းတာ ပိုဖြစ်နိုင်ပါတယ်။

(၉) တစ်ခုခု ရောင်းနေပြီဆို သတိထားပါ

မိမိပတ်၀န်းကျင်မှာ ၀ယ်ရပြုရ လွယ်တာမျိုးမဟုတ်ဘဲ တစ်နေရာရာကနေ တကူးတက ၀ယ်ရတာမျိုး …. အရမ်းကောင်းလှချည်ရဲ့ဆိုတာတွေ တစ်နေရာထဲက အကုန်စုရောင်းပေးတာ သဘာ၀မကျလှပါဘူး။ လက်တွေ့မှာတောင် စျေးထဲသွား၀ယ်ရင် ဆိုင်တွေအကုန် ဖြန့်၀ယ်ကြတာပဲလေ။

(၁၀) သာမန်လူတွေ စားသောက်ပုံနဲ့ တအားကွဲထွက်နေတာ

အထူးတလည် အစားအစာ၊ နတ်ဆေး ဆိုတာ လောက မှာ မရှိပါဘူး။ တစ်ကိုယ်တည်း ထီးထီးကြီး ထူးထူးဆန်းဆန်းတွေ စားရတဲ့အခါ ထမင်းဝိုင်းကရတဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားပါလိမ့်မယ်။ ဘော်ဒါတွေနဲ့ ထိုင်တဲ့အခါ လက်ဖက်ရည်ဆိုင်က အီကြာကွေးအေးအေးကြီးတောင် စားလို့ကောင်းနေတာပဲ မဟုတ်လား…....

ခြုံပြောရရင်တော့ ကျန်းမာစွာ ဝိတ်လျော့နိုင်ဖို့ ခြေလှမ်းသေးသေးလေးနဲ့ စတင်ပါ။ စတင်ဖို့ရယ် စွဲစွဲမြဲမြဲ လုပ်ဖို့ရယ်ဆိုတဲ့ ၂ ချက်ရှိတာနဲ့တင် လုံလောက်ပါပြီ။

အကြံဥာဏ်ပေးမှုတွေ လိုအပ်လာတဲ့အခါ တယ်လီကျန်းမာကိုသာ ဆက်သွယ်လိုက်ပါ။ သဘောမနောကောင်းတဲ့ ဒေါက်တာလေးတွေက အခမဲ့ ဆွေးနွေးအကြံပေးသွားမှာပါလို့ ပြောကြားလိုက်ပါရစေ 😊….

အာဟာရဆရာ၀န်တစ်ဦး

Reference:
How to Spot a Diet Red Flag | U.S. News

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

အေးချမ်း သာယာ​တဲ့ည​လေးတစ်ည ဖြစ်ပါ​စေဗျာ ...

(ZekT)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon