HugMe&LoveMe
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HugMe&LoveMe, Health/Beauty, Yangon.
21/04/2026
ဗူးရေ (၂၂,၀၀၀) ပြည့်တာနဲ့ ချက်ချင်းရပ်မယ့်
🎉🎉“Birthday Mega Drop Sale “🎉🎉
HM Family တွေအတွက် သီးသန့်စီစဉ်ထားတဲ့
"Birthday Mega Drop" ပရိုမိုးရှင်းကြီးကို မနက်ဖြန်စတင်မယ်ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါပြီ
အချိန် (၃) ရက်တည်းသာ (ဧပြီ ၂၂၊ ၂၃၊ ၂၄)
ပြုလုပ်ပေးသွားမယ့် ဒီအစီအစဉ်မှာ
🎁 Moisturizer, Liquid, Toner နဲ့ Sunscreen စတဲ့
သတ်မှတ်ထုတ်ကုန် (၁) ဗူးဝယ်တာနဲ့ သက်ဆိုင်ရာ Product Sample 1️⃣ ခုနဲ့ Cleanser Sample 1️⃣ခု (စုစုပေါင်း Sample ၂ မျိုး) ကို ချက်ချင်း လက်ဆောင်ပေးသွားမှာပါ။
HM ရဲ့ အရည်အသွေးကို ယုံကြည်တဲ့သူတွေအတွက် စုစုပေါင်း ဗူးရေ (၂၂,၀၀၀) သာ သတ်မှတ်ထားပြီး
ဒီအရေအတွက် ကုန်သွားတာနဲ့ သတ်မှတ်ရက် မပြည့်လည်း ချက်ချင်း ရပ်နားသွားမယ့် အကန့်အသတ်ရှိတဲ့
အစီအစဉ်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် Stock အကန့်အသတ်ရှိတဲ့ ဒီလက်ဆောင်တွေကို ကိုယ်တိုင်ရော ကိုယ့်ရဲ့ Customer တွေအတွက်ပါ
ရရှိနိုင်ဖို့ အချိန်ဆွဲမနေဘဲ အခုပဲ ကြိုတင် ဆုံးဖြတ်ချက်ချလိုက်တော့နော် ❤️❤️❤️
14/04/2026
ဒီနှစ်သင်္ကြန်မှာ ရေစိုခံပြီး အလှဆုံးဖြစ်ဖို့
အတန်ဆုံး 'သင်္ကြန်အလှ' Special Promo “Buy 3 Get 1 Free” နဲ့ ပြင်ဆင်လိုက်စို့ 💦🌸
သင်္ကြန်တွင်း ရေဘယ်လောက်ကစားကစား အသားအရေ
မပျက်စီးဘဲ လှနေဖို့က အရေးအကြီးဆုံးပဲနော်။
Hug Me & Love Me ရဲ့ ပရိသတ်တွေအတွက် သင်္ကြန်ရက်တွေမှာ ယုံကြည်မှုအပြည့်နဲ့ လှပနေစေဖို့ ဒီအထူးပရိုမိုးရှင်းလေးရှိပါသေးတယ်
✨ လူကြိုက်အများဆုံး Best Seller (၆) မျိုးထဲက ကိုယ်ကြိုက်နှစ်သက်ရာ (၃) မျိုးကို ရွေးချယ်ဝယ်ယူလိုက်တာနဲ့၊ အသားအရေကို စိုပြည်ဝင်းလက်စေမယ့် Body Lotion 1️⃣ဗူးကို မေတ္တာလက်ဆောင် အခမဲ့ ထည့်ပေးသွားမှာပါ။
လက်ဆောင် Body Lotion အရေအတွက် အကန့်သတ်နဲ့စီစဉ်ထားလို့ ပစ္စည်းမကုန်ခင် မြန်မြန်လေး လာရွေးထားဖို့တော့ လိုမယ်နော်။
📅 ပရိုမိုးရှင်းကာလ - ဧပြီ (၁) ရက် မှ (၂၁) ရက်နေ့အထိသာ
💌 အခုပဲ Page Chatbox (သို့မဟုတ်) Viber ဖုန်း 09681300009 ကို ဆက်သွယ်ပြီး သင်္ကြန်အလှအတွက်ပြင်ဆင်လိုက်ပါ။
04/04/2026
လှပခြင်းက 'ကံကောင်း' တာမဟုတ်ဘူး... မှန်ကန်တဲ့ 'ရင်းနှီးမြှုပ်နှံမှု' တစ်ခုပဲ 📈✨
အလုပ်မှာ ရာထူးတက်ဖို့၊ စီးပွားရေးအောင်မြင်ဖို့ အချိန်နဲ့ လုပ်အားကို ရင်းနှီးရသလိုပါပဲ၊ ကိုယ့်ရဲ့ အသားအရေကလည်း အချိန်ပေးပြီး ဂရုစိုက်မှု (Consistency) ပေးသလောက် ပြန်လည်လှပလာမှာပါ။
အထူးသဖြင့် အလုပ်တွေအများဆုံးဖြစ်တဲ့ တနင်္လာနေ့မှာ အဆင့်တွေအများကြီးနဲ့ အချိန်မကုန်ချင်တဲ့ ပျိုမေတို့အတွက် HM Skincare Set လေးက အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ 🥰
💡 ဘာလို့ HM Skincare Set ကို ရွေးချယ်သင့်တာလဲ?
⏰Time Efficient: အဆင့်တွေ အများကြီး မဟုတ်ဘဲ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအဆင့်တွေကိုပဲ စုစည်းပေးထားလို့ ၅ မိနစ်အတွင်း အပြီးလိမ်းလို့ရပါတယ်။
💧Essential Hydration: Liquid Essence နဲ့ Moisturizer က အသားထဲအထိ ရေဓာတ်ကို အပြည့်အဝဖြည့်ပေးလို့ တစ်နေကုန် အဲကွန်းခန်းထဲမှာပဲနေနေ၊ အပြင်ထွက်ထွက် အသားခြောက်မှာ ပူစရာမလိုတော့ဘူး။
☀️Daily Insurance: Sunscreen ကတော့ အသားအရေ အိုမင်းရင့်ရော်မှုကို တားဆီးပေးမယ့် အကောင်းဆုံး အာမခံ (Insurance) ပါပဲ။
တနင်္လာနေ့မှာ စိတ်ရောလူရော "Glow" နေဖို့ဆိုရင် HM Skincare Set လေးနဲ့ ဒီနေ့ကစပြီး ရင်းနှီးမြှုပ်နှံလိုက်ပါ။ ယုံကြည်မှုအပြည့်နဲ့ လှမ်းတဲ့ ခြေလှမ်းတိုင်းက သင့်ကို ပိုပြီး တောက်ပစေမှာပါ။ 🚀✨
သင့်ရဲ့ အသားအရေအတွက် ရင်းနှီးမြှုပ်နှံမှု စတင်ဖို့ HM Skincare Set လေးတွေရဲ့ ဈေးနှုန်းကို သိချင်တယ်ဆိုရင်တော့ Chatbox မှာ အခုပဲ လာပြီးမေးမြန်းလို့ရပါပြီရှင့် 💬
04/04/2026
Essence လိမ်းတာက မျက်နှာကို ရေဖျန်းတာနဲ့ မတူဘူးဆိုတာ... သိကြရဲ့လား? 💦🧐
မျက်နှာလေး ရေစိုနေရင်ပဲ ရေဓာတ်ပြည့်ဝနေပြီလို့ ထင်နေတာလား? ဒါမှမဟုတ် "Skincare လိမ်းမယ့်အစား ရေခဏခဏ ဆေးပေးရင် ရတာပဲ" လို့ တွေးနေမိပါသလား? တကယ်တော့ အဲ့ဒါက အပေါ်ယံ အရေပြားကို ရေထိရုံသက်သက်ပဲ ရှိပါသေးတယ်ရှင်။
လူတော်တော်များများ အထင်မှားနေကြတဲ့ Hydration (ရေဓာတ်ဖြည့်တင်းခြင်း) ရဲ့ တကယ့်လျှို့ဝှက်ချက်ကို ဒီနေ့ HM ကနေ အသေးစိတ် ရှင်းပြပေးချင်ပါတယ်။
🌊 ရေဖျန်းရုံနဲ့ ဘာလို့ မလုံလောက်တာလဲ?
ကျွန်မတို့ မျက်နှာကို ရေနဲ့ ဆေးလိုက်တဲ့အခါ ရေမော်လီကျူးတွေဟာ အရေပြားရဲ့ အပေါ်ယံလွှာမှာပဲ တင်ကျန်နေတတ်ပါတယ်။ ပိုဆိုးတာက အဲ့ဒီရေတွေ ပြန်လည်အငွေ့ပျံသွားတဲ့အခါ သင့်အရေပြားထဲမှာရှိတဲ့ သဘာဝအစိုဓာတ်တွေကိုပါ တစ်ခါတည်း ဆွဲထုတ်သွားတတ်တာကြောင့် မျက်နှာက ပိုပြီး ခြောက်သွေ့သွားတတ်ပါတယ်။ ဒါကြောင့် ရေဆေးပြီးရင် အသားတွေ တင်းကျပ်သွားတာမျိုး ကြုံဖူးကြမှာပါ။
✨ HM Liquid Essence က ဘာလို့ ကွာခြားတာလဲ?
ကျွန်မတို့ရဲ့ HM Liquid Essence ကတော့ သာမန်ရေထက် ပိုမိုသေးငယ်ပြီး အာဟာရဓာတ် ကြွယ်ဝတဲ့ Micro-moleculesလေးတွေနဲ့ ဖွဲ့စည်းထားတာပါ။
💧Deep Pe*******on: မျက်နှာပေါ်တင်လိုက်တာနဲ့ အငွေ့ပျံမသွားဘဲ အရေပြားရဲ့ အလွှာအသီးသီးထဲကို ဒုံးကျည်လို အလျင်အမြန် စိမ့်ဝင်သွားပါတယ်။
💧Skin Plumping: အသားအရေ အောက်ခြေလွှာအထိ ရေဓာတ်ကို "Lock" လုပ်ပေးလိုက်တာကြောင့် ဆဲလ်လေးတွေက ရေဓာတ်ပြည့်ဝပြီး ဖောင်းအိလာပါတယ်။ ဒါဟာ Glass Skin ရဲ့ အစပဲ ဖြစ်ပါတယ်။
💧Nutrient Boost : ရေမှာ မပါဝင်တဲ့ ဗီတာမင်တွေ၊ အသားအရေ ကြည်လင်စေတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်လို့ ပုံမှန်သုံးပေးရင် အသားအရောင်ကို ညီညာဝင်းပလာစေပါတယ်။
Essence လိမ်းတဲ့အခါ ဂွမ်းဖတ် (Cotton Pad) နဲ့ သုံးတာထက် သန့်စင်ထားတဲ့ လက်ဖဝါးပေါ် (၂) စက် (၃) စက်လောက်ချ၊ ပြီးရင် မျက်နှာပေါ် ညင်ညင်သာသာလေး "Tap Tap" လုပ်ပြီး ပုတ်လိမ်းပေးပါ။ လက်ရဲ့ အပူရှိန်က Essence ကို အသားထဲ ပိုမိုစိမ့်ဝင်အောင် ကူညီပေးလို့ ပိုပြီး ထိရောက်စေပါတယ်ရှင်✨💖
အပေါ်ယံ ရေစိုတာမျိုးမဟုတ်ဘဲ အသားထဲကနေ စိမ့်ထွက်လာတဲ့ Glow မျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ HM Liquid Essence လေးကို အခုပဲ ဆောင်ထားလိုက်တော့နော် 🥰
22/03/2026
HM Skincare ကို "Set" လိုက် ဝယ်ယူချင်တဲ့ သဲလေးတို့အတွက် သတင်းကောင်း😍🛒
ဘယ်လို Set တွေရှိလဲ၊ ဈေးနှုန်းတွေကရော ဘယ်လောက်လဲဆိုတာ သိချင်နေကြပြီမလား?
မင်မင်တို့က တစ်မျိုးချင်းစီ ရွေးရခက်နေတဲ့သူတွေအတွက် အသားအရေ လိုအပ်ချက်အလိုက် Set လေးတွေ ခွဲပေးထားသလို အောက်က "Graphic ပုံလေး" တွေမှာ ဈေးနှုန်းတွေကိုပါ တစ်ခါတည်း အသေးစိတ် ထည့်ပေးထားပါတယ်ရှင်။ ✨💰
ပုံလေးတွေကို ကြည့်ပြီး ကိုယ့် Budget နဲ့ အကိုက်ညီဆုံး Set လေးကို အခုပဲ ရွေးချယ်လိုက်တော့နော် ✨
ကြိုက်နှစ်သက်ရာ Set တွေ့ရင် Chatbox မှာ အမြန်ဆုံး လှမ်းမှာယူနိုင်ပါပြီရှင်💬🏃♀️
21/02/2026
Skincare တွေ ဘယ်လောက်လိမ်းလိမ်း အာနိသင်မပြရတဲ့ လျှို့ဝှက်ချက် (၃) ချက် 🤔💡
ဒီတစ်ခါမှာတော့ မင်က ဘာကြောင့် Skincare တွေလိမ်းလိမ်း အာနိသင်မပြလို့ဆိုပြီး စိတ်ညစ်နေတဲ့ အသဲလေးတို့အတွက် လျှိုဝှက်ချက်လေး(၃)ချက်ကို မျှဝေပေးမယ်နော် 😉
၁။ Layering Order မှားယွင်းခြင်း: Skincare ကို အကျဲဆုံးကနေ အပျစ်ဆုံး (Thin to Thick) အတိုင်း လိမ်းရပါမယ်။ Toner -> Essence -> Cream အစဉ်လိုက် မဟုတ်ရင် အသားထဲ စိမ့်မဝင်နိုင်ပါဘူး။
၂။ လမ်းကြောင်းမပွင့်ခြင်း: မျက်နှာပေါ်မှာ ဆဲလ်သေတွေ ရှိနေရင် ဘာလိမ်းလိမ်း အပေါ်ယံမှာတင် တင်ကျန်နေတတ်ပါတယ်။ ဒါကြောင့် HM Toner (PHA) လိုမျိုး ဆဲလ်သေဖယ်ရှားပေးတဲ့ Toner နဲ့ လမ်းကြောင်းအရင်ဖွင့်ပေးဖို့ လိုပါတယ်။
၃။ နေကာမလိမ်းခြင်း: Skincare တွေ ဘယ်လောက်လိမ်းထားပါစေ နေကာမလိမ်းရင် နေရောင်ခြည်က ကိုယ့်ရဲ့ Skincare အာနိသင်တွေကို ဖျက်ဆီးပစ်မှာပါ။
ကဲ..ဒီသုံးချက်အတိုင်းလိမ်းဖြစ်လား…မလိမ်းဖြစ်ဘူး ဆိုရင်တော့ သေချာလေးလိမ်းကြည့်ဖို့ မင်အနေနဲ့အကြံပြုချင်ပါတယ်..လိမ်းဖြစ်တဲ့ သူလေးတွေကတော့ အခုPost အောက်မှာ emoji တစ်ခုခုလေးမန့်ခဲ့ပေးနော် 😍
03/02/2026
HM Skincare ကို အစဉ်အမြဲ အားပေးကြတဲ့ ချစ်မိတ်ဆွေတို့အတွက် ကြော်ငြာချက် ‼️‼️
ယခုကာလ
💰 ကုန်ကြမ်းဈေးနှုန်းတွေ နဲ့
🚚 သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာမှုကြောင့်
ကျွန်တော်တို့ရဲ့ HM Skincare ဈေးနှုန်းလေးတွေကို ၂၀၂၆ ခုနှစ်၊ 📆 February လ မှစပြီး အနည်းငယ် ပြောင်းလဲသတ်မှတ်လိုက်ရပါတယ်။
📌 အရည်အသွေးကို အမြဲဦးစားပေးချင်တာကြောင့် အခုလို ဈေးနှုန်းအသစ် ပြောင်းလဲရခြင်းကို နားလည်ပေးကြဖို့ မေတ္တာရပ်ခံရင်း ဈေးနှုန်းအသစ်စာရင်းကို တစ်ခါထဲ ကြော်ငြာလိုက်ပါတယ် ✨
🧴 Hair Care Series
• HM Tea Tree Shampoo: 32,500 MMK
• HM Tea Tree Conditioner: 32,500 MMK
• HM Tea Tree Hair Essence: 41,500 MMK
✨ Skincare Series
• Enzyme Cleanser: 33,000 MMK
• Toner: 33,000 MMK
• Liquid Essence: 37,500 MMK
• Moisturizer: 45,000 MMK
• Eye Cream: 32,000 MMK
• Sunscreen: 32,500 MMK
🧼 Body & Others
• Cleansing Water: 30,000 MMK
• Body Lotion: 33,000 MMK
• Handmade Soap: 11,000 MMK
• Cotton Pad: 11,000 MMK
အမြဲတမ်း ယုံကြည်စိတ်ချစွာ အားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် 🫰
ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ အရည်အသွေးတွေကို ဆက်လက်ထိန်းသိမ်းသွားရင်း ……. ✨✨✨
Lo🤍e HM Skincare 💕
16/01/2026
📢 ၂၀၂၆ ဖေဖော်ဝါရီလမှ စတင်၍ စျေးနှုန်းအပြောင်းအလဲရှိမည့်အကြောင်း အသိပေးချက်
ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစရိတ်များ
မြင့်တက်လာခြင်းကြောင့် လာမည့် February 2026 မှစတင်၍ အောက်ပါ Skincare ပစ္စည်းများ၏ စျေးနှုန်းများကို ပြောင်းလဲသတ်မှတ်လိုက်ရပါသည်။
🗓 ဇန်နဝါရီလ (လက်ရှိစျေး) VS ဖေဖော်ဝါရီလ (စျေးနှုန်းသစ်)
✨ Cleanser: 30,000 Ks ➡️ 33,000 Ks
✨ Toner: 30,000 Ks ➡️ 33,000 Ks
✨ Liquid: 35,000 Ks ➡️ 37,500 Ks
✨ Moisturizer: 41,500 Ks ➡️ 45,000 Ks
✨ Eyecream: 31,000 Ks ➡️ 32,000 Ks
✨ Suncream: 31,000 Ks ➡️ 32,500 Ks
ဇန်နဝါရီလအတွင်း ဝယ်ယူသူများအနေဖြင့် လက်ရှိစျေးနှုန်းဟောင်းဖြင့်သာ ရရှိမည်ဖြစ်သောကြောင့် အခုပဲ မှာယူထားရင် စျေးတန်တန်နဲ့ရပါမယ်
03/01/2026
𝗥𝗲𝘃𝗶𝗲𝘄 တွေက ကျေနပ်စရာ 🫰🫰🫰
အခုလိုလေး 2️⃣ နှစ်ကြာအောင်
🫰 စွဲသုံးလာတာရယ်
🫰 ဝက်ခြံကင်းစင်တဲ့ အသားအရေ
ပိုင်ရှင်လေးဖြစ်သွားလို့ပါ ဝမ်းသာရပါတယ်.. 🥰
𝗤𝘂𝗮𝗹𝗶𝘁𝘆 ကို အမြဲဦးစားပေးတာမို့
HM သုံးသူလေးတွေ စိတ်ချမ်းသာစေရမှာ အမှန်...✅
#အလှစစ်တည်ရှိရာHMSkincare
23/12/2025
အချိန်တိုလေးနဲ့ပြန်လည်ကုသပေးနိုင်တဲ့ Skin Care Set❣️
Glow Glass ပြီး၀င်းပြောင်နေတာကြိုက်မှသုံးနော်👀
ဘယ်လိုအသားအရည်မျိုးနဲ့မဆို သုံးရတာ အရမ်းအဆင်ပြေသော Korea made HM Skincare
ရေဓာတ်ကို အခြေခံပြီး ထုတ်လုပ်ပေးထားတဲ့အတွက် All Skintype အသုံးပြုလို့ရပြီး 💥
အရွယ်မတိုင်ခင် အမဲစက် တင်းတိပ်တွေ ကာကွယ်ပေးတဲ့အပြင် 💥
မျက်နှာ အသားအရည်လေးကို စိုပြေတင်းရင်းစေတယ်🎊🎊
#တင်းတိပ်_အမဲစက်_အသားကြည်စေတဲ့စကင်းကဲ
#ထိုင်း_မလေး_စလုံး_ဂျပန်_အိုမန်_𝐔𝐒𝐀အကုန်ပို့
#အိမ်ရောက်ငွေချေ
#ပြည်တွင်းပြည်ပလက်လီလက်ကားပို့ဆောင်ပေးပါတယ်
23/12/2025
ဆပ်ပြာတုံးနဲ့ မျက်နှာသစ်ရင် မျက်နှာ "ကျွတ်" ထွက်သွားမယ်လို့ ဘယ်သူပြောလဲ? 😆
ဆပ်ပြာတုံးအမှားရွေးမိရင် မျက်နှာသစ်ပြီးတာနဲ့ "ခြောက်ကပ်ဖွာ" နေရော။ အသားအရေက ပိုကြမ်းလာပြီး မျက်နှာပေါ်က အစိုဓာတ်တွေအကုန် ပါသွားသလို ခံစားရတယ်😫
HM Skincare Soap က သာမန်ဆပ်ပြာတုံးတွေနဲ့ မတူဘူး။ သူက သန့်စင်ပေးရုံသက်သက်မဟုတ်ဘူး၊ အာဟာရပါ ဖြည့်ပေးတာ💗
သူ့ရဲ့အဓိက ပါဝင်ပစ္စည်းက Goat Milk ပါ။ Goat Milk မှာပါတဲ့ Cream ဓာတ်က အသားအရေကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးတယ်။ သူ့မှာပါတဲ့ Lactic Acid က ဆဲလ်သေတွေကို ညင်ညင်သာသာ ဖယ်ရှားပေးလို့ အသားအရေကို ဖြူကြည်ချောမွေ့စေတယ်🥰
ဒါတင်မကသေးဘူး...
Pearl Powder က အသားအရေကို Detox လုပ်ပေးပြီး Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတယ်။ Hyaluronic Acid က ရေဓာတ်နဲ့ အစိုဓာတ်ကို အပြည့်အဝဖြည့်တင်းပေးပြီး ဝက်ခြံတွေထပ်မထွက်အောင် ကူညီပေးတယ်✨
Shea Butter က ဝက်ခြံကြောင့်နီရဲရောင်ရမ်းတာကို သက်သာစေပြီး Skin tone ကို ညီညာစေတယ်။
Sweet Almond Oil နဲ့ Olive Oil တို့က အသားအရေကို သဘာဝအတိုင်း နူးညံ့တောက်ပတဲ့ Glowy skin look လေးဖြစ်အောင် ဖန်တီးပေးပြီး UV rays တွေကနေ ကာကွယ်ပေးတယ်🛡️✨
ဒါကြောင့် မျက်နှာသစ်ပြီးတာနဲ့ ခြောက်သွေ့မနေဘဲ စိုအိတဲ့အထိအတွေ့ရဖို့ HM Skincare Soap တစ်တုံးတော့ ဆောင်ထားသင့်တယ်🧼🫧💗
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon