Skin is Love

Skin is Love

Share

We provide great products and services with Good Reputation. Items are 100% Authentic and Original fr

28/10/2025

😭

Photo credits to original owner !

Photos from Dr. Thein - GI's post 27/10/2025
27/10/2025

အဲ့ဆိုင်က Indian ကြက်သား ဒံပေါက်ဆို အသေကြိုက် 🫠😬

ဒံပေါက်ကြိုက်သူတွေ ရှိကြလား?

#ဒံပေါက်

Photos from Skin is Love's post 26/10/2025

၄ လခွဲ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို သေချာ ဂရုတစ်စိုက်နဲ့ လုပ်ပြီးနောက် summer body is ready 🥰💪🏼

အရင်ကပုံ ကွန်မန့်မှာ တင်ပေးပါ့မယ် 😬


#ခါးသေးလေ့ကျင့်ခန်း

24/10/2025

အံ့ဩဖွယ် ကောင်းတဲ့ အောင်မြင်မှုတစ်ခုအနေနဲ့

သိပ္ပံပညာရှင်တွေက ပျားတွေရဲ့ အဆိပ် ( bee venom) မှာ ရှိတဲ့ ပစ္စည်းတွေဟာ သိပ္ပံပညာရှင်တွေလေ့လာခန်းအတွင်း လေ့လာချက်အရ သူတို့ရဲ့တိုက်ခိုက်စွမ်းအားမြင့်တဲ့အတွက် ကင်ဆာဆဲလ်တွေကို ၁၀၀% ဖျက်ဆီးနိုင်တယ်ဆိုတာ အတည်ပြုပြီဖြစ်ပါတယ်။ အဲ့ဒီလုပ်ဆောင်မှုက မိနစ် ၆၀ အတွင်းမှာပဲ ဖြစ်ပေါ်တယ်

အဓိကအချက်ကတော့ ပျားအဆိပ်မှာပါတဲ့ melittin ( မီလစ်ဒ်တင်) ဆိုတဲ့ အားကြီးတဲ့ ပစ္စည်းတစ်မျိုးပါပဲ

သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာက melittin ဟာ ကင်ဆာဆဲလ်တွေရဲ့ အပြင် အလွှာကို တိုက်ရိုက် ဖျက်ဆီးနိုင်ပြီး၊ အဲ့ဒီ ကင်ဆာဆဲလ်ကိုယ်အင်္ဂါအတွင်းတွင် ကင်ဆာရောဂါ ပေါက်ဖွားတိုးပွားဖို့အထောက်အပံ့ပေးတဲ့ လမ်းကြောင်းတွေကိုပင် ပိတ်ဆို့ပေးနိုင်တာ ဖြစ်ပါတယ်ရှင်

လေ့လာခန်းအတွင်းမှာတော့ triple-negative နဲ့ HER2-positive ဆိုတဲ့ ( ရင်သားကင်ဆာဖြစ်စေတဲ့ဆဲလ်) အန္တရာယ်အမြင့်ဆုံး၊ ဆေးကုသရခက်ခဲဆုံးတဲ့ ကင်ဆာ အမျိုးအစားနှစ်မျိုးဟာ အဲ့တာနဲ့တွေ့ပြီး မိနစ် ၆၀ အတွင်း ဖျက်ဆီးသွားပါတယ်တဲ့ 😮

ပိုပြီး အံ့သြဖွယ်ဖြစ်တာကတော့ အဲ့ဒီလုပ်ဆောင်မှုရဲ့ တိကျမှုပါပဲ 👍🏼

ကင်ဆာဆဲလ်တွေနီးမှာရှိတဲ့ ကျန်းမာသောဆဲလ်တွေက ထိခိုက်မှုနည်းနည်းပဲရှိတာဖြစ်လို့ melittin ဟာ သာမန်ဆဲလ်တွေကို မပေးသက်ရောက်ဘဲ ကင်ဆာဆဲလ်တွေကိုပဲ တိတိကျကျ ဦးတည်ဖျက်ဆီးတတ်တယ်ဆိုတာ ပြသပေးတယ် 👍🏼👍🏼👍🏼

ဒါဟာ ကင်ဆာကုသ သူတွေအတွက် အသစ်သစ်သော သဘာဝပစ္စည်းအခြေပြုနည်းလမ်းအသစ်တစ်ခုကို ဖန်တီးပေးနိုင်မယ့် ရလဒ်တစ်ခုပဲဖြစ်ပါတယ်။

အခုတော့ သိပ္ပံပညာရှင်တွေက melittin ကို ဘယ်လို လုံခြုံစွာ ထိန်းချုပ်ထားပြီး သုံးစွဲနိုင်မလဲဆိုတာ လေ့လာနေကြပြီး၊ ရှိပြီးသား ကုသနည်းများနဲ့ ပေါင်းစပ်သုံးစွဲနိုင်ဖို့ စဉ်းစားနေကြပါတယ်။

ဒီလိုလုပ်ခြင်းက အကျိုးသက်ရောက်မှု တိုးလာစေပြီး၊ ဘေးထွက်ဆိုးကျိုးလျော့နည်းစေနိုင်ပါတယ်။ လူနာတွေလဲ ဆေးကုသရင် အရမ်းမခံစားရတော့ဘူးပေါ့

အရင်တုန်းက ပျားတုတ်မှာ ကြောက်ရ၊ သူ့ရဲ့အဆိပ်ကြောက်တဲ့ အရာက အခုတော့ ကုသမှုအတွက် တန်ဖိုးရှိတဲ့ အရာ အနေနဲ့ ချီးမွမ်းခံရဖို့ ဖြစ်လာပြီ ပေါ့နော်

ပျားအုံမှ စတင်ပြီး လေ့လာခန်းအထိ — သဘာဝက ထပ်မံပေးအပ်တဲ့ စစ်မှန်တဲ့ သက်သေအထောက်အထားတစ်ခုဖြစ်လာပြီ

တိရစ္ဆာန်အသေးသေးလေးများကပင် အကြီးမားဆုံး လူတွေရဲ့ ရောဂါ ကုသမှုအတွက် အသုံးဝင်လာတော့မဲ့အဓိက အကောင်လေးတွေဖြစ်လာတော့မှာပါနော် 🥰🙏🏼

In a stunning breakthrough, scientists have confirmed that bee venom can destroy 100% of aggressive breast cancer cells in lab tests and it does so in less than 60 minutes.

The key lies in melittin, a powerful compound found in bee venom. Researchers discovered that melittin can break apart the outer membranes of cancer cells and shut down key signaling pathways that allow tumors to grow and spread. In the lab, triple-negative and HER2-positive breast cancer cells, two of the deadliest and most treatment-resistant forms were completely destroyed within an hour of exposure.

What makes this even more remarkable is the precision. Healthy cells surrounding the tumors remained mostly unharmed, suggesting that melittin targets cancer cells without causing the widespread damage associated with chemotherapy.

This discovery opens the door to a new generation of cancer treatments that use nature’s own weapons in a focused and powerful way. Scientists are now exploring how to safely deliver melittin in controlled doses, potentially pairing it with existing therapies to increase effectiveness while reducing side effects.

Bee venom, long feared for its sting, may now be celebrated for its healing.

From the hive to the lab, nature just gave us another powerful reason to believe that the tiniest creatures often carry the biggest cures.

Credits to original owner !








#ကင်ဆာကုသမှုအောင်မြင်မှု #ဆေးလောက

24/10/2025

ကျမ နဲ့ ကျမ သူငယ်ချင်း

24/10/2025

စျေးကြီးတဲ့ ဆေးဝါးတွေမလိုပါ —မီးဖိုချောင်ထဲမှာပဲ ကင်ဆာကာကွယ်ရာမှာ အထောက်အကူပေးနိုင်တဲ့ အရာတွေရှိပါတယ်။
ဒီနေ့တော့ အလွယ်တကူရနိုင်တဲ့ “အစားအစာ ၅ မျိုး” နဲ့ စပြောပြချင် ပါတယ်။
________________________________________
🍅 ခရမ်းချဉ်သီး
ခရမ်းချဉ်သီးရဲ့ အနီရောင်ဟာ Lycopene ဆိုတဲ့ သဘာဝ antioxidant ကြောင့်ဖြစ်ပါတယ်။
ဒီဓာတ်က ဆဲလ်တွေရဲ့ ပျက်စီးမှုကို နည်းပါးစေပြီး ကင်ဆာအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။
အမေတွေရဲ့ “ခရမ်းချဉ်သီးချက်”ဟာ သာမန်ဟင်းမဟုတ်ဘဲ — ကင်ဆာနဲ့ နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ “သဘာဝဆေး” တစ်ခွက်ပါ။

🌿 အစိမ်းရောင် အရွက်များ
ချဉ်ပေါင်၊ ကန်စွန်းလို အရွက်တွေမှာ ဗီတာမင် A, C, E တွေအပြင် Lutein, beta-carotene နဲ့ flavonoids လို antioxidant ဓာတ်တွေအပြည့်အဝပါဝင်ပါတယ်။ဒီဓာတ်တွေက ဆဲလ်ပျက်စီးမှုနဲ့ ယောင်ရမ်းမှုကို လျှော့ချနိုင်ပါတယ်။
နေ့စဉ် ဒီလိုအစိမ်းရောင်အရွက်တွေကို ထည့်စားပေးတာဟာ အူလမ်းကြောင်းကျန်းမာရေးနဲ့ ကိုယ်ခံအားကိုလဲ ကောင်းစေပါတယ်။

🥦 ပန်းဂေါ်ဖီ (Broccoli / Cauliflower)
ပန်းဂေါ်ဖီတွေအထဲမှာ Sulforaphane ဆိုတဲ့ ဓာတ်ပါဝင်ပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာဖြစ်လို့ ကင်ဆာဆဲလ်တွေ မကြီးထွားအောင် တားဆီးပေးနိုင်ပါတယ်။
အပူနည်းနည်းပေးပြီး ချက်စားတာက ဒီဓာတ်တွေကို ပိုမိုကျန်ရှိစေပါတယ်။

🧄 ကြက်သွန်နီ၊ ကြက်သွန်ဖြူ
မိသားစုထမင်းစားပွဲမှာ မဖြစ်မနေ ပါဝင်တဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေအထဲမှာ Allicin ဆိုတဲ့ သဘာဝဓာတ် ပါဝင်ပါတယ်။
ဒီဓာတ်ဟာ ကိုယ်ခန္ဓာအတွင်း ယောင်ရမ်းမှုနဲ့ အချို့ဆဲလ်ပုံမမှန်ပြောင်းလဲမှုတွေကို လျှော့နည်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

🥭 သင်္ဘောသီး
သင်္ဘောသီးထဲမှာ Beta-carotene, Lycopene, Vitamin C နဲ့ Flavonoids လို antioxidant ဓာတ်တွေ ပါဝင် ပါတယ်။ဒီဓာတ်တွေက ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်ပျက်စီးမှုကို တားဆီးပြီး၊ ယောင်ရမ်းခြင်းကို လျှော့ချပေးလို့ ကိုယ်ခံအားတက်စေပါတယ်။
အမှည့်ဖြစ်ဖြစ်၊ သင်္ဘောသီးသုပ်လို အစိမ်းအနေနဲ့လည်း စားလို့ရတဲ့ သဘာဝအချိုပွဲလေးပါ။
________________________________________
💚 ဒီအစားအစာတွေဟာ ကင်ဆာလူနာများအတွက်လဲ အသုံးဝင်ပါတယ်။အထူးသဖြင့် chemotherapy နဲ့ radiation treatment လက်ခံနေသူတွေအတွက် သဘာဝအသီးအနှံတွေက ကိုယ်ခံအားတက်အောင်၊ အဟာရပြည့်ဝအောင် ကူညီပေးနိုင်ပါတယ်။
⚠️ သတိထားဖို့ကတော့ အသီးအရွက်တွေကို လတ်ဆတ်သန့်ရှင်းအောင် သေချာဆေးကြောပြီး စားသုံးပါ။
________________________________________
တကယ်တော့ ကင်ဆာကို တားဆီးနိူင်ဖို့ လိုအပ်တဲ့ အစားအစာတွေဟာ
🛒 ဈေးထဲမှာ၊ 👩‍🍳 မီးဖိုချောင်ထဲမှာ၊ 🍽️ ကျနော်တို့ ထမင်းဝိုင်းမှာ ရှိပါတယ်။
💚 ကျန်းမာရေးအတွက် သဘာဝ အသီးအနှံတွေကို နေ့တိုင်း စားသုံးဖို့ မမေ့ပါနဲ့။
________________________________________

Credits to ဒေါက်တာအောင်မျိုး 🙏🏼

(ကင်ဆာဆေးပညာ)
Member, American College of Lifestyle Medicine
& Singapore Society of Lifestyle Medicine

24/10/2025

Pyunkang Yul Calming Moisture Barrier Cream ✨✨✨

အသားခြောက်၊ sensitive skin ၊ အသားပျက်စီး skin barrier မကောင်းသူများ အတွက် Barrier cream လေး ✨💫✨
မင်မင်တော့ အရမ်းကြိုက် 🥰😌

23/10/2025

ထိုင်းထောင်မှ ရွှေကုက္ကိုလ် ကျားဖြန့်ခေါင်းဆောင်ကို တရုတ်ထံ လွှဲမည်

ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၅

တရုတ်နိုင်ငံက အလိုရှိနေသည့် နာမည်ကြီးအွန်လိုင်းငွေလိမ်ဂိုဏ်း ( ကျားဖြန့် ) ခေါင်းဆောင်လည်းဖြစ်ပြီး ရွှေကုက္ကို ရထိုက်ကုမ္ပဏီတည်ထောင်သူ ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် ခံယူထားသူ ရှီကျီကျန်းကို တရုတ်အစိုးရဆီသို့ လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှီကျီကျန့်၏ တောင်းဆိုမှုများကို ပယ်ချလိုက်ပြီး ၂၀၀၈ ခုနှစ် တရားခံလွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၁၉ နှင့် ၂၁ အရ တရုတ်နိုင်ငံသို့ လွှဲပြောင်းမည်ဟု ထိုင်းအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

ရှီကျီကျန်းသည် တရားမဝင်အွန်လိုင်းလောင်းကစားမှု၊ လိမ်လည်မှုနှင့် ငွေကြေးခဝါချမှုတို့အတွက် ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် ၂၀၁၂ ခုနှစ်ကတည်းက တရုတ်အာဏာပိုင်များထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့သူဖြစ်သည်။

ထို့နောက် ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို ၎င်း၏ Yatai International Holdings Group က ဦးဆောင် အကောင်အထည်ဖော်ပေးခဲ့ပြီး ရွှေကုက္ကိုမြို့သစ်သည်လည်း အွန်လိုင်းငွေလိမ်ဂိုဏ်း ( ကျားဖြန့် ) များ ၊ တရာမဝင်လုပ်ငန်းများ ၊ ရာဇဝတ်မှုများဖြင့် နိုင်ငံတကာ၌ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည်။

တရုတ်နိုင်ငံ၏တရားခံပြေးဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင်လုပ်ငန်းများ ဆက်လက်ဦးဆောင် လုပ်ကိုင်နေသူ ရှီကျီကျန်းကို ထိုင်းနိုင်ငံက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းဖမ်းဆီးခဲ့ပြီး ၎င်း၏ အမှုအား ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ညီ မညီ စစ်ဆေးပေးရန်တင်ပြတောင်းခံမှုကြောင့် ထိုင်းအကျဉ်းထောင်းအတွင်း နှစ်ချီကြာ ထိန်းသိမ်းထားခြင်းဖြစ်သည်။

23/10/2025

😂🤣

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
111111

Opening Hours

Monday 09:00 - 23:30
Tuesday 09:00 - 23:30
Wednesday 09:00 - 23:30
Thursday 09:00 - 23:30
Friday 09:00 - 23:30
Saturday 09:00 - 23:00
Sunday 09:00 - 23:00