S2C by The Redolence
Welcome to S2C by The Redolence. Sharing & advising the knowledge of fragrances & scent categories t
07/03/2022
Bvlgari AQVA Pour Homme Marine EDT
မြန်မာ့ရာသီဥတု၃မျိုးကတော့
နွေ၊ နွေ Pro ၊ နွေ Promax ပဲဖြစ်ပါတယ်။ 🤩
ကဲ.....ပူပူအိုက်အိုက်ရာသီတော့ ရောက်လာပြီဆိုတဲ့အချိန်မှာ Bold , Rich တွေ Beast Modeတွေ အလုပ်မဖြစ်တော့ပဲ ရင်အေးစေမယ့် Refreshing
ဖြစ်စေမယ့်အနံ့မျိူးတွေရွေး သုံးကြရပါတယ်။
ဒီတခေါက်ကတော့ Designer line ဖြစ်တဲ့ Bvlgari ရဲ့
AQVA Pour Hommeလိုင်းတွေ တနည်းအားဖြင့် နာမည်အတော်လေးရ ရောင်းအားကောင်း လူကြိုက်များတဲ့လိုင်းထဲက Aqua Marineအကြောင်း ပြောကြည့်ရအောင်။
ဒီlineupမှာ Atlantique ,Pour Homme Original , Marine , Amara စတဲ့ aquatic scentတွေချည်းပါတယ်။ Marine ကတော့ ကျန်တာတွေထက် ပူအိုက်တဲ့ရာသီ နေပူထဲသွားလာရချိန်မှာ ကျနော့်အတွက်အကြိုက်ဆုံး Matchအဖြစ်ဆုံးလို့ခံစားရတယ်။
Aquatic scentတွေရဲ့ ထုံးစံအရ sea noteတွေ Watery noteတွေနဲ့ အဖွင့်ကို ရင်ထဲအေးသွားစေ refreshဖြစ်စေတဲ့ Neroli တို့ Grape fruitတို့နဲ့ တွဲပေးထားတော့ စစချင်းဖြန်းလိုက်ချိန်မှာ Stress တွေအတော်လေးပြေသွားစေလောက်အောင်ကို ကြည်ကြည်အေးအေးလေး ဆိုတဲ့ Vibe၊ အဲ့ကနေ Marineဆိုတဲ့အတိုင်း Seaweed note ကို ကမ်းခြေမှာ ပင်လယ်ထဲဆင်းဆော့ချိန်မှာ ရတတ်တဲ့ salty ဆန်ဆန် ငံသလိုလို ချဉ်သလိုလို အနံ့လေးကတော့ ပါတယ်။ တခြား aqua fragranceတွေလို အရမ်းတော့မပြင်းဘူး ကျနော့်အတွက် ...beach vibeလေးတောင်ရသလိုလိုခံစားရတယ်။
Mid noteက အတော်လေးအချိန်ကြာကြာစွဲနေပြီးမှ Woody ပါးပါးလေးနဲ့ skin scentလေးလိုအဆုံးသတ်သွားတယ်။ စလယ်ဆုံးချစ်စရာကောင်းတဲ့
အနံ့မျိုး၊ လူတိုင်းကြိုက်လောက်မယ့် အနံ့ဖြစ်တဲ့အတွက် ရုံးသွားတဲ့အခါ ပေါ့ပေါ့ပါးပါး အပြင်သွား Hangoutလုပ်တဲ့အခါတွေမှာတော့ Uniqueဖြစ်မယ် စိတ်ကြည်လင်လန်းဆန်းမယ် Budget အနေနဲ့လည်း အဆင်ပြေတဲ့အနေအထားပါ။ freshieတွေရဲ့ထုံးစံအတိုင်း Projectionတွေ Longevityတွေက သာမန်ပဲ။
ဒါပေမယ့် ...သုံးကြည့်ပါ ..အလုပ်ဖြစ်ပါတယ် daily use အတွက်ကောင်းတယ်။ နွေရာသီနဲ့ကွက်တိပဲ။
Regular sizeတွေမဝယ်ခင်တော့ Sample or decantလေးနဲ့ စမ်းသုံးဖို့တော့အကြံပြုပါတယ်။
See you in next content.😉
21/02/2022
Timeless အဖြစ်ဆုံး
Signature Scent တခုကိုပြောပါဆိုရင်
အရင်ဆုံးသတိရတာက
Creed ရဲ့ Green Irish Tweedပါ ❤️
Creedဆိုတာကတော့ 1760 ကတည်းက Established လုပ်ခဲ့တဲ့ French Perfume House တခု၊ ဒီမှာတော့ Aventus နဲ့လူသိပိုများတယ် Dupeတွေ Inspired perfumeတွေလည်း မနည်းမနောထွက်ထားတယ်။ Qualityကတော့ ပြောစရာလိုမယ်မထင်လောက်အောင်ရှယ်တွေချည်းပဲမို့ Niche လောကကို စမယ်ဆို Creedမပါလို့မရတဲ့ထိပါပဲ။
Green Irish Tweed ကတော့ ခုလာမယ့် နွေရော မိုးတွင်းသာမက ဆောင်းတွင်းထိပါ All Rounderကောင်းတဲ့ Perfumeတခုပါ။ နာမည်အတိုင်း ပဲ Green ဖြစ်တယ် Refreshing ဖြစ်တယ် သာမန်တွေ့နေကြ Citrusy အနံ့တွေကနေကွဲထွက်နေမယ်။ Lemon နဲ့ Violet leafရဲ့အစွမ်းပေါ့။ Floral Woody typeကိုမှ Masculine ဖြစ်တယ်။
Iris ပန်း ၊ Ambergris နဲ့ Sandlwoodဆိုတော့ စလယ်ဆုံး တကယ်ကို အဆင်ပြေ Crowd Pleasingဖြစ်မယ့် အနေအထားတခုပါ။ တကယ်တမ်း အလိုက်ဖက်ဆုံးက မိုးအေးအေးကာလ၊ မြက်ခင်းတွေပေါ်မိုးဖွဲကျနေချိန် မျိုးမှာ ရမယ့် အနံ့feelingမျိုးမြင်မိတယ်။ Upliftingဖြစ်တယ် Woody baseနဲ့ဆိုတော့ Gentlemenဆန်ဆန် Bro တွေနဲ့လိုက်ဖက်မယ်။
Black Suited Guyတွေနဲ့ကတော့ Perfect ပေါ့ဗျာ။
Celebrities အများစုရဲ့ signature scentထဲအပါအဝင်ပဲ။ Charlie Puth ရဲ့ signature scent လို့လည်းသိရတယ်။
Projectionနဲ့ Longevityကတော့ ငြိမ်ငြိမ်အေးအေးလေးပဲမို့ Room Fillerတွေကြိုက်တဲ့သူတွေအနေနဲ့ အားမရတာမျိုးဖြစ်တတ်တယ်။ ဒါပေမယ့် အနံ့ရတိုင်း Compliment ရဖို့ Head turner fragranceတခုအနေနဲ့ကတော့ သေချာပါတယ်။ မကြိုက်တဲ့သူမရှိသလောက်ပါပဲ။ Try ကြည့်ဖို့ လိုမယ် Signature Scentထားမယ်ဆိုလည်း အရမ်းအရမ်းကို fineပါကြောင်း 😘 Recommendပေးပါတယ်။
27/01/2022
YSL Y Eau De Parfum
~~~~~~~~~~~~~~~~~
လူငယ်တွေအကြား အတော်လေးရေပန်းစား လူကြိုက်များနေတဲ့ YSL Y EDP အကြောင်း စမြုံ့ပြန်ကောက်ကြည့်ရအောင်။ ဒီရေမွှေးက Localရော Internationalမှာရော Reviewerတွေ Social Influencerတွေကအစ ညွှန်းထားပြီးသား ဆိုတော့
အတော်များများလည်းသိပြီးဖြစ်မှာပါ။
Fresh & Clean Scentတွေ တနည်းအားဖြင့် Blue scent category တွေထဲမှာ သိသိသာသာကွဲထွက်နေပြီး လူအတော်များများက အနံ့ရရခြင်းမှာတင် ကြိုက်ရလောက်အောင် YSL Y EDP က အလုပ်ဖြစ်ပါတယ်။
Opening အဖွင့်မှာ Apple နဲ့ Ginger note ကိုစပြီးခံစားရတယ်။ Bergamot နဲ့ Juniper Berries တော့ပါတယ်ဆိုပေမဲ့ Apple နဲ့ Ginger noteလောက်သိသိသာသာမခံစားရဘူး။ Fresh ဖြစ်တယ့်ကြားထဲကမှ ချိုတဲ့အနံ့ Gingerရဲ့ Uniqueဖြစ်တဲ့အနံ့က တွဲရက်ပါလာတာလေးက အသက်ပဲ။
Mid noteကတော့ Sage ရဲ့အနံ့၊ သူကတော့ မြက်ပင်ဆန်ဆန် Greenဖြစ်တဲ့ စိမ်းစိုတဲ့ ရနံ့မျိုး Earthyလည်းနည်းနည်းဖြစ်တယ်။ အခုမှစစချင်းရဖူးတဲ့သူအဖို့တော့ ထူးဆန်းနေနိုင်တယ်။ ဒါပေမဲ့ အဲ့အနံ့ကိုပဲ လူတွေကသိပ်ကိုနှစ်ခြိုက်ကြတယ်။
Base Note (Dry Down)မှာတော့ Tonka beanတို့ Amberwoodတို့ Cedarတို့ဆိုတော့ Woodyဖြစ်ပြီး Sweetဖြစ်တဲ့အတွက် ညနေခင်းတွေ Dinnerတွေ Gatheringတွေ အတွက်ပါ Readyဖြစ်သွားစေမယ့် Scent Profileမျိုး၊ Activeဖြစ်တဲ့သူ လူချစ်လူခင်ပေါသူ Perfect Guyတစ်ယောက်အတွက် အလိုက်ဖက်ဆုံးရေမွှေးတခုပါ။ ရုံးသုံးရော Hangoutsတွေ
Events တွေမှာပါ စွယ်စုံရတဲ့ Versatile Fragranceတခုဆိုလည်းမမှားပါဘူး။
Performanceအနေနဲ့က တော့ ဆွတ်ပြီးချင်း ၁နာရီ ကနေ ၂နာရီအတွင်း Projectလုပ်တယ်။ အဲ့အချိန်ကတော့ Complimentကောင်းစရမယ့်periodပေါ့။ မနက်ရုံးတက်ကနေ ညနေထိ တနေကုန်နီးပါးအနံ့စွဲတယ်။ အဝတ်အစားပေါ်ဆိုပိုပြီး အနံ့ကျန်တယ်။ ရာသီမရွေးသုံးလို့ရနိုင်ပြီး လူငယ်ပိုင်း သက်လတ်ပိုင်းထိပါ အကြိုက်တွေ့ကြမယ့် အစကောင်းတဲ့ ရေမွှေးတခုမို့ Tryကြည့်စေချင်ပါတယ်။
See You With Next Content.😉
19/01/2022
Reflection Manနှင့် ကျွန်တော် 😎
ဒီရေမွှေးက ပြောရရင် ပထမဆုံး Niche အနေနဲ့ဝယ်ဖြစ်ခဲ့တဲ့ ရေမွှေး၊ အကောင်းဆုံး တခုလို့လည်း သတ်မှတ်လို့ရတဲ့ရေမွှေးပေါ့။
Amouage ဆိုတာကတော့ 1983 မှာ စတင်တည်ထောင်ခဲ့တဲ့ Oman based Luxury Niche (ရေမွှေးသီးသန့်ဖန်တီးတဲ့) Houseတခုပါ။ Based Country က Middle East ဒေသတွင်းနိုင်ငံဖြစ်တဲ့အလျောက် သူ့ရဲ့ ရေမွှေးတွေကလည်း Middle East အငွေ့အသက်တွေ အပြည့်အဝပါဝင်ပြီး Scentတွေက Next Levelဖြစ်နေတဲ့ ရေမွှေးတွေချည်းပါပဲ။
ကဲ....Reflection Manအကြောင်း စလိုက်ရအောင်
2007 ခုနှစ်မှာ ထွက်ခဲ့တဲ့ Floral woody type ရေမွှေး၊ floral ဆိုလို့ Feminine မိန်းမဆန်ဆန်ဘက်သွားမယ်ဆိုတာမျိုးမဟုတ်ပဲ သူ့မှာတွဲရက်ပါလာနေတဲ့ Spices ပါးပါးလေးက Masculine ယောက်ျားပီသစေမယ့် အနံ့မျိုးဘက်ကို ရောက်သွားစေပါတယ်။
Rosemary၊ Pink pepper တို့ရဲ့ အဖွင့်က တခြားသော Fresh Clean ရေမွှေးတွေကနေ ကွဲထွက်နေမယ်၊ Uniqueဖြစ်နေမယ်။ ပြီးမှ အဓိက ကျတဲ့ Jasmine စံပါယ်ပန်း Noteကထွက်လာပြီး စိတ်ကြည်လင်လန်းဆန်းပြီး Modernဆန်ဆန် Gentlemanတစ်ယောက်အတွက် perfectဖြစ်သွားစေပါတယ်။ Signature scentထားသုံးမယ်ဆိုလည်းသုံးလို့ကောင်းမယ့်ရေမွှေးတခုပါ။ Office အတွက် Casual အတွက်အပြင် Dateအတွက်ပါ Uniqueဖြစ်နေဖို့က သေချာသလောက်ရှိပါတယ်။
Complimentကောင်းရဖို့ကလည်း sureပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း မွှေးနေတာပဲ ဘာနံ့လည်း ညွှန်းပေးဦးဆိုတဲ့ Feedbackကောင်းလေးတွေ ရဖူးပါတယ်။
Woody ဆန်ဆန် Baseမှာလည်း Amouage ရဲ့ ကျွမ်းကျင်မှုလို့ပဲပြောရမလားပဲ Sandalwood၊ Cedar၊Vetiver & Patchouliဆိုတော့ ငြိမ်ငြိမ်လေးနဲ့ အဆင့်အတန်းရှိတဲ့ ရေမွှေးတခုကိုသုံးထားမှန်း သိသာစေပါတယ်။ Metallicဆန်ဆန်အနံ့မျိုးလည်းရသလို Masculineလည်းဖြစ်တယ်။ရေရှည်စွဲပြီး ဆွတ်ကြည့်မယ်ဆိုရင် ကိုယ်သင်းနံ့လေးပါ နှစ်လိုဖွယ်ကောင်းလာနိုင်ပါတယ်။ Blind Buy မဝယ်ခင်တော့ Decant or Sample လေးနဲ့အရင်စမ်းဖို့တော့လိုမယ်။
Projectionတွေ ကြမ်း Room Fillerကြီးဖြစ်ပြီး Offense ဖြစ်နေတာမျိုးမဟုတ်ပဲ အနံ့ငြိမ်တာလေး ကို ရုံးသုံးအတွက်လိုချင်တာဖြစ်စေ၊ Scent level ကို Uniqueဖြစ်နေချင်တာမျိုး အကောင်းဆုံးဆိုတာကိုမှသုံးချင်သူ Professional Menတိုင်းအတွက်တော့
Amouage ရဲ့ Reflection ManကိုTryကြည့်ဖို့လိုမယ်ဆိုတာကိုပဲ အကြံပြုရင်း
See You With Next Content.😊
19/01/2022
Amouage Reflection Man 😎
Modern men's signature one.
13/01/2022
Decant Price List
~~~~~~~~~~~~~
အခု လောလောဆယ် ကျွန်တော့် Collectionမှာ Instock အနေနဲ့ ရနိုင်တာလေးတွေပါ။
Page Messenger မှာ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်လေးတွေပေးပို့ပြီးမှာယူနိုင်ပါတယ်ခင်ဗျ။
ဘာတွေသုံးရမလဲ မသိရင်လည်း Chatboxမှာ လာမေးမြန်းလို့ရပါတယ်။ သိရှိလေ့လာထားသလောက်အကြံပြုပေးပါမယ်။
Update Tipsတွေသိချင်တယ်ဆိုရင်လည်း PageကိုLike & Followလုပ်ထားဖို့မမေ့ပါနဲ့😉
ကျေးဇူးတင်ပါတယ် 😊
11/01/2022
Compliment ပြဿနာ🤦♂️
ဟာ...brother ဒီရေမွှေးဆွတ်ထားပြီး ကျွန်တော် feedback ကောင်းကောင်း Complimentကောင်းကောင်းပြန်မရဘူး။ Brotherညွှန်းတာလွဲနေတယ်ထင်တယ်။ အာ...ဒီဘဲက ငစားပါဗျာ...မစွံတာတွေလိုက်ညွှန်းနေတယ် ပေးရတဲ့ဈေးနဲ့မတန် စသဖြင့် မျိုးစုံကြားရပေါင်းမနည်းတော့တဲ့အခါမှာ ဘာကြောင့်လဲ ဘာကအဓိကကျလဲ
ကိုယ်တိုင် ဘာကိုလိုချင်တာလဲဆိုတာတွေကို
လမ်းမပျောက်သွားစေဖို့
သိသလောက်မျှဝေပေးပါမယ်
အခုတလောမှာ Fragrance Industryက တဖြည်းဖြည်းနဲ့ကျယ်ပြန့်လာတယ် ရေမွှေးချစ်တဲ့သူ သုံးတဲ့သူတွေလည်း တိုးလာတယ်။ အဲ့ဒီကြားထဲကမှ
"ဟာ ...မင်းဘာရေမွှေးသုံးထားတာလဲ အနံ့လေးကောင်းတယ် ငါ့ကိုညွှန်းပါဦး၊ အစ်ကိုဆွတ်ထားတာလေးကောင်းတယ်ဗျ ဘာရေမွှေးလဲ စသဖြင့် မှတ်ချက်ကောင်းတွေပေးခံရတာမျိုး ကို ခုံမင်ကြ လိုလားကြပါတယ်။ ခက်တာက လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ Imageက Fragranceနဲ့ဆုံးဖြတ်ကြတာမဟုတ်တာပါပဲ။
အနောက်နိုင်ငံတွေရဲ့ပွင့်လင်းမြင်သာဖော်ရွေတဲ့ လူမှုပတ်ဝန်းကျင်မျိုးနဲ့မတူညီတဲ့အတွက် ကိုယ်အနံ့ကောင်းကောင်းလေးနဲ့ မွှေးကြိုင်နေတာမျိုး စိတ်ကျေနပ်စေတာမျိုးဆိုရင်တောင် လူအများက ကိုယ့်အနံ့ကိုရတဲ့သူက စိတ်ထဲကနေပဲ ချီးကျူးဖြစ်လိုက်တာမျိုးပဲရှိဖို့များပါတယ်။ မသိတဲ့သူကို ဖက်လှဲတကင်းစပြီးမေးမြန့်ဖို့က ဒီက Cultureနဲ့ ဆို အစိမ်းသက်သက်ဖြစ်နေသေးတာကြောင့်ပါ။
ဒါကြောင့် Complimentကို Hungryမဖြစ်တာကောင်းပါတယ်။ ကိုယ့်ရဲ့Personalityကသာ ကိုယ့်ရဲ့Imageပါ။ ကိုယ်ဟာ တစ်ကိုယ်ရေသန့်ရှင်းမှုအလေးထားမယ် ကျန်းမာရေးဂရုစိုက်မယ် ကိုယ်ချင်းစာစိတ် ပြည့်ဝတဲ့စိတ်ထားရှိနေမယ်ဆိုရင် Fragranceဆိုတာ ဥပမာပြောရရင်ဗျာ သစ်သားတွေကို တောက်ပြောင်သွားအောင် လုပ်ပေးတဲ့ Polish နေရာကပါပဲ။ နဂိုသစ်သားမကောင်းပဲနဲ့တော့ ဘယ်လိုမှ မတောက်ပြောင်နိုင်တာကတော့ ထုံးစံပါပဲ။ ဒီတော့ ကိုယ့်ရဲ့Personalityကို သေချာတည်ဆောက်ပါ။
နောက်တချက်က ကိုယ်သူများကို complimentကောင်းမမျှဝေ ခပ်တည်တည်ခပ်တန်းတန်းနေရုံ ပြောရရင်ချေမိုးတယ်ပေါ့ဗျာ😎 ဒီလိုနဲ့တော့ တဖက်က Complimentကိုရဖို့က ခက်ပါတယ်။ ကိုယ်လိုချင်တာအတွက် သူများကိုအရင်ပေးဖို့စဉ်းစားလိုက်ရင် Fragranceနဲ့ပက်သက်ပြီး မှတ်ချက်ကောင်းပေးမယ့်သူတွေတိုးပွားလာနိုင်ပါတယ်။
နောက်တခုကတော့ ကိုယ့်ရွေးချယ်မှုမှားနေတာဖြစ်နေနိင်ပါတယ်။ ပူတဲ့အချိန်အနံ့ပြင်းတာတွေသုံးမိတာမျိုး၊ ရုံးသုံးရေမွှေး အနံ့ပျော့တာတွေကို Eventတွေ Party timeတွေမှာသုံးနေတာမျိုး၊ Clubတွေ Barတွေ Eveningပိုင်းသုံးတဲ့ Ambery Warmဖြစ်တာတွေ အနံ့ပြင်းပြီး Room Fillerဖြစ်နေတဲ့အနံ့မျိုးတွေကို ရုံးမှာသုံးနေမိတာဖြစ်ရင် Feedbackက ဆိုးဖို့များပါတယ်။ ဒါသတိထားရမယ့်ကိစ္စပါ။ သင့်ကြောင့်ဘေးလူခေါင်းကိုက်နေရရင် Fragrance မှားရွေးမိလို့ဖြစ်နိုင်ပါတယ်။
နောက်ဆုံးတခုကတော့ လူတိုင်းစိတ်ကြိုက်သင်မတတ်နိုင်တာပါပဲ။ ကိုယ့်ရေမွှေးကောင်းတွေကို နေရာမှန်အောင် Occasionနဲ့ကွက်တိဖြစ်အောင် သင်ကြိုက်သလို ရွေးလို့ဆွတ်လို့ရပါတယ်။ ကိုယ်ရေမွှေးဆွတ်တာ ကိုယ်စိတ်ကျေနပ်စေဖို့လား သူများဆီကမှတ်ချက်ကောင်းရဖို့လားဝေခွဲရမှာပါ။ Complimentရဖို့အတွက်နဲ့တော့စိတ်ညစ်မခံပါနဲ့ ကိုယ်ကြိုက်တာကိုယ်ဆွတ်ပါ။ နာမည်ကြီးတဲ့နောက် ကိုအရမ်းမလိုက်ခြင်းကတခါတလေမှာ ဈေးသင့်အနံ့ကောင်းကိုယ်နဲ့အဆင်ပြေတဲ့ ရေမွှေးမျိုးတွေကို တွေ့ရှိနိုင်ပါတယ်။
ဒီတခေါက်ပြောပြပေးတဲ့ Contentအပေါ် ဘယ်လိုထင်မြင်လဲ Commentမှာ သုံးသပ်ဆွေးနွေးလို့ရပါတယ်။
Right Fragrance Right Choice ဖြစ်ပြီး Complimentတွေလည်းရရှိကြပါစေ။
အားလုံးပဲကျေးဇူးတင်ပါတယ်။
နောက်Contentတစ်ခုမှာပြန်တွေ့မယ်။😉
03/01/2022
Welcome to S2C by The Redolence
အရင် The Redolence Pageကနေ Fragrance Tips လေးတွေတင်ပေးနေရင်း Page Restricted ဖြစ်သွားခဲ့တာကြောင့် ဒီဘက် Pageကနေ ဆက်လက်မျှဝေသွားပါမယ်ခင်ဗျ။
Fragrances အပေါ်ကျွန်တော်ထင်မြင် ခံစားမှု တွေ
ဆောင်ရန် ရှောင်ရန် Tipsလေးတွေ
Review တွေ Comparison တွေ Selections & Compliments လေးတွေ ကိုပါ ပြောပြပေးသွားမှာမို့ မိတ်ဆွေတို့အနေနဲ့ Pageလေးကို Like & Follow လုပ်ပြီးစောင့်မျှော်အားပေးကြပါဦးခင်ဗျ😊😎
01/01/2022
ကိုယ့်ရဲ့ရေမွှေးတွေကို ဘယ်လိုထားသိုသိမ်းဆည်းကြမလဲ🤔
ကဲ...ဒီတစ်ခေါက်တော့ ကိုယ့်ရဲ့
အဖိုးတန်ရေမွှေးတွေကို ဘယ်လို
သိမ်းဆည်းကြမလဲဆိုတာကို
ပြောပြပေးသွားမယ်... 👌
Avoid unstable temperature 🌡️
နေရောင်ခြည်တိုက်ရိုက်ကျတဲ့နေရာတွေ / အပူချိန် မြင့်လွန်း နိမ့်လွန်းတဲ့နေရာမျိုးတွေမှာ
ထားမယ်ဆိုရင် ရေမွှေးရဲ့ Concentrationတွေဟာ ပျက်စီးသွားနိုင်ပါတယ်။ အထူးသဖြင့်
ရေချိုးခန်းလိုနေရာတွေ မှာ စိုထိုင်းဆနဲ့ အပူအအေးမညီမျှမှူတွေအချိန်မရွေး ပြောင်းလဲနေတဲ့အတွက် မထားဖို့ အကြံပြုလိုပါတယ်။
ရေခဲသေတ္တာလို စိုထိုင်းဆ မြင့်တဲ့
နေရာမျိုးမှာလည်း လုံးဝမထားသင့်ပါဘူး။
အပူချိန်များရင် ရေမွှေးရဲ့ Essential Oilsတွေ Chemicalsတွေ ပျက်စီးတယ်ဆိုတော့
တချို့က Fridge ထဲ
သွားထည့်ထားကြပါတယ်။
မလုပ်သင့်တဲ့ ကိစ္စပါ။ 🚫
Don't put on high place 🪜
များသောအားဖြင့် Wardrobe အပေါ်တွေ
နံရံကပ်Shelfလေးတွေပေါ်မှာ ရေမွှေးတွေထားလေ့ရှိကြပါတယ်။ ထားလို့တော့ရပါတယ်။
အရမ်းမြင့်လွန်းတဲ့နေရာတွေမှာထားခြင်းက Riskများပါတယ်။ တန်ဖိုးရှိတဲ့ ရေမွှေးတွေ ကျကွဲပြီးပျက်စီးကုန်မှာတော့လိုချင်ကြမယ်မထင်ပါဘူး။ ဒါကြောင့် မြင့်လွန်းတဲ့နေရာတွေမှာ မထားပါနဲ့။ တကယ်လို့အကြောင်းအမျိုးမျိုးကြောင့်
ထားသိုရရင်တောင် အဖွင့်အပိတ် အကာအရံ ပါတဲ့ Cabinetမျိုးနဲ့ လုံခြုံစွာထားတာပိုစိတ်ချရပါတယ်။
Store in right way🌡️✅
အပူအအေးမျှတမယ့် အခန်းအတွင်း နေရောင် အလင်းရောင် တိုက်ရိုက်မကျတဲ့ နေရာတွေမှာ
ထားသိုတာကအကောင်းဆုံးပါပဲ။
သစ်သားဘီရိုဖြစ်စေ ၊ အံဆွဲဖြစ်စေ အဆင်ပြေမယ့် နေရာမှာ ထားလို့ရပါတယ်။
Temperature stableဖြစ်အောင်ထိန်းပေးမယ့်
သစ်သား Cabinet တခုခုနဲ့ထားဖို့ကိုတော့ပိုပြီး Recommendပေးချင်ပါတယ်။ Bottle တွေရဲ့ Viewလေးပါ မြင်ရတော့ စိတ်ကျေနပ်စေတာပေါ့။😊
ကိုယ့်ရဲ့ ရေမွှေးတွေကို ထားသိုပုံမှန်ကန်ဖို့ ဒီ Contentလေးက အထောက်အကူပြုမယ်လို့ ထင်ပါတယ်။ နှစ်သစ်မှာ ကိုယ့်အကြိုက်ဖြစ်စေမယ့်ရေမွှေးကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။😊
နောက်Contentတခုမှာ ပြန်တွေ့မယ်။😉
Click here to claim your Sponsored Listing.
Category
Website
Address
Yangon