Beauty Hints

Beauty Hints

Share

Online Shopping

06/01/2022

စာအုပ်ဝယ်ချင်ရင် in stock ရှိပါတယ်နော်

🤪🤪🤪

07/12/2021

အမျိုးသမီးတွေ အပြောများနေတဲ့ Collagen အကြောင်း တစေ့တစောင်း

အခုခေတ်မှာ အလှ အပ နဲ့ ပတ်သက်လာရင် အမျိုးသမီး အများစု က အလှပြင်ပစ္စည်း များသာမက အစားအသောက် ဘက်ကို သတိထားပြီး အလေးပေး လာကြတာတွေ့ရပါတယ်။ တချို့ ကြတော့လည်း အစားအသောက်အပြင် ငွေကြေးကုန်ကျခံ ပြီး ဖြည့်စွက်အားဆေးပါ သောက်ဘာကြပါတယ်။ အထူးသဖြင့် အသားအရေ လှပအောင်၊ တင်းရင်း အောင် collagen ပါတဲ့ အစားအစာ တွေ လက်လှမ်းမီ သလောက် စားကြတဲ့ အတွက် collagen ရနိုင်တဲ့ အစားအသောက် တွေ နဲ့ သူ့ရဲ့ ကျန်းမာရေး ရှု့ထောင့်က ကောင်းကျိုးလေးတွေ ကို ဖော်ပြပေးသွားပါမယ်။ မလိုအပ်တဲ့ ဖြည့်စွက် အားဆေးတွေ အကြောင်းပါ ဖော်ပြပေးသွားပါမယ်။

1. Collagen type 2 မှာပါဝင်တဲ့ Glucosamine နဲ့ chondroitin တွေမှာ Anti Inflammatory Action (ရောင်ယမ်းခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိ) ရှိတဲ့ အတွက် osteoarthritis နှင့် rheumatoid arthritis ကဲ့သို့သော အဆစ်အမြစ်ရောင်တာတွေ ကို သက်သာစေနိုင်ပါတယ်။
2. ဒီအပြင် ခါးနာ၊ ဇက်နာ၊ ဒူးနာ တာတွေ ကို လည်း glucosamine နဲ့ chondroitin တို့က သက်သာ စေပါတယ်။
3. နောက်တစ်ခုကတော့ လူပြောများနေတဲ့ အသားအရေ လှပစေတဲ့ အချက်ပါ။ Collagen က အသားအရေ ကိုတင်းရင်းစေပါတယ်။
4. Collagen ဆိုတာ ပရိုတင်း တမျိုးဖြစ်တဲ့ အတွက် ကြွက်သားတွေ၊ အရိုးကျန်းမာရေး အတွက် လည်း အထောက်အကူ ဖြစ်စေပါတယ်။
5. ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ ခြေသည်း၊ လက်သည်း ကျိုးလွယ်၊ ပဲ့လွယ်ခြင်း များကို သက်သာ စေတဲ့ အတွက် အမျိုးသမီး တွေ ကြားထဲ မှာ collagen က ရေပန်းစားလာတယ်လို့ ပြောရင် မမှားပါဘူး။

Collagen ကြွယ်ဝ တဲ့ အစားအစာ များ
1. ငါးအမျိုးမျိုး
2. ဗီတာမင် စီ ကြွယ်ဝတဲ့အသီးအနှံ များ
3. နို့
4. အစေ့အဆန် များ
5. ပဲ
6. ကွကျဥ အကာ
7. အသား အမျိုးမျိုး (အရေခွံ နှင့် ဆီဗူး ရှောင်ပါ)

Collagen ကို ခန္ဓာကိုယ်က ထုတ်ပေးတယ် ဆိုပေမယ့်
1. နေပူကြာကြာခံရရင်
2. ဆေးလိပ်သောက်ရင်
3. အသက်ကြီးလာရင်
4. အိပ်ရေးပျက်ရင်
5. လေ့ကျင့်ခန်း မလုပ်ရင်
စတဲ့ အချိနိတွေ မှာ ကိုယ်ခန္ဓာက ကော်လဂျင် ထုတ်နှုန်း နည်းလာပါတယ်။

အခုနောက်ပိုင်း ဆေးတွေလဲ သောက်လာကြပါတယ်။ ဆိုးကျိုး ကြီးကြီးမားမား မတွေ့ သေးပေမယ့် တနေ့ကို 10 grams (or) 10000 mg ထက်မပိုတာ ကောင်းတယ် လို့ ဆိုကြပါတယ်။ သောက်ရမယ့် ပမာဏ တိတိကျကျ ထုတ်ပြန်ထားတာတော့မရှိသေးပါဘူး။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် တွေ မှာ collagen ဖြည့်စွက်အားဆေး သောက်လို့ရ် ဆိုပြီး တိတိကျကျ ဖော်ပြထားသေးတာမရှိတဲ့ အတွက် မသောက်သင့်ပါ။

သာမာန် လူတွေ မှာ လည်း အစားအသောက် ပုံမှန်စားနေ ပါက ကော်လဂျင် ထုတ်ပေးန်ိုင်ပါတယ်။

မှတ်ချက် - အားဆေးကြေညာပေးခြင်း မဟုတ်ပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photos from Beauty Hints's post 05/12/2021

တူတူပဲလားစစ်တို့ရေ 🤣
Photo: crd

05/12/2021

ကိုယ့်ကိုကိုယ်လဲလှအောင်လုပ်ကြဦး ကမတို့ရေ။
မော်စကော်ချည်းပဲအွန်မနေနဲ့ 🤣

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon