Linn

Linn

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linn, Health/Beauty, Bahan, Yangon.

04/09/2023

"တောင်းလို့သာရရင်
ခင်ဗျားတို့ကို ကူပြီးတောင်းပေးပါရဲ့"

ဒကာတွေ ဒကာမတွေ လူ့ပြည်လာပြီးသကာလ အိမ်ထောင်ပြုခြင်း သားသမီးမွေးခြင်း သားသမီးတွေကို လုပ်ကျွေးခြင်း ဒါချည်းလုပ်ဖို့ လာတာမဟုတ်ပါဘူး..တဲ့..

ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ အပါယ်လေးပါးမှ တက်ပြီးသကာလ လာခဲ့ကြရတာ..

ဒီကျမှ ယောင်ချာချာ
ဘဝတဏှာက လှည့်စားလိုက်
ပတ်ဝန်းကျင်က လှည့်စားလိုက်နဲ့
ဒကာဒကာမတွေမှာ မရစဖူး အရထူးတဲ့
ဘဝကြီးကို ဖြုန်းလိုက်တဲ့အတွက်
အနာကြီးနာနေတယ်ဆိုတာ သိအောင်လည်း
လုပ်ကြပါ..

➢ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ဆိုတာ တစ်စ တစ်စ
လုပ်ရတာပဲဆိုပြီး ဒီတစ်စတစ်စ လုပ်တာနဲ့ပဲ
အညွန့်တုံးသွားကြတာ..

ကိုယ်က ဒယ်အိုးနှုတ်ခမ်းလျှောက်ပြီးတော့
နေသာနေတယ်..
ဒီဘက်ကျရင် မီးထဲ..
ဟိုဘက်ကျရင် ဆီပူထဲ..
ဒါကိုလည်း နေသာနေကြတာပဲ..

ဒီပုံစံနဲ့ အသေဦးသွားခဲ့သော်
ကိလေသာမကုန်ခဲ့သော်
ဘဝကတစ်ဖန်လာဦးမှာ
အခုနေသေရင် အားလုံးထားခဲ့ရမယ်
သံသရာမှာ ခင်ဗျားတို့မရဖူးတာဆိုလို့
နိဗ္ဗာန်ပဲရှိပါတော့တယ်..

တစ်ကယ်တော့ နိဗ္ဗာန်ဆိုတာ နီးနီးလေးပါ
နီးရက်သားနဲ့ မရောက်တာ
ကွေ့ပတ်သွားနေလို့ပါ
တဏှာနဲ့ ကွေ့သွားလိုက်
လောဘနဲ့ ကွေ့သွားလိုက်
ဒေါသနဲ့ ကွေ့သွားလိုက်
မောဟနဲ့ ကွေ့သွားလိုက်..ပေါ့
ဒါကြောင့်နီးရက်နဲ့ ဝေးနေကြတာပါ..

အဆုံးစွန်သောဘဝဆိုတာ
ဘယ်လောက်ကြာမှ ဆုံးမယ်မသိဘူး..
တို့ဒကာတွေ သံသရာမှာ
ကြာချင်သလောက်ကြာ အဆုံးတော့ မီမှာပဲလို့
အောက်မေ့နေကြသလား မပြောတတ်ဘူး..
ရယ်စရာကောင်းနေတော့တယ်..
ကိုယ်က မဆုံးချင်ရင် ဘယ်တော့မှ
မဆုံးဘူးဆိုတာ တထစ်ချ မှတ်လိုက်ကြပါ..
သံသရာဆိုတာ ကိုယ်ဆုံးချင်တဲ့အချိန်
ဆုံးနိုင်တယ်..
နိဗ္ဗာန်ဟာ ဆုံးတဲ့အချိန်ရတာပဲ..

ဒါကြောင့် ဒီနေ့ကစပြီး ရှေးမူတွေ ဖျက်ကြ
"သူများယောင်လို့ယောင်
အမောင်တောင်မှန်းမြောက်မှန်းမသိ" ဆိုသလို
ဖြစ်နေကြမယ်
နိဗ္ဗာန်ဆိုတာ ပါးစပ်ကပဲ တောင်းလို့ရတာမျိုး
မဟုတ်ဘူး
တောင်းလို့ရရင် ကူပြီးတောင်းပေးပါရဲ့---

【မိုးကုတ်ဆရာတော်ဘုရားကြီး】
___________________________________

Credit -
ဓမ္မ ဝိဟာရီ 3/9/2020

28/02/2022

♥ ထပ်ပြီးသတိ
ပေးပါရစေ
အသက်(၄၅)ကနေ
(၆၀) သမားများ
အထူးသတိထားဖို့ပါ
အဲဒီအတွင်းကို
ဂရုစိုက်နေထိုင်ရင်...
ကျန်းမာအသက်ရှည်ပါတယ်တဲ့..

♥ အလေ့ကျင့်ကောင်းသွားရင်
ရောဂါကြီးကြီးမား
မရှိရင်အသက် ရာကျော်အထိ
အသက်ရှည်ကျန်းမာပါတယ်လို့
ဆိုကြတယ်.....

၁။ ကိုယ်အလေးချိန်ကို
အမြဲချိန်ပါ
(weightချိန် ပါ )။

၂။ အိပ်ရေးဝအောင် အိပ်ပါ။

၃။ အစာအိမ်ကို ဂရုစိုက်ပါ
ဖြေးဖြေးနဲ့ နည်းနည်းပဲစားပါ
၇၀% ပြည့်အောင်ပဲစားပါ
အလွန်အကျွံ မစားပါနဲ့
ပျော့တဲ့အစားစာရွေးစားပါ
အဆီ,အငန်,အချို,
အပူစာတွေလျော့စားပါ။

၄။ အရိုးအဆစ်ကိုဂရုစိုက်ပါ။

၅။ vitamin D ရအောင်
နွားနို့,ငါး,ပဲ စားတဲ့အပြင်
မနက်(သို့) ညနေခင်း
နေရောင်ခြည်ကို
10min လောက်
အနည်းဆုံး ခံယူပါ
vitamin Dအားဆေးလည်း
တခါတေလ စားပေးပါ။

၆။ လမ်းလျှောက် လေ့ကျင့်ခန်း
လုပ်ပေးပါ
ကြွက်သားအားကောင်းအောင်
လေ့ကျင့်ပေးပါ
ခြေသလုံးကြွက်သား
အားကောင်းရင်
နှလုံးရောဂါမဖြစ်နိုင်ပါဘူး
ကခုန်ခြင်းဖြင့်လည်း
ကိုယ်လက် လှုပ်ရှား
လေ့ကျင့်ခန်းတမျိုးပါပဲ..

၇။ ရေချိုးချိန်၊
ကိုယ် အဆင်ပြေချိန်တွင်
သီချင်းအော်ဆိုပေးခြင်း ဖြင့်
အဆုတ်အားကောင်းအောင်
လုပ်ပေးပါ
လက်ခုပ်တီးပေးပါ။

၈။ pressure ,stress လျော့ပေးပါ
စိတ်ပျော်ရွှင်အောင်နေပါ၊
ပြသနာအကြီးကို
သေးအောင်လုပ်၊
အသေးကိုပျောက်အောင်လုပ်
တော်ရုံ အရေးမကြီးတာတွေနဲ့
ရန်မဖြစ်နဲ့
စိတ်ထဲ မထားကြပါနဲ့။

၉။ စိတ်အေးချမ်းတည်ငြိမ်အောင်
တရားထိုင်ပေးပါ
ဝင်လေထွက်လေမှတ်ပေးပါ။

၁၀။ သန့်ရှင်းမှုကို
အလေးထားပါ၊
တကိုယ်ရည် သန့်ရှင်းမှုနဲ့
အိမ်တွင်းအိမ်ပြင်
ပတ်ဝန်းကျင် သန့်ရှင်းရေးကို
ဂရုစိုက်ပါ။

၁၁။ ပိုးဟပ်၊ကြွက်၊ခြင်၊ယင်၊
ပရွက်ဆိတ်စတဲ့
အင်းဆက်ပိုးတွေကို
ကိုယ့်အိမ်တွင်း
အိမ်ပြင်မရှိအောင်ဂရုစိုက်ပါ။

၁၂။ ဦးနွောက္ကို
တခုခုလုပ်နေရင်းအသုံးချပါ
စီးပွါးလုပ်ငန်း၊
အလုပ်၊ပညာ တခုခု
ကိုယ်ဝါသနာပါရာကို
အျမဲ လေ့လာရင်း
လုပ်နေရင်းနဲ့
ဦးနှောက်ကို အသုံးချပေးပါ။
ဦးခါင်းကိုအသုံးချခြင်းဖြင့်
အယ်ဇိုင်းမားရောဂါ
မဖြစ်အောင်
ကာကွယ် ပေးနိုင်ပါတယ်။

၁၃။ ဝမ်းမှန်အောင် လုပ်ပါ၊
အညစ်အကြေး စွန့်ခြင်းဖြင့်
ကိုယ်ထဲက
အဆိပ် အေတာက္ကို
ဖယ်ပေးနိုင်ပါတယ်
ရေများများသောက်ခြင်းဖြင့်
သွေးကြောပိတ်ခြင်း၊
အပူကြီးခြင်းကို
ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ်
ကျောက်တည်ခြင်းကို
ကာကွယ်ပေးနိုင်တယ်။

၁၄။ မနက်အစာမစားခင်
ပုံမှန်ရေတခွက်
ရေနွေး၂ခွက်
သောက်ပေးခြင်းဖြင့်
အူလမ်းကြောင်းက
အညစ်အကြေးတွေ
ထုတ်ပေးနိုင်ပါတယ်။
အိပၠာနီး
ရေတခွက်သောက်ခြင်းဖြင့်
မနက်ဆီးသွားပြီး
ကိုယ်တွင်းက အပူကို
ကျစေပါတယ်
အသက်၃ဝကျော်ရင်
သွေးကြောတွေက
တဖြေးဖြေးအဆီပိတ်ပြီး
ကျဉ်းလာပါတယ်။
တချို့ကသွေးပျစ်ပီး
ကျဉ်းလာပါတယ်။

♥ ဒါ့ကြောင့်
အဆီအကြော်စာတွေ
လျော့စားပါ
ရေနွေးရေသောက်ပေးခြင်း
လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်
သွေးကြောပိတ်ခြင်းကို
ကာကွယ်နိုင်ပါတယ်။

♥ မိတ်ဆွေသူငယ်ချင်းများအားလုံး
ကျန်းမာအသက်ရှည်ပါစေ...


မူရင်းရေးသားသူ ဆရာသမားအား
လေးစားစွာ ပေးပါသည်။

27/02/2022

စီးပွားရေး လုပ်ငန်း ဘယ်လို စလုပ်မလဲ?
အလွယ်ဆုံးနဲ့ ပထမဆုံး စလုပ်သင့်တာက
ကိုယ့်ပတ်ဝန်းကျင်က လူတွေဘာတွေ လိုအပ်နေသလဲဆိုတာ
ကို သိအောင်စုံစမ်းပါ...
သိလာရင် သူတို့လိုအပ်နေတာကို ဖြည့်ဆည်းပေးလိုက်ပါ။
အဲဒါ စီးပွားရေးပါပဲ။
ဥပမာ လူတိုင်းလိုတာက အစားအသောက် ဖြစ်တတ်ပါတယ်။ ကိုယ့်ဝန်းကျင်က လူတွေ လိုတာ ဖြစ်နေရင် အစားအသောက်တခုခု
လုပ်တတ်ရင် စလုပ်ဖို့ ကောင်းပါတယ်။ ဥပမာ ထမင်းရောင်းတယ် ဒါမှမဟုတ် ကိုယ်က ကျောင်းပြီးကာစ ဆိုတော့ ကိုယ့် လုပ်အား
ကို လိုအပ်နေတဲ့ လုပ်ငန်း ဒါမှမဟုတ် ကုမ္ပဏီမှာ ရောင်းတယ် ဆိုပါတော့။
သီအိုရီကတော့
Need + Help = Business
Need + Help + Plan = Success Business
Need + Help + Plan + Hobby = Successful Business
ကိုယ် အရင်းအနီး ဘယ်လောက်ရှိလဲ၊ ဘာလုပ်ချင်တာလဲဆိုတဲ့အရာ နဲ့စီးပွားရေးလုပ်ငန်းတစ်ခု ကိုမစပါနဲ့ ။ စျေးကွက်ရဲ့လိုအပ်ချက်က ဘာလဲ ။ ငါဘယ်လို ကူညီနိုင်သလဲ ဆိုတာနဲ့စပါ။ ကိုယ်လုပ်ချင်တာနဲ့ စလုပ်မယ်ဆိုရင် ကိုယ် လုပ်ချင်တဲ့ အလုပ်ကို လို
အပ်နေတဲ့သူတွေ ရှိတဲ့နေရာမှာ လုပ်ဖို့ လိုပါတယ်။ အဲဒါ နေတဲ့ အိမ်နဲ့ ဝေးနေရင် စဖို့ ခက်သွားတတ်ပါတယ်။ အိမ်က မိသားစုအနီး
မှာ ရှိရင် အနဲဆုံးတော့ ဝိုင်းကြည့်ပေးတဲ့သူရှိတယ်လို့ အထင်ခံရတာကြောင့် မဟုတ်တရုတ် လုပ်ဖို့ ကြံစည်တဲ့သူကနေ အကာအ
ကွယ် ဖြစ်တတ်ပါတယ်။ အစားအသောက်တခုခု စရောင်းဖို့စဉ်းစားတဲ့အခါ အိမ်မှာ စားဖို့ စီစဉ်ရင်း ရောစီစဉ်လို့ ရတာကြောင့် စလုပ်ဖို့ ပို အဆင်ပြေတတ်ပါတယ်။
စီးပွားရေးတစ်ခုကို စလုပ်တော့မယ်ဆို ငါ့ အတွက် ဘယ်လောက်အကျိုး အမြတ်ရမလဲလို့ စပြီး....စဉ်းစားတာထက်...
ငါ ဒါလုပ်လိုက်ရင် သူတို့အတွက် ဘယ်လောက်အထိအဆင်ပြေသွားမလဲ...ပေါ်အခြေခံပြီး စဉ်းစားပါ...
သူတို့အဆင်ပြေသွားရင် ငါ့အတွက်လည်း အကျိုးအမြတ်ဆိုတာ ရှိကိုရှိလိမ့်မယ်လို့ ယုံကြည်ပါ..
သေချာ အစီအစဉ်တွေဆွဲ ပြီး လေ့လာပါ အကောင်အထည်ဖော်ပါ...
စေတနာပါ ထပ်ပေါင်းထည့်လိုက်ရင်အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာမှာ သေချာပါတယ်... အထူးသဖြင့် လုပ်ငန်းအစမှ
မိတ်ဆွယ်တဲ့အနေနဲ့ လုပ်ငန်းအပေါ် စေတနာရှိဖို့ လိုပါတယ်။ အရှုံးခံပြီး စေတနာနဲ့ ပိုပိုသာသာ မပေးနိုင်တောင် ရောင်းတဲ့ စားစရာ
ထဲမှာ စေတနာတွေ မေတ္တာ တွေရောထည့်ပြီး အပြုံးလေး ဖြူးရောင်းနိုင်ရင် မိတ် စ ရနိုင်ပါတယ်။
အဲဒီစီးပွားရေးက ကိုယ့်ရဲ့ ဝါသနာပေါ်အခြေခံပြီး စတင်ခဲ့တာဆိုရင်တော့...ကြီးစားအားထုတ်မှု့ရယ် ဉာဏ်ပညာတွေကိုပါ ပေါင်းထ
ည့်လိုက်တဲ့အခါ အတိုင်းထက် အလွန်အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာပါလိမ့်မယ်... ဒါ ပထမ ခြေလှမ်းပါ။
နိုင်ငံတကာမှာတော့ အသက်မွေးဝမ်းကြောင်း အလုပ်တခုကို ရွေးချယ်တဲ့အခါ မိမိ လုပ်ချင်ရာ ဝါသနာပါရာ ချစ်မြတ်နိုးပြီး ရူးသွတ်
crazy ဖြစ်တဲ့ အလုပ်ကို ရွေးချယ်ကြဖို့ အကြံပြုကြပါတယ်။ အကြောင်းက မိမိကြိုက်နှစ်သက်တဲ့ အလုပ်ဖြစ်မှ ရေရှည် မပင်မပန်း
အားကြိုးမန်တက် ကြိုးစားလုပ်ကိုင်နိုင်ပြီး ထူးချွန်အောင်မြင်နိုင်မှာ ဖြစ်လို့ပါ။ ဒါတကမ္ဘာလုံးမှာ လက်ခံထားတဲ့အယူအဆပါ။ အဲလို
လက်ခံရတဲ့ အကြောင်းရင်းက နိုင်ငံတကာမှာ ဘာအလုပ်မဆို သူ့ဖာသာသူ ဘဝရပ်တည်နိုင်အောင် သင့်တင့်တဲ့ ဝင်ငွေရလို့ပါ။
ဆရာဝန်အလုပ်က ကျောင်းဆရာအလုပ်ထက်ပို မကောင်းသလို မော်ဒယ်အလုပ်က ကျောင်းဆရာ အလုပ်ထက် ပို မနိမ့်ကျပါဘူး။
အလုပ်ဟူသမျှ ဂုဏ်ရှိပြီး သူ့ဟာနဲ့သူ သိက္ခာရှိရှိရပ်တည်နိုင်ကြပါတယ်။ အဆင့်အတန်းကွာတယ်လို့ မယူဆကြပါဘူး။
ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အဲလို မဟုတ်ပါဘူး။
မြန်မာပြည်မှာ တိုက်ရိုက် ပိုက်ဆံရှာတဲ့ အလုပ်ကလွဲရင် ( ဥပမာ အရောင်းအဝယ် ဝန်ဆောင်မူပေးတာမျိုး ) တခြားဝါသနာပါရာ အ
လုပ်တွေက အောင်မြင်ဖို့ အချိန်အတော်ကြာပြီး ဝင်ငွေအရ ရပ်တည်ဖို့ ခက်လို့ပါ။ လူငယ်တွေကြားမှာ ခေတ်စား လူကြိုက်များတာ
က အဆို အက အတီးအမှုတ် မော်ဒယ် သရုပ်ဆောင် အားကစား စတာတို့ပါ။ ဘယ်ဝါသနာပါတဲ့ အလုပ်မှ ဘဝရပ်တည်နိုင်ဖို့ သေ
ချာတဲ့ ဝင်ငွေ မပေးနိုင်ပါဘူး။ ထူးချွန်နေတောင် အောင်မြင်ပြီး ဝင်ငွေနဲ့ ရပ်တည်နေတဲ့ အဆင်ပြေတဲ့ အထိဖြစ်အောင် တော်တော် မ
လွယ်ပါဘူး။ ဝါသနာပါတာကို အငတ်ခံပြီး ကြိုးစားရနာကြောင့် ထောက်ပံ့ရမဲ့ မိသားစုရှိခဲ့ရင် ၉၉.၉ ရာခိုင်နှုန်းလောက် ကျဆုံးကြပါတယ်။ ဝါသနာပါပြီး မိဘ အိမ်ထောင်ဘက် ညီအကိုမောင်နှမ မိသားစုတွေရဲ့ ပံ့
ပိုးမူတွေမရရင် သိပ်မဖြစ်နိုင်ပါဘူး။ ပညာထူးချွန်တဲ့ ဆရာဝန်လို အလုပ်တောင် ဆရာဝန်ကြီးဖြစ်မှ ဝင်ငွေအရ ရပ်တည်နိုင်ပြီး အသက်အတော်ရမှ ဝင်ငွေကောင်းတော့ အချိန်တိုတတ်ပြီး ကိုယ်ရှာတဲ့ ပိုက်ဆံကိုယ်တိုင် သုံးဖို့ အချိန်မရှိကြတော့တာ များပါတယ်။ ဒါကြောင့် ဘဝရပ်တည်ဖို့ ဝမ်းစာအတွက် လုံလောက်တဲ့ အလုပ်လေးကို ပင်မအလုပ်အနေနဲ့ လုပ်ရင်း ဝါသနာ ပါရာ အလုပ်လေးကို
အပိုအလုပ်အနေနဲ့ လုပ်ပြီး ကြိုးစားသွားသင့်ပါတယ်။ ဝင်ငွေရနိုင်တဲ့အလုပ်လေးက နဲနဲစ အဆင်ပြေလာမှ ဝါသနာပါရာ အလုပ်ကို ပင်မ အလုပ်အဖြစ်ပြောင်းပြီး ပုံမှန်ဝင်ငွေရတဲ့ မူရင်းအလုပ်ကို အပိုအလုပ်အနေနဲ့ ပြောင်းလုပ်ရင်း ဝါသနာပါရာ အလုပ်ကို အောင်မြ
င်သထက် အောင်မြင်အောင် အချိန်ပေးပြီး ကျိုးစားလို့ ရအောင်ပံ့ပိုး ပေးရပါတယ်။ အလုပ်က ကိုယ်တသက်လုံး လုပ်ရမှာ ဖြစ်လို့
ကိုယ် တကယ် ချစ်မြတ်နိုးပြီး လုပ်ဖို့ ရူးသွတ်လောက်အောင် ဝါသနာပါပြီး ချစ်မြတ်နိုးတဲ့ အလုပ်ကို ရွေးချယ်သင့်တယ်ဆိုပေမဲ့ ဘဝ
ရပ်တည်ဖို့ သေချာတဲ့ ဝင်ငွေရမဲ့ အလုပ်လေးတခု စလုပ်ဖို့ပါဘဲ။ ဝါသနာပါတာကို စိတ်လို လက်ရ လုပ်ခွင့်ရတဲ့သူက အနည်းစုပါ။
ဒုတိယ ခြေလှမ်းက ပထမလုပ်တဲ့ အလုပ်ကနေ ဘဝရပ်တည်ဖို့ ရရင် အဲဒီ လုပ်ငန်းနဲ့ ဆက်နွယ်တာလေးတွေတိုးချဲ့ လုပ်ဖို့ လိုပါတယ်။ ဥပမာ ထမင်းဟင်းရောင်းရာက အအေးစုံတိုး ရောင်းတာမျိုးပေါ့။
တက္ကသိုလ်ကျောင်းပြီးတော့ အလုပ်စလုပ်ဖို့ ဘယ်က စရမှန်း မသိသူတွေ။ ကိုယ့်ဖာသာကိုယ် ဘာလုပ်ချင်မှန်း မသိသူတွေ အများကြီးပါ။ ဒါနဲ့ ဟိုသင်တန်း ဒီသင်တန်းလိုက်တက်တာ အများကြီးပါ။ ဒါမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
တချို့ လူငယ်တွေ ဘာ ဝါသနာပါမှန်းမသိ ဘာထူးချွန်နိုင်မှန်း မသိတာ မိဘ ပေါ် တာဝန်ရှိပါတယ်။ အကြောင်းက လူတယောက်
ဘာထူးချွန်နိုင်သလဲဆိုတာ ကလေးဘဝ ခပ်ငယ်ငယ် အချိန်မှာဘဲ ဇာတိပြတတ်ပါတယ်။ ဒါကို မိဘကဘဲ သတိထားမိဖို့ အခွင့်အရေး ရတတ်တာပါ။ မိဘက ဒါကို မသိဘဲ ကလေးက ကြီးပင်းလာရင် ကျောင်းတက် ပညာသင် လူဘောင်ဘဝက စည်းမျဉ်းစည်းကမ်း
လိုက်နာရင်း သူတို့ ထူးချွန်နိုင်တဲ့အရည်အသွေးတွေကို ဖုံးကွယ်ပစ်တာခံလိုက်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလို လူမျိုးတွေတော့
ဘဝရပ်တည်ဖို့ စီးပွားလုပ်ငန်းစမယ်ဆိုရင် ကိုယ့် လုပ်အားကို ရောင်းဖို့ဘဲ ကျန်ပါတယ်။ လိုအပ်တဲ့ လုပ်ငန်းရှင်တွေဆီ ရောင်းရပါတယ်။ တော်တော်များများက လုပ်ငန်းကြီး ကုမ္ပဏီကြီးမှာ လုပ်ချင်ကြ ရောင်းချင်ကြတာပါ။ တကယ်တော့ ကုမ္ပဏီကြီးဆိုတာ အလည်သွားကြည့်တာဘဲ ကောင်းတာပါ။ အလုပ်လုပ်ဖို့ မကောင်းတတ်ပါဘူး။ အကြောင်းက အလုပ်လုပ်တဲ့သူက လုပ်ငန်းတခုလုံးရဲ့ အ
စိတ်အပိုင်းသေးသေးလေး ဖြစ်သွားလို့ပါ။ အဲဒါ တာဝန်ကျတဲ့ နေရာလေး အကြောင်းဘဲ သိပြီး လုပ်ငန်းတခုလုံး အကြောင်း သိပ်မ
သိတော့ပါဘူး။ ဥပမာ marketing စျေးကွက်ဆင်းရသူက HR ဝန်ထမ်းရေးရာ ဆို မသိတော့ပါဘူး။ စက်ရုံ လည်ပတ်နေသူက
တခြားနေရာတွေ မသိတော့ပါဘူး။ အဲဒါ ကိုယ်တိုင် စီးပွားရေး စလုပ်မယ် ဆို တော်တော် အဆင်မပြေပါဘူး။ ဒီထက်ပိုဆိုးတာက
အလုပ်တခုမှာ ကြာကြာ မလုပ်တာပါ။ ဟိုဘက်ကုမ္ပဏီ လုပ်လိုက် ဒီဘက် စက်ရုံပြောင်းလိုက် လုပ်တတ်ကြပါတယ်။ ရုပ်လှတဲ့ မိန်း
ကလေး ပညာပိုတတ်သူ ဘာသာစကား ( အင်္ဂလိပ် တရုတ် အနည်းဆုံးတတ်သူ ) ကွန်ပြူတာ ပိုသုံးနိုင်သူတွေဟာ နေရာတကာ
လိုနေတော့ လစာ ပိုရတာနဲ့ အလုပ်ပြောင်းတတ်သလို ပျင်းရင်လဲ အလုပ်ပြောင်းတတ်ကြပါတယ်။ အလုပ်ပြောင်းတတ်တော့ ကိုယ်လုပ်ဘူးပေမဲ့ သေချာ မတတ်တော့ပါဘူး။ ဒီတော့ အလုပ်ရှင်က ရာထူးတိုးဖို့ စဉ်းစားတဲ့အခါ အလုပ်မြဲတဲ့သူကို ဦးစားပေးလိုက်ပါ
တယ်။ ဖြစ်သင့်တာက အလုပ်တခုမှာ ၃ နှစ်လောက် စွဲစွဲမြဲမြဲ လုပ်သင့်ပါတယ်။
လုပ်ငန်းငယ်တွေမှာ အလုပ်ဝင်မယ်ဆိုရင်တော့ ကောင်းတာတွေအများကြီးရှိပါတယ်။ လုပ်ငန်း ဘယ်လို လည်ပတ်နေလဲဆိုတာ သေချာ သိနိုင်မယ်။ လုပ်ငန်းရှင်နဲ့ အနီးကပ်နေခွင့်ရပြီး လုပ်ငန်းရှင်ရဲ့ စဉ်စားပုံ စဉ်းစားနည်းတွေ သိမယ်။ မကောင်းတာတွေက လုပ်ငန်းရှင်ရဲ့ ကိုယ်ရေး ပြသနာတွေပါ ရောရှင်းပေးရတတ်တာတို့ အလုပ်တွင်း အလုပ်ပြင်ပ အတိုအထွာလေးက အစ လိုက်လုပ်ပေးရတတ်ပါတယ်။ လုပ်ငန်းကြီးဘဲ လုပ်လုပ် လုပ်ငန်းငယ်မှာဘဲ လုပ်လုပ် ကိုယ်ပိုင် အခွင့်အရေး ရှာလို့ရပါတယ်။ ကိုယ့် လုပ်ငန်းရှင်ရဲ့ လို
အပ်ချက်ရှိတာတွေ ပံ့ပိုးပေးသူ supplier ဒါမှမဟုတ် distributor ဖြန့်ချီသူ ဖြစ်ဖို့ ပိုလွယ်သွားပါတယ်။ ပိုယုံကြည်နေရသူ ဖြစ်ခဲ့ရင် ရှယ်ယာခွဲပေးတာတို့ ဖက်စပ်လုပ်တာတို့ သမီးနဲ့ ပေးစားတာတို့အထိ ခံရတတ်ပါတယ်။ ဒါ နောက်လိုက်ကောင်း တယောက်
ဖြစ်တဲ့သူတွေ အတွက်ပါ။ ကိုယ့်ဖာသာ ကိုယ်ကြိုးစားဖို့က တော်တော်ခက်ပါတယ်။ နောက်လိုက်ကောင်း ပီသပြီး ဆရာကောင်းရှာနိုင်ရင် ဆရာဆွဲတင်လို့ တက်တာ ပိုမြန်ပြီး အခြေခိုင်တတ်ပါတယ်။
နောက်လိုက်လဲ မလုပ်တတ် ရှေ့က ဦးဆောင်ဖို့ ဆိုပိုခက်တော့ တခြားနည်းရှိပါတယ်။ စီးပွားရှာတတ်တဲ့ အိမ်ထောင်ဘက်ကို ရှာယူ
ပါ။ အဲဒါ စီးပွားရှာတာထက် ပိုသေချာပြီး မြန်ပါတယ်။ ပြီးမှ လုပ်ငန်း ဦးစီးနိုင်အောင် အိမ်ထောင်ဘက်ဆီက ပြန်သင်ယူရပါတယ်။ မသင်ခဲ့ရင်တော့ " __ ကြီး" ဆိုပြီး ရာထူးတက်သွားတတ်ပါတယ်။
ဒါလဲ မလုပ်တတ်သေးဘူး ဆိုရင် ချမ်းသာတဲ့ မိဘ ဦးလေး အဒေါ် ဒါမှမဟုတ် အလုပ်ရှင် တို့နားမှာ သံယောဇဉ်ရှိအောင်နေ သစ္စာရှိ
ရှိနေပါ။ ဖျားနာရင် သေချာပြုစုပေးလို့ သေရင် အမွေပေးတတ် ပါတယ်။ အဲဒါ တခါတခါ မထင်မှတ်နိုင်အောင် များပြားတတ်ပါတယ်။
ဒါလဲ မလုပ်တတ်သေးဘူး ဆိုရင် ဘုရားတရားနဲ့နေပါ။ ဘာသာရေးကို သေချာလုပ်ပါ။ ဘုန်းကြီး သီလရှင် ဝတ်ရင် ဒကာရှိပါတယ်။ ပြီးရင် ဘုရားက သင့်တော် သလို စီစဉ်ပေးပါလိမ့်မယ်။
တွေးမိတွေးရာပါ။

( ရေးထားတာ သဘောတူရင် ရှယ်ပေးပါ။)

တွေးမိတွေးရာ အပိုင်း ၇ မှာပါမဲ့ ဆောင်းပါးပါ။

24/01/2022

🍈အုန်းမှုတ်ခွက်နင်းခြင်းရဲ့အကျိုးကျေးဇူးများ🍈
================================
သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာများအတွက်
သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့ သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။***

ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာ ပထဝီဓါတ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။

အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါ သက်သာပျောက်ကင်းအောင် အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။ အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒယဆေးနည်း၊ တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။ လက်တွေ့ပျောက်ကင်းသူများလည်း အများအပြားရှိနေပါတယ်။

(၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေး၀ယ်ပါ။

(၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ။

(၃) အုန်းမှုတ်ခွက်ပေါ်ကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး ဘယ်ညာ အကြိမ်(၁၀၀) တက်နင်းပါ။ ၅ မိနစ်ခန့်သာ ကြာပါတယ်။

(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီး ခြေထောက်ကို ရေဆေးပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာ၀င်ပါ။

#သတိပြုရန် -
အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တက်နေစဉ် ရေလုံး၀ မချိုးရပါ။ နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုးပါ။

အထက်ပါနည်းအတိုင်း ပုံမှန်နင်းသွားပါက ၂ လအတွင်း ခန္ဓာကိုယ်မှ အပူများ လျှော့ကျသွားပြီး အကြောများ၊ ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းသွားပါမည်။***

[ ဆရာ မကွေး၀င်းမြင့် ]

မေတ္တာဖြင့်- +ဦးမင်း
MYTKT. ..

24/01/2022

ခြေလက်ထုံကျင်
___________________

ကြည်လွင်မြင့် (မုဒြာ)

ထုံကျင်ဖြစ်လျှင်မပေါ့နှင့်။

လေငန်းအစထုံကျင်က၊ ထုံကျင်ဖြစ်လျှင်သတိပြုပါ။

အအေးမပတ်အောင်ဂရုစိုက်ပါ။ သွေးတိုးမရှိအောင်အစားအသောက် အနေအထိုင် ဂရုစိုက်ပါ။
အချိုနှင့်ကောက်ညှင်းအစားများလျှင် ဆီးချိုဝင်လာတတ်သည်။ထုံကျင်ဖြစ်လျှင် ဆီးချိုစစ်ပါ။

၀မ်းမချုပ်အောင် အသီးအနှံများများစားပါ။ ခြေလေးချောင်းသားတတ်နိုင်သမျှ ရှောင်စားပါ။

သံပရာသီး၊သံပယိုသီးများ လေးစိတ်စိတ် အခွံပါ ရေနွေးမတ်ခွက်တစ်လုံးနဲ့စိမ် တစ်နေ့တစ်ခွက်သောက်ပါ။ သွေးကြောအဆီပိတ်၍ ဖြစ်သော ထုံကျင်ရောဂါများသက်သာ၍ အဆီကျစေသည်။

နှင်းခူအခြောက် အတွက်
****t***h***u***r***a****
လိမ်းဆေးလိမ်းပါ။နှင်းခူအခြောက် ဖရုံရွက်အခြောက်ခံ ပြာချ ရေနံချေးနဲ့လိမ်းပါ။ဆင်အရေခွံ ပရဆေးဆိုင်မေးဝယ် ပြာချ အုန်းဆီနဲ့လိမ်းပါ။
*တစ်နည်း*
ကင်မွန်းသီးခြောက်ကိုသွေးလိမ်းပေးပါ။
မုံညှင်းဆီထဲမှာ ချင်းတက်အနည်းငယ်ထုချေထည့် မီးဖြင့်ဆူအောင်ချက်ထား။ တစ်နေ့၃ကြိမ် အသားထဲစိမ့်၀င်အောင်လိမ်းပါ။

ပဲရာဇာခေါ် ပဲနီလေး ဟင်းချိုချက်သောက်ပါ။ ရဲယိုရွက်ကို ရေနွေးဖျော အတို့အမြုပ်လုပ်စားလျှင် ထုံကျင်ရောဂါအပြင် သွေးတိုးနှင့်ဆီးချို ရောဂါများပါသက်သာစေသည်။

ပိုဆိုးလာသောထုံကျင်ကိုက်ရောဂါများ
******t*****h*****u*****r*****a*****
ဆင်တုံးမနွယ် အမှုန့်ကို ပရဆေးဆိုင် မေး၀ယ်၊ ပျားရည်နဲ့တေ ဟင်းစားဇွန်း ၁ဇွန်းမနက်ညစားပါ။
တိုင်းရင်းဆေးဆရာများပြသ၍ လေပူကျဆေး၊ အကြောလေလျှောက်ဆေး များသောက်ပါ။

ဆရာဝန်ပြသနိုင်သောနေရာဖြစ်လျှင်
အနောက်တိုင်းဆရာဝန်များပြသ၍.. သွေးတိုးနှင့် ဆီးချိုကို ပုံမှန်စစ်ဆေးပါ။

ကြည်လွင်မြင့် (မုဒြာ)/ ၂၀.၁၂.၂၀၂၀


Share

24/01/2022

ချစ်ကာကာတို့ Take care ပါနော်

--------------

Covid 19 ရောဂါ မျိုးကွဲ omicron ရဲ့ရောဂါ
လက္ခဏာ များ
ရောဂါ ခံစားနေရသူတို့၏ အ ွဖစ်များဆုံး လက်ခဏာ များ

နှာရည်ယိုခြင်း
ခေါင်းကိုက်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း
နှာချေ လည်ချောင်းနာခြင်း
အဆက်မပြတ် ချောင်းဆိုးခြင်း
အသံပြာ အသံ ချမ်းတုန်ခြင်း
အဖျားတက်ခြင်း
မူးဝေခြင်း
ကြွက်သားများ နာကျင်ခြင်း
အနံ့ခံ‌ပျောက်ခြင်း
ရင်ဘတ်အောင့်ခြင်း
ဆံပင်ကျွတ် ခြင်း

လူတိုင်းနီးပါး ဖြစ်နေ ကြပါ ပြီ ‌အထက်ပါ ရောဂါ လက်ခဏာခံစား ရရင်ပေါ့ပေါ့လေးမနေပါနဲ့ ဆေးဝယ်သောက် ကြပါ

ကာကွယ်ရန် ကုသရန်
ကိုယ်အားကောင်းအောင်နေပါ
အအေးမမိပါစေနဲ့ နေမကောင်း ချင်သလို ဖြစ်နေလျှင်‌ရေမချိုးပါနဲ့
နားနားနေနေ‌ နေပါ
နီးစပ်ရာ ဆေးဆိုင်မှနှာစေး ချောင်းဆိုး ပျောက်စေးများ ဝယ် သောက်ပါ နည်းနည်းလေး နှာစေးတာပဲ ဆို ပြီးလည်း မပေါ့ပါနဲ့

11/11/2021

#ကျမ်းမာရေးအတွက်အကျိူးကျေးဇူးများစွာပါဝင်တဲ့ရဲယိုသီးယိုလေးနဲမိတ်ဆက်ပါရစေရှင်🙏
♻️ရဲယိုသီး
----------
အမြင်အားဖြင့်တော့ နည်းနည်းအကြည့်ရဆိုးပေမယ့်
အထဲမှာပါဝင်တဲ့ ကျန်းမာရေး အကျိုးပြု ဓာတ်‌တွေကတော့ အံ့မခန်းကိုများပြားလှပါတယ်ရှင်❤️
♻️ဘယ်အချိန်မျိုးမှာ စားသူံးသင့်သလဲ
----------
အစာနှင့် နာရီဝက်လောက်ခြားပြီးမှ စားသင့်ပါတယ် #ရဲယိုအာနိသင်ကျမှာစိုးလို့ပါရှင် ❤️
♻️ဈေးနှုန်း
--------
၁ဘူးကို ၆၀၀၀ ကျပ်ပါရှင်
၂ဘူးနှင့်အထက်မှာယူမယ်ဆိုရင် delivery Free
ရမှာပါရှင်
♻️မှာယူမယ်ဆိုရင်
📱09774449109 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင်
မှာယူအားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်

28/10/2021

💥"Linn ၏မိတ်ဟောင်းမိတ်သစ်များသို့ လေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါသည်🥰🙏❤️

❤️ စားသူံးသူများ၏ ကျမ်းမာရေးကို အထူးအလေးထားသောအားဖြင့် ကျမတို့၏ရဲယို ထုတ်လုပ်မူ့ အရည်အသွေး ပိုမိုမြင့်တင်ထားသောကြောင့် နိုဝင်ဘာလမှစ၍ ရဲယိုတဘူးလျှင်
(၆၀၀၀ )ကျပ်အဖြစ်ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်းလေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်။🙏🥰

💞ယုံကြည်စွာအားပေးကြသော မိတ်ဟောင်းမိတ်သစ်များအား Linn မှ အထူးကျေးဇူးတင်ပါတယ်ရှင်၊🙏🙏🙏

⚱️ရဲယိုတစ်ဘူး ရှိရုံနဲ့ ကိုယ်ခံအားတိုးဖို့ လုံလောက်ပါပြီ ....!
ကျပ်ငွေ( ၆၀၀၀) ကျပ် သာ
သင့်ကျန်းမာရေးမှာ ရင်းနှီးမြုပ်နှံလိုက်ပါ ....

ကိုယ်ခံအားကောင်းနေရင် ...
ရာသီတုတ်ကွေးမဆိုထားနဲ့ ဗိုင်းရပ်စ်ရောပါ စိတ်ပူဖို့မလိုတော့ပါ... ဝေဒနာသည်တောင် ထူထူထောင်ထောင် ရှိနေစေမှာပါရှင် .🥰...

ကိုယ်ခံအားကောင်းဖို့ ဆေးအစုံဝယ်သုံးနေဖို့လည်းမလိုတော့ပါ
💪ကိုယ်ခံအားကောင်းဖို့ဆို အကောင်းဆုံးဖြစ်တဲ့ ရဲယိုရှိနေပါပြီ 👍

⚱️ရဲယိုကသာ XERONINE အမြင့်မားဆုံးလို့ ...
ကမ္ဘာကပါ အသိအမှတ်ပြုထားတာမို့ ကိုယ်ခံအားအတွက်ဆို တခြားဘာကို စဉ်းစားမ‌ေနပါနဲ့နော် ....

လူကြီးလူငယ်မရွေး ဆေးကြောက်တတ်သူတောင် နေ့စဉ်လွယ်ကူစွာ စားချင်စိတ်ဖြစ်ဖို့ ...

အစေ့မပါတဲ့ရဲယိုသီးအနှစ်လေးကို ပျားရည်၊ မုံလာဥနီနှင့် ပန်းသီးရှာလကာရ​ည် (ACV) တို့ အချိုးကျလေးရောစပ်ထားကာ ...
စားချင်စဖွယ် ယိုပုံစံလေးဖြင့်
ROYAL NONI က ထူးခြားဆန်းသစ်စွာဖြင့်
ထုတ်လုပ်လိုက်ပါတယ်ရှင်...

နေ့စဉ် အစာမစားခင် နာရီဝက်အလို တစ်ဇွန်းမျှစားရုံဖြင့် သဘာဝက ပေးတဲ့ ရဲယိုအကျိုးက .....

✔️ ကိုယ်ခံအားကို အထူးတိုးမြှင့်ပေးမယ်
✔️ ကင်ဆာရောဂါ/ကင်ဆာဆဲလ်တွေကို ထိန်းညှိတားဆီးပေးနိုင်ပါတယ်
✔️ အဆုပ်ကိုအားကောင်းစေပါတယ်
✔️ ဒူးနာ၊ခါးနာ၊လေးဘက်နာနှင့် အရိုးကျီးပေါင်းဝေဒနာ
✔️ သွေးတိုး၊ ဆီးချို၊နှလုံး​ရောင်ခြင်း၊ နှလုံး​သွေး​ကြောကျဥ်းဝေဒနာများ
✔️ ဆံပင်ကျွတ်ခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ အိပ်မ​ပျော်ခြင်းစသော ဝေဒနာတွေပါ ပျောက်ကင်းသက်သာ​စေမှာပါ ....
✔️ သွေးသားသန့်စင်စေလို့ အမျိုးသား/အမျိုးသမီးဆိုင်ရာ ရောဂါဝေဒနာတွေလည်း သက်သာစေပါတယ်

အထူးသတိပြု....!
🚫 ကိုယ်ဝန်ဆောင်နှင့် ကျောက်ကပ်ဝေဒနာဆိုင်ရာ ကုသမှု ခံယူ​နေကြရသူများ စားသုံးရန်မသင့်!!!

ROYAL NONI ရဲယိုသီးယိုလေးရှိနေပြီပဲ ...
ဆေးတွေ ပဲလှော်ဝါးသလို စား‌ေနမည်အစား
တန်ဆေး လွန်ဘေးကို တွေးလို့ ....
သဘာဝကိုသာ မှီဝဲအားကိုးလိုက်ပါရှင် .❤️..

🥰 သဘာဝဆေးစွမ်းထက်...
ROYAL NONI ရဲယိုသီးယို 1 ဗူးလျှင် "၆,၀၀၀" ကျပ်ဖြင့် မှာယူရရှိနိုင်ပါပြီ 🥰.

​မှာယူမည်ဆိုပါက 09774449109 ( သိုမဟုပ်) Page massager မှလည်းမှာယူနိုင်ပါတယ်ရှင်🙏🙏🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bahan
Yangon