The Book Core - TBC

The Book Core - TBC

Share

နေ့စဉ် စာဖတ်ပြီး ဉာဏ်အာဟာရ ဖြည့်ပါ

28/07/2025

𝐘𝐨𝐮 𝐁𝐞𝐜𝐨𝐦𝐞 𝐖𝐡𝐚𝐭 𝐘𝐨𝐮 𝐓𝐡𝐢𝐧𝐤 💭

ကျွန်တော်တို့ သတိမထားမိတဲ့ နေ့စဉ် တွေးနေတဲ့ အတွေးတွေက ကိုယ့်ရဲ့ ဘဝကို ပုံဖော်ပေးနိုင်တယ်ဆိုတာ လက်ခံလား…❓

ဒီစာအုပ်ထဲမှာ စိတ်ရဲ့အတွေးတွေ ဘယ်လိုထိန်းချုပ်မလဲ၊ အလေ့အကျင့်ကောင်းတွေ ဘယ်လို တည်ဆောက်မလဲ၊ ကိုယ်လိုချင်တဲ့ ဘဝပုံစံ အောင်မြင်မှုတွေကို ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာတွေ ပါဝင်ပါတယ်။

𝟏. 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐬 𝐁𝐞𝐜𝐨𝐦𝐞 𝐑𝐞𝐚𝐥𝐢𝐭𝐲

▪️ မိတ်ဆွေရဲ့ ဘဝက မိတ်ဆွေရဲ့ စိတ်ထဲမှာ အမြဲတွေးနေတဲ့အရာတွေအတိုင်း တကယ်ဖြစ်လာတယ်။

▪️ အတွေးက အရေးကြီးဆုံးပါဘဲ
မကောင်းတာတွေးလေ – မကောင်းတာတွေ ဖြစ်လာလေဘဲ။

▪️ အမြဲတမ်း သတိကပ်ပြီး အတွေးတွေကို ထိန်းချုပ်ပါ။

▪️ အတွေးပြောင်းရင် ဘဝပြောင်းတယ်။
"𝐂𝐡𝐚𝐧𝐠𝐞 𝐘𝐨𝐮𝐫 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐬, 𝐂𝐡𝐚𝐧𝐠𝐞 𝐘𝐨𝐮𝐫 𝐋𝐢𝐟𝐞”

𝟐. 𝐌𝐢𝐧𝐝𝐟𝐮𝐥𝐧𝐞𝐬𝐬 𝐈𝐬 𝐏𝐨𝐰𝐞𝐫

▪️ ကျွန်တော်တို့က ပစ္စုပ္ပန်မှာဘဲ နေထိုင်ခွင့်ရှိကြတယ်။

▪️ ဒါပေမယ့် နေ့စဉ် အတွေးတွေထဲမှာ အနာဂတ်ကို စိုးရိမ်နေကြတယ်၊ အတိတ်တွေကို ထပ်ခါထပ်ခါ စဉ်းစားနေကြတယ်။

▪️ ပြီးခဲ့တဲ့ ပစ္စုပ္ပန်(အတိတ်) ကိုလည်း မတွေးနဲ့ မရောက်လာသေးတဲ့ ပစ္စုပ္ပန် (အနာဂတ်) ကိုလည်း မတွေးနဲ့။

▪️ ပစ္စုပ္ပန်မှာဘဲ နေထိုင်ပြီး ကိုယ့်ရဲ့ အတွေးတွေကို စောင့်ကြည့်နိုင်ရင် စိတ်တွေ ငြိမ်းချမ်းလာပါလိမ့်မယ်။

𝟑. 𝐒𝐦𝐚𝐥𝐥 𝐇𝐚𝐛𝐢𝐭𝐬, 𝐁𝐢𝐠 𝐈𝐦𝐩𝐚𝐜𝐭

▪️ တစ်နေ့မှာ 1% လောက်သာ တိုးတက်အောင် လုပ်တာက ကိုယ့်ရဲ့ ဘဝကြီး တစ်ခုလုံးကိုပါ ပြောင်းလဲပစ်နိုင်တယ်။

▪️ မိတ်ဆွေက ဆေးလိပ်သောက်တတ်တယ်ဆိုရင်

▪️ တစ်နေ့ကို 1 လိပ်ဘဲ လျှော့သောက်ပါ။
(တစ်လမှာ ဆေးလိပ် အလိပ် ၃၀ လျော့သွားမယ်)

▪️ ကိုယ့်အတွက် အခက်အခဲ ဖြစ်စေတဲ့ ပြောင်းလဲမှု အကြီးကြီးတွေ လုပ်ဖို့ မလိုအပ်ပါဘူး။ (လုပ်နိုင်ရင်တော့ ကောင်းပါတယ်)

𝟒. 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐖𝐡𝐚𝐭 𝐘𝐨𝐮 𝐂𝐚𝐧

▪️ Stoic philosophy အတိုင်း – ကိုယ်ထိန်းချုပ်နိုင်သမျှကိုသာ အာရုံစိုက်ပါ၊ မထိန်းချုပ်နိုင်တဲ့ အရာတွေမှာ အချိန်မကုန်ပါနဲ့။

▪️ မီးပျက်တဲ့အခါ အလုပ်တွေပျက်လို့ ထိုင်ပြီး စိတ်ညစ်နေမယ့်အစား မီးလာမယ့် ကော်ဖီဆိုင်တစ်ခုခုမှာ အလုပ်သွားလုပ်လိုက်တာက ပိုအကျိုးရှိပါတယ်။

𝟓. 𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩𝐬 𝐑𝐞𝐟𝐥𝐞𝐜𝐭 𝐘𝐨𝐮

▪️ ကိုယ်တိုင်က ကောင်းမွန်တဲ့ energy, thoughts တွေကို ပေးနိုင်အောင် ကြိုးစားပါ။

▪️ ကိုယ့်ရဲ့ relationship တွေမှာလည်း တိုးတက်မှုတွေ ဖြစ်လာပါလိမ့်မယ်။

𝟔. 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 = 𝐒𝐞𝐥𝐟-𝐚𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬

▪️ ကိုယ့်အတွေးနဲ့ ခံစားချက်တွေကို သတိထားကြည့်ပါ။

▪️ မကောင်းတာတွေကို လက်ခံပြီး ကျော်လွှားဖို့ Mindset ပြောင်းပါ။

𝐘𝐨𝐮 𝐁𝐞𝐜𝐨𝐦𝐞 𝐖𝐡𝐚𝐭 𝐘𝐨𝐮 𝐓𝐡𝐢𝐧𝐤
𝐀𝐮𝐭𝐡𝐨𝐫 - 𝐒𝐡𝐮𝐛𝐡𝐚𝐦 𝐤𝐮𝐦𝐚𝐫 𝐬𝐢𝐧𝐠𝐡
𝐒𝐮𝐦𝐦𝐚𝐫𝐲 𝐁𝐲 𝐓𝐡𝐞 𝐁𝐨𝐨𝐤 𝐂𝐨𝐫𝐞 - 𝐓𝐁𝐂

#နေ့စဉ်စာဖတ်ပြီးဉာဏ်အာဟာရဖြည့်ပါ

11/05/2025

နေ့စဉ် စာဖတ်ပြီး ဉာဏ်အာဟာရ ဖြည့်ပါ 📚💡

စာဖတ်ရင် အကျိုးရှိမယ် ဆိုတာ သိတော့သိတယ်။

စာဖတ်ပြီး အသိပညာတွေ ဗဟုသုတတွေ ပိုတိုးတက်လာပြီး ။

လူနေမှုဘဝမှာလည်း ကိုယ့်အတွက် အကျိုးရှိမယ်ဆိုတာ သိကြတယ်ဗျာ။

ဒါပေမယ့်
🔹 ဖတ်ဖို့ အချိန်မရှိလို့
🔹 စာဖတ်ရမှာ ပျင်းလို့
🔹 စာအုပ်ဝယ်ရမှာ နှမြောလို့
🔹 ဘယ်စာအုပ် ဖတ်ရမလဲ မသိလို့

ဒီလို ဒီလို အကြောင်းပြချက်တွေနဲ့ ကျွန်တော်တို့ မဖတ်ဖြစ်ကြဘူး စုံလို့ပါဘဲ။

အခုနောက်ပိုင်းမှာတော့ စာအုပ်တစ်အုပ်ကို Summary ပြန်ထုတ်ပေးထားတဲ့

ကျွန်တော်တို့ TBC လို Team တွေ အများကြီး ရှိလာပါပြီ

ကျွန်တော်တို့ TBC မှာဆိုရင် Business, Sale, Marketing, Mindset, Investment, Productivity တွေနဲ့ပက်သက်တဲ့ စာအုပ်တွေကို အဓိကထားပြီး

စာအုပ်တစ်အုပ်လုံးမှာ ပါတဲ့ Main Point အချက်အလက်တွေကို Summary ပြန်ထုတ်ပေးထားတာကြောင့်

အချိန်မပေးနိုင်သူတွေ၊ စာဖတ်ပျင်းတဲ့သူတွေအတွက် တနေ့ (၂၄ နာရီ) မှာ အချိန် (၁၅ မိနစ်) လောက်လေး ပေးရုံနဲ့

စာအုပ်တစ်အုပ် ဖတ်ဖြစ်သွားအောင် လုပ်ပေးထားတာဘဲ ဖြစ်ပါတယ်

ဒီနေ့လို ခေတ်ကြီးထဲမှာ Learning အားကောင်းမှ အဆင်ပြေပါတယ်။

ဒါကြောင့် နောက်ကျ ကျန်မနေခဲ့ဖို့အတွက် စာဖတ်ပါ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon