Ly'si Myanmar

Ly'si Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ly'si Myanmar, Health/Beauty, No. 83, YayKyaw Road, Pazundaung, Yangon.

01/05/2026

မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) ကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။ 👷‍♂️👷‍♀️✨

#အလုပ်သမားနေ့

11/04/2026

🙏💦"မင်္ဂလာရှိသော မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အခါသမယမှာ မိဘပြည်သူများအားလုံး ဘေးဘယာကင်းစင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Ly'si Myanmar မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။"🙏💦

#မြန်မာ့ရိုးရာအတာသင်္ကြန်

01/04/2026

Lemon အရသာနဲ့ငါးကြီးဆီ 🐬🍋
ငါးညှီနံ့ကြောင့် ငါးကြီးဆီသောက်ဖို့ ဝန်လေးနေတဲ့သူတွေအတွက် Ly'Si ရဲ့ Lemon Flavor လေး ရှိတယ်နော်။ 💛🍋
Iceland နိုင်ငံရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်ပြင်ကနေ ထုတ်လုပ်ထားပြီး လတ်ဆတ်တဲ့ Lemon အရသာလေးကြောင့် သောက်လိုက်တိုင်း လန်းဆန်းစေမှာပါ။ 🌟အနံ့ညှီမှာ ပူစရာမလိုတော့ဘဲ ကလေးရော လူကြီးပါ အကြိုက်တွေ့စေမယ့် အရသာမျိုးပါ။မိသားစုကျန်းမာရေးအတွက် နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို Ly'Si (Lemon Flavor) တစ်ဇွန်းတည်းနဲ့ ရရှိနိုင်ပါတယ်။🍋 Lemon Flavor ရဲ့ ပါဝင်တဲ့ အာဟာရဓာတ်များ
✅ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ထောက်ပံ့ပေးတဲ့ Omega-3 (DHA & EPA)🧠
✅ ကိုယ်ခံအားကောင်းမွန်စေပြီး အမြင်အာရုံကြည်လင်စေတဲ့ Vitamin A 💪👀
✅ အရိုးနဲ့ သွားတွေကို သန်မာစေတဲ့ Vitamin D 🦷🦴
✅ ဆဲလ်တွေကို ကျန်းမာစေပြီး အသားအရေကို ကြည်လင်စေပါတယ် Vitamin E 🌟
ကျန်းမာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့ Ly'Si ပါပဲ။ ✨
အရည်အသွေးမြင့် Iceland ထုတ် ငါးကြီးဆီစစ်စစ်ကိုမှ သောက်ချင်တယ်ဆိုရင် Ly'Si ကို ရွေးချယ်လိုက်ပါ။ 🙌🐬

11/03/2026

နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အလှတရားတွေကို စိတ်မပျက်ပါနဲ့တော့ ☀️✨
​နွေရာသီရဲ့ ပြင်းထန်တဲ့ UV Rays တွေကြောင့် အသားအရေ ညိုညစ်တာ၊ တင်းတိပ်နဲ့ မှဲ့ခြောက်တွေ ထွက်လာတာမျိုးကို ပျိုမေတို့ ခံစားနေရပြီလား? အပြင်ပန်းကနေ Skin Care ရုံတင် မလုံလောက်တော့တဲ့အခါ ခန္ဓာကိုယ်ထဲကနေ ပြန်လည်ပြုပြင်ပေးဖို့ လိုအပ်လာပါပြီ။အိုက်စလန်နိုင်ငံရဲ့ သန့်စင်တဲ့ ပင်လယ်ငါးကနေ ထုတ်လုပ်ထားတဲ့ Lysi ဟာ သင့်အသားအရေကို နဂိုထက် ပိုမိုနုပျို၊ တင်းရင်းပြီး တောက်ပစေမှာပါ။🌊
Lysi Omega-3 မှာ ပါဝင်တဲ့ သဘာဝအဆီအနှစ်တွေဟာ -
✨နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဆဲလ်တွေကို အတွင်းပိုင်းကနေ ပြန်လည်ပြုပြင်ပေးပါတယ်။
​✨အသားအရေရဲ့ စိုပြေမှုကို ထိန်းညှိပေးပြီး အရေပြား ခြောက်သွေ့တာကို ကာကွယ်ပေးတယ်။
​✨Anti-oxidant ကြွယ်ဝလို့ အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။
​အပြင်ကနေ ကာကွယ်ရုံတင်မကဘဲ Lysi နဲ့အတူ အတွင်းပိုင်းကနေပါ ကိုယ့်ရဲ့အလှတရားကို ပြန်လည်တည်ဆောက်လိုက်ပါ။💪💛

02/03/2026

"၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော (၆၄) ကြိမ်*မြော* က် တောင်သူလယ်သမားနေ့ ကို လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံး သီးနှံအထွက်တိုးပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။"

#တောင်သူလယ်သမားနေ့

17/02/2026

"Happy Lunar New Year! 🏮
"၂၀၂၆ "တရုတ်နှစ်သစ်ကူးမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ!
🍊 ဒီမြင်းနှစ်လေးဟာ ချစ်ခြင်းမေတ္တာ၊ ရယ်မောသံတွေ၊ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်နေတဲ့နှစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🐎🏮✨"

11/02/2026

"မိဘများအတွက် လက်ဆောင်" ဆို Ly'si (လိုင်စီး) Myanmar
​အသက်အရွယ် ရလာတာနဲ့အမျှ မိဘတွေအတွက် အလိုအပ်ဆုံးက "ကျန်းမာရေး" ပါ။
"အဖေနဲ့အမေ ကျန်းမာနေတာဟာ သားသမီးတွေအတွက် အကြီးမားဆုံး ဆုလာဘ်ပါပဲ ✨"
အစားအသောက်၊ အနေအထိုင်ကအစ ဂရုစိုက်ပေးချင်ပေမယ့် အလုပ်တွေရှုပ်လို့ အနားမှာ အမြဲမရှိပေးနိုင်တဲ့အခါ Ly'si(လိုင်စီး) ရဲ့ Omega-3ငါးကြီးဆီ ကိုသာသတိရလိုက်ပါ....​😍
မိဘတွေရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး နေကောင်းကျန်းမာစေမယ့် Ly'si (လိုင်စီး) ငါးကြီးဆီဟာ လူကြီးမိဘများအနေနဲ့ အသက်အရွယ်ကြောင့် မျက်စိအားနည်းမှုကိုနှေးကွေးစေပြီး မျက်စိကျန်းမာရေးကို ကာကွယ်ပေးနိုင်ခြင်း စတာတွေကြောင့် အစားအစာတွေ၊ အဝတ်အစားတွေထက် Ly'si (လိုင်စီး) ငါးကြီးဆီလို နေ့စဉ် မပါမဖြစ်လိုအပ်တဲ့ ကျန်းမာရေးပစ္စည်းလေးက လူကြီးမိဘတွေအတွက်တော့ အကောင်းဆုံးလက်ဆောင်လေးပါပဲ။🤗
ဈေးကြီးတဲ့ လက်ဆောင်တွေထက် မိဘတွေရဲ့ ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်မယ့် လက်ဆောင်မျိုးကသာ တကယ့်ကို တန်ဖိုးရှိလှတာပါ။မိဘတွေအတွက် အသင့်တော်ဆုံးနဲ့ မေတ္တာအပြည့်ပါတဲ့ လက်ဆောင် Ly'si(လိုင်စီး) Myanmar🎁
Ly'si (လိုင်စီး) နဲ့အတူ မိဘတွေကို အကောင်းဆုံးစောင့်ရှောက်လိုက်ပါ။

05/02/2026

သင့်နှလုံးသားကို တကယ်ရော ချစ်ရဲ့လား? ❤️အရာရာကို ရင်ဆိုင်နိုင်ဖို့... နှလုံးသားက ကျန်းမာနေမှ ဖြစ်မှာပါ.... ❤️
လူတစ်ယောက်ရဲ့ တစ်နေ့တာလှုပ်ရှားမှုတိုင်းအတွက် "နှလုံးသား" က အဓိက အင်ဂျင်ကြီးပါ။
ကျွန်တော်တို့ ချစ်ရတဲ့သူတွေကို ဂရုစိုက်သလိုမျိုး ကိုယ့်ရဲ့နှလုံးသားကိုရော အကောင်းဆုံး ဂရုစိုက်ပေးဖြစ်ရဲ့လား?
​ဘဝမှာ စိတ်လှုပ်ရှားစရာတွေ၊ ပျော်ရွှင်စရာတွေကို အပြည့်အဝ ခံစားနိုင်ဖို့ဆိုရင် သင့်မှာ ကျန်းမာတဲ့ နှလုံးသားတစ်စုံ ရှိနေဖို့ လိုအပ်ပါတယ်။
"ကိုယ့်ကိုယ်ကို ချစ်ပါ" ဆိုတဲ့ စကားစုမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ဂရုစိုက်ခြင်းက အဓိက အကျဆုံးပါပဲ။
✨အဆီအစိမ့်တွေ စားသုံးမှုများတာ၊ စိတ်ဖိစီးမှုများတာနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ပျက်ကွက်တာတွေက သင့်နှလုံးသားကို တဖြည်းဖြည်း ပင်ပန်းနွမ်းနယ်စေပါတယ်။
အိုက်စလန်နိုင်ငံထုတ် Ly'si Fish Oil မှာ ပါဝင်တဲ့ Omega-3 (EPA & DHA) ဟာ
​✅ သွေးတိုးကျစေတယ်
✅ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
✅သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးတယ်
✅နှလုံးသွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးတယ်
✅နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေတယ် ကမ္ဘာကျော် အိုက်စလန်နိုင်ငံရဲ့ သန့်စင်တဲ့ ပင်လယ်ပြင်ကနေ ရရှိတဲ့ Ly'si Fish Oil က သင့်နှလုံးသားအတွက် အဖော်မွန်ကောင်း ဖြစ်ပေးပါလိမ့်မယ်။
နေ့စဉ် Ly'si တစ်လုံး သောက်သုံးရုံနဲ့ သင့်နှလုံးသားကို အားဖြည့်ပေးပြီး ကျန်းမာပျော်ရွှင်တဲ့ လူနေမှုပုံစံကို ပိုင်ဆိုင်လိုက်ပါ။နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Omega-3 ကို Ly'si ကနေ အပြည့်အဝ ရယူလိုက်ပါ။ ဒီနေ့ကစပြီး Ly'si နဲ့အတူ သင့်နှလုံးသားကို ချစ်ကြောင်း ပြသလိုက်ပါ။ 🇮🇸✨




#ငါးကြီးဆီ
#အိုမီဂါသရီး

30/01/2026

သားသားမီးမီးတို့ စာကြည့်စားပွဲမှာ အချိန်အကြာကြီးထိုင်နေပေမဲ့ ခေါင်းထဲဘာမှမဝင်တာမျိုး၊ စာအုပ်ဖွင့်လိုက်တာနဲ့ တခြားအာရုံနောက်ပါသွားတာမျိုးတွေ ဖြစ်နေလို့ မေမေတို့ စိတ်ပူနေရပြီလား?
ကလေးတစ်ယောက် အာရုံစူးစိုက်မှု (Concentration) ကောင်းဖို့ဆိုတာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေဖို့က အဓိကကျပါတယ်။
𝐋𝐲𝐬𝐢(လိုင်စီး) Myanmar ကနေ သားသားမီးမီးတို့အတွက် အထူးထုတ်လုပ်ထားတဲ့ Omega-3 နဲ့ ဗီတာမင်တွေက ဒီပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ကြည့်လိုက်ရအောင်။💡
𝐋𝐲𝐬𝐢(လိုင်စီး) ငါးကြီးဆီမှာ Omega-3 fatty acids (DHA/EPA) ကြွယ်ဝစွာပါဝင်လို့ ကလေးများရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်အား နဲ့ အမြင်အာရုံစွမ်းရည်တို့ကို အထောက်အကူပြုပေးနိုင်တဲ့အပြင် စိတ်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကိုပါ မြှင့်တင်ပေးနိုင်လို့ ဖွံ့ဖြိုးတိုးတက်ဆဲအရွယ်ဖြစ်တဲ့ သားသားမီးမီးလေးတို့အတွက် မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးပြီး သင်ယူမှုနှုန်းကို မြန်ဆန်စေပါတယ်။🧠👀
အာရုံစူးစိုက်မှု ကောင်းမွန်စေပြီး စာကျက်တဲ့အခါမှာဖြစ်ဖြစ်၊ အတန်းထဲမှာ သင်ခန်းစာနားထောင်တဲ့အခါမှာဖြစ်ဖြစ် အာရုံမပြန့်လွင့်အောင် ကူညီပေးပါတယ်။📚✨
ဖုန်း၊ ကွန်ပျူတာကြည့်ပြီး စာသင်နေရတဲ့ ခေတ်မှာ ကလေးတို့ရဲ့ မျက်စိအားနည်းခြင်းကနေ ကာကွယ်ပေးပါတယ်။
ငါးကြီးဆီဆိုပေမဲ့ ညှီနံ့မရှိဘဲ သစ်သီးအရသာလေးတွေကြောင့် ကလေးတိုင်း ကြိုက်နှစ်သက်စေမှာပါ။
​✨ ကလေးတို့ရဲ့ ပညာရေးမှာ ထူးချွန်ဖို့ 𝐋𝐲𝐬𝐢(လိုင်စီး) ကိုရွေးချယ်ပါ
​သားသားမီးမီးတို့ ဉာဏ်ရည်ထက်မြက်ပြီး စာကျက်ရတာ ပျော်ရွှင်လာစေဖို့ဆိုရင် 𝐋𝐲𝐬𝐢(လိုင်စီး)ကို နေ့စဉ်တိုက်ကျွေးပေးဖို့ မမေ့နဲ့နော်။
​"ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ ထက်မြက်တဲ့ ဦးနှောက်က ကလေးတို့ရဲ့ အနာဂတ်အတွက် 𝐋𝐲𝐬𝐢(လိုင်စီး)က အကောင်းဆုံးလက်ဆောင်ပါပဲ။"
✨”ကျန်းမာပျော်ရွှင်နေ့ရက်များအတွက် 𝐋𝐲𝐬𝐢(လိုင်စီး) ငါးကြီးဆီနှင့် အတူရှေ့ဆက်”✨

16/01/2026

ကမ္ဘာ့အသန့်ရှင်းဆုံး အိုက်စလန် ပင်လယ်ကနေ ရရှိလာတဲ့ သဘာဝရဲ့ အကောင်းဆုံးလက်ဆောင်... 𝐋𝐲'𝐬𝐢 (လိုင်စီး)
ကျန်းမာခြင်းဟာ တကယ့်လာဘ်ကြီးတစ်ပါးပါ။သဘာဝအတိုင်း အစစ်အမှန်ကိုမှ လိုချင်သူတွေအတွက် Lysi က အမြဲအသင့်ရှိနေပါတယ်။𝐋𝐲'𝐬𝐢 (လိုင်စီး)ငါးကြီးဆီဟာ 𝐌𝐚𝐧𝐮𝐟𝐚𝐜𝐭𝐮𝐫𝐞 𝐢𝐧 𝐈𝐜𝐞𝐥𝐚𝐧𝐝 ဖြစ်ပြီး မြန်မာနိုင်ငံအပြင် တခြားသောဉရောပနိုင်များမှ ကမ္ဘာ့အသိအမှတ်ပြု 𝐅𝐃𝐀 ထောက်ခံချက်များစွာ ရရှိထားတဲ့ အရည်အသွေးစိတ်ချယုံကြည်ရတဲ့ ငါးကြီးဆီအရည်တစ်မျိုး ဖြစ်ပါတယ်။
🐬 သန့်ရှင်းလတ်ဆတ်တဲ့ကုန်ကြမ်းများကိုသာရွေးချယ်အသုံးပြုထားပြီး ဗီတာမင် 𝐀,𝐃,𝐄 နဲ့ 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 များကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်အတွက်လုံလောက်စွာပေးစွမ်းနိုင်တဲ့အပြင် လူမျိုးဘာသာ မရွေးသောက်သုံးနိုင်ပါတယ်ရှင်။
🐬အာရုံကြောဆိုင်ရာ 𝐄𝐐, 𝐈𝐐 ကိုကောင်းစေဖို့အတွက်အထောက်အပံ့ဖြစ်စေတဲ့အပြင် ဦးနှောက်ဆဲလ်တွေကိုပါကျန်းမာ သန်စွမ်းစေလို့ ဉာဏ်ရည်ဖွံ့ဖြိုးစေတဲ့အကျိုးသက်ရောက်မှုကို ငါးကြီးဆီများသောက်သုံးခြင်းမှ ရရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်များဉာဏ်ရည်ထက်မြက်ဖို့ ဖြည့်စွက်စာအနေနဲ့ တိုက်ကျွေးဖို့အတွက် အထူးသင့်လျော်ပါတယ်ရှင်။
🐬 ဒါ့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ခြင်းကိုလည်း ကာကွယ်ဖို့အထောက်အပံ့ဖြစ်စေပါတယ်။ ထို့အပြင် မျက်စိအမြင်အာရုံကို ကြည်လင်အားကောင်းစေခြင်း၊ သွားနဲ့အရိုးတွေကို သန်မာစေခြင်းနှင့် အသားအရည်ကိုလည်းစိုပြေစေပါတယ်။
🐬 ဒီလို အကျိုးကျေးဇူးတွေများပြားလှတဲ့ ငါးကြီးဆီ 𝐋𝐲'𝐬𝐢 (လိုင်စီး)ကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်ပြီး ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်လာနိုင်တဲ့ ကူးစက်နိုင်တဲ့ရောဂါပိုးမွှားများကို လျှော့ချပေးနိုင်ဖို့ အထောက်အပံ့ကောင်းဖြစ်မှာအသေအချာပါပဲရှင်။
ငါးညှီနံ့လုံးဝမရှိဘဲ သောက်ရလွယ်ကူတဲ့ Lýsi ကို ကိုယ်တိုင်ပဲသောက်သောက်၊ ချစ်ရတဲ့သူတွေကိုပဲ လက်ဆောင်ပေးပေး အကောင်းဆုံး ရွေးချယ်မှုဖြစ်မှာပါ။
အိုက်စလန်နိုင်ငံရဲ့ နည်းပညာနဲ့ သဘာဝကို ပေါင်းစပ်ထားတဲ့ Lysi ကို နေ့စဉ်သောက်သုံးပြီး တက်ကြွကျန်းမာတဲ့ လူနေမှုဘဝကို တည်ဆောက်လိုက်ပါ။
I​celand နိုင်ငံရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်ရေအေးကနေ ရရှိတဲ့ Lýsi ငါးကြီးဆီဟာ မိသားစုတိုင်းအတွက် အဖိုးတန်တဲ့ ကျန်းမာရေးလက်ဆောင်တစ်ခုပါ။
​​🐬𝐋𝐲'𝐬𝐢 (လိုင်စီး) ငါးကြီးဆီအရည်ဟာဆိုရင် 𝐋𝐞𝐦𝐨𝐧 𝐟𝐥𝐚𝐯𝐨𝐮𝐫 နဲ့ 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐟𝐥𝐚𝐯𝐨𝐮𝐫 နှစ်မျိုးရှိပြီး ကလေး ၊လူကြီး၊ လူမျိုးဘာသာ မရွေးသောက်သုံးနိုင်တဲ့အပြင် 𝐋𝐲'𝐬𝐢 (လိုင်စီး)ငါးကြီးဆီကို ဥရောပတိုက်ရှိ 🇮🇸𝗜𝗰𝗲𝗹𝗮𝗻𝗱(အိုက်စ်လန်)နိုင်ငံထုတ်အရည်အသွေးမြင့်𝐋𝐲𝐬𝐢 အမှတ်တံဆိပ်ငါးကြီးဆီများကိုဝယ်ယူသောက်သုံးလိုပါက ဆေးဆိုင်များမှာဖြစ်စေ၊ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫မှဖြစ်စေ မေးမြန်းရရှိနိုင်ပါတယ်ရှင်။🥰
✨"ကျန်းမာပျော်ရွှင် နေ့ရက်များအတွက်၊ 𝐋𝐲𝐬𝐢(လိုင်စီး)ငါးကြီးဆီနှင့်အတူ ရှေ့ဆက်"✨

07/01/2026

" ၂၀၂၆ ကို ကျန်းမာရေးနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေနဲ့ စတင်လိုက်ပါ..."
ဒီနှစ်သစ်မှာ သင်လိုနေတာတွေက...
* 💪 ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်
* 🧠 ထက်မြက်သွက်လက်တဲ့ ဉာဏ်ရည်
* 🫀 နှလုံး ကျန်းမာရေး၊ မျက်စိနဲ့ ဦးနှောက်ဖွံ့ဖြိုးမှု
* 🦸‍♂️တစ်နေကုန် တက်ကြွလန်းဆန်းနေမယ့် စွမ်းအင်......
အားလုံးရဲ့ အဖြေကတော့ 𝐋𝐲'𝐬𝐢 (လိုင်စီး) မှာ ရှိပါတယ်။
ဘာကြောင့် 𝐋𝐲'𝐬𝐢 (လိုင်စီး) ကို ရွေးချယ်သင့်တာလဲ?
သန့်စင်ပြီး အရည်အသွေးမြင့်မားတဲ့ 𝐋𝐲'𝐬𝐢 (လိုင်စီး) ငါးကြီးဆီ ဟာ သင့်ရဲ့ ဦးနှောက်၊ နှလုံးနဲ့ ကိုယ်ခံအားအတွက် အဓိကကျတဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
(Pure Icelandic Product )အိုက်စလန်ကလာတဲ့ သဘာဝအလျှောက် သန့်စင်မှုအမြင့်ဆုံး ထုတ်ကုန် ဖြစ် ပြီး Omega-3 (EPA/DHA)က ကလေးလူကြီးမရွေး ဉာဏ်ရည်ထက်မြက်စေပြီး မှတ်ဉာဏ်အားကောင်းစေ ခြင်းတုပ်ကွေးနဲ့ ရောဂါပိုးတွေ ကာကွယ်ပေး ခြင်းကြောင့် 𝐋𝐲'𝐬𝐢 (လိုင်စီး) ကို ရွေးချယ်သင့်ပါတယ်။✨"အားအင်ပြည့်ဝပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်များအတွက် 𝐋𝐲𝐬𝐢(လိုင်စီး) ငါးကြီးဆီနှင့် အတူရှေ့ဆက် ကြပါစို့"✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 83, YayKyaw Road, Pazundaung
Yangon
YANGON