EBN House

EBN House

Share

To provide one-stop service to those who want to operate Edible Bird’s Nest business.

28/08/2023

အရှေ့တောင်အာရှရှိ ဇီဝဇိုးငှက်သိုက်လုပ်ငန်း (၁၀)
ဇီဝဇိုးငှက်သိုက်၏ စီးပွားရေးတန်ဖိုး (၄)

2013 ဒီဇင်ဘာတွင် တရုတ်နိုင်ငံမှ မလေးရှားနိုင်ငံအား ငှက်သိုက် တင်ပို့ခွင့် ပိတ်ပင်ထားမှု ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်

သို့သော် ငှက်သိုက်သန့်စင်သည့်လုပ်ငန်းစက်ရုံများကို တရုတ်နိုင်ငံ အသိအမှတ်ပြုလက်မှတ် နှင့် စီမံခန့်ခွဲရေး (CNCA) ၏ ကြီးကြပ်မှုဖြင့် စစ်ဆေးခံရမည်ဖြစ်ပြီး မလေးရှားနိုင်ငံ တိရိစ္ဆာန်ကုသရေးဦးစီးဌာန (DVS) တွင် မှတ်ပုံတင်ထားသော ငှက်အိမ်များ ထံမှသာငှက်သိုက်များ ရယူရန်လိုအပ်သေးသည်။

ငှက်သိုက်တင်ပို့ခွင့် ပိတ်ပင်ထားမှုကို ရုတ်သိမ်းပြီးနောက် မလေးရှားကုမ္ပဏီ (၈) ခုသာ တရုတ်ပြည်မကြီးသို့ သန့်စင်ပြီး ငှက်သိုက်ကို တင်ပို့ခွင့်ပြုခဲ့ပြီး ၂၀၁၅ ဇန်နဝါရီလထိ အခြား ကုမ္ပဏီ ၁၅ ခုကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

မလေးရှား DVS၏ လမ်းညွှန်မှုဖြင့် Economic Transformation Programme ကို အကောင်အထည်ဖော်၍ နှစ်စဉ် ငှက်အိမ် ၂၀၀၀၊ စုဆောင်းရေးစင်တာ ၆ခုကို တည်ဆောက်ခြင်း နှင့် တက္ကသိုလ်များ နှင့် သုတေသနဌာနများပူးပေါင်း၍ ငှက်သိုက်ထုတ်လုပ်မှုကို တိုးမြင့်ရန် ကြိုးစားလျှက်ရှိပါတယ်။ (Economic Transformation Programme (ETP) Annual Report 2013).

_____________________________________________________
ဇီဝဇိုးငှက်ကို မြန်မာနိုင်ငံ အအေးပိုင်းဒေသများကလွဲရင် တစ်နိုင်ငံလုံးမှာ အိမ်ဆောက်မွေးမြူလို့ရပါတယ်။

နေရာဒေသပေါ်မူတည်ပြီး နည်းစနစ် ကွာဟမှုတွေ ရှိပါတယ်။
ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သပ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်

0943118899ကို ဆက်သွယ်နိုင်ပါတယ်။

#ငှက်သိုက် #ဇီဝဇိုး

25/08/2023

အရှေ့တောင်အာရှရှိ ဇီဝဇိုးငှက်သိုက်လုပ်ငန်း (၉)
ဇီဝဇိုးငှက်သိုက်၏ စီးပွားရေးတန်ဖိုး (၃)

ကုလသမ္မဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ လူတစ်ဦးတွင် တစ်နေ့တာ နိုက်ထရိုက်နှင့် နိုက်တရိတ် လက်ခံနိုင်သောစားသုံးမှု (ADI) ပမာဏသည် 30μg/g နှင့် 5μg/g ဖြစ်သည်။

ငှက်သိုက် တွင်ပါဝင်သော နိုက်ထရိုက် နှင့် နိုက်ထရိတ် ပါဝင်မှုကို Ion Chromatography စနစ်ဖြင့်စစ်ဆေးပြီးရလဒ်များအရ ငှက်သိုက်၏ နိုင်ထရိုက်ပါဝင်မှုသည် လူလုပ်အိမ်မှတွင် 5.7 μg/g ခန့်ရှိကြောင်းနှင့် ဂူများမှ ရရှိသော ငှက်သိုက်သည် 843.8 μg/g ခန့်ရှိသည်။

နိုက်ထရိတ် ပါဝင်မှုသည် လူလုပ်အိမ်များတွင် 98.2 μg/g နှင့် ဂူများမှရရှိသော ငှက်သိုက်သည် 36,999.4 μg/g အသီးသီးရှိကျသည်။

မလေးရှားနိုင်ငံ၏ ငှက်သိုက်တွင် နိုက်ထရိုက်နှင့် နိုက်ထရိတ် ပါဝင်မှုသည် FAO နှင့် WHO မှ အကြံပြုထားသော ADI ထက်ကျော်လွန်နေသော်လည်း လေ့လာမှုများအရ ငှက်သိုက်အကြမ်းကို ရေတွင် စိမ်ထားခြင်းဖြင့် နိုက်ထရိုက်နှင့် နိုက်ထရိတ် ၉၈ ရာခိုင်နှုန်းအထိကို ဖယ်ရှားနိုင်သည်ကိုတွေ့ရှိရသည်။ (Chan, 2013).

ထို့အပြင် Paydar et al. (2013) တွင် နိုက်ထရိုက်နှင့်နိုက်ထရိတ်တို့သည် ဘက်တီးရီးယားများမှ ကိုယ်တိုင် အချဉ်ဖောက်ခြင်းမှ ဖြစ်ပေါ်လာကြောင်း မည်သည့်အစားအစာ ပြုပြင်ရေးနည်းလမ်းနှင့်မျှ မသက်ဆိုင်ကြောင်း အကြံပြုထားခဲ့ပါတယ်။
________________________________________________________
ဇီဝဇိုးငှက်ကို မြန်မာနိုင်ငံ အအေးပိုင်းဒေသများကလွဲရင် တစ်နိုင်ငံလုံးမှာ အိမ်ဆောက်မွေးမြူလို့ရပါတယ်။

နေရာဒေသပေါ်မူတည်ပြီး နည်းစနစ် ကွာဟမှုတွေ ရှိပါတယ်။
ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သပ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်

0943118899ကို ဆက်သွယ်နိုင်ပါတယ်။

#ငှက်သိုက် #ဇီဝဇိုး

22/08/2023

အရှေ့တောင်အာရှရှိ ဇီဝဇိုးငှက်သိုက်လုပ်ငန်း (၈)
ဇီဝဇိုးငှက်သိုက်၏ စီးပွားရေးတန်ဖိုး (၂)

အဓိကအားဖြင့် ငှက်သိုက်ရောင်းလိုအားနည်းခြင်း နှင့် ဆေးဘက်ဆိုင်ရာ အကျိူုးကျေးဇူးများအတွက် ငှက်သိုက်ကို စားသုံးသော တရုတ်နှင့် ဟောင်ကောင် ရှိ လူ့အဖွဲ့အစည်းများ ကြွယ်ဝလာသောကြောင့် ငှက်သိုက်၏ ဈေးနှုန်းမှာ ၁၉၈၅ ခုနှစ် ဝန်းကျင် တွင် စတင်မြင့်တက်ခဲ့ပါတယ်။ (Lau & Melville, 1994)

၂၀၀၈ ခုနှစ် ရောက်သောအခါ အင်ဒိုနီးရှားမှ ငှက်သိုက်များသည် နိုက်ထရိုက် နှင့် နိုင်ထရိတ်ပါဝင်မှုမြင့်မားမှုကြောင့် တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ငှက်သိုက်မျိုးကိုလဲ တူညီသော အကြောင်းပြချက်ဖြင့် ပိတ်ပင်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှ ပိတ်ပင်ထားမှုကြောင့် မလေးရှား ငှက်သိုက်များအတွက် ဝယ်လိုအားမှာ ၂၀ မှ ၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဈေးနှုန်းမှာလည်း ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ဖူးသည်။ (Ramil & Azimi, 2012)

ထိုသို့သောပြသနာများကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်အာဏာပိုင်များသည် မှောင်ခိုဈေးကွက်များမှ ငှက်သိုက်ကို ဝယ်ယူခြင်းမပြုရန် သတင်းမီဒီယာများမှ တဆင့် မကြာခဏ ပညာပေးခြင်းများ လုပ်ဆောင်ခဲ့သည်။

ထို့အပြင် ငှက်သိုက်၏ အစိတ်အပိုင်းတစ်ခုစီ၏ Source, Origin နှင့် အလေးချိန် အပါအဝင် အရည်အသွေးအာမခံချက်အတွက် တရုတ်နိုင်ငံသို့ မတင်ပို့မီ ငှက်သိုက်ခူးယူချိန်မှ သိုသောင်မှုအထိ မှတ်တမ်းတင်ရန် Radio Frequency Identification Technology (RFID) ကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် မ‌လေးရှားအစိုးရကို တောင်းဆိုခဲ့သည် ။(Thorburn, 2015).
_______________________________________________________
ဇီဝဇိုးငှက်ကို မြန်မာနိုင်ငံ အအေးပိုင်းဒေသများကလွဲရင် တစ်နိုင်ငံလုံးမှာ အိမ်ဆောက်မွေးမြူလို့ရပါတယ်။

နေရာဒေသပေါ်မူတည်ပြီး နည်းစနစ် ကွာဟမှုတွေ ရှိပါတယ်။
ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သပ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်

0943118899ကို ဆက်သွယ်နိုင်ပါတယ်။

#ငှက်သိုက် #ဇီဝဇိုး

19/08/2023

အရှေ့တောင်အာရှရှိ ဇီဝဇိုးငှက်သိုက်လုပ်ငန်း (၇)
ဇီဝဇိုးငှက်သိုက်၏ စီးပွားရေးတန်ဖိုး (၁)

ငှက်သိုက်သည် ဈေးကွက်တန်ဖိုးမြင့်မားသောကြောင့် တန်ဖိုးအရှိဆုံး တိရစ္ဆာန်ထွက်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကျပါတယ်။

2011 Malaysia Economic Transformation Program (ETP) နှစ်ပတ်လည် အစီအရင်ခံစာတွင် ဇီဝဇိုးငှက် မွေးမြူရေးလုပ်ငန်းသည် Malaysia Gross National Income (GNI) အတွက် စုစုပေါင်းတန်ဖိုး RM (Malaysia Ringgit) 4.5 ဘီလီယံဖြင့် အဓိကပံပိုးမှု ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

မလေးရှားသည် လက်ရှိ ထိုင်းနှင့် အင်ဒိုနီးရှားပြီးလျှင် ကမ္ဘာ့ တတိယအကြီးဆုံး ငှက်သိုက် တင်သွင်းသူဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ငှက်သိုက်တင်ပို့မှု့၏ အင်ဒိုနီးရှားသည် ၈၄ ရာခိုင်နှုန်းခန့်ကို ထောက်ပံခဲ့ပြီး မလေးမှ ၉ရာခိုင်နှုန်းနှင့် ကျန်သည့် အခြား အရှေ့တောင်အာရှနိုင်ငံများမှ အဓိကအားဖြင့် ထိုင်နိုင်ငံက ထောက်ပံခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ဟောင်ကောင်သည် ကမ္ဘာလုံးဆိုင်ရာ ငှက်သိုက်ထုတ်လုပ်မှု၏ ၅၀ရာခိုင်နှုန်းကို သွင်းယူ စားသုံးခဲ့ပြီး၊ တရုတ် ၈ ရာခိုင်နှုန်း၊ ထိုင်ဝမ် ၄ ရာခိုင်နှုန်းနှင့် မကာအို ၃ရာခိုင်နှုန်းဖြစ်ခဲ့သည်။

မလေးရှား နိုင်ငံ၏ ငှက်သိုက် တင်ပို့မှု့သည် ၂၀၀၉ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း ၉၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

(Lau & Melville 1994) ၏ အဆိုအရ ၉၀ ခုနှစ်ဝန်းကျင်တွင် ငှက်သိုက်အဖြူ ၁ကီလိုလျှင် ဒေါ်လာ ၈၀၀၀ အထိမြင့်တက်ခဲ့ပါတယ်။
သို့သော် ၂၀၁၂ ခုနှစ်တွင် ငှက်သိုက်အတွင်းမှ မြင့်မားသော နိုက်ထရိတ် တွေ့ရှိမှုကြောင့် ဈေးနှုန်းသည်၁ ကီလိုကို ခန့်မှန်းချေ ၁၉၀၀ ခန့် သိသိသာသာ ကျဆင်းသွားပါတယ်။
____________________________________________________________

ဇီဝဇိုးငှက်ကို မြန်မာနိုင်ငံ အအေးပိုင်းဒေသများကလွဲရင် တစ်နိုင်ငံလုံးမှာ အိမ်ဆောက်မွေးမြူလို့ရပါတယ်။

နေရာဒေသပေါ်မူတည်ပြီး နည်းစနစ် ကွာဟမှုတွေ ရှိပါတယ်။
ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သပ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်

0943118899ကို ဆက်သွယ်နိုင်ပါတယ်။

#ငှက်သိုက် #ဇီဝဇိုး

16/08/2023

အရှေ့တောင်အာရှရှိ ဇီဝဇိုးငှက်သိုက်လုပ်ငန်း (၆)

နေထိုင်ရာ
လူလုပ်အဆောက်အဦး

ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းတွင် လုပ်ငန်းရှင်များသည် ဇီဝဇိုးငှက်မွေးရန်အတွက် သဘာဝလှိုင်ဂူများနှင့်ဆင်တူသော အိမ်များကို တည်ဆောက်ကျပါတယ်။

ဇီဝဇိုးငှက်အိမ်များကို မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ် နှင့် မြန်မာနိုင်ငံတွင် အနှံအပြားတွေ့နိုင်ပါတယ်။

ပုံမှန်အားဖြင့် ဇီဝဇိုးငှက်အိမ်များကို ကမ်းရိုးတန်းအနီး သို့မဟုတ် ငှက်အိမ်တည်ဆောက်ရန် သင့်တော်သော ကုန်းတွင်းပိုင်း များတွင် တည်ဆောက်ကျပါတယ်။

အလင်းပြင်အား၊ အပူချိန်၊ လေတိုက်နှုန်းနှင့် စိုထိုင်းဆများကို ထိန်းချုပ်၍ ဇီဝဇိုးငှက်များနှင့် သင့်လျှော်သော နေထိုင်မှုပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားပါတယ်။

နေရောင်ခြည်တိုက်ရိုက်ဝင်ရောက်မှုမှာ ရှောင်ရှားရန်၊ အလင်းပြင်းအား လျှော့ချရန် ငှက်အိမ်၏ ပင်မဝင်ပေါက် များကို အဆောက်အဦး၏ ထိပ်တွင်ထား၍ ဒီဇိုင်းထုတ်လေ့ရှိပါတယ်။

ပုံမှန်အားဖြင့် လေဝင်လေထွက်ပေါက်များကို အကန့်အသတ်ဖြင့် ဖောက်ထားပြီး အလုံပိတ်ထားသော အဆောက်အဦးအဖြစ် ဆောက်လုပ်ထားကျပါတယ်။

လေဝင်ပေါက်များခြင်းသည် အဆောက်အဦးအတွင်း ရေငွေ့ပျံခြင်းကို ဖြစ်စေပြီး စိုထိုင်းဆကို လျော့ကျစေပါတယ်။

စိုထိုင်းဆကို ထိန်းချုပ်ရန် Humidifiers စက်များဖြင့် လည်ကောင်း အပူချိန်ကို လေဝင်လေထွက် ပေါက်များဖြင့် လည်ကောင်း ထိန်းချုပ်ထားပါတယ်။

အပူချိန်နှင့်စိုထိုင်းဆ ကောင်းမွန်မှုသည် အရည်အသွေးကောင်းသော ငှက်သိုက်များကို ထွက်ရှိစေပါတယ်။

ပုံပျက်နေသော ငှက်သိုက်များသည် စီးပွားရေးဆုံးရှုံးမှုကို ဖြစ်စေရုံသာမက ယိုယွင်းနေသောငှက်သိုက်များက ဇီဝဇိုးငှက်ပေါက်ကလေးများ နှင့် ဉများကို ၏ အလေးချိန်ကိုမခံနိုင်ဘဲ အလွယ်တကူပြုတ်ကျ ပျက်စီးသွားနိုင်သည်။
_________________________________________________

ဇီဝဇိုးငှက်ကို မြန်မာနိုင်ငံ အအေးပိုင်းဒေသများကလွဲရင် တစ်နိုင်ငံလုံးမှာ အိမ်ဆောက်မွေးမြူလို့ရပါတယ်။

နေရာဒေသပေါ်မူတည်ပြီး နည်းစနစ် ကွာဟမှုတွေ ရှိပါတယ်။
ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သပ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်

0943118899ကို ဆက်သွယ်နိုင်ပါတယ်။

#ငှက်သိုက် #ဇီဝဇိုး

15/08/2023

အရှေ့တောင်အာရှရှိ ဇီဝဇိုးငှက်သိုက်လုပ်ငန်း (၅)

နေထိုင်ရာ
သဘာဝနေထိုင်ရာ

ဇီဝဇိုးငှက်များသည် ထုံးကျောက်ဂူများတွင် သဘာဝအတိုင်း ပေါက်ပွားကျပြီး နံရံနှင့် မျက်နှာကျက်များတွင် တွယ်ကပ်နေထိုင်ကျပါတယ်။

သုတေသီအများအပြားက ဇီဝဇိုးငှက်အသိုက်အဝန်းရှိ ငှက်များ၏ လွမ်းမိုးမှု၊ အသိုက်အောင်မြင်မှု နှင့် ပတ်ဝန်ကျင်ဆိုင်ရာအချက်အလက်များကြား ဆက်စပ်မှုကို လေ့လာခဲ့ကျပါတယ်။

ပတ်ဝန်းကျင် အမျိုးမျိုး တွင် ဉဉသည့်နေ့မှစပြီး နေ့စဉ်လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အသိုက်အောင်မြင်မှုကို စူးစမ်းလေ့လာခဲ့ပါတယ်။

fuciphagus နှင့် maximus မျိုးစိပ်၂ခုလုံးသည် အသိုက်များကို ဂူနံရံ၏ မတူညီသော နေရာများတွင် တည်ဆောက်ထားပြီး အသိုက်များကို သီးသန့်နေရာရရှိရန် အန္တရာယ်များကိုရှောင်ရှားရန် ထူးခြားသော လက္ခဏာများဖြင့် ငှက်အိမ်တည်ဆောက်နေရာများကို အ‌သေအချာ ရွေးချယ်ကျပါတယ်။

fuciphagus ကို ၁၂၈၀ မီတာ မြင့်သော ဂူများ ကျောက်နံရံများတွင် ဖြန့်ကျက်နေထိုင်လေ့ရှိပြီး maximus သည် ပုံမှန်အားဖြင့် ၁၈၃၀ မီတာအမြင့်တွင် ဖြန့်ကျက်နေထိုင်ကျပါသည်။

maximus ၏ ခန္ဓာကိုယ်သည် ကြီးမားပြီး ပိုကြီးသော အတောင်များကြောင့် အမြင့်တွင် ပျံ့သန်းနိုင်သည်သည် ဟု သုတေသီများက ခန့်မှန်းထားပါတယ်။

မျိုးပွားမှုအောာင်မြင်မှုကို လွမ်းမိုးနိုင်သည့် အသိုက်၏ ရွေးချယ်မှုစံနှုန်းများထဲတွင်
(၁) အသိုက်ရောရှိ ကျောက်မျက်နှာပြင်၏အသွင်အပြင်
(၂) ငှက်သိုက်ပြုလုပ်ရန် အထောက်အပံ ရှိနေခြင်း
(၃) ငှက်သိုက်ပြုလုပ်မည့်နေရာရှိ နံရံ၏ပုံစံ
(၄) ပျဉ်းမျှအပူချိန် နှင့် စိုထိုင်းဆ ရာခိုင်နှုန်း
တို့အပေါ် များစွာမှုတည်ပါတယ်။

များသောအားဖြင့် မြင့်မားသော၊ ယိုင်သော၊ ချောမွတ်သော၊ အတွင်းခွက် မျက်နှာပြင်မျိုး ကို နိမ့်သော၊ ကြမ်းတမ်းသော ဂူနေရာများထက် ပိုမိုနှစ်သက်သည်။

ချောမွေ့ပြီး အတွင်းခွက် မျက်နှာပြင်မျိုးသည် အောင်မြင်သော ငှက်သိုက်ရရှိရန် အထောက်အပံပေးသည်။

ပိုမိုမြင့်မားပြီး အတွင်းပိုင်းကျုံ့သောသော မျက်နှာပြင်မျိုးသည် ငှက်သိုက်နှင့် ငှက်ဉများ အား သားရဲမျာအား တားဆီနိုင်သည်

ငှက်သိုက်အောင်မြင်ရန် အကောင်းဆုံး အပူချိန်မှာ ၂၆ ဒီဂရီ နှင့် ၃၅ ဒီဂရီကြားတွင် ရှိကြောင်းဖော်ပြထားသည်။ မြင့်မားသောအပူချိန်သည် ငှက်ဉကလေးများကို ပျက်စီးစေနိုင်ပြီး နိမ့်လွန်းသောအပူချိန်သည် ငှက်ကလေးများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကြား ရှိသည့် စိုထိုင်းဆ မှာ အသိုက်ဆောက်လုပ်ရန် အကောင်းဆုံး ပတ်ဝန်းကျင်ဖြစ်သည်။ စိုထိုင်းဆ များလွန်းသော လှိုင်ဂူသည် မှိုများတက်လာပြီး ငှက်သိုက်ပြုလုပ်ခြင်းကို တားဆီးပြီး စိုထိုင်းဆနည်းလွန်းသော လှိုင်ဂူမျက်နှာပြင်တွင် ငှက်သိုက်မှာ ကပ်ငြိနေနိုင်မည်မဟုတ်သည့်အပြင် အက်ကွဲကာ မြေပြင်ပေါ်သို့ ပြုတ်ကျနိုင်သည်။

-----------------------------------------------------------------------
ဇီဝဇိုးငှက်ကို မြန်မာနိုင်ငံ အအေးပိုင်းဒေသများကလွဲရင် တစ်နိုင်ငံလုံးမှာ အိမ်ဆောက်မွေးမြူလို့ရပါတယ်။

နေရာဒေသပေါ်မူတည်ပြီး နည်းစနစ် ကွာဟမှုတွေ ရှိပါတယ်။
ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သပ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်

0943118899ကို ဆက်သွယ်နိုင်ပါတယ်။

#ငှက်သိုက် #ဇီဝဇိုး ု

13/08/2023

အရှေ့တောင်အာရှရှိ ဇီဝဇိုးငှက်သိုက်လုပ်ငန်း (၄)

ဇီဝဇိုးငှက်ကလေးများကြီးထွားလာပုံ။

Reichel, Collins, Stison, and Camacho (2007) အားအခြေခံ၍ ဇီဝဇိုးငှက်များကိုလေ့လာကြည့်သောအခါ။

Saipan ပတ်ဝန်းကျင်ရှိ တွင်ပေါက်ဖွားလာသည့် ငှက်ကလေးများသည် ပန်းရောင်အသားအရေရှိသည်။

၄ - ၆ ရက်တွင် စတင်၍ ခန္ဓာကိုယ်နှင့် အတောင်ပံများ၏ အရေပြားမှငှက်အမွေး များထွက်ရန် အစက်များပေါ်လာသည်။

၉ ရက်မြောက်နေ့တွင် ငှက်တောင်များတစ်ကိုယ်လုံးအနှံတွင်ထွက်လာပြီး ၁၃ ရက်မြောက်တွင် ငှက်မွေးကလေးများသည် အရေပြားမှ စတင် ပေါက်ထွက်လာသည်။

၁၇-၁၉ တွင် အမွေးများစတင်ပေါက်လာသည်။

၂၀ ရက်မြောက်တွင် မျက်လုံးစပွင့်လာသည်။

၃၇ ရက်မြောက်တွင် အမွေးအမျှင် များသည် ၅၀ရာခိုင်နှုန်းခန့် ရရှိပြီဖြစ်သည်။

၄၅ရက်အကျော်တွင် အမွေးအတောင်များစုံလင်လာပြီး အနီးအနားဝန်းကျင်များကိုပျံသန်းနိုင်ပါပြီ

ဇီဝဇိုးငှက်များ၏ မျိုးစိပ် နှင့်နေရာဒေသကိုမူတည်၍ မွေးဖွားပြီး မှ ပျံသန်းနိုင်သည့်အချိန်ထိ ပျဉ်းမျှအားဖြင့် ၃၉ ရက် မှ ၅၃ ရက်အတွင်းရှိသည်။

အသစ်ပေါက်ဖွားလာသော ငှက်ကလေးများ၏ အတောင်ပံသည် ၆ မီလီမီတာ ရှိပြီး အမွေးများပေါက်ထွက်လာသည်အထိ ၁၂ ရက်ကြာ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

အတောင်ပံအမွေးများသည် မျဉ်းဖြောင့်အတိုင်း ၁၃ရက်မှ ၄၅ ရက်အထိ ကြီးထွားသည်။

အတောင်ပံ ကြီးထွားသကဲ့သို့ အမှီးသည်လည်း ထိုအတိုင်း ၁၅ ရက်မှ ၄၅ ရက်ထိ ကြီးထွားသည်။

မွေးဖွားပြီး ပထမနေ့တွင် ၁ ဂရမ် ဝန်းကျင် သာရှိသော်လည်း ဖြေးညှင်းစွာကြီးထွားလာသည့် ငှက်ကလေးများသည် ၂၉ ရက်နေ့ မြောက်တွင် အလေးချိန် ၈ ဂရမ်ဝန်းကျင် ရောက်ရှိလာပါသည်။

မျိုးစိပ် နှင့် နေရာဒေသပေါ်ကွဲပြားမှုများရှိပါသည်။

______________________________________________
ဇီဝဇိုးငှက်ကို မြန်မာနိုင်ငံ အအေးပိုင်းဒေသများကလွဲရင် တစ်နိုင်ငံလုံးမှာ အိမ်ဆောက်မွေးမြူလို့ရပါတယ်။

နေရာဒေသပေါ်မူတည်ပြီး နည်းစနစ် ကွာဟမှုတွေ ရှိပါတယ်။
ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သပ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်

0943118899ကို ဆက်သွယ်နိုင်ပါတယ်။

#ငှက်သိုက် #ဇီဝဇိုး

11/08/2023

အရှေ့တောင်အာရှရှိ ဇီဝဇိုးငှက်သိုက်လုပ်ငန်း (၃)

ဇီဝဇိုးငှက်များ၏ သံသရာစက်ဝန်း

သုတေသနပညာရှင်များစွာက ဇီဝဇိုးငှက်များရဲ့ အမူအကျင့်တွေကို ရာစုနှစ်တစ်ခုအတွင်း နေရာဒေသအမျိုးမျိုးတွင် အသေးစိပ် လေ့လာခဲ့ကျပါတယ်။

ဇီဝဇိုးငှက်များသည် ကြင်ဖော်တစ်ဦးဖြင့်သာ ငှက်သိုက်ဆောက်ခြင်း မျိုးပွားခြင်းတို့ကို တစ်ဘဝလုံးနေထိုင်ကျပါတယ်။ (တစ်ဦးပေါ်တစ်ဦး အလွန်သစ္စာရှိကျပါတယ်).

အသက် တစ်နှစ် အရွယ်မှ စတင်ပြီး တွင် မျိုးပွားခြင်းတွေကို လုပ်ဆောင်လာကျပါတယ်။

မည်သို့ပင်ဆိုစေကာမူ မျိုးပွားရာသီ တွင် အသိုက်တည်ဆောက်ခြင်း၊ ဉချခြင်း၊ ဉမှငှက်ငယ်များပေါက်ခြင်း၊ ထိုငှက်ပေါက်ကလေးတွေကို ပြုစုပျိုးထောင်ပေးခြင်း တို့မှာ ဒေသနှင့် မျိုးစိပ်များ အပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

ထိုပြောင်းလဲမှုတွေဟာ ရာသီဉတုသက်ရောက်မှုဖြစ်တဲ့ မိုးရွာသွန်းမှုပမာဏ၊ လေထုစိုထိုင်းဆ နှင့် အစားအသောက်ရရှိမှု တွေပေါ် မူတည်နိုင်ပါတယ်။

ယေဘုယအားဖြင့် ငှက်ကလေးတွေရဲ့ မွေးဖွားမှု ကြာချိန်ဟာ ၉၂ ရက် မှ ရက်ပေါင်း ၁၂၀ အတွင်းရှိပြီး တစ်ကြိမ်ကို ၂လုံးထိ ဉပါတယ်။

Maximus မျိုးစိတ်ကတော့ တစ်ကြိမ်ကို ၁လုံးသာဉပြီး ၁၆ မှ ၂၅ မီလီမီတာ ရှိပါတယ်။ Fuciphagus ကတော့ ပုံမှန် ၂လုံးဉပြီး အရွယ်အစားက ၁၀ မှ ၁၅ မီလီမီတာ ရှိပါတယ်။

Fuciphagus မျိုးစိပ်အတွက် ပေါက်ဖွားရန် ကြာချိန်က က ၂၃ရက် ဝန်းကျင်ရှိပြီး Maximus ကတော့ ၄၃ ရက်ဝန်းကျင်ရှိပါတယ်။

ဇီဝဇိုးငှက်တွေက တစ်နှစ်ပတ်လုံး ပေါက်ပွားနိုင်သော်လည်း အောက်တိုဘာမှဖေဖဝါရီကြား က ပေါက်ပွာမှု အများဆုံး အချိန်ဖြစ်ပါတယ်။

မျိုးပွားရာသီမှာ ငှက်သိုက်တစ်ခုဆောက်လုပ်ပြီးစီးဖို့ ကို ရက်ပေါင်း ၃၀-၄၅ရက်ခန့ အချိန်ယူပြီး မျိုးပွားခြင်းမရှိတဲ့ရာသီမှာတော့ ရက်ပေါင်း ၆၀-၈၀ ခန့် အချိန်ယူရပါတယ်။

ငှက်သိုက်ကို အချို့က ဇီဝဇိုးငှက် အထီးများကသာ သူတို့ရဲ့ အချစ်ကို ပြဖို့ တံတွေးဖြင့် တည်ဆောက်ကျတယ်ဆိုပြီး အချို့ကတော့ အထီးရောအမရောအတူတူ တည်ဆောက်ကျတယ်ဆိုပြန်ပါတယ်။
___________________________________________________________
ဇီဝဇိုးငှက်ကို မြန်မာနိုင်ငံ အအေးပိုင်းဒေသများကလွဲရင် တစ်နိုင်ငံလုံးမှာ အိမ်ဆောက်မွေးမြူလို့ရပါတယ်။

နေရာဒေသပေါ်မူတည်ပြီး နည်းစနစ် ကွာဟမှုတွေ ရှိပါတယ်။
ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သပ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်

0943118899ကို ဆက်သွယ်နိုင်ပါတယ်။

#ငှက်သိုက် #ဇီဝဇိုး

10/08/2023

ငှက်သိုက်လုပ်ငန်းနှင့်ပတ်သက်ပြီးတွေ့ရှိသည့် နိုင်ငံခြားမှစာတမ်းများကို အလျဉ်းသင့်သလို ဘာသာပြန်ပြီး တင်ပေးတာပါ။ အသုံးအနှုံး အမှားများ ပါရင်နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အရှေ့တောင်အာရှရှိ ဇီဝဇိုးငှက်သိုက်လုပ်ငန်း (၂)

ဇီဝဇိုးငှက်များတွင် မျိုးစိတ် အဓိကအားဖြင့် မျိုးစိပ် ၃ မျိုးရှိပါတယ်
၁။ Aerodramus
၂။ Collocalia
၃။ Hydrochous

ပုံမှန်အားဖြင့် ဇီဝဇိုးငှက်တွေက Echolocationခေါ် အသံလှိုင်းများကို အသုံးပြုပြီး အမှောင်ထဲသွားလာနိုင်တာကြောင့် မှောင်မိုက်နေတဲ့လှိုင်ဂူများ ဒါမှမဟုတ် လှိုင်ဂူလိုမျိုးဖြစ်နေတဲ့နေရာတွေမှာ အဖွဲလိုက် နေထိုင်ကျပါတယ်။

အချို့ ဇီဝဇိုးမျိုးစိပ်ကသာ တံတွေးဂလင်းဖြင့် ဇီဝဇိုးငှက်သိုက်ဆောက်လုပ်စွမ်းရှိတာပါ။

(Aerodramus fuciphagus) ကဈေးနှုန်းအထူးမြင့်မားသည့် ငှက်သိုက်အဖြူကို ဆောက်လုပ်ပြီး (Aerodramus maximus) က ငှက်သိုက်အနက်ကို ဆောက်လုပ်ပါတယ်။

ငှက်သိုက်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများကို အရှေ့တောင်အာရှရှိနိုင်ငံအတော်များတွင် အမြတ်အစွန်းများသည့် လုပ်ငန်းအဖြစ်သတ်မှတ်ပြီး လုပ်ကိုင်ကျပါတယ်။

အင်ဒိုနီးရှား၊ ထိုင်း နှင့် မလေးရှာနိုင်ငံတို့သည် ကမ္ဘာပေါ် မှာ ငှက်သိုက်တင်ပို့ရောင်းချမှုအများဆုံးနိုင်ငံတွေဘဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံသည် ငှက်သိုက်နှင့်ပတ်သက်၍ သဘာဝလှိုင်ဂူများမှ လူလုပ်ငှက်အိမ်များတည်ဆောက်မွေးမြူသည်အထိ ရှည်လျှားသည့် သမိုင်းကြောင်းရှိပါတယ်။

ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းများ ဆက်လက်တိုးတက်လာသည် နှင့်အမျှ ဈေးကွက်လိုအပ်ချက်ကို အပြည့်အဝထောက်ပံနိုင်ရန် ငှက်သိုက်လုပ်ငန်းလုပ်ကိုင်သူများက လှိုင်ဂူ၏ သဘာဝနှင့်တူညီသည့် ငှက်အိမ်များတည်ဆောက်ခဲ့ကျပါတယ်။

မလေးရှာနိုင်ငံရှိ ငှက်သိုက်လုပ်ငန်းလုပ်ကိုင်သူတွေဟာ ၁၀စုနှစ်များအတွင်းမှာတင် သိသိသာသာ ကြီးထွားတိုးတက်လာခဲ့ပါတော့တယ်။

၁၉၉၈ ခုနှစ်တွင် မလေးရှာနိုင်ငံတွင် ငှက်မွေးမြူအိမ် ၉၀၀ ခန့်သာရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် အိမ်ပေါင်း ၆၀,၀၀၀ အထိ ရှိလာခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ငှက်သိုက်ဈေးနှုန်းသည် ယေဘုယအားဖြင့် မတည်ငြိမ်ပါဘူး။ ကုန်ကြမ်းအရည်အသွေး၊ ပုံစံ ( ခွက်သန့်၊ အကျိုး၊ အမှုန်)၊ အမျိုးအစား (အဖြူ၊အမဲ)၊ မူရင်းနေရာ (ငှက်အိမ်၊ လှိုင်ဂူ)၊ အရောင် (အဖြူ၊ အဝါ၊ အနီ) တို့အပေါ်မူတည်ပါတယ်။

အေဂျင်စီ အမျိုးမျိုးမှ ကြိုပမ်းအားထုတ်မှုများစွာ ပြုလုပ်နေသော်လည်း ငှက်သိုက်လုပ်ငန်း လုပ်ကိုင်သူများအတွက် လုပ်ငန်းဖွံဖြိုးတိုးတက်မှုကို ဟန့်တားနိုင်သည့် အဓိကအားနည်းချက်များစွာကို ရင်ဆိုင်နေရတုန်းပါ။

ထိုအားနည်းချက်တွေကြောင့် ကုန်ကြမ်း နှင့် ကုန်ချော ဈေးနှုန်းများကို မတည်ငြိမ်ခြင်းဖြစ်ပေါ်စေပါတယ်။
စိန်ခေါ်မှုများတွင် မသမာသူများက ငှက်သိုက်အတုထုတ်လုပ်ခြင်း၊ ဇီဝဇိုးငှက် အရေအတွက် လျှော့နည်းလာခြင်း၊ ကုန်ကြမ်းမှကုန်ချောထုတ်လုပ်ရာတွင် အရည်အသွေးစံနှုန်းများ ညံဖျင်း ခြင်းတို့လဲ ပါဝင်ပါတယ်။

ငှက်သိုက်၏ အရည်အသွေး နှင့် အထောက်အထားစီစစ်ခြင်း နည်းလမ်းများ နှင့် ပစ္စည်းရရှိနိုင်မှု ကို နှစ်စဉ် ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း ကြောင့်သိသိသာသာ ပြောင်းလဲခဲ့သည်။

ယခင်က ငှက်သိုက်ထုတ်လုပ်သူများသည် ငှက်သိုက်ကို အရည်အသွေးသတ်မှတ်ပြီး အရောင်နှင့် အသွင်အပြင်ကို အခြေခံ၍ လေ့လာကာ မသမာမှုတွေကို ရှာဖွေတွေ့ရှိလေ့ရှိသည်။

ထိုနည်းစနစ်သည် လူတစ်ဦးချင်းစီရဲ့ အတွေ့အကြုံအပေါ် အခြေခံပြီးလုပ်ဆောင်ကျတာဖြစ်ပါတယ်။

သုတေသီများကလည်း ငှက်သိုက်၏ဖွဲ့စည်းပုံကို microscope ဓာတ်ခွဲခြင်း၊ မျိုးရိုးဗီဇအား စစ်ဆေးခြင်းစသဖြင့် ငှက်သိုက် အတုအစစ်ကို ခွဲခြားနိုင်ရန် နည်းလမ်းပေါင်းစုံအသုံးပြုခဲ့ကျတယ်။

သို့သော် နည်းလမ်းတစ်ခုစီတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အားသာချက် အားနည်းချက်ရှိကြတာကြောင့် နည်းလမ်း တစ်ခုထဲဖြင့် ငှက်သိုက်၏ အရည်အသွေးကိုမသတ်မှတ်ိနုင်ပါဘူး။

အစဉ်အဆက်မပြတ် ရေရှည်တည်တံမည့် ငှက်သိုက်လုပ်ငန်းများ ထူထောင်ဩင်လုပ်ကိုင်နိုင်ရန်၊ အစိုးရနှင့် ငှက်သိုက် လုပ်ငန်းရှင်များ နှစ်ဘက်လုံးမှ ကျွမ်းကျင်ပညာရှင်များပူးပေါင်းဆောင်ရွက်ရမည့်အပြင် ပြည်တွင်းနှင့်ပြည်ပဈေးကွက်များ၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့် ငှက်သိုက်ထုတ်ကုန်များထုတ်လုပ်ရန် ပြီးပြည့်စုံသော ကွင်းဆက်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။
______________________________________________________

သဘောကျရင် like and share လုပ်ပေးခြင်းဖြင့် ကူညီပေးကျပါ‌။

ဇီဝဇိုးငှက်ကို မြန်မာနိုင်ငံ အအေးပိုင်းဒေသများကလွဲရင် တစ်နိုင်ငံလုံးမှာ အိမ်ဆောက်မွေးမြူလို့ရပါတယ်။

နေရာဒေသပေါ်မူတည်ပြီး နည်းစနစ် ကွာဟမှုတွေ ရှိပါတယ်။
ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သပ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်

0943118899ကို ဆက်သွယ်နိုင်ပါတယ်။

#ငှက်သိုက် #ဇီဝဇိုး

09/08/2023

ဇီဝဇိုးငှက်က်ု ရန်ကုန်မှာ မွေးလို့ရလား မေးကျလွန်းလို့
မြို့လယ်ခေါင် လှည်းတန်းစင်တာရှေ့ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းပေါ်တွင်
ဇီဝဇိုး ငှက်ကလေးများ အစာရှာထွက်နေတာကို မှတ်တမ်းရိုက်ယူလာပြီး တင်ပေးလိုက်ပါတယ်။

ဇီဝဇိုးငှက်ကို မြန်မာနိုင်ငံ အအေးပိုင်းဒေသများကလွဲရင် တစ်နိုင်ငံလုံးမှာ အိမ်ဆောက်မွေးမြူလို့ရပါတယ်။

နေရာဒေသပေါ်မူတည်ပြီး နည်းစနစ် ကွာဟမှုတွေ ရှိပါတယ်။
ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သပ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်

0943118899ကို ဆက်သွယ်နိုင်ပါတယ်။

#ငှက်သိုက် #ဇီဝဇိုး

24/07/2023

အရှေ့တောင်အာရှရှိ ဇီဝဇိုးငှက်သိုက်လုပ်ငန်း (၁)

ဇီဝဇိုးငှက်ဆိုတာ အရှေ့တောင်အာရှနိုင်ငံများတွင် ကျင်လည်ကျက်စားသည့် သေးငယ်သည့် ငှက်တစ်မျိုး ဖြစ်ပါတယ်။

ဇီဝဇိုးငှက် မျိုးစိပ် အများကြီးရှိသည့် အထဲမှ အနည်းငယ်ကသာ မျိုးပွားရာသီချိန်ရောက်က်လျှင် သူတို့ရဲ့ အာခံတွင်းမှထွက်သည့် တံတွေးများဖြင့် ငှက်သိုက် များကို တည်ဆောက်ကျပါတယ်။

ဇီဝဇိုးငှက်မျိုးစိပ်များနှင့် ပုံသဏ္ဍာန်သွင်ပြင် ဆင်တူသော ငှက်များစိတ်များစွာ ရှိတာကြောင့် ငှက်သိုက်လုပ်ငန်း နှင့် ရင်းနှီးသူလောက်သာ ဇီဝဇိုးငှက်ကို သိနိုင်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများမှ သုတေသီများသည် ဆယ်စုနှစ်များစွာ ဇီဝဇိုးငှက်များ၏ အပြုအမူ နှင့် မျိုးစိပ်၊ စရိုက်လက္ခဏာများအပေါ် လေ့လာခဲ့ကျသော်လည်း ဇီဝဇိုးငှက်များ၏ သဘာဝတွင် အငြင်းပွားဖွယ်ရာများ ရှိနေတုန်းပါ။

ဇီဝဇိုးငှက်သိုက်သည် တန်ဖိုးမြင့်မားသည့် တိရိစ္ဆာန်ထွက်ကုန်တစ်ခုဖြစ်တာကြောင့် “Caviar of the East” ဟု တင်စားကျသည်။

ဈေးကွက်ပေါက်ဈေးမှာ ကုန်ပစ္စည်း၏ အရည်အသွေး၊ အရွယ်အစား ပုံစံ၊ အမျိုးအစား နှင့် ထွက်ရှိသောဒေသ ပေါ်မူတည၍ ၁ ကီလိုကို ဒေါ်လာ ၁၀၀၀ မှ ၁၀,၀၀၀ အထိပင် ရှိသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် ဇီဝဇိုးငှက်သိုက် ထုတ်လုပ်‌ရောင်းချခြင်း လုပ်ငန်းသည် အကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခုအဖြစ် တည်ရှိသည်။

သို့သော် ဇီဝဇိုးငှက်သိုက်၏ စစ်မှန်မှုအပေါ်၊ အရည်အသွေးအာမခံချက် နှင့် ဇီဝဇိုးငှက်များ၏ အရေအတွက် လျှော့နည်းလာခြင်း စတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲပင်။

ဇီဝဇိုးငှက်သိုက် များ၏ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ သိပ္ပံနည်းကျ အထောက်အထားများ ရှိပါသည်။

ဇီဝဇိုးငှက်များ၏ သဘာဝ၊ ပုံပန်းသွင်ပြင် နှင့် ဇီဝဇိုးငှက်သိုက်လုပ်ငန်း မှလက်ရှိကြုံတွေ့နေရသော စိတ်ခေါ်မှုများနှင့် EBN ၏ ဖွဲ့စည်းမှုဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများကို သုံးသပ်ထားသည်များကို စိတ်ပါဝင်စားသူများပြားလျှင် ထပ်မံမျှဝေသွားပါမည်။

ငှက်အိမ်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မေးမြန်တိုင်ပင်လိုပါက 0943118899 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။




#ငှက်သိုက်
#ဇီဝဇိုး

11/06/2023

ဇီဝဇိုးငှက်တွေကို အလုံပိတ်လှောင်မထားသော်လည်း ဘာလို့ထွက်မပြေးတာလဲ?

ငှက်သိုက်လုပ်ငန်းလုပ်ကိုင်နေသူများနဲ့ ဒီလုပ်ငန်းနဲ့ရင်းနှီးသူများ ကတော့ သိပြီးသားပေမဲ့ မသိသေးတဲ့သူများအတွက် ရည်ရွယ်ပြီး ဒီစာလေးကိုရေးခြင်းဖြစ်ပါတယ်။

ဇီဝဇိုးငှက်ကလေးတွေဟာ အရွယ်အစား လွန်သေးငယ်တာကြောင့် သူတို့အတွက် သဘာဝဘေးအန္တရာယ်အပြင် သူတို့ထက်ကြီးမားသည့် ငှက်များနှင့်အခြားတိရိစ္ဆာန်များ ၏ ဖမ်းဆီးစားသောက်ချင်းကို အမြဲခံရလေ့ရှိသည်။

နေ့ဘက်အစာရှာထွက်ချိန်တွင် သိမ်းငှက်၊ လင်းယုန်၊ စွန်ရဲ များက ကောင်းကင်တွင် ဝဲပြီး အစာရှာထွက်နေသည့် ဇီဝဇိုးငှက်များကို သုတ်ချီစားသောက်တာခံရပါသည်။

တစ်နေကုန် အန္တရာယ်များကြားတွင် အစာရှာထွက်ခဲ့ပြီး ညဘက်ရောက်လို့က်လို့ အိပ်တန်းတက်နေချိန်တွင်ချိန်တွင် မငြိမ်းချမ်းရ ဇီးကွက်၊ ကြွက်၊ မြွေ၊ များက လာရောက် ဖမ်းဆီးစားသောက်ခံရပါသေးသည်။

မွေးကင်းစ အသိုက်ထဲတွင်နေသည့် ဇီဝဇိုးငှက်ပေါက်ကလေးများကို သည်လည်း မိဘများ အစာရှာထွက်ချိန်တွင် အင်းဆက်ငယ်များ လာရောက်ကိုက်ဖြတ်စားသောက်ခံရတတ်ပြီး နုနယ်စဉ်မှာပင် နာကျင်စွာသေဆုံးကျရပါတယ်။

ဒါ့အပြင် ဇီဝဇိုးငှက်းများပြုလုပ်ထားသည့် ငှက်သိုက်များကိုလဲ အင်းဆက်ငယ်များကလည်း ကြိုက်သည့်အတွက် လာရောက်စားသောက်ကာ အသိုက်ကိုဖျက်ဆီးပါသေးတယ်။

ဒါ့ကြောင့်ဇီဝဇိုးငှက်ကလေးများသည် ပုံမှန်အားဖြင့် သူတို့ကို အန္တရာယ်ပေးသည့် ငှက် တိရိစ္ဆာန် ပိုးမွားများ မရှိသည့် နေရာကို အမြဲရှာဖွေနေပြီး ထိုနေရာများတွင် အသိုက်ပြုလုပ်ကာ အဖွဲ့လိုက် နေထိုင်တတ်သည့် အလေ့အကျင့်ရှိပါတယ်။

ငှက်အိမ်တစ်လုံးဘယ်လောက်ကြီးပါစေ လုံခြံမှုမရှိတဲ့ အိမ်ဖြစ်နေရင်တော့ ငှက်ကလေးတွေက ဘယ်တော့မှ လာဝင်နေမှာမဟုတ်ပါဘူး။

ဆန့်ကျင်ဘက်အနေနဲ့ သူတို့အတွက် အဆင်ပြေပြီး လုံခြုံအေးချမ်းတဲ့ အိမ်တစ်လုံးဖြစ်နေဆိုရင် သူတို့ကို မောင်းမထုတ်မချင်း အုတ်လိုက်ကျင်းလိုက် လာနေကျပါလိမ့်မယ်။

ဇီဝဇိုးငှက်အိမ်ဆောက်လုပ်ရန်နှင့် အထွက်နှုန်းမြင့်မားစေရန် တိုင်ပင်ဆွေးနွေးလိုပါက
EBN House က အသင့်ရှိပါတယ်။

#ငှက်သိုက် #ဇီဝဇိုး

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon