Nan Sandar Boom Collagen
တိကျရမယ် ပစ္စည်းမှန်ရမယ် ဝယ်သူစိတ်ခ?
20/01/2024
My dream 👌
19/10/2021
ဘာကြောင့် စိတ်ညစ်ခံမှာလဲ..
************************
စိတ်ညစ်နေလား သူငယ်ချင်း...
မင်းလိုပဲ စိတ်ညစ်နေသူတွေ
အများကြီးပါ။
တစ်ယောက်ယောက်ကို
ရင်ဖွင့်ချင်နေလား သူငယ်ချင်း..
ခဏတော့ သည်းခံ မြိုသိပ် လိုက်ပါ...
တစ်ခါတစ်လေကျရင်လေ
ဒီနေ့ ပြောချင်နေတဲ့ စကားကို
နောက်တစ်ရက် ရွှေ့လိုက်လို့လည်း
အများကြီး နောက်ကျ မသွားပါဘူး ။
မင်းမမျိုသိပ်နိုင်တော့ရင်
နောက်နေ့မှ..
ငါ့ကိုပြောပြနော်...
သေချာပါတယ် နောက်နေ့ကျ
ငါမေးတဲ့အခါ..
မင်းက "ဒီလိုပါပဲ
ဘာမှ မဟုတ်တော့ပါဘူး "
လို့ ပြန်ပြောလိမ့်မယ်။
ဒီလိုပါပဲ သူငယ်ချင်း..
ခံစားချက်ဆိုတာ...
အရှိန် တက်နေတုန်းတော့
ရင်နဲ့အမျှပါပဲ....
တစ်ရက်ထက်တစ်ရက်
ရက်ကြာလာတာနဲ့အမျှ
အနယ်ထိုင်သွား လိမ့်မယ်။
အဲ့ဒီ အခါမှာ မင်း..
တစ်ချို့ခံစားချက်တွေကို
ပြန်ပြောပြချင်စိတ် မရှိတော့ဘူး..
တချို့ခံစားချက်တွေကို
ဥပက္ခာ ပြုတတ်လာမယ်....
တချို့ခံစားချက်တွေကို
မင်းပြန်သုံးသပ်တတ်လာမယ်....
တချို့ခံစားချက်တွေကို
သင်ခန်းစာ ယူတတ်လာမယ်...
တချို့ခံစားချက်တွေက
ဟာသ ဖြစ်သွားမယ်....
တချို့ခံစား ချက်တွေက
တစ်ကယ်တွေးကြည့်ရင်
ဘာမှ မဟုတ်ပါဘူး.....
မင်းစဉ်းစားကြည့်
မင်းခံစားချက်တွေကို
ငါ့ကိုရင်ဖွင့်ရင်
မှန်လား မှားလားဆိုတာ....
မစာနာလို့ပြောတာမဟုတ်ဘူးနော်
ကိုယ်ချင်းစာလို့ ပြောပြတာ....
မင်းစကားအဖတ်တင်
ကျန်မနေစေချင်လို့ပါ...
မင်းခံစားချက်ကို
လူတကာလိုက်ပြောရအောင်
ဝတ္ထုတစ်ပုဒ်မှမဟုတ်ပဲ...
ရင်နဲ့အမျှ ခံစားခဲ့ရတာ တွေလေ
ပြောပြရင်တော့
နားထောင်ကြမှာပဲ..
နားထောင်လို့ ကောင်းတာကိုး..
အပြည့်အဝ ထပ်တူ
ခံစားပေးလိမ့်မယ်လို့
မင်းထင်သလား...
သူတို့က မင်းမဟုတ်ဘူးလေ ....
မင်းအကြောင်းကို
မင်းသာ အသိဆုံး....
မင်းခံစားချက်ကိုလည်း
မင်းသာ အသိဆုံး .....
ဘာလုပ်သင့်တယ်ဆိုတာ
မင်းသာ အသိဆုံး
ဖြစ်ရမှာပေါ့...
ငါပေးတဲ့ အကြံက
ဘယ်လောက်မှန်နိုင်မှာမို့လို့လဲ...
ငါခိုင်းတဲ့ အတိုင်းကော
မင်းလိုက်လုပ်မှာမို့လို့လား..
စိတ်ပေါ့သွားရုံသက်သက်နဲ့တော့
ရင်မဖွင့်ပါနဲ့....
မင်းခံစားချက်တွေ
တန်ဖိုးမဲ့ သွားမှာ ...
စကားအဖတ်တင်ကျန်ခဲ့မှာ စိုးလို့ပါ ....
တစ်ချို့ခံစားချက်တွေက
ခံစားရတဲ့သူတိုင်း
မှန်နေတယ်လို့ ပြောလို့မရဘူး..
နေရာတိုင်းမှာ အကြောင်း
အကျိုးဆက်နွယ်မှုတွေ
ရှိနေတတ်တာကို
မမေ့ဖို့တော့ မှာချင်တယ် ....
နွားသိုးမှန်ရင်
ဂျိုချက်နဲ့ မကင်းပါဘူး ....
ရင့်ကျက်မှုဆိုတာကလည်း
ရင်ထဲက အနာတရတွေက
တစ်ဆင့် ရလာတာ....
ဘဝအတွေ့အကြုံတွေကနေ
တစ်ဆင့်ရလာတာပါ...
ဒဏ်ရာမရှိတဲ့
နှလုံးသားပိုင်ရှင်ဖြစ်ချင်ရင်တော့
မင်းကလေးလေးပဲလုပ်တော့..
ဘယ်တော့မှ လူလား
မြောက်လာမှာ မဟုတ်ဘူး...
စိတ်ညစ်ပြေသွားပြီလား
သူငယ်ချင်း ....
စိတ်ညစ်မပြေသေးဘူးဆို
နောက်နေ့တွေကျမှ
ငါ့ဆီလာ ရင်ဖွင့်လိုက်ပါ......
# အနာဂတ်ရည်ညွှန်းစာ
❤️❤️❤️❤️😃
21/01/2021
🙏🙏🙏🙏🙏
07/01/2021
❤️❤️❤️❤️❤️
✅နှားနို့ ကို
ရေရောလို့ ရပေမဲ့
တဆင့်မြင့်လာတဲ့
ထောပတ်ကိုတော့
ရေရောလို့ မရတော့ပါဘူး။
✅လူတွေဟာသူတို့ထက်
နည်းနည်းဘဲသာရင်
မနာလိုဖြစ်တတ်ကြပေမဲ့
အများကြီးသာတဲ့ သူကိုတော့
အားကျကြပါတယ်။
✅ထောပတ်ဖြစ်အောင်လုပ်ပါ
အများကြီးသာအောင်နေပါ။
Credit kkz
30/12/2020
❤️❤️❤️
အားလုံးပဲ Happy New Year ပါ ❗
🔺 နှစ်သစ်မှာ ပိုပြီးမိုက် ပိုပြီးလန်းတဲ့ ဝတ်စုံဒီဇိုင်းတွေနဲ့ ချီတက်ဖို့ နန်းစန္ဒာက ဒီဇိုင်းသစ်မိတ်ဆက်ရောင်းချပွဲ လေးကို ချင်းတိုင်းရင်းသူအဆိုတော်လေး နီလန်း နဲ့ Facebook Live Sale လေးစီစဉ်ထားပါတယ် ။
💟 နှစ်သစ်အလှူအဖြစ် ကံစမ်းမဲတွေအများကြီး မဲဖောက်ပေးမှာဖြစ်ကြောင်းကိုလည်း ချစ်ရတဲ့ Customer များကို ဦးဦးဖျားဖျားသတင်းကောင်းပါးလိုက်ရပါတယ်ရှင်!
🛒 ဝယ်ယူမှုတွေနဲ့အတူ like and share လေးတွေနဲ့ပါ အားပေးကြပါအုံးနော် ။ 😊
#နန်းစန္ဒာ
25/09/2020
သူတို့တွေဝမ်းရေးအတွက်လုပ်ကိုင်နေရတယ်
deli ဘဝ လဲမလွယ်ဘူး ဒီကာလမှာအားလုံး
အပြင်ထွက်ရင် mask တပ်ကြပါ မလိုအပ်ပဲ
အပြင်မထွက်တာအကောင်းဆုံးပါပဲ
ကိုယ့်မှာရှိတာလေးနဲ့စားနိုင်အောင်လေ့ကျင့်ထားပါ
05/07/2020
#ကရဝီလူမျိုးစု
#အင်ဒိုနီးရှားနိုင်ငံတောနက်ကြီးများတွင်သာတွေ့ရှိ
#လူဦးရေ၃၀၀၀ခန့်သာတွေ့ရှိရသည်
23/06/2020
"စာတစ်လုံးဘုရားတစ်ဆူ"
🙏 နေမာဗုဒ္ဓဿ 🙏
" အက္ခရာဘုရားရှိခိုး "
🙏🙏🙏🙏🙏🙏🙏
က ။.....။ ကကြီးဟူသည်ကား ကိလေသာ မာန်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား👏
ခ ။.....။ ခခွေးဟူသည်ကား ခန္ဓမာန်ကို အောင် မြင်တော်မူသော မြတ်စွာဘုရား👏
ဂ ။.....။ ဂငယ်ဟူသည်ကား ဂုဏ်တော်ကိုးပါးနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား👏
ဃ ။....။ ဃကြီးဟူသည်ကား ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသော မြတ်စွာဘုရား👏
င ။.....။ ငဟူသည်ကား မာန်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား👏
စ ။....။ စလုံးဟူသည်ကား စကြ၀ဠာ တစ်သိုက် တုဖက်ပြိုင်ဖက်
ရှိတော်မမူသော မြတ်စွာဘုရား👏
ဆ ။....။ ဆလိမ်ဟူသည်ကား ဆယ်ပါးသော ဒုစရိုက်ကို ပယ်ဖျက်ခုတ်ထွင်း
အောင်မြင်တော်မူသော မြတ်စွာဘုရား👏
ဇ ။....။ ဇကွဲဟူသည်ကား ဇာတိဿ ရဥာဏ်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား👏
ဈ ။....။ ဇမျဉ်ဇွဲဟူသည်ကား ဈာန်သမာပတ်အပေါင်း
ပြည့်စုံတော်မူသော မြတ်စွာဘုရား👏
ည ။.....။ ညဟူသည်က ဉေယျ ဓံတရား ငါးပါး
နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား👏
ဋ ။....။ တတလင်းချိတ်ဟူသည်ကား
ဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို
ဆရာမရှိ ကိုယ်ကိုတိုင်
သိတော်မူသော မြတ်စွာဘုရား👏
ဋ္ဌ ။....။ ဋ္ဌဝန်ဘဲဟူသည်ကား ပဋ္ဌာန်းကျမ်းကို အောင်မြင်တော်မူသော
မြတ်စွာဘုရား👏
ဍ ။....။ ဒရင် ကောက်ဟူသည်ကား
ကောဒည ပုဏ္ဏားသည် လက်ညိုးတစ်ချောင်းထောင်ပြ၍ ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟုပြောဆိုခံရသော မြတ်စွာဘုရား👏
ဎ ။....။ ဓရင်မှုတ် ဟူသည်ကား ဒီပင်္ကရာ မြတ်စွာဘုရားရှေ့တော်၌ အနိယတ ဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသော မြတ်စွာဘုရား👏
ဏ ။....။ ဏကြီးဟူသည်ကား တဏှာတည်းဟူသော အမိုက်မှောင်တို့ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား👏
တ ။...။ တဝမ်းပူဟူသည်ကား တစ်ထောင်မကမကသော ဒိဋ္ဌိတို့ကို
ဆုံးမတော်မူသော မြတ်စွာဘုရား👏
ထ ။....။ ထဆင်ထူး ဟူသည်ကား ထူးမြတ်သော တရားအပေါင်း၌
ပြည့်စုံတော်မူသော မြတ်စွာဘုရား👏
ဒ ။....။ ဒဒွေးဟူသည်ကား ဒိပ္ပစက္ခု ရွှေဥာဏ်တော်ကို ရတော်မူသောမြတ်စွာဘုရား👏
ဓ ။....။ ဓအောက်ချိုက်ဟူသည်ကား ဓမ္မစကြာ တရားအပေါင်း၌
ပြည့်စုံတော်မူသော မြတ်စွာဘုရား👏
န ။....။ နငယ်ဟူသသည်ကား နိဗ္ဗာန် ခေမာ ပြည့်အောင်ဥာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော မြတ်စွာဘုရား👏
ပ ။....။ ပဆောက်ဟူသည်ကား ပုဗ္ဗေနိဝါသ နုဿ တိဥာဏ်ကိုအောင်မြင်တော်မူသော မြတ်စွာဘုရား👏
ဖ ။....။ ဖဥထုပ်ဟူသည်ကား ဖိုလ် ၊ မဂ် ချမ်းသာကို
အောင်မြင်တော်မူသော မြတ်စွာဘုရား👏
ဗ ။...။ ဗလချိုက်ဟူသည်ကား ဗောဓိပင်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား👏
ဘ ။....။ ဘကုန်းဟူသည်ကား
ဘုန်းတော်ခြောက်ပါးနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား👏
မ ။....။ မဟူသည်ကား မစ္စု မာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား👏
ယ ။....။ ယပလက်ဟူသည်ကား ယမက ဗျာဒိယာ၌ ရတနာရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား👏
ရ ။....။ ရကောက်ဟူသည်ကား
ရတနာခြောက်သွယ်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား👏
လ ။....။ လဟူသည်ကား လူသုံးပါးတို့တွင်
တုဖက် ပြိုင်ဖက်
ကင်းတော်မူသော မြတ်စွာဘုရား👏
ဝ ။....။ ဝဟူသည်ကား ဝသုန္ဒြဒေ မြေစောင့်နတ်သားသည် သက်သေပြု၍
မာနတ်မင်းအား ခုခံ အောင်မြင်တော်မူသော
မြတ်စွာဘုရား👏
သ ။.....။ သဟူသည်ကား သစ္စာလေးပါး တရားအပေါင်းနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား👏
ဟ ။....။ ဟဟူသည်ကား ဟန္ဒ ဒါနိ ဘိက္ခဝေ ပါဋ္ဌိတော်လာသည်နှင့် အနိယတ ဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား👏
ဠ ။....။ လကြီး ဟူသည်ကား ဝေဠုဝန်ကျောင်းတော်၌ လပြည့်ဝန်းကဲ့သို့ ပြည့်ထွန်းတော်မူသော မြတ်စွာဘုရား👏
အ ။....။ အဟူသည်ကား နေ အရုဏ်မတက်မှီ အာသဝေါကင်း၍
အာသဝက္ခယဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား👏
ထို့ကြောင့် စာတစ်လုံးဘုရားတစ်ဆူဟု
ရှေးလူကြီးသူမတို့ဆိုရိုးရှိခဲ့ပေသည်။
" သဗ္ဗေဒါနံ ဓမ္မဒါနံ ဇိနာတိ "
" သာဓုသာဓုသာဓု "
🙏 🙏 🙏 ᠌᠌᠌ ᠌᠌
Credit to Original Writer
Photo Credi
Click here to claim your Sponsored Listing.
Category
Website
Address
Yangon