7star Car Air Con Service

7star Car Air Con Service

Share

လူကြီးမင်းတို့စိတ်တိုင်းကျအေးအေးချမ်းချမ်း နေရဖို့က ကျွန်တော့ရဲ့တာဝန်ပါ

05/01/2026

🌟နေဘယ်လောက်ပဲပူပူ... 7 star ရှိရင် အေးမြမှုက အမြဲအသင့်" ❄️✨

ကားအဲယားကွန်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုမှန်သမျှကို တစ်နေရာတည်းမှာ အမြန်ဆန်ဆုံးနဲ့ အကောင်းဆုံး ရရှိနိုင်ဖို့ 7 star ကားအဲယားကွန်း Service ကို လှမ်းခဲ့လိုက်ပါ။
📍 [ဘုရင့်နောင်လမ်းမကြီး၊ နဝရတ်စျေးမှတ်တိုင်အနီးရွှေပြည်သာ
🕒 [မနက်-၈ ညနေ-၆
📞 [09425015460]

05/01/2026

ကားအဲယားကွန်းက လေထွက်နည်းပြီး အနံ့အသက်မကောင်းတော့ဘူးဆိုရင်... 🧐
ဒါဟာ သင့်ကားရဲ့ Aircon Filter မှာ ဖုန်တွေပိတ်နေတာ ဒါမှမဟုတ် ရေခိုးရေငွေ့ကြောင့် မှိုစွဲနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကို လျစ်လျူရှုထားရင် အအေးစနစ်ကို ပျက်စီးစေရုံတင်မကဘဲ လူကြီးမင်းတို့ရဲ့ အသက်ရှူလမ်းကြောင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။
7 star မှာဆိုရင် -
• အဲယားကွန်း စနစ်တစ်ခုလုံးကို အခမဲ့ စစ်ဆေးပေးခြင်း
• အကောင်းဆုံးအပိုပစ္စည်းများနှင့် သက်သာသောစျေးနှုန်း
• စိတ်ချရတဲ့ လက်ရာတွေနဲ့ ဝန်ဆောင်မှုပေးနေပါပြီ။
ကားအဲယားကွန်း ပြဿနာရှိရင် 7 star ကို
အရောက်သာ လာခဲ့ပါ
09425015460

05/01/2026

နေပူထဲကားမောင်းရတာ မီးဖိုချောင်ထဲရောက်နေသလို ခံစားနေရပြီလား? 🥵

ကားထဲမှာ အေးမြတဲ့အရသာကို 7 star ကားအဲယားကွန်း Service နဲ့အတူ ပြန်လည်ရယူလိုက်ပါ။

အဲယားကွန်းမအေးတာ၊ အနံ့ဆိုးထွက်တာနဲ့ အသံမြည်တာတွေကို ကျွန်တော်တို့ဆီမှာ စိတ်ချလက်ချ လာရောက်ပြုပြင်နိုင်ပါပြီ။
✅ အဲယားကွန်း ဂတ်စ် (Gas) ဖြည့်ခြင်း
✅ Filter များ သန့်ရှင်းရေးလုပ်ခြင်းနှင့် လဲလှယ်ခြင်း
✅ အအေးစနစ် တစ်ခုလုံးကို ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးပေးခြင်း
ခရီးဝေးပဲသွားသွား၊ မြို့ထဲမှာပဲမောင်းမောင်း အမြဲအေးမြနေဖို့ 7 star ကို အခုပဲ သတိရလိုက်ပါ။ ❄️
7STAR
Car aircon service
09425015460

04/01/2026

ရွှေပြည်သာအနီးတဝိုက်က မိတ်ဆွေတို့အတွက် စိတ်ချရတဲ့ ကားအဲယားကွန်း Service! ❄️

ကားမောင်းရင်း အဲယားကွန်းမအေးလို့ စိတ်ညစ်နေပါသလား? လိပ်စာဝေးမှာစိုးလို့ မပြင်ဖြစ်သေးဘူးဆိုရင်...

အခုပဲ ရွှေပြည်သာ၊ ဘုရင့်နောင်လမ်းမပေါ်က 7STAR ကို လှမ်းခဲ့လိုက်ပါ။ လုပ်သက် (၂၀) ကျော် ဝါရင့်ပညာရှင် ကိုထွန်းထွန်း ကိုယ်တိုင် အကောင်းဆုံး ဝန်ဆောင်မှု ပေးနေပါတယ်။

📍 ဆိုင်တည်နေရာ:
ဘုရင့်နောင်လမ်းမပေါ်၊ နဝရတ်ဈေးမှတ်တိုင်အနီး၊ ရွှေပြည်သာ။
(လမ်းဘေးတင်ဖြစ်လို့ ရှာရတာ အရမ်းလွယ်ကူပါတယ်!)
"လူကြီးမင်းတို့ စိတ်တိုင်းကျ အေးအေးချမ်းချမ်း နေရဖို့ ကျွန်တော်တို့ရဲ့ တာဝန်ပါ"
📞09425015460
09 425015460

17/07/2025

ကဲ မိတ်ဆွေ
ဒီလို ပူပြင်းလှတဲ့ကာလကြီးမှာ
ကိစ်စပေါင်းများစွာနဲ့
နေပူပူထဲမှာ သွားလာမောင်းနှင်နေတဲ့အချိန်မှာ

နေ့ရက်တိုင်းကို အေးချမ်းစွာဖြတ်သန်းနိုင်မောင်းနှင်နိုင်ဖို့အတွက်

လူကြီးမင်းတိူ့ရဲ့ ကားမောင်းနှင်တဲ့အခါ ပူလောင်မှူ့ ပြသနာတွေကို ဖြေရှင်းပေးဖို့
ကျွန်တော်များရဲ့ 7 Star Car Aircon service
မှ အသင့် စောင့်မျှော်လျက်ပါ

ပိတ်ရက်မရှိ နေ့ချင်းပီး ဝန်ဆောင်မှု့များနဲ့ အာမခံ အပြည့်တာဝန်ယူမှု့ အပြည့်နဲ့ Car aircon ပြသနာများကို
ဖြေရှင်းပေးပါပြီ
အချိန်တို အတွင်း တိကျမှန်ကန်ပြီး အာမခံချက်ရှိတဲ့ ဝန်ဆောင်မှုနှင့် လူကြီးမင်းတို့ ကျေနပ်မှု အပြည့်အဝရရှိဖို့ အခု
လဲလှယ်သောပစ္စည်းများအမျိုးအစားပေါ်မူတည်၍ အာမခံကာလ သတ်မှတ်ပေးထားပါသေးတဟ်
🔴လူကြီးမင်းတို့အေးအေးချမ်းချမ်းနေရဖို့ကကျွန်တော်တို့ရဲ့တာဝန်ပါ🔴

ကိုထွန်း
# #ကားအဲကွန်းပြုပြင်ရောင်းဝဟ်ရေး
09425015460

ဆိုင်လိပ်စာကတော့..ဘုရင့်နောင်လမ်းမပေါ် နဝရတ်စျေးမှတ်တိုင်အနီးရွေပြည်သာ။(ဖုန်းဆက်လိုက်ရုံနဲ့အိမ်ရောက်ပြုပြင် ပေးတဲ့ ဝန်ဆောင်မှု့ပေးနေပါပီ)

17/07/2025

စုံအချက်ပြမီးကို ဘယ်လိုအချိန်မှာသုံးမလဲ❓️

လမ်းဆုံ လမ်းခွ ၊ မီးပွိုင့်များတွင် အတည့်သွားမည့်ကားများသည် ️စုံအချက်ပြမီး သုံးဖို့
လိုပါသလား⁉️⁉️...

စုံအချက်ပြမီးရဲ့ အခေါ်အဝေါ်ကိုတောင် မသိသူများမည်ဟုထင်ပါသည်။ ထိုတြိဂံပုံလေးရဲ့ နာမည်မှာ Hazard Warning Light / Hazard Light ဖြစ်ပါတယ်။

ကားမောင်းသူ အချို့သည် ဘယ် (သို့) ညာ ကွေ့ရာတွင် လိုအပ်သော လက်ကိုင်နှင့် အနီးဆုံး အချက်ပြမီးကိုတော့ အသုံးမပြုကြပဲ လက်ကိုင်နှင့်ဝေးသော Hazard Light ကိုမူ လွဲမှားစွာ အသုံးပြုကြပါတယ်။

Hazard Light ကို ယာဉ်မောင်းသူသည် ကားကိုမောင်းနှင်နေစဉ် မိမိကားရှေ့တွင် အန္တရာယ်ရှိသော အနေအထားရှိနေသည်ဟု မိမိ၏နောက်ကားကို သိစေလိုသောအခါမျိုးတွင် အသုံးပြုခြင်းကို နိုင်ငံအတော်များများတွင် လက်ခံထားကြသည်။

သေချာတာ တခုကတော့ အတည့်သွားမည့်ကားများ လုံးဝ အသုံးမပြုခြင်းပင်ဖြစ်ပါသည်။ နိုင်ငံတကာက ၎င်းအချက်ပြမီးကို လမ်းဆုံ လမ်းခွများ၌ဖြစ်စေ၊ ကုန်းတက်၊ ကုန်းဆင်းများ၌ဖြစ်စေ၊ တည့်တည့် မောင်းနှင်မည့် ကားများသည် မည်သည့် အချက်ပြကိုမျှ ပြရန် မလိုအပ်ပါ။

🔺️Hazard Light ကို အောက်ပါ အခြေအနေများ၌သာ ဖွင့်၍ မောင်းနှင်ကြရမည် ဖြစ်သည်။

(၁) လမ်းမပေါ်၌ ကားပျက်နေစဉ်

(၂) ခေတ္တရပ်၍ ပစ္စည်းတင်/ချ ပြုလုပ်နေစဉ်

(၃) ကားဘီးပေါက်၍ လဲလှယ်ရန် Jack ဖြင့်
ထောက်မထားစဉ်

(၄) စက်ပျက်နေသော ကားကို ဆွဲခေါ်လာစဉ်

(၅) တစ်ဖက်ပိတ်လမ်း၏ အဆုံး၌ ရပ်ထားစဉ်

(၆) ချောက်ကမ်းပါးနှင့် နီးကပ်သော နေရာ၌ ရပ်နားထားစဉ်

(၇) အန္တရာယ်ဇုန်အနီး၌ ရပ်ထားစဉ်

(၈) အရေးပေါ် ထိခိုက်ဒဏ်ရာ ရထားသူကို ကူညီတင်ဆောင်လာစဉ်

(၉) မီးငြိမ်းသတ်ရန် မောင်းနှင်လာစဉ်

(၁၀) မီးလောင်ပေါက်ကွဲနိုင်သော ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်

(၁၁) တိရစ္ဆာန်များ တင်ဆောင်မောင်းနှင်လာစဉ်

(၁၂) ထုထည် ကြီးမားကျယ်ပြန့်သော
စက်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်

(၁၃) ယန္တရားများ လုပ်ငန်းဆောင်ရွက်နေစဉ်

(၁၄) အုပ်စုလိုက် ယာဉ်တန်းဖြင့် မောင်းနှင်လာစဉ်

(၁၅) ဘေးအန္တရာယ် ကျရောက်နေသော နေရာအနီးမှဖြတ်၍ ဖြည်းညင်းစွာ မောင်းနှင်နေစဉ်

(၁၆) လုံခြုံရေးအခြေအနေအရ အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်ကို စောင့်ရှောက်လိုက်ပါ မောင်းနှင်လာစဉ် စသည့် အခြေအနေများ၌သာ အသုံးပြုရမည် ဖြစ်သည်။cridet

17/07/2025

ကား ဘက်ထရီ ခေါင်း ဖြုတ်မိသောအခါ သေချာ ပေါက် ကြုံကျရသော ပါဝါဝင်းဒိုး ပြသာနာ
💥💥💥💥💥

💣 ကား ဘက်ထရီ ခေါင်းဖြုတ်မိသောအခါ၊ ယာဉ်မောင်းသူ တံခါးပေါက်ရှိ ပါဝါဝင်းဒိုး မိန်း ခလုတ်မှ ယာဉ်မောင်းဘက် တံခါးမှန်မှလွဲ၍ ကျန် တံခါးပေါက် ၃ခုမှ မှန်များအား ယာဉ်မောင်းသူမှ အတင်အချ ပြုလုပ်၍ မရတော့ပါ။
ကျန် တံခါးပေါက် ၁ခုချင်းဆီမှသာ အတင်အချ ပြုလုပ်နိုင်တော့ခြင်း မျိုးဖြစ်တတ်ပါသည်။
ဒီအချိန်မှာ မှန် အတင်အချ ခလုတ်မှာ ပါသော မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် သာ လင်းနေပါမယ် ...

🤔 ခုလိုဖြစ်နေရင် ဝါယာရိန်းဆိုင် သို့ ပြေးစရာ မလိုဘဲ ကိုယ်တိုင် အလွယ်တကူ ဖြေရှင်းနိုင်ပါတယ် ..

👀 ကျနော်တို့အခေါ် အဝေါ်
ဆက်တင်ပြန်ချိန်ရ မယ် တို့ .. ဆော့ဝဲလ် သွင်း ရမယ် ဆိုပီး လူရှိန်အောင် ပြောရတာ ပေါ့ဗျာ 😁 ဒါမှ ပိုက်ဆံ ပေးရမယ်သူလည်း ပျော်၂ ကြီး ပေးမှ လေ ..

💭 ဘယ်လိုလုပ်ရမလဲ ?

🚘 ကားစက်နိုးထားပါ ...
ယာဉ်မောင်းသူမှ မှန်အတင်အချ ပြုလုပ်မရသော
တံခါးပေါက် ၁ခုမှ မှန်အတင်အချခလုတ်ကို နိပ်၍
မှန် ကို အဆုံးထိ တင်ပါ ...
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၃ စက္ကန့် လောက် ဆက် ' မ ' ထားပေးပါ..

🚘 ပြီးနောက် မှန်ကို အဆုံးထိချပါ
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၅ စက္ကန့် လောက် ဆက် ' ဖိ ' ထားပေးပါ..

ထိုသို့ အတင်အချ ၃ကြိမ် ပြုလုပ်ပါ ။
(မသေချာမှာ စိုးလို့)

ကျန်တံခါးပေါက်အသီးသီးကိုလည်း အထက်ပါ နည်း အတိုင်း တံခါး၁ပေါက်ချင်း ပြုလုပ်ပေးပါ ..

ု🚘 ပြုလုပ်မူ အောင်မြင်ရင် ခလုတ်မှ မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ ငြိမ် သွားပါတယ် ...
ယာဉ်မောင်းသူဘက် မိန်းခလုတ်မှ အပေါက်တိုင်းမှ မှန်များကို အတင်အချ လုပ်ကြည့်ပါ ။
မရသေး သော တံခါးပေါက် ကျန်ရှိနေပါက
အထက်ပါ နည်းအတိုင်း
ပြန်လည်ပြုလုပ်ပေးပါ ..
ရသွားပါလိမ့်မယ်...

🚨သတိပေးချက် ။ ။
ဘက်ထရီ ခေါင်း ဖြုတ်ခြင်းကြောင့် အခြား ပြသာနာ များ (ဥပမာ tv မှ ဘက်ကင်မရာ ပျောက်ခြင်း map ခွေ တောင်းခြင်း code တောင်းခြင်း အခြား error များ) ဖြစ်တတ်ပါသဖြင့် ဘက်ထရီခေါင်းကို မဖြုတ်ကြပါနဲ့ ...
လိုအပ်လို့ဖြုတ်မယ်ဆိုရင်လည်း OBD 2 ပေါက်မှ ဘက်ထရီ ကျွေး ဖြုတ်ပါရန် အကြံပြုပါရစေ ...
🚘🚘🚘🚘🚘
#ကားချစ်သူ

ကား ဘက်ထရီ ခေါင်း ဖြုတ်မိသောအခါ သေချာ ပေါက် ကြုံကျရသော ပါဝါဝင်းဒိုး ပြသာနာ
💥💥💥💥💥

💣 ကား ဘက်ထရီ ခေါင်းဖြုတ်မိသောအခါ၊ ယာဉ်မောင်းသူ တံခါးပေါက်ရှိ ပါဝါဝင်းဒိုး မိန်း ခလုတ်မှ ယာဉ်မောင်းဘက် တံခါးမှန်မှလွဲ၍ ကျန် တံခါးပေါက် ၃ခုမှ မှန်များအား ယာဉ်မောင်းသူမှ အတင်အချ ပြုလုပ်၍ မရတော့ပါ။
ကျန် တံခါးပေါက် ၁ခုချင်းဆီမှသာ အတင်အချ ပြုလုပ်နိုင်တော့ခြင်း မျိုးဖြစ်တတ်ပါသည်။
ဒီအချိန်မှာ မှန် အတင်အချ ခလုတ်မှာ ပါသော မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် သာ လင်းနေပါမယ် ...

🤔 ခုလိုဖြစ်နေရင် ဝါယာရိန်းဆိုင် သို့ ပြေးစရာ မလိုဘဲ ကိုယ်တိုင် အလွယ်တကူ ဖြေရှင်းနိုင်ပါတယ် ..

👀 ကျနော်တို့အခေါ် အဝေါ်
ဆက်တင်ပြန်ချိန်ရ မယ် တို့ .. ဆော့ဝဲလ် သွင်း ရမယ် ဆိုပီး လူရှိန်အောင် ပြောရတာ ပေါ့ဗျာ 😁 ဒါမှ ပိုက်ဆံ ပေးရမယ်သူလည်း ပျော်၂ ကြီး ပေးမှ လေ ..

💭 ဘယ်လိုလုပ်ရမလဲ ?

🚘 ကားစက်နိုးထားပါ ...
ယာဉ်မောင်းသူမှ မှန်အတင်အချ ပြုလုပ်မရသော
တံခါးပေါက် ၁ခုမှ မှန်အတင်အချခလုတ်ကို နိပ်၍
မှန် ကို အဆုံးထိ တင်ပါ ...
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၃ စက္ကန့် လောက် ဆက် ' မ ' ထားပေးပါ..

🚘 ပြီးနောက် မှန်ကို အဆုံးထိချပါ
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၅ စက္ကန့် လောက် ဆက် ' ဖိ ' ထားပေးပါ..

ထိုသို့ အတင်အချ ၃ကြိမ် ပြုလုပ်ပါ ။
(မသေချာမှာ စိုးလို့)

ကျန်တံခါးပေါက်အသီးသီးကိုလည်း အထက်ပါ နည်း အတိုင်း တံခါး၁ပေါက်ချင်း ပြုလုပ်ပေးပါ ..

ု🚘 ပြုလုပ်မူ အောင်မြင်ရင် ခလုတ်မှ မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ ငြိမ် သွားပါတယ် ...
ယာဉ်မောင်းသူဘက် မိန်းခလုတ်မှ အပေါက်တိုင်းမှ မှန်များကို အတင်အချ လုပ်ကြည့်ပါ ။
မရသေး သော တံခါးပေါက် ကျန်ရှိနေပါက
အထက်ပါ နည်းအတိုင်း
ပြန်လည်ပြုလုပ်ပေးပါ ..
ရသွားပါလိမ့်မယ်...

🚨သတိပေးချက် ။ ။
ဘက်ထရီ ခေါင်း ဖြုတ်ခြင်းကြောင့် အခြား ပြသာနာ များ (ဥပမာ tv မှ ဘက်ကင်မရာ ပျောက်ခြင်း map ခွေ တောင်းခြင်း code တောင်းခြင်း အခြား error များ) ဖြစ်တတ်ပါသဖြင့် ဘက်ထရီခေါင်းကို မဖြုတ်ကြပါနဲ့ ...
လိုအပ်လို့ဖြုတ်မယ်ဆိုရင်လည်း OBD 2 ပေါက်မှ ဘက်ထရီ ကျွေး ဖြုတ်ပါရန် အကြံပြုပါရစေ ...
🚘🚘🚘🚘🚘
Cradit ကားချစ်သူ

17/07/2025

#ကားဝယ်တော့မယ်ဆိုရင်


☎️☎️☎️09425015460
🏠🏠🏠ဘုရင့်နောင်လမ်းမပေါ် နဝရတ်စျေးမှတ်တိုင်အနီး ရွေပြည်သာ။
Pyi Thar

ကားတစ်စီးဝယ်မယ်ဆိုရင် မဖြစ်မနေ စစ်ဆေးသင့်တဲ့ အချက် (၈) ချက်

၁။ အရိုးဆစ် ကောင်း မကောင်း ကြည့်မယ် – အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရှေ့က ဘောနပ် (စက်ဖုံး)ကို ဖွင့်ပါ ရှော့ဘား အထိုင် နေရာ ပတ်လည် ချက်စီတန်းနေရာ ပတ်လည်ကို အသေချာကြည့်ပါ။ တစ်ချို့ကား တွေမှာ ချက် စီတန်းက ထိုင်ခုံအောက်မှာ ရှိပါတယ် အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ် အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွှဲမှားနေသလား..?ဥပမာ/ ဆေးတွေ ကြမ်းနေလား ပတ်တီးအက်ကြောင်းဖြစ်နေလား ပိန်နေလား လိမ်နေလား ပုံမှန် အနေထား ဟုတ်လား မဟုတ်လား အသေချာကြည့်ပါ ပုံမှန် အနေထားမဟုတ်ရင် သိသာပါတယ်။ထိုနည်းတူ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပါ တံခါးလေးဘက်အတွင်း နောက်ဖုံး အတွင်း ရေတိုင်ကီတန်း အပေါ် အောက်ကို ကြည့်ပါမယ် အဆက်နေရာလေးတွေမှာ အော်ရယ်ဂျင်နယ် စပေါ့ အချိုက်သေးသေးလေးတွေပါ ရပါမယ်။ ဒါဆိုရင် အရိုးဆစ် ကြည့်တဲ့ ကိစ္စလုံလောက်ပါပြီ” ယာဉ်မှန် မမှန် ကညနရုံးမှာ မစစ်ဘူး ဆိုရင်တော့ ရေဝိုက်ပါ ကာဘာ အဖုံးကို ဖြုတ်ကြည့်ဖို့ လိုပါမယ် ထိုင်ခုံအောက်ဆိုရင်လည်း ထိုင်ခုံဖြုတ်ပြီး ကြမ်းခင်း ခဏခွာကြည့်ဖို့ လိုပါမယ် ကညနရုံးမှာ ယာဉ်မှန်မမှန် စစ်မယ် ဆိုရင်တော့ ဒါတွေ ဖြုတ်ကြည့်ခွာကြည့်ဖို့ မလိုပါ ရုံးက တာဝန်ရှိသူတွေ အဲဒီနေရာတွေကို စစ်ပါလိမ့်မည်”

၂။ ဘော်ဒီ ကောင်း မကောင်းကြည့်မယ် – ဘော်ဒီကောင်း မကောင်း ဘယ်လို ကြည့်မလည်း ဆိုတော့ အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ်။ ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ပါ ပုံမှန်အသံက သံပြား အသံ အသံမာမာလေး ထွက်ရပါမယ်။ ဒီလို မဟုတ်ပဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို တဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ ဘော်ဒီကို စစ်ဆေးတာ ဒီလောက်ဆို လုံလောက်ပါပြီ”

၃။ မှန်စပေါ့ မှန် အက်ကြောင်း – ရှိမရှိ စစ်မယ် ဒါစစ်တာကတော့ လွယ်ပါတယ်လူတိုင်း ကြည့်တက်ပါတယ် သတိထားရမှာက ရှေ့လေ ကာမှန်ဆိုရင် အနားသက်လေးတွေမှာ အမဲရောင် ကွတ်ထားတာလေးတွေ ရှိပါတယ်။အမဲ နေရာလေးတွေမှာ အက်ကြောင်းရှိနေရင် အမှတ်တမဲ့ ဆို မမြင်နိုင်ပါဘူး အသေချာကြည့်ပါ”ဒါဆို လုံလောက်ပါပြီ”

၄။ ဘော်ဒီကြမ်းခင်း ဆွေး မဆွေး ကြည့်မယ်ဒါလည်း လွယ်ပါတယ်။ အခင်းတခုရှာပါ ခေါင်းဝင်ပြီး ပက်လပ် လှန်ကြည့်ပါ အရမ်းနိပ်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်ပါ။ဥပမာ ရေဆေးခုံလိုနေရာ ဝပ်ရှော့လိုနေရာ ဒါဆိုရင် လုံလောက်ပါပြီ။

၅။ အင်ဂျင် ကောင်း မကောင်းစစ်မယ် – မိတ်ဆွေအနေနဲ့ အရမ်းခက်ခဲမယ်လို့ တွေးထင်ထားမှာပါ။ ဟုတ်ပါတယ် မသိရင်တော့ ခက်ခဲပါတယ်။ ကျွန်တော် ဆိုရင် အချိန်တွေ အမှားတွေ အများကြီးရင်း ပြီးမှ သိခဲ့ရတာပါ။မိတ်ဆွေအနေနဲ့ ကျွန်တော့်လို အများကြီး ရင်းစရာမလိုပါဘူး စာလေး နှစ်ကြောင်း သုံးကြောင်း ဖက်လိုက်တာနဲ့ သိပါပြီ အိုင်တင်ခံနေတယ်။လို့ မထင်ပါနဲ့ စာပေရဲ့ ကျေးဇူး စာတကြောင်းရဲ့ ကျေးဇူးသိအောင် ပြောပြတာပါ။အရင်ဦးဆုံး ကားကို စက်နှိုးထားပါမယ်။ အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါအောက်မှာ ပုံနဲ့လည်း ပြပေးပါမယ်။ မီးခိုးမှုတ်လား မမှုတ်ဘူးလား ကြည့်ပါ။ သိပ်ပြီး မသင်္ကာဘူးထင်ရင် လီဘာနင်း ကြည့်ပါမီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ။ အပေါ် ဖွင့် အောက် ဖွင့် လုပ်ရပါတော့မယ်။ အခန့်မသင့်ရင် အင်ဂျင် အလုံးလိုက်ချိန်းရပါမယ်။ တခြားအသံတွေကတော့နားထောင်လို့ လွယ်ပါတယ်။ ကွန်ပရာဆာ ဘောသံရေလည်အုံ ဘောသံတိုက်ဗစ် မည်သံ တခြားအသံတွေ ထွက် မထွက်နားထောင်ရင် ရပါပြီ ။ဒါဆိုရင် အင်ဂျင်ကောင်းမကောင်း စစ်ဆေးတာ လောက်ပါပြီ”

၆။ ဒိုင်ခွက်က သတိပေး – မီးများ ပုံမှန် ဟုတ် မဟုတ်စစ်ဆေးမယ်ဒါကလည်း လွယ်ပါတယ်။ ယာဉ်မောင်းထိုင်ခံမှာ ထိုင်ပါသော့မှာ အချက်သုံးချက်ပါမယ် ပထမအကြိမ် လှည့်တဲ့ အချက်က ကက်ဆက် နဲ့ ဆေးလိပ်မီးပေါက် ကို မီးပို့ပါတယ်။ ဒုတိယ တစ်ကြိမ်က ဒိုင်ခွက်မှာ ရှိတဲ့ မီးတွေရယ် ကွန်မြူတာဘောက်နဲ့ တခြား မီးရောက်ရမဲ့ နေရာတွေကို အကုန်လုံး မီးပို့ပါတယ်။ တတိယအကြိမ်မှာ စက်နှိုးတယ် ဒါကတော့ လူတိုင်းသိပါတယ် ဒုတိယကြိမ် ဒုတိယ အချက်မှာ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ် အင်ဂျင်ချက် မီးအဲယားဘက်မီးဘတ္ထရီ ပုံအင်ဂျင်ဝိုင် ချက် မီး ABS ချက် မီးလင်းရမဲ့ မီးအကုန်လင်း ရပါမယ် စက်နှိုးပြီးသွားရင် အဲဒီမီးတွေ အကုန်ညိမ်းရပါမယ်။ မီးတစ်ခုခု လင်းနေရင် Error တခုခုရှိနေပါပြီ နောက်တစ်ခုရှိတာက ဟွန်ဒါ အုပ်စုမှာ အများဆုံး တွေ့ရမှာပါ ဘတ္ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ ကားတွေမှာ ဆိုရင် ဘတ္ထရီ ကောင်း မကောင်း နဲ့ ရှာဂျင်ဝင် မဝင် ကြည့်ရပါမယ်။အဲဒီကားတွေဆိုရင် ဟိုပ်ဗစ်ဆိုပြီး အမည် ပေးထားပါတယ် ဒါပေမဲ့ မြန်မာပြည် ရောက်နေကားတော်တော်များများကတော့ ဘတ္ထရီ သက်တမ်းကုန်နေကြပါပြီ ဟိုပ်ဗစ် မဟုတ်ရင် အဲဒါတွေ ခေါင်းထဲ ထည့်စရာမလိုပါ ဒါဆိုရင် ဒိုင်ခွက်က သတိပေး မီးတွေ စစ်ဆေးမှု လုံလောက်ပါပြီ”

၇။ အောက်ပိုင်း ကောင်း – မကောင်း ဂီယာချိန်းပုံ မှန်မမှန် မောင်းစစ်မယ် ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမဲ့ အပိုင်း ရောက်လာပြီ အောက်ပိုင်းကတော့ စစ်ရတာ လွယ်ပါတယ် ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပါ။ဘရိတ်ဖမ်းကြည့်ပါ အသံနားထောင်ပါ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်းကြည့်ပါ တချို့ကား စီယာတိုင် ဂန်းက လမ်းအကောင်းမှာ လုံးဝအသံမထွက်ပါ။ဂီယာဘောက်အပိုင်းမှာ ကတော့ အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပါ ပါဝါ သေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ။ဒါဆိုရင် ဂီယာအစုံအစိ ရောက်ပါပြီ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345နောက်ဆုံးထိ ထည့်မောင်း စမ်းပါ ဂီယာချိန်းတာပုံမှန်ဖြစ်သလား။ ဂီယာ ဆောင့်သလား တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား ဂီယာ ငြီးသံကြား သလား နားထောင်ပါ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာ စစ်ဆေးမှု လုံလောက်ပါပြီ”

၈။ ယာဉ် မှန် မမှန် စစ်မယ် – ဒီအပိုင်းက အခုနောက်ပိုင်း ကညန ရုံးမှာပဲ သွားစစ်ကြတာများပါတယ် ကိုယ်တိုင် စစ်မယ် ဆိုရင်တော့ နံပါတ် (၁) အပိုင်းမှာ ပြောထားသလို ချက်စီတန်းနေရာတစ်ဝိုက်ကို ဖြုတ်ပြီး ခွာပြီး စစ်ရပါမယ် ပြီးရင် အုံနာဘုတ် စာအုပ်နဲ့ ဝှီးတက် မှန်မမှန် စစ်ပါမယ်။ လိုင်စင်စစ်တဲ့ ဆောဝဲ ဒေါင်းလော့ဆွဲထားပါ။ဒီထက်ပိုပြီးသေချာချင်ရင် ခိုင်မာတဲ့ နေရာမှာ စာချုပ်ချုပ်ပါ အိမ် သို့မဟုတ် ရုံး စာချုပ် ချုပ်ငွေချေနေတဲ့ ပုံစံတွေ ဓာတ်ပုံရိုက်ယူထားပါ”ဒါဆိုရင် ယာဉ်မှန် မမှန် စစ်တဲ့ အပိုင်းမှာ လုံလောက်ပြီလို့ ထင်ပါတယ်။ဒီလောက်ဆိုရင် ကားနဲ့ ရင်းနီးပြီးသား သူတွေ အတွက် ဇဝေဇဝါ ဖြစ်စရာ အကြောင်း မရှိတော့ပါ အရင်က တစ်မိုင်လောက်ကနေ မြင်ရတဲ့ အရာက အခု တစ်ပေလောက်ကနေ ကြည့်ရသလို ရှင်း သွားမှာပါ”ပထမပို့စ်မှာ ပြောပြထားတဲ့ အကြမ်းဖြင်း (၈)ချက်ကိုတော့ အသေချာမှတ်ထားပါ ကားကြည့်တော့မယ်ဆိုရင် အဲဒီ အစဉ်တိုင်း စစ်ဆေးပါ အစဉ်တိုင်း မစစ်ရင် ဟိုဟာ ကျန် ဒါ ကျန်နဲ့ကျွန်တော့်လို ဖြစ်ပါမယ်။နောက်တစ်ပိုင်းကတော့ ကားနဲ့ မရင်းနီးသေးတဲ့ သူတွေအတွက်ပါ ကားနံပါတ်တွေမှာ အက္ခရာတွေ ဂဏန်းတွေ ရှိပါမယ် နောက်မှာ ကABCD ကနေ အခုဆိုရင် R အထိ ထွက်နေပါပြီ။ကားလောကမှာတော့ ရှေ့က 123456789ကို ထွေထွေထူးထူး ထည့်တွက်လေ့မရှိပါ နောက်က Aတန်း Bတန်းCတန်းကနေ R တန်းထိ ဒီလိုပဲ တွက်ပါတယ်တက္ကစီတွေမှာဆိုရင်တော့ AA “BB ကနေ HH နောက်ဆုံးထွက်ထားပါတယ်။ရှေ့ဂဏန်းတွေကို မကြည့်ပဲ နောက်က ABCD ကနေ Rထိကို အစဉ်လိုက် အနှိပ်အမြင့် တွက်ပါတယ် တက္ကစီမှာလည်း AA BB ကနေ HH ထိ အစဉ်လိုက် အနှိပ် မြင့်တွက်ပါတယ် မော်ဒယ်တွေက ပြောပြစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။ဒီလောက်ဆို ရှင်းမယ်လို့ ထင်ပါတယ် ကျွန်တော်သိသမျှတော့ ဒါ အကုန်ပဲ ကားပွဲစားနဲ့ ကားလောကထဲမှာလည်း ကုန်သလောက်ပါပဲ ဒီထက်သိတဲ့ ဆရာများရှိရင်လည်း ကျွန်တော့်ကို ပြန်လည် မျှဝေနိုင်ပါတယ်ခင်ဗျ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Bayintnaung Road
Yangon