HOTT
Products For your skin's beauty�
02/12/2021
https://www.facebook.com/105302294598371/posts/452073079921289/?sfnsn=mo
Moisturizer မလိမ်းပဲ toner ပဲလိမ်းလို့ရလား ? serum ပဲလိမ်းလို့ရလား ? Ampoule ပဲလိမ်းလို့ရလား ? Essence ပဲလိမ်းလို့ရလား ?
ကပ်သီးကပ်သတ်မေးခွန်းတွေပေါ့ :3 သေချာလေးရေးထားတာမို့ သိချင်တာလေးတွေသိလိုက်ရမယ်လို့မျှော်လင့်ပါတယ်။
💧Moisturizer ဆိုတာ ???
Moisturizer ဆိုတာ အစိုဓါတ်ထိန်းပစ္စည်းပါ။ Ingredients ပေါ်မူတည်ပြီး ရေဓါတ်လည်းဖြည့်မယ်၊ အစိုဓါတ်လည်းထိန်းပေးမယ်။ Formulation ပေါ်မူတည်ပြီး " TWEL (Transepidermal water loss) ဆိုတဲ့ အရေပြားအလွှာတွေကနေ ရေဓါတ်ဆုံးရှံးတာ" ကို ကာကွယ်ပေးတယ်။
ဘာလို့ ingredients ပေါ်မူတည်တယ်လို့ပြောတာလဲ ဆိုရင် - Moisturizer တွေကို formulate လုပ်တဲ့အခါမှာေယဘုယျအားဖြင့်
✓ Occlusives => အရေပြားပေါ်မှာ ရေဓါတ်ဆုံးရှုံးမှုလျော့ပါးစေဖို့ အလွှာတခုလိုကာကွယ်ပေးတဲ့အရာတွေ။
✓ Humectants => hydrated skin ဖြစ်စေဖို့ အရေပြားထဲကို ရေဓါတ်ဆွဲယူထိန်းသိမ်းပေးထားေပးတဲ့အရာတွေ။
✓ Emollients => Skin cells တွေအကြားဝင်ရောက်ပြီး ခြောက်သွေ့ ကြမ်းတမ်းတာတွေကိုချောမွေ့သွားစေတဲ့အရာတွေ။
အဲ့လို သုံးမျိုးသုံးစားပါဝင်တယ်။ အဲ့ထဲမှာမှ gel type moisturizer တွေဆိုရင် occlusive မပါသလောက် နည်းမယ်။ cream ဘက်ရောက်လာလေလေ occlusives & emollients များလာလေလေ။ occlusive အဖြစ်ဆုံးကတော့ petroleum jelly ပေါ့။
Hydrating နဲ့ Moisturizing (တနည်း) Hydrator နဲ့ Moisturizer ဘာကွာလဲဆိုရင်တော့
Hydrating/ Hydrating => အရေပြားရဲ့ moisture content မြင့်လာဖို့အတွက်သာဖြစ်ပြီး
Moisturizing/ Moisturizer => moisture content မြင့်လာဖို့ရယ် ရေဓါတ်မဆုံးရှုံးအောင်ရယ် emollient effect ရယ် တာဝန်ယူပေးပါတယ် ။
အပေါ်ကမေးခွန်းကိုပြန်ဖြေဖို့ဆို နည်းနည်းထပ်ရှင်းပြရဦးမယ်။
🧫 Essence ဆိုတာ — အများအားဖြင့် Hydrating အဓိကဦးစားပေး product တွေပါ။ occlusive နည်းမယ်။ အဓိကက humectants တွေပါမယ်။
🔖 Serum/ Ampoule ဆိုတာ — ယေဘုယျအားဖြင့် glorified moisturizer တွေဖြစ်ပြီး သက်ဆိုင်ရာ ingredient ရဲ့ property အလိုက် skin ကို treatment လုပ်ပေးတဲ့ products တွေပါ။ ဥပမာ Niacinamide/ Vit C serum ဆိုရင် skin brightening အတွက်ကောင်းတယ်၊ Tea tree/ Cica serum တွေဆိုရင် ဝက်ခြံတွေ ရောင်ရမ်းတာတွေ အဓိကသက်သာစေမယ် အစရှိသဖြင့်ပေါ့။
🏷️ Toner ဆိုတာ — အဓိကက skin pH balance ညှိပေးဖို့၊ acid toner ဆိုရင် ဆဲလ်သေဖယ်ဖို့၊ အဲ့ထဲမှာမှ Hydrating ingredients လေးတွေ skin-loving ingredients လေးတွေပါမယ်၊ occlusives တွေကတော့မပါသလောက်ပဲပေါ့။
_____________
ဒါဆို Moisturizer မလိမ်းပဲ toner ပဲလိမ်းလို့ရလား ? serum ပဲလိမ်းလို့ရလား ? Ampoule ပဲလိမ်းလို့ရလား ? Essence ပဲလိမ်းလို့ရလား ? လို့မေးရင် —
Skin type ကဘာလဲလို့ အရင်ပြန်မေးရပါလိမ့်မယ်။ (ဘယ် skin type မဆို Moisturizer လိမ်းတာက ေတာ့အကောင်းဆုံးနော်)
အကယ်၍ dry skin ဆိုရင် ရေဓါတ်ရော၊ အဆီဓါတ်ရော လိုအပ်တဲ့အတွက် Cream Moisturizer မျိုးတွေလိမ်းဖို့လိုပါလိမ့်မယ်။
Combination skin ဆိုရင် အနည်းဆုံး အသားခြောက်တတ်တဲ့ ပါးနှစ်ဖက်အတွက်လိုပါလိမ့်မယ်။
Oily skin ဆို Hydrating essence or Hydrating serum လောက်နဲ့လည်းအဆင်ပြေပါလိမ့်မယ်။
ဒါပေမယ့် အဲ့ oily & combination skin က dehydrated skin မဟုတ်ဖို့တော့လိုပါတယ်။ dehydration prone ဆိုရင်တော့ Moisturizer လိမ်းပေးဖို့လိုအပ်ပါတယ်။
ဖြေဖို့ တခုကျန်ခဲ့တယ်၊ toner ချည်းပဲလိမ်းလို့ရလားဆိုတာ။ Hydrating toner ကျတော့ အပေါ်မှာပြောခဲ့သလို Hydrate လုပ်နိုင်ပေမယ့် ရာသီဥတု၊ ပတ်ဝန်းကျင်ကအပူရှိန်အပြင် air con ခန်းထဲနေတဲ့သူဆိုရင်အသားခြောက်လာမှာ (TEWL ဖြစ်လာမှာ) နဲ့ဆို occlusives လိုလုပ်ဆောင်နိုင်မယ့် ingredient မပါရင်ေရရှည်မှာအဆင်မပြေနိုင်ဘူး။ acids toner တွေဆိုရင်လည်း အဆီပိုတွေဖယ်ပေး၊ ဆဲလ်သေတွေဖယ်ပေးလို့ ယေဘုယျအားဖြင့်အသားခြောက်စေတတ်တယ်ဆိုတော့ Moisturizer က လိုပြန်ရော။
To conclude, toner ကတော့ တခုတည်းလိမ်းလို့မလုံလောက်ပါဘူး။ တခုတည်းလိမ်းလည်း Moisturizer မလိမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖုတွေထလာတာမျိုးရှိမှာမဟုတ်ဘူးနော်။ dehydration prone skin ဆို dehydrate ဖြစ်လာပြီး အဆီပိုထုတ် >> အဲ့အဆီကြောင့် အဆီဖုထ ။ အဲ့လိုတော့ရှိနိုင်တယ်။ တခါတလေတော့ admin လည်း Hydrating toner ချည်းလိမ်းတာမျိုးလုပ်ပါတယ်။ ပျင်းလို့ပါ။ #မလုံလောက်တာပဲရှိပြီး ပြဿနာထွေထွေထူးထူးတော့မရှိပါဘူး။
အဲ့လောက်ဆိုသေချာနားလည်လောက်ပြီလို့ထင်ပါတယ်။ သိချင်တာတွေမပါခဲ့ရင်မေးခဲ့ပေးပါနော်။
Disclaimer : Content provided on this blog post is only for informational purposes and should not be substituted for advice from a healthcare professional.
Do NOT copy.
27/11/2021
𝙷𝚎𝚕𝚕𝚘 𝙻𝚊𝚍𝚒𝚎𝚜 👋
𝚃𝚑𝚛𝚒𝚏𝚝 အထည် 𝚘𝚗𝚎 𝚜𝚎𝚝 လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်🥰
ဒါက 𝙿𝚊𝚛𝚝 𝙸 လေးပါ😉
𝚂𝚑𝚒𝚛𝚝အင်္ကျီ အဖြူလေးတွေနဲ့ တွဲပေးထားတာမို့ ထသွားထလာရော 𝚏𝚘𝚛𝚖𝚊𝚕 𝚘𝚌𝚌𝚊𝚜𝚒𝚘𝚗 တွေမှာပါ ဝတ်ရအဆင်ပြေမှာပါရှင်💃
ရိုးရိုးရှင်းရှင်း 𝙾𝚗𝚎 𝙿𝚒𝚎𝚌𝚎 𝙳𝚛𝚎𝚜𝚜 လေးတွေလည်းပါပြီး ဈေးနှုန်းလည်း သင့်တာမို့ရှူစားကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်💕💕
⭐𝚈𝚊𝚗𝚐𝚘𝚗 မြို့တွင်းဆို 𝙲𝚊𝚜𝚑 𝚘𝚗 𝙳𝚎𝚕𝚒 ပါရှင်~ပို့ခ ၁၈၀၀ ကျပ်နဲ့ မြို့တွင်းပို့ပေးပါတယ်ရှင့်
⭐နယ်မှအားပေးလိုသူတွေကတော့ ငွေကြိုလွှဲပေးရပါမယ်ရှင့်။ Kpay/Wave နှစ်မျိုးလုံးရပါတယ်နော်။ ငွေလွှဲဝင်ပြီး နှစ်ရက်မှ သုံးရက်အတွင်းကားဂိတ်ပို့ပေးပါတယ်ရှင့်
အသေးစိတ်သိချင်တာရှိရင်တော့ 𝙲𝚑𝚊𝚝 𝙱𝚘𝚡 မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်💕
14/11/2021
ဟေးး ရွှတ်ရွှတ် ဒါလေးတွေinstock ရသေးတာ သိရဲ့လား🤣🤣။မင်မင်တော့အဲ့ကပ်ခွာလေး ရှယ်သဘောကျနေတယ်
https://www.facebook.com/106803388397232/posts/123899466687624/?sfnsn=mo
12/11/2021
WB Super Vegitok Cleanser 🥦
Super Vegitok Cleanser Yellow 🍋
Direct from korea
Price - 19500 ks (300 ml)
Vegitok Cleanser Yellow က အဓိက အားဖြင့် အသားရေမှာရှိတဲ့ အညစ်အကြေးများကို deep cleansing လုပ်ပေးနိုင်တဲ့ cleanser လေးပါ။
-Vitamin C ပါဝင်လို့ နေလောင်ဒဏ်ကြောင့် အမဲစက် တင်းတိတ် အသားရေမညီညာခြင်းများအတွက် သိသိသာသာ ကို လျော့ချပေးပါတယ်ရှင်။
🍋မျက်နှာအသားရည်ကို သိသိသာသာကြည်လင်စေပြီး ဆားဝက်ခြံတွေပါ သိသိသာသာ ပျောက်ကင်းစေတဲ့အပြင် detoxing effect ကိုပါ ရတာမို့ မျက်နှာလေးကို ကြည်လင်စေပါတယ်။
- whitening effect ကိုအဓိကပေးပါတယ်
- သဘာဝ lemon သလဲသီး မုန်လာဥနီ စတဲ့ အသီးအနှံတွေက ရတဲ့ whitening မို့ အသားရည်အတွက် ထိခိုက်မှု့မရှိပဲ အသုံးပြုနိုင်ပါတယ်
-ဒါလေးက သုံးပီးရင် မျက်နှာလေး ဖြူဖြူအိအိလေးဖြစ်သွား စေတယ်
-T Zoneအဆီပြန်တဲ့ သူတွေ တောင် သက်သာစေတယ်နော်။
🍀🍀🍀🍀🍀🍀🍀🍀
-WB cleanser လေးက သဘာဝအသီးအရွက်တွေကိုအခြေခံပီးထုတ်လုပ်ထားတဲ့ organic bubble cleanserမို့ all skin type သုံးလို့ရပါတယ်။
11/11/2021
#တန်ဆောင်တိုင်အတွက်ဆီမီးလေးတွေပြန်မှာလို့ရပါပြီ ❤️
Flower candles လေးတွေက ၁၀ ခုပါတစ်ကဒ်ကို 3500ks ပါရှင်
နောက်က scented candles အိုးလေးတွေက တစ်ခွက်ကို 5500ks ပါ.. ၃ခွက်ယူရင် deli free ပါ(ရန်ကုန် onlyပါရှန်🥲) ❤️
10/11/2021
မင်မင်တို့ Page ရဲ့ ရောင်းအားအကောင်းဆုံး Modelling Mask OR Rubber Mask တွေ အကုန် instock ပြန်၀င်ထားပါပြီ။
ရွေးချယ်စရာ ကိုးမျိုးတောင် ရှိတာမို့ စိတ်ကြိုက် ရွေးလို့ရပါတယ်။ ☺️
10/11/2021
Instock ပါရှင့်။
မှာယူပြီး သုံးရက်အတွင်း ပို့ပေးပါတယ်နော်။
10/11/2021
ကြုံရင်ကြုံရသလို လိမ်မာရေးခြားရှိအောင်လည်း ဆုံးမတတ်တဲ့ Bf material လေးပါ 🥲🤌
10/11/2021
JM မေးထားတာလေးတွေ ဘယ်ရောက်ကုန်ပြီလဲဝေ့ 🙄.. လာလာမေးပြီး ရောက်ရင်မပျောက်သွားကြေးလေ ဒီမှာမျှော်နေပြီ 😏
JM Solution Toner
❤️ Price = 18000ks ❤️
🌹Rose (Pink)🌹
နှင်းဆီအရည်နဲ့ ထုတ်ပေးထားတာကြောင့် အသားကို ကြည်ပြီးစိုစိုလေးဖြစ်စေတယ် All skin type သုံးလို့ရပါတယ်နော် အသားလေး ကြည်ပြီး glow effect ရချင်သူများ အတွက် 𝐑𝐨𝐬𝐞 🌹လေးသုံးနော်
🍀Pearl (Green)🍀
အစိမ်းလေးကတော့ whitening effect ကို ရစေတာပါ မျက်နှာလေး ဖြူဝင်းပြီး ရေဓာတ် ပြည့်ဝချင်သူများအတွက် 𝐏𝐞𝐚𝐫𝐥 💚 လေး
🐝Honey (black)🐝
ပျားရည်ကတော့ အသားအရည်အတွက် အရမ်းကောင်းတယ်ဟုတ် အသားအရည်ကိုတင်းရင်းစေတယ် ၊စိုပြေစေတယ်၊ အမဲစက်တွေကို သက်သာစေတယ် 𝐇𝐨𝐧𝐞𝐲 🍯လေးကိုတော့ anti-aging အတွက် recommend ပါနော်
10/11/2021
မျက်တောင် မျက်ခုံးတွေကို ပိုသန် ပိုရှည်အောင် အားဖြည့်ပေးမယ့် Edute house ရဲ့ lash serum လေးတွေ ဝုန်းလို့ရပြီနော်
Normal price - 7000ks
2 ခုဝယ်ရင် Promo Price - 6500ks (ဒီလအတွင်းပဲနော် 😘)
Review လေးတွေပါ ထည့်ပေးထားပြီး မင်မင့်ဆီကဝယ်သုံးတဲ့ cus လေးကိုယ်တိုင် 2ပတ်သုံးပြီး ကောင်းကြောင်းပြောလာတာ 😍 ....
Direct from korea မို့ စိတ်ချလက်ချ လှပနိုင်ပါတယ် 😗
10/11/2021
Carbonated Bubble Clay Mask
🌸price- 18500ks 🌸
Imported from Korea
💯 Authentic
Result လွန်းလို့ မရှိမဖြစ် အလိုအပ်ဆုံး Clay mask လေးတစ်ခု !
🌸Clay Mask ဆိုပေမယ့် ခြောက်ကပ်ကပ်ကြီး မဟုတ်တဲ့ အပြင် တခြား Clayတွေထက် Deep Cleansing လုပ်ပေးနိုင်ပါတယ်
🌸ချွေးပေါက်ကျယ်တယ် အဆီပြန်တယ် ဆိုသူတွေနဲ့ဆားဝက်ခြံနဲ့ အဆီဖုသေးသေးလေးတွေ ရှိတဲ့ သူတွေပါ အသုံးပြုပေးသင့်ပါတယ်နော်
🌸အမဲစက်တွေပါ တဖြည်းဖြည်းချင်းပါးပြီး
အသားလေး ကြည်လာစေပါတယ်
❤️အရေးအကြီးဆုံးကတော့ Clay Mask သုံးပေးပြီးရင် moisturizer လေးတစ်ခုခုသုံးကို သုံးပေးရပါနော် ❤️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon