The Beauty Secrets
This page provides an online sale service for valued customers and its mainly focused products are c
25/02/2026
C.R.O.C.S Size လမ်းညွှန် (For Women)
C.rocs ဝယ်ချင်ပြီး Size ရွေးရခက်နေသူများအတွက် ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်ရှင် 🤍
⸻
၁။ Mega Crush Sandal
🔎 Cutting – ကြီးတတ်ပါတယ်
W5 (EUR 34–35) – 21.5–22 cm
W6 (EUR 36–37) – 22.5–23 cm
W7 (EUR 37–38) – 23.5–24 cm
W8 (EUR 38–39) – 24.5–25 cm
W9 (EUR 39–40) – 25.5–26 cm
📌 Mega Crush Sandal မော်ဒယ်မှာ အခြားဒီဇိုင်းများထပ် Cutting ပိုကြီးသောကြောင့် စီးနေကျတိုင်းယူလျှင် ချောင်ချောင်လေး ဖြစ်တတ်ပါတယ်။
တစ်ဆိုဒ်လျှော့ယူတာ ပိုအဆင်ပြေနိုင်ပါတယ်။
လင်းဆို ၃၈သမားပါ Platform Clog ကို W7 စီးရပြီး
Mega Crush Sandal ကိုတော့ W6 မှအဆင်ပြေပါတယ်ရှင်။
⸻
၂။ Classic Crush Sandal
🔎 Cutting – ပုံမှန်ဖြစ်သော်လည်း ခြေထောက်ပုံစံပေါ်မူတည်၍ ကွာနိုင်ပါတယ်
W5 (EUR 34–35) – 21.5–22 cm
W6 (EUR 36–37) – 22.5–23 cm
W7 (EUR 37–38) – 23.5–24 cm
W8 (EUR 38–39) – 24.5–25 cm
W9 (EUR 39–40) – 25.5–26 cm
📌 အချို့သူများမှာ ပုံမှန် Size အတိုင်း ယူနိုင်သော်လည်း
အချို့သူများမှာ အနည်းငယ် ချောင်သည်ဟု ခံစားရနိုင်ပါတယ်။
📌 ထို့ကြောင့် Size ရွေးချယ်ရာတွင် ခြေထောက်အနံ၊ ခြေဖျားပုံစံနှင့် ကိုယ်ကြိုက်သော Fit (ချောင်ချောင် / တင်းတင်း) ပေါ်မူတည်၍ စဉ်းစားရွေးချယ်ပါရန် အကြံပြုပါတယ်။
⸻
၃။ Classic Platform Clog
🔎 Cutting – ပုံမှန် (True to Size)
W5 (EUR 34–35) – 21.5–22 cm
W6 (EUR 36–37) – 22.5–23 cm
W7 (EUR 37–38) – 23.5–24 cm
W8 (EUR 38–39) – 24.5–25 cm
W9 (EUR 39–40) – 25.5–26 cm
📌 Platform ဖြစ်သော်လည်း Cutting ပုံမှန်ဖြစ်ပါတယ်
ချောင်ချောင်ချိချိ စီးချင်သူများကတော့ ပိုယူသင့်ပါတယ် စီးနေကျတိုင်းယူရင် လုံးဝကွက်တိမို့ပါ
⸻
📏 ခြေအရှည် တိုင်းနည်း
၁။ စက္ကူတစ်ရွက်ကို ကြမ်းပြင်ပေါ် ချထားပါ
၂။ ခြေထောက်ကို စက္ကူပေါ် တင်ပြီး နံရံနားကပ်ထားပါ
၃။ ခြေချောင်းအရှည်ဆုံးနေရာကို မှတ်သားပါ
၄။ နံရံမှ မှတ်ထားသောနေရာအထိ စင်တီမီတာဖြင့် တိုင်းပါ
📌 ညနေပိုင်းတွင် တိုင်းတာပါက ပိုမှန်ပါသည်
📌 ခြေနှစ်ဖက်လုံးတိုင်းပြီး အရှည်ပိုရှိသောဖက်ကို အခြေခံရွေးချယ်ပါ
“လင်းလောလောဆယ် ဒီမော်ဒယ်များကို ရောင်းချနေခြင်း မရှိသေးပါဘူးရှင်။
အခြားနေရာများမှ ဝယ်ယူမည်ဆိုပါကလည်း Size မမှားပဲ အဆင်ပြေစေရန် စေတနာဖြင့် မျှဝေပေးခြင်းသာဖြစ်ပါသည် 🤍”
Size ရွေးချယ်ရာတွင် မသေချာသေးသူများအနေဖြင့်
Comment တွင် စီးနေကျ Size (ဥပမာ –EUR 38 စသည်) ကို မန့်ထားပြီး ဝယ်ယူလိုသော Design ကို ဖော်ပြပေးနိုင်ပါသည်ရှင် 🤍
အကြံပြု Size ကို စေတနာဖြင့် ပြန်လည်ကူညီပေးပါမည်။
27/12/2022
Edit-1ယောက်ဘဲရပါတော့မယ်ရှင့်‼️
Exp:2023/05လပိုင်းမို့
Normal-19000ကို
Now-13000နဲ့ယူပါ
3ယောက်ဘဲရပါမယ်ရှင့်‼️
Peeling လုပ်တာကမျက်နှာ skincare လုပ်တာကိုပိုeffective ဖြစ်စေတယ်
ဆားဝက်ခြံလေးတွေပါးစေတယ်
အသားပိုကြည်စေပါတယ်
သုံးပြီးတိုင်း mask ကပ် (သို့) moisturizer လိမ်းကိုလိမ်းရမယ်နော် အချစ်ကလေးတို့ 😙
25/12/2022
🌲𝘔𝘦𝘳𝘳𝘺 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘰 𝘠𝘰𝘶 𝘈𝘭𝘭🌲
🎉𝘞𝘦 𝘞𝘪𝘴𝘩 𝘺𝘰𝘶 𝘢 𝘴𝘢𝘧𝘦 ,𝘨𝘭𝘪𝘵𝘵𝘦𝘳𝘺 , 𝘚𝘱𝘢𝘳𝘬𝘭𝘺
𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘢𝘯𝘥 𝘩𝘢𝘱𝘱𝘺 𝘩𝘰𝘭𝘪𝘥𝘢𝘺 𝘴𝘦𝘢𝘴𝘰𝘯🎉
#ချစ်တဲ့
13/12/2022
ဆားဝက်ခြံတွေ အဆီဖုတွေ အကုန်ပါလာပြီး 99%ထိသန့်စင်ပေးနိုင်တဲ့ ma:nyo Pure Cleansing Oil ✨
Normal Price ~ 33000 (200ml)
Now ~ 29000‼️(Dec လကုန်ထိ ဒီစျေးနဲ့ရပါမယ်ရှင်)
ဆားဝက်ခြံအရမ်းများသူတွေအတွက် အဓိကပါ
အခြေခံဖြစ်ပြီး အရေးပါလှတဲ့ Double Cleansing Step အတွက် ဒီOilလေးနဲ့သုံးပေးရင် ပိုပြီးသိသာစေမှာပါ
💛 Pure Cleansing Oil လေးက Nourishing & Refresh လုပ်ပေးတာကြောင့် မိတ်ကပ်/ဖုန် အညစ်အကြေးတွေတင်မက Blackhead တွေကိုပါ သန့်စင်စေပါတယ်.. ဒါ့အပြင် Nourish လုပ်ပေးတဲ့အတွက်ကြောင့် အသားရေခြောက်သွေ့သူများ၊ သာမာန်အသားရေများအတွက် အထူးသင့်လျော်ပါတယ်...
အသုံးပြုပုံ 👇👇👇
👉🏻Cleansing Oil ပမာဏအနည်းငယ်ကို လက်ပေါ်တင်ပြီးနောက်မျက်နှာပေါ်အနှံ့ကို (ရေမသုံးရ)နို့နှစ်ရောင်ပြောင်းသွားတဲ့အထိ ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ
👉🏻ရေနွေးနွေးလေးနဲ့ဆေးချပြီးနောက် Foam Cleanser နဲ့မျက်နှာသစ်ပေးပါ
👉🏻Makeup ဖျက်တဲ့အခါတိုင်း Daily Use အသုံးပြုနိုင်ပါတယ်
Review By Thar Phyoe
https://www.facebook.com/1123612134497327/posts/1723450421180159/
Review By Just May
https://www.facebook.com/100044080194106/posts/255550309257640/
13/12/2022
Instock
ဆားဝက်ခြံတွေ
ဝေးဝေးပြေးစေမယ့် baking powder scrubလေး❤️
🍓Strawberry Nose 👃 ဆားဝက်ခြံ (Blackhead) အတွက်ဆို Etude House Baking Powder Scrub ရှိပါတယ်။
အမှန်အတိုင်းပြောရရင် သားဖြိုး မျက်နှာက Whitehead ဖြစ်တဲ့ အဆီဖုသာထွက်တာ
ဆားဝက်ခြံ (Blackhead) ထွက်ရှားတယ်။
သားဖြိုးက ဝက်ခြံ နဲ့ အဆီဖု သမားဖြစ်တဲ့အတွက် AHA/BHA/PHA/LHA ပါတဲ့ Skincare တွေသုံးရတာကိုကြိုက်တဲ့သူမို့ အဲ့ဒီ Exfoliating Agent ပါတဲ့ Skincare တွေကိုပဲရွေးချယ်ပြီးသုံးလေ့ရှိတာကြောင့် ဆားဝက်ခြံက မျက်နှာမှာသိပ်မရှိဘူး။
နောက်တစ်ခုက သားဖြိုး ဆားဝက်ခြံ ထွက်တယ်ဆိုရင်လည်း ဆားဝက်ခြံကို ဆားဝက်ခြံကပ် ကပ်ခွာနဲ့ ဆွဲထုတ်တာကို မကြိုက်တဲ့သူဖြစ်တာမို့ သားဖြိုး AHA/BHA ပါတဲ့ Toner/Serum (Chemical Exfoliator) တွေကိုပဲသုံးဖြစ်တယ်။
ကပ်ခွါသုံးရင် ဆားဝက်ခြံ ထွက်သွားတဲ့နေရာက အပေါက်ကြီးတွေ ကျန်နေခဲ့တာကို မကြိုက်တာ။
တစ်ခုရှိတာက အဲ့ဒီ AHA/BHA Toner/Sreum တွေက စျေးနှုန်းအားဖြင့် ခုကာလမှ မြင့်နေတဲ့အတွက် သားဖြိုး Physical Exfoliator ဖက်ကို ပြန်လှည့်ရတယ်။
Etude House ရဲ့ Scrub က Baking Powder နဲ့ ထုတ်ထားတဲ့ Scrub ပါ။
စျေးကွက်မှာရော Blogger Review တွေရောနဲ့ နေရာတော်တော်ရထားတဲ့ Scrub လေးပါ။ သားဖြိုး Review ကခုမှရေးဖြစ်တယ်။ ခုတလော သူ့ကို ပြန်သုံးဖြစ်နေလို့လေ။
သားဖြိုး သူ့ကို မသုံးခင်က Bella က Baking Soda ကိုသုံးဖြစ်တယ်။ သူလည်း တော်တော်ကောင်းတယ်။
ခု Etude House က တစ်ခါသုံးအထုတ်လေးနဲ့ လာတဲ့အတွက် သွားလေရာသယ်သွားလို့ရသလို စျေးနှုန်းအားဖြင့်လည်း ထောင်ဂဏန်းပဲရှိတာ။
နောက်ပြီး ဆားဝက်ခြံ နဲ့ ချွေးကျယ်တာကို သိသိသာသာ သက်သာစေတယ်။
Strawberry Nose သမားတွေဆို အဆင်ပြေတယ်။
သားဖြိုး ကတော့ ဆားဝက်ခြံ အထွက်များတဲ့ နှာခေါင်း၊ ပါး နဲ့ မေး ဧရိယာတွေမှာ အသုံးများတယ်။
ဆားဝက်ခြံ အနေ နဲ့ တစ်ခါဆို တစ်ခါ သိသိသာသာ သက်သာတာကိုတွေ့ရတယ်။
သားဖြိုး ဘယ်လိုသုံးလဲဆိုရင် ရေစို နေတဲ့ မျက်နှာပေါ်မှာ Scrub ကို လိုသလောက်ယူပြီး ဆားဝက်ခြံရှိတဲ့နေရာတွေကို Scrub လိုက်လုပ်တယ်။
ပြီးရင် ရေတန်း မဆေးချပဲ ၃မိနစ်လောက် ခနထားတယ်။ ဒါမှ ချွေးပေါက်အတွင်းမှာရှိတဲ့ ဆားဝက်ခြံ အမြစ်က Baking Powder မှာ ပျော်ဝင်သွားမှာဆိုတော့လေ။
ပြီးမှ ရေနွေးနွေးလေးနဲ့ ပြန်ဆေးချတယ်။ ပြီးရင်တော့ သုံးနေကျ Skincare တွေ ထပ် On တယ်။
သားဖြိုးကတော့ ညဖက်ပဲ သုံးဖြစ်ပါတယ်။
တစ်ပတ်ကို ဘယ်နကြိမ် သုံးရမယ်ဆိုပြီးတော့ သက်မှတ်မထားပေမယ့် လိုအပ်ရင် လိုအပ်သလိုတော့ သုံးဖြစ်တယ်ဗျ။
တစ်ထုတ်ကို (၃)ကြိမ်လောက်တော့ သုံးလို့ရပါတယ်။
Online Shop တော်တော်များများမှာ ရတာမို့ ဆိုင်တွေကိုတော့ Mention မလုပ်တော့ပါဘူး။
⚠️ Baking Soda နဲ့ တည့်သည့် အသားအရေပိုင်ရှင်များသာ သုံးရန်။
သားဖြိုး Review လေးကို အစ-အဆုံး ဖတ်ပေးလို့ ကျေးဇူးပါဗျ ❤️❤️❤️
05/12/2022
Manyo Pore & Blackheads Series💛
Instock here! 🙆💕
💛ဆားဝက်ခြံ နဲ့ ချွေးပေါက်ကျယ်တာတွေသက်သာစေပြီး အသားအရေကြည်လင်ချောမွေ့စေတဲ့ Manyoရဲ့ Pore & Blackheads Series လေးသုံးပါနော်😍
💛ဒီseriesလေးက best seller ဖြစ်တဲ့အပြင် review လေးတွေလဲကောင်းပြီးသားနော်🤗
Manyo pure cleansing oil-200ml
(original price-42000ks)>>Now>>32000
Manyo pure aqua peeling gel-120ml
(original price-20000ks)>>Now>>17000
Expired date-2024
💯Authentic 💯
Korea Made From Official 🇰🇷🇰🇷🇰🇷
26/11/2022
Instock itemလေးတွေပါ
Dec 1ရက်နေ့အထိ All item Sales priceပါနော်!
လိုအပ်တာရှိရင် လာမေးပါရှင့်😘
PS.ပုံတွေများလို့ ဇူဇူဖြုတ်ချခံရတာ 😑
See comments ပါ ဘေဘေတို့💙
26/11/2022
24K Gold Serumလေး အရမ်းတန်လို့
အမြန်ယူပါ
စိုစိုလေး ပြောင်ပြောင်လေးဖစ်ပီး
Skinကိုအားဖြည့်ပေးပါတယ်!
Normal-40000နီးပါး ရှိနေပီကို
Dec 1ရက်နေ့ထိ 19500နဲ့ရပါမယ်❤️
More Suitable for-Normal skin,Dry skin‼️
Reviewလေး မန့်ထဲကြည့်ပေးနော်🥰
24/11/2022
နူးညံ့အိစက်သော Textureလေးနဲ့
Oh my lip tint
Sales priceရတုန်းလေး
ဝယ်ထားတာမို့ 5000နဲ့ယူပါ
Only 1pcs left‼️
Cleanser လေး Instock
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Tharlarwaddy 6th Street
Yangon
11231