Chantara Cosmetic Shop

Chantara Cosmetic Shop

Share

Skin Care ပစ္စည်းများကို
ဈေးမှန်၊ ပစ္စည်းမှန်နဲ့
ရောင်းပေးနေတဲ့ Page လေးဖြစ်ပါတယ်

19/02/2026

အဆီပြန်သမား (Oily Skin)လည်း
Moisturizer လိုပါနော်
Graymelin Mugwort Calming Gel လေး
မင်မင်ဆီမှာ ရပါပြီနော် 🩵🩵🩵

15/02/2026

စကင်ကဲတွေ ရေခဲသေတ္တာထဲ
ထည့်သိမ့်းသင့်လား ဆိုတာလေး 😁

ပိမင်ဒီနေ့ရေးပေးမယ့် အကြောင်းအရာလေးကတော့… Skin Care တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းသင့် မသိမ်းသင့် ဆိုတာလေးပဲဖြစ်ပါတယ်…

Skin Care တွေကို ရေခဲသေတ္တာထဲထည့်သိမ်းတာလည်း မမှားသလို… ထည့်သိမ်းတာလည်း မမှားပါဘူး…

မှားခြင်းမမှားခြင်းဟာ… Skin Care အမျိုးအစားတွေပေါ်မှာ မူတည်နေလို့ပဲဖြစ်ပါတယ်…

အဲ့ဒီ Skin Care လေးတွေ အကြောင်း နည်းနည်းပြောပေးပါ့မယ်…

၁ - အပူချိန်ပေါ်လိုက်ပြီး ပြောင်းလဲတတ်တဲ့ Skin Care များ

သဘာဝပစ္စည်းနဲ့ လုပ်ထားပြီး တာရှည်ခံပစ္စည်းနည်းတဲ့ Skin Care တွေ…Serum တွေ…Face Mask တွေကတော့… ရေခဲသေတ္တာထဲမှာ သိမ်းရင် အကျိုးရှိနိုင်ပါတယ်…

အကျိုးကျေးဇူးတွေကတော့… Skin Care တွေရဲ့ သက်တမ်းနဲ့ အာနိသင် ပိုကြာကြာ ထိန်းသိမ်းနိင်မယ်…

Face Mask တွေဆိုရင် မျက်နှာပေါ် ကပ်လိုက်တဲ့အခါမှာ အေးအေးလေးဖြစ်နေမယ်ပေ့ါလေ…

Eye Cream လေးတွေဆိုရင် မျက်လုံးတစ်ဝိုက်လိမ်းလိုက်ရင် အေးအေးလေးဖြစ်နေပြီး မျက်လုံးညောင်းတာ သက်သာနိုင်မယ်…

Soothing Cream လေးတွေ Gel လေးတွေဆိုရင် မျက်နှာလေးအေးပြီး နီတာ ရောင်တာလေးတွေပါ သက်သာမယ်ပေါ့လေ…

၂ - နေရောင်ခံလိမ်းဆေးများ

ရေခဲသေတ္တာထဲ သိမ်းသင့်တဲ့ထဲမှာတော့ Sunscreen တွေ ပါမနေပါဘူး…

Sunscreen တွေကို အခန်းအပူချိန်မှာသာ ထားသင့်ပြီး…

ရေခဲသေတ္တာထဲ ထည့်သိမ်းမိရင် ပိုပြစ်တာ..ပိုခဲတာ..ဆွဲရတာ အဆင်မပြေတော့တာနဲ့…နေရောင်ကာကွယ်ပေးမယ့် အာနိသင်နည်းသွားတာမျိုးတွေနဲ့ ကြုံတွေ့ နိုင်ပါတယ်…

၃ - Moisturizer နဲ့ Lotion များ

ယေဘုယျအားဖြင့်တော့ ရေခဲသေတ္တာထည့်သိမ်းလို့လည်း အကျိုးကျေးဇူးထွေထွေထူးထူးရှိမလာပါဘူး…

အရမ်းပူတဲ့ နွေရာသီတွေမှာတော့ ရေခဲသေတ္တာထဲသိမ်းပြီးလိမ်းရင် Moisturizer လိမ်းဖို့ ဖြစ်လာတတ်တဲ့ ပူအိုက်တာမျိုးလေးတွေ သက်သာနိုင်ပါတယ်…

၄ - ဝက်ခြံဆေးများ

ဝက်ခြံဆေးတွေကလည်း ရေခဲသေတ္တာထည့် ထည့်လိမ်းရင် အကျိုးကျေးဇူး တချို့ ရနိုင်ပါတယ်..

အာနိသင်နည်းနည်း ကြာကြာထိန်းသိမ်းလို့ရတာနဲ့…လိမ်းလို့ရှိရင် ဖြစ်တတ်တဲ့ ပူတာ..နီတာလေးတွေ…လျော့နည်းနိုင်ပါတယ်…

ဒါပေမယ့်လည်း…နိဂုံးချုပ်ပြောရရင်တော့…

Skin Care တွေကို ရေခဲသေတ္တာထဲ ထည့်မသိမ်းဖို့ အကြံပြုပါတယ်…

ထည့်သိမ်းရင် အကျိုးကျေးဇူး တချို့ ရှိတယ်ဆိုပေမယ့်… Skin Care တွေဟာ..

သူ့တို့ကို ထိန်းသိမ်းသင့်တဲ့ အပူချိန်တွေ အမျိုးမျိုးရှိတတ်ကြပါတယ်…

နောက်တစ်ခုကတော့ အိမ်က ရေခဲသေတ္တာက အကြာကြီးနေမှ တစ်ခါလောက်ဆေးတာမလား…

သားငါးတွေလည်း ထည့်သလို…အစားအသောက်မျိုးစုံနဲ့ မို့လို့ သန့်ရှင်းနေမှာမဟုတ်ပါဘူး…

ဆိုတော့ကာ…
Skin Care သိမ်းဖို့က သူ့အတွက်သီးသန့် ရေခဲသေတ္တာပဲထားတာ ကောင်းပါတယ်…

အခုတော့ ဒီလောက်ပါပဲ…

ဟုန်…ပိပါပိ…ကျေးဇု

~PhyoWaiYan~

~LibraAestheticScience~

~SkinCareInRefrigerator~

13/02/2026

ငွေကုန်သက်သာပြီး ရိုးရှင်းတဲ့ စကင်ကဲနည်း…

ပိမင်…ဒီနေ့မျှဝေပေးမှာကတော့…

ငွေကုန်သက်သာပြီး…

လိုက်လုပ်ရလဲ လွယ်တဲ့…စကင်ကဲပေါ့လေ…

လူတိုင်းမဖြစ်မနေ…အောက်ထစ်…

အခုလောက်လေးတော့…စကင်ကဲသင့်ပါတယ်…

ကဲ….စလိုက်ရအောင်…

၁ - မျက်နှာသစ်ဆေး (Cleanser)

ရည်ရွယ်ချက်ကတော့…

အညစ်အကြေးနဲ့ အဆီတွေ…ဖယ်ရှားပေးဖို့ပါပဲ…

ပိမင် Recommend ပေးချင်တာလေးကတော့…

Simple Cleanser အစိမ်းရောင်လေးပေါ့လေ…

၂ - အစိုဓာတ်ထိန်းခရင် (Moisturizer)

ရည်ရွယ်ချက်ကတော့…

ရေဓာတ်ဖြည့်ဖို့နဲ့ အစိုဓာတ်ထိန်းဖို့ပါပဲ…

ဘယ်လိုသုံးသင့်သလဲဆိုတော့…

မျက်နှာသစ်ပြီး…မျက်နှာရေသုတ်ပြီးလို့…

ရေမခြောက်သေးခင်အချိန်မှာ…လိမ်းသင့်ပါတယ်…

ပိမင်…Recommend ပေးချင်တာကတော့…

Simple Light Moisturizer လေးပါပဲ…

၃ - စမ်းခွင် (Sunscreen)

နွေရာသီလည်းရောက်တော့မယ်ဆိုတော့…

နေရောင်လည်းကာကွယ်ဖို့လိုတာပေါ့လေ…

နေပူထဲထွက်မှပဲလိမ်းတာမျိုးမလုပ်ပါနဲ့…

နေ့ဘက်တွေမှာ နေ့တိုင်းလိမ်းပေးသင့်ပါတယ်…

ပိမင်…Recommend ပေးချင်တာကတော့…

Biore က Gel Sunscreen လေးပါပဲ…

အဆီလည်းမပြန်ပါဘူး…

နေ့ဘက်မှာ…

မျက်နှာသစ်…Moisturizer….စမ်းခွင်…

ညဘက်မှာ…

မျက်နှာသစ်…Moisturizer…ပေါ့လေ…

လူတိုင်းလူတိုင်း…အဲ့လောက်လေးတော့…

စကင်ကဲသင့်ပါတယ်…

အလုပ်လုပ်ရင် အရင်ဆုံး...မြင်ကြရမှာ…

ဒီမျက်ခွက်တွေကြီးပဲမလား…

လောကကြီးမှာ ရုပ်ချောရင်…နှာတစ်ဖျားသာပါတယ်…

ပိမင်အခုပြောထားတာလေးတွေက…

Skin Type မရွေးသုံးလို့ရပါတယ်…

အခုပြောထားတဲ့…စကင်ကဲလေးတွေ…

မင်မင်ဆီမှာ ဝယ်လို့ရနေပါပြီနော်…

အခုတော့…ဒီလောက်ပါပဲ…

ဟုန်..ပိပါပိ…ကျေးဇု..







~ကူးချသူFinနူ~

12/02/2026

ဒီ Moisturizer လေး
In Stock ပါနော် 😁

ပိမင်ဒီနေ့ရေးပေးမှာကတော့…

ဈေးသက်သာပြီး…ပေးရတဲ့ဈေးနဲ့ တန်အောင် အာနိသင်ပြန်ရနိုင်မယ့်…

Simple Hydrating Light Moisturizer လေးအကြောင်းပဲဖြစ်ပါတယ်…

Moisturizer ကိုတော့ ဇာဇာလို့ပဲ ပိမင်ခေါ်လိုက်မယ်နော်…

Simple တံဆိပ်ဆိုတာဘာလဲ???

Simple, Kind to Skin တံဆိပ်ဆိုတာ… UK နိုင်ငံအခြေစိုက် Brand တစ်ခုပါပဲ…

သူတို့က ရိုးရိုးလေးနဲ့ ကောင်းတဲ့ Skin Care တွေထုတ်တဲ့နေရာမှာ နာမည်ကြီးပါတယ်…

Simple တံဆိပ် ပစ္စည်းတွေဟာ ဈေးအရမ်းမကြီးသလို…အရေပြားကိုလည်း…

ငြင်ငြင်သာသာနဲ့ အာနိသင်ပေးလို့… Sensitive Skin သမားတွေလည်း တော်တော်ကြိုက်ကြပါတယ်…

မကောင်းတဲ့ တစ်ချက်ကတော့… UK ရာသီဥတုနဲ့…ဒီကရာသီဥတုနဲ့ မကိုက်လို့…

အရမ်းပူတဲ့ ရာသီလေးတွေမှာ အဆင်မပြေတာလေးတစ်ခုပါပဲ…

Simple Light Hydrating Moisturizer ဆိုတာ ဘာလဲ???

ဒီဇာဇာမှာတော့ အကြမ်းဖျင်း အာနိသင် ၂ပိုင်းပါပါတယ်…

သူ့နာမည်မှာ ရေးထားတဲ့အတိုင်း…
Hydrating နဲ့ Moisturizing ပါပဲ…

ဆိုလိုတာက…ရေဓာတ်ဖြည့်ပါမယ်…အစိုဓာတ်ထိန်းပါမယ်…

အရင် ဖော်မြူလာအဟောင်းကို မင်မင်သိပ်မကြိုက်ပေမယ့်…

အခုနောက်ပိုင်း ဖော်မြူလာအသစ်…ဘူးအသစ်မှာတော့…
လိမ်းရတာ တော်တော်လေး အဆင်ပြေလာတာကို တွေ့ ရပါတယ်…

အရင်လို မပူတော့ပဲ…အေးတဲ့ဘက်ကိုလည်း ရောက်လာသလို…
အရင်ကလောက်လဲ အဆီ သိပ်မပြန်တော့ပါဘူး…

ဈေးကတော့ 125ml ကို တစ်သောင်းကျော်ကျော်မှာရှိလို့ တော်တော်လေးလည်း အသုံးခံပါတယ်…

ဈေးကအရမ်းမကြီးပေမယ့်… ဇာဇာတစ်ခု လုပ်ရမယ့် တာဝန်တွေကို ကောင်းကောင်းလုပ်ပေးနိုင်သလို…

ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တာမျိုးလည်း သိပ်မရှိပါဘူး…

တချို့ အဆင်မပြေဘူးဆိုတဲ့ Feedback မျိုးလေးတွေရှိတာက…

အတုနဲ့တိုးတာဖြစ်နိုင်သလို…ကံဆိုးပြီး ဓာတ်မတည့်တဲ့ လူနည်းစုလည်းဖြစ်နိုင်ပါတယ်…

ပြီးတော့ ဇာဇာအာနိသင်အပြင်ကိုမှ ရေဓာတ်လေးလည်း ဖြည့်ပေးတော့…မျက်နှာတင်တင်းရင်းရင်း…
အေးအေးလေးလည်းဖြစ်နေမှာပါ…

လိမ်းပြီးရင်လည်း မျက်နှာပေါ်တင်မကျန်ခဲ့သလို…မြန်မြန်လည်း စုပ်ယူသွားနိုင်ပါတယ်…

Vitamin B5 တို့… Vitamin E တို့လည်း ပါတယ်ဆိုပေမယ့်…သူတို့အာနိသင်က… ဇာဇာမှာပါတာဆိုတော့…
Serum မှာပါတာလောက်တော့ ကောင်းနေမှာမဟုတ်ပါဘူး…ဒါပေမယ့် အာနိသင်လေးတွေတော့ ရနေမှာပါ…

အတိုချုပ်ပြန်ပြောရရင်…

အခု Simple ဇာဇာလေးဟာ… ပေးရတဲ့ ငွေနဲ့ ပြန်ရတာ…တန်တဲ့အထဲမှာပါပါတယ်…

အာနိသင်ပိုင်းမှာလည်း အရမ်းပူတဲ့အချိန်လေးမှာ အဆင်မပြေတာကလွဲရင်…
ကျန်တာမှ ဘာမှပြောစရာ သိပ်မရှိပါဘူး…

အပျိုကြီးတွေလို…ရိုးရိုးလေးနဲ့ကောင်းတဲ့…သက်တမ်းရင့် ဇာဇာလေးတစ်မျိုးပါပဲ…

အခုတော့…ဒီလောက်ပဲပေါ့နော်…

ဟုန်…ပိပါပိ…ကျေးဇု…

~PhyoWaiYan~

~LibraAestheticScience~

~SimpleHydratingLightMoisturizer~

~ကူးချသူfinနူ~

10/02/2026

၀က်ခြံပေါက်ရင် သွားတိုက်ဆေး
အလွယ်မအုံဖို့ 😁

ပိမင်…ဒီနေ့ရေးပေးမယ့်…
အကြောင်းအရာလေးကတော့…
ဝက်ခြံတွေပေါ်မှာ…သွားတိုက်ဆေး…အုံတယ်ဆိုတဲ့…
အလေ့အကျင့်လေးပေါ့လေ…

လူတော်တော်များများလုပ်ဖူးကြမယ်ထင်ပါတယ်…
ဝက်ခြံတွေ ထွက်လာတော့…ပျောက်ချင်ဇောနဲ့…
သွားတိုက်ဆေးအုံပြီး…မနက်ပျောက်ပါစေဆိုတဲ့…
စိတ်ကလေးနဲ့…အိပ်တတ်ကြတယ်ပေါ့လေ…

အဲ့ဒါက…အမှန်တကယ်ကောထိရောက်လားဆိုတာ…
ပိမင်ပြောပြပေးပါ့မယ်…

ဘာလို့…ဝက်ခြံပေါ်မှာ…သွားတိုက်ဆေး..အုံတာလဲ???

ဘာလို့အုံကြတာလဲဆိုတော့…
သွားတိုက်ဆေးမှာ….Menthol, Baking Soda နဲ့
Hydrogen Peroxide တွေပါနေလို့ပါ…
သူတို့တွေက…အလွန်အမင်းခြောက်သွေ့စေတတ်တဲ့…
အာနိသင်ရှိတော့…
ဝက်ခြံလေးက ခဏတာ…ချပ်သွားသယောင်ရှိတယ်ပေါ့လေ…

အဲ့ဒါဆိုရင်…ပြဿနာဖြစ်နိုင်လား???

ဖြစ်နိုင်တာပေါ့…
နာမည်ပေးထားတာပဲလေ…သွားတိုက်ဆေးဆိုပြီး…..
သွားပဲတိုက်ဖို့ပေါ့…မျက်နှာတိုက်ဖို့မှမဟုတ်တာ…

သွားတိုက်ဆေးက…မျက်နှာအတွက်…အရမ်းပြင်းလွန်းပါတယ်…
ပြီးတော့…အယ်ကာလိုင်းဓာတ်လည်းများပါတယ်…
အရေပြားက အယ်ကာလိုင်းဓာတ်များရင် မကြိုက်ပါဘူး…

သွားတိုက်ဆေး…ဝက်ခြံပေါ်အုံရင်…
>>>အုံတဲ့နေရာ လောင်နိင်တယ်…ပူနိုင်…စပ်နိုင်တယ်…
>>>နီမယ်…ယားမယ်…အရေခွံကွာမယ်…
>>>Skin Barrie ထိခိုက်မယ်
>>>ဝက်ခြံပျောက်သွားရင်…အမဲစက်…အမဲကွက်…ကျန်ခဲ့လိမ့်မယ်…

ဝက်ခြံကို…သွားတိုက်ဆေး…မအုံနဲ့ဆိုတော့…ဘာအုံရမလဲ…
အုံစရာမရှိရင်…Laပြွတ်ငုံပါ…စတာ…စတာ…

ဝက်ခြံထွက်လာရင်…စွတ်စွတ်အုံမနေပါနဲ့…
အုံတာကြိုက်တဲ့သူက…ငုံတာ..ကြိုက်သူပဲလို့…
ပိမင်အလွယ်မှတ်ပါတယ်…

အုံမယ့်အစား…ဒါပါတာလေးတွေလိမ်းပါ…
Salicylic Acid, Benzyl Peroxide

အဲ့ဒါတွေမရှိရင်လည်း…ရေခဲလေးအဝတ်ပတ်ပြီး..
ကပ်ပေးလို့ရပါတယ်…နီတာ…ရောင်တာ…ကျတာပေါ့…

သွားလည်းမညှစ်ပါနဲ့…
ဝက်ခြံက…Nose မဟုတ်ပါဘူး…

ဝက်ခြံဆိုတာ…
ကိုယ့်ကောင်မလေး…စိတ်ကောက်သလိုပဲ…မှတ်ပါ…
သွားမကလိရဘူး…သူ့ဘာသာသူပျောက်သွားတဲ့အထိ….
ဒီတိုင်းပြစ်ထားရတယ်လို့…မှတ်ပါလို့…ပြောရင်း..

ဒီမှာ…ခဏနားလိုက်အုန်းမယ်နော်…

အခုတော့…ဒီလောက်ပါပဲ…

ဟုန်…ပိပါပိ..ကျေးဇု…

09/02/2026

တိုနာနဲ့ Micellar Water မကွဲတဲ့သူတွေ
သိထားဖို့ပါ 🩵🩵🩵

တိုနာနဲ့ Micellar Water မကွဲတဲ့သူတွေအတွက်ပြောပါ့မယ်

Micellar Water ဆိုတာ မိတ်ကပ်ဖျက်ဆေးပါ
မျက်နှာမသစ်ခင် သို့မဟုတ် မျက်နှာမသစ်ချင်တဲ့အခါသုံးရတာပါ

Toner ကတော့ မျက်နှာသစ်ပြီးမှသုံးရတာပါ

နှစ်ခုလုံးတော့ ဂွမ်းဖတ်လိုပါတယ်

ဒါကသုံးရမယ့်အစဉ်လေးပါ

၁ - Micellar Water
၂ - မျက်နှာသစ်ဆေး
၃ - တိုနာ

07/02/2026

ဒီ Serum လေးကတော့...

Elizavecca Witch Piggy Hell-Pore Control Hyaluronic Acid Serum လေးပေါ့လေ

နာမည်ရှည်လွန်းတော့…

Piggy Serum 🐷🐷🐷 လို့ပဲ…သိကြပါတယ်…

ဘာကောင်းကျိုးတွေပေးလဲဆိုတော့…

Hyaluronic Acid ပါပြီး…

မျက်နှာကို ရေဓာတ်ရှယ်ဖြည့်ပေးမယ်💧💧💧

အရေပြားရော့တွဲတာသက်သာတော့ ချွေးပေါက်ကျယ်တာတွေပါ သက်သာမယ်👩👩👩

လိမ်းပြီးတာနဲ့…တန်း Glow မယ်ပေါ့လေ 🌞🌞🌞

အခုပြထားတဲ့ Piggy Serum လေး..

မင်မင်ဆီမှာ ဝယ်လို့ရပါပြီနော်…

06/02/2026

စကင်ကဲ ၀ယ်တဲ့အခါ
ကိုယ့် Skin Type ပြောပြီး ၀ယ်နိုင်ဖို့ပါ 😁

ပိမင်..ဒီနေ့မျှဝေပေးမယ့်…
အကြောင်းအရာလေးကတော့…
ကိုယ့် Skin Type ကို ဘယ်လိုသိနိုင်မလဲ….ဆိုတာလေးပေါ့နော်…

ကဲ…စလိုက်ရအောင်…

Skin Type ဆိုတာ ဘာလဲ???

Skin Type ဆိုတာ…ကိုယ့်မျက်နှာအရေပြားက…
အဆီပြန်လား…
အသားခြောက်လား…
နီတတ်လား…ဒါတွေကြည့်ပြီး…ဆုံးဖြတ်တဲ့အရာပါ…

Skin Type ကို…စကင်ကဲတွေ ရွေးချယ်တဲ့နေရာမှာ သုံးလို့ရပြီး…
Skin Type နဲ့ Skincare နဲ့ မကိုက်ဘဲသုံးမိနေရင်…
အကောင်းစားဘယ်လောက် သုံးသုံးလှလာမှာ…မဟုတ်ပါဘူး…

အဲ့တော့…ကိုယ့် Skin Type သိအောင်…ဘယ်လိုစမ်းကြမလဲ???

အရင်ဆုံး Gentle Cleanser (မျက်နှာသစ်ဆေးအပျော့စား)လေးနဲ့…
မျက်နှာသစ်လိုက်ပါ…ပိမင်ကတော့
Simple Cleanser အစိမ်းလေးကို…အကြံပြုပါတယ်…
မျက်နှာသစ်ဆေး အပြင်းစားဆို…Skin Type မှားနိုင်လို့ပါ…

မျက်နှာသစ်ပြီးရင်…ဖုန်းမှာ ၁နာရီ Timer ပေးပါ…

၁နာရီပြည့်တဲ့အခါ…
ကိုယ့်မျက်နှာအရေပြား ဘာဖြစ်နေလဲ…မှန်ကြည့်ပါ…ကိုင်ကြည့်ပါ…

1 – Oily Skin
မျက်နှာတစ်ခုလုံး…ငါကြင်းဆီပြန်ဟင်းလို…
အဆီတွေပြန်နေမယ်ဆိုရင်တော့…ကိုယ်ဟာ
အဆီပြန်အသားရေ (Oily Skin) ပေါ့လေ…

2 – Dry Skin
မျက်နှာအသားရေက တင်းတယ်၊ ကြမ်းတယ်၊
အဖတ်တွေလန်နေတယ်ဆိုရင်တော့…
ခြောက်သွေ့အသားရေ (Dry Skin) ပေါ့လေ…

3 – Combination Skin
T-zone လို့ခေါ်တဲ့ နှာဖူး၊နှာခေါင်း၊မေးစေ့မှာပဲ
အဆီပြန်ပြီး…
ပါးကအသားရေကျတော့…တင်းပြီးခြောက်သွေ့နေရင်…
ကိုယ်ဟာ ပေါင်းစပ်အသားရေ (Combination Skin) ပေါ့လေ…

4 – Normal Skin
မျက်နှာသစ်ပြီး ဘာမှမလိမ်းတာတောင်…
အဆီလည်းမပြန်၊ အသားလည်းမခြောက်ပဲ…
ဘာမှမလိမ်းတဲ့ကိုယ်က
တခြားသူတွေ Skincare ထားသလိုဖြစ်နေရင်တော့…
ကံကောင်းသူလေး Normal Skin ပေါ့လေ…
အရေပြားကောင်းသူတွေပေါ့…

5 – Sensitive Skin
မျက်နှာက…နီနေမယ်…
ယားမယ်…စပ်နေမယ်…
အပ်နဲ့ထိုးထားသလိုဖြစ်နေမယ်ဆိုရင်တော့…
ကံဆိုးသူ Sensitive Skin ပေါ့လေ….
စမ်းစမ်းတင့် အရေပြားပိုင်ရှင်တွေပေါ့…

ဒီလောက်ဆိုရင်…
ကိုယ့် Skin Type ကို သိလောက်မယ်ထင်ပါတယ်…

နောက်နေ့ကျမှ ကိုယ့် Skin Type နဲ့လိုက်ပြီး…
ဘာ စကင်ကဲတွေ…သုံးရမလဲဆိုတာ…
တင်ပေးတာပေ့ါနော်….

အခုတော့…ဒီလောက်ပါပဲ…

ဟုန်…ပိပါပိ…ကျေးဇု…






~ကူးချသူfinနူ~

Photos from Chantara Cosmetic Shop's post 04/02/2026

မျက်နှာသစ်ဆေး၊ တိုနာနဲ့ Moisturizer ဘာလဲ
သေချာ မရှင်းတဲ့သူတွေကို ပုံလေးတွေနဲ့
ပိမင်သေချာရှင်းပြပေးထားပါတယ်

31/01/2026

မျက်နှာသံပုရာသီး ပွတ်နေတဲ့
ကာကာတို့အတွက် 😁

ပိမင်…ဒီနေ့ရေးပေးမယ့်…
အကြောင်းအရင်းလေးကတော့…
သံပုရာသီးနဲ့ ပွတ်တာ…အသားဖြူစေသလား????
ဆိုတဲ့…အကြောင်းအရင်းလေးပေါ့နော်…

ကဲ..စလိုက်ရအောင်…

သံပုရာသီးနဲ့…ပွတ်ရင်…အသားဖြူတယ်ဆိုတဲ့…
အယူအဆက…ဘယ်လိုစဖြစ်လာတာလဲ???

သံပုရာသီးမှာ…Citric Acid နဲ့…Vitamin C…ပါပါတယ်…
သူတို့တွေက…Exfoliation နဲ့ Brightening အာနိသင်ပါတော့…
သံပုရာသီးနဲ့ ပွတ်ရင်….
အသားဖြူတယ်…
အမဲစက်သက်သာတယ်…
လှလာမယ်လို့…ယူဆခဲ့ကြတယ်ပေါ့လေ…

ဒါပေမယ့်…အဲ့ဒါက…အမှန်ဟုတ်မနေပါဘူး…

အရေပြားပေါ် သံပုရာသီးရဲ့ အမှန်တကယ် သက်ရောက်မှုက…
ဘယ်လိုဖြစ်မလဲ???

****Brightening အာနိသင်ပါ…Whitening မဟုတ်ပါဘူး****

လူပိန်းနားလည်အောင်ပြောရရင်…
Brightening ဆိုတာ…အသားဝင်းစေတာ..
Whitening ဆိုတာ…အသားဖြူစေတာပါ…
Citric Acid က…Mild Exfoliate လုပ်ပေးတော့…
ခဏတာ…အသားဝင်စေသယောင်တော့…ရှိပါလိမ့်မယ်…

****Melanin ထုတ်လုပ်မှုပေါ်မှာ ဘာသက်ရောက်မှုမှ မရှိပါဘူး****

ကိုယ့်ရည်းစား ငမဲလုံးကြီးဖြစ်လို့…စိတ်ညစ်နေတယ်မလား…
Melanin ကို အပြစ်တင်လိုက်ပါ…
Melanin ဆိုတာ…အသားရောင် ရင့်စေတဲ့…ပစ္စည်းတစ်မျိုးပါ…
သံပုရာသီးက Melanin အပေါ် ဘာသက်ရောက်မှုမှမရှိလို့..
အသားဖြူလာစေမှာ…မဟုတ်ပါဘူး…

*****သံပုရာသီးက အက်စစ်ဓာတ်အရမ်းများပါတယ်***

ငယ်ငယ်တုန်းက…သိပ္ပံသင်ဖူးတယ်မလား…
“အက်စစ်တို့သည် ချဉ်ပါ၏” ဆိုတာလေးလေ…
သံပုရာသီး…ထက်ချဉ်ဖို့ကောင်းတာ…HR ဌာနပဲ…ကျန်တော့တယ်မလား…
အဲ့လောက်ချဉ်တဲ့…သံပုရာသီးက…အက်စစ်ဓာတ်များတာပေါ့…
သူက…အရေပြားကို…
>>>Skin Barrier ပျက်စီးစေတယ်
>>>အက်စစ်လောင်သလိုဖြစ်စေတယ်…ပူတယ်…နီမယ်..
>>>ယားမယ်…စပ်မယ်…
>>>ကြာလာရင်…Sensitive Skin ဘက်ကို ကူးသွားနိုင်မယ်ပေါ့…

ပြီးတော့… သံပုရာသီးပွတ်ရင်…ဖြစ်လာမယ့်…
လူသိနည်းတဲ့…အန္တရယ်လေး…တစ်ခုရှိသေးတယ်…

အဲ့ဒါကတော့…နာမည် အဆန်းလေးပေါ့…
****Phytophotodermatitis***တဲ့…
ဖိုက်တိုဖိုတိုဒါမာတိုက်တစ်စ်…လို့…အသံထွက်ပါတယ်…

ဘာဖြစ်တာလဲဆိုတော့…

သံပုရာသီးဒြပ်ပေါင်းတွေ အရေပြားပေါ်ရှိချိန်မှာ…နေပူထဲထွက်လိုက်ရင်…
အလင်းရောင်နဲ့ ဒြပ်ပြုပြီး…အရေပြားရောင်သွားပြီး…
>>>အမဲကွက်တွေထမယ် (ဇာတ်နာတယ်မလား…အမဲကွက်ပျောက်ချင်လို့…သံပုရာသီးပွတ်မှ…ပိုကြီးတဲ့…အမဲကွက်တွေထလာကော)
>>>အပူလောင်သလို….အရည်ကြည်ဖုတွေ…ထွက်လာမယ်…
>>>အမဲကွက်တွေကလည်း…တော်ရုံမပျောက်တော့ဘူး….

လှချင်လို့…လုပ်ကာမှ…ပိုရုပ်ဆိုးသွားမယ်ပေ့ါလေ…

ပြောတာတွေများသွားပြီဆိုတော့…
အပေါ်က စာအရှည်ကြီးကိုမှ အချုပ်ပြောရရင်တော့…

သံပုရာသီးပွတ်ရင်…အသားဖြူမယ်ဆိုတာ…မှားပါတယ်….
မဖြူတဲ့..အပြင်ကိုမှ…ပိုတောင်မဲလာနိုင်သေးတယ်ဆိုတာ..
သိပြီး..ငစမန်မထရင်ပဲ…ကျေနပ်ပါပြီ…လို့ပြောရင်း…

ဒီမှာခဏနားလိုက်အုန်းမယ်နော်…

အခုတော့…ဒီလောက်ပါပဲ…

ဟုန်…ပိပါပိ…ကျေးဇု…






~ကူးချသူfinနူ~

30/01/2026

အသက်ကြီးမှ ၀က်ခြံထွက်နေတဲ့
ကာကာ‌တွေ အတွက် 😁

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon

Opening Hours

Monday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00