Mo Ko'Z
အလှအပအကြောင်းလေးတွေsharing ကြမယ် အလှအပအကြောင်းလေးတွေsharingလုပ်ကြမယ်
25/12/2022
🎄🎄Merry Christmas🎄🎄
25/12/2022
အားလုံးပဲမင်္ဂလာပါ သဲပြန်လာပါပြီး🥰
မင်မင်ဒီရက်တွေမှာနေမကောင်းတာနဲ့ မအားတာတွေနဲ့ page လေးကိုမလှည့်မိတဲ့အတွက်တောင်းပန်ပါတယ် 🙏🏻သဲအားလုံးအတွက် merry Christmas ပါလို့ဆုတောင်းပေးပါတယ်နော်
အစီအစဉ်အသစ်လေးတွေလဲလာဖို့ရှိတယ်နော်😍
28/08/2021
Honestly review /No sponsor
အရင်ကသဲရဲ့အသားအရေက super oily skin အပြင်အရမ်းsensitive ဖြစ်လွယ်တယ် အဆီဖုအပြင် အနီဖုလေးတွေလဲအရမ်းပေါက်တယ် ဒီPurito toner နဲ့ serumသုံးပြီးတဲ့နောက်ပိုင်း အဆီိပြန်တာသိသိသာသာနဲလာတယ် အသားအရေလဲအရင်ကလို မနီတော့ဘူး အဆီဖုလဲလုံးဝမထွက်တော့ဘူး ဝက်ခြံဆိုဝေသာဝေလုံးဝမထွက်တော့ဘူး ၂ပတ်အတွင်းသိသိသာသာအသားလေးလဲကြည်လာတယ် ဝက်ခြံအမာရွတ်ရှိတာလေးတွေလဲသက်သာလာတယ် ချွေးပေါက်လဲကျဉ်းလာတယ်
(သဲကskincare တခုညွှန်းတော့မယ်ဆိုကိုယ်တိုင်အရင်လနဲ့ချီစမ်းသုံးပြီးတကယ်ကောင်းတဲ့ result ထွက်မှညွှန်းပေးတာပါ☺️)
1.Purito toner
Essential oil နဲ့ Alcohol free ဖြစ်လို့ အနံ့ပါတာမကြိုက်တဲ့သူ အရမ်းsensitive ဖြစ်လွယ်တဲ့သူတွေအတွက်အရမ်းအဆင်ပြေတယ် No harmfulဖြစ်လို့ မျက်စိသာစုံမှိတ်ပြီးသုံးလို့ရနေပြီနော်
Soothing လဲဖြစ်တယ် အသားအရေအတွင်းထဲထိလဲdeep hydrating ဖြစ်လို့ အဆီပြန်တဲ့သူလဲသုံးလို့ရသလို အစိုဓာတ်နဲ့အဆီနဲ့မျှတလာမှ အဆီပြန်တဲ့အသားအရေကနောက်ပိုင်းအဆီပြန်တာသက်သာလာစေတယ် Centella extract လဲဖြစ်တော့ဝက်ခြံထွက်မှာလဲမပူရတော့ဘူး ဝက်ခြံသမားတွေကအစသုံးလို့ရတယ် Panthenol ( Vitamin B5 ) သတ္တိလဲပါတော့အသားအရေအတွက်အတော်ကိုအားဖြစ်နေပြီနော်
[Toner Texture ကတော့နဲနဲလေးပြစ်တယ် ဒါပေမယ့်လိမ်းပြီးရင် စိုစိုလေးနဲ့အေးအေးလေးကျန်ခဲ့တယ် oily skinသမားတွေဆို တိုနာဂွမ်းလေးနဲ့သုံးပေးရင်ပိုအဆင်ပြေတယ် all skin type သုံးလို့ရပါတယ်]
2.Purito serum
ဆေးမြင်းခွာရွက် လို့ခေါ်တဲ့Centella 49% ပါဝင်လို့ ဝက်ခြံ၊အဆီဖု မကြာခဏထွက်တဲ့သူတွေလဲသုံးလို့ရပါတယ် fungal acne လဲsaveဖြစ်တယ်နော်
Niacinamide ပါဝင်လို့ရောင်ရမ်းဝက်ခြံအတွက်လဲအရောင်ကျစေပြီးတော့ အမာရွတ်လဲသက်သာစေတယ် ချွေးပေါက်လေးတွေလဲကျဉ်းစေတယ် အသားအရေလဲကြည်စေတယ်
Ceramide ကတော့ပျက်စီးနေတဲ့ skin barrier ကိုလုံးဝကြီး powerful ဖြစ်စေတယ် ရေဓာတ်ကိုလဲအပြည့်အဝဖြည့်ပေးတယ်
Peptide ကတော့အသားအရည်ကိုတင်းရင်းစေပြီး ပင့်တင်ပေးနိုင်တဲ့အစွမ်းရှိတော့ over 20ကနေစပြီးသုံးစေချင်ပါတယ်
Madecassic မျက်နှာအတွင်းပိုင်းမှာရှိတဲ့အဆီဓာတ်နဲ့ရေဓာတ်ကိုမျှတအောင်လုပ်ပေးနိုင်တဲ့အတွက် အဆီပြန်တာကိုလဲသက်သာစေတယ် skin barrier ကိုလဲနောက်ထပ်အားဖြည့်ပေးတဲ့အပြင် anti-aging အတွက်လဲကောင်စေတယ်
[Serum Texture ကတော့ ကျဲကျဲလေးနဲ့လိမ်းပြီးရင်ခဏလေးအတွင်းအသားထဲစိမ့်ဝင်စေတယ် အဆီမပြန်ဘူး အရမ်းလဲမခြောက်ဘူး all skin type သုံးလို့ရတယ်]
08/07/2021
မြန်မာနိုင်ငံကြီးအမြန်အေးချမ်းပါစေ အမြန်ငြိမ်းချမ်းပါစေ တိုင်းသူပြည်သားတွေစိတ်အေးချမ်းသာပြီးကျန်းမာပါစေ🙏🏻🙏🏻🙏🏻
07/07/2021
ပုဝါပိုင်းနဲ့ မျက်နှာကို ဘာလို့မသုတ်သင့်တာလဲ
ဖတ်ရန်ကြာချိန် ၁မိနစ်၃၃စက္ကန့်
၁။ Skin barrier
ကိုယ်သုတ်ပုဝါနဲ့မျက်နှာကိုမသုတ်သင့်ပါဘူး ပုဝါပိုင်းတွေမှာပါတဲ့အစအနလေးတွေကကြမ်းရှရှလေးဖြစ်တဲ့အတွက် skin barrier ကိုထိခိုက်လွယ်ပါတယ် barrier ထိခိုက်တဲ့အသားအရေဟာ ဝက်ခြံထွက်လွယ်ခြင်း နီမြန်းလွယ်ခြင်း အဆီပြန်လွယ်ခြင်း အရေးအကြောင်းဖြစ်ပေါ်လွယ်ခြင်း စတဲ့အသားအရေအဖြစ်ပြောင်းလဲသွားတဲ့အတွက် သင်skincare ဘယ်လောက်အသုံးပြုပြုသိသိသာသာ မထိရောက်တော့ပါဘူး skin barrier ကိုကာကွယ်တဲ့အနေနဲ့လဲပုဝါပိုင်းတွေနဲ့မျက်နှာသုတ်ခြင်းမပြုလုပ်သင့်ပါဘူး
၂။ ဘတ်တီးရီးယား
ပုဝါပိုင်းအများစုကခန္ဓာကိုယ်ပေါ်မှာသုတ်ပြီးမှမျက်နှာမှာသုတ်တဲ့အတွက် အစိုဓာတ်တွေကရှိနေမြဲပါ "ဘတ်တီးရီးယားတို့ပျော်ရာ အစိုဓာတ်မှာ"လို့ သဲကတော့ ကိုယ်ပိုင်စာပိုဒ်လေးထုတ်ထားပါတယ် နေရောင်သေချာမရတဲ့အခန်းထဲမှာထားတဲ့ ပုဝါဟာအစိုဓာတ်အမြဲရှိနေပြီး ဘတ်တီးရီးယားတွေပျော်ပျော်ကြီးပေါက်ဖွားနေလို့ ဝက်ခြံ၊အဆီဖု အမြဲထွက်မြဲထွက်နေမှာ ဖြစ်လို့ အကယ်၍ပုဝါပိုင်းသုံးရင်လဲ နေခြစ်ခြစ်ပူမှာလှန်းသင့်ပါတယ် နေဝင်ရင်တော့ပြန်ရုတ်ပေးပါ ညဖက်ဖုန်အညစ်အကြေးကပ်ပြီး ပိုညစ်ပတ်လွယ်လို့ပါ ဖြစ်နိုင်ရင်တော့ပုဝါပိုင်းမသုံးတာအကောင်းဆုံးပါ
ပုဝါမသုံးဘဲ မျက်နှာကို ဘယ်လိုအခြောက်ခံမလဲ
မျက်နှာကို ပုဝါနဲ့ အခြောက်ခံမည့်အစား လေနဲ့သဘာဝအတိုင်းအခြောက်ခံခြင်း (ဝါ) မျက်နှာသုတ်တဲ့ cotton လေးတွေအသုံးပြုပြီးအခြောက်ခံလို့ရပါတယ်
မျက်နှာကိုအခြောက်ခံပြီးတိုင်း toner သို့မဟုတ် skin mistတို့အသုံးပြုခြင်းဖြင့်မျက်နှာရဲ့အတွင်းပိုင်းထဲက PH level ကိုထိန်းညှိပြီးနှုးညံ့မှု့ရယူလိုက်ပါ။
သဲကတော့မျက်နှာကို ပုံထဲမှာပြထားတဲ့ မျက်နှာသုတ်Cotton ကိုအသုံးပြုပြီးအခြောက်ခံပါတယ် မျက်နှာခြောက်သွားရင်တော့ HA ပါတဲ့ Hanskin essence လေးကိုအစိုဓာတ်ထိန်းတဲ့အနေနဲ့အမြဲအသုံးပြုပေးဖြစ်ပါတယ်
01/07/2021
ဟီး😅
29/06/2021
ဒီရက်ပိုင်းမှာ COVID-19 ကူးစက်မှုတွေ
မြင့်တက်လာပါတယ် အားလုံးသတိမပေါ့
ဂရုစိုက်ကြဖို့ အထူးသတိပေးပါရစေ 🙏🏻
ကျန်းမာနေမှသာ လုပ်စရာရှိတာတွေ
ဆက်လုပ် လုပ်ပေးနိုင်မှာပါနော် 💛
ဂရုစိုက်ကြပါ ။
***********************************
ဒီစာလေးကို အားလုံးဖတ်ဖို့ ပြန်လည်
ကူယူမျှဝေလိုက်ပါတယ် ❗️❗️
“ Mask တွေ ထူလို့ ပါးတာရှာဝယ်တယ်၊
တပ်တယ်ဆိုတာ မလုပ်သင့်ဘူး။
US CDC က Mask ကို နှစ်ထပ်တပ်ဖို့
အကြံပြုထားတယ်။ Surgical mask ကို
mask အရင်းနားလေးမှာ ထုံးပြီး တပ်ခိုင်း
တယ်။ အဲ့အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့
mask ထက်အုပ်ပြီး တပ်ခိုင်းတယ်။ အဝတ်
mask ကိုတော့ မထုံးဘဲ တပ်ခိုင်းတယ်။
Surgical mask တခုထဲကို မထုံးဘဲ တပ်ရင်
၅၆.၁ % ကာကွယ်နိုင်တယ်။
ထုံးပြီးတပ်ရင် ၇၇ % ကာကွယ်နိုင်တယ်။
ရိုးရိုး အဝတ် mask တခုထဲ တပ်ရင်
၅၁.၄ % ကာကွယ်နိုင်တယ်။
ထုံးထားတဲ့ surgical mask ပေါ် ..
အဝတ် mask အုပ်ပြီး နှစ်ထပ်တပ်ရင်
၈၅.၄ % ကာကွယ်နိုင်သတဲ့။
‼️သတိထားဖို့က အမျိုးအစားတူတဲ့
Mask ၂ ထပ်မတပ်ဖို့ (Surgical mask
၂ ထပ်မတပ်မိဖို့) နဲ့ KN95 အပေါ်ကဆိုဘာ
Mask မှထပ်မအုပ်ဖို့လည်း လိုပါတယ် ။ ‼️
Crd - Paing Soe Moe
https://www.facebook.com/100009042236399/posts/2839152476396132/?d=n
ပုံများ - Google Credit
စာများ - Crd Paing Soe Moe
26/06/2021
Makeup tutorial တွေကြည့်ထားတယ် ဒီတခါတကယ်လှအောင်ပြင်မယ်🙂🤪
22/06/2021
😔😔
22/06/2021
မန်းလေးအတွက်လမ်းပေါ်ရောက်နေတဲ့
န်ကုန်ကပြည်သူတွေချစ်တယ်😘😘 အစစအရာရာဂရုစိုက်ကြပါအသဲလေးတို့🙏🏻🙏🏻တာဝန်ကျေကြပါတယ်
🙏🏻🙏🏻🙏🏻
19/06/2021
🌹Happy Birthday Day our leader❤️❤️🌹
🌷ယုံကြည်မှု့အတွက် အသက်စတေးခံ အပင်ပန်းခံပြီး ကိုယ်ကျိုးအတွက်ဘာမှမငှဲ့ပဲ ပြည်သူတွေအတွက်အမြဲအနစ်နာခံပေးတဲ့ အမေစု မွေးနေ့မှစနောင်နှစ်ပေါင်းများစွာ လွတ်လပ် အေးချမ်းပြီး အတိုက်အခိုက် အနှောက်အယှက်မရှိပဲနေနိုင်ပါစေ အမေစု အသက်ရှည် ကျန်းမာပါစေ❤️❤️
🌷အမေစုကိုချစ်တဲ့ပြည်သူ💐💐
17/06/2021
❌အဆီမပြန် ❌မိတ်ကပ်မကွက် ❌ပြာမသွားတဲ့
✅ဝက်ခြံသမားလဲစိတ်ချရတဲ့ cushion
Innisfree ကနေ 2021 May လကမှအသစ်ထုတ်လိုက်တဲ့ No sebum powder cushion နဲ့ကွက်စတိဖြစ်နေတဲ့သဲရဲ့ အတွေ့အကြုံလေး sharing မယ်နော်
ဖတ်ရန်ကြာချိန် ၁မိနစ်
❌No Sponsor ❌No Ads ✅Honesty review
👉🏻သဲရဲ့အသားအရေက super oily skinကလဲဖြစ် အဆီကဟင်းချက်လို့ရလောက်တဲ့ထိပြန်တော့ဘာမိတ်စကပ်လိမ်းလိမ်း ကွက်နေရော အသေအလဲစိတ်ညစ်ရတဲ့ကိုယ် အယ် အဆီပြန်တဲ့အပြင် ဝက်သူဌေးလေးကျွန်မက ဝက်ခြံပါထွက်လေရော အဲ့တော့အရမ်း Matt ဖြစ်တာသုံးပြီဆို အဆီနဲ့ချွေး ချွေးနဲ့ဖုန် ဖုန်နဲ့အဆီ ၃ပါးသွားလိုက်တာ 🐷ဝက်ကလေးတွေကမျက်နှာအပြည့်တန်းစီးပြီထွက်လာပါလေရော အဲ့တော့ဘာသုံးသုံးအဆင်မပြေတဲ့ သဲကတော့ခု innisfree စမ်းသုံးကြည့်တာပေါ့ ထင်မထားလောက်အောင်အဆင်ပြေတယ်
👉🏻Powder cushion ဖြစ်လို့အရင်ကသုံးနေကျလို့ အသားကခြောက်ပြီးချွေးပေါက်ပိတ်ဝက်ခြံထွက်မယ်ထင်ခဲ့တာ မဖြစ်ခဲ့လို့ကိုယ့်မှာမျက်လုံးပြူး👀 သူက Air fit technology လဲဖြစ်တော့လိမ်းလိုက်ပြီးရင် ပေါ့ပါးပြီး မိတ်ကပ်ကွက်တာလဲမဖြစ်ဘူး အသားလဲMatt အခြောက်တွေလိုမဖြစ်ပဲ ပုံမှန်လေးglowပြီးစိုစိုအိအိလေးဖြစ်တယ် အဓိက သဘောအကျဆုံးက ချွေးပေါက်တွေမပိတ်သွားအောင် silicons တွေမတရားမပါဘူး သဲကဝက်ခြံအမာရွတ် အမဲတွေရှိတော့ coverage ကလဲရှယ်ပေးတယ်
👉🏻SPF 35 PA+++++လဲပါတာမို့ စိတ်ပူစရာမလိုတော့ဘူး အဆီပြန်တာကိုလဲ 8နာရီကြာထိထိန်းထားပေးတယ် သဲကအဆီအရမ်းပြန်တော့ Mineral powder လေးအပေါ်ကထပ်လူးလိုက်တော့အဆီလဲသိပ်မပြန်ဘူးအသားလေးကလဲ ညှက်ပြီးလှသွားတယ် သူ့ တို့ဖက်လေးကလဲ၂ခြမ်းတောင်ပါတော့မိုက်နေရော အပေါက်လေးပါတဲ့ဖက်ကတော့ပုံမှန်ပါးပါးကြည်ကြည်လေးထွက်ချင်တယ်ဆို အဲ့ဖက်အခြမ်းသုံးတယ် နူးညံ့တဲ့ဖက်ကျတော့ coverage အတော်ပေးတယ် အဲ့တာလေး ၁ပတ်တိတိသုံးကြည့်တာ ဝက်ခြံလဲသိပ်မထွက်တော့သဲရဲ့အသဲစွဲဖြစ်နေတဲ့ cushionလေးဖြစ်နေပါပြီနော် သူကNeo cushion လေးနဲ့ဆင်တယ်
သဲဆို innisfree က No sebum mineral series လေးကိုကြိုက်လို့ 2019ထဲကသုံးလာတာယနေ့အချိန်ထိအသည်းစွဲပဲ😍😍
ပထမဆုံး စတဲ့review လးဆိုတော့အရေးအသားလေးကတော့သိပ်မပြေပြစ်ဘူးဖြစ်နေလို့သည်းခံပေးကြနော်😍😍💗💗
’Z To Be mOrE BeAuTY
Click here to claim your Sponsored Listing.
Category
Website
Address
Yangon