4M By Hnin Nadi

4M By Hnin Nadi

Share

FDA_Approved 4MBrandလက်လီ/လက္ကား ရရှိနိုင်ပါပြီ

15/01/2025

ဂရုစိုက်ပေးခြင်းကြောင့်
ယောကျာ်းသိက္ခာကျသွားတယ်ဆိုတာမရှိပါဘူး

ဂရုစိုက်ခံရသူအဖို့တော့
စိတ်လုံခြုံမှုတွေရရှိပြီး ပိုပျော်စေတယ်
နွေးစေတယ်

တကယ်ချစ်တဲ့သူတွေဆိုတာ
ငါကဘာကြီးဖြစ်နေလို့ဆိုပြီး
ဂရုမစိုက်ပဲမနေရဘူး

တစ်ဘက်သောသူက စိတ်နာလို့
ဥပေက္ခာပြုလိုက်ရင် ဒီဘ၀မပြောနဲ့
နောက်ဘ၀မှာတောင် တွေ့ခွင့်ဆုံခွင့်
မရှိတော့လောက်အောင်ထိ ဥပေက္ခာပြုသွားတတ်တယ်...။

#သက်တန့်ရောင်
#𝓡𝓔𝓛𝓐𝓧

21/06/2024

အလိမ်ခံရလည်း ပြုံးနေတယ်
အစော်ကားခံရလည်း ပြုံးနေတယ်
ယုတ်မာတာ ခံရလည်း ပြုံးနေတယ်
အရမ်းကြီး သဘောထားကြီးလို့တော့
မဟုတ်ပါဘူး
ဝဋ် ဆိုတာက တုံပြန်တဲ့အခါ
ပိုပြီးတိကျတယ် ပြတ်သားတယ်
မျက်နှာမလိုက်ဘူး တောင်းပန်လို့မရဘူး
ငွေပေးလို့လည်းမရဘူး ကိုယ်လုပ်သမျှ
မကောင်းမှုတွေကို တစ်ချိန်ချိန်မှာ
ထပ်တူပြန်ရတာကို
ဝဋ်လည်တယ်လို့ ခေါ်ပါတယ် ...
ငါတော့ မကောင်းတာ အကုန်လုပ်တယ်
ငါ အမြဲ နိုင်နေတယ် ဆိုပြီး
မာန်တက်မနေပါနဲ့ ...
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ် ကိုယ်ခံ ဆိုသလို
သူကြိုက်တာ သူလုပ်
သူဖြစ် သူခံပါလိမ့်မယ်....။

05/06/2024

အဆုံးထိဖတ်ကြည့်ပါ 🌿🌿
-----------------------------------------------

မူလီတစ်ချောင်းဟာ
လမ်းမပေါ်ကျနေရင်
အမှိုက်တစ်ခုဖြစ်နေပေမယ့်

ဒေါ်လာသန်းချီတန်တဲ့
လေယာဉ်တစ်စီးအတွက်တော့
အရေးကြီးဆုံး အစိတ်အပိုင်း
တစ်ခုဖြစ်နေနိုင်ပါတယ်။

ခန္ဓာကိုယ်ကိုရင်းပြီး
လုပ်ကိုင်စားသောက်နေရတဲ့
မိန်းကလေးဆိုပြီး အထင်မသေးပါနဲ့

သူ့ကို လက်ဖျားနဲ့တောင်
မထိရက်လောက်အောင်
တန်ဖိုးထားတဲ့ ယောက်ျားတစ်ယောက်တော့
ရှိနေနိုင်တာပဲလေ။

စားပွဲထိုး လုပ်နေရတဲ့
ကောင်လေးပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့

သူ့အတွက် ဘေးမသီ ရန်မခဖို့
ဘုရားမှာ ဆုတောင်းပေးနေတဲ့
အမေတစ်ယောက်တော့
ရှိနေနိုင်တာပဲလေ။

သူများအိမ်မှာ
အိမ်အကူလုပ်နေရတဲ့
မိန်းကလေးပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့

သူ့ပြန်ပို့တဲ့ လုပ်အားခနဲ့
ပညာသင်ပြီး တစ်နေ့မှာ
တိုင်းပြည်ခေါင်းဆောင်
ဖြစ်လာနိုင်တဲ့
မောင်နှမတွေ သူ့အနားမှာ
ရှိနေနိုင်တယ်လေ။

လမ်းဘေးမှာ
အမှိုက်ကောက်နေတဲ့
ယောက်ျားပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့

သူ အလုပ်ကပြန်လာရင်
ဝမ်းသာအားရ ပြေးဖက်ပြီး
ခရီးဦးကြိုဆိုမယ့်
ဇနီးသည်တစ်ယောက်နဲ့
သားသမီးတွေ
သူ့မှာရှိနေနိုင်တာပဲလေ။

သူဌေးတစ်ယောက်အတွက်
မန်နေဂျာ ဘုတ်အဖွဲ့တွေ ရှယ်ယာရှင်တွေပဲ
တန်ဖိုးရှိတာမဟုတ်ပါဘူး။

ကားမောင်းပေးမယ့် ဒရိုင်ဘာတွေ
တံခါးဖွင့်ပေးမယ့် လုံခြုံရေးတွေ
ဖိနပ်တိုက်ပေးမယ့်
အိမ်အကူတွေလည်း
သူဌေးတစ်ယောက်အတွက်
မရှိမဖြစ် တန်ဖိုးရှိကြပါတယ်။

မိမိတို့ အဖက်လုပ်ပြီး
စကားမပြောချင်တဲ့
အောက်ခြေသိမ်း
အလုပ်သမားတစ်ယောက်ဟာ

သူ့မိသားစုအတွက်တော့
အားကိုးအားထားပြုရာ
ကျေးဇူးရှင်,စံပြပုဂ္ဂိုလ်တစ်ယောက်
ဖြစ်နေနိုင်တာပဲလေ။

တန်ဖိုးဆိုတာ ကြီးကြီးသေးသေး
ပညာတတ်တတ် မတတ်တတ်
အထက်တန်းကျကျ
အောက်ခြေဖြစ်ဖြစ်
သူ့နေရာနဲ့သူ

သူတို့ကို အစဉ်မြဲချစ်ခင်
တန်ဖိုးထားသူဆိုတာ ရှိစမြဲပါ။

ဒါကြောင့်
ဘယ်အရာကိုပဲဖြစ်ဖြစ်
တန်ဖိုးမထားရင် နေပါ
လေးစားတတ်ဖို့တော့လိုပါတယ်။

31/05/2024

ပညာတတ် ဘွဲ့ရလည်း ဈေးပဲရောင်းစားရတယ်ဆိုပြီး ဟာသအနေနဲ့တောင် မပြောမိစေနဲ့

ပညာက အရေးကြီးတယ်

ပညာတတ် တယောက်က ဦးဆောင်တဲ့ အလုပ်က ကျရှုံးခဲ့တောင် ဘယ်လိုပြင်ဆင်ရမယ်ကို နည်းလမ်းရှာဖွေနိုင်စွမ်းရှိတယ်

ပညာဆိုတာ သင်ယူဖို့ ဘယ်တော့မှ နောက်မကျဘူး

စီးပွားတူတောင် ပညာတတ်တဲ့သူက ၁၀ဆ သာပြီးသား

ပညာက ခိုးယူလို့မရဘူး

ပညာတတ် တယောက်က သူ့ဘဝမှာ အတိမ်းအစောင်း ဖြစ်ခဲ့တောင် ကောင်းကောင်း ပြန်တည့်မတ်နိုင်တယ်

ပညာတတ် တယောက်က ယုတ်မာရင်လည်း စနစ်ကျပြီး တိကျနေတာမျိုးပါ

ပညာတွေ ဘယ်လောက်တတ် ဘွဲ့တွေ ဘယ်လောက်ရလည်း ငါ့ဘဝက ဒီလိုနေနေရတာလား ဆိုပြီး ငွေတခုတည်း ပစ္စည်းဥစ္စာတခုတည်းနဲ့ ကိုယ့်ပညာကိုဘယ်တော့အခါမှ တန်ဖိုးမဖြတ်မိစေနဲ့ သံသယမဝင်မိစေနဲ့ မတွေးမိစေနဲ့

အမေတယောက်ဖြစ်ပြီးလည်း ပညာရပ်အသစ်တွေ သင်ယူခွင့်ရရင် သင်ယူဖို့ အမြဲ အဆင်သင့်ပဲ

ကျမအားကျတဲ့သူတွေဆိုတာ ပညာတတ်တွေပဲ🥺
ဘယ်အချိန်မေးမေး အဖြေကတော့ တခုတည်းပါ🥺



အလုပ်ဟူသမျှဂုဏ်ရှိစွ

30/05/2024

2024မှာ လစာ
2သိန်းဝန်းကျင်ရတဲ့သူတွေဟာ
အင်မတန်ကို နည်းလွန်းတဲ့အနေအထားပါ။

မြင်သာအောင်ပြောရရင်
2020 က လစာ 200000ရတဲ့သူဟာ
Dollar နှင့်တွက်ပါက တစ်လ $160 ရှိပါတယ်။

ယနေ့ခေတ် လစာ 200000 ကို
Dollar နှင့်တွက်ပါက $51 ပဲရှိပါတယ်။

2020ခုနှစ် ဆီတစ်လီတာ 450ဝန်းကျင်မှာတောင်
အဲ့လစာဟာလောက်ငှအောက်
မနည်းသုံးခဲ့ရတဲ့သူတွေဟာ

အခုလို ဆီတစ်လီတာ 3000ဝန်းကျင်မှာ
ဘယ်လိုအဆင်ပြေကြပါ့မလဲ။

အခုလိုခေတ်မှာ လစာအဲ့လောက်ရတဲ့သူဟာ
အရမ်းကိုစိတ်ပင်ပန်းရမယ်ဆိုတာနားလည်ပါတယ်။

လုပ်ငန်းရှင်‌တို့အနေနဲ့လည်း
ဒါကိုသဘောပေါက်နားလည်ပြီး
မိမိဝန်ထမ်းတို့အား လစာတိုးပေးသင့်ပါတယ်။

မြန်မာနိုင်ငံဟာကပ်ဘေးရောက်နေပါတယ်။
ဒါကိုချမ်းသာတဲ့ လူနည်းစု‌တွေကတော့
လက်ခံချင်မှလက်ခံမယ်။

24/05/2024

Coffee ကြိုက်တဲ့သူတွေ မှာ
အလုပ်တစ်ခုရှိတယ်။
ချမ်းတယ် Coffeeသောက်မယ်၊
မိုးကောင်းနေတယ် Coffeeသောက်ရအောင်
တော်တော်ပူတာဘဲ Coffeeသောက်ရအောင်
မောလိုက်တာ Coffeeဖျော်စမ်းကွာ
ပျင်းဖို့ကောင်း Coffeeသွားသောက်ရအောင်
အလုပ်တွေများနေတယ် Coffeeလေးလုပ်ပါအုံး
ဒီတိုင်းထိုင်နေတယ် Coffee ချမယ်
မနက်မိုးလင်းပီး Coffee ဖျော်ဟေ့
ညနေစောင်းပီ Coffeeသောက်ရအောင်
တခုခု ဖြစ်သွားပီ Coffeeသောက်ချင်တယ်
ဘာမှမဖြစ်လဲ Coffee သောက်ချင်တယ်
သတင်းကောင်းကြားရတယ်
Coffee သောက်စို့။
သတင်းကောင်းမကြားရလဲ
Coffee သောက်မယ်။
တခြားဘာရှိသေးလဲ ဖြည့်ခဲ့ပါအုံး။

Crd

21/05/2024

အိမ်ပြန်ခရီးဟာ ဝေးရပါအုံးမည်
နေထွက်ချိန်တွေ မရူမြင်ရ နေဝင်ချိန် ကိုယ်မသိတော့ပါ
မီးရောင်အောက်မှာ လှုပ်ရင်း ရှားရင်း

ပျော်စရာလို့ ငါယုံခဲ့ဖူးတဲ့ တိုင်းတစ်ပါးမှာ
ငါဟာ အသပြာရဲ့ ကျေးကျွန်ဖြစ်ခဲ့ရ
မာနတွေ ခွာကျတတ်လာတယ် သည်းခံတတ်လာတယ်

ချမ်းသာချင်စိတ်တွေ တစ်ခါခါ လျှော့ကျလာလို့
ရောင့်ရဲချင်စိတ်တွေနဲ့ ရောင့်ရဲတတ်လာတယ်
ရင့်ကျက်လာ ခဲ့ပေါ့ လူလဲ ပြောင်း လဲ လာ ခဲ့ပေါ့။

Crd

20/05/2024

တနေ့တာလုံးမှာ အလုပ်ရဲ့ပင်ပန်းဒဏ်၊ စိတ်ရဲ့ပင်ပန်းဒဏ်တွေကို အကောင်းဆုံးဖြတ်ကျော်လာတဲ့ ကလေးရေ ပင်ပန်းနေရောပေါ့😌
ဒီနေ့လဲ အရာအားလုံးကိုခနမေ့ထားပြီး အိပ်လိုက်တော့နော်။
Good Ninghtပါ ကလေးရေ_____😴

20/05/2024

ကျွန်မ ပါးစပ်က
ချစ်တယ် ဆိုတာမျိုးကို
စိတ်ကမပါရင် ဟတောင်မဟဘူး။

ကျွန်မက ချစ်တယ် ဆိုရင်
ဒါဟာ ဟန်ဆောင်မှု တစ်ခုမှမပါပါဘူး။
ရင်ထဲကလာတဲ့ စကားတစ်ခုပဲ။

ဒီစကားကို ကျွန်မ
တော်ရုံတန်ရုံလူကိုလည်းမပြောဘူး။
စိတ်ထဲကမပါရင်လည်းမပြောဘူး။

ဒါကြောင့်
ကျွန်မက ချစ်တယ် လို့ပြောတဲ့အခါ
သူများနဲ့မတူအောင် ပီတိဖြစ်ပေးပါ။❤️

oak soe paing

20/05/2024

ချစ်ခံရတယ်ဆိုတာ ဦးစားပေးခံရခြင်းထက်
စိတ်လုံခြုံမှုရခြင်းပါပဲ...
ကိုယ်ကျရှုံးသွားရင်တောင် သူရှိနေတယ်ဆိုတဲ့ ခံစားချက်
တရေးနိုး စိတ်မလုံခြုံလို့ ဖုန်းဆက်ရင်တောင်
နွေးထွေးနေရတာမျိုးပေါ့
တမ္ဘာလုံးမုန်းနေရင်တောင် သူကိုယ့်ကိုချစ်နေသေးတယ် ဆိုတဲ့ စိတ်နွေးထွေး လုံခြုံမှုအပိုင်းအစလေးပါပဲ၊
လမ်းဖြတ်ရင်းပုခုံးလေးလှမ်းဖက်ထားတဲ့အခါဆို
ကမ္ဘာကြီးကို ကိုယ်သိမ်းပိုက်နိုင်လိုက်တဲ့ ခံစားချက်ပဲ
နဖူးလေးအမှတ်တမဲ့ နမ်းခံလိုက်ရရင်လဲ နွေးထွေး လုံခြုံမှုလေးပါပဲ
ဒါပါပဲ
ကျနော်ခံယူထားတဲ့ ချစ်ခြင်းဟာ စိတ်လုံခြုံနွေးထွေးမှုပဲ 💭❤️🫶🏻

My story

19/05/2024

အောက်ပါပုံမှာ လူ၂မျိုး တွေ့ရမှာဖြစ်ပြီး
အပေါ်ကလူကတော့ ပန်းတိုင်ရောက်ဖို့
ကြိုးစားနေဆဲဖြစ်ပြီး
အောက်ကလူကတော့ ပန်းတိုင်မရောက်ခင်
လက်လျှော့သွားတာမြင်ရပါတယ်။
ဘာကွာသွားလဲဆ်ိုရင်တော့ ဝေးကွာသွားတာပေါ့ကွာ...
ခုဆို သူလည်းတခြားတစ်ယောက်ရင်ခွင်မှာပျော်နေပါပြီ။

19/05/2024

♥Coffee.နဲ့.အသက်အရွယ်♥

ဆယ်ကျော်သက်အရွယ်က.
Coffee.ဆိုရင်.အခါးနဲနဲအချိုများများပေါ့

20.ကျော်လာတော့.
Coffee. ကို.အခါးနဲ့.အဆိမ့်မျှနေတာကို
နှစ်သက်ပြန်လာရော

ဟော
30.ကျော်လာတော့
Coffee .ကို.ချိုအီဆိမ့်နေတာကို
ကြိုက်လာပြန်တယ်

ခု
40..တန်းဝင်လာတော့
Coffee ..ဆိုရင်.ခါးသက်မွှေးနေတဲ့အနံလေးများ
ရလာရင်.ခေါင်ကြည်သွားတယ်လို့ခံစားမိပြီး
ခါးဆိမ့်လေးကို..ပိုနှစ်သက်လာတယ်

လူ့စိတ်တွေလဲ..ကျမ.သောက်တဲ့Coffee..လိုပဲမလား..အသက်အရွယ် အနေအထားအရ.
ပြောင်းလဲသွားကြမယ်ထင်တယ်နော်

သေချာတာတခုက......Coffee...ကြိုက်သူတွေဟာ...ဘယ်အသက်အရွယ်မဆို.....Coffee
ကြိုက်နှစ်သက်မိနေခြင်းပါပဲ။. ။

မီ
14...5...24

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon