Hsan Linn Aung

Hsan Linn Aung

Share

(နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)

03/05/2025

🌠🔹 #လူသိနည်းသော မြတ်ဗုဒ္ဓ၏
#ဂုဏ်တော် ၁၀၈ပါး 🔹🌠

၁။ အရဟံ - လူမင်း-နတ်မင်း-ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ - သိစရာမှန်သမျှ တရားအလုံးစုံကို ဆရာမကူ သူမတူအောင် သယမ္ဘူဉာဏ်ဖြင့် သိမြင်တော်မူသော မြတ်စွာဘုရား။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဝိဇ္ဇာသုံးပါး ၊ ဝိဇ္ဇာရှစ်ပါး ၊ စရဏတရားတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄။ သုဂတော - ကောင်းရာညွှန်ပြ ဟောကြားတော်မူတတ်သော မြတ်စွာဘုရား။

၅။ လောကဝိဒူ - လောကသုံးပါးကို အကြွင်းမဲ့သိမြင်တော်မူသော မြတ်စွာဘုရား။

၆။ အနုတ္တရောပုရိသဒမ္မသာရထိ - ဆုံးမသင့် ဆုံးမထိုက်သောသတ္တဝါတို့ကို လိမ္မာယဉ်ကျေးအောင် အတုမရှိဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

၇။ သတ္ထဒေဝမနုဿာနံ - လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါအားလုံးတို့၏ ရှေ့ဆောင်လမ်းပြဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။

၈။ ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူ၍ သတ္တဝါတို့ကိုလည်းသိမြင်အောင် ဟောပြနိုင်တော်မူသော မြတ်စွာဘုရား။

၉။ ဘဂဝါ - ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၁ဝ။ ဒဿဗလော - အားတော်ဆယ်တန် တန်ခိုးတော်မာန်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၁၁။ သဗ္ဗညု - တရားဥဿုံ အလုံးစုံကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရား။

၁၂။ မုနိန္ဒော - ရဟန်းအပေါင်းတို့၏ ဦးစီးနာယကအစိုးရတော်မူသော မြတ်စွာဘုရား။

၁၃။ ဒွိပဒတ္ထမ - ပြိုင်ဘက်ဂုဏ်ထူး အထူးအားဖြင့် နှစ်ဆူမရှိတော်မူသော မြတ်စွာဘုရား။

၁၄။ စက္ခုမန္တ - စက္ခုဣန္ဒြေ ငါးထေနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။

၁၅။ အဂ္ဂိရဿ - ရောင်ခြည်တော် တပြောင်ပြောင် တဝင်းဝင်း ထွန်းလင်းတောက်ပ တော်မူသောမြတ်စွာဘုရား။

၁၆။ လောကနာထ - လောကသုံးပါးတို့၏ ကိုးကွယ်ရာအစစ်ဖြစ်တော်မူသော မြတ်စွာဘုရား။

၁၇။ မဟေသီ - သီလက္ခန္ဓစသည့် ကျေးဇူးဂုဏ်အထူးတို့ကို ရှာမှီးတွေ့ရှိတော်မူသော မြတ်စွာဘုရား။

၁၈။ သမန္တစက္ခု - သဗ္ဗညုတဥာဏ် ၊ စက္ခုဉာဏ်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၁၉။ မာရဇိန - မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၂ဝ။ ဓမ္မရာဇာတိ - တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား။

၂၁။ မဟာမုနိ - မုနိတကာတို့ထက် ကြီးမြတ်တော်မူသော မြတ်စွာဘုရား။

၂၂။ ဒေဝဒေဝေါ - နတ်မျိုးများစွာ နတ်တကာတို့ထက် မြင့်မြတ်တော်မူသော မြတ်စွာဘုရား။

၂၃။ ဓမ္မဿာမိ - တရားအပေါင်းတို့၏ အရှင်ဖြစ်တော်မူသော မြတ်စွာဘုရား။

၂၄။ လောကဂရု - လောကသုံးပါး အလေးထား၍ လေးစားထိုက်သော မြတ်စွာဘုရား။

၂၅။ တထာဂတံ - ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား။

၂၆။ သယမ္ဘူ - အလုံးစုံသော တရားတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရား။

၂၇။ ဝရပညော - မြတ်သောပညာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၂၈။ ယောဇိနော - မာရ်စစ်အင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၂၉။ နရာသဘာ - လူ ၊ နတ် ၊ ဗြဟ္မာတို့ထက် မြင့်မြတ်တော်မူသော မြတ်စွာဘုရား။

၃ဝ။ မုနိသာရ - ရသေ့ ၊ ရဟန်းအပေါင်းတို့ကို အစိုးရတော်မူသော မြတ်စွာဘုရား။

၃၁။ လောကနာယက - လူ ၊ နတ် ၊ ဗြဟ္မာ၊ သတ္တဝါတို့၏ ခရီးလမ်းကို ညွန်ပြတော်မူသော မြတ်စွာဘုရား။

၃၂။ အမတံ - သေခြင်းကင်းရာ နိဗ္ဗာန်ချမ်းသာခြင်းကို ရရှိတော်မူသော မြတ်စွာဘုရား။

၃၃။ သန္တံ - ဆိတ်ငြိမ်ခြင်း ၊ ရောင့်ရဲခြင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၃၄။ အသမံ - ပြိုင်ဘက်ကင်းစွာ ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၃၅။ သရဏံ - ကိလေသာတို့မှ ကင်းဝေးတော်မူသော မြတ်စွာဘုရား။

၃၆။ အဘယံ - ဘေးလွတ်ကင်းရာ သတ္တဝါတို့ကို ပို့ဆောင်ပေးတော်မူသော မြတ်စွာဘုရား။

၃၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရား။

၃၈။ ဓိတိမာ - တည်ကြည်သော သမာဓိရှိသော မြတ်စွာဘုရား။

၃၉။ အနေဓံ - လောင်မီးတဏှာ ကင်းရှင်းတော်မူသော မြတ်စွာဘုရား။

၄၀။ ဥပေတပညော - ပညာအဓိကဖြင့် ပြည့်ဝတော်မူသော မြတ်စွာဘုရား။

၄၁။ မဓုရဝရသရော - သာယာသော အသံတော်မြတ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄၂။ နရဒေပဟီတံ - လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါတို့၏ အကျိုးကိုဆောင်တော်မူသော မြတ်စွာဘုရား။

၄၃။ ဒယာလယံ - မဟာဂရုဏာတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄၄။ ဝိရဇံ - ရာဂကင်းရှင်းတော်မူသော မြတ်စွာဘုရား။

၄၅။ သူမတိ - ကောင်းမြတ်သော အယူရှိတော်မူသော မြတ်စွာဘုရား။

၄၆။ နရပူစိတံ - လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါတို့ပူဇော်ထိုက်တော်မူသော မြတ်စွာဘုရား။

၄၇။ ပါရပတ္တံ - နိဗ္ဗာန်ကမ်းတဖက်သို့ တက်လှမ်းရောက်ရှိတော်မူသော မြတ်စွာဘုရား။

၄၈။ တာဏံ - သတ္တ၀ါတို့ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား။

၄၉။ လေဏံ - သတ္တဝါတို့မှီခိုရာ ဖြစ်တော်မူသော မြတ်စွာဘုရား။

၅၀။ ဒက္ခိဏေယျံ - မြတ်သောအလှူကို ခံတော်မူထိုက်သော မြတ်စွာဘုရား။

၅၁။ ဒိဝါဏရ - နေမင်းကဲ့သို့ ထွန်းလင်းသော အရောင်ရှိတော်မူသော မြတ်စွာဘုရား။

၅၂။ အဘင်္ဂ - မာရ်စစ်သည်တို့ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၅၃။ ဂေါတမ - ဘဒ္ဒကမ္ဘာ ဘဂဝါဟု နာမတစ်ဆူ ထင်ရှားတော်မူသော မြတ်စွာဘုရား။

၅၄။ အာဒိစ္စဗန္တု - နေမင်း၏ အဆွေလည်း ဖြစ်တော်မူသော မြတ်စွာဘုရား။

၅၅။ အစိန္တေယျ - မကြံစည်နိုင်သော ဘုန်းတော် ၊ ကံတော် ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၅၆။ အပ္ပမေယျ - မနှိုင်းယှဉ်နိုင်သော ဘုန်းတော် ၊ ကံတော် ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၅၇။ သေဌော - လောကသုံးပါးထက် မြတ်တော်မူသော မြတ်စွာဘုရား။

၅၈။ စေဌော - လောကသုံးပါးထက် ကြီးတော်မူသော မြတ်စွာဘုရား။

၅၉။ ပရမံ - သတ္တဝါအပေါင်းတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား။

၆ဝ။ အနုတ္တရံ - သာလွန်သူမရှိတော်မူသော မြတ်စွာဘုရား။

၆၁။ တိလောကန္တဂူ - လောကသုံးပါး၏ အဆုံးသို့ ရောက်တော်မူသော မြတ်စွာဘုရား။

၆၂။ အသင်္ချေယျ - မရေတွက်နိုင်သော ဘုန်းတော် ၊ ကံတော် ၊ ဉာဏ်တော်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၆၃။ မဟာကဝိန် - မဟာကဝိ ပညာရှိတော်မူသော မြတ်စွာဘုရား။

၆၄။ အပ္ပဋိပုဂ္ဂလော - လောကတစ်ခွင် နှိုင်းတုမမြင်သော မြတ်စွာဘုရား။

၆၅။ မုနိန္ဒာသီပဝရ - ငါးတန်သော မုနိတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား ။

၆၆။ အနန္တဂူ - အ - အဆုံးမရှိသော နိဗ္ဗာန်သို့ ကြွမြန်းတော်မူသော မြတ်စွာဘုရား ။

၆၇။ နရိန္ဒ - လူအပေါင်းတို့ကို အစိုးရတော်မူသော မြတ်စွာဘုရား ။

၆၈။ ဒေဝိန္ဒ - နတ်အပေါင်းတို့ကို အစိုးရတော်မူသော် မြတ်စွာဘုရား။

၆၉။ ဗြဟိန္ဒ - ဗြဟ္မာအပေါင်းတို့ကို အစိုးရတော်မူသော် မြတ်စွာဘုရား ။

၇၀။ တိဘဝပါရဂူ - ကာမရူပ -အရူပ ဘဝတို့၏ တစ်ဖက်ကမ်းသို့ တက်လှမ်းရောက်တော်မူသော မြတ်စွာဘုရား ။

၇၁။ လောကဥသျှောင် - သုံးလောကထွဋ်ထားအမြတ်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား ။

၇၂။ သစ္စဝါဒီ - မှန်သောအယူရှိတော်မူသော မြတ်စွာဘုရား။

၇၃။ မောဟတမံ - မောဟအမိုက်တိုက်ကို ပယ်ရှင်းတော်မူသော မြတ်စွာဘုရား ။

၇၄။ ဥာဏလောကံ - ဉာဏ်အလင်းထွန်းပြောင်သော မြတ်စွာဘုရား ။

၇၅။ မဟာဝီရော - ဝီရိယကြီးမားတော်မူသော မြတ်စွာဘုရား။

၇၆။ မဟာဓမ္မံ - ကြီးမြတ်သော အဘိဉာဉ်နှင့် အရဟတ္တဖိုလ်တည်းဟူသော ဓမ္မဘုန်းတော်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၇၇။ တိလောကဝိဇ္ဇကော - လောကသုံးပါး အားကိုးရာဆေးဆရာ သဖွယ်ဖြစ်တော်မူသော မြတ်စွာဘုရား ။

၇၈။ သတ္တဝါတော - သတ္တဝါအနန္တ၏ ယာဉ်မှူးလည်းဖြစ်တော်မူသော မြတ်စွာဘုရား ။

၇၉။ သဗ္ဗဂုဏာကရော - ခပ်သိမ်းကုန်သော တည်ရာဖြစ်တော်မူသော မြတ်စွာဘုရား ။

၈ဝ။ ပုရိသာဇည - မြတ်သောယောင်္ကျား အာဇာနည်ကြီး ဖြစ်တော်မူသောမြတ်စွာဘုရား

၈၁။ မုနိပုင်္ဂဝေါ - ရဟန်းတကာတို့၏ အရှင်ဖြစ်တော်မူသော မြတ်စွာဘုရား ။

၈၂။ စိတြဝါစတော - ဆန်းကျယ်သော တရားစကားဟောကြားတော်မူသော မြတ်စွာဘုရား ။

၈၃။ ဘူရိပညော - မြေထုပမာ ခန့်ခိုင်ကြီးမားတော်မူသော မြတ်စွာဘုရား။

၈၄။ သိရိမဟေ - ဘုန်းကျက်သရေ ကြီးမားတော်မူသော မြတ်စွာဘုရား ။

၈၅။ သကျမုနိ - သာကီဝင်မင်းတို့ ထွဋ်ခေါင် ဦးဆောင်နိုင်တော်မူသော မြတ်စွာဘုရား ။

၈၆။ သုသမာဟိတော - ကောင်းစွာတည်ကြည်သော နှလုံးသားရှိတော်မူသောမြတ်စွာဘုရား

၈၇။ ခယ - ရာဂ ကိလေသာ ကုန်ရာနိဗ္ဗာန်သို့ ကြွမြန်းတော်မူသော မြတ်စွာဘုရား ။

၈၈။ ဂမ္ဘီရပညော - နက်နဲ ခက်ခဲသော ပညာရှိတော်မူသော မြတ်စွာဘုရား ။

၈၉။ ဝရညူ - မြတ်သောတရားတော်များကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရား

၉ဝ။ တတ္ထိသာဝရခက္ခဏော - (၃၂)ပါးသော ယောက်ျားမြတ် လက္ခဏာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၉၁။ ဝိတမိဒ္ဓေါ - ငိုက်မျဉ်းခြင်းကင်းတော်မူသော မြတ်စွာဘုရား ။

၉၂။ နိယျာနိတံ - သံသရာဝဋ်တွင်းမှ လွတ်ကင်းအောင်ထုတ်ဆောင်သော မြတ်စွာဘုရား ။

၉၃။ သုဒေသီတံ - ကောင်းသောတရားကို ဟောကြားတော်မူသော မြတ်စွာဘုရား ။

၉၄။ သကျပုတ္တ - သာကီဝင်နွယ်ဖွား မြတ်သောမင်းသား ဖြစ်တော်မူသော မြတ်စွာဘုရား ။

၉၅။ ၊ ဝိတသာရဒါ - ရွံ့ကြောက်ခြင်းကင်းတော်မူသော မြတ်စွာဘုရား ။

၉၆။ အသမသဟ - ပစ္စေကဗုဒ္ဓါတို့နှင့် မတူဘုရားချင်းသာတူတော်မူသော မြတ်စွာဘုရား။

၉၇။ မဟိဒ္ဓိကာ - ကြီးမားသော တန်ခိုးတော်ရှိတော်မူသော မြတ်စွာဘုရား။

၉၈။ ဝေသာရဇ္ဇ - ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၉၉။ ပရာယန - သတ္တဝါတို့မှီခိုလဲလျောင်းရာဖြစ်တော်မူသော မြတ်စွာဘုရား ။

၁ဝဝ။ အနန္တဥာဏော - အပိုင်းအခြားမရှိသော ဉာဏ်တော်ရှိတော်မူသော မြတ်စွာဘုရား ။

၁၀၁။ ယီနာဒ - ခြင်္သေ့မင်းကဲ့သို့ အသံဩဇာရှိတော်မူသော မြတ်စွာဘုရား ။

၁ဝ၂။ အပ္ပဋိဝတ္တိ - နှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်မရှိသော မြတ်စွာဘုရား ။

၁ဝ၃။ ပုရသတ္တမေ - ယောက်ျားတကာတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား ။

၁ဝ၄။ မဟာယသံ - အခြံအရံပေါများခြင်း ဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၁ဝ၅။ မတဗ္ဗလော - ကြီးမားသော ခွန်အားနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၁၀၆။ မဟာကာမံ - စိတ်ရှိသမျှလိုသော ဆန္ဒနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၁၀၇။ မဟာဒီပါ - မှီခိုအားထားရာ ကျွန်းကြီးသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရား ။

၁ဝ၈။ အနန္တဗောဓိ - အဆုံးအပိုင်းအခြားမရှိသော တရားဉာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ဟု
ရွတ်ဖတ်ပူဇော်၍သော်လည်းကောင်း ၊ ဂုဏ်တော်တပါး ပုတီးတလုံးချ၍သော်လည်းကောင်း မြတ်ဘုရား၏ဂုဏ်တော်ပူဇော်သူများသည် အကျိုးအနန္တဖြစ်ထွန်းစေသတည်း။

💙
#ဧကရီမှထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်
===============

#မူရင်းပို့စ်တင်သူ_အဆင့်ဆင့်မျှဝေသူများကို_ကျေးဇူးတင်စွာဖြင့်
ူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်

18/08/2024

ပုထုဇဉ်တိုင်း ကြုံတွေ့ရမယ့်
ဘေးကြီးလေးမျိုး ရှိပါတယ်

ဘေးဆိုတာ ကြောက်စရာပါပဲ ။
ဒါပေမယ့် ပုထုဇဉ်တိုင်း မကြောက်ကြပါဘူး ။

ဘာကြောင့်လဲ ဆိုတော့ ဘေးရှိမှန်း မသိလို့ပါပဲ ။

မျက်ကန်း တစ္ဆေမကြောက် ဆိုတဲ့ စကားအတိုင်း ပါပဲ ။ မျက်စိကန်းနေတဲ့သူကို တစ္ဆေက ဘယ်လို ခြောက်ခြောက် မကြောက်ပါဘူး ။

ဘာကြောင့်လဲ ဆိုတော့ တစ္ဆေကို မမြင်ရတဲ့ အတွက် ကြောင့်ပါပဲ ။

ဒီဘေးကြီးကို သေချာသိတဲ့ လူကတော့ ကြောက်ပါတယ် ။ ကြောက်လို့လဲ ဒီဘေးကြီးက လွှတ်မြောက်ရာ တစ်ခုတည်းသော လမ်း ဖြစ်တဲ့ ဝိပဿနာ မဂ္ဂင်လမ်းကို လျှောက်ကြတာ ဖြစ်ပါတယ် ။

#အဲဒီဘေးကြီးတွေက ..........
၁။ ဝိနိပါတ ဘေး
၂။ နာနာသတ္ထဥလ္လောကန ဘေး
၃။ ဒုစ္စရိတ ဘေး
၄။ အပါယ ဘေး . . . တို့ပဲ ဖြစ်ပါတယ် ။

---------------------------------------------

၁။ ဝိနိပါတ ဘေး ........ ဆိုတာ
သေပြီးတဲ့နောက် ကျချင်ရာဘုံကျ , ရောက်ချင်ရာ ဘုံ ရောက်ရတဲ့ ဘေးပါ ။

၂။ နာနာသတ္တဥလ္လောကန ဘေး ..... ဆိုတာကတော့
ဆရာမှားတဲ့ ဘေး (တနည်း) ဘုရားမှားတဲ့ ဘေးပါ ။

၃။ ဒုစ္စရိတ ဘေး ............ ဆိုတာ
မကောင်းမှု အကုသိုလ် ပြုမိတဲ့ ဘေးပါပဲ ။

၄။ အပါယ ဘေး ........... ဆိုတာ
အပါယ်လေးပါး ကျရတဲ့ ဘေးပါ ။

------------------------------------------------

ဒီဘေးကြီးလေးမျိုးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု ရှိနေပါတယ် ။

ဝိပဿနာဉာဏ်အမြင် မရှိတဲ့ အန္ဓပုထုဇဉ် အဖြစ်နဲ့ သေမယ် ဆိုရင် ဘာသာခြားမိခင်ရဲ့ ဝမ်းထဲလည်း ရောက်နိုင်ပါတယ် ။

အဲဒီလို ရောက်ရတာဟာ (၁)ဝိနိပါတဘေး ကြောင့်ပါပဲ ။

ဘာသာခြားမိဘ လက်ထဲ ရောက်တာနဲ့ ဘာသာခြား ဘုရားကို ကိုးကွယ်ရပါပြီ ။

အဲဒါ (၂)နာနာသတ္တဥလ္လောကနဘေး ဆိုက်တာပါ ။

တစ်ခါ ဘာသာခြားဘုရားက တိရစ္ဆာန်သတ်မှ ကုသိုလ် ရတယ် လို့ ဟောတဲ့အတွက် တိရစ္ဆာန် တွေကို သတ်မိပြန်ပါတယ် ။

ဒါဟာ (၃) ဒုစ္စရိတဘေး ဆိုက်တာပါ ။

အဲသလို မကောင်းတဲ့ ဒုစရိုက်တွေ ကျူးလွန်မိတဲ့ အတွက် သေပြီးတဲ့နောက် အပါယ်လေးပါး ကျရောက်ရပါတယ် ။

ဒါဟာ အပါယဘေး ဆိုက်တာပါပဲ ။

-----------------------------------------------

ဒီ ( ၄ ) ခုထဲမှာ (၁)ဝိနိပါတဘေး အကြောင်းကို အကျယ်ချဲ့ ပြောလိုပါတယ် ။

ဒါန , သီလ , သမထ လောကီကုသိုလ်တွေ
ဘယ်လောက်ပဲ ရှိရှိ သုဂတိဘုံသာ ရောက်ရမယ် လို့
ဧကန်မုချ မပြောနိုင်ပါဘူး ။

သေခါနီး စိတ်မထားတတ်ရင်
အပါယ်လေးပါး ကျရောက်နိုင်ပါသေးတယ် ။
ဒါကြောင့်လည်း " ဝိနိပါတ " ကျချင်ရာဘုံကျ
ရောက်ချင်ရာဘုံ ရောက်ရတဲ့ ဘေးလို့ ဆိုလိုတာပါပဲ ။

ပုထုဇဉ်တိုင်း တွေ့ကြုံရမယ့် ဘေးကြီးလေးမျိုးက လွတ်မြောက်ဖို့အတွက် ဝိပဿနာတရား ပွားများ အားထုတ်ခြင်းကလွှဲလို့ တခြား မရှိပါဘူး ။

" မေတ္တာရှင် ရွှေပြည်သာ -
မဂ်တား ဖိုလ်တား အန္တရာယ်များ " ( စာ- ၂၈-၃၀ )
Credit >>ဓမ္မ နှစ်သက်သူ
ပြန်လည်မျှဝေပါသည်။ဇာဏီ(ကံမ)။

Photos from Hsan Linn Aung's post 03/12/2022

(နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)

01/12/2022

မိန်းမမြတ်လက္ခဏာ (၆၄)ပါး
************

(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖဝါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

*******************************************************
ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင့်တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၄။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ဖွံ့သောပေါင်ရှိခြင်း
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့သွားခြင်း
၁၀။သေးသွယ်သော ခါးရှိခြင်း
၁၁။သိမ်မွေ့သော အင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ဖြိုးသော တင်သားရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့မွှေးသောကိုယ်နံ့ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၄။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့်နှင့်သာယာသောအသံရှိခြင်း
၃။ဥဩသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။လပြည့်ဝန်းနှင့်တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၄။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့်ဖြိုးသောပါးရှိခြင်း
၆။မှဲ့ ဝက်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့သို့ နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့်ဖြတ်သည့်အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ရှိခြင်း
၂။ကြာညိုပန်းနှင့်တူသောမျက်စေ့
(အချို့မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၄။ပဒုမ္မာကြာကဲ့သို့ အချို့မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့သော ဆံပင်ရှိခြင်း

မိန်းမမြတ်တို့၏ လက္ခဏာ ၆၄ ရပ်တည်း
Credit > wikipedia.org

Photos from Hsan Linn Aung's post 14/11/2022

(နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)

မဟာသမယသုတ်တော်...အနက်ပြန်

Photos from Hsan Linn Aung's post 28/10/2022

(နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)

ဝိပါတ်တော် (၁၂) ပါး...

ငရဲမှာ အပ / ဝဋ်မှာ အမြဲ

Photos from Hsan Linn Aung's post 26/10/2022

🙏🙏🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon