Healthy Land
ထုံကျင်ကိုက်ခဲညောင်းညာမှုအတွက် Hanumanတိုင်းရင်းဆေးကပ်ခွါနှင့်လိမ်းဆေးအဆီရရှိနိုင်ပါတယ်
20/12/2022
မင်မင်ရေ ဘယ်ပျောက်နေလဲ အရင်လိုကျန်းမာရေး ဗဟုသုတပိုစ့်လေးတွေ မတင်တော့ဘူးလား ❗️✨
မင်္ဂလာပါ အားလုံးနေကောင်းကျန်းမာကြရဲ့လားရှင့်
မေအိပျောက်နေတယ် Activeမဖြစ်တော့ဆိုတာ Healthy Land Pageလေးမှာ ကြော်ငြာပိုစ့်တွေတင်လို့ လုံးဝမရတော့လို့ပါ
ဒီအတွက် မြတ်သဒ္ဓါဖြူHealthCareဆိုတဲ့ Pageအသစ်လေးထပ်ဖွင့်ပြီး မင်မင်Pageအသစ်လေးမှာ နေ့တိုင်းလိုလို ကျန်းမာရေးဗဟုသုတPostလေးတွေနဲ့အတူ ဟာနုမာန်လိမ်းဆေးကပ်ခွါကို ပို့ပေးနေပါတယ်နော်
မိတ်ဟောင်းမင်မင်ရဲ့Customerများလည်း မင်မင်တို့Pageအသစ်လေးဆီကို လာပြီး ကျန်းမာရေးဗဟုသုတများကိုဖတ်ရှုဖို့နဲ့အတူ ဆေးမှာချင်သူများကိုလည်း ကြိုဆိုပါတယ်နော်
Pageအသစ်ရဲ့Linkလေးကို Commentမှာရေးပေးထားပါမယ် အကိုက်အခဲပိုဖြစ်လွယ် ဒဏ်တွေပြန်ပေါ်တဲ့ ဆောင်းရာသီမို့ ကျန်းမာရေးပိုဂရုစိုက်ကြပါရှင့်🤍🍀
ချစ်ခြင်းများစွာဖြင့်
မင်မင်မေအိ
01/11/2022
✨ ဂေါက်ရောဂါနှင့် အခြားဆိုးကျိုးများ ✨
***************************************
ဂေါက်ရောဂါသည် အဖြစ်များလာသော အရိုးအဆစ်ရောင်ရောဂါတစ်ခုဖြစ်ပြီး ဂေါက်ရောဂါဖြစ်ပါက အဆစ်ရောင်ခြင်း၊ နာခြင်းတို့ ဖြစ်ပေါ်ပြီး ခြေမတွင် အဖြစ်များပါသည်။ ဂေါက်ရောဂါသည် သွေးထဲတွင် Uric Acid များခြင်း၊ နှစ်ဘက်ချွန်အပ်လေးများနှင့်တူတဲ့ ယူရစ်အက်ဆစ်ပုံဆောင်ခဲများ သွေးအတွင်းများပြီး အဆစ်တွင်စုပုံလာခြင်း ဖြစ်ပါသည်။
ဂေါက်ရောဂါသည် အချို အစားများခြင်း၊ အနီရောင်အသားအစားများခြင်း၊ ကလီစာ အစားများခြင်း၊ အဝလွန်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ဆေးလိပ်သောက်ခြင်း၊ အရက်ဘီယာအသောက်များခြင်းတို့ကြောင့် အဖြစ်များသည်။ သွေးတွင်း ယူရစ်အက်ဆစ်မြင့်နေပါက အစားအသောက်ထိန်းခြင်း၊ ဆရာဝန်နှင့်ပြသ၍ ကုသမှုခံယူခြင်းများ မပြုလုပ်ပါက အခြားကျန်းမာရေးဆိုးကျိုးများ ဖြစ်စေနိုင်သည်။
အိပ်မပျော်ခြင်း
**************
ဂေါက်ရောဂါရှိသူအချို့သည် အိပ်ပျော်နေရာမှ နာကျင်မှုဝေဒနာ ခံစားရခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်းစသည်တို့ကြောင့် အိပ်ရေးမဝဖြစ်ကာ မောပန်းလွယ်ခြင်း၊ စိတ်တိုခြင်းတို့ ဖြစ်တတ်သည်။
ဆီးချိုသွေးချို ရှိခြင်း
********************
ဂေါက်ရောဂါသည် အမျိုးအစား ၂ ဆီးချိုသွေးချိုနှင့် ဆက်စပ်နေကြောင်း တွေ့ရသည်။ အဝလွန်သူများ၊ အရက် အလွန်အကျွံသောက်သူများတွင် ဂေါက်ရောဂါရော ဆီးချိုသွေးချိုရောဂါပါ ရှိနေတတ်ကြောင်း တွေ့ရသည်။
ကျောက်ကပ် ကျောက်တည်ခြင်း
******************************
ဂေါက်ရောဂါရှိသူများတွင် အဖြစ်များသောနောက်ဆက်တွဲ ဆိုးကျိုးတခုအနေနဲ့ ကျောက်ကပ်ကျောက်တည်ခြင်းကို တွေ့ရတတ်သည်။ ယူရစ်ပုံဆောင်ခဲများသည် အလွန်များပြားလာပြီး ဆီးလမ်းကြောင်းတွင် စုပုံရာမှ ကျောက်တည်လာခြင်း ဖြစ်သည်။ ကျောက်တည်ပါက ခါးနာခြင်း၊ ဆီးသွားရခက်ခြင်း၊ ဆီးအရောင်ပြောင်းခြင်းတို့ဖြစ်သည်။
ကျောက်ကပ်ရောဂါ
******************
နာတာရှည် ကျောက်ကပ်ရောဂါရှိသူ ၁၀ ယောက်တွင် ၁ ယောက်သည် ဂေါက်ရောဂါရှိပြီး၊ ဂေါက်ရောဂါရှိသူများတွင်လည်း ကျောက်ကပ်ရောဂါ ရှိနေကြောင်း တွေ့ရသည်။ ထို့ကြောင့် ဂေါက်ရောဂါရှိသူများတွင် ကျောက်ကပ်ပုံမှန်စစ်ဆေးရန် လိုသည်။
အဆစ်နှင့် အရေပြားတွင် အဖုပေါ်ခြင်း
***********************************
ဂေါက်ရောဂါကို မကုသပါက ယူရစ်ပုံဆောင်ခဲများ အစုအဝေးဖြစ်လာပြီး၊ အရေပြားနှင့် အဆစ်များတွင် မာကြောသောအဖုခဲများ ဖြစ်လာတတ်ပြီး အဆစ်ပျက်စီးသည်အထိ ဖြစ်လာနိုင်သည်။
အရိုးပျက်စီးခြင်း
****************
ဂေါက်ရောဂါရှိပါက အရိုးပါးရောဂါနှင့် အရိုးပွရောဂါ၊ အရိုးကျိုးခြင်းတို့ ဖြစ်ပွားမှု ပိုများသည်။
အချုပ်ဆိုရလျှင် ဂေါက်ရောဂါဖြစ်လာပါက ဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူရုံသာမက အရက်နှင့်အချိုရည်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဥ်၍ Purine ကြွယ်ဝသော အစားအစာများ လျော့စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ဂေါက်ရောဂါ၏ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်မူရင်း Credit
24/10/2022
#ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးနိုင်မည့်
#အိမ်တွင်းနည်းလမ်း၈မျိုး
===================================
ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုလေးတွေ လုပ်ချင်ပေမယ့် အချိန်မရလို့ပဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ် မစစ်ဆေးဖြစ်တဲ့သူတွေအတွက် အချိန်ခဏပေးလိုက်ရုံနဲ့ ကိုယ့်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို စစ်ဆေးလို့ရမယ့် အလွယ်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) #နှလုံးနဲ့အဆုတ်ရောဂါရှိမရှိ
လက်ချောင်းလေးတွေကို ပုံထဲမှာပြထားတဲ့အတိုင်း
လုပ်လိုက်တဲ့အချိန်မှာ လက်သည်းလေးတွေကြားမှာ လေးဒေါင့်အချွန်ပုံ အပေါက်လေးဖြစ်နေရင် သွေးကြောတွေက သွေးလှည့်ပတ်မှုကောင်းမွန်တယ်၊ နှလုံးနဲ့ အဆုတ်ကျန်းမာတယ်လို့ ယူဆနိူင်ပါတယ်။
တကယ်လို့ အဲ့ဒီနေရာလေးက ပိတ်နေတယ်ဆိုရင်တော့ သွေးထဲမှာ အောက်စီဂျင်ကောင်းကောင်း မရောက်ရှိတာကြောင့် နှလုံးသွေးကြောနဲ့ အစာအိမ်အူလမ်းကြောင်းမှာ သိပ်မကျန်းမာလို့ပါ။
(၂) #ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့
#သတိမေ့ရောဂါဖြစ်နိူင်ချေရှိမရှိ
ပုံမှာပြထားတဲ့အတိုင်း အနည်းဆုံးမိနစ် (၁၀) လောက်
ကောင်းကောင်းရပ်နိူင်ရင် ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့သတိမေ့ရောဂါဖြစ်နိူင်ချေ အရမ်းနည်းတယ်လို့ ပြောလို့ရပါတယ်။ တကယ်လို့ ကောင်းကောင်းမရပ်နိူင်ရင်တော့
အသက်ရလာတဲ့အခါ လေဖြတ်နိူင်ချေများနေပါပြီ။
(၃) #သွေးအားနည်းရောဂါရှိမရှိ
မှန်ရှေ့မှာရပ်ပြီး အောက်မျက်ခမ်းအတွင်းဘက်ကို ကြည့်လိုက်ပါ၊ အနီရောင်သမ်းနေရင် သွေးအားကောင်းပြီး ကျန်းမာတဲ့အနေအထားဖြစ်ပြီး၊ ပန်းရောင်ဖျော့ဖျော့လေးသမ်းနေရင် သွေးအားနည်းနေတာပါ။
(၄) #ဟော်မုန်းညီမျှမှုရှိမရှိ
ဆံပင်တွေကြားထဲကို လက်ချောင်းလေးတွေ ထိုးပြီးဆွဲချလိုက်တဲ့အခါ ဆံပင်အနည်းငယ်ကျွတ်ပါလာတယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက ဟော်မုန်းပမာဏ ညီမျှနေပြီး
ဆံပင်တွေအများကြီးကျွတ်ပါလာရင်တော့ ဟော်မုန်းမညီမျှမှုတွေဖြစ်နေပါပြီ။
(၅) #ဆီးချိုရှိမရှိ
သင့်မှာ ဆီးချိုရောဂါရှိ မရှိစစ်ဆေးဖို့ ကူညီပေးမယ့်
နောက်တစ်ယောက်လိုပါတယ်။ ကူညီပေးမယ့်သူက စစ်ဆေးမယ့်သူရဲ့ခြေထောက်ကို ခဲတံရဲ့ ခဲသားအချွန်ဘက်နဲ့တစ်ခါ၊ ခဲဖျက်နဲ့တစ်ခါထိုးလိုက်ပါ။ အဲ့လိုထိုးလိုက်တဲ့အချိန်မှာ မကြည့်ဘဲ ဘယ်တစ်ချက်က ခဲသားအချွန်အထိအတွေ့လဲ၊ ခဲဖျက်ရဲ့ အထိအတွေ့လဲဆိုတာကို ပြောနိူင်ရင် သင့်မှာ ဆီးချိုရောဂါမရှိပါဘူး။
အထိအတွေ့ကို သိပ်မသဲကွဲဘူး၊ မခွဲခြားတတ်ဘူး ဖြစ်နေတယ်ဆိုရင်တော့ ဆီးချိုရောဂါရှိနေတာဖြစ်နိုင်ပါတယ်။
(၆) #သွေးလှည့်ပတ်မှုကောင်းမကောင်း
ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲအိပ်လိုက်ပြီး ခြေထောက်တွေကို နံရံပေါ် ၄၅ ဒီဂရီလောက်ထောင်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ခြေထောက်က သွေးဆုတ်ဖြူရော်နေတဲ့အရောင်မျိုး ပြောင်းသွားတယ်ဆိုရင်တော့
ခန္ဓာကိုယ်သွေးလှည့်ပတ်မှု သိပ်မကောင်းဘူးလို့ပြောရမှာပါ။
(၇) #အကြားအာရုံကောင်းမကောင်း
နားရွက်နားမှာ လက်ချောင်းလေးတွေ အချင်းချင်းပွတ်လိုက်တဲ့အခါ အသံလေးတွေ ကောင်းကောင်းကြားရပါတယ်။ ပခုံးစွန်းနေရာလောက်ကနေ လက်ချောင်းတွေ ပွတ်တိုက်တဲ့အသံကို ကောင်းကောင်းကြားရတုန်းဆိုရင်တော့ သင့်ရဲ့ အကြားအာရုံက ကောင်းပါသေးတယ်။
အသံသိပ်မကြားရတာမျိုး၊ လုံး၀မကြားရတာမျိုးဆိုရင်တော့ အကြားအာရုံစနစ်မှာ ပြဿနာရှိနေပါပြီ။
(၈) #နှလုံးသွေးကြောရောဂါရှိမရှိ
ဒါကို စမ်းသပ်ဖို့အတွက် လှေကားတက်ဖို့လိုပါတယ်။
သင့်အနေနဲ့ လှေကားထစ် ၁၅ ထစ်လောက်ကို သီချင်းဆိုရင်း၊ စကားပြောရင်း တက်လိုက်တဲ့အခါမှာ ပုံမှန်ထက်
အဆမတန်မောနေတယ်ဆိုရင် နှလုံးသွေးကြောနဲ့ပတ်သက်ပြီး သိပ်မကျန်းမာဘူးလို့ပြောရမှာပါ။
ဒီလိုမဟုတ်ဘဲ အနည်းငယ်ပဲမောတယ်၊ ပုံမှန်အတိုင်းစကားပြောနိူင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။
အခုဖော်ပြခဲ့တဲ့ နည်းလေးတွေနဲ့ ကျန်းမာရေးကို အကြမ်းဖျင်းစမ်းသပ်ပြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို တစ်နေရာရာက မကျန်းမာဘူးလို့ထင်ခဲ့ရင် ကိုယ်ကြိုက်တဲ့ နည်းလမ်းတွေ၊ ဆေးမြီးတိုတွေနဲ့ မကုသပါနဲ့။
ဆရာ၀န်နဲ့ပြသဆွေးနွေးပြီးမှ စစ်ဆေးကုသမှု
ခံယူကြဖို့ တိုက်တွန်းချင်ပါတယ်။
အားလုံးကျန်းမာအသက်ရှည်ကြပါစေ။
လေးစားစွာဖြင့်မူရင်း Credit
16/10/2022
{ဆေးဘက်ဝင်မှန်းတော့သိတယ် အဲလောက်
အကျိုးကျေးဇူးကြီးမှန်းမသိခဲ့}
အဆိပ်အမျိုးမျိုးနှင့် ရောဂါ (၁၈) ပါး ကို ပျောက်ကင်းနိုင်သော ကြောင်လျှာသီး
ကြောင်လျှာရွက် ကြောင်လျှာပွင့်
👍👍👍👍👍👍👍👍👍👍👍👍👍👍
ကြောင်လျှာပင် (Indian Trumpet Flower , Raw Material , Oroxylum indicun Vent ,
Bignoniaceae)။ မြန်မာ့တိုင်ရင်းဆေးပညာ အသစ် တဖန် ပြန်လည်
ထွန်းကားပါစေသော်။ ကြောင်လေးပင် မြွေနှင့် အဆိပ်မျိုးမျိုး နိုင်နင်းသော ဆေး
ဖော်စပ်ရာ၌ အသုံးပြု ကြောင် တစ်ကောင် ခေါ်သည့် ကြောင်လျှာရွက်
(က) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက်
သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏
(ခ) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော်
အစာမကြေရောဂါ ပျောက်၏
(ဂ) ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက်
ကွဲနာ ပျောက်ပါတယ်
(ဃ) သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း
ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။
(င) အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊
၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏
(စ) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏
(ဆ) ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏
(ဇ) ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့်
အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့်
လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
(စျ) ကြောင်လျှာသီး နှင့် ကြက်သား ရော ချက်စားပါက ပန်းနာရင်ကြပ်ရောဂါ ပျောက်၏
(ည) ကြောင်လျှာသီး နှင့် ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို
ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။
(ဋ) ကြောင်လျှာသီး နှင့် ပုစွန် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ
ပျောက်၏။
(ဌ) ကြောင်လျှာသီး နှင့် ငါးသလောက် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို
၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
(ဍ) ကြောင်လျှာသီး နှင့် ငါးမြွေထိုး ချက်စားက ဒူလာသွေး၀မ်း မီးယပ်သွေး၀မ်း နှင့်
မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။
(ဎ) ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာ၀င် မန်းလိုက်ခြင်း
ပျောက်ကင်းသည်
(ဏ) ကြောင်လျှာသီးကို (၇) ရက် နှစ်ခါ စားသော် သုတ်ခွန်အား တိုးပွားစေ၏၊
ဒေါသသုံးပါးကို ငြိမ်းစေ၏
(တ) ကြောင်လျှာ အခေါက်အမြစ် တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းသေ၊
တပိုင်းသေ၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ
သက်သာပျောက်ကင်း၏။
(ထ) ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ဆရွးသား၊ ထန်းလျက် ၁၂
ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင် လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့်
သောက်သော် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄-၅-၆
ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို
အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသည်။
(ဒ) ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း)သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့်
လည်းကောင်း၊ ရောစပ်၍ လျက်စားသော် ပန်းနာချောင်းဆိုးရောဂါသည် ပျောက်ကင်း၏။
(ဓ) ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော်
ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏
(န) ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍စစ်ပြီးနောက်
တစ်ကြိမ်လျှင် ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ၀မ်းမီးနုံ့ခြင်းကြောင့်ဖြစ်သော
အစာမကြေရောဂါ ပျောက်ကင်း၏
(ပ) ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်ဘိန်းဆိပ်သင့်သူများ
သက်သာပျောက်ကင်းသည်
(ဖ) ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို
ပလုတ်ကျင်းပေးခဲ့သော် ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။
(ဗ) ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျြော်ပီး တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာ
အတွက် ပျောက်ကင်း ၏
🕊❤️ညာဏ်ကြွယ်🕊crd
09/10/2022
ကဲ ဟာနုမာန်ကလည်းစပြီနော် 🥳
ကိုယ်တိုင်သုံးဖို့အတွက် 💁
မိဘဆရာသမားများကန်တော့ဖို့အတွက်💁
လက်ဆောင်ပေးဖို့အတွက်💁
သီတင်းကျွတ် အတွဲလိုက် အထူးပရိုစျေးလေး
အခွင့်အရေးကောင်းလေးရှိတုန်း ဆေးကပ်ခွါ လိမ်းဆေး၂မျိုးလုံးအသင့်မို့ အမိအရယူပါ🤩💖
07/10/2022
💛ခါးနာ၊နောက်ကျောနာခြင်းကို ငါးမိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းကောင်းများ💛
လူတော်တော်များများ အများဆုံးဖြစ်လေ့ ရှိတဲ့ဝေဒနာ ကိုပြောပါဆိုရင် နောက်ကျောဘက်နာကျင်ခြင်း ပါပဲ။ ခါးနာကြ တယ်။ ကျောနာကြတယ် စတဲ့ဝေဒနာတွေ ခံစားရတဲ့ အခါ လူကလည်း သက်တောင့် သက်သာ မရှိပဲ ပင်ပန်း ပါတယ်။ဒီလိုဝေဒနာတွေ ခံစား လာရပြီ ဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေ ထဲက တစ်နည်းနည်းကို စမ်းသပ်ကြည့် သင့်ပါတယ်။ ဘယ်လို နည်းလမ်းတွေက ခါးနာကျောနာခြင်းကိုသက်သာစေလဲဆိုရင်...
ကျောရိုးကိုအနားပေးခြင်း
***********************
အိမ်မှာရှိနေတဲ့ အချိန်ဆို ဒီနည်းလေးကို သုံးကြည့်သင့် ပါတယ်။ ပထမဆုံး ကြမ်းပြင်မှာထိုင်လိုက်ပါ။ ပြီးရင်ခြေထောက်နှစ်ချောင်း ကိုဖြောင့်တန်းစွာ ထားလိုက် ပါ။ ခြေထောက်နှစ်ဖက် ၁၀ စင်တီမီတာလောက်ခြား ထားပါ။ ပြီးရင် စောင်တစ်ထည်ကို ထူထူလေးဖြစ်အောင်လိပ်ပြီး ပုံထဲမှာပြထားသလို ဒူးအောက်မှာထားပါ။ ပြီးရင်ခေါင်းအုံးကို ခြေထောက်ပေါ်မှာတင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ခေါင်းအုံးနဲ့ ထိတဲ့ အထိကွေး လိုက်ပါ။ အဲ့ဒီ အနေအထားအတိုင်း ၅မိနစ်ကြာ မှာနေပါ။ ဒီနည်းလေးက နောက်ကျော ဘက်ကြွက်သားတင်းအားတွေ ကိုပြေလျော့စေပြီး ခါးနာ၊ကျောနာခြင်းကို သက်သာ သွားစေပါတယ်။
ဆားခါးနဲ့ခြေထောက်စိမ်ပါ
*************************
-ခြေထောက်စိမ်ရရုံ အနေအထားလောက် ခပ်နွေးနွေးရေဇလုံ တစ်ခုယူပါ။အဲ့ဒီထဲကို ဆားခါး ခွက်တစ်ဝက်စာလောက်ရော ထည့်ပြီးမွှေ လိုက်ပါ။ ပြီးရင်ခြေထောက်ကို ၅မိနစ်ကနေ ၇မိနစ်လောက်ထိ ထည့်စိမ် ထားပါ။အချိန်ပြည့်တဲ့အခါ ခြေထောက်ကိုထုတ်ပြီ းခပ်နွေးနွေးရေလေးနဲ့ ထပ်ပြီးဆေး လိုက်ပါ။ ပြီးရင်တော့ စောင်လေးနဲ့ဖြစ်စေ ခြေထောက်ကို ပတ်ထားလိုက်ပါ။ ဆားခါးက အကြောတွေ၊ကြွက်သား နာကျင် တာတွေ ကိုပြေလျော့စေ တဲ့အတွက် ဆားခါးစိမ် လိုက်တဲ့ အခါ ခန္ဓာကိုယ်တစ်ခုလုံးက စုပ်ယူလိုက်တဲ့ အတွက် နောက်ကျောဘက် နာကျင်မှု ကိုလည်းသက်သာသွားစေ ပါတယ်။
ဒူးအနောက်ဘက်က အကြောလေးတွေကိုဖိပါ
*****************************************
ဒူးအနောက်ဘက် အလယ် တည့်တည့်မှာ အကြောအမှတ်လေးတွေ ရှိပါတယ်။အဲ့ဒီအကြောနေရာလေးကို လက်မနဲ့ ဖိပေးပြီး အသက် ကိုပြင်းပြင်း ရှုပါ။၂မိနစ်ကနေ ၃မိနစ်ထိဖိထားပေးနိုင် ပါတယ်။ ဒီအကြောလေးတွေကို ဖိပေးတာ ကလည်း ခါးနေရာတစ်ဝိုက်ကြွက်သားနာကျင်မှု ကိုလျှော့ချပေးနိုင် တယ်လို့ သိရပါတယ်။
sharing
လေးစားစွာဖြင့်မူရင်း Credit
02/10/2022
ငှက်ပျောသီးဖီးကြမ်းနှင့်ကျန်းမာရေး
၁.ရိုးတွင်းချဉ်ဆီလျော့လာပြီး အရိုးအဆစ်နာကျင်သူများ ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်းသေးတဇွန်း တို့၍နေ့စဉ်စားပါ။
-------------------------------------------------------------
၂.အစာအိမ်ကင်ဆာသမားများနှင့် အရိုးကင်ဆာသမားများ
ငှက်ပျောသီးကို နနွင်းမှုန့်နဲနဲနဲ့ တို့စားပါ။
-------------------------------------------------------------
၃.စိတ်ဖိစီးပြီးစိတ်ညစ်မှု ဝေဒနာဖြစ်ရင် ငှက်ပျောသီး၃-လုံးကို
ပျားရည်နဲ့ကြော်စားပါ။
-------------------------------------------------------------
၄.ကျောက်ကပ်အားနည်း ကျောက်ကပ်နာကျင်မှုအတွက်
သဘာဝပိုတက္စီယံ ဖြည့်စွက်စာအဖြစ် (ဖီးကြမ်း)ငှက်ပျောသီးကို သာ စားပါ။
-------------------------------------------------------------
၅.အူမကြီးမြန်ဆန်စွာအလုပ်လုပ်နိုင်ရန် နှင့်
အူသန့်စင်စေရန် ဖီးကြမ်းငှက်ပျောသီးမှည့်အိပျော်နေတာကို
ဆားမီးလှော် /ဆားမီးဖုတ်နဲ့တို့စားပါ။
-------------------------------------------------------------
၆.မျက်စိမှုန်ခြင်း မျက်စိတိမ်ကပ်ခြင်းများအတွက် ငှက်ပျောသီး အသား ကို ချေပီး မျက်ကွင်းအောက်နားတဝိုက်ကို
၁၀မိနစ်ခန့်သုတ်ထားပြီး ရေနွေးနွေးနဲ့ပြန်ဆေးချပါ။
-------------------------------------------------------------
၇။ဝမျးခြူပျပွီးအပူအပုပျ ထွက်စေရန် ငှက်ပျောသီးကို ဒိန်ချဉ် ၃ဇွန်းနဲ့စားပါ။
-------------------------------------------------------------
၈.ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိဖြစ်နေပါက ငှက်ပျောသီး ကို
အုန်းနို့နဲ့ပေါင်းစားပါ။
-------------------------------------------------------------
၉.လေးဘက်နာအဆစ်အမြစ်ကိုက်ခဲနေသူများ ငှက်ပျောသီးကို
ထိပ်နဲ့ဖင် ဖြတ်အခွံကျွမ်းအောင် မီးကင် ၍အထဲမှအသားကိုစားပါ။
-------------------------------------------------------------
၁၀။တင်းတိပ်နဲ့အမည်းစက်များမီးလောင် ဒဏ်ရာများမှေးမှိန်ချင်ရင်
ငှက်ပျောသီးအသားနဲ့ ဒိန်ချဉ်ကိုရောမွှေ၍ ပါးပါးလူးပေးပြီး
ဆယ်မိနစ်မှာရေနွေးနွေးနဲ့ဆေးချပါ။
-------------------------------------------------------------
ရင်ကျပ်နေချိန် မစားရ။
နေပူပူထဲသွားလာရင်းမစားရ။
ငှက်ဖျားဖြစ်ဖူးသူများ
သီးမွှေး ငှက်ပျောသီးမတည့်ပါ။
ကိုယ်ပူနေချိန် ငှက်ပျောသီး ကို
အဖန်ရည်ထွက်အောင် ပြုတ်ပီးမှစားပါ။
ပုံမှန်ကျန်းမာနေသူများ အာဟာရဖြည့်ရန်စားလိုပါကသီးမွှေး၊ဖီးကြမ်း ၊
ဘယ်ငှက်ပျောသီးမဆို စားနိုင်ပါတယ် ။
"ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
အသက် ၄၀ ကျော်သူများအတွက်
#ရိုးတွင်းချဉ်ဆီ_အားဖြည့်ဆေး"
========================
#ရိုးတွင်းချဉ်ဆီ_အားဖြည့်ဆေး
အသက် ၄၀ ကျော် လာတာနဲ့ ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
ရိုးတွင်း ချဉ်ဆီ ခမ်းလာ တတ်ပါတယ်။
အိမ်ထောင်သည်တွေ ပိုဆိုး ပါတယ်။
ရိုးတွင်း ချဉ်ဆီ ခမ်းလာရင် အရွယ်ရင့်မြန်လာခြင်း မလှုပ်ချင် မကိုင်ချင် မကြာခဏ ဖြစ်ခြင်း ယောင်္ကျား ဆိုလျှင် ဒူလာဖြစ်ခြင်း
ပြင်ပ ရောဂါ ဝင်လွယ်ခြင်းများ ဖြစ်တတ်ပါတယ်။
ယခု တင်ပြမှာက မြန်မာ့ တိုင်းရင်းနည်းဖြင့်
ရိုးတွင်း ချဉ်ဆီ အားကောင်း နည်းလေးပါ။
ဆေးနည်း
ဖီးကြမ်း ဌက်ပျောသီးကို မီးဖုတ်ပါ။
ပြီးလျှင် ခွက် တစ်ခုထဲ ထည့်ပါ။
နှမ်းဆီ စစ်စစ် ထည့်ပါ။ သမအောင် ချေမွှပါ။
ပြီးလျှင် စားသုံး နိုင်ပါပြီ။
တစ်လ တစ်ကြိမ်/နှစ်ကြိမ်ခန့်စားပေးခြင်းဖြင့်
ကျန်းမာလန်းဆန်း လာပါလိမ့်မည်။
29/09/2022
အသက် ၄ ထိပ်စည်း ကျော်သူများ သိထားဖို့😁
-------------------------------------------
အသက်တွေကြီးလာရင်_အိုလာရင်
ဘာတစ်ခုမှ_ကောင်းတာမရှိတော့ဘူးရယ်။
အသက်_၄၅_နဲ့_၆၀_ကြားဖြစ်တတ်တဲ့
ရောဂါလက္ခဏာများ_သတိပြုရန်နှင့် ၊
သတိထားပီး_ကြိုတင်ကာကွယ်_ကုသနိုင်ဖို့ ၊
ဒီစာလေးကို_သိမ်းထားကြပါစို့ ။
(1)အရိုးတွေ ချောင်လာတယ် ဒူးနာတတ်တယ် ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ် ခါးရိုးဆစ်
တွေလည်းနာတတ်တယ်။ ချော်လဲမကျအောင်
ဂရုစိုက်ပါ ဒူးကိုကွေးလိုက်ဆန့်လိုက်လုပ်ပေး
ခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။
(2) ကြွက်သား အားမရှိတာ အမျိုးသားက
၃ ပုံပုံ ၁ပုံ နဲ့ အမျိုးသမီးက တဝက်လောက် အဖြစ်များတယ်။ ကြွက်သားဆိုတာ ၊
လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား
၂ မျိုးလုံးပါတယ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ ။
(3)အကြော အဆစ်နာတတ်တယ် ,
ဝတဲ့သူများပိုပီး ဟိုနာဒီနာဖြစ်လွယ်တယ်။
အကြော အားဆေးသောက်ပေးပါ ။
ဦးနှောက်အာရုံကြောက ပို အရေးကြီးတယ်။
အိပ်မပျော်တာများရင် ထိခိုက်သလို ၊
ခဏခဏ မေ့လွယ်တတ်တယ် ။
(4) အသက်ကြီးလာတဲ့အမျှ ကိုယ်တွင်းကလီစာတွေက တဖြေးဖြေးweak ဖြစ်လာတယ် နှလုံး ကျောက်ကပ်,သရက်ရွက်, သည်းခြေ, အသဲညဖက် ဆီးခဏခဏသွားတာနဲ့
ဆီးမခိုင်တာတွေဖြစ်တတ်တယ် အများအားဖြင့် ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီး
တွေက အသက် ၅၀ ကျော်တွေအဖြစ်များတယ်။
(5)ဝမ်းချူပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့
အဆီအပူအစပ်စားများလို့ အူလမ်းကြောင်းမှာ
အညစ်ကြေးများရင် အူကင်ဆာဖြစ် ၊
လွယ်တယ် သတိထားကြပါ ။
(6 ) နှလုံးမှာ ပြသာနာ စဖြစ်ရင် အသက်ရှူမဝ ရင်ဘတ် အောင့်ပီး တချက်တချက်နာ ၊
ဘယ်ဖက်ပုခုံးထုံ , ကျင် ,နာ ပီး ကျောကုံးအပေါ်
ဖက်လည်း ညောင်းပီး အကြောတက်တတ်တယ်။ အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်း ညောင်းတတ်တယ်။ မျက်လုံး၂ လုံးပေါ် ၊
ကန့်လန့်ဖြတ် စင်းတခု ထင်းကနဲပေါ်တတ်တယ်။ နှလုံးမှာအဓိက ကြောက်ရတာ နှလုံးသွေးကြော
၃ ချောင်းရှိတာ အားလုံးပိတ်ရင် စက်တပ်ရပီ။ အာ့ကြောင့် နှလုံးသွေးကြော စပိတ်တာနဲ့ အဲလက္ခဏာတွေပြင်းထန်ရင် ဆေးရုံမှာCheck သွားလုပ်ပါ။ အဆီတွေလျော့စား လေ့ကျင့်
ခန်းလုပ် ရေများများသောက်ကြပါ ။
(7) အသဲ ပြသာနာဖြစ်ရင်
ညာဖက်ဗိုက်ခေါက်အပေါ် ဖက်နာကျင်တယ်
ညာခါးအနောက်ဖက် ညောင်းနာ,ညာဖက် ၊
ပုခုံးထုံ ကျင် ညောင်းနာ ညအိပ်ချိန် ၊
ခြေသလုံးခဏခဏ ကြွက်တက်တတ်တယ်။ အသဲမကောင်းရင် ညကောင်းကောင်း
အိပ်မပျော်ဘူး။ ပါးစပ်ခါးပီး သွားတိုက်ရင် သွေးထွက်လွယ်တယ် ။
အစာမစားချင် ခံတွင်းပျက်ပီး
နဲနဲလေးစားတာနဲ့ ဗိုက် ပြည့်လွယ်တယ်။
လမ်းနဲနဲလေးလျှောက်တာနဲ့ ခြေထောက် ညောင်းလွယ်တယ်။ တကိုယ်လုံးနှုံးပီး ၊
အားမရှိသလို ခံစားရတယ် ခြေမခိုင်ဘဲ ၊
ချော်လဲ လွယ်တယ် ခြေလိမ်တတ်တယ် ။
အရက်သောက် များသူများက
လျော့သောက်တာနဲ့ အရေပြားယားရင်
သတိထားပါ အသဲရောဂါ ပို ပြင်းထန်ရင် ၊
မျက်နှာအရောင်မွဲခြောက်ခြောက်နဲ့ မဲလာတယ်။
အရေပြားခြောက်သွေ့လာတယ်။ နှခေါင်းထိပ်
နီလာတယ်။ အသားတွေ လက်ဖဝါး မျက်လုံး
အိမ်တွေ ဝါလာတယ်။ အသဲကစဖြစ်ချိန်တော်ရုံ
လက္ခဏာမပြဘူး။ ပြတဲ့ချိန်ဆိုသိတာ ၊
နောက်ကြတာများတယ် ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာရဲ့ ကြည့်နည်းပါ ။
(8) ကျောက်ကပ် ပြသာနာကတော့ ခါးနာကျောနာ၊ မလန်းဆန်းဘူး ။ ခြေသလုံးညောင်းလွယ် အားမရှိ ။ အသားရေယားယံတတ်တယ်။ ဆီးသွားရင် အမြှုတ်ထတယ်။ ဆီးမခိုင်ဘူး။ ခြေလက် အေးတတ်တယ် အိပ်မကောင်းဘူး ။
ခဏခဏနိုးတတ်တယ်။ အထိုင် အထ ကြာကြာ မလုပ်နိုင်ဘူး။ ခြေထောက်တွေယောင် ၊
လာတတ်တယ်။ ခြေသည်းခွံတွေကြမ်းလာတယ်။
အထူးသဖြင့် ခြေ မရဲ့ခြေသည်းခွံ အရှည် ၊
နှေးလာတယ်။ ကြမ်းပီးထူလာတယ် ။
အထူးသဖြင့်ဆီးချိူ သမားတွေသတိထားပါ။ အမြဲဆေးသောက်ပါ ဆီချိုချိန်ပါ ကျောက်ကပ်
ပျက်ဆီးရင် သွေးကအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ် သွေးပေါင်ကျလည်း မူးတတ်တယ်
ကျောက်ကပ်ကို အထူးဂရုစိုက်ကြပါ ။ ဖြစ်နိုင်ရင်ကျောက်ကပ် မဆေးကြပါနဲ့ ၊
ကျောက်ကပ်ဆေးရင် ပိုက်ဆံလည်းကုန် အသက်လည်းမရှည်ဘူး အစားထိုးဖို့ဆိုတာ
မလွယ်ပါ ။
(9) သရက်ရွက် မကောင်းရင် ခေါင်းတခြမ်း
ကိုက်တတ်တယ် လည်ပင်းဇက်ကျောတက်လွယ်
ဝမ်းချူပ် ဝမ်းလျှော ၂ မျိုးလုံးဖြစ်တတ်တယ်။
အစာချေဖျက်မှု ကောင်းအောင် လုပ်နိုင်ပီး
ဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်။
ခေါင်းကိုက်တိုင်း အကိုက်ခဲပျောက်ဆေးသိပ် မသောက်ပါနဲ့ အကိုက်ခဲပျောက်ဆေးက ၊
အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ်
အူလမ်းကြောင်းထိပီး သွေးယို တတ်တယ် ။
ဝမ်းသွားသွေးပါရင် သတိထားပါ ။.. သွေးရောင်နီတာက လိပ်ခေါင်းကြောင့် ၊
ဖြစ်နိုင်သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ်အူလမ်းကြောင်းရဲ့နံရံပါး or ပေါက်ပီး ဖြစ်တတ်တယ် ကိုယ်ဝမ်းသွားပီးတိုင်း
ကိုယ့်ဝမ်းပုံ စံ အမြဲကြည့်ပါ ရှောကနဲအဖြောင့်
လိုက်သွားပီး ဖင်မကပ်ရင် အကောင်းဆုံးပါ။
ပြတ်တောင်းပြတ်တောင်း ဆိတ် ချီးတုံးပုံဆို ဝမ်းသွားမစင်ဘူး။ တခါလေ မနက်ရေနွေး
သောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိူးက
အပူတွေထုတ်ပစ်တာ ကြောက်စရာမလို ။ ကောင်းတယ်။ တရက် လုံးပန်းရင်တော့
ဝမ်းလျှောပီ။ အကောင်းဆုံးက နေ့တိုင်း
ဝမ်းမှန်အောင်လုပ်ပါ စကားပုံရှိတဲ့ အတိုင်း
ဝမ်းတလုံးကောင်း ခေါင်းမခဲဆိုတာ ။….
(10) အူမကြီးမကောင်းရင် ပါးစပ်ခါးပီး
တချိန်လုံး ရေငတ်ရေသောက်ချင် ရေငတ်
တတ်တယ်။ နှာခေါင်းပိတ်တတ် နှာရည်ယို
တတ်တယ် သွားပိုးမစားဘဲ သွားကိုက်
သွားနာဖြစ်တတ်တယ်။ လည်ပင်းရောင် ဖေါင်းတတ်တယ်။ တော်ရုံ နဲနဲလေးတာတောင်
အလေးမ မနိုင်ဘူး ။
ဝမ်းချူပ်ရင်လည်း သွားကိုက်တတ်တယ်
အပူများတဲ့သဘော..ဝမ်းချူပ်ရင် ခါးလည်း
တခါလေ နာတတ်တယ်။ အူမကြီးကဝမ်းနဲ့
ဆိုင်တယ် ခုကမ္ဘာမှာ အူမကြီးကင်ဆာက ၊
နံပါတ် ၂ စွဲနေတယ် လူတွေက အစားတွေ
စုံအောင်စားပီး ဝမ်းအဖြစ် အညစ်အကြေး ၊
မထုတ်ပစ်လို့ နဲနဲစီ အူနံရံမှာကပ်ပီး ကြာတော့
အညစ်ကြေးကနေ ကင်ဆာဖြစ်သွားတယ်။
အစာအိမ်ကနေ အူနံရံပါးပီး
အနာဖြစ်ပီး သွေးယိုလည်း ကြာရင် ကင်ဆာ ဖြစ်တတ်တယ် အစာအိမ်နဲ့ အူလမ်းကြောင်းက
ဆက်နေတယ်။ အစာလည်း မခံကြပါနဲ့ ။
ဗိုက်ဆာရင်စားပါ ။
အပိန်ကျင့်ပီး အစာမစားတာလည်း မလုပ်ပါနဲ့..
အစာအိမ်အချဉ်ဖေါက်ပီး လည်ပြွန်ပေါ်
ပြန်တက်တာလည်း အပူအစပ်ရှောင်ပါ ။
နဲနဲချင်းနဲ့၊ အကြိမ်ရေတွက် များများစားပါ။
တခါထဲ အများကြီးမစားပါနဲ့ တချို့ကျလည်း
ဘယ်လောက်စားစား မဝကြဘူး။ ပိန်ပိန်ဘဲ။
အဲမျိုးက ကျန်းမာရင်တော့ ပြသာနာမရှိပါ။
သို့သော်ဘယ်လောက် စားစား (or) မစားနိုင်ဘဲ ပိန်ပိန်လာပီး လက်ဆစ်တွေ ငေါထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား
မကောင်းတော့ဘူး ဗီတာမင် မယူနိုင်တော့ဘူး။
အဲဒါမျိုးဆို ဆရာဝန် သေချာပြပါ။
ဂေါက် ရောဂါ ရှိရင် beer နဲ့ မတည့်ပါ။
ရေချိုးရင်မချော်တတ်တဲ့ ဘိနပ်စီးပီး ချိုးပါ။
ခြေထောက်ကျောက်ပြား တိုက်ရိုက်ထိ ၊
အေးရင်လည်း အကြောချဉ်ကိုက်တတ်တယ်။ အရိုးအားဆေးစားပါ ချော်လဲ မကျပါစေနဲ့ ၊
လေးစားစွာဖြင့်
Original Uploader
မတည့်တာလေးစားမိတာနဲ့ ပဆိုးစလေးတောင်အထိမခံနိုင်လောက်အောင် နာလွန်းတဲ့ဂေါက်....
အရင်ကဖြစ်တိုင်း ဆေးခန်းသွား ကိုက်ခဲပျောက်သက်သာဖို့ ဆေးထိုးလိုက် ကိုက်ခဲပျောက်ဆေးစားလိုက်နဲ့ မေအိရဲ့အဖေ
နာလာတိုင်း ဆေးထိုးဆေးသောက် ကြာလာတော့
ဆေးယဥ္ပါး ဆေးမတိုးဖြစ်လာ အခုတော့ တိုင်းရင်းဆေးစစ်စစ် ခန္ဓာကိုယ်ပြင်ပကနေ ဆေးကပ်ခွါကပ်ပေးရုံနဲ့ အဆင်ပြေခဲ့ပြီ
ကိုယ်ချစ်တဲ့သူကို မနာကျင်စေချင်ဘူးလေနော်💖
21/09/2022
#ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================
ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ
ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။
ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။
အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။
ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
တွေကြောင့်လို့သိရပါတယ်။
ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်
၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။
၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။
၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။
၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။
၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။
၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။
၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။
Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ
၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။
၂ - ငှက်ပျောသီး
- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။
၃ - မုန်လာဥနီ
- မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။
၄ - ချယ်ရီသီး
- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။
၅ - ရေ
- ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
၆ - ပန်းသီး
- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၇ - တရုတ်နံနံကြီး
- ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။
၈ - ကြက်သွန်နီ
- ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။
၉ - ရေနွေးကြမ်း
- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။
၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
- ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။
၁၁ - ဘယ်ရီသီးများ
- ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
တားဆီးပေးနိုင်ပါတယ်။
မစားသင့်သည့်အစားအစာများ
1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။
2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။
3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။
4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။
5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။
6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။
7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။
8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။
9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။
ခရက်ဒစ်ပါ
20/09/2022
Hanuman Brand Products များ၏ လက်လီ/လက်ကား ဈေးနှုန်းပြောင်းလှဲ သတ်မှတ်ခြင်း❗❗❗
***********************************************
✅ Prorich Company သည် ငွေကြေးများမတည်ငြိမ်သော်လည်း
Customers များအတွက်အဆင်ပြေစေရန်
Company တွင်ရှိထားသောStock များအားလုံးကို ( 2 ) လတိတိ
ယခင်ဈေးနှုန်းအတိုင်း မပြောင်းလဲပဲ ရောင်းချပေးခဲ့ပါသည်။
သို့သော် ယခုအချိန်တွင် လုပ်ငန်းလည်ပတ်နိုင်ရန်
ဆက်လက်ထိန်းထား၍ မဖြစ်နိုင်သဖြင့် ဈေးနှုန်းအား
အနည်းငယ်တိုးမြင့်လိုက်ရပါသည်။
✅ လက်လီအရောင်း ဈေးနှုန်းတိုးမြင့်ရာတွင်လည်း
ငွေလဲလှယ်မှုပေါက်ဈေးအတိုင်း တိုးမြင့်ထားခြင်းမဟုတ်ပဲ
Company နှင့် အရောင်းကိုယ်စားလှယ်များမှ
မိမိ၏အမြတ်ငွေကိုလျော့ပြီး Customers များအတွက်
အသုံးပြု/ဝယ်ယူရာတွင် အဆင်ပြေဆုံးဖြစ်စေမည့်
ဈေးကိုသတ်မှတ်လိုက်ရခြင်းဖြစ်သည်။
မင်မင်မေအိတို့ဆီမှာ ဆေးကပ်ခွါလက်ဟောင်းအထုပ်
နှင့် ဆေးကပ်ခွါဘူးသစ် ၂မျိုးလုံးကို မှာယူနိုင်ပါတယ်ရှင့် ဆေးကပ်ခွါရဲ့ပါဝင်ပစ္စည်း အာနိသင်ပြောင်းလဲမှုမရှိဘဲ စျေးနှုန်းနှင့် ဆေးထုပ်အရေအတွက် ကွာခြားချက်ကို ပုံမှာပြထားပါတယ်ရှင် 🤍🍀
✅ Hanuman Products တိုင်းကိုစဥ်ဆက်မမြတ် အမြဲဝယ်ယူအားပေးမှုအတွက် Hanuman Brand မိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်.....🙏🙏🙏
17/09/2022
အမေကို ဒူးနာအတွက်သုံးပေးတာသက်သာတော့
နောက်လိမ်းဆေး 2 ဗူးထပ်ပို့ပေးလို့ရမလားတဲ့
သုံးပြီးဝေဒနာသက်သာလာတာကြားရတော့ပီတိမိပါတယ်ရှင့်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
South Dagon Township
Yangon