Tee Toe Phaw
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tee Toe Phaw, Health/Beauty, Yangon.
28/11/2023
ဘဝမှာ ကိုယ့်မှာ ကိုယ့်ကိုကိုယ်ပဲရှိတယ်ဆိုတာ သိလာရတဲ့နေ့ ကိုယ်တကယ်ရင့်ကျက်သွားပြီ။
ကိုယ့်စိတ်ပင်ပန်းသမျှတွေ 100%ဖြေဖျောက်ပေးနိုင်ဖို့ကလဲ ကိုယ်ကိုယ်တိုင်ပဲတတ်စွမ်းတာလေ။ သူများဖြေဖျောက်ပေးနိုင်တာက 100%မရှိနေဘူး။ တကယ်တမ်းက ကိုယ်တွေထင်နေသလို သူများကပျော်အောင်ထားမှပျော်ရတာမဟုတ်ဘူးနော်။
အဖြေဆိုတာ ကိုယ့်ထဲမှာပဲရှိတယ် ရှာကြည့်ကြည့်နော် ကိုယ့်ကိုကိုယ်တွေ့လိမ့်မယ် 🧡
အဖြေတူတူရှာချင်ရင် လာတူတူတီးတိုးပြောကြစို့ 🤗
24/10/2023
ခုလိုကာလမျိုးတွေမှာ
လူတိုင်းရဲ့စိတ်အခြေအနေတွေဟာ
အနည်းနဲ့အများအဆင်ပြေမနေတတ်ကြပါဘူး
ရင်ထဲမွန်းကြပ်တာတွေ မျှော်လင့်ထားသလိုဖြစ်မလာတာတွေ၊အဆင်မပြေမှုအမျိုးမျိုးတွေကြောင့် စိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်
အဲ့လိုမျိုးစိတ်အဆင်မပြေမှုတွေအသီးသီးခံစားနေကြရတဲ့သူတွေထဲကမှ အခက်အခဲတွေရင်ဆိုင်လာရတဲ့အခါ မွန်းကြပ်မှုအဆင်မပြေမှုတွေကိုရင်ဖွင့်ရဖို့ကိုယ့်ဘေးနားယုံကြည်ရလောက်တဲ့တိုင်ပင်တီးတိုးဖော်မရှိတဲ့သူတွေ၊ ကိုယ်ရင်ဖွင့်လို့ရလောက်တဲ့အနေအထားမျိုးမပေးကြတဲ့ကိုယ့်ရဲ့မောင်နှမသားချင်းဆွေမျိုးမိဘတွေမလို့ စိတ်ထဲတစ်ယောက်တည်းကြိတ်ခံစားနေရတာမျိုးတွေဟာ ခံနိုင်ရည်မရှိတဲ့သူအဖို့ အချိန်ကြာလာရင်စိတ်ရဲ့တောင့်တင်းကြံ့ခိုင်ထားနိုင်မှုဟာ ပြိုကျလာတတ်ကြပါတယ်
တချို့ကကျ သူငယ်ချင်း မောင်နှမသားချင်းဆွေမျိုးမိဘတွေကို ထုတ်ဖော်ပြောလို့မရတဲ့ကိစ္စမျိုးတွေလဲရှိတတ်ကြလို့ တစ်ယောက်တည်းကြိတ်ခံစားတတ်ကြပါတယ်
ခုတလော Suicideလုပ်လာတာမျိုးတွေ ခပ်စိပ်စိပ်တွေ့လာရပြီးနောက်ပိုင်း ပြောမထွက်တဲ့စိတ်ဒဏ်ရာတွေ အဆင်မပြေမှုတွေကို သူငယ်ချင်းတစ်ယောက်လိုသဘောထားပြီးယုံကြည်စိတ်ချစွာလာရောက်ရင်ဖွင့်နိုင်ပါတယ် အကောင့်အစစ်နဲ့လာလဲရသလို fakeအကောင့်နဲ့လာရင်ဖွင့်လို့ရပါတယ်နော် တစ်ဦးတစ်ယောက်ချင်းစီရဲ့ privacyကိုမပေါက်ကြားစေရပါဘူး အာမခံပါတယ်နော်
ခုလိုpageဖွင့်ရတဲ့ရည်ရွယ်ချက်က ခုလိုကာလမှာ ကိုယ်နိုင်သလောက်လေး su***de caseမျိုးတွေထပ်မဖြစ်စေချင်တော့လို့ သင်တို့ရဲ့ပြဿနာအခက်အခဲတွေကို နားထောင်ပေးပါရစေနော်
အားလုံးပဲ သောကကင်းဝေး အဆင်ပြေကြပါစေ 🙏
pic from google
လူမိတဲ့အခါ ပိုင်ရှင်ရှိသောယောကျ်ားတွေကတစ်ဖက်ကိုအားနာမိလို့ပါဆိုတဲ့ဆင်ခြေကို လွယ်လွယ်နဲ့ပေးတတ်ကြတယ်။
အားနာတယ်ဆိုတဲ့စကားလုံးလှလှနဲ့အလှဆင်လိုက်ကြတာ တကယ်ကတစ်ဖက်ကစနှိုက်တွေလာကပ်တာကို ပြန်နှောင်တွယ်ကြတာက လွယ်လွယ်ရလို့ အလွယ်ပြန်ကြိုက်မိကြတာမျိုး စကားလုံးခပ်မာမာနဲ့ပြောရမယ်ဆိုရင်တော့ အချောင်စားစိတ်ဓာတ်ပဲပေါ့ 🫠
TTP
စိတ်ရော ကိုယ်ပါ ခက်ခဲရတဲ့ကာလတွေမှာ စိတ်ကိုအနားသိပ်မပေးပါနဲ့ စာဖတ်ပါ Audio book နားထောင်ပါ မိမိဝါသနာပါတာတွေအချိန်ပေးလုပ်ကြည့်ပါ မိမိစိတ်ဝင်စားတဲ့အရာတွေစမ်းလုပ်ကြည့်ပါ ဘယ်သူယုံယုံ မယုံယုံ ကိုယ့်ကိုကိုယ်ယုံကြည်ပေးပါ မိမိအတွက် မိမိပဲရှိတယ်ကိုယ့်အားကိုယ်ကိုးမှရမယ်ဆိုတာကိုလုံးဝမမေ့ပါနဲ့
ချစ်ရတဲ့ တီးတိုးလေးတို့ရေ 🤗❤️🍀
31/10/2022
ခုလိုကာလမျိုးတွေမှာ
လူတိုင်းရဲ့စိတ်အခြေအနေတွေဟာ
အနည်းနဲ့အများအဆင်ပြေမနေတတ်ကြပါဘူး
ရင်ထဲမွန်းကြပ်တာတွေ မျှော်လင့်ထားသလိုဖြစ်မလာတာတွေ၊အဆင်မပြေမှုအမျိုးမျိုးတွေကြောင့် စိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်
အဲ့လိုမျိုးစိတ်အဆင်မပြေမှုတွေအသီးသီးခံစားနေကြရတဲ့သူတွေထဲကမှ အခက်အခဲတွေရင်ဆိုင်လာရတဲ့အခါ မွန်းကြပ်မှုအဆင်မပြေမှုတွေကိုရင်ဖွင့်ရဖို့ကိုယ့်ဘေးနားယုံကြည်ရလောက်တဲ့တိုင်ပင်တီးတိုးဖော်မရှိတဲ့သူတွေ
ကိုယ်ရင်ဖွင့်လို့ရလောက်တဲ့အနေအထားမျိုးမပေးကြတဲ့ကိုယ့်ရဲ့မောင်နှမသားချင်းဆွေမျိုးမိဘတွေမလို့ စိတ်ထဲတစ်ယောက်တည်းကြိတ်ခံစားနေရတာမျိုးတွေဟာ ခံနိုင်ရည်မရှိတဲ့သူအဖို့ အချိန်ကြာလာရင်စိတ်ရဲ့တောင့်တင်းကြံ့ခိုင်ထားနိုင်မှုဟာ ပြိုကျလာတတ်ကြပါတယ်
တချို့ကကျ သူငယ်ချင်း မောင်နှမသားချင်းဆွေမျိုးမိဘတွေကို ထုတ်ဖော်ပြောလို့မရတဲ့ကိစ္စမျိုးတွေလဲရှိတတ်ကြလို့ တစ်ယောက်တည်းကြိတ်ခံစားတတ်ကြပါတယ်
ခုတလော Suicideလုပ်လာတာမျိုးတွေ ခပ်စိပ်စိပ်တွေ့လာရပြီးနောက်ပိုင်း ပြောမထွက်တဲ့စိတ်ဒဏ်ရာတွေ အဆင်မပြေမှုတွေကို သူငယ်ချင်းတစ်ယောက်လိုသဘောထားပြီးယုံကြည်စိတ်ချစွာလာရောက်ရင်ဖွင့်နိုင်ပါတယ် အကောင့်အစစ်နဲ့လာလဲရသလို fakeအကောင့်နဲ့လာရင်ဖွင့်လို့ရပါတယ်နော် တစ်ဦးတစ်ယောက်ချင်းစီရဲ့ privacyကိုမပေါက်ကြားစေရပါဘူး အာမခံပါတယ်နော်
ခုလိုpageဖွင့်ရတဲ့ရည်ရွယ်ချက်က ခုလိုကာလမှာ ကိုယ်နိုင်သလောက်လေး su***de caseမျိုးတွေထပ်မဖြစ်စေချင်တော့လို့ မင်မင်ရဲ့မေတ္တာနဲ့အချိန်ပေးပြီး သင်တို့ရဲ့ပြဿနာအခက်အခဲတွေကို နားထောင်ပေးပါရစေနော်
အားလုံးပဲ သောကကင်းဝေး အဆင်ပြေကြပါစေ 🙏
pic from google
Click here to claim your Sponsored Listing.
Category
Website
Address
Yangon