Su Myat Naing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Su Myat Naing, Beauty, cosmetic & personal care, Yangon.
16/05/2023
မိန်းကလေးတွေရဲ့ ကိုယ်အလေးချိန်
1 90-100 -အစားသောက်ကောင်းကောင်းစားပေးပါ။😋
2 90-110 -ဘာဝတ်ဝတ်လှနေတယ်။🙈
3 110-130 - အသားရည်ပြည့်တယ်၊ကိတ်တယ်။🙊
4 130-150 - အရမ်းအဆီများနေပြီ။
5 150-170 - ဝက်ကလေး
170-180 - မျိုနေတာအခုရပ်လိုက် ။
_( သင်ရော နံပါတ် ဘယ်လောက်နဲ့ ဦးဆောင်နေလဲ )
14/05/2023
🌻အဆီဖုအကြောင်းလေး မျှဝေပေးပါမယ်
⛔️အဆီဖုဖြစ်ရတဲ့အကြောင်းရင်းက
✅အဆီနဲ့အညစ်ကြေးတွေ ပြောင်စင်အောင်မဖျက်မိတာ
✅အဆီပါဝင်မှုများတဲ့နေကာလိမ်းပီး cleansingပိုင်း မနိုင်တာ
✅ညဘက်တွေမှာ မိတ်ကပ်၊သနပ်ခါးတွေ မဖျက်ပဲ အိပ်မိတာ
⏩ဒီအချက်တွေကြောင့် အဆီဖုအများစုဖြစ်လာရတာမို့ ဒီအချက်တွေ ရှောင်ကြဖို့လိုပါတယ်နော်
💞အားလုံးပဲအဆင်ပြေကြပါစေရှင့်💞
အလှအပနဲ့ပတ်သက်တာလေးတွေ တင်ပေးမှာမို့ pageလေးက်ု like &followထားဖို့မမေ့နဲ့နော်🥰
#ချစ်တဲ့မင်မင်
#အလှအပနဲ့ပတ်သက်ပီးလည်းတိုင်ပင်နိုင်ပါတယ်ရှင့်
12/05/2023
👣ခြေဖဝါးကြိမ်းခြင်း |ခြေဖဝါးထုံခြင်းကို
သက်သာ စေသည့်လေ့ကျင့်ခန်း(၅)မျိုး 👣💥
09/05/2023
#ဝက်ခြံပေါက်နေရင်ဒါလေးတွေမလုပ်ပါနဲ့
- သနပ်ခါး မလိမ်းပါနဲ့။
- ထုံး/ သွားတိုက်ဆေး မတို့ပါနဲ့။
- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။
- ပင်လယ်စာ မစားရ။
- နို့ထွက် စာ မစားရ။
- တာရှည်ခံ စာများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )
- အချိုများသော အစားအစာများမစားရ။
- ဝက်ခြံကို မညှစ်ပါနဲ့။
- အိပ်ရေး ၀၀ အိပ်ပါ။
- ရေများများ သောက်ပါ။
- ကိုယ့် skin type နဲ့ လိုက်တဲ့
မျက်နှာသစ်ဆေးမျိုးရွေးသုံးပါ
- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။
ဝက်ခြံပျောက်ချင်ရင်ဒီအချက်တွေကိုမလုပ်နဲ့နော်လုပ်မီနေရင်တော့ဝက်ခြံကသက်သာမှမဟုတ်ဘူးနော်😍
' သင့်ရဲ့အလှတရားကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါပြီ '
#ဝက်ခြံ
✌🌚
အဆင့်တွေ ကျော်မိနေပီလား 👇👇
ှင့်အလှအပရေးရာဗဟုသုတ
03/05/2023
🍯🍋 သံပယို နှင့် ပျားရည်သောက်ရင် ဘာအတွက်ကောင်းလဲ?
🍯ပျားရည်ကော 🍋သံပုရာသီးကောဟာ သူ့ဟာနဲ့သူ ကျန်းမာရေးကောင်းစေတဲ့ပစ္စည်းတွေအဖြစ် လူသိများပေမယ့် နှစ်မျိုးပေါင်းလိုက်ရင် ပိုမိုကောင်းမွန်တဲ့ အာနိသင်တွေကို ပေးစွမ်းနိုင်ပါတယ်
🍯 ပျားရည်ဆိုတာ ထူပျစ်စေးထန်းတဲ့ရွှေအိုရောင်အရည်တစ်မျိုးဖြစ်ပြီး ပျားကောင်တွေ ပန်းပွင့်တွေရဲ့ဝတ်ရည်တွေကို စုပ်ယူသိုလှောင်ခြင်းဖြင့် သဘာဝအတိုင်းဖြစ်ပေါ်လာရပါတယ်
တချို့လူတွေက ပျားရည်ကို သကြားအစားထိုးသုံးစွဲကြပါတယ် ဘာလို့လဲဆိုတော့ သဘာဝအချိုဓာတ်ကိုပေးစွမ်းနိုင်တဲ့ ဒီပစ္စည်းလေးက ဘက်တီးရီးယားတိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိနဲ့ အရေပြားရောင်ရမ်းခြင်းကို ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိလို့ပါရှင့်
နောက်ပြီးပျားရည်မှာ သံဓာတ်၊ ဇင့်ဓာတ်၊ ဗိုက်တာမင် ဘီစစ်၊ အမျှင်ဓာတ်တို့လို ဗိုက်တာမင်နဲ့သတ္ထုဓာတ်တွေလည်း စုံလင်စွာပါဝင်ပါတယ်
🍋သံပုယိုသီးကတော့ စစ်ထရစ်အက်ဆစ်ပါဝင်မှုကြောင့် သန့်ရှင်းရေးပစ္စည်းတစ်မျိုးအဖြစ်ထင်ရှားပြီး အစွမ်းထက် ဘက်တီရီးယားနဲ့ ရောဂါပိုးမွှားတိုက်ဖျက်ရေးဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်
🍋သံပုယိုသီးကိုလည်း antioxidant နဲ့ အာဟာရဓာတ်ကြွယ်ဝမှုကြောင့် ဆေးမြီးတိုအဖြစ်အသုံးပြုကြပါတယ်
သံပုယိုသီး ပျားရည်ကို ရေနွေးတစ်ခွက်ထဲကိုထည့်လိုက်ပြီးရောမွှေသောက်လိုက်ပါ။
ပျားရည်ဟာ ရေနွေးနွေးလေးထဲမှာ ပိုမိုလျင်မြန်စွာပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်အတွက်ကော၊ စိတ်ကြည်လင်မှုအတွက်ပါကောင်းမွန်တဲ့ ဖျော်ရည်လေးဖြစ်လာမှာပါ
ပျား/သံပုရာဖျော်ရည်ဟာ အစာအိမ်ထဲက အစာခြေတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်စေပါတယ်။ အူလမ်းကြောင်းကိုလည်း ရှင်းလင်းပေးပါတယ်။ နောက်ပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေ ရှင်သန်စေမှုကလည်း ကာကွယ်ပေးပါတယ်။
ဒါတင်မကသေးပါဘူး။ ပျား/သံပုရာဖျော်ရည်က ဆီးရွှင်စေတဲ့အတွက် ဆီးလမ်းကြောင်းအတွက်လည်းကောင်းမွန်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ရှင်းလင်းပေးတဲ့ detox ဖျော်ရည်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီးသွားခြင်းက မလိုလားအပ်တဲ့ ဆားတွေ၊ အဆီတွေ၊ အဆိပ်အတောက်တွေနဲ့ ရေတွေကို ခန္ဓာကိုယ်ထဲက စွန့်ထုတ်ပေးတဲ့အတွက် ကျောက်ကပ်ကျန်းမာရေး အတွက်လည်း ကောင်းမွန်စေပါတယ်။
၂။ ကိုယ်အလေးချိန်ကျဆင်းစေတယ်
ပျား/သံပုယိုရည်က ချိုမြမြအရသာရှိတယ်ဆိုပေမယ့်် ကယ်လိုရီတော့အများကြီး မပါဝင်ပါဘူး။ ဒါ့အပြင် ပျားရည်နဲ့ သံပုယိုရည် ပေါင်းစည်းရာကရလာတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ပံ့ပေးတဲ့အရာက ဝိတ်ကျဖို့အတွက် အကောင်းဆုံးဆေးဝါးတစ်မျိုးပါပဲ
ဒါတင်မက... သံပုရာသီးထဲမှာပါဝင်တဲ့ citrate တွေကလည်း ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်တွေမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်မျိုး ဖြစ်ပါတယ်။
၃။ ချောင်းဆိုးပျောက်တယ်
အကယ်၍ အအေးမိပြီးချောင်းတဟွတ်ဟွတ်ဆိုးနေတယ်ဆိုရင် (ဒါမှမဟုတ်) လည်ချောင်းနာနေတယ်ဆိုရင် အကောင်းဆုံးဆေးမြီးတို ကတော့ ပျားရည်နဲ့သံပုယိုသီးကိုရောပြီး သောက်လိုက်တာပါ
ပျား/ သံပုရာဖျော်ရည်က အသက်ရှူလမ်းကြောင်းကိုရှင်းလင်းပေးပြီး ယားယံခြင်းမဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ယားယံခြင်းမဖြစ်တော့ ချောင်းလည်းမဆိုးတော့ဘူးပေါ
ဒါ့အပြင် ပျား/ သံပုယိုဖျော်ရည်က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အသက်ရှူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားကူးစက်ခြင်း ကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်။
၄။ အစာအိမ်အူလမ်းကြောင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်
ပျားရည်မှာကော၊ သံပုယိုရည်မှာပါ ဘက်တီးရီးယားကာကွယ်ပေးတဲ့အစွမ်းသတ္တိတွေပါတဲ့အတွက် (၂) ခုပေါင်းလိုက်ရင် အစာအိမ်အတွက် အကောင်းဆုံးအားဆေးတစ်မျိုးပါ
သူဟာအစာအိမ်နဲ့ အူလမ်းကြောင်းထဲက ဘက်တီးရီးယားပိုးမွှားတွေကို သေစေရုံသာမက သံပုယိုသီးထဲမှာပါဝင်တဲ့ အက်ဆစ်ဓာတ်ကြောင့် အစာခြေခြင်းလုပ်ငန်းစဉ်ကိုလည်း ပိုမိုမြန်ဆန်စေပါတယ်
နောက်တစ်ခုကတော့ ပျား/ သံပုယိုရည်သောက်ခြင်းက သည်းခြေရည်ထုတ်လုပ်မှုကိုလည်း လှုံ့ဆော်ပေးပြီး ရှေ့လျှောက်အစာခြေမှု လုပ်ငန်းတွေကိုလည်း အထောက်အကူပြုပါတယ်
❌ NO Sugar
✅ အမျှင်ဓာတ်များတယ်
#ကျန်းမာရေးနဲ့ညီညွတ်တဲ့ပျားရည်သံပုယို
ဝက်ခြံ မပျောက်ရခြင်းရဲ ့
အကြောင်းအရင်း 👇👇
#သဘာဝနည်းလမ်းများ
ှင့်အလှအပရေးရာဗဟုသုတ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
08/07/2023