Chuu

Chuu

Share

Life of feeling

29/09/2025

လူတယောက်ကို လွမ်းတယ်ဆိုတာ ပြက္ခဒိန်လေးတွေရဲ့ရက်စွဲလေးတွေကိုကြည့်ရင်းမျက်ရည်ကျမိတာမျိုးလား😢

လူတယောက်ကို လွမ်းတယ်ဆိုတာ noti သံလေးကြားတိုင်း ပျော်ပြီး ဖုန်းscreen လေးကိုကြည့်မိတာမျိုးလား😢

လူတယောက်ကို လွမ်းတယ်ဆိုတာ သူပုံလေးတွေကိုကြည့်ပြီးရင်ထဲက စကားတွေပြောပြီး ငိုပြီးပြောနေမိတာလား😢

လူတယောက်ကို လွမ်းတယ်ဆိုတာ အသက်ရူတိုင်းလှုပ်ခတ်နေတဲ့ ရင်ခုန်သံလေးတွေအတိုင်းကျနေတဲ့မျက်ရည်တွေကိုခေါတာလား😢

ဒါဆ်ိုရင် ငါနင့်ကိုအရမ်းလွမ်းနေမိတယ်လို့ ဝန်ခံပါရစေနော်😢😔

27/09/2025

"နေပါဦး"

ငါ့ကိုတခုလောက်သင်ပေးခဲ့ဦးလေ

နင်ရှိမှ နေတက်အောင်ပုံသွင်းခဲ့တုန်းက သွင်းခဲ့ပြီး

အခုနင်ထွက်တော့မယ်ဆိုရင်လဲ

နင်မရှိဘဲ ရှင်သန်ဖို့ ငါ့ကိုသင်ပေးခဲ့ဦးလေ

26/09/2025

အနာပေးလိုက်ဆေးပေးလိုက် လူတချို့ကြောင့်

ရူးခဲ့ဖူးတယ်

ခဏလောက် အပြုံးချ်ုချိုလေးပြုံးပြလိုက်ရင် ရစ်မူခဲ့ပြီး

နှစ်ခါလောက်ဟောက်လိုက်တာနဲ့ အသက်ရူကျပ်မတက် ငိုတက်တဲ့ကိုယ်က

ခင်ဗျာတို့အရှေ့မှာ အကြိမ်ကြိမ်ဒူးထောက်အလျော့ပေးနေခဲ့တာ မာနမရှိလို့မဟုတ်ဘူး

မာနကို နှလုံးသားနဲ့ ဖလှယ်ခဲ့တာမို့လို့ တွယ်ကပ်ပြီး နေနေတာပါ

22/09/2025

ချစ်လွန်းလိူ့သီးခံခဲ့တဲ့အရာတွေထဲမှာ ကိုယ့်သိက္ခာကိုတော့စော်ကားခွင့်မပေးထားဘူး

21/09/2025

မှားခဲ့သည်ဖြစ်စေ မှန်ခဲ့သည်ဖြစ်စေ
ပေးခဲ့တဲ့ မေတ္တာတွေမှာ ဘယ်သူ့ကိုမှ အပေါ်ယံတစ်ခုမှ မပါခဲ့ဘူး "

ကိုယ့်ကတော့ လူတိုင်း အပေါ်မှာ မေတ္တာ ထားပေးတယ်

ပြောစရာရှိရင်လဲ အားမနာဘူး ပြောတယ် စကားပြောရင်လည်း ပြတ်သားတယ်
မဟုတ် မမှန်တာတော့ လာမပြောနဲ့ လက်မခံဘူး

ကိုယ့် စကားတစ်ခွန်းကြောင့် သူတစ်ပါး ဒုက္ခ ရောက်အောင် ဘယ်တော့မှ မလုပ်ဘူး

ကိုယ် ပေးခဲ့တဲ့ မေတ္တာတွေကတော့
အပေါ်ယံ တစ်ခုမှ မပါခဲ့ဘူး။

ကိုယ့်အပေါ မေတ္တာအတုပေးခဲ့တဲ့သူတွေလဲ ကိုယ့်ရဲ့မေတ္တာဆူးတွေ ပြန်မစူးပါစေနဲ့လို့ ဆုတောင်းပေးပါတယ🫶

19/09/2025

သေချာတာတော့ ရှေ့ဆက်မယ့်ဘဝမှာ

- တစ်ယောက်ယောက်ကို အလွန်အကျွံစိ​တ်ထဲမထည့်နဲ့
- ဖြည့်တွေးမပေးနဲ့
- တစ်ဖက်သတ်နားလည်ခွင့်လွှတ်ပေးတာမျိုးမလုပ်နဲ့
- ကိုယ့်ဘဝထက်ပိုပြီး တစ်ယောက်ယောက်ကို ရှေ့တန်းမတင်ခင် သူ့ဘဝထဲမှာရော ကိုယ်ကဘယ်နေရာမှာရှိနေလဲ မြင်အောင်ကြည့်
- ဘယ်သူ့ကိုမှ မှီခိုအားကိုးမထားနဲ့ပေါ့

ဒါပါပဲ။

Crd

19/09/2025

18/09/2025

ကိုယ့် ပျော်ရွှင်ဖို့သပ်သပ် လူတယောက်ရဲ့
ဘဝကိုမကစားလိုက်ပါနဲ့ တဖက်လူက ကိုယ့်အပေါ ဘဝကြီးလို့သတ်မှတ်လိုက်ရင် အဆုံးသတ်တွေမကောင်း
နိူင်တော့ဘူး

18/09/2025

ကိုယ်ကမ်းလိုက်တဲ့လက်တွေက ကိုယ့်အတွက်လှေခါးထစ်လေးတွေဖြစ်မယ်ထင်ခဲ့ပေမယ့် တကယ်တော့ဓားသွားတစ်လက်ဖြစ်နေခဲ့တယ်😊

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon