WellBe Online Mall

WellBe Online Mall

Share

Beauty for your life.

18/08/2023

💁‍♀️ မိန်းမတစ်ယောက်မှာ အပြင်ပန်းအလှအပအပြင် အတွင်းစိတ်ကပါလှပနေမှ တန်ဖိုးရှိတဲ့မိန်းမတစ်ယောက်ဖြစ်မှာ
💁‍♀️ ဒါကြောင့်အလှအပရေးရာနဲ့ပတ်သက်တဲ့ စာပေဗဟုသုတလည်းဖတ်ရမယ်
💁‍♀️ စိတ်ဓါတ်လှဖို့လည်း နှလုံးသားအဟာရစာပေတွေ ဖတ်ဖို့လိုအပ်ပါတယ်

30/05/2022

https://m.facebook.com/story.php?story_fbid=558712432289916&id=100044534915238

[REVIEW] BB LAB – THE COLLAGEN POWDER S (SEASON 2)

Easy to drink, delicious, effective and worth the price.

အခုနောက်ပိုင်းမှာ အမျိုးသမီးတွေအနေနဲ့ အသားအရေလျော့ရဲမှုကနေပြီးတော့ ကာကွယ်တဲ့အနေနဲ့ collagen ကိုအသက် ၂၅ ကျော်လာရင်သောက်သင့်ကြောင်းဆိုတာကိုတော့ အလှအပေရေးရာလိုက်စားတဲ့သူ တော်တော်များများသိထားပြီးပြီမို့လို့ ဖူးပွင့်အနေနဲ့ ဒီ review post မှာအကျယ်ချဲ့ပြီးတော့မရေးတော့ဘူး။

Supplement တွေကို review ရေးတဲ့အခါ။ အထူးသဖြင့် collagen လိုမျိုး supplement ကို review ရေးတဲ့အခါမှာ ဖူးပွင့်အနေနဲ့သာမန်ကာလျှံကာမရေးချင်တဲ့အတွက်ကြောင့်မို့လို့ ဖူးပွင့်အနေနဲ့ ဒီ collagen supplement ကို အချိန် ၂ လယူသောက်ပြီး ဘယ်အချက်တွေကတော့ဖြင့်အဆင်ပြေလောက်မယ် လူကြိုက်မယ်ဆိုတာကို သေချာရေးထားတာမို့လို့ အားလုံးအနေနဲ့ ဒီ supplement ကိုသောက်ဖို့ဝယ်ဖို့စဥ်းစားတဲ့နေရာမှာ အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။

BB Lab Collagen ရဲ့ review ကိုဖူးပွင့် (၃) ပိုင်းခွဲထားတယ်။

1. Ease to drink grapefruit taste.

BB Lab Collagen Powder S (Season 2) က တစ်နေ့တစ်ထုပ်ကိုမှ အမှုန့်အတိုင်းသောက်လို့ရတယ်။ အထုပ်ကိုဖောက်ပြီးပါးစပ်ထဲလောင်းချပြီးရေသောက်လိုက်ရုံပဲ။ အရသာကလည်း grapefruit ချိုချဥ်လိုအရသာမျိုးမို့လို့ အဝင်မဆိုးဘူး။ ညှီပြီး အီလည်လည်ဖြစ်တဲ့ အရသာလည်းမကျန်ဘူး။ အရင်တုန်းက တခြား collagen brand တစ်ခုကိုပျင်းလို့အမှုန့်အတိုင်းဖောက်သောက်ဖူးတယ်။ အမှုန့်တွေကနည်းနည်းဖွာလို့သောက်ရင်သီးတတ်တယ်။ အလုပ်သွားဖို့နောက်ကျလို့ လောနေတဲ့နေ့တွေဆိုပိုဆိုးတယ်။ သေချာမသောက်လိုက်ရင် တဟွတ်ဟွတ်နဲ့သီးနေရော။
ဒါကတော့ သောက်ရင် အခန့်မသင့်လည်းအမှုန့်မသီးလို့ အဆင်ပြေတယ်။ ‌ရေယူပါဦးဟဲ့ ဖျော်ပါဦးဟဲ့နဲ့ သိပ်ပြီးတော့ ကရိကထမများဘူး။

2. Well-rounded formula for your skin health.

ဒီ review ကိုမရေးခင်မှာ ဖူးပွင့်အနေနဲ့ collagen synthesis (အသားအရေအောက်မှာ collagen ထုတ်လုပ်တည်ဆောက်ခြင်း) အကြောင်းကိုလိုက်ဖတ်လိုက်တယ်။ အကြောင်းရင်းကတော့ collagen ကိုသောက်တော့သောက်နေတယ် ဒါပေမယ့် ဘာကြောင့် ဒီ collagen ကိုသောက်သင့်လဲ ဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာမျိုးကိုရှင်းပြထားတာနည်းတဲ့အတွက်ကြောင့် နည်းနည်းလေးအိုင်ဒီယာရသွားအောင်ပေါ့။

ဖူးပွင့်ကတာ့ ဒါကိုအကျဥ်းချုပ်အနေနဲ့ပွါးမယ်ပေါ့။

Collagen synthesis ကတော့ collagen supplement သောက်လိုက်တာနဲ့ “အပ်ချလောင်း။ Wow! Amazing ရော့ဒီမှာ collagen ရပြီ” ဆိုပြီးတော့ အသားအရေအောက်မှာ collagen တန်းဖြစ်သွားသလောက်မလွယ်ကူဘူး။ Collagen တွေတည်ဆောက်ခြင်းလုပ်ဆောင်တာပြီးမြောက်ဖို့အတွက် collagen peptide တွေအပြင် amino acid တွေပါလိုအပ်တယ်။ အဲ့ဒီ amino acid တွေကို ပုံမှန်အားဖြင့်ခန္ဓာကိုယ်ကထုတ်လွှတ်ပေးပေမယ့် ပမာဏနည်းတယ်ဆိုရင် collagen တွေဖြစ်တာနည်းတယ်ပေါ့။ မျက်စိထဲမြင်အောင်ပြောမယ်ဆိုရင် နံရံတစ်ခုကိုဆောက်ဖို့အတွက် အုတ်ခဲ (collagen peptide) အပြင် ဘိလပ်မြေ (amino acid) တွေပါလိုအပ်သလိုပေါ့။

BB Lab Collagen Powder S (Season 2) ထဲမှာ collagen synthesis ကိုအထောက်အကူပြုဖို့အတွက် collagen peptide အပြင်ကို amino acid ကိုပါထည့်သွင်းပေးထားတာမို့လို့ ကိုယ့်ခန္ဓာကိုယ်က amino acid တွေထုတ်လွှတ်တာနည်းတဲ့အခါမှာလည်း အမှုန့်ထဲမှာပါတဲ့ collagen peptide တွေကို collagen synthesis ဖြစ်ဖို့အတွက်အထောက်အပံ့ပေးတယ်။ ဒါကြောင့်မို့လို့ ကိုယ်သောက်လိုက်တဲ့ collagen peptide တွေက အလဟဿဖြစ်တာကိုလျှော့ချပေးတယ်။ (မှတ်ချက် - လူ့ခန္ဓာကိုယ်က မသုံးဖြစ်တာတွေအကုန်စွန့်ထုတ်တယ်လေ)

Collagen peptide + amino acid အပြင် လိုအပ်တဲ့ Vitamin C အတွက် Grapefruit + Berry + Orange extract တွေနဲ့ elastic, hyaluronic acid တွေကိုပါထည့်သွင်းပေးထားတဲ့အတွက်ကြောင့်မို့လို့ collagen synthesis ကို maximum boost ဖြစ်အောင်လုပ်ထားပေးတဲ့အပြင်ကို skin health အတွက်ကိုပါအထောက်အပံ့ပြုပေးတယ်လို့ပြောလို့ရတယ်။

BB Lab Collagen Powder S (Season 2) တစ်ထုပ်ထဲမှာ collagen 1,500 mg ပါတဲ့အတွက်ကြောင့်မို့လို့ တစ်နေ့တာလိုအပ်ချက်အတွက် မနည်းလွန်းသလို ကျောက်ကပ်ကိုဝန်ပိစေလောက်တဲ့ ပမာဏလည်းမဟုတ်တာမို့လို့ အဆင်ပြေတယ်။ (မှတ်ချက် - ကျောက်ကပ်ရောဂါအခံရှိတဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်သုံးသင့်ပါတယ်။ ကျန်းမာရေးအတွက်ကြောင့်ပါ။) နောက်ပြီးတော့ ပင်လယ်ငါးကနေပြီးတော့ထုတ်ယူတဲ့ collagen ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အချို့သောအသားအမျိုးအစားတွေကိုရှောင်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်။

3. My result.

ဒီ collagen supplement ကိုဖူးပွင့်အနေနဲ့သေချာအောင် ၂ လတိတိအချိန်ယူပြီးသောက်ခဲ့တယ်။ (ကြားထဲမှာ အချို့ရက်တွေမှာမေ့ပြီးပျက်ကွက်ခဲ့တဲ့ရက်ကတော့ ၅ ရက်လောက်ရှိတယ်)

ဖူးပွင့်အနေနဲ့ သေချာအောင် ဖူးပွင့်အသားအရေရဲ့ တင်းရင်းမှု (skin elasticity) ကိုပါတိုင်းတာပြီးယူထားတယ်။ အကြောင်းရင်းကတော့ collaboration ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အသားအရေလေးကတင်းသွားတာပဲ၊ ကြည်သွားတာပဲ အစရှိတဲ့ subjective ဖြစ်တဲ့ claim တွေနဲ့ review မရေးချင်လို့။

Collagen မသောက်ခင်မှာ ဖူးပွင့်ရဲ့ skin elasticity က 60% မှာရှိခဲ့တယ်။ တစ်လပြည့်တဲ့အချိန်မှာတိုင်းတော့ skin elasticity က 62% မှာရှိပြီးတော့ နှစ်လပြည့်တဲ့အချိန်မှာတိုင်းတဲ့အခါမှာ 65% မှာရှိတယ်။ 5% လောက်ပဲတိုးတယ်လားလို့ဆင်ခြေတက်ကောင်းတက်နိုင်ပေမယ့် ခန္ဓာကိုယ်ကဇီဝဖြစ်စဥ်တွေက သဘာဝလွန်လူသားမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဒီလောက်တက်လာတာကအဆင်ပြေတဲ့အခြေအနေလို့ပြောလို့ရပါတယ်။

နောက် highlight လုပ်ပြချင်တဲ့အချက်နှစ်ချက်က collagen ကိုသောက်လိုက်တိုင်း collagen တွေအားလုံးက မျက်နှာပေါ်ကိုပြေးသွားတာမဟုတ်ဘူး။ Collagen ကိုက ခန္ဓာကိုယ်ကအရိုးဆက်တဲ့နေရာတွေ၊ အရွတ်တွေပြုပြင်မှုလုပ်တဲ့အခါမှာလည်းသုံးတာမို့လို့ အားလုံးက အချိုးကျစနစ်နဲ့ရရှိတယ်။ ပြီးတော့ collagen synthesis ကိုနှောင့်နှေးစေတဲ့အရာတွေကိုပြုလုပ်မိရင်လည်း ကိုယ့်အသားအရေရဲ့ collagen synthesis ကိုအနှောင့်အယှက်ပေးတယ် ဥပမာ - အရက်၊ ဆေးလိပ်သောက်တာမျိုး၊ sun tanning လို့ခေါ်တဲ့ နေပူလှန်းတာမျိုး၊ စိတ်ဖိစီးမှုများလွန်းတာမျိုးတွေရှိနေရင်လည်း collagen synthesis ကနှေးမှာပါ။ ဖူးပွင့်ကိုယ်တိုင်ကတော့ ပုံမှန်အိပ်၊ ပုံမှန်စားတယ်။ အရက်၊ ဆေးလိပ်ကတော့ နဂိုတည်းကသောက်ကျင့်မရှိလို့မသောက်ဘူး။ စိတ်ဖိစီးမှုကတော့ အလုပ်ကြောင့်ရှိတယ်ပေါ့လေ။ ဒါကြောင့်မို့လို့ မသောက်ခင်က elasticity နဲ့ယှဥ်ရင် စုစုပေါင်း 8.3% တက်သွားတာကဖူးပွင့်ရဲ့ နှစ်လအတွင်း best result ပေါ့လေ။ ဒါက တိုင်းတာလို့ရတဲ့ ရလဒ်ပါ။ (5% တက်တာကတိုးတက်မှုပါ။ 5% က အရင်က 60% ရဲ့ 8.3% ပါ။

မျက်လုံးနဲ့မြင်ရတဲ့ result တွေကတော့ မျက်နှာကရေဓာတ်ပြည့်တာကိုခံစားရတယ် (နဖူးနားတဝိုက်မှာရေဓာတ်ခမ်းခြောက်ရင်ဖြစ်တတ်တဲ့ အသားအရေပြဿနာတွေမမြင်ရဘူး)။ ဝက်ခြံအဖုလေးထွက်ပြီး အနာကျက်တာကမြန်တယ်။ ပြီးတော့ Skin elasticity တက်လို့ အသားအရေက ကြည်သလိုခံစားရတယ် (increased skin clarity) ပေါ့။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့အတွေ့အကြုံအရ The Collagen Powder S (Season 2) ကအပေါ်မှာပြောသလိုပဲ သေသေချာချာသောက်ရင် မျက်စိနဲ့မြင်ရတဲ့ ရလဒ်တင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်းအထိပါထိရောက်တဲ့ ရလဒ်ကိုပါပေးတာမို့လို့ collagen supplement တွေသောက်ပြီး ဘာမှတိုးတက်မှုမရှိဘူးလို့ခံစားရလို့ ပြောင်းသောက်ချင်တဲ့သူတွေအနေနဲ့လည်း ပြောင်းသောက်သင့်တဲ့ collagen supplement တစ်ခုဖြစ်သလို collagen စစချင်းသောက်မှာမို့လို့ ထိရောက်တဲ့ collagen supplement ကိုမှသေသေချာချာစနစ်တကျနဲ့သောက်ချင်တဲ့သူတွေအတွက်လည်း highly recommend လုပ်တယ်။

အသက်အရွယ်အားဖြင့်တော့ ဒါကိုသောက်ချင်ရင် အသက် ၂၅ ကျော်မှသောက်ဖို့အတွက် recommendation ပေးချင်တယ်။ ဒါပေမယ့် ကိုယ်က အသက် ၂၅ အောက်ဖြစ်ပေမယ့်လည်း အသားအရေလျော့ရဲနေတာမျိုးကို စိုးရိမ်ကြောင့်ကြမှုဖြစ်နေတာမျိုးဖြစ်မယ်ဆိုရင်တော့သောက်ချင်မယ်ဆိုရင်သောက်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကတော့ အသက် ၂၅ အထက်ကိုပဲအားပေးပါတယ်။ ကိုယ့်မှာ ကျောက်ကပ်ဆိုင်ရာပင်ကိုယ်ရောဂါအခံ၊ အမျိုးသမီးဆိုင်ရာရောဂါအခံ (ဥပမာ ရေအကျိတ်၊ ရင်သားအကျိတ်၊ ရေအိတ်) အစရှိတာမျိုးရှိနေခဲ့ရင်တော့ ဒီ collagen ကိုမသောက်သုံးခင်ဆရာဝန်တွေနဲ့တိုင်ပင်ဖို့ လုံးဝအကြံပြုပါတယ်။ ကျန်းမာရေးကိစ္စမို့လို့ပါ။ နောက်တစ်ချက်က collagen supplement တွေသောက်မယ်ဆိုရင် နေ့စဥ်‌သောက်သင့်တဲ့ ပမာဏဖြစ်တဲ့ သောက်ရေ ၂ လီတာကိုကတော့ သောက်သင့်တယ်။ ကိုယ့်အတွက် ၂ လီတာကများရင် ၁ လီတာခွဲလောက်ဆိုလည်းအဆင်ပြေပေမယ့် အဲ့ဒီထက်တော့လျှော့မသောက်စေချင်ဘူး။

The Collagen Powder S (Season 2) ဘူးတစ်ဘူးမှာ တစ်ရက်စာအထုပ် ၃၀ ပါတာမို့လို့ တစ်ဘူးကို ရက် ၃၀ (တစ်လစာ) သောက်လို့ရတယ်။ တစ်ဘူးကို 26,500 MMK ကျတယ်။ ကိုယ့်အမြင်ကတော့ result ပြသလိုလို မပြသလိုလိုဖြစ်တဲ့ supplement တွေကို ကောင်းနိုးနိုးနဲ့မျှော်လင့်ပြီး သောက်တာထက်စာရင်တော့ ရလဒ်ပြတဲ့တစ်ခုကိုသောက်ပြရတာကပိုတန်တယ်လို့တော့မြင်တယ်။

BB Lab The Collagen Powder S (Season 2) ကိုမှာယူပြီးသောက်သုံးချင်တယ်ဆိုရင်တော့ BB Lab ရဲ့ official distributor ဖြစ်တဲ့ BB LAB Myanmar မှာဝယ်ယူနိုင်ပါတယ်။ ကိုရီးယားနိုင်ငံမှာတော့ နာမည်ကြီးတွေကို လုပ်ထားတဲ့ ဖြစ်တာကြောင့် အတုအပတွေရှိနေနိုင်တာမို့လို့ ကနေပြီးတော့ ဝယ်ယူဖို့လည်းအကြံပြုပါတယ်။

အခုဆိုရင်တော့ အားလုံးလည်း BB Lab The Collagen Powder S (Season 2) နဲ့ပါတ်သက်တာတွေကိုသိရှိသွားပြီးတော့ ကိုယ်နဲ့သင့်တော်လား မတော်လားဆိုတာကို ချိန်ဆပြီးတော့ ဆုံးဖြတ်ပြီးဝယ်လို့ရနိုင်ပြီလို့ထင်ပါတယ်။

See you in the next post.
Stay safe. Stay healthy.

Love,
Rosie

Disclaimer – this is a collaboration between The Rosie Edit & BB Lab Myanmar. Results are based on the progress over 2 months of taking the supplement and scientific researches taken as references to confirm the claim of the product. Reviews are 100% my own and photo is commissioned.

06/05/2022

💕အလှအပဆိုတာအသက်အရွယ်နဲ့အတူ ပြောင်းလဲမှုတွေများစွာရှိတဲ့ ဆန်းကြယ်မှုတစ်ခုပါပဲ...

တကယ်တော့ လူတိုင်းဟာ အသက်အရွယ်ရလာတာနဲ့အမျှ ရင့်ကျက်တည်ငြိမ်လာတာနဲ့အမျှ
ပိုပြီး လင်းလက်တောက်ပနိုင်စွမ်းရှိပါတယ်💖

💝ကျန်မာရေးနဲ့ညီမျှတဲ့ လှပခြင်းဟာ နေ့စဉ်ဘဝကို ပျော်ရွှင်မူ တက်ကြွမူ သစ်လွင်မူ ယုံကြည့်မူအပြည့်နဲ့ မျှော်လင့်ချက်တွေကို ယူဆောင်လာပေးနိုင်ပါတယ်...

💝နေ့စဉ်ဘဝမှာတသားတည်းကျနေတဲ့ လှပခြင်းက အမျိုးသမီးတိုင်းအတွက် ကျန်းမာပျော်ရွှင်တဲ့ လူနေမူဘဝကို ပေးစွမ်းနိုင်ပါတယ်...

💐သင့်ရဲ့တနေ့တာမှာ အလှပန်းလေးတွေ ဖူးပွင့်နိုင်ဖို့ BB LAB က အမြဲအတူရှိနေပါတယ်နော်"💐

"당신의 모든 순간이 아름답도록. 𝐁𝐁 𝐋𝐀𝐁"

Online Mall

28/04/2022

BBLab collagen နဲ့ဆို နုပျိုလန်းဆန်းပြီး ယုံကြည်မှုအပြည့်နဲ့ အမြဲတမ်းတက်ကြွနေမယ်😘

Photos from TAG fashion forward's post 19/04/2022

BBLab လေးနဲ့လှနေသော မမချောရဲ့reviewလေးပါ🥰
https://www.facebook.com/111812721149715/posts/273015981696054/

Photos from WellBe Online Mall's post 07/04/2022

အလှတွေတိုးပြီး ယုံကြည်မှုရှိစေတဲ့ ကိုယ့်ရဲ့အသဲစွဲ
💓BB Lab Collagen လေးနဲ့ဆို မနက်ခင်းတိုင်းလန်းဆန်းပြီး Glowနေမှာနော် 💞
😊 မနက်ခင်း အိပ်ယာနိုးတိုင်းမှန်ကြည့်လိုက်တာနဲ့ ကျေနပ်အပြုံးလေး မြင်ချင်ရင်တော့ BB Lab collagen လေးကမရှိမဖြစ်ပါနော်🧚‍♀️

💰စျေးနှုန်းလေးတွေကတော့
BB LAB Goodnight Collagen - 25,000ks
The Collagen Powder S-Season 2 - 26,500ks

တစ်ဘူးမှာ 2g အထုပ်လေး အထုပ် 30 ပါပါတယ်။ တစ်လစာပါ။

မှာယူချင်တယ်ဆိုရင်
👉WellBe online mall messenger
👉Viber -09 751694849
ဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်😘

Photos from Our Travel Diaries's post 06/04/2022

BBLab collagen လေးသောက်ပြီးအရမ်းလှနေတဲ့ချစ်စရာ family🥰🥰

https://m.facebook.com/story.php?story_fbid=558937712258721&id=100044274917481

31/03/2022

အလှတွေတိုးပြီး ယုံကြည်မှုရှိစေတဲ့ ကိုယ့်ရဲ့အသဲစွဲ
💓BB Lab Collagen လေးနဲ့ဆို မနက်ခင်းတိုင်းလန်းဆန်းပြီး Glowနေမှာနော် 💞
😊 မနက်ခင်း အိပ်ယာနိုးတိုင်းမှန်ကြည့်လိုက်တာနဲ့ ကျေနပ်အပြုံးလေး မြင်ချင်ရင်တော့ BB Lab collagen လေးကမရှိမဖြစ်ပါနော်🧚‍♀️

💰စျေးနှုန်းလေးတွေကတော့
BB LAB Goodnight Collagen - 23,000(မူရင်းစျေး 25,000)
The Collagen Powder S-Season 2 - 24,500(မူရင်းစျေး 26,500)
မတ်လအတွင်း 𝑮𝒓𝒂𝒏𝒅 𝑳𝒂𝒖𝒏𝒄𝒉𝒊𝒏𝒈 𝑺𝒂𝒍𝒆 ရှိလို့ အရမ်း တန်ပါတယ်နော်
တစ်ဘူးမှာ 2g အထုပ်လေး အထုပ် 30 ပါပါတယ်။ တစ်လစာပါ။

မှာယူချင်တယ်ဆိုရင်
👉WellBe online mall messenger
👉Viber -09 751694849
ဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်😘

25/03/2022

Beauty that has been seeped into daily lives provides all women with a vibrant and healthier day.

🥰🥰🥰🥰

21/03/2022

BB LAB Collagen ပန်းရောင် Goodnight နဲ့ အပြာရောင် Powder S Season 2 ဘာကွာလဲ?
👉👉BB LAB Collagen Goodnight ပန်းရောင်လေးနဲ့ The Collagen Powder S Season 2 အပြာရောင်က ဘာကွာတာလဲဆိုတဲ့ မေးခွန်းက တော်တော် များများဖြစ်ပါတယ်။
ဒီ နှစ်ခုက အရမ်းကြီး ကွာခြားမှုတော့ မရှိပါဘူး…အဓိကအားဖြင့် Collagen ပါဝင်မှုနဲ့ အရသာပိုင်းလောက်ပဲ ကွာပါတယ်။
👍👍 Collagen Goodnight ပန်းရောင်လေးက Collagen 1200mgပါဝင်ပြီး Mix Berry အသီးလေးတွေနဲ့ ထုတ်ထားပြီး The Collagen Powder S Season 2 အပြာရောင်လေးကတော့ Collagen 1500mgပါဝင်ပြီး Grapefruit အသီးလေးတွေနဲ့ ထုတ်ထားပါတယ်။
အသားအရေအတွက်ကောင်းကျိုးတွေ၊ တစ်နေ့တစ်ထုပ် ပုံမှန်သောက်လို့ရတာတွေနဲ့ အသားအရေ လှပစိုပြေပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာစေတာကတော့၂မျိုးစလုံး အတူတူပါပဲရှင်…
ဒါကြောင့်မို့လို့ 🇰🇷 Korea No.1 Collagen Brand ဖြစ်တဲ့ BB LAB က ထုတ်လိုက်တဲ့ Collagen Goodnight ပန်းရောင်လေးရော The Collagen Powder S Season 2 အပြာလေးရဲ့ အာနိသင်ကိုတော့ စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်ရှင်။💕💁‍♀️
👍👍BB LAB Collagenကို သောက်ပြီး လှသထက် ပို လှကြရအောင်😍

မှာယူချင်တယ်ဆိုရင်
👉WellBe online mall messenger
👉Viber -09 751694849
ဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်😘

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00