ICanvas
Wall Art Decoration
Home
Restaurant
Hotel
Spa & Welness
Nail Art
17/02/2026
သင့်နေအိမ်ရဲ့ ဧည့်ခန်းလေးကို မြင်သူတိုင်း ငေးလောက်တဲ့ Premium Look အဖြစ် ပြောင်းလဲလိုက်ပါ။ ✨
အခန်းထဲကို လှမ်းဝင်လိုက်တာနဲ့ ကြာပန်းလေးတွေရဲ့ နွေးထွေးအေးချမ်းတဲ့ အလှတရားက သင့်ကို ကြိုဆိုနေပါလိမ့်မယ်။ ရိုးရှင်းပေမယ့် အဆင့်အတန်းရှိတဲ့ ဒီဇိုင်းတွေကြောင့် လူကြီးမင်းတို့ရဲ့ အိပ်ခန်း၊ ဧည့်ခန်းနဲ့ ရုံးခန်းတွေအတွက် အသင့်တော်ဆုံးပါပဲ။🖼️
ပန်းတို့ရဲ့ဘုရင် "ကြာပန်း" ဟာ အေးချမ်းခြင်းနဲ့ မြင့်မြတ်ခြင်းရဲ့ ပြယုဂ်ပါ။ ကျွန်တော်တို့ရဲ့ Lotus Canvas Art စုစည်းမှုဟာ သင့်အခန်းရဲ့ နံရံထက်မှာ အနုပညာဆန်တဲ့ အလှတရားနဲ့ နွေးထွေးတဲ့ ခံစားမှုကို အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။✨
✅ အရည်အသွေးမြင့် Canvas သားကို အသုံးပြုထားခြင်း
✅ စိုပြည်တောက်ပပြီး ကြာရှည်ခံတဲ့ ဆေးသား
✅ မည်သည့် Interior Design နဲ့မဆို လိုက်ဖက်တဲ့ လက်ရာများ
သင့်အိမ်ခန်းလေးကို ဒီနေ့ပဲ အဆင့်မြှင့်တင်လိုက်ဖို့ Message box မှာ စုံစမ်းနိုင်ပါပြီ။ 💌
[Phone/Viber: 09 684900173]
10/02/2026
အိမ်ရှင်များအတွက် (အိမ်တွင်းဘုရားခန်းကို အေးချမ်းစေဖို့)
မိမိအိမ်မှာတင် စိတ်အေးချမ်းမှုအပြည့်ပေးနိုင်မယ့် ဘုရားခန်းလေးတစ်ခု ဖန်တီးလိုက်ပါ။
✨ "ဘုရားခန်းဆိုတာ အိမ်တစ်အိမ်ရဲ့ အမြင့်မြတ်ဆုံးနဲ့ အအေးချမ်းဆုံးနေရာပါ" ✨
အိမ်က ဘုရားခန်းလေးကို သန့်ရှင်းသပ္ပာယ်ပြီး ကြည်ညိုချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ချင်ပေမယ့် ဆေးသုတ်ရမှာ၊ ပန်းချီဆွဲရမှာတွေကို စိတ်ပူနေပါသလား?
ကျွန်ုပ်တို့ရဲ့ Self-Install (ကိုယ်တိုင်ကပ်) 3D ဖောင်းကြွ Wallpaper များက သင့်အတွက် အဆင်သင့်ရှိနေပါပြီ။
✅ ICanvas ကို ဘာကြောင့် ရွေးချယ်သင့်လဲ?
ကိုယ်တိုင်ကပ်လို့ရ: ကျွမ်းကျင်သူခေါ်စရာမလိုဘဲ အနောက်က စတစ်ကာခွာပြီး ကိုယ်တိုင် အလွယ်တကူ ကပ်နိုင်ပါတယ်။
အရည်အသွေးမြင့်: ရောင်ပြန်ဟပ်မှုမရှိဘဲ ရုပ်ကြွအနုစိတ် ဒီဇိုင်းများကြောင့် တကယ့်ပန်းချီကားချပ်ကြီးလို ကြည်ညိုဖွယ်ကောင်းပါတယ်။
သန့်ရှင်းရလွယ်: အမွှေးတိုင်နံ့သာဖြန်းလို့ရတယ်၊ ရေစိုဝတ်နဲ့ ပြန်သုတ်လို့ရလို့ အမြဲသစ်လွင်နေမှာပါ။
Phone/Viber09684900173
#ဘုရားခန်း
10/02/2026
🏡 အိမ်တစ်အိမ်ထဲကို ဝင်လိုက်တာနဲ့ ခဏလောက်ဖြစ်ဖြစ် ငေးမောသွားလောက်အောင် အလှဆင်ဖို့ဆိုတာ စျေးကြီးခမ်းနားတဲ့ အသုံးအဆောင်တွေ၊ ပရိဘောဂတွေကိုပဲ အသုံးပြုနေစရာမလိုပါဘူး။ ရိုးရှင်းတဲ့အရာလေးတွေနဲ့ ဖန်တီးမှုကောင်းစွာ အလှဆင်နိုင်ဖို့ပဲ လိုတာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ 𝐢𝐂𝐚𝐧𝐯𝐚𝐬 ကနေ 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐈𝐝𝐞𝐚 အလန်းလေးနဲ့ မိတ်ဆက်လိုက်တာမို့လို့ အသုံးဝင်တယ်ဆိုရင် ဝေမျှသွားဖို့ ဖိတ်ခေါ်ပါတယ်နော်။
𝟏. 𝐆𝐚𝐥𝐥𝐞𝐫𝐲 𝐖𝐚𝐥𝐥
🖼️ ဘောင်သွင်းထားတဲ့ ဓာတ်ပုံလေးတွေ၊ ပန်းချီကားအသေးစားလေးတွေ၊ အလှဆင်ပစ္စည်းလေးတွေကို အသုံးပြုပြီး ကိုယ်ပိုင် 𝐆𝐚𝐥𝐥𝐞𝐫𝐲 𝐖𝐚𝐥𝐥 လေးပြုလုပ်ကြည့်ပါ။ ကိုယ့်စိတ်ကူးဥာဏ်ရှိသလောက် ဘတ်ဂျတ်သက်သာစွာနဲ့ အလှဆင်နိုင်မှာ ဖြစ်ပြီး မြင်လိုက်တာနဲ့ ဆွဲဆောင်မှုတစ်ခု ရှိနေစေမှာ ဖြစ်ပါတယ်။
𝟐. 𝐅𝐥𝐨𝐚𝐭𝐢𝐧𝐠 𝐒𝐡𝐞𝐥𝐯𝐞𝐬
🗿 နံရံကပ် စင်လေးတွေကို ဆင်ပြီး စာအုပ်လေးတွေ၊ အပင်လေးတွေ၊ ရုပ်တုသေးသေးလေးတွေ၊ အလှဆင်ပစ္စည်းလေးတွေ စသည်ဖြင့် ထားသိုနေရာချကြည့်ပါ။ နေရာအများကြီးလည်း မယူပဲ ဆန်းသစ်တဲ့ အမြင်တစ်ခုကို ရနေစေမှာ ဖြစ်ပါတယ်။
𝟑. 𝐃𝐈𝐘 𝐖𝐚𝐥𝐥 𝐀𝐫𝐭
🎨 ကိုယ်က ပန်းချီဆွဲရတာ ဝါသနာပါတယ်ဆိုရင် 𝐃𝐈𝐘 𝐖𝐚𝐥𝐥 𝐀𝐫𝐭 လေးကလည်း အိုင်ဒီယာကောင်းတစ်ခုပါပဲ။ ပန်းချီဆရာမဟုတ်ရင်တောင် လွယ်ကူရိုးရှင်းပြီး 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 လည်းဖြစ်တဲ့ 𝐀𝐛𝐬𝐭𝐫𝐚𝐜𝐭 𝐏𝐚𝐢𝐧𝐭𝐢𝐧𝐠, 𝐒𝐭𝐫𝐢𝐧𝐠 𝐀𝐫𝐭 စတာတွေနဲ့ အလှဆင်နိုင်တာကြောင့် ထူးခြားတဲ့ရသတစ်ခုကိုလည်း ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
𝟒. 𝐈𝐧𝐝𝐨𝐨𝐫 𝐏𝐥𝐚𝐧𝐭𝐬
🪴 𝐈𝐧𝐝𝐨𝐨𝐫 𝐏𝐥𝐚𝐧𝐭 တွေက အထူးတလည် အချိန်ပေးကြည့်နေစရာ မလိုဘဲ အိမ်ထဲမှာတင် စိမ်းစိုသစ်လွင်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်စွမ်း ရှိပါတယ်။ 𝐈𝐧𝐝𝐨𝐨𝐫 𝐏𝐥𝐚𝐧𝐭 တွေကို အိမ်ရဲ့ ဘယ်နေရာမှာ ထားရမလဲ မသိဘူးဆိုရင်တောင် အပင်ရှည်တွေ၊ နွယ်ပင်လေးတွေ၊ အိုးထဲစိုက်ရတဲ့ အပင်လေးတွေ စသည်ဖြင့် အပင်ပေါင်းစုံကို အိမ်ထဲက နေရာတစ်ခုမှာ ပေါင်းထားပြီး ဥယျာဥ်အသေးစားလေး လုပ်ထားရင်တောင် တောအုပ်လေးထဲ ရောက်သွားသလို ခံစားမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
𝟓. 𝐌𝐢𝐫𝐫𝐨𝐫𝐬
🪞 မှန်တွေကိုမကြောက်တတ်ဘူးဆိုရင်တော့ မှန်အကြီးအသေး ဆိုဒ်အစုံ၊ ပုံစံအစုံကို အသုံးပြုပြီး သဘာဝရဲ့ အလင်းရောင်နဲ့အတူ ရောင်ပြန်ဟပ်စေတာကလည်း နောက်ပိုင်း လုပ်လာကြတဲ့ 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 တစ်မျိုးပါပဲ။ မှန်တွေက အလင်းကို ရောင်ပြန်ဟပ်တဲ့အခါ အခန်းကို ပိုကျယ်သွားစေတယ်လို့လည်း ခံစားရစေပါတယ်။
𝟔. 𝐕𝐢𝐧𝐭𝐚𝐠𝐞 𝐅𝐢𝐧𝐝𝐬
🪭 𝐕𝐢𝐧𝐭𝐚𝐠𝐞 ပစ္စည်းလေးတွေကို စိတ်ဝင်စားသူဆိုရင်တော့ ပရိဘောဂလေးတစ်ခုပဲဖြစ်ဖြစ်၊ 𝐕𝐢𝐧𝐭𝐚𝐠𝐞 ပိုစတာလေးပဲဖြစ်ဖြစ်၊ သေးသေးမွှားမွှားလေး ဘာမဆို 𝐕𝐢𝐧𝐭𝐚𝐠𝐞 လေးတွေကို ထားရှိအလှဆင်တာကလည်း နွေးထွေးတဲ့ 𝐍𝐨𝐥𝐬𝐭𝐚𝐠𝐢𝐚 𝐕𝐢𝐛𝐞 ကို ခံစားရစေမှာပါ။
𝟕. 𝐂𝐮𝐬𝐡𝐢𝐨𝐧𝐬 𝐚𝐧𝐝 𝐓𝐡𝐫𝐨𝐰𝐬
🛋️ အရောင်အသွေးစုံလင်ပြီး 𝐂𝐨𝐳𝐲 𝐕𝐢𝐛𝐞 ကို ကြိုက်နှစ်သက်သူဆိုရင်တော့ ဆိုဖာခုံတွေ၊ ထိုင်ခုံတွေကို အရောင်စုံစုံလေးတွေသုံးတာ၊ 𝐏𝐚𝐭𝐭𝐞𝐫𝐧 ပါတာလေးတွေသုံးတာ စသည်ဖြင့် အလှဆင်ခြင်းကလည်း ရင်းနှီးပြီး လူငယ်ဆန်တဲ့ ခံစားမှုကို ရစေပါတယ်။
𝟖. 𝐒𝐭𝐫𝐢𝐧𝐠 𝐋𝐢𝐠𝐡𝐭𝐬
💡 အိပ်ခန်းထဲ၊ ဧည့်ခန်းထဲ၊ ဝရန်တာ စတဲ့နေရာတွေမှာ 𝐒𝐭𝐫𝐢𝐧𝐠 𝐋𝐢𝐠𝐡𝐭 လေးတွေ ထားခြင်းကလည်း အခုနောက်ပိုင်း အတော်လေး အလှဆင်တဲ့အပိုင်းမှာ အသုံးပြုလာသလို နွေးထွေးပြီး မှော်ဆန်တဲ့ ခံစားမှုကိုလည်း ပေးစွမ်းပါတယ်။
𝟗. 𝐓𝐡𝐞𝐦𝐞𝐝 𝐃𝐞𝐜𝐨𝐫
🏖️ နောက်ဆုံးအိုင်ဒီယာတစ်ခုကတော့ 𝐓𝐡𝐞𝐦𝐞 တစ်ခုထားလိုက်ပြီး အလှဆင်ခြင်းပါ။ ကမ်းခြေ 𝐓𝐡𝐞𝐦𝐞 လား၊ တောအုပ် 𝐓𝐡𝐞𝐦𝐞 လား၊ ရှေးဆန်တဲ့ 𝐕𝐢𝐧𝐭𝐚𝐠𝐞 𝐓𝐡𝐞𝐦𝐞 လား.. ကိုယ်စိတ်အားထက်သန်ရာ 𝐓𝐡𝐞𝐦𝐞 တစ်ခုကို ထားပြီး သူနဲ့သက်ဆိုင်တဲ့ 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 တွေကို လိုက်ရှာအလှဆင်တာမျိုးလည်း လုပ်နိုင်ပါတယ်။
✅ အဓိကကတော့ ကိုယ့်အိမ်မှာ လုပ်ထားတဲ့ 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 က ကိုယ့်ရဲ့ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲 နဲ့ ကိုက်ညီမှု ရှိဖို့ပါပဲ။ တကယ်လို့များ အပေါ်က အိုင်ဒီယာတွေအပြင် ခေတ်မှီဆန်းသစ်တဲ့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐂𝐚𝐧𝐯𝐚𝐬 တွေနဲ့ ရိုးရိုးရှင်းရှင်း အလှဆင်ချင်တယ်ဆိုရင်လည်း 𝐢𝐂𝐚𝐧𝐯𝐚𝐬 ကို ဆက်သွယ်နိုင်ပါတယ်။
☎️ 𝟎𝟗 684900173
Canvas
Wallpaper
01/01/2026
ကျန်းမာပျော်ရွှင်သော နှစ်အသစ်နဲ့အတူ ရှိပါစေဗျာ
04/11/2025
တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် ကုသိုလ်ဘာဝနာများနှင့်ဖြတ်သန်းနိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
Yangon
22
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |