Kathryn Beauty by Yin Nwe

Kathryn Beauty by Yin Nwe

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kathryn Beauty by Yin Nwe, Beauty, cosmetic & personal care, Yangon.

Photos from Kathryn Beauty by Yin Nwe's post 13/06/2023

pageမှာfollowerတွေထောင်ကျော်နေပါလားအရင်(KB skin care)ရောင်းတုန်းကဖွင့်ထားတာပါအခုမရောင်းဖြစ်သေးလို့ဘာမှမတင်တာကြာပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နော်💙
KB eye maskလေးကပ်ထာတာပါရှင့်💎

Photos from Yin Nwe's post 10/02/2022
12/01/2021

စိုပြည်ဝင်းပ Glow နေတဲ့မျက်နှာလေးကို ပိုင်ဆိုင်ဖို့အတွက် Skincare ပစ္စည်းတွေဟာ အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်နော်...

ဒီလို Skincare တွေ အသုံးပြုတော့မယ်ဆိုရင် ကိုယ့်ရဲ့ အသားအရေနဲ့ ရေရှည် အဆင်ပြေစေမယ့် Product တွေကိုသာ ရွေးချယ်သင့်ပါတယ်

Skincare ပစ္စည်းသုံးဖို့အတွက် KB လေးတို့အနေနဲ့ ကိုယ့် Skin Type ကိုရော သေချာသိရဲ့လား

လူတိုင်းမှာတော့ မတူညီတဲ့ Skin Types အမျိုးမျိုးရှိကြပါတယ်...ဒီနေ့မှာတော့ Skin Types (၅)မျိုးအကြောင်းကို ပြောပြပေးမယ်နော်...

Normal Skin
Oily Skin
Combination Skin
Dry Skin
Sensitive Skin ဆိုပြီး (၅) မျိုးရှိပါတယ်

" "

ပုံမှန်အသားအရေကို ပိုင်ဆိုင်ထားတဲ့သူတွေကတော့ ကံကောင်းတဲ့သူတွေပါပဲ.အဆီလည်း မပြန်၊ အသားလည်း မခြောက်တာမို့ ရေဓာတ်ပြည့်ဝတဲ့အသားအရေပိုင်ရှင်ပဲ ဖြစ်ပါတယ်

" "

ဒီအသားအရေပိုင်ရှင်တွေကတော့ ချွေးပေါက်ကျယ်ပြီး အမဲစက်နဲ့ ဝက်ခြံထွက်လွယ်၊ T-Zone နဲ့ မျက်နှာအနှံ့မှာ အဆီပြန်လွယ်ကြပါတယ်..ဒီလို Oily Skin ရှိတဲ့သူတွေကတော့ မျက်နှာအတွက် Skincare ရွေးတဲ့အခါမှာ သေချာမေးမြန်းဝယ်ယူသင့်ပါတယ်နော်

" "

ဒါကတော့ Normal Skin နဲ့ Oily Skin ကို ပေါင်းစပ်ထားတဲ့အသားအရေမျိုးပါ...T-Zone လိုနေရာမျိုးမှာ အဆီပြန်ပြီး ပါးနေရာမှာ ခြောက်သွေ့တတ်သလို နှာခေါင်းတစ်ဝိုက် ချွေးပေါက်ကျယ်တာမျိုးဖြစ်တတ်တဲ့ အသားအရေပဲ ဖြစ်ပါတယ်

" "

Dry Skin အသားအရေကိုတော့ အအေးပိုင်းဒေသကသူတွေ အများဆုံးပိုင်ဆိုင်ကြပါတယ်...ရေဓာတ်ကုန် ခမ်းနေလို့ အသားအရေခြောက်ကပ်တာ၊ အသားပပ်ပြီး အသားအရေယားယံခြင်းတို့ ဖြစ်တတ်တဲ့ Skin Type အမျိုးအစားပဲ ဖြစ်ပါတယ်

" "

ဒီလို Sensitive Skin ကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့ Skincare ပစ္စည်းရွေးချယ်တဲ့အခါမှာ တော်တော်ကို သတိထားရွေးချယ်သင့်ပါတယ်...ဘာလို့လဲဆိုတော့ သူက Product အများစုနဲ့မတည့်တာမျိုးဖြစ်တတ်ပြီး အသားနီရဲလာတာတွေ၊ အသားအရေယားယံပြီး အဖုထွက်တတ်တာတွေကြောင့် သေချာရွေးချယ် အသုံးပြုသင့်ပါတယ်

ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့အသားအရေက ဘယ်အမျိုးအစားထဲပါဝင်တယ်ဆိုတာ သိသွားလောက်ပြီပေါ့နော်

Kathryn Beauty ကထုတ်တဲ့ Skincare Products တွေဟာ အသားအရေတိုင်းနဲ့ကိုက်ညီအောင် စီမံထုတ်လုပ်ထားတာဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်နဲ့ FDA ပါရရှိထားတဲ့အတွက်ကြောင့် ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအသုံးပြုနိုင်ပါတယ်ရှင်...

အော်...ဒါနဲ့ KB လေးတို့ရဲ့ အသားအရေကရော ဘယ် Skin Type ထဲပါတယ်ဆိုတာ ကွန်မန့်မှာ ပြောသွားပေးကြပါဦးနော်...😉

12/01/2021

ညအိပ်ရာဝင်ခါနီးတိုင်း KB Eye Mask လေးကပ်ဖို့ မမေ့နဲ့နော် 😴...

တစ်နေကုန်ပင်ပန်းထားသမျှတွေနဲ့ မျက်ကွင်းညိုခြင်း မျက်အိတ်ဖြစ်ခြင်းနဲ့ အရေးအကြောင်းတွေကို ကာကွယ်ပေးဖို့ KB Eye Mask လေးကို ညစဉ် သုံးနော်... 💙

01/01/2021

2021 မှာ KB နဲ့ အတူ လှသွေးကြွယ်ကြမယ် ....

မိန်းကလေးတိုင်းကို ယုံကြည်မှုရှိစွာ လှစေချင်တာ KB ရဲ့ စေတနာပါ ... .... အကောင်းဆုံးတွေကိုပဲ အားလုံးအတွက် ပေးချင်ပါတယ် ... အလှအပဆိုတာ မိမိကိုယ်ကို ချစ်မြတ်နိုးခြင်းကပဲ စတင်ပါတယ် ... KB နှင့်အတူ မိမိကိုယ်ကို ချစ်ခင်မှု ယုံကြည်မှုတွေတည်ဆောက်ကြရအောင်

Shine Bright Like a Diamond

Dr.Kathryn
Founder of KB
Kathryn Beauty International Co., Ltd.

29/12/2020

အသက်အရွယ်ရလာတာနဲ့အမျှ အသားအရေနဲ့ပတ်သက်တဲ့ပြဿနာတွေကို ရှောင်လွှဲလို့မရနိုင်ပါဘူး.ဒါပေမယ့် အဖြစ်မစောရလေအောင်တော့ KB ရဲ့ Skincare Products လေးတွေနဲ့ အသားအရေ ထိန်းသိမ်းလို့ရပါတယ်

ဒီနေ့မှာတော့ Kathryn Beauty ရဲ့ Products (5) မျိုးကို အသုံးပြုပြီး KB လေးတို့ အသားအရေကို အမြဲကျန်းမာလှပနေအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြပေးမယ်နော်🙆
(, )

ပထမဆုံး Skincare Steps တွေထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ Cleansing Step ကို KB ရဲ့ Facial Cleanser လေးကို အရင်ဆုံး အသုံးပြုပေးရပါမယ်
ပြင်ပက လေထုတွေနဲ့ ဖုန်မှုန့်အညစ်အကြေးတွေကြောင့် မျက်နှာပေါ်က ချွေးပေါက်၊ အဆီခဲပိတ်ဆို့တာတွေ၊ တစ်နေကုန် လိမ်းထားတဲ့ Make up တွေကို ဖယ်ရှားသန့်စင်ဖို့ အတွက်ဆိုရင် Cleansingကို မနက် တစ်ကြိမ်၊ ည တစ်ကြိမ် ပုံမှန် သေသေချာချာလေးလုပ်ပေးဖို့ လိုအပ်ပါတယ်



KB Facial Cleanser ကို သုံးတဲ့အခါမှာ မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်တာမျိုး မဟုတ်ဘဲ လက်ဖဝါး နှစ်ဖက်ပေါ် မှာ သေချာလေး အမြှုပ်ထွက်အောင်ပြုလုပ်ပြီးမှ မျက်နှာပေါ် ဖိဖိပြီး အချိန် ၃၀ စက္ကန့် ကနေ ၁မိနစ်လောက်အထိကို ညင်သာစွာ သန့်စင်ပေးရပါမယ်...KB ရဲ့ ထူးခြားချက်က Smoothing Effect ပါလို့ မျက်နှာရေဆေးချပြီးတာနဲ့ စိုစိုအိအိလေး ကျန်ခဲ့နေစေမှာပါ...
- (, )

နေ့စဥ်နဲ့အမျှ ထိတွေ့နေရတဲ့ လေထုညစ်ညမ်းမှုတွေ၊ မမြင်နိုင်တဲ့ virus တွေကြောင့် အသားအရေ ပျက်စီးတာ၊ ဝက်ခြံပေါက်လို့ ဝက်ခြံအမာရွတ်တွေ ကျန်ခဲ့တာမျိုး ကြုံဖူးကြမှာပါ.ဒီလို အသားအရေပျက်စီးမှုတွေကို ကုသဖို့ နဲ့ ထပ်မဖြစ်ရအောင် အားဖြည့်ဖို့အတွက်ဆိုရင် Kathryn Beauty ရဲ့ Vitamin-C Essence လေးကို နေ့စဥ် Cleansing နဲ့ Toning Step ပြီးသွားတဲ့အခါမှာ လိမ်းပေးသင့်ပါတယ်



Essence ကို လက်ဖဝါးနှစ်ဖက်ပေါ်မှာ တင်ပြီးတာနဲ့ မျက်နှာအသားအရေထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်သွားအောင် ညင်ညင်သာသာနဲ့ ညီညီညာညာလေး နှံ့အောင်လိမ်းပေးရပါမယ်..ပြီးပြီဆိုရင်တော့ စိုပြည်တဲ့ Glow Lookလေး ရလာပါလိမ့်မယ်နော်..
- (, )

အခုလို ဆောင်းရာသီမှာ မျက်နှာခြောက်သွေ့နေရင် မိတ်ကပ်လိမ်းလို့ အဆင်မပြေပါဘူး..ဒါကြောင့် မျက်နှာအသားအရေ စိုပြည် ဝင်းပနေအောင် Kathryn Beauty ရဲ့ Vitamin-C Facial Lotion နဲ့ ရေဓာတ်ဖြည့်ပေးသင့်ပါတယ်...အဆီပြန်တတ်တဲ့သူတွေအတွက်တော့ ညအိပ်ခါနီးအချိန်မှသာ လိမ်းသင့်ပါတယ်



Facial Lotion ကို လက်ဖဝါးပေါ် ထည့်ပြီးတာနဲ့ မျက်နှာအသားအရေပေါ်မှာ နှံ့နေအောင် ညီညီညာညာလေး ပုတ်ပုတ်ပြီး လိမ်းပေးရပါမယ်Vit-C Essence နဲ့ တွဲသုံးမယ်ဆိုရင်တော့ Glass & Glow Skin လေးကို ပိုင်ဆိုင်နိုင်ပါပြီနော်...
(, )

ကဲ...အပေါ်ကအဆင့်တွေ အကုန်ပြီးသွားပြီဆိုတော့ KB တို့ရဲ့ Panda မျက်လုံးလေးတွေကို ကုစားဖို့အချိန်ရောက်ရှိလာပြီပေါ့

မျက်ကွင်းညိုတာတွေ၊ အရေးအကြောင်းဖြစ်တာတွေ၊ မျက်အိတ် နဲ့ မျက်ဝန်းတစ်ဝိုက် အသားအရေခြောက်သွေ့တာတွေကို သက်သာစေဖို့အတွက် KB ရဲ့ Hydro Gel Eye Mask လေးကို နေ့စဥ်မှန်မှန် ကပ်ပေးသင့်ပါတယ်ဒါ့အပြင် Collagen ပါဝင်တာကြောင့် မျက်ဝန်းအသားအရေကို စိုပြည်တင်းရင်းနေစေမှာ အမှန်ပါပဲနော်



KB Hydrogel Eye Mask နှစ်ချပ်ကို မျက်ဝန်းတစ်ဖက်စီမှာ ကပ်ပြီး ကိုယ်ထားချင်တဲ့အချိန်ထိ ထားလို့ရပါတယ်...ခွာချလိုက်တာနဲ့ မျက်ဝန်းတစ်စုံက ထူးခြားနေမှာ သေချာပါတယ်
- (, )

မျက်နှာအသားအရေကိုပဲ ထိန်းသိမ်းနေလို့မရပါဘူး...ခန္ဓာကိုယ်အသားအရေကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်နော်...အခုလို ဆောင်းတွင်းကာလမှာ အသားပပ်တာမျိုးတွေ မဖြစ်ရအောင် ရေဓာတ်ဖြည့်ဆည်းပေးဖို့ အရမ်းအရေးကြီးပါတယ်...KB ရဲ့ Vitamin-C Body Lotion ကို နေ့စဥ်မှန်မှန်သုံးပေးမယ်ဆိုရင်တော့ ဆောင်းတွင်းမှာ အသားအရေခြောက်လို့ ဖြစ်ရတဲ့ ဒုက္ခတွေ ဝေးပြီပေါ့....🙅



KB ရဲ့ Vitamin-C Body Lotion ကို ခန္ဓာကိုယ်အသားထဲ စိမ့်ဝင်သွားအောင် ပွတ်လိမ်းပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် မှန်မှန် သေချာလိမ်းပေးရပါမယ်

ကဲ. ဒီလောက်ဆိုရင်တော့ KB လေးတို့အနေနဲ့ Kathryn Beauty Products တွေကို ဘယ်လိုစနစ်တကျ သေချာလိမ်းပေးရမယ်ဆိုတာ သိသွားကြပြီထင်ပါတယ်.

အားလုံးပဲ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ KB ကနေ ဆုတောင်းပေးလိုက်တယ်နော်.😍

KB Myanmarရဲ့ Productsတွေဟာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များနဲ့ မြန်မာနိုင်ငံမှာပါ FDAလက်မှတ်ရရှိပြီးဖြစ်တဲ့အတွက် KB products တွေကို ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်ရှင့်...

လှိုင်မြို့နယ်တွင်း deli freeဖြင့်ပို့ပေးပါတယ်နော်
Cb or 09750148991



&GlassSkinWithKB

Culinary Team

Attire

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Kathryn Beauty by Yin Nwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.